Unicode
ဒီနေ့သောကြာနေ့အတွက်ပတ်ဂျီမင်းကိုဘယ်လိုလှည့်ထုတ်ရင်ကောင်းမလဲစဥ်းစားနေတုန်းphဝင်လာသည်။ကြည့်လိုက်တော့ပတ်ဂျီမင်း......ခင်ဗျားကတော့အသက်ရှည်ဦးမှာပဲ
"ပြော"
"ဂျောင်ကုရေ ငါအားနာပါတယ်ဒီနေ့ခေါင်းတွေအရမ်းကိုက်နေလို့မင်းနဲ့မလိုက်နိုင်တော့ဘူးထင်တယ်"
"အာ...ရတယ်ခင်ဗျားအေးဆေးနားကျွန်တော့်ဘာသာပဲသွားလိုက်မယ်"
ဂျောင်ကုအားတက်သရောပြန်ဖြေမိသည်။အခုလေးတင်ဒီကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲတွေးနေတုန်းပတ်ဂျီမင်းကမလိုက်ဘူးလို့လှမ်းပြောသည်။ကိစ္စတွေက 'ထန်းသီးကြွေခိုက်၊ကျီးနင်းခိုက်' ဆိုသလိုအဆင်သင့်လွန်းလှသည်။ပတ်ဂျီမင်းဒီတစ်ခါတော့အလိုက်သိလှချည်လား။
ထွေထွေထူးထူးစဥ်းစားမနေတော့ဘဲကလေးကိုသာphခေါ်လိုက်သည်။
"ကလေး ပြင်ထားတော့၅နာရီခွဲရင်လာခေါ်မယ်"
ဂျောင်ကုကပျော်ရွှင်တက်ကြွသွားသလောက်တစ်ဖက်ကဂျီမင်းကတော့အခန်းတံခါးကိုမှီပြီးပုံလျက်သားလေး....။
အသံအနေအထားကြည့်ပုံအရဂျောင်ကုဘယ်လောက်ပျော်သွားလဲသိသာလှသည်။
ခါတိုင်းသူဖျားနေရင်တောင်မျက်နှာပျက်မှာဆိုးလို့ဆိုပြီးအတင်းအကျပ်ခေါ်သွားတတ်တဲ့သူကအခုသူခေါင်းကိုက်နေတဲ့အချက်နဲ့တင်ရတယ်မသွားနဲ့တဲ့လား။
ဂျီမင်းရယ်လိုက်သည်။ရယ်ရင်းပင်မျက်ရည်တွေကစီးကျလာသည်။သူနာကျင်နေရပေမယ့်ဂျောင်ကုစိတ်ချမ်းသာဖို့ကအရေးကြီးသည်လေ။သူသိတာပေါ့ဂျောင်ကုကသူ့အစားကောင်မလေးကိုပဲခေါ်သွားချင်တာကို။
ဒါကြောင့်သူကပဲအလိုက်တသိနောက်ဆုတ်ပေးခဲ့တယ်လေ...ကိုယ်ပြောခဲ့ပါတယ်မောင်ငြိုငြင်စရာမြူမှုန်တောင်မရှိရအောင်လုပ်မှာပါလို့.....။
တစ်ဖက်ကပြဿနာတွေကိုမသိစွာဂျောင်ကုကတော့ကောင်မလေးရဲ့လက်ကိုဆွဲပြီးအိမ်ထဲဝင်လာခဲ့တော့အရင်ဆုံးထွက်ကြိုတာကမမ..။တစ်အိမ်လုံးကိုအကဲခတ်ကြည့်လိုက်တော့ မမကြိုပြောထားသည့်ပုံပင်အကုန်လုံးအလိုက်သင့်နေပေးကြသည်။
"ဒီနေ့ငယ်လေးကသူ့မိန်းကလေးကိုခေါ်လာမယ်ဆိုတော့မမတို့ကအတတ်နိုင်ဆုံးဟင်းတွေအများကြီးချက်ထားပေးတယ်သိလား"
ထိုသို့ပြောလိုက်တော့ဂျီအာ့မှာရှက်သွားပြီး..
"ဟာကိုကိုကလည်း ဘာလို့ပြောထားတာလဲအားနာစရာကြီး"
"မလိုပါဘူးညီမလေးရယ်ဂျောင်ကုကောင်မလေးဆိုတော့တစ်ချိန်မှာမမတို့နဲ့သက်ဆိုင်လာမယ့်သူပဲလေ ဟုတ်တယ်မလားငယ်လေး"
"ဟင်...ေဩာ်အွန်း အထဲဝင်ကြမယ်လေ"
"ဟုတ်သားပဲစကားကောင်းတာအပေါက်ဝမှာရပ်နေတာတောင်မေ့တယ် လာ...ညီမလေးလာ"
မမကတော့ဂျီအာ့ကိုတွဲခေါ်သွားသည်။ဂျောင်ကုကတော့အပေါက်ဝမှာကြောင်ပြီးရပ်ကျန်ခဲ့တုန်း
သက်ဆိုင်လာမယ့်သူ.....ဟာမမဘာတွေဖြစ်စေချင်နေတာလဲ။
အိမ်ထဲဝင်ကာအသင့်ခင်းကျင်းထားသောထမင်းစားပွဲမှာဝင်ထိုင်နေလိုက်သည်။ထမင်းစစားတော့သူကဟင်းတွေကိုဂျီအာပန်းကန်ထဲတစ်ခုပြီးတစ်ခုခပ်ထည့်ပေးနေတော့ဂျီအာကသူ့လက်ကိုဆွဲပြီး.....
"ကိုကိုကလည်း ကို်ယ့်ဘာသာယူစားမယ်ဟိုမှာမမတို့ကြည့်နေကြတယ်ရှက်စရာကြီး"
လို့တိုးတိုးလေးပြောရှာသည်။သူလည်းအရှေ့ကိုမော့ကြည့်လိုက်တော့မမနဲ့မေမေကပြုံးစိစိနဲ့
ကြည့်နေကြသည်။
"အဟမ်း....တို့ငယ်လေးကတော့ပထမဆုံးရလာတဲ့ကောင်မလေးကိုဂရုစိုက်ပြနေလိုက်တာနော်"
"ရှင် ပထမဆုံး......"
ဂျီအာကအ့ံဩသွားဟန်ဖြင့်မေးတော့မမက
"ဟုတ်တယ်လေ ညီမလေးကတို့ငယ်လေးရဲ့ပထမဆုံးထားဖူးတဲ့မိန်းကလေးပဲ ငယ်လေးကဒီအသက်အရွယ်ထိဘာကောင်မလေးမှမထားဖူးဘူး"
"အဲ့တာဆိုဂျီအာကကိုကို့ရဲ့အချစ်ဦးပေါ့ ဟုတ်လားကိုကို"
သူ့ဘက်လှည့်ပြီးမျှော်လင့်ချက်မျက်လုံးလေးနဲ့မေးလာတော့
"အင်း"
ခပ်ပြတ်ပြတ်အဖြေတစ်ခုသာပေးပြီးထမင်းဆက်စားနေလိုက်သည်။ထမင်းစားပြီးမမကအချိုပွဲတည်းကြဦးဟုဆိုကာဂျီအာနဲ့မေမေ့ကိုထားခဲ့ပြီးဂျောင်ကုကိုအပြင်ကိုဆွဲခေါ်လာခဲ့သည်။
"ငယ်လေးဒီလိုဆုံးဖြတ်တာမမဝမ်းသာတယ်"
ခေါင်းသာညိမ့်ပြလိုက်သည်။
"မင်းပတ်ဂျီမင်းကိုမပြတ်နိုင်သေးဘူးပဲ"
"ဗျာ"
"မှန်မှန်ပြောဂျောင်ကု မင်းသူ့ကိုချစ်သေးတယ်မလား"
"မချစ်ဘူး ကျွန်တော်သူ့ကိုမချစ်တော့ဘူး"
"ကွာရှင်းလိုက် မချစ်တော့ရင်ကွာရှင်းလိုက်လေ"
"ဘာကိစ္စကျွန်တော်ကသူနဲ့ကွာရှင်းရမှာလဲ"
"မချစ်တဲ့သူနဲ့ကွဲပြီးမင်းချစ်ပါတယ်ဆိုတဲ့မိန်းကလေးနဲ့လက်ထပ်လေ ဟိုကိုကြည့်လိုက်ဂျောင်ကုမေမေဘယ်လောက်ပျော်နေလဲတွေ့လား သူ့သားကိုသင့်တော်ရာအိမ်ထောင်ဘက်နဲ့တွေ့ရလို့သူပျော်နေတာကိုတွေ့လားလို့"
ဧည့်ခန်းထဲတွင်စကားပြောနေသည့်မေမေနဲ့ဂျီအာ့ကိုလက်ညှိုးထိုးရင်းမမကပြောသည်။
"မင်းဒီတိုင်းထွက်ပေါက်ရှာရုံသက်သက်မဟုတ်ပါစေနဲ့လို့ငါဆုတောင်းတယ်"
ထိုတစ်ခွန်းသာပြောပြီးအိမ်ထဲပြန်ဝင်သွားသည်။ဂျီအာ့ကိုပြန်ခေါ်ပြီးအိမ်ကိုသာပြန်လာခဲ့သည်။ကားမောင်းနေတဲ့တစ်လျှောက်လုံးလည်းငြိမ်နေတာကြောင့်ဂျီအာ့ဘက်ကပဲစကားစလိုက်သည်။
"ကိုကိုနေမကောင်းဘူးလား ငြိမ်နေတာကျောက်ရုပ်ကြီးအတိုင်းပဲ"
"ကောင်းပါတယ်"
"ကောင်းရင် စုံတွဲလက်စွပ်တစ်စုံဝင်ဝယ်ရအောင်လေ ဆိုင်ကောင်းကောင်းတစ်ဆိုင်တွေ့ထားတယ်"
"လက်စွပ်.....?"
"အွန်းလေ ချစ်သူတွေဟာကိုcouple thingလေးတွေတော့ရှိသင့်တာပေါ့ ပြီးတော့ကိုကို့လက်စွပ်ကြီးကဟောင်းနေပြီလွှတ်ပစ်လိုက်တော့"
ကလေးရိပ်မိမှာစိုး၍လက်သူကြွယ်မှလက်ခလယ်သို့ပြောင်းဝတ်ထားသည့်လက်ထပ်လက်စွပ်လေးကိုငုံ့ကြည့်မိသည်။
မဖြစ်ဘူး ဒါလေးကိုတော့ဘာနဲ့မှအဆုံးရှုံးမခံနိုင်ပါ။ဒီလက်စွပ်ကမဂ်လာပွဲအတွက်ပတ်ဂျီမင်းကိုယ်တိုင်designဆွဲထားတဲ့လက်စွပ်လေး....။
"မိုးချုပ်နေပြီလေ ဒီလက်စွပ်လေးကတော့ကိုကိုကြိုက်လို့ပါ နောက်နေ့ကျမှဝယ်ကြမယ်လေ"
"ဟွန့်ပြီးတာပဲ"
စိတ်ကောက်သွားသည့်ကလေးကိုပြန်လည်းမချော့ဖြစ်ခဲ့ပါ။အိမ်ကိုသာအရောက်ပို့ပေးခဲ့သည်။
စိတ်နဲ့လူနဲ့မကပ်ချက်ကတော့မီးပွိုင့်နီနေတာကိုဖြတ်မောင်းမိ၍ဒဏ်ငွေအရိုက်ခံလိုက်ရပါသေးသည်။
______________________~___________________
ကင်ထယ်ယောင်းအပေါ်ခံစားချက်တွေကိုသိသိသာသာဖော်ပြပြီးချိန်မှာတော့မင်ယွန်းဂီတစ်ယောက်အိမ်တွင်းပုန်းနေခဲ့သည်။
သတိလက်လွတ်ပြီးသဝန်တိုတဲ့အပြုအမူတွေထုတ်ပြမိလို့ကိုယ့်ကိုကိုယ်ပြန်ကျိန်ဆဲနေတာလည်းမနည်းတော့။
ဒီနေ့အိမ်တွင်းအောင်းချင်ပေမယ့်စားစရာကမရှိတော့သဖြင့်နီးစပ်ရာ1 stop martကိုသာလာပြီးခေါက်ဆွဲဗူးတွေဝယ်ရတော့သည်။counterမှာငွေရှင်းနေတုန်းအပြာရောင်ဆံနွယ်တွေကိုမြင်လိုက်ရသဖြင့်ကမန်းကတန်းငွေရှင်းကာအနွေးထည်ကခေါင်းစွတ်ကိုစွပ်ပြီးဆိုင်ထဲမှအသည်းအသန်ထွက်ပြေးလာရတော့သည်။
တစ်ဖက်ကားလမ်းကိုဖြတ်ကူးမယ်အလုပ်အနွေးထည်လက်အောက်မှာမြုပ်နေတဲ့သူ့လက်တွေကိုလာဆွဲတဲ့လက်ချောင်းသွယ်သွယ်တွေ.........
ဟိုက်ရားးးမင်ယွန်းဂီရေမင်းတော့သေပြီပဲ။
နောက်ကိုမဝံ့မရဲလှည့်ကြည့်လိုက်တော့မျက်မှောင်ကြီးကျုံ့ပြီးကြည့်နေတဲ့နှစ်ယောက်မရှိတဲ့တစ်မိုးအောက်ကကင်ထယ်ယောင်း။
ဟီးးးးးခနဲမြည်အောင်ရှိသမျှသွား၃၂လံုးပေါ်အောင်ရယ်ပြလိုက်ပါသည်။နေစမ်းပါဦး ငါကဘာလို့ရယ်နေတာလဲ။
"ဘာလို့ကျွန်တော့်ကိုရှောင်နေတာလဲ"
ရှောင်လို့လား....မရှောင်ပါဘူး၊အေးဘာဖြစ်ချင်လဲရှောင်တယ်ကွာ....မကျေနပ်ဘူးလားချမလား
စိတ်ထဲမှာသာကပ်ကပ်လန်ရန်တွေ့နေပေမယ့်ပြင်ပမှာတော့.......
"မရေှာင်ပါဘူး"
"ရေှာင်နေပါတယ် လာနေကျနေရာတွေလည်းမလာဘူး အခုကျွန်တော့်ကိုမြင်တော့ဆိုင်ထဲကထွက်ပြေးလာသေးတယ် အဲ့လိုကြီးမနေနဲ့
ယွန်းဂီhyungရာထယ်ငိုမိတော့မယ်"
ပြောရင်းတန်းလန်းမျက်ရည်တွေဝဲ၊နှုတ်ခမ်းတွေပါဆူထွက်လာကာလူသတ်နိုင်သည့်အသံပါဝါတုံးကြီးကလည်းတစ်ဝက်လောက်လျော့သွားသည်မို့်မင်ယွန်းဂီတစ်ယောက်ပျာသွားပါသည်။
နေပါဦး ဒီကောင်တစ်ကယ်ငိုတော့မလို့လား။
"ဟေ့ကောင် အဲ့လိုမနေစမ်းပါနဲ့ကွာ မင်းကိုရှောင်တယ်ဆိုတာကလည်းငါ....ရှက်...ရှက်လို့ပါကွ"
"ရှက်လို့...?"
"အေး မင်းကိုချစ်တယ်လို့ဝန်ခံရမှာရှက်လို့"
လွှတ်ခနဲထွက်သွားပြီးမှကိုယ့်ပါးစပ်ကိုလက်ဖြင့်အုပ်မိသည်။အရှေ့ကလူကိုကြည့်လိုက်တော့မျောက်အုန်းသီးရသလိုရုပ်နဲ့။
"ဒါဆိုhyungကထယ့်ကိုချစ်တယ်ပေါ့"
"အေး ချစ်တယ်ကွာ"
ရှေ့သို့ဝုန်းခနဲတိုးလာသည့်ကောင်လေးကြောင့်ခြေလှမ်းတွေကနောက်သို့autoဆုတ်မိသား။
ဒီကောင်ဘာလဲ အဖြေရပြီဆိုပြီးအခွင့်အရေးယူတော့မှာလား? မင်ယွန်းဂီတဲ့...တစ်ဂီပဲရှိတယ်ထိုးလိုက်လို့သေသွားမယ်၊ရှင်သွားမယ်၊မသေမရှင်ဆန့်ငင်ဆန့်ငင်ဖြစ်သွားမယ်။
"ကျေးဇူးပါ ထယ်...hyungကိုတစ်ကယ်ချစ်တာပါ"
ပြောရင်းဖက်ကာငိုပါတော့သည်။
"ဟာ ဟေ့လမ်းပေါ်မှာမရှက်ဘူးလား ငိုမနေနဲ့ရုပ်ဆိုးတယ်"
"ထယ်ကဘယ်လိုနေနေချောတယ် ထယ့်လိုအဆင်လေးကိုကောင်လေးတော်ရတာhyungဂုဏ်ယူလိုက်စမ်းပါ"
"နေစမ်းကွာ ငါ့ဖက်ထားတာလွှတ်ဦး"
"Hyungအိမ်ပြန်မှာမလား လာသွားမယ်"
သူ့လက်ကိုဆွဲကာခေါ်သွားတော့နောက်မှတရွတ်တိုက်ကာပါလာတော့သည်။
အမေရေ.....အမေ့သားအဖြစ်ကိုလှည့်ကြည့်ပါဦးလို့...။အရှေ့ကကောင်လေးတော့လိုချင်တာရသွား၍ပြုံးဖြီးနေပေမယ့်အနောက်ကကောင်လေးကတော့မဲ့ရွဲ့ကာဖြင့်ပါလာတော့သည်။
မြတ်နိုးခြင်းဆိုတဲ့
ဝေါဟာရရဲ့အနောက်မှာ
ကုဋေကဋာဆိုတဲ့
စကားလုံးကိုထပ်ဖြည့်လိုက်ရင်တော့
ခင်ဗျားအပေါ်ထားတဲ့
ကျွန်တော့်ရဲ့မေတ္တာတွေ
ဖြစ်တည်လာတာပေါ့။
_____________________~__________________
ယွန်းဂီကအဖြေပြန်ပေးခဲ့သဖြင့်နှစ်ဦးသဘောတူတွဲခွင့်ရခဲ့ပေမယ့်ထယ်ယောင်းစိတ်ထဲပြည့်ပြည့်ဝဝမပျော်ပါ။
Hyungကသူ့ကိုမျက်စိနောက်လို့ပြီး ပြီးရောပြောခဲ့တာလို့ထင်ခဲ့ပေမယ့်လက်တွဲလာတဲ့သုံးနှစ်အတွင်းhyungသည်မယုံကြည်နိုင်စရာကောင်းအောင်သူ့အပေါ်ချစ်ပေးနိုင်ခဲ့ပါသည်။
အနေအေးတဲ့သူဖြစ်လို့သူ့စိတ်ကိုထုတ်မပြတတ်ပေမယ့်hyungသူ့ကိုချစ်တာကိုတော့ထယ်ယောင်းသေချာသိပါသည်။ဒါကြောင့်သူလည်းအရင်လိုမဆိုးတော့ပဲhyungဘေးနားကလိမ္မာတဲ့ကောင်လေးအဖြစ်သာပြောင်းလဲခဲ့သည်။
ချစ်သူဖြစ်ပြီး1နှစ်လောက်အကြာမှာထယ်ယောင်းနဲ့ယွန်းဂီတစ်အိမ်တည်းတူတူနေခဲ့ကြသည်။နှစ်ယောက်လုံးကbackgroundကြီးကြီးမားမားနဲ့မိသားစုမရှိတဲ့တစ်ကိုယ်တည်းသမားတွေမို့အဆင်တော့ပြေသည်။
Hyung....လက်ထပ်ကြမယ်လို့ပြောတုန်းကမင်ယွန်းဂီလန့်ဖြန့်သွားရသည်။ဒါပေမယ့်လည်း
ထယ့်သဘောပါလေ....ထယ်ကသူ့ထက်ပိုဦးစီးနိုင်တဲ့သူမို့လို့ထယ့်ဆုံးဖြတ်ချက်တွေကိုသူအမြဲသဘောတူခဲ့သည်ပဲ။
ထယ်သည်ပုံမှန်အချိန်ဆိုကိစ္စမရှိပေမယ့်အလုပ်ကနေပြဿနာတက်လာသည့်နေ့များတွင်ရုပ်တည်ကြီးနဲ့နေရုံသာမက သူ့ကိုလည်းမျက်
ထောင့်နီကြီးနဲ့ကြည့်တတ်တာမို့ မင်ယွန်းဂီတို့အသက်ပင်မရှူရဲပါ။ထယ်စိတ်မရှုပ်အောင်ငြိမ်ငြိမ်လေးနေရသည်။ကိုယ်ကလည်း သူ့တစ်ကိုင်ပေါက်စာပဲရှိတာမလား။
မင်ယွန်းဂီအရင်ကအကြောင်းတွေတွေးကာပြုံးနေမိသဖြင့်ဒယ်အိုးထဲကကြက်ဥကြော်ကိုအချိန်မှီမကယ်နိုင်လိုက်ပါ။တစ်ခြမ်းတူးသွားပေမယ့်စားလို့တော့ရလောက်မှာပါ။ထယ်ယောင်းနဲ့လက်ထပ်ပြီးတည်းကသူမီးဖိုချောင်စဝင်ခဲ့သည်။မီးဖိုချောင်ဝင်တာမင်ယွန်းဂီstyleမဟုတ်ပေမယ့်အခြေအနေအရသူဟင်းချက်နည်းတွေလေ့လာခဲ့ရသည်။
ထယ်ကသူ့သူငယ်ချင်းအဖေရဲ့ကုမ္မဏီမှာရာထူးကြီးကြီးမားမားရထားတာမို့ဝင်ငွေကအဆင်ပြေပေမယ့်သူလည်းယောကျာ်းလေးတစ်ယောက်ပဲမလား။ဒါကြောင့်ထယ်ယောင်းကိုမရမကပြောပြီးအိမ်ရှေ့မှာcoffeeဆိုင်သေးသေးလေးဖွင့်ထားသည်။အရင်အလုပ်ကတော့ထွက်လိုက်ရတာပေါ့။
ထိုစဥ်အနောက်မှသိုင်းဖက်လာသည့်ခန္ဓာကိုယ်ကြောင့်အိမ်ထောင်ဦးစီးလေးနိုးပြီဆိုတာသိလိုက်ရသည်။
"နိုးပြီလားထယ်လေး"
"အွန်း"
အိပ်ယာနိုးခါစခပ်အက်အက်အသံလေးနဲ့ထူးသည်။ဟက်....ငပျင်းလေး။မင်ယွန်းဂီပြုံးပြီးနောက်ပြန်လှည့်ကာသူ့ပုခုံးပေါ်ခေါင်းတင်ထားသည့်ထယ်ယောင်းရဲ့အနက်ရောင်ဆံပင်ခွေတွေကိုနှာခေါင်းနဲ့တိုးဝှေ့ကနမ်းလိုက်ပါသည်။
အင်းးးးးးးးစတော်ဘယ်ရီန့ံလေး။သဘောကျတာမို့လို့ရော့ တစ်မှတ်ယူ။
ထိုအနက်ရောင်ဆံပင်ခွေတွေမှာလည်း မင်းဆံပင်ကိုပြင်စမ်းပါ ပြာပြာပြာပြာနဲ့မျက်စိနောက်တယ်ဆိုတဲ့သူ့ရဲ့စကားကြောင့်အရောင််ပြန်ဆိုးကာလိပ်ထားခြင်းသာဖြစ်သည်။မျက်နှာဖောင်းဖောင်းနဲ့ဆံပင်အုပ်အုပ်လေး။အီးယားးးးးးးအသည်းယားလိုက်တာ။အိပ်မှုန်စုံမွှားမျက်လုံးကလည်းမပွင့်တပွင့်နဲ့။စိတ်မထိန်းနိုင်စွာပါးကိုရွှတ်ခနဲနမ်းလိုက်မိသည်။
မျက်လုံးပြူးကာကြည့်လာသဖြင့်ချက်ခြင်းအကြည့်လွှဲပြီး.....
"မနက်စာစားရအောင်လေ"
"ဟင့်အင်း မနက်စာမစားချင်ဘူး"
"ဟေ ဒါဆိုဘာစားချင်တာလဲ"
"Hyungကို....."
"ကင်ထယ်ယောင်း!!!"
စကားအဆုံးကြက်ဥကြော်တဲ့ယောင်းမကသူ့နှဖူးကိုလာမိတ်ဆက်သည်။
"အာ့......hyungနာတယ်"
"မင်းနော်ကျပ်ကျပ်သတိထား ဖယ်"
"ဟုတ်hyung"
ပြောပြောဆိုဆိုသူ့လည်ပင်းကိုလည်းairconခန်းထဲကထွက်လာတာမို့အေးစက်နေတဲ့နှာသီးထိပ်ကလေးနဲ့ပွတ်ဆွဲကာနမ်းသွားသေးသဖြင့်မင်ယွန်းဂီဓာတ်လိုက်သလိုလိုတောင့်တောင့်ကြီးဖြစ်ကျန်ခဲ့သည်။ထယ်လေးနှာခေါင်းကအအေးလွန်ပြီးလျှပ်စစ်ဓာတ်များစီးနေတာလား......။
ဒီသုံးနှစ်အတွင်းအကုန်ပြောင်းလဲသွားခဲ့သည်။ထယ်ယောင်းနဲ့ယွန်းဂီကလက်ထပ်လိုက်ကြသလိုဂျီအာလည်းကျောင်းပြီးကာDream Yuralတွင်အလုပ်ဝင်နေပြီဖြစ်သည်။ဂျောင်ကုလည်း26နှစ်ဆိုတဲ့အရွယ်အပိုင်းအခြားကိုရောက်လာကာဂျီမင်းလည်း28ဆိုတဲ့လူလတ်ပိုင်းကိုရောက်လာခဲ့ပြီ။
မပြောင်းလဲသေးတာဆိုတော့ဂျောင်ကုနဲ့ဂျီအာ့ရဲ့ဆက်ဆံရေးအပြင်ဂျောင်ကုအပေါ်ထားတဲ့ဂျီမင်းရဲ့အချစ်.....။
ဒါပေမယ့်ဂျောင်ကုရဲ့သဘောထားကတော့ပြောင်းလဲလာခဲ့သည်။
အရင်ကသူလုပ်သမျှလိုက်ကြည့်ပြီးပွစိပွစိပြောတတ်တဲ့ပတ်ဂျီမင်းထက်ငယ်ရွယ်ပြီးသွက်လက်တဲ့ယွန်းဂျီအာကိုပိုသဘောကျမိပေမယ့်အခုကျတော့သူနဲ့အတူရင်ဘောင်တန်းနိုင်တဲ့မိန်းကလေးယွန်းဂျီအာထက်သူ့ကိုအမြဲအလျှော့ပေးတဲ့ပတ်ဂျီမင်းဘက်ကိုပြန်ယိုင်လာခဲ့သည်။
ဂျီအာဘာလုပ်လုပ်ပတ်ဂျီမင်းနဲ့ယှဥ်တွေးမိတဲ့အထိ။ဂျီအာကသုံးနှစ်အတွင်းသူ့အပေါ်အရမ်းရစ်လာသလိုအရမ်းလည်းပြဿနာရှာလာသဖြင့်သူတို့ကြားခဏခဏ ကတောက်ကဆဖြစ်ရသည်။အခုလည်းသူကုမ္ပဏီစာရင်းတွေတစ်ချက်စစ်နေတုန်း.....
"ကိုကိုရေ ဂျီအာလာတယ်"
ရံုးခန်းထဲဇိုးခနဲဇက်ခနဲဝင်လာကာသူ့လည်ပင်းအားလာဖက်သည်။
"တံခါးခေါက်ဖို့မှာထားရက်နဲ့ကွာ...."
ပတ်ဂျီမင်းနဲ့ကွာလိုက်သည့်ဖြစ်ခြင်း။ဂျီမင်းဆိုသူမလာခင်အမြဲphဆက်ပြီးကြိုပြောတာ....သူ့ရုံးခန်းထဲလည်းလက်လွတ်စပယ်ဝင်လေ့မရှိ။
"ကိုယ့်ကောင်လေးရုံးခန်းထဲဝင်တာဘာတံခါးခေါက်စရာရှိလဲ ဘာမဟုတ်တာလုပ်ထားလို့လဲ"
"ကျစ်.....ဒါအလုပ်ချိန်လေ"
"ဒီကလွမ်းလို့လည်းလာတွေ့ရသေးတယ်"
နှုတ်ခမ်းကိုဆူကာsofa၌ဝင်ထိုင်လေသည်။ထိုပုံစံသည်အရင်ကတော့ဂျောင်ကုအတွက်ချစ်ဖို့ကောင်းခဲ့ပါသည်။
"ကိုကိုမအားဘူး"
"ရတယ် တစ်ခုခုသောက်ရင်းထိုင်နေမယ်"
"ပြီးရော Chamomile taeမှာပေးမယ်"
"ဘာ....ကိုကို ဂျီအာဘယ်တုန်းကအဲ့တာသောက်ဖူးလို့လဲ"
"မင်းသောက်၊မသောက်ငါလိုက်ကြည့်နေတာမှမဟုတ်တာ"
စိတ်ရှုပ်ရှုပ်နဲ့အော်ပြောမိတော့သည်။
ဒါသက်သက်လာရစ်နေတာ.....
"မင်း..ငါ? ကိုကိုတစ်ကယ်ပြောင်းလဲနေပြီ တွဲနေတာလည်းသုံးနှစ်ရှိပြီကို ကိုကိုဂျီအာ့အပေါ်လုံးဝအလေးမထားဘူး ဂျီအာနဲ့ပက်သတ်တာတစ်ခုမှမှတ်မထားဘူးanniversaryနေ့တောင်မှတ်မိရဲ့လား"
မှတ်မိစရာလား။သူမှတ်မိတာဆိုလို့သူနဲ့ဂျီမင်းရဲ့မဂ်လာနှစ်ပတ်လည်နေ့ပဲရှိသည်။သူ့အဖေရဲ့ရက်လည်နေ့တောင်မှတ်မိတာမဟုတ်ဘူး...။အဖြေပြန်မပေးပဲငြိမ်နေတော့
"တေွ့လား ကိုကိုကတစ်ကယ်အလေးမထားပါဘူးဆို"
"အဲ့တာတွေထား ဒီနေ့သောကြာနေ့....."
"မလိုက်ဘူး အဲ့အရေးမပါတဲ့ညစာစားပွဲကို"
အော်ပြောရင်းတံခါးကိုအသံမြည်အောင်ပိတ်ပြီးအခန်းထဲမှထွက်သွားလေသည်။
"ယွန်းဂျီအာ...."
ဂျောင်ကုအော်လိုက်သည်။အခုသူ့မိသားစုကိုအရေးမပါဘူးလို့ပြောသွားတာလား။စိတ်ပျက်စရာ....ပတ်ဂျီမင်းနဲ့တစ်ကယ်အကွာကြီး။ဂျီမင်းကတော့မလိုက်ချင်တာတောင်သူ့အတွက်နဲ့သည်းခံပေးခဲ့တာ။
ကျစ်......စိတ်ပျက်လိုက်တာကွာ။ဘယ်လိုစိတ်နဲ့များပတ်ဂျီမင်းကိုကျော်ပြီးယွန်းဂျီအာကိုရွေးချယ်ခဲ့မိတာလဲမသိဘူး။
အခုတလောဂျောင်ကုရဲ့စိတ်တွေကဂျီမင်းအပေါ်သိသိသာသာနူးညံ့လာသည်။ယွန်းဂျီအာကိုထိမိတိုင်းပတ်ဂျီမင်းအပေါ်သစ္စာဖောက်သလိုခံစားနေရလို့ ကောင်မလေးနဲ့တောင်အဆက်ဖြတ်ခဲ့သေးတာ။
ခေါင်းကထိုးကိုက်လာတာကြောင့်အိမ်ကိုသာပြန်လာခဲ့သည်။အိမ်ထဲဝင်ဝင်ချင်းဂျီမင်းကိုတွေ့ရတာကြောင့်ကိုက်နေတဲ့ခေါင်းကတစ်ဝက်သက်သာသွားသလို။
တစ်ကယ်ပါပတ်ဂျီမင်းကဂျွန်ဂျောင်ကုရဲ့အကြည်ဓာတ်လေး.........။
"ကိုကို....မောင်ပြန်လာပြီ"
ပတ်ဂျီမင်းကို ကိုကို လို့ခေါ်ပြီးသူ့ကိုယ်သူ မောင် လို့သုံးနှုန်းခဲ့သည်မှာတစ်နှစ်ကျော်လောက်ရှိချေပြီ။စစကြားရတုန်းကဂျီမင်းဆိုမယုံနိုင်ဖြစ်ပြီးငိုပါငိုခဲ့သေးတာ။
"ဟော နေ့လည်ဘက်ပဲရှိသေးတာကို"
"မောင့်ကိုလာဖက်ပါဦး"
လက်ကိုဆန့်တန်းပေးလိုက်တော့ရင်ခွင်ထဲကိုအလိုက်သင့်ခိုဝင်လာသည်။
ကျစ်ကျစ်ပါအောင်ဖက်၍လည်တိုင်နုနုကြားမျက်နှာအပ်ထားမိတော့..........
"Agioo....ဘာတွေချွဲနေတာလဲကိုယ့်ခွေးပေါက်လေး"
"ဟင့်အင်း ခေါင်းကိုက်လာလို့"
လည်ပင်းနဲ့မျက်နှာကိုဖိထားသလိုဖြစ်နေတာမို့အသံကဗလုံးဗထွေးထွက်လာသည်။
"ဟင် ခေါင်းကိုက်လို့လား ကိုကုိဘာလုပ်ပေးရမလဲ"
"ဒီတိုင်းဖက်ထားပေး"
ကိုယ်လုံးငယ်လေးကိုထွေးဖက်ကာကိုယ်သင်းနံ့ကိုရှူရှိုက်မိသည်။နှင်းဆီနဲ့မက်မွန်အန့ံလေး...မွှေးလိုက်တာ။ကိုက်စားချင်တယ်။အာတာပူစီလေး။ပတ်အာတာပူစီ....အာတာပူစီဂျီမင်း.....။
"တောင်းပန်ပါတယ်"
ဂျောင်ကုကသူနဲ့ပြန်အဆင်ပြေတဲ့အချိန်ကစပြီးခဏခဏထိုစကားကိုပြောသည်။သူသိတာပေါ့မောင်ကသူလုပ်ခဲ့တဲ့အရာအတွက်စိတ်မကောင်းဖြစ်နေတာကို....သူသိပေမယ့်မသိချင်ယောင်ဆောင်နေမိသည်။
"ကဲပါ မောင်ဘာပဲလုပ်လုပ် ကိုကိုကလက်ခံတယ် သွားရေချိုးပြီးအိပ်တော့"
ဖင်လေးကိုပုတ်ပြီးအခန်းထဲအတင်းလွှတ်လိုက်သည်။ဂျောင်ကုနဲ့သူအဆင်ပြေသွားတဲ့ညကိုပြန်တွေးမိတိုင်းသူပြုံးမိပါသည်။
>>Flash back<<
အဲ့နေ့ကသူခေါင်းကိုက်တယ်ဆိုပြီးနေရစ်ခဲ့တဲ့နေ့။ညနေဘက်ပြန်လာတဲ့ဂျောင်ကုပုံစံကမရွှင်မလန်း။ဘာပြဿနာများဖြစ်လာပါလိမ့်။
သူ့ကိုမြင်တော့ပြေးဖက်တာကြောင့်ပတ်ဂျီမင်းတစ်ယောက်လောကကြီးနဲ့အဆက်အသွယ်ပြတ်ကာမတ်တပ်ကိုမေ့ရော။
"တောင်းပန်ပါတယ် ကျွန်တော်တောင်းပန်ပါတယ်"
"ဘာကိုလဲဂျောင်ကု"
"ချစ်နေရဲ့သားနဲ့လျစ်လျူရှုမိလို့တောင်းပန်ပါတယ်"
"ဂျောင်ကု ငါကလေမင်းဘာလုပ်လုပ်အပြစ်မမြင်ဘူး မင်းသာပျော်မယ်ဆိုငါအကုန်လက်ခံတယ်"
ငိုချင်ရက်လက်တို့ဆိုသလိုဂျီမင်းပြောမှဂျောင်ကုငိုမိတော့သည်။
"ချစ်တယ်"
"ငါကပိုချစ်တာပေါ့ ဂျောင်ကုရဲ့"
"မောင်....."
"ဟင်!!!"
"မောင်လို့ခေါ်ပေးပါ"
ဒီတစ်ခါဂျီမင်းပါငိုမိပါသည်။သူစိတ်ကူးထဲမှာပဲတိတ်တဆိတ်ခေါ်နေရတဲ့ဒီနာမ်စားလေးကိုအခုဂျောင်ကုကသူကိုယ်တိုင်လိုလိုလားလားခေါ်ခိုင်းတယ်တဲ့လား။
"မောင့်ကိုချစ်တယ်"
"မောင်လည်းကိုကို့ ကိုချစ်တယ်"
"အဟား ကိုကိုကမောင့်ကိုပိုချစ်တာပါကွာ"
ပြောရင်းမျက်ရည်တွေဝိုင်းနေသည့်ကြားမှတူတူရယ်လိုက်ကြပါသေးသည်။
>>Flash back end<<
"ကိုကို မောင့်ကိုခေါင်းလာသုတ်ပေးဦး"
အခန်းထဲကအော်သံကြောင့်ဂျီမင်းကဗျာကယာပြေးသွားရသေးသည်။မှန်တင်ခုံအရှေ့ကထိုင်ခုံပေါ်ထိုင်စေကာ တဘက်တစ်ထည်ဆွဲယူပြီးသုတ်ပေးတော့မျက်လုံးမှိတ်ကာငြိမ်နေသည်။
"ခေွးပေါက်လေး"
"ဘာပြောတယ်"
မျက်လုံးတစ်ဖက်ဖွင့်ပြီးရန်ရှာလာသည်။
"ခေွးပေါက်လေးလို့...."
ပြောကာပါးတစ်ဖက်ကိုနစ်ဝင်နေအောင်ဖိနမ်းပစ်လိုက်သည်။
"အရင်လာစတာနော် လာစမ်း"
လက်ကနေဆွဲကာပေါင်ပေါ်တင်လိုက်တော့ပြူးကြောင်ကြောင်လေးပါလာသည်။လည်တိုင်နဲ့ခါးကိုထိန်းကိုင်ပြီးသူအကြိမ်ကြိမ်ယစ်မူးရတဲ့နှုတ်ခမ်းသားဖူးဖူးဆီပစ်မှတ်ထားလိုက်တော့
ကိုယ်လေးတစ်ချက်တုန်သွားကာသူ့အကျီ်စကိုဆွဲထားလေသည်။
အနမ်းတွေတဖြည်းဖြည်းနက်ရှိုင်းလာသလို
အကျီ်ကိုအားကိုးတကြီးဆုပ်ကိုင်ထားတဲ့လက်လေးတွေကလည်းလည်တိုင်သို့ဦးတည်ချက်ပြောင်းလာသည်။လက်သေးသေးလေးတွေကသူ့လည်ဂုတ်ကဆံစတွေကိုဆွဲဖွလိုက်ချိန်မှာတော့သွေးတွေကပြောင်းပြန်စီးသွားသလို။
လျှာဖျားနှစ်ခုပွတ်သပ်မိတော့ရေချိုးပြီးသားကိုယ်ကရှိန်းခနဲဖြစ်ကာပူတက်လာသည်။အောက်ပိုင်းကတစ်စုံတစ်ရာကလည်းထကြွချင်သလိုဖြစ်လာတာကြောင့်အောက်နှုတ်ခမ်းကိုဖိစုပ်ပြီးအနမ်းတွေကိုရပ်တန့်ပစ်လိုက်ရသည်။
ဟူးးးနမ်းတာတောင်ဒီလောက်ဖြစ်တာတစ်ခြားဟာတွေဆိုအသက်ပါထွက်လောက်တယ်။အန္တရာယ်များလိုက်တာခင်ဗျားရယ်......။
"မောင်တော့ရေထပ်ချိုးရတော့မယ်ထင်တယ်"
ဂျောင်ကုသက်ပြင်းချပြီးခပ်မြူးမြူးပြောလိုက်တော့ဂျီမင်းခမျာတစ်ခုခုကိုစဥ်းစားသလိုငြိမ်နေပြီးမှသဘောပေါက်သွားဟန်ဖြင့်.....
"ယားးးးးဂျွန်ဂျောင်ကု"
"ဟားဟား စတာပါဂျွန်ဂျီမင်းရဲ့"
အသည်းယားကာခါးစပ်လေးကိုသာကလိယားထိုးနေမိသည်။
"မလုပ်နဲ့ ယား..ယားတယ် ဟား"
ပါးပြင်လေးကိုသာဖိဖိနမ်းရင်းတဟားဟားအော်ရယ်နေသံလေးတွေကိုနားဆင်နေမိသည်။အာတာပူစီလုံးလေးကရေချိုးထားတဲ့သူ့ထက်ပင်ပိုမွှေးနေသေးသည်။ပန်းရောင်ဆံပင်တွေကလည်းနူးနူးညံ့ညံ့လေး။အားးးးတစ်ကယ်ကိုအာတာပူစီဂျီမင်းပဲ။ထိုနေ့ကထူးဆန်းစွာသောကြာနေ့မိသားစုစားပွဲကိုနှစ်ယောက်လုံးမေ့နေခဲ့ကြသည်။
ဂျောင်ကုသည်နှင်းဆီနံ့နဲ့မက်မွန်နံ့ရောထားတဲ့ကိုယ်သင်းနံ့လေးကိုရှူရှိူက်နေသလိုဂျီမင်းသည်လည်းဆပ်ပြာအနံ့ခပ်သင်းသင်းနဲ့သစ်သီးအနံ့ရောနေသည့်ဂျောင်ကုရဲ့ပါးကိုသာနှာခေါင်းလေးနဲ့ပွတ်နေမိသည်။
"လာစနေပြန်ပြီနော်"
"ဟ...ဟ"
ရယ်သံလွင်လွင်လေးထပ်မံပေါ်ထွက်လာပါသည်။
အပြင်မှာမိုးလင်းနေလားမိုးချုပ်နေလားသူတို့မသိ။မိုးရွာနေလား၊နေသာနေလားလည်းစိတ်မဝင်စား။ဒီအချိန်လေးကသူတို့အတွက်အကောင်းဆုံးအချိန်လေးတစ်ခုဖြစ်ပေလိမ့်မည်။
နေ့သည်လှပခဲ့သလို
ညသည်လည်းသာယာခဲ့သည်
မနက်ခင်းကော်ဖီတစ်ခွက်ကခါးပေမယ့်
အိပ်ယာဝင်အနမ်းချိုချိုတွေကတော့
သူ့နှုတ်ခမ်းထက်ဆီမှာ..........။
( သေပါပြီအရှည်ကြီးပဲ။ ကဲကဲအခုကစပြီးတမာရွက်လျော့စားရအောင် မုန်တိုင်းမလာခင်လေပြည်တိုက်ဆိုသလိုခဏတော့အချိုစားထားဦး။)
..............
Zawgyi
ဒီေန႔ေသာၾကာေန႔အတြက္ပတ္ဂ်ီမင္းကိုဘယ္လိုလွည့္ထုတ္ရင္ေကာင္းမလဲစဥ္းစားေနတုန္းphဝင္လာသည္။ၾကည့္လိုက္ေတာ့ပတ္ဂ်ီမင္း......ခင္ဗ်ားကေတာ့အသက္႐ွည္ဦးမွာပဲ
"ေျပာ"
"ေဂ်ာင္ကုေရ ငါအားနာပါတယ္ဒီေန႔ေခါင္းေတြအရမ္းကိုက္ေနလို႔မင္းနဲ႔မလိုက္ႏိုင္ေတာ့ဘူးထင္တယ္"
"အာ...ရတယ္ခင္ဗ်ားေအးေဆးနားကြၽန္ေတာ္႕ဘာသာပဲသြားလိုက္မယ္"
ေဂ်ာင္ကုအားတက္သေရာျပန္ေျဖမိသည္။အခုေလးတင္ဒီကိစၥဘယ္လိုလုပ္ရင္ေကာင္းမလဲေတြးေနတုန္းပတ္ဂ်ီမင္းကမလိုက္ဘူးလို႔လွမ္းေျပာသည္။ကိစၥေတြက 'ထန္းသီးေႂကြခိုက္၊က်ီးနင္းခိုက္' ဆိုသလိုအဆင္သင့္လြန္းလွသည္။ပတ္ဂ်ီမင္းဒီတစ္ခါေတာ့အလိုက္သိလွခ်ည္လား။
ေထြေထြထူးထူးစဥ္းစားမေနေတာ့ဘဲကေလးကိုသာphေခၚလိုက္သည္။
"ကေလး ျပင္ထားေတာ့၅နာရီခြဲရင္လာေခၚမယ္"
ေဂ်ာင္ကုကေပ်ာ္႐ႊင္တက္ႂကြသြားသေလာက္တစ္ဖက္ကဂ်ီမင္းကေတာ့အခန္းတံခါးကိုမွီၿပီးပုံလ်က္သားေလး....။
အသံအေနအထားၾကည့္ပုံအရေဂ်ာင္ကုဘယ္ေလာက္ေပ်ာ္သြားလဲသိသာလွသည္။
ခါတိုင္းသူဖ်ားေနရင္ေတာင္မ်က္ႏွာပ်က္မွာဆိုးလို႔ဆိုၿပီးအတင္းအက်ပ္ေခၚသြားတတ္တဲ့သူကအခုသူေခါင္းကိုက္ေနတဲ့အခ်က္နဲ႔တင္ရတယ္မသြားနဲ႔တဲ့လား။
ဂ်ီမင္းရယ္လိုက္သည္။ရယ္ရင္းပင္မ်က္ရည္ေတြကစီးက်လာသည္။သူနာက်င္ေနရေပမယ့္ေဂ်ာင္ကုစိတ္ခ်မ္းသာဖို႔ကအေရးႀကီးသည္ေလ။သူသိတာေပါ့ေဂ်ာင္ကုကသူ႕အစားေကာင္မေလးကိုပဲေခၚသြားခ်င္တာကို။
ဒါေၾကာင့္သူကပဲအလိုက္တသိေနာက္ဆုတ္ေပးခဲ့တယ္ေလ...ကိုယ္ေျပာခဲ့ပါတယ္ေမာင္ၿငိဳျငင္စရာျမဴမႈန္ေတာင္မ႐ွိရေအာင္လုပ္မွာပါလို႔.....။
တစ္ဖက္ကျပႆနာေတြကိုမသိစြာေဂ်ာင္ကုကေတာ့ေကာင္မေလးရဲ႕လက္ကိုဆြဲၿပီးအိမ္ထဲဝင္လာခဲ့ေတာ့အရင္ဆုံးထြက္ႀကိဳတာကမမ..။တစ္အိမ္လုံးကိုအကဲခတ္ၾကည့္လိုက္ေတာ့ မမႀကိဳေျပာထားသည့္ပုံပင္အကုန္လုံးအလိုက္သင့္ေနေပးၾကသည္။
"ဒီေန႔ငယ္ေလးကသူ႕မိန္းကေလးကိုေခၚလာမယ္ဆိုေတာ့မမတို႔ကအတတ္ႏိုင္ဆုံးဟင္းေတြအမ်ားႀကီးခ်က္ထားေပးတယ္သိလား"
ထိုသို႔ေျပာလိုက္ေတာ့ဂ်ီအာ့မွာ႐ွက္သြားၿပီး..
"ဟာကိုကိုကလည္း ဘာလို႔ေျပာထားတာလဲအားနာစရာႀကီး"
"မလိုပါဘူးညီမေလးရယ္ေဂ်ာင္ကုေကာင္မေလးဆိုေတာ့တစ္ခ်ိန္မွာမမတို႔နဲ႔သက္ဆိုင္လာမယ့္သူပဲေလ ဟုတ္တယ္မလားငယ္ေလး"
"ဟင္...ေဩာ္အြန္း အထဲဝင္ၾကမယ္ေလ"
"ဟုတ္သားပဲစကားေကာင္းတာအေပါက္ဝမွာရပ္ေနတာေတာင္ေမ့တယ္ လာ...ညီမေလးလာ"
မမကေတာ့ဂ်ီအာ့ကိုတြဲေခၚသြားသည္။ေဂ်ာင္ကုကေတာ့အေပါက္ဝမွာေၾကာင္ၿပီးရပ္က်န္ခဲ့တုန္း
သက္ဆိုင္လာမယ့္သူ.....ဟာမမဘာေတြျဖစ္ေစခ်င္ေနတာလဲ။
အိမ္ထဲဝင္ကာအသင့္ခင္းက်င္းထားေသာထမင္းစားပြဲမွာဝင္ထိုင္ေနလိုက္သည္။ထမင္းစစားေတာ့သူကဟင္းေတြကိုဂ်ီအာပန္းကန္ထဲတစ္ခုၿပီးတစ္ခုခပ္ထည့္ေပးေနေတာ့ဂ်ီအာကသူ႕လက္ကိုဆြဲၿပီး.....
"ကိုကိုကလည္း ကို္ယ့္ဘာသာယူစားမယ္ဟိုမွာမမတို႔ၾကည့္ေနၾကတယ္႐ွက္စရာႀကီး"
လို႔တိုးတိုးေလးေျပာ႐ွာသည္။သူလည္းအေ႐ွ႕ကိုေမာ့ၾကည့္လိုက္ေတာ့မမနဲ႔ေမေမကျပဳံးစိစိနဲ႔
ၾကည့္ေနၾကသည္။
"အဟမ္း....တို႔ငယ္ေလးကေတာ့ပထမဆုံးရလာတဲ့ေကာင္မေလးကိုဂ႐ုစိုက္ျပေနလိုက္တာေနာ္"
"႐ွင္ ပထမဆုံး......"
ဂ်ီအာကအ့ံဩသြားဟန္ျဖင့္ေမးေတာ့မမက
"ဟုတ္တယ္ေလ ညီမေလးကတို႔ငယ္ေလးရဲ႕ပထမဆုံးထားဖူးတဲ့မိန္းကေလးပဲ ငယ္ေလးကဒီအသက္အ႐ြယ္ထိဘာေကာင္မေလးမွမထားဖူးဘူး"
"အဲ့တာဆိုဂ်ီအာကကိုကို႔ရဲ႕အခ်စ္ဦးေပါ့ ဟုတ္လားကိုကို"
သူ႕ဘက္လွည့္ၿပီးေမွ်ာ္လင့္ခ်က္မ်က္လုံးေလးနဲ႔ေမးလာေတာ့
"အင္း"
ခပ္ျပတ္ျပတ္အေျဖတစ္ခုသာေပးၿပီးထမင္းဆက္စားေနလိုက္သည္။ထမင္းစားၿပီးမမကအခ်ိဳပြဲတည္းၾကဦးဟုဆိုကာဂ်ီအာနဲ႔ေမေမ့ကိုထားခဲ့ၿပီးေဂ်ာင္ကုကိုအျပင္ကိုဆြဲေခၚလာခဲ့သည္။
"ငယ္ေလးဒီလိုဆုံးျဖတ္တာမမဝမ္းသာတယ္"
ေခါင္းသာညိမ့္ျပလိုက္သည္။
"မင္းပတ္ဂ်ီမင္းကိုမျပတ္ႏိုင္ေသးဘူးပဲ"
"ဗ်ာ"
"မွန္မွန္ေျပာေဂ်ာင္ကု မင္းသူ႕ကိုခ်စ္ေသးတယ္မလား"
"မခ်စ္ဘူး ကြၽန္ေတာ္သူ႕ကိုမခ်စ္ေတာ့ဘူး"
"ကြာ႐ွင္းလိုက္ မခ်စ္ေတာ့ရင္ကြာ႐ွင္းလိုက္ေလ"
"ဘာကိစၥကြၽန္ေတာ္ကသူနဲ႔ကြာ႐ွင္းရမွာလဲ"
"မခ်စ္တဲ့သူနဲ႔ကြဲၿပီးမင္းခ်စ္ပါတယ္ဆိုတဲ့မိန္းကေလးနဲ႔လက္ထပ္ေလ ဟိုကိုၾကည့္လိုက္ေဂ်ာင္ကုေမေမဘယ္ေလာက္ေပ်ာ္ေနလဲေတြ႕လား သူ႕သားကိုသင့္ေတာ္ရာအိမ္ေထာင္ဘက္နဲ႔ေတြ႕ရလို႔သူေပ်ာ္ေနတာကိုေတြ႕လားလို႔"
ဧည့္ခန္းထဲတြင္စကားေျပာေနသည့္ေမေမနဲ႔ဂ်ီအာ့ကိုလက္ညိႇဳးထိုးရင္းမမကေျပာသည္။
"မင္းဒီတိုင္းထြက္ေပါက္႐ွာ႐ုံသက္သက္မဟုတ္ပါေစနဲ႔လို႔ငါဆုေတာင္းတယ္"
ထိုတစ္ခြန္းသာေျပာၿပီးအိမ္ထဲျပန္ဝင္သြားသည္။ဂ်ီအာ့ကိုျပန္ေခၚၿပီးအိမ္ကိုသာျပန္လာခဲ့သည္။ကားေမာင္းေနတဲ့တစ္ေလွ်ာက္လုံးလည္းၿငိမ္ေနတာေၾကာင့္ဂ်ီအာ့ဘက္ကပဲစကားစလိုက္သည္။
"ကိုကိုေနမေကာင္းဘူးလား ၿငိမ္ေနတာေက်ာက္႐ုပ္ႀကီးအတိုင္းပဲ"
"ေကာင္းပါတယ္"
"ေကာင္းရင္ စုံတြဲလက္စြပ္တစ္စုံဝင္ဝယ္ရေအာင္ေလ ဆိုင္ေကာင္းေကာင္းတစ္ဆိုင္ေတြ႕ထားတယ္"
"လက္စြပ္.....?"
"အြန္းေလ ခ်စ္သူေတြဟာကိုcouple thingေလးေတြေတာ့႐ွိသင့္တာေပါ့ ၿပီးေတာ့ကိုကို႔လက္စြပ္ႀကီးကေဟာင္းေနၿပီလႊတ္ပစ္လိုက္ေတာ့"
ကေလးရိပ္မိမွာစိုး၍လက္သူႂကြယ္မွလက္ခလယ္သို႔ေျပာင္းဝတ္ထားသည့္လက္ထပ္လက္စြပ္ေလးကိုငုံ႔ၾကည့္မိသည္။
မျဖစ္ဘူး ဒါေလးကိုေတာ့ဘာနဲ႔မွအဆုံး႐ႈံးမခံႏိုင္ပါ။ဒီလက္စြပ္ကမဂ္လာပြဲအတြက္ပတ္ဂ်ီမင္းကိုယ္တိုင္designဆြဲထားတဲ့လက္စြပ္ေလး....။
"မိုးခ်ဳပ္ေနၿပီေလ ဒီလက္စြပ္ေလးကေတာ့ကိုကိုႀကိဳက္လို႔ပါ ေနာက္ေန႔က်မွဝယ္ၾကမယ္ေလ"
"ဟြန္႔ၿပီးတာပဲ"
စိတ္ေကာက္သြားသည့္ကေလးကိုျပန္လည္းမေခ်ာ့ျဖစ္ခဲ့ပါ။အိမ္ကိုသာအေရာက္ပို႔ေပးခဲ့သည္။
စိတ္နဲ႔လူနဲ႔မကပ္ခ်က္ကေတာ့မီးပြိဳင့္နီေနတာကိုျဖတ္ေမာင္းမိ၍ဒဏ္ေငြအ႐ိုက္ခံလိုက္ရပါေသးသည္။
______________________~___________________
ကင္ထယ္ေယာင္းအေပၚခံစားခ်က္ေတြကိုသိသိသာသာေဖာ္ျပၿပီးခ်ိန္မွာေတာ့မင္ယြန္းဂီတစ္ေယာက္အိမ္တြင္းပုန္းေနခဲ့သည္။
သတိလက္လြတ္ၿပီးသဝန္တိုတဲ့အျပဳအမူေတြထုတ္ျပမိလို႔ကိုယ့္ကိုကိုယ္ျပန္က်ိန္ဆဲေနတာလည္းမနည္းေတာ့။
ဒီေန႔အိမ္တြင္းေအာင္းခ်င္ေပမယ့္စားစရာကမ႐ွိေတာ့သျဖင့္နီးစပ္ရာ1 stop martကိုသာလာၿပီးေခါက္ဆြဲဗူးေတြဝယ္ရေတာ့သည္။counterမွာေငြ႐ွင္းေနတုန္းအျပာေရာင္ဆံႏြယ္ေတြကိုျမင္လိုက္ရသျဖင့္ကမန္းကတန္းေငြ႐ွင္းကာအေႏြးထည္ကေခါင္းစြတ္ကိုစြပ္ၿပီးဆိုင္ထဲမွအသည္းအသန္ထြက္ေျပးလာရေတာ့သည္။
တစ္ဖက္ကားလမ္းကိုျဖတ္ကူးမယ္အလုပ္အေႏြးထည္လက္ေအာက္မွာျမဳပ္ေနတဲ့သူ႕လက္ေတြကိုလာဆြဲတဲ့လက္ေခ်ာင္းသြယ္သြယ္ေတြ.........
ဟိုက္ရားးးမင္ယြန္းဂီေရမင္းေတာ့ေသၿပီပဲ။
ေနာက္ကိုမဝံ့မရဲလွည့္ၾကည့္လိုက္ေတာ့မ်က္ေမွာင္ႀကီးက်ံဳ႕ၿပီးၾကည့္ေနတဲ့ႏွစ္ေယာက္မ႐ွိတဲ့တစ္မိုးေအာက္ကကင္ထယ္ေယာင္း။
ဟီးးးးးခနဲျမည္ေအာင္႐ွိသမွ်သြား၃၂လံဳးေပၚေအာင္ရယ္ျပလိုက္ပါသည္။ေနစမ္းပါဦး ငါကဘာလို႔ရယ္ေနတာလဲ။
"ဘာလို႔ကြၽန္ေတာ္႕ကိုေ႐ွာင္ေနတာလဲ"
ေ႐ွာင္လို႔လား....မေ႐ွာင္ပါဘူး၊ေအးဘာျဖစ္ခ်င္လဲေ႐ွာင္တယ္ကြာ....မေက်နပ္ဘူးလားခ်မလား
စိတ္ထဲမွာသာကပ္ကပ္လန္ရန္ေတြ႕ေနေပမယ့္ျပင္ပမွာေတာ့.......
"မေရွာင္ပါဘူး"
"ေရွာင္ေနပါတယ္ လာေနက်ေနရာေတြလည္းမလာဘူး အခုကြၽန္ေတာ္႕ကိုျမင္ေတာ့ဆိုင္ထဲကထြက္ေျပးလာေသးတယ္ အဲ့လိုႀကီးမေနနဲ႔
ယြန္းဂီhyungရာထယ္ငိုမိေတာ့မယ္"
ေျပာရင္းတန္းလန္းမ်က္ရည္ေတြဝဲ၊ႏႈတ္ခမ္းေတြပါဆူထြက္လာကာလူသတ္ႏိုင္သည့္အသံပါဝါတုံးႀကီးကလည္းတစ္ဝက္ေလာက္ေလ်ာ့သြားသည္မို္႕မင္ယြန္းဂီတစ္ေယာက္ပ်ာသြားပါသည္။
ေနပါဦး ဒီေကာင္တစ္ကယ္ငိုေတာ့မလို႔လား။
"ေဟ့ေကာင္ အဲ့လိုမေနစမ္းပါနဲ႔ကြာ မင္းကိုေ႐ွာင္တယ္ဆိုတာကလည္းငါ....႐ွက္...႐ွက္လို႔ပါကြ"
"႐ွက္လို႔...?"
"ေအး မင္းကိုခ်စ္တယ္လို႔ဝန္ခံရမွာ႐ွက္လို႔"
လႊတ္ခနဲထြက္သြားၿပီးမွကိုယ့္ပါးစပ္ကိုလက္ျဖင့္အုပ္မိသည္။အေ႐ွ႕ကလူကိုၾကည့္လိုက္ေတာ့ေမ်ာက္အုန္းသီးရသလို႐ုပ္နဲ႔။
"ဒါဆိုhyungကထယ့္ကိုခ်စ္တယ္ေပါ့"
"ေအး ခ်စ္တယ္ကြာ"
ေ႐ွ႕သို႔ဝုန္းခနဲတိုးလာသည့္ေကာင္ေလးေၾကာင့္ေျခလွမ္းေတြကေနာက္သို႔autoဆုတ္မိသား။
ဒီေကာင္ဘာလဲ အေျဖရၿပီဆိုၿပီးအခြင့္အေရးယူေတာ့မွာလား? မင္ယြန္းဂီတဲ့...တစ္ဂီပဲ႐ွိတယ္ထိုးလိုက္လို႔ေသသြားမယ္၊႐ွင္သြားမယ္၊မေသမ႐ွင္ဆန္႔ငင္ဆန္႔ငင္ျဖစ္သြားမယ္။
"ေက်းဇူးပါ ထယ္...hyungကိုတစ္ကယ္ခ်စ္တာပါ"
ေျပာရင္းဖက္ကာငိုပါေတာ့သည္။
"ဟာ ေဟ့လမ္းေပၚမွာမ႐ွက္ဘူးလား ငိုမေနနဲ႔႐ုပ္ဆိုးတယ္"
"ထယ္ကဘယ္လိုေနေနေခ်ာတယ္ ထယ့္လိုအဆင္ေလးကိုေကာင္ေလးေတာ္ရတာhyungဂုဏ္ယူလိုက္စမ္းပါ"
"ေနစမ္းကြာ ငါ့ဖက္ထားတာလႊတ္ဦး"
"Hyungအိမ္ျပန္မွာမလား လာသြားမယ္"
သူ႕လက္ကိုဆြဲကာေခၚသြားေတာ့ေနာက္မွတ႐ြတ္တိုက္ကာပါလာေတာ့သည္။
အေမေရ.....အေမ့သားအျဖစ္ကိုလွည့္ၾကည့္ပါဦးလို႔...။အေ႐ွ႕ကေကာင္ေလးေတာ့လိုခ်င္တာရသြား၍ျပဳံးၿဖီးေနေပမယ့္အေနာက္ကေကာင္ေလးကေတာ့မဲ့႐ြဲ႕ကာျဖင့္ပါလာေတာ့သည္။
ျမတ္ႏိုးျခင္းဆိုတဲ့
ေဝါဟာရရဲ႕အေနာက္မွာ
ကုေဋကဋာဆိုတဲ့
စကားလုံးကိုထပ္ျဖည့္လိုက္ရင္ေတာ့
ခင္ဗ်ားအေပၚထားတဲ့
ကြၽန္ေတာ္႕ရဲ႕ေမတၱာေတြ
ျဖစ္တည္လာတာေပါ့။
_____________________~__________________
ယြန္းဂီကအေျဖျပန္ေပးခဲ့သျဖင့္ႏွစ္ဦးသေဘာတူတြဲခြင့္ရခဲ့ေပမယ့္ထယ္ေယာင္းစိတ္ထဲျပည့္ျပည့္ဝဝမေပ်ာ္ပါ။
Hyungကသူ႕ကိုမ်က္စိေနာက္လို႔ၿပီး ၿပီးေရာေျပာခဲ့တာလို႔ထင္ခဲ့ေပမယ့္လက္တြဲလာတဲ့သုံးႏွစ္အတြင္းhyungသည္မယုံၾကည္ႏိုင္စရာေကာင္းေအာင္သူ႕အေပၚခ်စ္ေပးႏိုင္ခဲ့ပါသည္။
အေနေအးတဲ့သူျဖစ္လို႔သူ႕စိတ္ကိုထုတ္မျပတတ္ေပမယ့္hyungသူ႕ကိုခ်စ္တာကိုေတာ့ထယ္ေယာင္းေသခ်ာသိပါသည္။ဒါေၾကာင့္သူလည္းအရင္လိုမဆိုးေတာ့ပဲhyungေဘးနားကလိမၼာတဲ့ေကာင္ေလးအျဖစ္သာေျပာင္းလဲခဲ့သည္။
ခ်စ္သူျဖစ္ၿပီး1ႏွစ္ေလာက္အၾကာမွာထယ္ေယာင္းနဲ႔ယြန္းဂီတစ္အိမ္တည္းတူတူေနခဲ့ၾကသည္။ႏွစ္ေယာက္လုံးကbackgroundႀကီးႀကီးမားမားနဲ႔မိသားစုမ႐ွိတဲ့တစ္ကိုယ္တည္းသမားေတြမို႔အဆင္ေတာ့ေျပသည္။
Hyung....လက္ထပ္ၾကမယ္လို႔ေျပာတုန္းကမင္ယြန္းဂီလန္႔ျဖန္႔သြားရသည္။ဒါေပမယ့္လည္း
ထယ့္သေဘာပါေလ....ထယ္ကသူ႕ထက္ပိုဦးစီးႏိုင္တဲ့သူမို႔လို႔ထယ့္ဆုံးျဖတ္ခ်က္ေတြကိုသူအၿမဲသေဘာတူခဲ့သည္ပဲ။
ထယ္သည္ပုံမွန္အခ်ိန္ဆိုကိစၥမ႐ွိေပမယ့္အလုပ္ကေနျပႆနာတက္လာသည့္ေန႔မ်ားတြင္႐ုပ္တည္ႀကီးနဲ႔ေန႐ုံသာမက သူ႕ကိုလည္းမ်က္
ေထာင့္နီႀကီးနဲ႔ၾကည့္တတ္တာမို႔ မင္ယြန္းဂီတို႔အသက္ပင္မ႐ွဴရဲပါ။ထယ္စိတ္မ႐ႈပ္ေအာင္ၿငိမ္ၿငိမ္ေလးေနရသည္။ကိုယ္ကလည္း သူ႕တစ္ကိုင္ေပါက္စာပဲ႐ွိတာမလား။
မင္ယြန္းဂီအရင္ကအေၾကာင္းေတြေတြးကာျပဳံးေနမိသျဖင့္ဒယ္အိုးထဲကၾကက္ဥေၾကာ္ကိုအခ်ိန္မွီမကယ္ႏိုင္လိုက္ပါ။တစ္ျခမ္းတူးသြားေပမယ့္စားလို႔ေတာ့ရေလာက္မွာပါ။ထယ္ေယာင္းနဲ႔လက္ထပ္ၿပီးတည္းကသူမီးဖိုေခ်ာင္စဝင္ခဲ့သည္။မီးဖိုေခ်ာင္ဝင္တာမင္ယြန္းဂီstyleမဟုတ္ေပမယ့္အေျခအေနအရသူဟင္းခ်က္နည္းေတြေလ့လာခဲ့ရသည္။
ထယ္ကသူ႕သူငယ္ခ်င္းအေဖရဲ႕ကုမၼဏီမွာရာထူးႀကီးႀကီးမားမားရထားတာမို႔ဝင္ေငြကအဆင္ေျပေပမယ့္သူလည္းေယာက်ာ္းေလးတစ္ေယာက္ပဲမလား။ဒါေၾကာင့္ထယ္ေယာင္းကိုမရမကေျပာၿပီးအိမ္ေ႐ွ႕မွာcoffeeဆိုင္ေသးေသးေလးဖြင့္ထားသည္။အရင္အလုပ္ကေတာ့ထြက္လိုက္ရတာေပါ့။
ထိုစဥ္အေနာက္မွသိုင္းဖက္လာသည့္ခႏၶာကိုယ္ေၾကာင့္အိမ္ေထာင္ဦးစီးေလးႏိုးၿပီဆိုတာသိလိုက္ရသည္။
"ႏိုးၿပီလားထယ္ေလး"
"အြန္း"
အိပ္ယာႏိုးခါစခပ္အက္အက္အသံေလးနဲ႔ထူးသည္။ဟက္....ငပ်င္းေလး။မင္ယြန္းဂီျပဳံးၿပီးေနာက္ျပန္လွည့္ကာသူ႕ပုခုံးေပၚေခါင္းတင္ထားသည့္ထယ္ေယာင္းရဲ႕အနက္ေရာင္ဆံပင္ေခြေတြကိုႏွာေခါင္းနဲ႔တိုးေဝွ႔ကနမ္းလိုက္ပါသည္။
အင္းးးးးးးးစေတာ္ဘယ္ရီန႔ံေလး။သေဘာက်တာမို႔လို႔ေရာ့ တစ္မွတ္ယူ။
ထိုအနက္ေရာင္ဆံပင္ေခြေတြမွာလည္း မင္းဆံပင္ကိုျပင္စမ္းပါ ျပာျပာျပာျပာနဲ႔မ်က္စိေနာက္တယ္ဆိုတဲ့သူ႕ရဲ႕စကားေၾကာင့္အေရာင္္ျပန္ဆိုးကာလိပ္ထားျခင္းသာျဖစ္သည္။မ်က္ႏွာေဖာင္းေဖာင္းနဲ႔ဆံပင္အုပ္အုပ္ေလး။အီးယားးးးးးးအသည္းယားလိုက္တာ။အိပ္မႈန္စုံမႊားမ်က္လုံးကလည္းမပြင့္တပြင့္နဲ႔။စိတ္မထိန္းႏိုင္စြာပါးကို႐ႊတ္ခနဲနမ္းလိုက္မိသည္။
မ်က္လုံးျပဴးကာၾကည့္လာသျဖင့္ခ်က္ျခင္းအၾကည့္လႊဲၿပီး.....
"မနက္စာစားရေအာင္ေလ"
"ဟင့္အင္း မနက္စာမစားခ်င္ဘူး"
"ေဟ ဒါဆိုဘာစားခ်င္တာလဲ"
"Hyungကို....."
"ကင္ထယ္ေယာင္း!!!"
စကားအဆုံးၾကက္ဥေၾကာ္တဲ့ေယာင္းမကသူ႕ႏွဖူးကိုလာမိတ္ဆက္သည္။
"အာ့......hyungနာတယ္"
"မင္းေနာ္က်ပ္က်ပ္သတိထား ဖယ္"
"ဟုတ္hyung"
ေျပာေျပာဆိုဆိုသူ႕လည္ပင္းကိုလည္းairconခန္းထဲကထြက္လာတာမို႔ေအးစက္ေနတဲ့ႏွာသီးထိပ္ကေလးနဲ႔ပြတ္ဆြဲကာနမ္းသြားေသးသျဖင့္မင္ယြန္းဂီဓာတ္လိုက္သလိုလိုေတာင့္ေတာင့္ႀကီးျဖစ္က်န္ခဲ့သည္။ထယ္ေလးႏွာေခါင္းကအေအးလြန္ၿပီးလွ်ပ္စစ္ဓာတ္မ်ားစီးေနတာလား......။
ဒီသုံးႏွစ္အတြင္းအကုန္ေျပာင္းလဲသြားခဲ့သည္။ထယ္ေယာင္းနဲ႔ယြန္းဂီကလက္ထပ္လိုက္ၾကသလိုဂ်ီအာလည္းေက်ာင္းၿပီးကာDream Yuralတြင္အလုပ္ဝင္ေနၿပီျဖစ္သည္။ေဂ်ာင္ကုလည္း26ႏွစ္ဆိုတဲ့အ႐ြယ္အပိုင္းအျခားကိုေရာက္လာကာဂ်ီမင္းလည္း28ဆိုတဲ့လူလတ္ပိုင္းကိုေရာက္လာခဲ့ၿပီ။
မေျပာင္းလဲေသးတာဆိုေတာ့ေဂ်ာင္ကုနဲ႔ဂ်ီအာ့ရဲ႕ဆက္ဆံေရးအျပင္ေဂ်ာင္ကုအေပၚထားတဲ့ဂ်ီမင္းရဲ႕အခ်စ္.....။
ဒါေပမယ့္ေဂ်ာင္ကုရဲ႕သေဘာထားကေတာ့ေျပာင္းလဲလာခဲ့သည္။
အရင္ကသူလုပ္သမွ်လိုက္ၾကည့္ၿပီးပြစိပြစိေျပာတတ္တဲ့ပတ္ဂ်ီမင္းထက္ငယ္႐ြယ္ၿပီးသြက္လက္တဲ့ယြန္းဂ်ီအာကိုပိုသေဘာက်မိေပမယ့္အခုက်ေတာ့သူနဲ႔အတူရင္ေဘာင္တန္းႏိုင္တဲ့မိန္းကေလးယြန္းဂ်ီအာထက္သူ႕ကိုအၿမဲအေလွ်ာ့ေပးတဲ့ပတ္ဂ်ီမင္းဘက္ကိုျပန္ယိုင္လာခဲ့သည္။
ဂ်ီအာဘာလုပ္လုပ္ပတ္ဂ်ီမင္းနဲ႔ယွဥ္ေတြးမိတဲ့အထိ။ဂ်ီအာကသုံးႏွစ္အတြင္းသူ႕အေပၚအရမ္းရစ္လာသလိုအရမ္းလည္းျပႆနာ႐ွာလာသျဖင့္သူတို႔ၾကားခဏခဏ ကေတာက္ကဆျဖစ္ရသည္။အခုလည္းသူကုမၸဏီစာရင္းေတြတစ္ခ်က္စစ္ေနတုန္း.....
"ကိုကိုေရ ဂ်ီအာလာတယ္"
ရံဳးခန္းထဲဇိုးခနဲဇက္ခနဲဝင္လာကာသူ႕လည္ပင္းအားလာဖက္သည္။
"တံခါးေခါက္ဖို႔မွာထားရက္နဲ႔ကြာ...."
ပတ္ဂ်ီမင္းနဲ႔ကြာလိုက္သည့္ျဖစ္ျခင္း။ဂ်ီမင္းဆိုသူမလာခင္အၿမဲphဆက္ၿပီးႀကိဳေျပာတာ....သူ႕႐ုံးခန္းထဲလည္းလက္လြတ္စပယ္ဝင္ေလ့မ႐ွိ။
"ကိုယ့္ေကာင္ေလး႐ုံးခန္းထဲဝင္တာဘာတံခါးေခါက္စရာ႐ွိလဲ ဘာမဟုတ္တာလုပ္ထားလို႔လဲ"
"က်စ္.....ဒါအလုပ္ခ်ိန္ေလ"
"ဒီကလြမ္းလို႔လည္းလာေတြ႕ရေသးတယ္"
ႏႈတ္ခမ္းကိုဆူကာsofa၌ဝင္ထိုင္ေလသည္။ထိုပုံစံသည္အရင္ကေတာ့ေဂ်ာင္ကုအတြက္ခ်စ္ဖို႔ေကာင္းခဲ့ပါသည္။
"ကိုကိုမအားဘူး"
"ရတယ္ တစ္ခုခုေသာက္ရင္းထိုင္ေနမယ္"
"ၿပီးေရာ Chamomile taeမွာေပးမယ္"
"ဘာ....ကိုကို ဂ်ီအာဘယ္တုန္းကအဲ့တာေသာက္ဖူးလို႔လဲ"
"မင္းေသာက္၊မေသာက္ငါလိုက္ၾကည့္ေနတာမွမဟုတ္တာ"
စိတ္႐ႈပ္႐ႈပ္နဲ႔ေအာ္ေျပာမိေတာ့သည္။
ဒါသက္သက္လာရစ္ေနတာ.....
"မင္း..ငါ? ကိုကိုတစ္ကယ္ေျပာင္းလဲေနၿပီ တြဲေနတာလည္းသုံးႏွစ္႐ွိၿပီကို ကိုကိုဂ်ီအာ့အေပၚလုံးဝအေလးမထားဘူး ဂ်ီအာနဲ႔ပက္သတ္တာတစ္ခုမွမွတ္မထားဘူးanniversaryေန႔ေတာင္မွတ္မိရဲ႕လား"
မွတ္မိစရာလား။သူမွတ္မိတာဆိုလို႔သူနဲ႔ဂ်ီမင္းရဲ႕မဂ္လာႏွစ္ပတ္လည္ေန႔ပဲ႐ွိသည္။သူ႕အေဖရဲ႕ရက္လည္ေန႔ေတာင္မွတ္မိတာမဟုတ္ဘူး...။အေျဖျပန္မေပးပဲၿငိမ္ေနေတာ့
"ေတြ႕လား ကိုကိုကတစ္ကယ္အေလးမထားပါဘူးဆို"
"အဲ့တာေတြထား ဒီေန႔ေသာၾကာေန႔....."
"မလိုက္ဘူး အဲ့အေရးမပါတဲ့ညစာစားပြဲကို"
ေအာ္ေျပာရင္းတံခါးကိုအသံျမည္ေအာင္ပိတ္ၿပီးအခန္းထဲမွထြက္သြားေလသည္။
"ယြန္းဂ်ီအာ...."
ေဂ်ာင္ကုေအာ္လိုက္သည္။အခုသူ႕မိသားစုကိုအေရးမပါဘူးလို႔ေျပာသြားတာလား။စိတ္ပ်က္စရာ....ပတ္ဂ်ီမင္းနဲ႔တစ္ကယ္အကြာႀကီး။ဂ်ီမင္းကေတာ့မလိုက္ခ်င္တာေတာင္သူ႕အတြက္နဲ႔သည္းခံေပးခဲ့တာ။
က်စ္......စိတ္ပ်က္လိုက္တာကြာ။ဘယ္လိုစိတ္နဲ႔မ်ားပတ္ဂ်ီမင္းကိုေက်ာ္ၿပီးယြန္းဂ်ီအာကိုေ႐ြးခ်ယ္ခဲ့မိတာလဲမသိဘူး။
အခုတေလာေဂ်ာင္ကုရဲ႕စိတ္ေတြကဂ်ီမင္းအေပၚသိသိသာသာႏူးညံ့လာသည္။ယြန္းဂ်ီအာကိုထိမိတိုင္းပတ္ဂ်ီမင္းအေပၚသစၥာေဖာက္သလိုခံစားေနရလို႔ ေကာင္မေလးနဲ႔ေတာင္အဆက္ျဖတ္ခဲ့ေသးတာ။
ေခါင္းကထိုးကိုက္လာတာေၾကာင့္အိမ္ကိုသာျပန္လာခဲ့သည္။အိမ္ထဲဝင္ဝင္ခ်င္းဂ်ီမင္းကိုေတြ႕ရတာေၾကာင့္ကိုက္ေနတဲ့ေခါင္းကတစ္ဝက္သက္သာသြားသလို။
တစ္ကယ္ပါပတ္ဂ်ီမင္းကဂြၽန္ေဂ်ာင္ကုရဲ႕အၾကည္ဓာတ္ေလး.........။
"ကိုကို....ေမာင္ျပန္လာၿပီ"
ပတ္ဂ်ီမင္းကို ကိုကို လို႔ေခၚၿပီးသူ႕ကိုယ္သူ ေမာင္ လို႔သုံးႏႈန္းခဲ့သည္မွာတစ္ႏွစ္ေက်ာ္ေလာက္႐ွိေခ်ၿပီ။စစၾကားရတုန္းကဂ်ီမင္းဆိုမယုံႏိုင္ျဖစ္ၿပီးငိုပါငိုခဲ့ေသးတာ။
"ေဟာ ေန႔လည္ဘက္ပဲ႐ွိေသးတာကို"
"ေမာင့္ကိုလာဖက္ပါဦး"
လက္ကိုဆန္႔တန္းေပးလိုက္ေတာ့ရင္ခြင္ထဲကိုအလိုက္သင့္ခိုဝင္လာသည္။
က်စ္က်စ္ပါေအာင္ဖက္၍လည္တိုင္ႏုႏုၾကားမ်က္ႏွာအပ္ထားမိေတာ့..........
"Agioo....ဘာေတြခြၽဲေနတာလဲကိုယ့္ေခြးေပါက္ေလး"
"ဟင့္အင္း ေခါင္းကိုက္လာလို႔"
လည္ပင္းနဲ႔မ်က္ႏွာကိုဖိထားသလိုျဖစ္ေနတာမို႔အသံကဗလုံးဗေထြးထြက္လာသည္။
"ဟင္ ေခါင္းကိုက္လို႔လား ကိုကုိဘာလုပ္ေပးရမလဲ"
"ဒီတိုင္းဖက္ထားေပး"
ကိုယ္လုံးငယ္ေလးကိုေထြးဖက္ကာကိုယ္သင္းနံ႔ကို႐ွဴ႐ိႈက္မိသည္။ႏွင္းဆီနဲ႔မက္မြန္အန႔ံေလး...ေမႊးလိုက္တာ။ကိုက္စားခ်င္တယ္။အာတာပူစီေလး။ပတ္အာတာပူစီ....အာတာပူစီဂ်ီမင္း.....။
"ေတာင္းပန္ပါတယ္"
ေဂ်ာင္ကုကသူနဲ႔ျပန္အဆင္ေျပတဲ့အခ်ိန္ကစၿပီးခဏခဏထိုစကားကိုေျပာသည္။သူသိတာေပါ့ေမာင္ကသူလုပ္ခဲ့တဲ့အရာအတြက္စိတ္မေကာင္းျဖစ္ေနတာကို....သူသိေပမယ့္မသိခ်င္ေယာင္ေဆာင္ေနမိသည္။
"ကဲပါ ေမာင္ဘာပဲလုပ္လုပ္ ကိုကိုကလက္ခံတယ္ သြားေရခ်ိဳးၿပီးအိပ္ေတာ့"
ဖင္ေလးကိုပုတ္ၿပီးအခန္းထဲအတင္းလႊတ္လိုက္သည္။ေဂ်ာင္ကုနဲ႔သူအဆင္ေျပသြားတဲ့ညကိုျပန္ေတြးမိတိုင္းသူျပဳံးမိပါသည္။
>>Flash back<<
အဲ့ေန႔ကသူေခါင္းကိုက္တယ္ဆိုၿပီးေနရစ္ခဲ့တဲ့ေန႔။ညေနဘက္ျပန္လာတဲ့ေဂ်ာင္ကုပုံစံကမ႐ႊင္မလန္း။ဘာျပႆနာမ်ားျဖစ္လာပါလိမ့္။
သူ႕ကိုျမင္ေတာ့ေျပးဖက္တာေၾကာင့္ပတ္ဂ်ီမင္းတစ္ေယာက္ေလာကႀကီးနဲ႔အဆက္အသြယ္ျပတ္ကာမတ္တပ္ကိုေမ့ေရာ။
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္"
"ဘာကိုလဲေဂ်ာင္ကု"
"ခ်စ္ေနရဲ႕သားနဲ႔လ်စ္လ်ဴ႐ႈမိလို႔ေတာင္းပန္ပါတယ္"
"ေဂ်ာင္ကု ငါကေလမင္းဘာလုပ္လုပ္အျပစ္မျမင္ဘူး မင္းသာေပ်ာ္မယ္ဆိုငါအကုန္လက္ခံတယ္"
ငိုခ်င္ရက္လက္တို႔ဆိုသလိုဂ်ီမင္းေျပာမွေဂ်ာင္ကုငိုမိေတာ့သည္။
"ခ်စ္တယ္"
"ငါကပိုခ်စ္တာေပါ့ ေဂ်ာင္ကုရဲ႕"
"ေမာင္....."
"ဟင္!!!"
"ေမာင္လို႔ေခၚေပးပါ"
ဒီတစ္ခါဂ်ီမင္းပါငိုမိပါသည္။သူစိတ္ကူးထဲမွာပဲတိတ္တဆိတ္ေခၚေနရတဲ့ဒီနာမ္စားေလးကိုအခုေဂ်ာင္ကုကသူကိုယ္တိုင္လိုလိုလားလားေခၚခိုင္းတယ္တဲ့လား။
"ေမာင့္ကိုခ်စ္တယ္"
"ေမာင္လည္းကိုကို႔ ကိုခ်စ္တယ္"
"အဟား ကိုကိုကေမာင့္ကိုပိုခ်စ္တာပါကြာ"
ေျပာရင္းမ်က္ရည္ေတြဝိုင္းေနသည့္ၾကားမွတူတူရယ္လိုက္ၾကပါေသးသည္။
>>Flash back end<<
"ကိုကို ေမာင့္ကိုေခါင္းလာသုတ္ေပးဦး"
အခန္းထဲကေအာ္သံေၾကာင့္ဂ်ီမင္းကဗ်ာကယာေျပးသြားရေသးသည္။မွန္တင္ခုံအေ႐ွ႕ကထိုင္ခုံေပၚထိုင္ေစကာ တဘက္တစ္ထည္ဆြဲယူၿပီးသုတ္ေပးေတာ့မ်က္လုံးမွိတ္ကာၿငိမ္ေနသည္။
"ေခြးေပါက္ေလး"
"ဘာေျပာတယ္"
မ်က္လုံးတစ္ဖက္ဖြင့္ၿပီးရန္႐ွာလာသည္။
"ေခြးေပါက္ေလးလို႔...."
ေျပာကာပါးတစ္ဖက္ကိုနစ္ဝင္ေနေအာင္ဖိနမ္းပစ္လိုက္သည္။
"အရင္လာစတာေနာ္ လာစမ္း"
လက္ကေနဆြဲကာေပါင္ေပၚတင္လိုက္ေတာ့ျပဴးေၾကာင္ေၾကာင္ေလးပါလာသည္။လည္တိုင္နဲ႔ခါးကိုထိန္းကိုင္ၿပီးသူအႀကိမ္ႀကိမ္ယစ္မူးရတဲ့ႏႈတ္ခမ္းသားဖူးဖူးဆီပစ္မွတ္ထားလိုက္ေတာ့
ကိုယ္ေလးတစ္ခ်က္တုန္သြားကာသူ႕အက်ီ္စကိုဆြဲထားေလသည္။
အနမ္းေတြတျဖည္းျဖည္းနက္႐ိႈင္းလာသလို
အက်ီ္ကိုအားကိုးတႀကီးဆုပ္ကိုင္ထားတဲ့လက္ေလးေတြကလည္းလည္တိုင္သို႔ဦးတည္ခ်က္ေျပာင္းလာသည္။လက္ေသးေသးေလးေတြကသူ႕လည္ဂုတ္ကဆံစေတြကိုဆြဲဖြလိုက္ခ်ိန္မွာေတာ့ေသြးေတြကေျပာင္းျပန္စီးသြားသလို။
လွ်ာဖ်ားႏွစ္ခုပြတ္သပ္မိေတာ့ေရခ်ိဳးၿပီးသားကိုယ္က႐ွိန္းခနဲျဖစ္ကာပူတက္လာသည္။ေအာက္ပိုင္းကတစ္စုံတစ္ရာကလည္းထႂကြခ်င္သလိုျဖစ္လာတာေၾကာင့္ေအာက္ႏႈတ္ခမ္းကိုဖိစုပ္ၿပီးအနမ္းေတြကိုရပ္တန္႔ပစ္လိုက္ရသည္။
ဟူးးးနမ္းတာေတာင္ဒီေလာက္ျဖစ္တာတစ္ျခားဟာေတြဆိုအသက္ပါထြက္ေလာက္တယ္။အႏၲရာယ္မ်ားလိုက္တာခင္ဗ်ားရယ္......။
"ေမာင္ေတာ့ေရထပ္ခ်ိဳးရေတာ့မယ္ထင္တယ္"
ေဂ်ာင္ကုသက္ျပင္းခ်ၿပီးခပ္ျမဴးျမဴးေျပာလိုက္ေတာ့ဂ်ီမင္းခမ်ာတစ္ခုခုကိုစဥ္းစားသလိုၿငိမ္ေနၿပီးမွသေဘာေပါက္သြားဟန္ျဖင့္.....
"ယားးးးးဂြၽန္ေဂ်ာင္ကု"
"ဟားဟား စတာပါဂြၽန္ဂ်ီမင္းရဲ႕"
အသည္းယားကာခါးစပ္ေလးကိုသာကလိယားထိုးေနမိသည္။
"မလုပ္နဲ႔ ယား..ယားတယ္ ဟား"
ပါးျပင္ေလးကိုသာဖိဖိနမ္းရင္းတဟားဟားေအာ္ရယ္ေနသံေလးေတြကိုနားဆင္ေနမိသည္။အာတာပူစီလုံးေလးကေရခ်ိဳးထားတဲ့သူ႕ထက္ပင္ပိုေမႊးေနေသးသည္။ပန္းေရာင္ဆံပင္ေတြကလည္းႏူးႏူးညံ့ညံ့ေလး။အားးးးတစ္ကယ္ကိုအာတာပူစီဂ်ီမင္းပဲ။ထိုေန႔ကထူးဆန္းစြာေသာၾကာေန႔မိသားစုစားပြဲကိုႏွစ္ေယာက္လုံးေမ့ေနခဲ့ၾကသည္။
ေဂ်ာင္ကုသည္ႏွင္းဆီနံ႔နဲ႔မက္မြန္နံ႔ေရာထားတဲ့ကိုယ္သင္းနံ႔ေလးကို႐ွဴ႐ွိဴက္ေနသလိုဂ်ီမင္းသည္လည္းဆပ္ျပာအနံ႔ခပ္သင္းသင္းနဲ႔သစ္သီးအနံ႔ေရာေနသည့္ေဂ်ာင္ကုရဲ႕ပါးကိုသာႏွာေခါင္းေလးနဲ႔ပြတ္ေနမိသည္။
"လာစေနျပန္ၿပီေနာ္"
"ဟ...ဟ"
ရယ္သံလြင္လြင္ေလးထပ္မံေပၚထြက္လာပါသည္။
အျပင္မွာမိုးလင္းေနလားမိုးခ်ဳပ္ေနလားသူတို႔မသိ။မိုး႐ြာေနလား၊ေနသာေနလားလည္းစိတ္မဝင္စား။ဒီအခ်ိန္ေလးကသူတို႔အတြက္အေကာင္းဆုံးအခ်ိန္ေလးတစ္ခုျဖစ္ေပလိမ့္မည္။
ေန႔သည္လွပခဲ့သလို
ညသည္လည္းသာယာခဲ့သည္
မနက္ခင္းေကာ္ဖီတစ္ခြက္ကခါးေပမယ့္
အိပ္ယာဝင္အနမ္းခ်ိဳခ်ိဳေတြကေတာ့
သူ႕ႏႈတ္ခမ္းထက္ဆီမွာ..........။
( ေသပါၿပီအ႐ွည္ႀကီးပဲ။ ကဲကဲအခုကစၿပီးတမာ႐ြက္ေလ်ာ့စားရေအာင္ မုန္တိုင္းမလာခင္ေလျပည္တိုက္ဆိုသလိုခဏေတာ့အခ်ိဳစားထားဦး။)
..............