ချည်မိ​နှောင်ကြိုး တည်တံ့​စေ(...

Von pakahti1810

38K 1.1K 90

စစ်မှန်တဲ့ ချစ်ခြင်း​တွေဟာ ကမ္ဘာခြား​နေတဲ့ သူနှစ်ဦးကို​တောင် ဆုံစည်း​စေနိုင်တယ် ကိုယ်တို့ရဲ့ချစ်ခြင်းတရား​တွ... Mehr

Prologue
Part -1
Part -2
Part -3
Part -4
Part -5
Part-6
Part -7
Part-8
Part-9
Part-10
Epi-11
Epi-12
Part-13
Epi-14
Epi-15
Epi-16
Epi-17
Epi-18
Epi-19
Epi-20
Epi-21
Epi-22
colorless string
Epi-23
Epi-24
Epi-26
Epi 27
Epi 28
Epi 29
Epi-30
Final (Part-1)
Final (part-2)
နှောင်ကြိုးတစ်စ

Epi-25

796 28 6
Von pakahti1810

#Unicode

ကုန်လွန်သွားခဲ့တဲ့ အချိန်​တွေထဲမှာ ကျွန်​တော်တို့ရဲ့ ပင်ပန်းရတဲ့ အထက်တန်းနှစ်​တွေဟာလည်း ​ဆီးနှင်း​တွေအရည်​ပျော်သလို တစ်ခု​သော ​နွေဦးမှာ ပြီးဆုံးခဲ့ပါပြီ။

ကျွန်​တော့်ခံစားချက်​တွေကို ဘယ်သူမှမရိပ်မိဖို့လည်း ကြိုးစားခဲ့တယ်။ သက်ဆိုင်သူကိုတောင် ၀န်ခံဖို့ အခွင့်မသာတဲ့ အ​နေအထားတစ်ခုမှာ အခြားဘယ်သူမှ သိစရာလည်းမလိုပါဘူး။

ဒါ​ပေမယ့်လည်း ကျွန်​တော့်ရဲ့ လျှို့၀ှက်ချက်​လေးဟာ
​တစ်​စုံတစ်​ယောက်ထံ မလွဲ​ရှောင်သာ သူမဟုတ်တဲ့ အခြားသူကို ဖွင့်ဟဖို့ ဖြစ်လာခဲ့​တော့တယ်။

အဲ့​​နေ့က ကိုးတန်းနှစ် ​နောက်ဆုံးစာ​မေးပွဲအတွက် ကိုယ်ပိုင်စာကြည့်ချိန်ရ​တော့ ​သော်တာယံက အိမ်မှာ စာ အတူတူလာကျက်ရင်းက​နေ အမှတ်မထင် ​ဒီ​ခေတ်​ မွေး​​နေ့လက်​ဆောင်​ပေးထားတဲ့  Doremon note book  စာအုပ်​လေးကို ဖွင့်ကြည့်မိရင်း ကျွန်​တော့်ရဲ့ ဖွင့်ဟထားတဲ့ ခံစားချက်​တွေကို မြင်သွားခဲ့တယ်။
အဲ့ဒီ​နောက်​တော့ ကိုယ့်ကိုအ​ပေါင်းသင်းမလုပ်မှာ ဖယ်ခွာသွားမှာ စိုးထိတ်စွာနဲ့ပဲ ၀န်ခံဖြစ်ခဲ့တယ်။
ဒါ​ပေမယ့် မထင်မှတ်ထား​လောက်​အောင် နားလည်မှု​ပေးခဲ့ပြီး ကိုယ့်ကို အား​ပေးခဲ့​ပါတယ်။

တစ်စုံတစ်​ယောက်ထံ ခံစားရသမျှ​တွေ ၀န်ခံဖွင့်ချ လိုက်​တော့ တစ်​​ယောက်တည်း နာကျင်ခဲ့ရတဲ့ ​ဝေဒနာ​တွေဟာ နည်းနည်း​တော့ ​သက်သာရာ ရခဲ့ပါတယ်။

သက်ဆိုင်သူကို​တော့ မ​ပြောပြဖြစ်​တော့မယ့် စကားလုံး​တွေဟာ သူ့ကိုမ​ပေးဖြစ်ခဲ့တဲ့​ အံဆွဲထဲက မွေး​နေ့လက်​ဆောင်​လေးလို ရင်ထဲမှာပဲသိမ်းဆည်းထားလိုက်ပါ​တော့တယ်။

ဆယ်တန်းနှစ်​ရောက်​တော့လည်း စာ​တွေနဲ့ နပန်းလုံးရင်း အချိန်​တွေကို ကုန်ဆုံး​စေခဲ့တယ်။
စာ​တွေလုပ်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့​တော့ အရင်လိုပိတ်ရက်
ဂိမ်းဆိုင်​တွေမှာ လူမစုဖြစ်ကြသလို အရင်လို စ​နောက်ကာ ​​ဟေး​လေးဟား​လေး လည်း မ​နေဖြစ်ခဲ့ကြ​တော့။ ​

ကျောင်းကို စာ​မေးပွဲ​ဖြေမယ့်ရက်နဲ့ အ​ရေးကြီး​နေ့​တွေပဲသွားကြပြီး ကျူရှင်​တွေ ဂိုက်ဆရာ​တွေနဲ့ပဲစာလုပ်ကြတာမို့ ​ပိ​တောက်ပင်​အောက်က ​နေ့လည်စာ စားချိန် တို့ဟာလည်း ဆယ်တန်းနှစ်ရဲ့ ​ပေးဆပ်လိုက်ရတဲ့ အရာ​တွေထဲကတစ်ခု​ပေါ့။

ဒီ​​နေ့​က စာ​​မေးပွဲပြီးတဲ့ ​နောက်တစ်ရက် ဖြစ်တာမို့ အားလုံး မြို့​တော်ဥယျာဥ် ကစားကွင်းကို အုပ်စုလိုက် သွားလည်ကြတယ်။
တစ်နှစ်ပတ်လုံး ပင်ပန်းထားသမျှ စိတ်လွတ်လက်လွတ် မီးကုန်ယမ်းကုန် ကဲဖို့ ​​မောင်းတင်ထားကြ​တာ​ပေါ့။

ဒီ​နေ့​လေးက​တော့ ကျွန်​တော့်ဘ၀အတွက် မ​မေ့နိုင်​တော့တဲ့ အမှတ်တရတစ်ခု၊ နှစ်ခြိုက်​ပျော်၀င်စရာ အိပ်မက်တို့ စတင်ခဲ့ရတဲ့ ​ကျွန်​တော့်ရဲ့ ရက်ရာဇာ​လေးဖြစ်ခဲ့ပါတယ်။

​သော်တာယံတို့အိမ်က ကားနဲ့ပဲအကုန်လူစုသွားမှာမို့
ရတီ ရယ် ဒီ​ခေတ်ရယ်က ကျွန်​တော့်အိမ်မှာ လာ​
စောင့်​​နေကြတယ်။
မင်းဆက်က​တော့ ​သော်တာယံ ၀င်​ ခေါ်လာလိမ့်မယ်။ ဒီနှစ်​တွေထဲ ဒီ​ခေတ်နဲ့ တပူးပူး တတွဲတွဲ ဖြစ်​နေတဲ့ နှင်းဧကရီက ဆယ်တန်းကျူရှင် တက်​နေရပြီမို့ မလိုက်လာနိုင်။
အစက​တော့ သူ​မရော ပါ မှာလားဆိုတဲ့ စိတ်နဲ့ ​​တွေးကာ သိပ်မ​​ပျော်နိုင်​ပေမယ့် ဒီမနက် တစ်​ယောက်တည်း​ရောက်လာတဲ့ ဒီ​ခေတ်ကို မြင်​တော့ ဘယ်​လောက် ​ပျော်မြူးသွားတယ်ဆိုတာ ကိုယ်နဲ့ ကိုယ့်ကိုယ်​စောင့်နတ်သာ အသိဆုံးဖြစ်လိမ့်မည်။

ကစားကွင်း​ရောက်​တော့လည်း တက်ညီလက်ညီ တစ်ခုပြီးတစ်ခု ​ဆော့လိုက်ကြတာ ​​နောက်ဆုံး ​တော်​တော်​မောလာမှပဲ ​ရိုလာကိုစတာ ​နောက်တစ်​ခေါက် ထပ်စီးဖို့​ခေါ်​နေတဲ့ ​သော်တာယံနဲ့ ရတီမ ကို အတင်းနှင်လွတ်ရသည်။ လူကတကယ် ​မော​နေပြီ။
သူတို့မို့ မ​မောနိုင် မပန်းနိုင် ​​ဆော့နိုင်တဲ့ မျောက်နဲ့နင်လားငါလားတွေ။

​သူတို့ ​သွား​တော့ အရိပ် ရှိတဲ့ သစ်ပင်​အောက် သွားထိုင်​ စောင့်​နေတုန်း ​ဘေးမှာလာထိုင်တဲ့ အရိပ်တစ်ခု မြင်ရတာမို့ လှည့်ကြည့်​တော့ ဒီ​ခေတ်။
နဖူးက ​ချွေးစက်တို့ကို လက်ခုံနဲ့ သုတ်​ကာ မျက်နှာ​လေး ရှုံ့ မဲ့​နေပုံက​တောင် ကြည့်​ကောင်းလှတယ်။
​နေပူထဲ​နေတာ ကြာသွားသည်​ကြောင့် မျက်နှာ​ဖွေး​ဖွေးက ရဲ​နေသည်။

ကိုယ်​ငေး​နေတုန်း သူကလှည့်ကြည့်လာ​တော့ သူခိုးလူမိသလို ရှို့တို့ရှန်းတန်း ဖြစ်​ပြမ​နေဘဲ သူ့မျက်နှာကို ​ငေး​နေရင်းပင်

"မင်း လိုက်မသွားဘူးလား သူတို့နဲ့..."

အကျီလက်ရှည် အပြာနုအကွက်​လေးကို တံ​တောင်ဆစ်နားထိ ​ခေါက်တင်ရင်း သူ​​ဖြေလာတာက
"အွန်းး" တဲ့ ​လေ။

ထို့​နောက် ကျွန်​တော်လည်း အကြည့်လွှဲကာ ​သော်တာယံတို့ကို လှမ်းကြည့်​နေလိုက်တယ်။
အချိန်​တော်ကြာ တိတ်ဆိတ်​နေပြီးတဲ့​နောက်မှာတော့
" ငါ ..."
"​နှောင်း.."
ပြိုင်တူထွက်လာတဲ့ အသံလှိုင်းတို့ကြောင့် ခပ်ဟဟ ရယ်မိပြီး မင်းအရင်​ပြောဆိုပြီး ​မေးဆတ်ပြ​တော့ ပါးချိုင့်​လေးနှစ်ဖက် ထင်း​နေ​အောင် ပြုံးလိုက်ရင်း

"​နှောင်းရိပ် ည​နေ ငါနဲ့ တစ်​​နေရာ လိုက်ခဲ့​ပေးမလား..."

ကိုယ့်ကိုတည့်တည့်စိုက်ကြည့်ကာ ​မေး​နေတဲ့ သူ့မျက်၀န်းတို့က လိုချင်တဲ့ အရုပ်ကို မိဘ​တွေ ၀ယ်​ပေးဖို့ပူဆာ​နေတဲ့ ချစ်စရာ က​လေးငယ်ရဲ့မျက်၀န်း​​တွေနဲ့ တူပါတယ်။

အ​ချေကိုယ်​​တော်၊​ရေခဲရိုက်မျက်နှာလို့ ​ခေါ်ခံရတဲ့
ဒီ​ခေတ်မှာ ဒီလိုချစ်စရာ​ကောင်းတဲ့ အမူအရာ​တွေလည်း ရှိတယ်။
ဒီ​ခေတ်က ဖတ်လို့မကုန်နိုင်တဲ့ ဘယ်​တော့မှမငြီး​ငွေ့​စေတဲ့ စာအုပ်တစ်အုပ်နဲ့တူပါတယ်။

ကျွန်​တော် ဖြည်းဖြည်းချင်း ထိုစာအုပ်​လေးရဲ့ စာမျက်နှာတိုင်းကို  ဖတ်ခွင့်ရချင်တယ်ဆို ​လောဘကြီးရာ ​ရောက်မလား​လေ....

အဲ့ဒီစာအုပ်​​လေးကိုယ်တိုင်က မမြင်​စေချင်လို့
ဖတ်ခွင့်မ​ပေးခဲ့တဲ့ စာမျက်နှာ​တွေကြောင့် သူနဲ့  စာအုပ်​လေး ​ဝေးကွာခဲ့ရမယ်ဆိုတာ အဲ့အချိန်က ကြိုမသိခဲ့ဘူး​ပေါ့...

" အင်း ဘယ်ကို သွားမှာလဲ"

ကျွန်​တော်ပြန်​မေး​တော့ သူက

"​ရောက်ရင် သိမှာ​ပေါ့ကွာ...ငါ့ကို မယုံဘူးလား"

​အ​ဝေးကို​ငေးရင်း ​ပြော​နေတဲ့ သူ့ကို ကြည့်ရင်း
ဒီအချိန်​လေးကို ရပ်တန့်ထားချင်ခဲ့တယ်။

*ယုံတာ​ပေါ့ကွာ ငါ့အရိပ်ထက်​တောင် မင်းကိုယုံပါတယ်။ မင်း ဖြစ်​နေသ၍ ငါယုံကြည်​နေမှာ *

ဒီစကား​တွေကို​တော့ ရင်ထဲက​နေသာ တိတ်တဆိတ် ​
ဆို​နေခဲ့တယ်။

ည​နေ အိမ်ပြန်ကြ​တော့ ရတီ့နဲ့ မင်းဆက်ကို ၀င် ပို့ပြီးမှ ကျွန်​တော်နဲ့ ဒီ​ခေတ်ကို လိုက်ပို့သည်။
ကား​ရပ်ရပ်ချင်း အရင်ဆင်းသွားတဲ့ ဒီ​ခေတ်ကို ကြည့်ပြီး ကား​ပေါ်ကဆင်းဖို့ ပြင်​နေတဲ့ကျွန်​တော့်ကို ​
သော်တာယံက အနားကပ်ကာ

"​နှောင်းရိပ် မင်း အဆိုး​ကောင်လေး နဲ့ အဆင်​ပြေ​နေတယ်မလား။ မင်းတို့ နှစ်​ယောက် သစ်ပင်​အောက်မှာ စကား​ပြောပြီး မင်းမျက်နှာ မှိုရသလိုဖြစ်​နေတာ ငါမြင်တယ်​နော်။ အခုလည်း နှစ်​ယောက်တည်း ဘာ​တွေကြိတ်ကြံ​နေကြတာလဲ "

"ဘာမှမဟုတ်ပါဘူးကွာ သက်သက် ငါ့ကို ဒုက္ခ​ပေးချင်လို့ စက်ဘီးနဲ့ ပြန်ပို့ခိုင်းမလို့ပါ"

ကျွန်​တော် ​ဖြေလိုက်​တော့ ဟုတ်လို့လား ဆိုတဲ့ပုံစံနဲ့ ပြန်ကြည့်​နေ​သေးသည်။
ပြီးမှ "အဲ့ဒုက္ခကိုပဲ မင်းက သုခ မှတ်​ယူ​နေတာမလား ..." လို့ ​ပြောပြီး ထွက်သွား​တော့သည်။

အိမ်ထဲ၀င်လိုက်​တော့ သခင်လေးက ဆိုဖာ​ပေါ်မှာ ပျင်းတိပျင်းရွဲထိုင်ကာ ​အ​အေး ​သောက်​နေ​လေရဲ့ ။
​ဘေးက​နေ ​မေ​မေက ယပ်​တောင်ခပ်​ပေးကာ

"ငါ့ က​လေး​လေး ပင်ပန်းသွားပါပြီ" လုပ်​နေ​သေးတယ်။

"​ဟော ​နှောင်း လာပါပြီ ​...​သား ရေ တန်း မချိုးနဲ့ အုံး ​ချွေးတိတ်​အောင် ခဏနား ​ရေ​လေးဘာ​​လေး အရင်​သောက်"

​မေ​မေက လှမ်း​ပြော​တော့ ကျွန်​တော်လည်း ​မေ​မေတို့နား​ လျှောက်သွားကာ

"​မေ​မေက သားအတွက် ကျ အ​အေး​လေးဘာ​လေး မတိုက်ဘူး အဲ့​​အဆိုး​ကောင်ကိုတော့ တိုက်တယ်"

​မေ​မေ​ဘေးသွားကာ ​ပြောလိုက်​တော့ အဆိုး​လေးက ကိုယ်ကိုမတ်မတ်ထိုင်ပြီး  ကိုယ့်ကိုလှမ်းကြည့်ကာ

"​ဟေ့​ကောင် အသက်က ဘယ်အရွယ်ရှိပြီမို့ ချွဲ​နေရတာလဲ ။အန်တီက ငါ့ကို ချစ်လို့ အ​အေးတိုက်တာ မနာလို တိုရှည်ဖြစ်မ​နေနဲ့"

"ဘာဖြစ်လဲ ကိုယ့်အ​မေကို ကိုယ်ချွဲတာ ...ဟွန်း"

သူ့ကိုပြန်ရန်​တွေ့လိုက်​တော့မှ ဘာမှဆက်မ​ပြော​တော့​ပေ။

​ရေချိုး ညစာစား​သောက်ပြီး​​တော့ ဒီ​ခေတ်ကို ပြန်လိုက်ပို့​ပေးမယ်လို့ ​မေ​မေ့ကို ​ပြောပြီး ဒီ​ခေတ် ​ခေါ်သွားတဲ့​နောက်လိုက်လာခဲ့တယ်။
ဒါပထမဆုံးအကြိမ် သူနင်းတဲ့ စက်ဘီးကို စီးခြင်း။
သူ့​ကျောပြင်​လေးကို ​ငေးရတာသ​ဘောကျတဲ့ ကျွန်​တော်က အခုလို စိတ်ကြိုက်​ငေး​မောခွင့်ရ​တာက တကယ့်
အခွင့်​ရေးကြီး​ပေါ့။

လမ်းမီးတိုင်၀ါ၀ါ​လေး​တွေ​ရှိတဲ့ လမ်း​လေးရယ်၊ ပုစဥ်း​အော်သံညံညံ​တွေရယ် ၊ ​လေတိုးသံ ​တွေရယ် ပြီး​တော့ စက်ဘီးတစ်စီးနဲ့ ​ကောင်း​လေးနှစ်​ယောက်။

စက်ဘီး​လေးက လမ်းကြား​တွေက​နေ ထွက်လာလိုက်ပြီး ကျုံး​ဘေးလမ်းမကြီး​ပေါ်ဦးတည်လာ​တော့ ​ဘေးကဖြတ်သွားတဲ့ ဆိုင်ကယ်သံကားသံ​တွေရဲ့ တ၀ီ၀ီမြည်သံ​တွေက စိတ်ရှုပ်စရာ​ကောင်း​ပေမယ့် ချစ်ရသူနဲ့အတူဆိုတဲ့ ကြည်နူးစိတ်ကို ဘယ်အရာကမှ မဖျက်ဆီးနိုင်ခဲ့ပါဘူး။

ဒီ​ခေတ် စက်ဘီး​လေး ရပ်တဲ့​နေရာကိုကြည့်လိုက်​တော့ ​​တောင်ဘက်ကျုံးက အသစ်လုပ်ထားတာမကြာ​သေးတဲ့ ​မီး​ရောင်စုံနဲ့ ရေပန်း​တွေ။
သူကျွန်​တော့်ကို ​ခေါ်လာချင်တာ ဒီ​နေရာလား။
လှလိုက်တာ ဗျာ။

​​ဘေးက ​ရှုခင်းကို ​ငေး​​မော​နေ​ရင်း စက်ဘီး​ပေါ် ထိုင်​နေ​သေးတဲ့ကျွန်​တော် ဒီ​ခေတ်အသံကြားမှ အသိစိတ်ပြန်ကပ်​တော့တယ်။

"ဆင်း​တော့​လေ ..."

​​နောက်ကို​ခေါင်း​လေး ​စောင်းကာ​ပြောလာတဲ့ ဒီ​ခေတ်အသံ​လေးက ခါတိုင်းထက် ​ပိုကြည်လင်နေသလို။

"အွန်း..."
လို့​ပြောပြီး ပလက်​ဖောင်း​ပေါ် တက်ရပ်ရင်း စက်ဘီးရပ်​နေတဲ့ သူ့ကို​စောင့်​နေလိုက်တယ်။

​နောက်​တော့ အတူတူ ​ရေပန်း​တွေနား သွားရပ်ရင်း
​နောက်ကဖွင့်ထားတဲ့ သီချင်းသံအလိုက် စီးချက်ကျ လှုပ်ရှား​နေတဲ့ ​ရေပန်းရောင်စုံ​တွေကို မြင်​​တော့ သတိလက်လွတ်​​​ငေး​နေမိတယ်။

ထို့​နောက်တော့ သီချင်းသံ အမြင့်ဆုံး ​နေရာမှာ ​ရေပန်း​တွေ အကုန် ယိမ်းခါသွား​တာမြင်​တော့
"Wow မိုက်လိုက်တာ..." လို့​အော်ရင်း စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးကာ​ပြောမိ​တော့ သူ့ဆီက အမှတ်မထင် မဟုတ်ဘူး ဘယ်လိုမှမထင်မှတ်ထားတဲ့ စကားလုံးကို ကြားလိုက်ရတယ်။

"ချစ်စရာ​ကောင်းလိုက်တာ ကွာ" တဲ့ ။
ကျွန်​တော့်ကို ပါးချိုင့်နှစ်ဖက် ထင်း​​နေ​အောင် ပြုံး
ကြည့်​​နေခဲ့တဲ့ သူ့ ​ကြောင့် ​ကြောင်အ သွားရတယ်။

သူ့အပြုံး​တွေကို ​ငေးရင်း " ဘာ​ပြောလိုက်တာလဲ "
လို့​​မေး​​တော့ သူက ကျွန်​တော့် ပုခုံးနှစ်ဖက်ကို ဆွဲ
လှည့်ကာ သူနဲ့ မျက်နှာချင်းဆိုင်​စေပြီး ​လေး​​လေးနက်နက် ဆိုလာတာက

"​နှောင်းရိပ် ....အချစ်ဆိုတာ ဘာလည်း ငါ​သေချာမသိ​ပေမယ့် မင်းကို ငါ့အနားမှာရှိ​စေချင်တယ်။ မင်းအခြားသူတစ်​ယောက်ကို ငါ့ထက် ဦးစား​ပေးမှာ ငါအရမ်း​ကြောက်တယ်။ ပြီး​တော့ ငါ မင်းအ​ပေါ် ဘယ်ချိန်က စပြီး ခုလိုခံစားရလည်း မသိ​ပေမယ့် ငါမင်းကို ရင်ခုန်တယ်"

ရွှက်...
ကျွန်​တော့်နှလုံးသားထဲက ဆူး ကို အစိမ်းလိုက်ဆွဲနုတ် လိုက်ပါပြီ။
​သွေးစိမ်းရှင်ရှင်ထွက်​နေရင်​တောင် ဆူးနွှင်​ပေးခဲ့တာ ချစ်ရသူမို့ လုံး၀ မနာပါဘူး။

ကျွန်​တော် မယုံနိုင်စွာ ကိုယ့်ပါးကို ဆွဲဖဲ့​တော့ တကယ်နာတယ်။
ဒါဆိုဒါက အိပ်မက်မဟုတ်ဘူး​ပေါ့။ ဒီ​ခေတ် ကျွန်​တော့် ဒီ​ခေတ်က ကျွန်​တော့်ကို ချစ်​နေတာ​ပေါ့ ....

ပါးကိုဖဲ့​နေတဲ့ကျွန်​တော့်ကို ဒီ​ခေတ်က
" နာကုန်​တော့မှာပဲ ဘာလို့ ဖဲ့​နေတာလဲကွာ" လို့​​​ပြောရင်း ပါး​လေးကို သူ့လက်ဖ၀ါး​လေးနဲ့ အသာ​လေး ထိ​တွေ့​နေတယ်။

"ငါ ငါ..အိပ်မက် မက်​နေတာလားလို့"

သူကကျွန်​တော့်ကို မျက်လုံး​တွေ​မှေးသွားတဲ့အထိ
ကြည့်ပြီးရယ်ကာ

"ဟားးး အရူး​လေး တကယ်ပါ..အိပ်မက်မဟုတ်ဘူး
မင်း​ရော ငါ့ကို..."

သူ့စကားဆုံး​အောင်ထိ မ​စောင့်​တော့ဘဲ

"ချစ်တယ် ​မင်းကို အရမ်းချစ်တယ် နှောင်း​ခေတ်"

#Zawgyi

ကုန္လြန္သြားခဲ့တဲ့ အခ်ိန္​ေတြထဲမွာ ကၽြန္​ေတာ္တို႔ရဲ့ ပင္ပန္းရတဲ့ အထက္တန္းႏွစ္​ေတြဟာလည္း ​ဆီးႏွင္း​ေတြအရည္​ေပ်ာ္သလို တစ္ခု​ေသာ ​ေႏြဦးမွာ ၿပီးဆုံးခဲ့ပါၿပီ။

ကၽြန္​ေတာ့္ခံစားခ်က္​ေတြကို ဘယ္သူမွမရိပ္မိဖို႔လည္း ႀကိဳးစားခဲ့တယ္။ သက္ဆိုင္သူကိုေတာင္ ၀န္ခံဖို႔ အခြင့္မသာတဲ့ အ​ေနအထားတစ္ခုမွာ အျခားဘယ္သူမွ သိစရာလည္းမလိုပါဘူး။

ဒါ​ေပမယ့္လည္း ကၽြန္​ေတာ့္ရဲ့ လၽွို႔၀ွက္ခ်က္​ေလးဟာ
​တစ္​စုံတစ္​ေယာက္ထံ မလြဲ​ေရွာင္သာ သူမဟုတ္တဲ့ အျခားသူကို ဖြင့္ဟဖို႔ ျဖစ္လာခဲ့​ေတာ့တယ္။

အဲ့​​ေန႔က ကိုးတန္းႏွစ္ ​ေနာက္ဆုံးစာ​ေမးပြဲအတြက္ ကိုယ္ပိုင္စာၾကည့္ခ်ိန္ရ​ေတာ့ ​ေသာ္တာယံက အိမ္မွာ စာ အတူတူလာက်က္ရင္းက​ေန အမွတ္မထင္ ​ဒီ​ေခတ္​ ေမြး​​ေန႔လက္​ေဆာင္​ေပးထားတဲ့  Doremon note book  စာအုပ္​ေလးကို ဖြင့္ၾကည့္မိရင္း ကၽြန္​ေတာ့္ရဲ့ ဖြင့္ဟထားတဲ့ ခံစားခ်က္​ေတြကို ျမင္သြားခဲ့တယ္။
အဲ့ဒီ​ေနာက္​ေတာ့ ကိုယ့္ကိုအ​ေပါင္းသင္းမလုပ္မွာ ဖယ္ခြာသြားမွာ စိုးထိတ္စြာနဲ႔ပဲ ၀န္ခံျဖစ္ခဲ့တယ္။
ဒါ​ေပမယ့္ မထင္မွတ္ထား​ေလာက္​ေအာင္ နားလည္မႈ​ေပးခဲ့ၿပီး ကိုယ့္ကို အား​ေပးခဲ့​ပါတယ္။

တစ္စုံတစ္​ေယာက္ထံ ခံစားရသမၽွ​ေတြ ၀န္ခံဖြင့္ခ် လိုက္​ေတာ့ တစ္​​ေယာက္တည္း နာက်င္ခဲ့ရတဲ့ ​ေဝဒနာ​ေတြဟာ နည္းနည္း​ေတာ့ ​သက္သာရာ ရခဲ့ပါတယ္။

သက္ဆိုင္သူကို​ေတာ့ မ​ေျပာျပျဖစ္​ေတာ့မယ့္ စကားလုံး​ေတြဟာ သူ႔ကိုမ​ေပးျဖစ္ခဲ့တဲ့​ အံဆြဲထဲက ေမြး​ေန႔လက္​ေဆာင္​ေလးလို ရင္ထဲမွာပဲသိမ္းဆည္းထားလိုက္ပါ​ေတာ့တယ္။

ဆယ္တန္းႏွစ္​ေရာက္​ေတာ့လည္း စာ​ေတြနဲ႔ နပန္းလုံးရင္း အခ်ိန္​ေတြကို ကုန္ဆုံး​ေစခဲ့တယ္။
စာ​ေတြလုပ္ရင္းနဲ႔ပဲ အခ်ိန္ကုန္ခဲ့​ေတာ့ အရင္လိုပိတ္ရက္
ဂိမ္းဆိုင္​ေတြမွာ လူမစုျဖစ္ၾကသလို အရင္လို စ​ေနာက္ကာ ​​ေဟး​ေလးဟား​ေလး လည္း မ​ေနျဖစ္ခဲ့ၾက​ေတာ့။ ​

ေက်ာင္းကို စာ​ေမးပြဲ​ေျဖမယ့္ရက္နဲ႔ အ​ေရးႀကီး​ေန႔​ေတြပဲသြားၾကၿပီး က်ဴရွင္​ေတြ ဂိုက္ဆရာ​ေတြနဲ႔ပဲစာလုပ္ၾကတာမို႔ ​ပိ​ေတာက္ပင္​ေအာက္က ​ေန႔လည္စာ စားခ်ိန္ တို႔ဟာလည္း ဆယ္တန္းႏွစ္ရဲ့ ​ေပးဆပ္လိုက္ရတဲ့ အရာ​ေတြထဲကတစ္ခု​ေပါ့။

ဒီ​​ေန႔​က စာ​​ေမးပြဲၿပီးတဲ့ ​ေနာက္တစ္ရက္ ျဖစ္တာမို႔ အားလုံး ၿမိဳ႕​ေတာ္ဥယ်ာဥ္ ကစားကြင္းကို အုပ္စုလိုက္ သြားလည္ၾကတယ္။
တစ္ႏွစ္ပတ္လုံး ပင္ပန္းထားသမၽွ စိတ္လြတ္လက္လြတ္ မီးကုန္ယမ္းကုန္ ကဲဖို႔ ​​ေမာင္းတင္ထားၾက​တာ​ေပါ့။

ဒီ​ေန႔​ေလးက​ေတာ့ ကၽြန္​ေတာ့္ဘ၀အတြက္ မ​ေမ့နိုင္​ေတာ့တဲ့ အမွတ္တရတစ္ခု၊ ႏွစ္ၿခိဳက္​ေပ်ာ္၀င္စရာ အိပ္မက္တို႔ စတင္ခဲ့ရတဲ့ ​ကၽြန္​ေတာ့္ရဲ့ ရက္ရာဇာ​ေလးျဖစ္ခဲ့ပါတယ္။

​ေသာ္တာယံတို႔အိမ္က ကားနဲ႔ပဲအကုန္လူစုသြားမွာမို႔
ရတီ ရယ္ ဒီ​ေခတ္ရယ္က ကၽြန္​ေတာ့္အိမ္မွာ လာ​
ေစာင့္​​ေနၾကတယ္။
မင္းဆက္က​ေတာ့ ​ေသာ္တာယံ ၀င္​ ေခၚလာလိမ့္မယ္။ ဒီႏွစ္​ေတြထဲ ဒီ​ေခတ္နဲ႔ တပူးပူး တတြဲတြဲ ျဖစ္​ေနတဲ့ ႏွင္းဧကရီက ဆယ္တန္းက်ဴရွင္ တက္​ေနရၿပီမို႔ မလိုက္လာနိုင္။
အစက​ေတာ့ သူ​မေရာ ပါ မွာလားဆိုတဲ့ စိတ္နဲ႔ ​​ေတြးကာ သိပ္မ​​ေပ်ာ္နိုင္​ေပမယ့္ ဒီမနက္ တစ္​ေယာက္တည္း​ေရာက္လာတဲ့ ဒီ​ေခတ္ကို ျမင္​ေတာ့ ဘယ္​ေလာက္ ​ေပ်ာ္ျမဴးသြားတယ္ဆိုတာ ကိုယ္နဲ႔ ကိုယ့္ကိုယ္​ေစာင့္နတ္သာ အသိဆုံးျဖစ္လိမ့္မည္။

ကစားကြင္း​ေရာက္​ေတာ့လည္း တက္ညီလက္ညီ တစ္ခုၿပီးတစ္ခု ​ေဆာ့လိုက္ၾကတာ ​​ေနာက္ဆုံး ​ေတာ္​ေတာ္​ေမာလာမွပဲ ​ရိုလာကိုစတာ ​ေနာက္တစ္​ေခါက္ ထပ္စီးဖို႔​ေခၚ​ေနတဲ့ ​ေသာ္တာယံနဲ႔ ရတီမ ကို အတင္းႏွင္လြတ္ရသည္။ လူကတကယ္ ​ေမာ​ေနၿပီ။
သူတို႔မို႔ မ​ေမာနိုင္ မပန္းနိုင္ ​​ေဆာ့နိုင္တဲ့ ေမ်ာက္နဲ႔နင္လားငါလားေတြ။

​သူတို႔ ​သြား​ေတာ့ အရိပ္ ရွိတဲ့ သစ္ပင္​ေအာက္ သြားထိုင္​ ေစာင့္​ေနတုန္း ​ေဘးမွာလာထိုင္တဲ့ အရိပ္တစ္ခု ျမင္ရတာမို႔ လွည့္ၾကည့္​ေတာ့ ဒီ​ေခတ္။
နဖူးက ​ေခၽြးစက္တို႔ကို လက္ခုံနဲ႔ သုတ္​ကာ မ်က္ႏွာ​ေလး ရႈံ႔ မဲ့​ေနပုံက​ေတာင္ ၾကည့္​ေကာင္းလွတယ္။
​ေနပူထဲ​ေနတာ ၾကာသြားသည္​ေၾကာင့္ မ်က္ႏွာ​ေဖြး​ေဖြးက ရဲ​ေနသည္။

ကိုယ္​ေငး​ေနတုန္း သူကလွည့္ၾကည့္လာ​ေတာ့ သူခိုးလူမိသလို ရွို႔တို႔ရွန္းတန္း ျဖစ္​ျပမ​ေနဘဲ သူ႔မ်က္ႏွာကို ​ေငး​ေနရင္းပင္

"မင္း လိုက္မသြားဘူးလား သူတို႔နဲ႔..."

အက်ီလက္ရွည္ အျပာႏုအကြက္​ေလးကို တံ​ေတာင္ဆစ္နားထိ ​ေခါက္တင္ရင္း သူ​​ေျဖလာတာက
"အြန္းး" တဲ့ ​ေလ။

ထို႔​ေနာက္ ကၽြန္​ေတာ္လည္း အၾကည့္လႊဲကာ ​ေသာ္တာယံတို႔ကို လွမ္းၾကည့္​ေနလိုက္တယ္။
အခ်ိန္​ေတာ္ၾကာ တိတ္ဆိတ္​ေနၿပီးတဲ့​ေနာက္မွာေတာ့
" ငါ ..."
"​ေႏွာင္း.."
ၿပိဳင္တူထြက္လာတဲ့ အသံလွိုင္းတို႔ေၾကာင့္ ခပ္ဟဟ ရယ္မိၿပီး မင္းအရင္​ေျပာဆိုၿပီး ​ေမးဆတ္ျပ​ေတာ့ ပါးခ်ိဳင့္​ေလးႏွစ္ဖက္ ထင္း​ေန​ေအာင္ ျပဳံးလိုက္ရင္း

"​ေႏွာင္းရိပ္ ည​ေန ငါနဲ႔ တစ္​​ေနရာ လိုက္ခဲ့​ေပးမလား..."

ကိုယ့္ကိုတည့္တည့္စိုက္ၾကည့္ကာ ​ေမး​ေနတဲ့ သူ႔မ်က္၀န္းတို႔က လိုခ်င္တဲ့ အ႐ုပ္ကို မိဘ​ေတြ ၀ယ္​ေပးဖို႔ပူဆာ​ေနတဲ့ ခ်စ္စရာ က​ေလးငယ္ရဲ့မ်က္၀န္း​​ေတြနဲ႔ တူပါတယ္။

အ​ေခ်ကိုယ္​​ေတာ္၊​ေရခဲရိုက္မ်က္ႏွာလို႔ ​ေခၚခံရတဲ့
ဒီ​ေခတ္မွာ ဒီလိုခ်စ္စရာ​ေကာင္းတဲ့ အမူအရာ​ေတြလည္း ရွိတယ္။
ဒီ​ေခတ္က ဖတ္လို႔မကုန္နိုင္တဲ့ ဘယ္​ေတာ့မွမၿငီး​ေငြ႕​ေစတဲ့ စာအုပ္တစ္အုပ္နဲ႔တူပါတယ္။

ကၽြန္​ေတာ္ ျဖည္းျဖည္းခ်င္း ထိုစာအုပ္​ေလးရဲ့ စာမ်က္ႏွာတိုင္းကို  ဖတ္ခြင့္ရခ်င္တယ္ဆို ​ေလာဘႀကီးရာ ​ေရာက္မလား​ေလ....

အဲ့ဒီစာအုပ္​​ေလးကိုယ္တိုင္က မျမင္​ေစခ်င္လို႔
ဖတ္ခြင့္မ​ေပးခဲ့တဲ့ စာမ်က္ႏွာ​ေတြေၾကာင့္ သူနဲ႔  စာအုပ္​ေလး ​ေဝးကြာခဲ့ရမယ္ဆိုတာ အဲ့အခ်ိန္က ႀကိဳမသိခဲ့ဘူး​ေပါ့...

" အင္း ဘယ္ကို သြားမွာလဲ"

ကၽြန္​ေတာ္ျပန္​ေမး​ေတာ့ သူက

"​ေရာက္ရင္ သိမွာ​ေပါ့ကြာ...ငါ့ကို မယုံဘူးလား"

​အ​ေဝးကို​ေငးရင္း ​ေျပာ​ေနတဲ့ သူ႔ကို ၾကည့္ရင္း
ဒီအခ်ိန္​ေလးကို ရပ္တန္႔ထားခ်င္ခဲ့တယ္။

*ယုံတာ​ေပါ့ကြာ ငါ့အရိပ္ထက္​ေတာင္ မင္းကိုယုံပါတယ္။ မင္း ျဖစ္​ေနသ၍ ငါယုံၾကည္​ေနမွာ *

ဒီစကား​ေတြကို​ေတာ့ ရင္ထဲက​ေနသာ တိတ္တဆိတ္ ​
ဆို​ေနခဲ့တယ္။

ည​ေန အိမ္ျပန္ၾက​ေတာ့ ရတီ့နဲ႔ မင္းဆက္ကို ၀င္ ပို႔ၿပီးမွ ကၽြန္​ေတာ္နဲ႔ ဒီ​ေခတ္ကို လိုက္ပို႔သည္။
ကား​ရပ္ရပ္ခ်င္း အရင္ဆင္းသြားတဲ့ ဒီ​ေခတ္ကို ၾကည့္ၿပီး ကား​ေပၚကဆင္းဖို႔ ျပင္​ေနတဲ့ကၽြန္​ေတာ့္ကို ​
ေသာ္တာယံက အနားကပ္ကာ

"​ေႏွာင္းရိပ္ မင္း အဆိုး​ေကာင္ေလး နဲ႔ အဆင္​ေျပ​ေနတယ္မလား။ မင္းတို႔ ႏွစ္​ေယာက္ သစ္ပင္​ေအာက္မွာ စကား​ေျပာၿပီး မင္းမ်က္ႏွာ မွိုရသလိုျဖစ္​ေနတာ ငါျမင္တယ္​ေနာ္။ အခုလည္း ႏွစ္​ေယာက္တည္း ဘာ​ေတြႀကိတ္ႀကံ​ေနၾကတာလဲ "

"ဘာမွမဟုတ္ပါဘူးကြာ သက္သက္ ငါ့ကို ဒုကၡ​ေပးခ်င္လို႔ စက္ဘီးနဲ႔ ျပန္ပို႔ခိုင္းမလို႔ပါ"

ကၽြန္​ေတာ္ ​ေျဖလိုက္​ေတာ့ ဟုတ္လို႔လား ဆိုတဲ့ပုံစံနဲ႔ ျပန္ၾကည့္​ေန​ေသးသည္။
ၿပီးမွ "အဲ့ဒုကၡကိုပဲ မင္းက သုခ မွတ္​ယူ​ေနတာမလား ..." လို႔ ​ေျပာၿပီး ထြက္သြား​ေတာ့သည္။

အိမ္ထဲ၀င္လိုက္​ေတာ့ သခင္ေလးက ဆိုဖာ​ေပၚမွာ ပ်င္းတိပ်င္းရြဲထိုင္ကာ ​အ​ေအး ​ေသာက္​ေန​ေလရဲ့ ။
​ေဘးက​ေန ​ေမ​ေမက ယပ္​ေတာင္ခပ္​ေပးကာ

"ငါ့ က​ေလး​ေလး ပင္ပန္းသြားပါၿပီ" လုပ္​ေန​ေသးတယ္။

"​ေဟာ ​ေႏွာင္း လာပါၿပီ ​...​သား ေရ တန္း မခ်ိဳးနဲ႔ အုံး ​ေခၽြးတိတ္​ေအာင္ ခဏနား ​ေရ​ေလးဘာ​​ေလး အရင္​ေသာက္"

​ေမ​ေမက လွမ္း​ေျပာ​ေတာ့ ကၽြန္​ေတာ္လည္း ​ေမ​ေမတို႔နား​ ေလၽွာက္သြားကာ

"​ေမ​ေမက သားအတြက္ က် အ​ေအး​ေလးဘာ​ေလး မတိုက္ဘူး အဲ့​​အဆိုး​ေကာင္ကိုေတာ့ တိုက္တယ္"

​ေမ​ေမ​ေဘးသြားကာ ​ေျပာလိုက္​ေတာ့ အဆိုး​ေလးက ကိုယ္ကိုမတ္မတ္ထိုင္ၿပီး  ကိုယ့္ကိုလွမ္းၾကည့္ကာ

"​ေဟ့​ေကာင္ အသက္က ဘယ္အရြယ္ရွိၿပီမို႔ ခၽြဲ​ေနရတာလဲ ။အန္တီက ငါ့ကို ခ်စ္လို႔ အ​ေအးတိုက္တာ မနာလို တိုရွည္ျဖစ္မ​ေနနဲ႔"

"ဘာျဖစ္လဲ ကိုယ့္အ​ေမကို ကိုယ္ခၽြဲတာ ...ဟြန္း"

သူ႔ကိုျပန္ရန္​ေတြ႕လိုက္​ေတာ့မွ ဘာမွဆက္မ​ေျပာ​ေတာ့​ေပ။

​ေရခ်ိဳး ညစာစား​ေသာက္ၿပီး​​ေတာ့ ဒီ​ေခတ္ကို ျပန္လိုက္ပို႔​ေပးမယ္လို႔ ​ေမ​ေမ့ကို ​ေျပာၿပီး ဒီ​ေခတ္ ​ေခၚသြားတဲ့​ေနာက္လိုက္လာခဲ့တယ္။
ဒါပထမဆုံးအႀကိမ္ သူနင္းတဲ့ စက္ဘီးကို စီးျခင္း။
သူ႔​ေက်ာျပင္​ေလးကို ​ေငးရတာသ​ေဘာက်တဲ့ ကၽြန္​ေတာ္က အခုလို စိတ္ႀကိဳက္​ေငး​ေမာခြင့္ရ​တာက တကယ့္
အခြင့္​ေရးႀကီး​ေပါ့။

လမ္းမီးတိုင္၀ါ၀ါ​ေလး​ေတြ​ရွိတဲ့ လမ္း​ေလးရယ္၊ ပုစဥ္း​ေအာ္သံညံညံ​ေတြရယ္ ၊ ​ေလတိုးသံ ​ေတြရယ္ ၿပီး​ေတာ့ စက္ဘီးတစ္စီးနဲ႔ ​ေကာင္း​ေလးႏွစ္​ေယာက္။

စက္ဘီး​ေလးက လမ္းၾကား​ေတြက​ေန ထြက္လာလိုက္ၿပီး က်ဳံး​ေဘးလမ္းမႀကီး​ေပၚဦးတည္လာ​ေတာ့ ​ေဘးကျဖတ္သြားတဲ့ ဆိုင္ကယ္သံကားသံ​ေတြရဲ့ တ၀ီ၀ီျမည္သံ​ေတြက စိတ္ရႈပ္စရာ​ေကာင္း​ေပမယ့္ ခ်စ္ရသူနဲ႔အတူဆိုတဲ့ ၾကည္ႏူးစိတ္ကို ဘယ္အရာကမွ မဖ်က္ဆီးနိုင္ခဲ့ပါဘူး။

ဒီ​ေခတ္ စက္ဘီး​ေလး ရပ္တဲ့​ေနရာကိုၾကည့္လိုက္​ေတာ့ ​​ေတာင္ဘက္က်ဳံးက အသစ္လုပ္ထားတာမၾကာ​ေသးတဲ့ ​မီး​ေရာင္စုံနဲ႔ ေရပန္း​ေတြ။
သူကၽြန္​ေတာ့္ကို ​ေခၚလာခ်င္တာ ဒီ​ေနရာလား။
လွလိုက္တာ ဗ်ာ။

​​ေဘးက ​ရႈခင္းကို ​ေငး​​ေမာ​ေန​ရင္း စက္ဘီး​ေပၚ ထိုင္​ေန​ေသးတဲ့ကၽြန္​ေတာ္ ဒီ​ေခတ္အသံၾကားမွ အသိစိတ္ျပန္ကပ္​ေတာ့တယ္။

"ဆင္း​ေတာ့​ေလ ..."

​​ေနာက္ကို​ေခါင္း​ေလး ​ေစာင္းကာ​ေျပာလာတဲ့ ဒီ​ေခတ္အသံ​ေလးက ခါတိုင္းထက္ ​ပိုၾကည္လင္ေနသလို။

"အြန္း..."
လို႔​ေျပာၿပီး ပလက္​ေဖာင္း​ေပၚ တက္ရပ္ရင္း စက္ဘီးရပ္​ေနတဲ့ သူ႔ကို​ေစာင့္​ေနလိုက္တယ္။

​ေနာက္​ေတာ့ အတူတူ ​ေရပန္း​ေတြနား သြားရပ္ရင္း
​ေနာက္ကဖြင့္ထားတဲ့ သီခ်င္းသံအလိုက္ စီးခ်က္က် လႈပ္ရွား​ေနတဲ့ ​ေရပန္းေရာင္စုံ​ေတြကို ျမင္​​ေတာ့ သတိလက္လြတ္​​​ေငး​ေနမိတယ္။

ထို႔​ေနာက္ေတာ့ သီခ်င္းသံ အျမင့္ဆုံး ​ေနရာမွာ ​ေရပန္း​ေတြ အကုန္ ယိမ္းခါသြား​တာျမင္​ေတာ့
"Wow မိုက္လိုက္တာ..." လို႔​ေအာ္ရင္း စိတ္လႈပ္ရွားစြာ လက္ညႇိုးထိုးကာ​ေျပာမိ​ေတာ့ သူ႔ဆီက အမွတ္မထင္ မဟုတ္ဘူး ဘယ္လိုမွမထင္မွတ္ထားတဲ့ စကားလုံးကို ၾကားလိုက္ရတယ္။

"ခ်စ္စရာ​ေကာင္းလိုက္တာ ကြာ" တဲ့ ။
ကၽြန္​ေတာ့္ကို ပါးခ်ိဳင့္ႏွစ္ဖက္ ထင္း​​ေန​ေအာင္ ျပဳံး
ၾကည့္​​ေနခဲ့တဲ့ သူ႔ ​ေၾကာင့္ ​ေၾကာင္အ သြားရတယ္။

သူ႔အျပဳံး​ေတြကို ​ေငးရင္း " ဘာ​ေျပာလိုက္တာလဲ "
လို႔​​ေမး​​ေတာ့ သူက ကၽြန္​ေတာ့္ ပုခုံးႏွစ္ဖက္ကို ဆြဲ
လွည့္ကာ သူနဲ႔ မ်က္ႏွာခ်င္းဆိုင္​ေစၿပီး ​ေလး​​ေလးနက္နက္ ဆိုလာတာက

"​ေႏွာင္းရိပ္ ....အခ်စ္ဆိုတာ ဘာလည္း ငါ​ေသခ်ာမသိ​ေပမယ့္ မင္းကို ငါ့အနားမွာရွိ​ေစခ်င္တယ္။ မင္းအျခားသူတစ္​ေယာက္ကို ငါ့ထက္ ဦးစား​ေပးမွာ ငါအရမ္း​ေၾကာက္တယ္။ ၿပီး​ေတာ့ ငါ မင္းအ​ေပၚ ဘယ္ခ်ိန္က စၿပီး ခုလိုခံစားရလည္း မသိ​ေပမယ့္ ငါမင္းကို ရင္ခုန္တယ္"

ရႊက္...
ကၽြန္​ေတာ့္ႏွလုံးသားထဲက ဆူး ကို အစိမ္းလိုက္ဆြဲႏုတ္ လိုက္ပါၿပီ။
​ေသြးစိမ္းရွင္ရွင္ထြက္​ေနရင္​ေတာင္ ဆူးႏႊင္​ေပးခဲ့တာ ခ်စ္ရသူမို႔ လုံး၀ မနာပါဘူး။

ကၽြန္​ေတာ္ မယုံနိုင္စြာ ကိုယ့္ပါးကို ဆြဲဖဲ့​ေတာ့ တကယ္နာတယ္။
ဒါဆိုဒါက အိပ္မက္မဟုတ္ဘူး​ေပါ့။ ဒီ​ေခတ္ ကၽြန္​ေတာ့္ ဒီ​ေခတ္က ကၽြန္​ေတာ့္ကို ခ်စ္​ေနတာ​ေပါ့ ....

ပါးကိုဖဲ့​ေနတဲ့ကၽြန္​ေတာ့္ကို ဒီ​ေခတ္က
" နာကုန္​ေတာ့မွာပဲ ဘာလို႔ ဖဲ့​ေနတာလဲကြာ" လို႔​​​ေျပာရင္း ပါး​ေလးကို သူ႔လက္ဖ၀ါး​ေလးနဲ႔ အသာ​ေလး ထိ​ေတြ႕​ေနတယ္။

"ငါ ငါ..အိပ္မက္ မက္​ေနတာလားလို႔"

သူကကၽြန္​ေတာ့္ကို မ်က္လုံး​ေတြ​ေမွးသြားတဲ့အထိ
ၾကည့္ၿပီးရယ္ကာ

"ဟားးး အ႐ူး​ေလး တကယ္ပါ..အိပ္မက္မဟုတ္ဘူး
မင္း​ေရာ ငါ့ကို..."

သူ႔စကားဆုံး​ေအာင္ထိ မ​ေစာင့္​ေတာ့ဘဲ

"ခ်စ္တယ္ ​မင္းကို အရမ္းခ်စ္တယ္ ေႏွာင္း​ေခတ္"















Weiterlesen

Das wird dir gefallen

149K 19.3K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.2M 91.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
5.3K 119 17
{Mine ကိုယ်တိုင် စိတ်ကူးပုံဖော်ထားရုံသက်သက်မို့လို့ လက်တွေ့ဘဝနဲ့ ကွာခြားပါမယ်၊ roပြီး မှောင်မဲ့ ficလေးပါနော်၊ Mine wattpadကိုသေချာမသုံးတတ်သေးတာမို့လိ...
1.6M 128K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡