[Myanmar Trans]Guide on How t...

By hito-ja-nai

133K 22.3K 1.5K

[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming... More

MM Translator Introduction
~၁~
~၂~
~၃~
~၄~
~၅~
~၆~
~၇~
~၈~
~၉~
~၁၀~
~၁၁~
~၁၂~
~၁၃~
~၁၄~p1
Announcement
~၁၄~p2
~၁၅~
~၁၆~
~၁၇~P1
~၁၇~p2
~၁၈~
~၁၉~p1
Fan Art Time!!
~၁၉~P2
~၂၀~
~၂၁~
~၂၂~
~၂၃~
~၂၄~P1
~၂၄~p2
~၂၅~
~၂၆~
~၂၇~
~၂၈~
~၂၉~
~၃၀~P1
~၃၀~P2
~၃၁~P1
~၃၁~P2
~၃၂~
~၃၃~P1
~၃၃~P2
New Work!!
~၃၄~P1
~၃၄~P2
~၃၅~P1
~၃၅~P2
~၃၆~
~၃၇~P1
~၃၇~P2
~၃၈~p1
~၃၈~P2
~၃၉~P1
~၃၉~P2
~၄၀~P2
~၄၁~P1
~၄၁~P2
~၄၂~
~၄၃~
~၄၄~P1
~၄၄~P2
~၄၅~
~၄၆~
~၄၇~P1
~၄၇~P2
~၄၈~P1
~၄၈~P2
~၄၉~P1
~၄၉~P2
🙏Announcement🙏

~၄၀~P1

974 251 10
By hito-ja-nai

ZawGyi

ကိုကို

ရွန္႔ဟိြဳင္ဇီမွာ ယုတၱိမရွိတဲ့အေတြး၀င္ေနသည္။ ထိုသည္ကေတာ္ေတာ္ေလးကိုယုတိၱမတန္လြန္းလို႕ သူ႕ဘာသာသူေတာင္ရီဖို႔ေကာင္းလြန္းတယ္လို႕ခံစားေနရသည္။

သူနႈတ္ခမ္းကိုအသာစူလိုက္ျပီး ဆိုဖာေပၚတြင္ထိုင္ေနသည့္သူနွင့္ ေက်ာေပးလ်က္သားျဖစ္သြားေအာင္ တစ္ဖတ္လွည့္လိုက္ကာ သူ၏ဖုန္းက WeChat လုပ္ေဆာင္ခ်က္ စာရင္းမွသည္ Video Call ဆိုသည့္ေနရာမွာ လက္ေခ်ာင္းေလးေတြက တ၀ဲလည္လည္ျဖစ္ေနသည္။

သူထိုေနရာသို႔ မနိွပ့္လိုက္နိုင္မွီမွာပင္ laptopထံမွ အသံ၀င္လာတာကို သူေနာက္ထပ္ျကားလိုက္ရသည္။

"Ding"

"Ding"

"Ding"

ထို႔ေနာက္မွာေတာ့ က်င္းဟြမ္၏စာရီုက္သည့္အသံက ဆက္လက္ထြက္ေပၚလာေပသည္။

ရွန္႔ဟိြဳင္ဇီသည္ အခုခ်ိန္ထိsticker ၃ခုပို႔ထားျခင္းျဖင့္ အဆံုးသတ္ေနသည့္သူ၏ဖုန္းမ်က္နွာျပင္ကို ျကည့္လိုက္သည္။ သူထပ္ျပီးေတာ့ စာဆက္မပို႕ထားပါ ျပီးေတာ့ ေရွာင္ထ်န္က်င္ထံမွလဲ သူ႔ဆီကိုဘာစာမွျပန္ပို႕မလာ။

ဒီအေျကာင္းအရာက သူ႕ကိုဘယ္လိုမ်ိဴးခံစားခ်က္ေပးသလဲဆိုတာကို သူမေျပာျပတတ္ပါ။ ရွန္႔ဟိြဳင္ဇီ သက္သာရာရသြားသလို သက္ျပင္းခ်လိုက္ျပီး သူ၏နဖူးကဆံစတြင္ စိုစြတ္ေနသည့္ေရကို သုတ္ရန္မ်က္နွာသုတ္ပု၀ါကို အသံုးျပဳလိုက္သည္။

......အဲ့လိုမ်ိဳးအေတြးေတြးမိဖို႔ဆိုတာ သူရူးေနလို႔ပဲ ျဖစ္လိမ့္မည္။

က်င္းဟြမ္ထံသို႕ စာပို႔သည့္သူကေတာ့ လု၀မ္ေဟာင္ျဖစ္သည္။ ေအာက္ထပ္မွာရွိတဲ့ အ၀တ္ေလွ်ာ္စက္ကို ဘယ္လိုသံုးရမလဲဆိုတာကို သူ႔ဆီလွမ္းေမးျခင္းျဖစ္ကာ ဓါတ္ပံုေတာင္ပို႔လိုက္ေသးသည္။ က်င္းဟြမ္ကစာ၂ေျကာင္း ၃ေျကာင္းနဲ႕သင္ေပးလိုက္ျပီးေနာက္မွာေတာ့ လု၀မ္ေဟာင္က လက္မေထာင္တာေလးျဖင့္ စာျပန္လာသည္။

လု၀မ္ေဟာင္ - လိမၼာပါးနပ္တဲ့ ဇနီးေကာင္းနဲ႕ ဥာဏ္ပညာျကီးမားတဲ့ အေမ၊ အနမ္းေလးယူပါဦး(နႈတ္ခမ္းနီနီ)

လု၀မ္ေဟာင္ - မင္းသာ မိန္းမဆိုရင္ ငါမင္းကိုေ၀ါယာဥ္နဲ႕အိမ္ကိုေခၚသြားေနျပီ

ေရွာင္က်င္ေလး - ေသာက္ရူး၊ မင္း ဘယ္ေလာက္ေတာင္မူးေနတာလဲ?

ေရွာင္က်င္ေလး - ေလာင္ဇီသာမိန္းမဆိုရင္ေလ ေလာင္ဇီမင္းကို လက္ထပ္မွာမဟုတ္ဘူး။ ျမန္ျမန္လုပ္ျပီး မင္းအ၀တ္ေတြေလွ်ာ္ေတာ့

အစုတ္ပလုတ္ကို ဆူျပီးေနာက္တြင္ က်င္းဟြမ္ နွလံုးသားလိုအင္ဆႏၵထံသို႕ စာျပန္သည့္ဘက္ကို ျပန္လွည့္လိုက္သည္။

ေရွာင္က်င္ေလး - .....QAQ နင္က ရွည္လ်ားသည့္ လမ္းဆီသို႕ မ်ားလား?

ရွန္႔ - အင္း၊ သူအခုေလးတင္ ငါ့ဖုန္းကိုယူသြားတာ

ေရွာင္က်င္ေလး - ငါသိေနတယ္! လခြမ္း!(စားပြဲခံုကို ထုသည္)

(T/N - အံမယ္မယ္ ေခ်ာ္လဲေရာထိုင္လုပ္တယ္ ျကည့္စမ္း)

နွလံုးသား လိုအင္ဆႏၵနဲ႕စကားေျပာျပီးေနာက္တြင္ က်င္းဟြမ္သည္ကြန္ပ်ဴတာကို ပိတ္လိုက္ျပီး အိပ္ယာေဘးနားတြင္မတ္တပ္ရပ္ေနသည့္ သူထံသို႔တစ္ခ်က္ျကည့္လိုက္သည္။

သူ၏အျကံကိုနားေထာင္ျပီး ရွန္႔ဟိြဳင္ဇီသည္ေရခ်ိဳး၀တ္ရံုကို၀တ္ထားျပီး ေရသုတ္သည့္မ်က္နွာသုတ္ပု၀ါျဖင့္ ဆံပင္ကိုသုတ္ေနေပသည္။ အေနာက္ကေနျကည့္လွ်င္ သူ၏က်ယ္ေျပာလွသည့္ ပုခံုးကပိုျပီးေတာ့ေတာင္ထူးကဲသာလြန္ကာ ထင္းထြက္ေနေပသည္။

"စီနီယာ၊ အ၀တ္အစားေတြေပးပါ။ ကၽြန္ေတာ္အ၀တ္ေလွ်ာ္စက္မွာ က်န္တဲ့အ၀တ္အစားေတြနဲ႕အတူသြားျပီး ေလွ်ာ္လိုက္မယ္"

မိုးေရစက္ေတြက ျပတင္းေပါက္ကိုထိခတ္ကာ အစိုးမရစြာထပ္မံရြာက်လာျပန္သည္။ ျပတင္းေပါက္ကအခုေတာ့ လံုး၀ကိုစြတ္စိုေနေလျပီ။ က်င္းဟြမ္အျပင္ဘက္သို႕ ျကည့္ဖို႔ရာျကိုးစားေသာ္လဲ ေ၀၀ါးေနသည့္အစိမ္းေရာင္ျပင္ကိုသာ ေတြ႕လိုက္ရသည္။

"အျပင္မွာအေျခာက္လွမ္းထားဖို႕က အလုပ္ျဖစ္မွာမဟုတ္ဘူး။ dryerနဲ႕လုပ္ထားျကည့္ရေအာင္"

ရွန္႔ဟိြဳင္ဇီက ျပန္ေျပာသည္။ "မလိုဘူး၊ ငါ့ဘာသာငါ လုပ္လိုက္မယ္"

"ရပါတယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္လဲ လုပ္ရမွာပဲကို။ တစ္ခါတည္းအတူတူေလွ်ာ္လိုက္ျကတာေပါ့" က်င္းဟြမ္သည္ခရီးေဆာင္အိတ္ကေန သူ၏အ၀တ္အစားေတြကိုထုတ္လိုက္ျပီးေနာက္တြင္ တစ္ခုခုကိုသေဘာေပါက္သြားသည္။ "ဒါမွမဟုတ္ germaphobe ရွိတာလား?"

(T/N - Germaphobe ဆိုတာကအလြန္အမင္း အသန္႔ျကိုက္ျပီး အျခားသူေတြနဲ႕ထိေတြ႔ခ်င္တာမရွိတဲ့ဟာမ်ိဳးပါ။)

ရွန္႔ဟိြဳင္ဇီက ေခါင္းခါျပသည္။ သူသည္အျခားသူတစ္ေယာက္၏ အခန္းမွာေနတာတင္မက သူ၏အ၀တ္အစားကိုပါ ေလွ်ာ္ေပးေနသည့္အတြက္ ရွက္ေနျခင္းသာ ျဖစ္သည္။ ဘယ္လိုပဲေျပာေျပာ သူတို႕ကအျကိမ္အနည္းငယ္ေလာက္ပဲဆံုဖူးျပီး တစ္ေယာက္နဲ႕တစ္ေယာက္ အရမ္းရင္းနွီးတာမ်ိဳးလဲ မဟုတ္ဘူးေလ။

သူ႔အေတြးေတြကို နားလည္သေဘာေပါက္သြားသည့္ က်င္းဟြမ္သည္ လက္ထဲတြင္အ၀တ္တပံုကို ပိုက္ကာျပံဳးလိုက္မိသည္။ "အစ္ကိုက Germaphobeမဟုတ္ဘူးဆိုေတာ့ ကၽြန္ေတာ္အားလံုးကို တစ္ခါတည္းအတူတူေလွ်ာ္လိုက္ေတာ့မယ္"

က်င္းဟြမ္သည္ အ၀တ္အစားေတြကိုလိုက္စုေနတုန္းက အထူးတလည္ဂရုစိုက္ေနခဲ့ျခင္းမရွိပါ။ ဒီေတာ့ကာ ရွန္႔ဟိြဳင္ဇီက အ၀တ္ပံုရဲ႕အျပင္ဘက္မွာ အနက္ေရာင္အတြင္းခံတစ္စံုက တန္းလန္းေလးတြဲေလာင္းခိုေနသည္ကို ေတြ႔ျမင္သြားခဲ့သည္။

ရွန္႔ဟိြဳင္ဇီသည္ အေ၀းသို႕ျကည့္ေနရင္းျဖင့္ "... အိုေက၊ ေက်းဇူးပါပဲ"

(T/N - ဘာေတြရွက္ေနတာတုန္း!!!! ေယာက်္ားေလးအခ်င္းခ်င္းကိုေနာ္ ကိုကိုကလဲဇြတ္ရွက္)

ေရက်သံက ေရခ်ိဳးခန္းထဲမွသည္ ျမန္ျမန္ဆန္ဆန္ပဲထြက္ေပၚလာခဲ့ေပသည္။ ရွန္႔ဟိြဳင္ဇီ ကုတင္ရဲ႕အစြန္းတြင္ထိုင္ေနရင္းျဖင့္ ဆိုဖာကိုအျကာျကီး စိုက္ျကည့္ေနမိသည္။ ဆိုဖာေပၚရွိLaptopကလဲ တိတ္ဆိတ္စြာ ရွိေနျပီးသူ႕ထံကို ျပန္စိုက္ျကည့္ေနသေယာင္ေယာင္။

တစ္ခဏေလာက္ ရွန္႔ဟိြဳင္ဇီမ်က္ေတာင္ခတ္လိုက္ျပီး သူ၏ရွင္းျပလို႔မရနိုင္သည့္ အေတြးေတြကို စိတ္ရဲ႕ဟိုးအေနာက္ထဲသို႕ ျပန္လည္တြန္းပို႔ပစ္လိုက္သည္။ သူသည္ ဆံပင္ကိုသုတ္ေနရင္းျဖင့္ ခံုတြင္ထိုင္ခ်လိုက္ကာဖုန္းကိုယူလိုက္ျပီး WeChatရဲ႕အခိုက္အတံ့ကို နိွပ့္လိုက္သည္။သူသည္ ေရွာင္ထ်န္က်င္ဒီေန႔မနက္က ပို႔ထားသည့္ပံုကို ဖြင့္မျကည့္ခင္ ေတာ္ေတာ္ေလးခ်ိတံုခ်တံုျဖစ္ေနျပီး ေနာက္ဆံုးမွာေတာ့ ဖြင့္ျကည့္လိုက္ေတာ့သည္။

ေရွာင္က်င္ေလး - ရာသီဥတုက အေတာ္ေလးကိုအဆင္ေျပတယ္ (ပံု)

ထိုသည္က ရႈခင္းဓါတ္ပံုျဖစ္သည္။ ဒါေပမယ့္ ရွန္႔ဟိြဳင္ဇီနီးနီးကပ္ကပ္နဲ႕ေသေသခ်ာခ်ာပံုကို အေသးစိတ္မျကည့္နိုင္ခင္မွာပဲ ေရခ်ိဳးခန္းထဲမွေရက်သံဟာ ရပ္တံ့သြားခဲ့ေပသည္။ ေကာင္ေလးကလဲ တံခါးကိုဖြင့္ျပီးအျပင္ကိုထြက္လာသည္။

က်င္းဟြမ္က အမဲေရာင္ဆြယ္တာႏွင့္ သူ၏ဒူးေခါင္းအထက္နားတြင္ အဆံုးသတ္ေနသည့္ ေရႊ၀ါေရာင္ျဖစ္ကာျဖာက်ေနေသာေဘာင္းဘီတိုကို ေျပာင္း၀တ္လိုက္ျပီးျပီျဖစ္သည္။ ထိုသူ၏ေျခေထာက္သည္ ေျဖာင့္တန္းကာျဖဴေဖ်ာ့ေနသည္။ ထိုသည္ကအျခားေယာက်္ားေလးေတြရဲ႕ ေျခေထာက္ထက္ပိုမိုပိန္ပါးေပမယ့္ ထိုသူလမ္းေလွ်ာက္လိုက္တိုင္း ေျခေထာက္၏ျကြက္သားလိုင္းက ထင္ေပၚေနသည္။

ရွန္႕ဟိြဳင္ဇီသည္ အနားေရးေျကာင္းအျကမ္းဖ်င္းပံုစံေတာင္ မျမင္နိုင္တဲ့အိ့စက္စက္ေဘာင္းဘီတိုျဖင့္ တင္းျကပ္စြာဖံုးအုပ္ထားသည့္ က်င္းဟြမ္ရဲ႕ေပါင္ေတြဆီကို ဘယ္လိုမွ မထိန္းနိုင္ဘဲအျကည့္ေတြကေရြ႕လ်ားသြားကာ စိုက္ျကည့္ေနမိေလသည္။က်င္းဟြမ္သည္ အထဲကေနထြက္လာသည္နွင့္ ရွန္႔ဟိြဳင္ဇီရဲ႕အျကည့္ေတြက သူ႔ဆီေရာက္ေနတာကို ခံစားမိသည္။ ဒါေျကာင့္ သူသည္ေခါင္းကိုငံု႕ကာ သူ႔ေျခေထာက္ကိုစကၠန္႔အနည္းငယ္ျကာသည့္အထိ စိုက္ျကည့္ေနမိျပီးမွ "...... ဘာမ်ားျဖစ္လို႔လဲ?"

ရွန္႕ဟိြဳင္ဇီသည္ တည္တည္ျငိမ္ျငိမ္ျဖင့္သာ ျပန္ေျဖသည္။ "မင္းရဲ႕ ေဘာင္းဘီကေရစိုေနတယ္"

က်င္းဟြမ္က ေျပာသည္။ "အို႔၊ ကၽြန္ေတာ္ သိပ္ျပီးေတာ့ဂရုမစိုက္မိလိုက္ဘူး။ ေရစိမ္ေနရာကိုမွီလိုက္မိတာ"

သူတို႔၏ အ၀တ္အစားေတြကို အေျခာက္ခံျပီးေနာက္တြင္ ဟိုတယ္ရဲ႕စားေသာက္ခန္းဆီသို႕ ထြက္လာခဲ့ျကသည္။ လု၀မ္ေဟာင္နွင့္အျခားသူေတြက စားေသာက္ခန္းဆီမွာ ျပတင္းေပါက္နားတြင္ ေနရာခ်ထားသည့္စားပြဲခံုတြင္ အခ်ိန္အေတာ္ျကာထိုင္ေနႏွင့္ျပီးျပီျဖစ္သည္။ သူတို႔ေတြက စားေသာက္ရင္းနဲ႕မိုးရြာျခင္းရဲ႕အလွတရားကို ခံစားေနျကေပသည္။

ေယာက်ာ္းေလး၂ေယာက္ ေဘးခ်င္းယွဥ္လ်က္စားေသာက္ခန္းထဲ ေလွ်ာက္လာသည္ကိုျကည့္ရင္းနဲ႕ လု၀မ္ေဟာင္သည္ခပ္တိုးတိုးေျပာမိသည္။ "ျကည့္စမ္း? သူတို႔၂ေယာက္က catwalkေလွ်ာက္တဲ့ ေမာ္ဒယ္၂ေယာက္လို႔ပဲ ထင္းေနလိုက္တာ.... ကၽြတ္၊ ဟိုဘက္မွာေရထည့္ေပးေနတဲ့မိန္းကေလးဆို သူတို႔ဆီကိုပဲအျကည့္ေတြကခိုးခိုးေရာက္ေနလိုက္တာ။ ငါေတာ့ ငါဒီတကၠသိုလ္ျကီးကိုေရာက္ကတည္းက ဘယ္မိန္းကေလးမွငါ့ကိုမလိုက္ရျခင္းသည္ က်င္းဟြမ္ကငါ့ရဲ႕ စင္ေနရာကို လုသြားလို႔ဆိုတာ သံသယရွိေနတာ ဒီေန႔ေတာ့ အတည္ျပဳလက္ခံလိုက္ပါျပီ"

ေကာင္းဇီရွန္းက ေခါင္းေတာင္မေဖာ္။ "မင္းက အေတြးေတြလြန္ေနတာ၊ တစ္ေယာက္ထဲသမားျဖစ္ေနတာက မင္းရဲ႕နဂိုတည္းကျပႆနာကို အဲ့တာက ဟြမ္ဟြမ္နဲ႕ဘာမွမဆိုင္ဘူး"

က်င္းဟြမ္က အနားနီးလာေသာအခါ ထိုအေျကာင္းကိုျကားသြားခဲ့သည္။ သူဒီအတိုင္းအဆင္ေျပရာခံုလြတ္ကိုေရြးခ်ယ္ျပီး ထိုင္ခ်လိုက္ကာ "မင္းတို႕ငါ့အေျကာင္းဘာေျပာေနျကတာလဲ?"

"မင္းက သိပ္ျကည့္ေကာင္းတယ္လို႔ ငါတို႔ေျပာေနျကတာ" လု၀မ္ေဟာင္က သူ႕ကိုေျမွာက္ေပးေလသည္။

က်င္းဟြမ္က ျပံဳးျပျပီး မသိခ်င္ေယာင္ေဆာင္လိုက္သည္။ ႏြားနို႔ပူပူတစ္ခြက္ကိုထည့္ျပီးေနာက္ ျပန္ေလွ်ာက္လာသည့္ရွန္႔ဟိြဳင္ဇီကိုျကည့္ရင္း အျခားတစ္ဖတ္ကလူထိုင္ရလြယ္ကူေအာင္ သူ၏ေဘးနားကခံုကို အထူးတလည္ျကိုးစားလုပ္ေပးျခင္းမ်ိဳးမဟုတ္ဘဲ အလိုေလ်ာက္ဆြဲထုတ္ေပးမိလိုက္သည္။

တကယ္တမ္းဆိုလွ်င္ ရွန္႔ဟိြဳင္ဇီက လု႔ဟန္ရဲ႕ေဘးနားမွာ သြားထိုင္ခ်င္ေနသည္ ။သို႔ေသာ္လဲ သူခဏေလာက္ရပ္ကာ ေနာက္ဆံုးမွာေတာ့ က်င္းဟြမ္ဆြဲထုတ္ေပးသည့္ခံုမွာပဲ ထိုင္လိုက္ေတာ့သည္။

"မင္း နို႔ေသာက္လား?" သူကေမးသည္။

က်င္းဟြမ္က အနည္းငယ္အံ့ျသသင့္သြားခဲ့ကာ "အစ္ကို ကၽြန္ေတာ့အတြက္ ထည့္ခဲ့တာလား?"

ဒီဟာက စားေသာက္ခန္းထဲက ကို္ယ္တိုင္ယူေနရာတြင္ ေနာက္ဆံုးက်န္ေနသည့္ ေနာက္ဆံုးေသာနြားနို႔ပူတစ္ခြက္ျဖစ္သည္။ စကားတစ္ခြန္းမွမဆိုဘဲ ရွန္႕ဟိြဳင္ဇီသည္သူ၏ေရွ့တည့္တည့္ဆီသို႕ ခြက္ကိုခ်ေပးလာသည္။

က်င္းဟြမ္က မျငင္းဆန္ခဲ့ပါ။ သူခြက္ကိုယူလိုက္ျပီး ေတာ္ေတာ္မ်ားမ်ားေလးေသာက္လိုက္သည္။ ထို႔ေနာက္တြင္ လု၀မ္ေဟာင္ေျခေထာက္ေအာက္က အိတ္အမဲကိုေတြ႕သြားကာ ေမးလိုက္သည္။ "အဲ့တာ ဘာေတြလဲ"

လု၀မ္ေဟာင္က ေျဖသည္။ "အဖိုးတန္ရတနာေလ"

က်င္းဟြမ္က အိတ္ကိုလက္ေခ်ာင္းထိပ္ေလးျဖင့္ သာသာေလးဖြင့္လိုက္ျပီး အထဲသို႕ျကည့္လိုက္သည္။ ထိုသည္ကတကယ္တမ္းေတာ့ ၀ိုင္နီပုလင္းမ်ားျဖစ္ေနေပသည္။

သူေျပာစရာ စကားေတြေပ်ာက္ရွသြားသည္။ "...ဒီေတာ့ အဲ့ဒီခရီးေဆာင္အိတ္အျကီးျကီး၂လံုးက ဒါေတြအကုန္သယ္လာဖို႕ သံုးခဲ့တာေပါ့?"

"ဒါေပါ့၊ ငါဒါေတြကို ငါ့မိသားစု ၀ိုင္သိုေလွာင္ရံုထဲကေနခိုးလာတာ။ ျပီးေတာ့ ခရီးေဆာင္အိတ္ထဲမွာ ၀ွက္ျပီးေတာ့အျပင္ကိုထြက္လာရတာ။ ငါ့မွာ သူတို႕ကြဲမွာကိုစိုးရီမ္ေနတာ ဒီေတာ့ အခံျဖစ္ေအာင္လို႕အထဲမွာ ငါအျခားပစၥည္းေတြနဲ႕ပတ္ထည့္လာရေသးတယ္"

"မင္းအေဖ မင္းကိုခ်မွာ မေျကာက္ဘူးလား?"

"သူ ငါ့ကိုမခ်ခင္ငါ့အိမ္ကိုအရင္ျကိုေျပးရမယ္။ ဘာလို႕သူ႕ကိုစိတ္ပူေနတာလဲ? အရင္ေပ်ာ္ျကမယ္ ျပီးမွ သူနဲ႕ကိစၥရွင္းမယ္" လု၀မ္ေဟာင္က စိတ္ခ်မ္းေျမ့စြာျဖင့္ ေျပာသည္။ "ငါ KTVအခန္းလဲ ဘြတ္ကင္ထားတယ္၊ စားျပီးတာနဲ႕ အဲ့ကိုတန္းသြားရေအာင္"

က်င္းဟြမ္က ထိုအေျကာင္းေတြးလိုက္သည္။ သူ၏အသင္းသားေတြက ဘယ္လိုပဲျဖစ္ျဖစ္ဒီညအြန္လိုင္းမွာရွိေနမွာ မဟုတ္ဘူး ဒီေတာ့ကာ သူေခါင္းျငိမ့္လိုက္သည္။ "အိုေက"

TBC......

ဒီအပိုင္းဘာသာျပန္ရင္း ကိုယ္ေတြဘ၀ကိုျပန္ျကည့္မိတယ္။ ဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြဟာ ေက်ာင္းသားဘ၀ကိုအျပည့္အ၀ခံစားေနရသေလာက္ ဒီမွာေတာ့ Covidကလဲတစ္ဖတ္၊ စစ္အစိုးရကလဲ တစ္ဖတ္။ ျမန္မာကလူေတြ ေတာ္ေတ္ာေလး သနားဖို႕ေကာင္းလြန္းတယ္။ ဒီကံဆိုးျခင္းတရားေတြျမန္ျမန္အဆံုးသတ္မွပါပဲ။ တကၠသိုလ္ေက်ာင္းသားေတြလဲ ေက်ာင္းမတတ္ရ။ အလုပ္သမားေတြလဲ အလုပ္ေျဖာင့္ေျဖာင့္မလုပ္ရ။ ကိုယ္ဆိုရင္လဲ ဒီကိစၥေတြသာမျဖစ္လာရင္ အခုခ်ိန္USမွာအလုပ္လုပ္ေနေလာက္ျပီ။ အရာအားလံုးက ကိုယ္က်ိဳးျကည့္တဲ့လူတစ္စုေျကာင့္ ေတာ္ေတာ္ေလးပ်က္စီးရတယ္။ ဒါေပမယ့္ အားမေလွ်ာ့ပါနဲ႕။တစ္ေန႔ေတာ့ ကံေကာင္းျခင္းတရားေတြေရာက္လာမွာပါလို႕ ယံုျကည္ပါတယ္။

လူတိုင္းလဲ လုပ္စရာရွိတာဆက္လုပ္ျကပါေနာ္။

Unicode

ကိုကို

ရှန့်ဟွိုင်ဇီမှာ ယုတ္တိမရှိတဲ့အတွေးဝင်နေသည်။ ထိုသည်ကတော်တော်လေးကိုယုတ္တိမတန်လွန်းလို့ သူ့ဘာသာသူတောင်ရီဖို့ကောင်းလွန်းတယ်လို့ခံစားနေရသည်။

သူနှုတ်ခမ်းကိုအသာစူလိုက်ပြီး ဆိုဖာပေါ်တွင်ထိုင်နေသည့်သူနှင့် ကျောပေးလျက်သားဖြစ်သွားအောင် တစ်ဖတ်လှည့်လိုက်ကာ သူ၏ဖုန်းက WeChat လုပ်ဆောင်ချက် စာရင်းမှသည် Video Call ဆိုသည့်နေရာမှာ လက်ချောင်းလေးတွေက တဝဲလည်လည်ဖြစ်နေသည်။

သူထိုနေရာသို့ မနှိပ့်လိုက်နိုင်မှီမှာပင် laptopထံမှ အသံဝင်လာတာကို သူနောက်ထပ်ကြားလိုက်ရသည်။

"Ding"

"Ding"

"Ding"

ထို့နောက်မှာတော့ ကျင်းဟွမ်၏စာရီုက်သည့်အသံက ဆက်လက်ထွက်ပေါ်လာပေသည်။

ရှန့်ဟွိုင်ဇီသည် အခုချိန်ထိsticker ၃ခုပို့ထားခြင်းဖြင့် အဆုံးသတ်နေသည့်သူ၏ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ သူထပ်ပြီးတော့ စာဆက်မပို့ထားပါ ပြီးတော့ ရှောင်ထျန်ကျင်ထံမှလဲ သူ့ဆီကိုဘာစာမှပြန်ပို့မလာ။

ဒီအကြောင်းအရာက သူ့ကိုဘယ်လိုမျိူးခံစားချက်ပေးသလဲဆိုတာကို သူမပြောပြတတ်ပါ။ ရှန့်ဟွိုင်ဇီ သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး သူ၏နဖူးကဆံစတွင် စိုစွတ်နေသည့်ရေကို သုတ်ရန်မျက်နှာသုတ်ပုဝါကို အသုံးပြုလိုက်သည်။

......အဲ့လိုမျိုးအတွေးတွေးမိဖို့ဆိုတာ သူရူးနေလို့ပဲ ဖြစ်လိမ့်မည်။

ကျင်းဟွမ်ထံသို့ စာပို့သည့်သူကတော့ လုဝမ်ဟောင်ဖြစ်သည်။ အောက်ထပ်မှာရှိတဲ့ အဝတ်လျှော်စက်ကို ဘယ်လိုသုံးရမလဲဆိုတာကို သူ့ဆီလှမ်းမေးခြင်းဖြစ်ကာ ဓါတ်ပုံတောင်ပို့လိုက်သေးသည်။ ကျင်းဟွမ်ကစာ၂ကြောင်း ၃ကြောင်းနဲ့သင်ပေးလိုက်ပြီးနောက်မှာတော့ လုဝမ်ဟောင်က လက်မထောင်တာလေးဖြင့် စာပြန်လာသည်။

လုဝမ်ဟောင် - လိမ္မာပါးနပ်တဲ့ ဇနီးကောင်းနဲ့ ဉာဏ်ပညာကြီးမားတဲ့ အမေ၊ အနမ်းလေးယူပါဦး(နှုတ်ခမ်းနီနီ)

လုဝမ်ဟောင် - မင်းသာ မိန်းမဆိုရင် ငါမင်းကိုဝေါယာဉ်နဲ့အိမ်ကိုခေါ်သွားနေပြီ

ရှောင်ကျင်လေး - သောက်ရူး၊ မင်း ဘယ်လောက်တောင်မူးနေတာလဲ?

ရှောင်ကျင်လေး - လောင်ဇီသာမိန်းမဆိုရင်လေ လောင်ဇီမင်းကို လက်ထပ်မှာမဟုတ်ဘူး။ မြန်မြန်လုပ်ပြီး မင်းအဝတ်တွေလျှော်တော့

အစုတ်ပလုတ်ကို ဆူပြီးနောက်တွင် ကျင်းဟွမ် နှလုံးသားလိုအင်ဆန္ဒထံသို့ စာပြန်သည့်ဘက်ကို ပြန်လှည့်လိုက်သည်။

ရှောင်ကျင်လေး - .....QAQ နင်က ရှည်လျားသည့် လမ်းဆီသို့ များလား?

ရှန့် - အင်း၊ သူအခုလေးတင် ငါ့ဖုန်းကိုယူသွားတာ

ရှောင်ကျင်လေး - ငါသိနေတယ်! လခွမ်း!(စားပွဲခုံကို ထုသည်)

(T/N - အံမယ်မယ် ချော်လဲရောထိုင်လုပ်တယ် ကြည့်စမ်း)

နှလုံးသား လိုအင်ဆန္ဒနဲ့စကားပြောပြီးနောက်တွင် ကျင်းဟွမ်သည်ကွန်ပျူတာကို ပိတ်လိုက်ပြီး အိပ်ယာဘေးနားတွင်မတ်တပ်ရပ်နေသည့် သူထံသို့တစ်ချက်ကြည့်လိုက်သည်။

သူ၏အကြံကိုနားထောင်ပြီး ရှန့်ဟွိုင်ဇီသည်ရေချိုးဝတ်ရုံကိုဝတ်ထားပြီး ရေသုတ်သည့်မျက်နှာသုတ်ပုဝါဖြင့် ဆံပင်ကိုသုတ်နေပေသည်။ အနောက်ကနေကြည့်လျှင် သူ၏ကျယ်ပြောလှသည့် ပုခုံးကပိုပြီးတော့တောင်ထူးကဲသာလွန်ကာ ထင်းထွက်နေပေသည်။

"စီနီယာ၊ အဝတ်အစားတွေပေးပါ။ ကျွန်တော်အဝတ်လျှော်စက်မှာ ကျန်တဲ့အဝတ်အစားတွေနဲ့အတူသွားပြီး လျှော်လိုက်မယ်"

မိုးရေစက်တွေက ပြတင်းပေါက်ကိုထိခတ်ကာ အစိုးမရစွာထပ်မံရွာကျလာပြန်သည်။ ပြတင်းပေါက်ကအခုတော့ လုံးဝကိုစွတ်စိုနေလေပြီ။ ကျင်းဟွမ်အပြင်ဘက်သို့ ကြည့်ဖို့ရာကြိုးစားသော်လဲ ဝေ၀ါးနေသည့်အစိမ်းရောင်ပြင်ကိုသာ တွေ့လိုက်ရသည်။

"အပြင်မှာအခြောက်လှမ်းထားဖို့က အလုပ်ဖြစ်မှာမဟုတ်ဘူး။ dryerနဲ့လုပ်ထားကြည့်ရအောင်"

ရှန့်ဟွိုင်ဇီက ပြန်ပြောသည်။ "မလိုဘူး၊ ငါ့ဘာသာငါ လုပ်လိုက်မယ်"

"ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လဲ လုပ်ရမှာပဲကို။ တစ်ခါတည်းအတူတူလျှော်လိုက်ကြတာပေါ့" ကျင်းဟွမ်သည်ခရီးဆောင်အိတ်ကနေ သူ၏အဝတ်အစားတွေကိုထုတ်လိုက်ပြီးနောက်တွင် တစ်ခုခုကိုသဘောပေါက်သွားသည်။ "ဒါမှမဟုတ် germaphobe ရှိတာလား?"

(T/N - Germaphobe ဆိုတာကအလွန်အမင်း အသန့်ကြိုက်ပြီး အခြားသူတွေနဲ့ထိတွေ့ချင်တာမရှိတဲ့ဟာမျိုးပါ။)

ရှန့်ဟွိုင်ဇီက ခေါင်းခါပြသည်။ သူသည်အခြားသူတစ်ယောက်၏ အခန်းမှာနေတာတင်မက သူ၏အဝတ်အစားကိုပါ လျှော်ပေးနေသည့်အတွက် ရှက်နေခြင်းသာ ဖြစ်သည်။ ဘယ်လိုပဲပြောပြော သူတို့ကအကြိမ်အနည်းငယ်လောက်ပဲဆုံဖူးပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးတာမျိုးလဲ မဟုတ်ဘူးလေ။

သူ့အတွေးတွေကို နားလည်သဘောပေါက်သွားသည့် ကျင်းဟွမ်သည် လက်ထဲတွင်အဝတ်တပုံကို ပိုက်ကာပြုံးလိုက်မိသည်။ "အစ်ကိုက Germaphobeမဟုတ်ဘူးဆိုတော့ ကျွန်တော်အားလုံးကို တစ်ခါတည်းအတူတူလျှော်လိုက်တော့မယ်"

ကျင်းဟွမ်သည် အဝတ်အစားတွေကိုလိုက်စုနေတုန်းက အထူးတလည်ဂရုစိုက်နေခဲ့ခြင်းမရှိပါ။ ဒီတော့ကာ ရှန့်ဟွိုင်ဇီက အဝတ်ပုံရဲ့အပြင်ဘက်မှာ အနက်ရောင်အတွင်းခံတစ်စုံက တန်းလန်းလေးတွဲလောင်းခိုနေသည်ကို တွေ့မြင်သွားခဲ့သည်။

ရှန့်ဟွိုင်ဇီသည် အဝေးသို့ကြည့်နေရင်းဖြင့် "... အိုကေ၊ ကျေးဇူးပါပဲ"

(T/N - ဘာတွေရှက်နေတာတုန်း!!!! ယောကျ်ားလေးအချင်းချင်းကိုနော် ကိုကိုကလဲဇွတ်ရှက်)

ရေကျသံက ရေချိုးခန်းထဲမှသည် မြန်မြန်ဆန်ဆန်ပဲထွက်ပေါ်လာခဲ့ပေသည်။ ရှန့်ဟွိုင်ဇီ ကုတင်ရဲ့အစွန်းတွင်ထိုင်နေရင်းဖြင့် ဆိုဖာကိုအကြာကြီး စိုက်ကြည့်နေမိသည်။ ဆိုဖာပေါ်ရှိLaptopကလဲ တိတ်ဆိတ်စွာ ရှိနေပြီးသူ့ထံကို ပြန်စိုက်ကြည့်နေသယောင်ယောင်။

တစ်ခဏလောက် ရှန့်ဟွိုင်ဇီမျက်တောင်ခတ်လိုက်ပြီး သူ၏ရှင်းပြလို့မရနိုင်သည့် အတွေးတွေကို စိတ်ရဲ့ဟိုးအနောက်ထဲသို့ ပြန်လည်တွန်းပို့ပစ်လိုက်သည်။ သူသည် ဆံပင်ကိုသုတ်နေရင်းဖြင့် ခုံတွင်ထိုင်ချလိုက်ကာဖုန်းကိုယူလိုက်ပြီး WeChatရဲ့အခိုက်အတံ့ကို နှိပ့်လိုက်သည်။သူသည် ရှောင်ထျန်ကျင်ဒီနေ့မနက်က ပို့ထားသည့်ပုံကို ဖွင့်မကြည့်ခင် တော်တော်လေးချိတုံချတုံဖြစ်နေပြီး နောက်ဆုံးမှာတော့ ဖွင့်ကြည့်လိုက်တော့သည်။

ရှောင်ကျင်လေး - ရာသီဥတုက အတော်လေးကိုအဆင်ပြေတယ် (ပုံ)

ထိုသည်က ရှုခင်းဓါတ်ပုံဖြစ်သည်။ ဒါပေမယ့် ရှန့်ဟွိုင်ဇီနီးနီးကပ်ကပ်နဲ့သေသေချာချာပုံကို အသေးစိတ်မကြည့်နိုင်ခင်မှာပဲ ရေချိုးခန်းထဲမှရေကျသံဟာ ရပ်တံ့သွားခဲ့ပေသည်။ ကောင်လေးကလဲ တံခါးကိုဖွင့်ပြီးအပြင်ကိုထွက်လာသည်။

ကျင်းဟွမ်က အမဲရောင်ဆွယ်တာနှင့် သူ၏ဒူးခေါင်းအထက်နားတွင် အဆုံးသတ်နေသည့် ရွှေဝါရောင်ဖြစ်ကာဖြာကျနေသောဘောင်းဘီတိုကို ပြောင်းဝတ်လိုက်ပြီးပြီဖြစ်သည်။ ထိုသူ၏ခြေထောက်သည် ဖြောင့်တန်းကာဖြူဖျော့နေသည်။ ထိုသည်ကအခြားယောကျ်ားလေးတွေရဲ့ ခြေထောက်ထက်ပိုမိုပိန်ပါးပေမယ့် ထိုသူလမ်းလျှောက်လိုက်တိုင်း ခြေထောက်၏ကြွက်သားလိုင်းက ထင်ပေါ်နေသည်။

ရှန့်ဟွိုင်ဇီသည် အနားရေးကြောင်းအကြမ်းဖျင်းပုံစံတောင် မမြင်နိုင်တဲ့အိ့စက်စက်ဘောင်းဘီတိုဖြင့် တင်းကြပ်စွာဖုံးအုပ်ထားသည့် ကျင်းဟွမ်ရဲ့ပေါင်တွေဆီကို ဘယ်လိုမှ မထိန်းနိုင်ဘဲအကြည့်တွေကရွေ့လျားသွားကာ စိုက်ကြည့်နေမိလေသည်။ကျင်းဟွမ်သည် အထဲကနေထွက်လာသည်နှင့် ရှန့်ဟွိုင်ဇီရဲ့အကြည့်တွေက သူ့ဆီရောက်နေတာကို ခံစားမိသည်။ ဒါကြောင့် သူသည်ခေါင်းကိုငုံ့ကာ သူ့ခြေထောက်ကိုစက္ကန့်အနည်းငယ်ကြာသည့်အထိ စိုက်ကြည့်နေမိပြီးမှ "...... ဘာများဖြစ်လို့လဲ?"

ရှန့်ဟွိုင်ဇီသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ဖြေသည်။ "မင်းရဲ့ ဘောင်းဘီကရေစိုနေတယ်"

ကျင်းဟွမ်က ပြောသည်။ "အို့၊ ကျွန်တော် သိပ်ပြီးတော့ဂရုမစိုက်မိလိုက်ဘူး။ ရေစိမ်နေရာကိုမှီလိုက်မိတာ"

သူတို့၏ အဝတ်အစားတွေကို အခြောက်ခံပြီးနောက်တွင် ဟိုတယ်ရဲ့စားသောက်ခန်းဆီသို့ ထွက်လာခဲ့ကြသည်။ လုဝမ်ဟောင်နှင့်အခြားသူတွေက စားသောက်ခန်းဆီမှာ ပြတင်းပေါက်နားတွင် နေရာချထားသည့်စားပွဲခုံတွင် အချိန်အတော်ကြာထိုင်နေနှင့်ပြီးပြီဖြစ်သည်။ သူတို့တွေက စားသောက်ရင်းနဲ့မိုးရွာခြင်းရဲ့အလှတရားကို ခံစားနေကြပေသည်။

ယောကျာ်းလေး၂ယောက် ဘေးချင်းယှဉ်လျက်စားသောက်ခန်းထဲ လျှောက်လာသည်ကိုကြည့်ရင်းနဲ့ လုဝမ်ဟောင်သည်ခပ်တိုးတိုးပြောမိသည်။ "ကြည့်စမ်း? သူတို့၂ယောက်က catwalkလျှောက်တဲ့ မော်ဒယ်၂ယောက်လို့ပဲ ထင်းနေလိုက်တာ.... ကျွတ်၊ ဟိုဘက်မှာရေထည့်ပေးနေတဲ့မိန်းကလေးဆို သူတို့ဆီကိုပဲအကြည့်တွေကခိုးခိုးရောက်နေလိုက်တာ။ ငါတော့ ငါဒီတက္ကသိုလ်ကြီးကိုရောက်ကတည်းက ဘယ်မိန်းကလေးမှငါ့ကိုမလိုက်ရခြင်းသည် ကျင်းဟွမ်ကငါ့ရဲ့ စင်နေရာကို လုသွားလို့ဆိုတာ သံသယရှိနေတာ ဒီနေ့တော့ အတည်ပြုလက်ခံလိုက်ပါပြီ"

ကောင်းဇီရှန်းက ခေါင်းတောင်မဖော်။ "မင်းက အတွေးတွေလွန်နေတာ၊ တစ်ယောက်ထဲသမားဖြစ်နေတာက မင်းရဲ့နဂိုတည်းကပြဿနာကို အဲ့တာက ဟွမ်ဟွမ်နဲ့ဘာမှမဆိုင်ဘူး"

ကျင်းဟွမ်က အနားနီးလာသောအခါ ထိုအကြောင်းကိုကြားသွားခဲ့သည်။ သူဒီအတိုင်းအဆင်ပြေရာခုံလွတ်ကိုရွေးချယ်ပြီး ထိုင်ချလိုက်ကာ "မင်းတို့ငါ့အကြောင်းဘာပြောနေကြတာလဲ?"

"မင်းက သိပ်ကြည့်ကောင်းတယ်လို့ ငါတို့ပြောနေကြတာ" လုဝမ်ဟောင်က သူ့ကိုမြှောက်ပေးလေသည်။

ကျင်းဟွမ်က ပြုံးပြပြီး မသိချင်ယောင်ဆောင်လိုက်သည်။ နွားနို့ပူပူတစ်ခွက်ကိုထည့်ပြီးနောက် ပြန်လျှောက်လာသည့်ရှန့်ဟွိုင်ဇီကိုကြည့်ရင်း အခြားတစ်ဖတ်ကလူထိုင်ရလွယ်ကူအောင် သူ၏ဘေးနားကခုံကို အထူးတလည်ကြိုးစားလုပ်ပေးခြင်းမျိုးမဟုတ်ဘဲ အလိုလျောက်ဆွဲထုတ်ပေးမိလိုက်သည်။

တကယ်တမ်းဆိုလျှင် ရှန့်ဟွိုင်ဇီက လု့ဟန်ရဲ့ဘေးနားမှာ သွားထိုင်ချင်နေသည် ။သို့သော်လဲ သူခဏလောက်ရပ်ကာ နောက်ဆုံးမှာတော့ ကျင်းဟွမ်ဆွဲထုတ်ပေးသည့်ခုံမှာပဲ ထိုင်လိုက်တော့သည်။

"မင်း နို့သောက်လား?" သူကမေးသည်။

ကျင်းဟွမ်က အနည်းငယ်အံ့သြသင့်သွားခဲ့ကာ "အစ်ကို ကျွန်တော့အတွက် ထည့်ခဲ့တာလား?"

ဒီဟာက စားသောက်ခန်းထဲက ကို်ယ်တိုင်ယူနေရာတွင် နောက်ဆုံးကျန်နေသည့် နောက်ဆုံးသောနွားနို့ပူတစ်ခွက်ဖြစ်သည်။ စကားတစ်ခွန်းမှမဆိုဘဲ ရှန့်ဟွိုင်ဇီသည်သူ၏ရှေ့တည့်တည့်ဆီသို့ ခွက်ကိုချပေးလာသည်။

ကျင်းဟွမ်က မငြင်းဆန်ခဲ့ပါ။ သူခွက်ကိုယူလိုက်ပြီး တော်တော်များများလေးသောက်လိုက်သည်။ ထို့နောက်တွင် လုဝမ်ဟောင်ခြေထောက်အောက်က အိတ်အမဲကိုတွေ့သွားကာ မေးလိုက်သည်။ "အဲ့တာ ဘာတွေလဲ"

လုဝမ်ဟောင်က ဖြေသည်။ "အဖိုးတန်ရတနာလေ"

ကျင်းဟွမ်က အိတ်ကိုလက်ချောင်းထိပ်လေးဖြင့် သာသာလေးဖွင့်လိုက်ပြီး အထဲသို့ကြည့်လိုက်သည်။ ထိုသည်ကတကယ်တမ်းတော့ ၀ိုင်နီပုလင်းများဖြစ်နေပေသည်။

သူပြောစရာ စကားတွေပျောက်ရှသွားသည်။ "...ဒီတော့ အဲ့ဒီခရီးဆောင်အိတ်အကြီးကြီး၂လုံးက ဒါတွေအကုန်သယ်လာဖို့ သုံးခဲ့တာပေါ့?"

"ဒါပေါ့၊ ငါဒါတွေကို ငါ့မိသားစု ၀ိုင်သိုလှောင်ရုံထဲကနေခိုးလာတာ။ ပြီးတော့ ခရီးဆောင်အိတ်ထဲမှာ ဝှက်ပြီးတော့အပြင်ကိုထွက်လာရတာ။ ငါ့မှာ သူတို့ကွဲမှာကိုစိုးရီမ်နေတာ ဒီတော့ အခံဖြစ်အောင်လို့အထဲမှာ ငါအခြားပစ္စည်းတွေနဲ့ပတ်ထည့်လာရသေးတယ်"

"မင်းအဖေ မင်းကိုချမှာ မကြောက်ဘူးလား?"

"သူ ငါ့ကိုမချခင်ငါ့အိမ်ကိုအရင်ကြိုပြေးရမယ်။ ဘာလို့သူ့ကိုစိတ်ပူနေတာလဲ? အရင်ပျော်ကြမယ် ပြီးမှ သူနဲ့ကိစ္စရှင်းမယ်" လုဝမ်ဟောင်က စိတ်ချမ်းမြေ့စွာဖြင့် ပြောသည်။ "ငါ KTVအခန်းလဲ ဘွတ်ကင်ထားတယ်၊ စားပြီးတာနဲ့ အဲ့ကိုတန်းသွားရအောင်"

ကျင်းဟွမ်က ထိုအကြောင်းတွေးလိုက်သည်။ သူ၏အသင်းသားတွေက ဘယ်လိုပဲဖြစ်ဖြစ်ဒီညအွန်လိုင်းမှာရှိနေမှာ မဟုတ်ဘူး ဒီတော့ကာ သူခေါင်းငြိမ့်လိုက်သည်။ "အိုကေ"

TBC......

ဒီအပိုင်းဘာသာပြန်ရင်း ကိုယ်တွေဘဝကိုပြန်ကြည့်မိတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ ကျောင်းသားဘဝကိုအပြည့်အဝခံစားနေရသလောက် ဒီမှာတော့ Covidကလဲတစ်ဖတ်၊ စစ်အစိုးရကလဲ တစ်ဖတ်။ မြန်မာကလူတွေ တော်တေ်ာလေး သနားဖို့ကောင်းလွန်းတယ်။ ဒီကံဆိုးခြင်းတရားတွေမြန်မြန်အဆုံးသတ်မှပါပဲ။ တက္ကသိုလ်ကျောင်းသားတွေလဲ ကျောင်းမတတ်ရ။ အလုပ်သမားတွေလဲ အလုပ်ဖြောင့်ဖြောင့်မလုပ်ရ။ ကိုယ်ဆိုရင်လဲ ဒီကိစ္စတွေသာမဖြစ်လာရင် အခုချိန်USမှာအလုပ်လုပ်နေလောက်ပြီ။ အရာအားလုံးက ကိုယ်ကျိုးကြည့်တဲ့လူတစ်စုကြောင့် တော်တော်လေးပျက်စီးရတယ်။ ဒါပေမယ့် အားမလျှော့ပါနဲ့။တစ်နေ့တော့ ကံကောင်းခြင်းတရားတွေရောက်လာမှာပါလို့ ယုံကြည်ပါတယ်။

လူတိုင်းလဲ လုပ်စရာရှိတာဆက်လုပ်ကြပါနော်။

Continue Reading

You'll Also Like

307K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
234K 38.4K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္