Believe ! I really fall in lo...

By Zuri-Ju

249K 20.1K 387

- Yizhan / BJYX - ~ဘယ်ချိန်တည်းကလဲဆိုတာ ငါမသိဘူးရှောင်းကျန့် ဒါပေမယ့် ငါမင်းကို တကယ်ချစ်မိသွားတာပါ ငါမင်းကိုတ... More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃) [Final]

အပိုင်း(၁၂)

5.6K 556 2
By Zuri-Ju

[Unicode]

ဒီမနက်ရဲ့ရာသီဥတုကတော့ အရင်နေ့တွေနဲ့မတူပဲ အေးစိမ့်စိမ့် မိုးမှုန်မိုးမွှားလေးတွေလည်း ကျနေသေးတယ်
ရှောင်းကျန့်ကျောင်းသွားဖို့ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့ မျန်မျန်ကအိမ်ရှေ့ခန်းပြတင်းပေါက်နားမှာထိုင်ပြီး အပြင်ကိုခပ်ငေးငေးကြည့်နေတယ်

"ကျဲကျဲ နေမကောင်းဘူးဆို အပြင်ကလေစိမ်းတိုက်တယ် ပိုဖျားလိမ့်မယ်လေ"

"ရတယ် "

" မရပါဘူး လာ ကျဲကျဲအခန်းထဲလိုက်ပို့ပေးမယ် "

"ရပါတယ်ဆို ရှောင်းကျန့်ရယ်"

"မရပါဘူးဆို ကျဲကျဲကလည်း ဒီ့ထက်ပိုပြီးနေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ခုကဦးလေးယွီလည်းရှိတာမဟုတ်ဘူး လာပါ သားအခန်းထဲလိုက်ပို့မယ်"

ဦးလေးယွီက အလုပ်ကိစ္စတွေနဲ့ခရီးသွားနေတာမို့ အိမ်မှာမရှိ ရှောင်းကျန့်ငယ်ငယ်ကဆို ဦးလေးယွီက ခရီးပဲသွားနေရတာမို့ အိမ်မှာနေရတယ်တောင်သိပ်မရှိ နောက်ပိုင်းမှသာ ဘာကြောင့်ရယ်မသိခရီးမထွက်တော့တာ အခုနှစ်ပိုင်းမှသာခရီးပြန်ထွက်ခြင်း

ရှောင်းကျန့်ကပြောရင်း ထိုင်နေတဲ့မျန်မျန်ကို အတင်းဆွဲခေါ်နေတာမို့ မျန်မျန်ပဲစိတ်လျော့ပြီး အခန်းထဲလိုက်လာခဲ့တော့တယ် သူ့အခန်းထဲရောက်တော့လည်း ရှောင်းကျန့်က ပြတင်းပေါက်တွေသေချာပိတ်ပေးပြီး heaterကိုပါသင့်တော်တဲ့အနေထားသေချာလုပ်ပေးသွားသေးတာ

"အဲ့တာဆို သားကျောင်းသွားတော့မယ်နော် ကျဲကျဲ ဆေးသောက်ဖို့မမေ့နဲ့နော် ဆန်ပြုတ်လည်းသောက်နော် သားမနေ့တည်းကဒေါ်ကြီးလီကို ကျဲကျဲကြိုက်တဲ့ပုစွန်နဲ့လုပ်ပေးဖို့ပြောထားတယ် ပြတင်းပေါက်တွေလည်းပြန်မဖွင့်နဲ့နော် အင်္ကျီလည်းထူတာ၀တ်ထား အပြင်ဘက်လည်းပြန်မထွက်.."

"ကဲပါ ရှောင်းကျန့်ရယ် သွားမှာသာသွားပါ ငါ့ကိုမှာနေတာနဲ့ နင့်ကျောင်းချိန်လည်းနောက်ကျနေဦးမယ်"

"ဟီးဟီး အင်းပါ ဒါဆိုသားသွားပြီ သားမှာတာတွေမမေ့နဲ့နော် "

ရှောင်းကျန့်ကပြောရင်း အောက်ထပ်ကိုပြေးဆင်းသွားလေရဲ့ ခဏအကြာကားသံကြားတာမို့ ဒီကလေးကျောင်းသွားမှန်းသိလိုက်တယ် ရှောင်းကျန့်က ငယ်ငယ်တည်းက သူမကို ဒီလိုမျိုးဂရုစိုက်ပေးတယ် ရှောင်းကျန့်သာ သူမ ပိုင်ဆိုင်တဲ့အရာတွေကို သူမ ဆီကလုယူနေတာမျိုးမဟုတ်ရင် သူမ ရှောင်းကျန့်ကို မောင်အရင်းလေးလိုချစ်မိမှာ ရှောင်းကျန့်အိမ်စရောက်တဲ့နေ့ကသူမမှာမောင်လေး
ရပြီဆိုပြီး ဘယ်လောက်တောင်ပျော်ခဲ့သလဲလေ

ရှောင်းကျန့်ကျောင်းရှေ့ရောက်တော့ မိုးကတော်တော်တောင်သည်းနေပြီ ထီးလည်းမပါ မိုးကာလည်းမပါတာမို့ ကျောင်းခန်းထဲရောက်ဖို့သာဦးတည်ပြီးအမြန်ပြေးခဲ့တော့တယ်

"ရှောင်းကျန့် မိုးရေတွေလည်းစိုလို့ကွာ"

ဘေးကယွီပင်းအသံကြားတော့ ခုံပေါ်မှောက်နေတဲ့ ရိပေါ်ကခေါင်းထောင်လာတယ် ရှေ့မှာရပ်နေတဲ့ရှောင်းကျန့်ကိုကြည့်မိတော့ ကြွက်စုတ်လေးလိုပဲ

"ဘယ်လိုဖြစ်လာတာလဲ မိုးရွာနေတာကို ထီးမပါဘူးလား"

"မေ့လာလို့"

ရှောင်းကျန့်က၀မ်ရိပေါ်ရဲ့အမေးကိုဖြေရင်း သူ့နေရာသူ၀င်ထိုင်တယ်

"ဟောက်ရွှမ်းရော "

"မိုးအေးလို့မလာဘူးတဲ့"

ရှောင်းကျန့်အမေးကိုယွီပင်းကဖြေတယ် ရှောင်းကျန့်လည်းအတန်းထဲသေချာကြည့်မိမှ လူတော်တော်များများမလာမှန်းသိတယ် မိုးကဖြင့်ဒီလောက်လည်း မဟုတ်ပဲနဲ့ အပျင်းတစ်ပြီးမလာကြတာထင် လာတဲ့သူဆိုလို့ ဆယ်ယောက်တောင်မပြည့်
လူနည်းနေတော့ အခန်းလေးကလည်းအရင်ကလောက်တော့ ဆူညံမနေဘူး ရှေ့တန်းကလူတွေရဲ့စကားသံတိုးတိတိုးတိကတော့ ကြားနေရတုန်းပဲ

၀မ်ရိပေါ်ဒီနေ့ရှောင်းကျန့်ကို သူ့အစ်မအကြောင်းမေးဖြစ်အောင်မေးမယ်လို့တွေးထားတာမို့ ရှောင်းကျန့်ဘက်လှည့်ပြီး စကားပြောဖို့ပြင်လိုက်တယ် ဒါပေမယ့် ရှောင်းကျန့်ရဲ့ရေစိုနေနဲ့ကြွက်စုတ်ဆံပင်လေးကိုမြင်တဲ့အခါ သူပြောမယ့်အကြောင်းအရာတွေက တစ်ခြားအရာတစ်ခုအဖြစ်ပြောင်းလဲပြန်တယ်

၀မ်ရိပေါ်ကရေစိုနေတဲ့ရှောင်းကျန့်ဆံပင်လေးကိုလက်နဲ့အသာဖွပေးတော့ ရှောင်းကျန့်ကသူ့ကိုမျက်လုံးကြည်ကြည်လေးနဲ့မော့ကြည့်လာတယ်

"ရေတွေစိုလို့ ဖျားတော့မှာပဲ"

" နည်းနည်းပဲစိုတာပါ ဟီး"

ရှောင်းကျန့်က ပြောပြီး မျက်လုံးတွေမှိတ်ကျသွားတဲ့ထိပြုံးတယ် အဲ့ဒီအပြုံးကိုအနီးကပ်မြင်နေရတဲ့အခိုက်အတန့်က ၀မ်ရိပေါ်အတွက်အရာရာရပ်တန့်သွားသလိုပဲ ၀မ်ရိပေါ်ရဲ့လက်သွယ်သွယ်လေးတွေက ရှောင်းကျန့်ဆံပင်ပေါ်ကတစ်ဆင့် မိုးရေပေါက်လေးတွေ တစ်ပေါက်စ နှစ်ပေါက်စ ကပ်တွယ်နေတဲ့ ရှောင်းကျန့်ပါးပြင်ပေါ်ကိုသက်ဆင်းတယ် ခုနပြုံးနေတဲ့ရှောင်းကျန့်က ၀မ်ရိပေါ်ရဲ့အပြုမူကြောင့် နှုတ်ခမ်းလေးအနည်းငယ်ပွင့်ဟပြီး မျက်လုံးလေးပြူးလို့၀မ်ရိပေါ်ကိုငေးတယ် ၀မ်ရိပေါ်က ရှောင်းကျန့်ပါးပေါ်ကရေစက်တွေကို လက်မလေးနဲ့အသာယာပွတ်လို့ ဖယ်ရှားတယ် 'နူးညံ့တယ် ရှောင်းကျန့်ရဲ့ပါးပြင်လေးကတကယ်ကိုအိစက်ပြီး နူးညံ့တယ် '

၀မ်ရိပေါ်လက်တွေကတစ်ဖြေးဖြေး ရှောင်းကျန့်နှုတ်ခမ်းအောက်ကမှဲ့နက်လေးဆီအခြေတည်ပြန်တယ် 'ဒီအစက်အပြောက်ကလေး အင်း စတွေ့တည်းက ဒီအစက်အပြောက်ကလေးကို ထိတွေ့ကြည့်ချင်ခဲ့မိတာ'

မှဲ့နက်လေးကတစ်ဆင့် ရှောင်ကျန့်အောက်နှုတ်ခမ်းသားကိုလက်မနဲ့ပွတ်ဆွဲမိပြန်တော့ ၀မ်ရိပေါ်တံတွေးမြိုချမိတယ် အရောင်ဆိုးဆေးအကူညီမပါပဲ ရဲနေတဲ့အဲ့ဒီနှုတ်ခမ်းလေးက အိအိလေး 'ငုံထားချင်တယ်'

၀မ်ရိပေါ်က အောက်နှုတ်ခမ်းကိုပွတ်ဆွဲနေတဲ့အခါ ရှောင်းကျန့်က ရုန်းဖယ်သွားတယ် အဲ့တော့မှ၀မ်ရိပေါ်ကအသိစိတ်ပြန်ကပ်တယ်

"ရေတွေစိုနေလို့သုတ်ပေးတာ"

"အင်း ကျေး ကျေးဇူး"

ရှောင်းကျန့်က​ သူ့ရဲ့ရေစိုနေတဲ့ဆံပင်လေးကို ဖွရင်း ပြောတယ် အဲ့ဒီကောင်လေးက ပြောပြီး သူ့ရဲ့အောက်နှုတ်ခမ်းကိုဖိကိုက်လို့ ခေါင်းငုံသွားတယ်
'မကိုက်နဲ့ ရှောင်းကျန့် အဲ့လိုမျိုး အဲ့လိုမျိုး မကိုက်ပါနဲ့လား ငါတကယ်ရူးချင်တာပဲကွာ'

၀မ်ရိပေါ်လည်း ရှောင်းကျန့်ကို ဆက်မကြည့်နေတော့ပဲ ဟိုဘက်လှည့်ပြီး ယွီပင်းနဲ့စကားပြောနေလိုက်တယ် သူဖြစ်နေတဲ့စိတ်ခံစားချက်တွေကိုသူ့ကိုယ်သူဖုံးကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ပေါ့

"ဒီနေ့ကတော့လူသိပ်မစုံလို့ဒီလောက်ပဲ နောက်အချိန်ဆရာကမလာဘူးတဲ့ တအားဆူညံမနေကြနဲ့နော်"

"ဟုတ်"

တစ်တန်းလုံးမြူးတူးနေတဲ့အသံနဲ့သံပြိုင်အော်လိုက်ကြတယ် နောက်ချိန်ဆရာမလာဘူးဆိုတဲ့စကားက ကျောင်းသားတွေအကြားချင်ဆုံးစကားတွေထဲက တစ်ခွန်းပဲမဟုတ်လား

အတန်းထဲရှိတဲ့လူနည်းစုက ဆရာအတန်းထဲကထွက်သွားတာနဲ့ ခုံပေါ်မှောက်အိပ်လိုက်ကြတယ် ဒီလိုအချိန်ကိုကောင်းကောင်းအသုံးချရမယ်လေ မိုးကလည်းသည်း ရာသီဉတုကလည်း အေးစိမ့်စိမ့်နဲ့ ရှယ်ပဲ

ဂျိမ်း ⚡⚡

"အမလေး"

အတန်းထဲကလူတွေက မိုးခြိမ်းသံကြောင့်လန့်ပြီး ထအော်ကြတယ်

၀မ်ရိပေါ်လည်း တော်တော်လန့်သွားတယ် မိုးခြိမ်းသံကြောင့်တော့မဟုတ်ဘူး ရင်ခွင်ထဲတိုး၀င်လာတဲ့ ရှောင်းကျန့်ကြောင့်

"အာ့ ရှောင်းကျန့် ဘာလုပ်တာလဲ"

"ငါ လန့် လန့်လို့ အဲ့အသံကို "

ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲကနေခေါင်းလေးမော့ကြည့်လို့ပြောတယ်

"မိုးခြိမ်းတာ ဘာမှမဖြစ်ဘူး မကြောက်နဲ့"

"အင်း "

ရှောင်းကျန့်က ၀မ်ရိပေါ်ရင်ခွင်ထဲကထွက်ပြီး ၀မ်ရိပေါ်ကိုကျောပေးလို့သူ့ခုံပေါ်သူပြန်မှောက်အိပ်တယ်

အပြင်ကလျှပ်စီးတွေလျပ်ပြီး မိုးကလည်း တအားသည်းနေတာ မိုးခြိမ်းသံတွေကလည်း တစ်ဂျိမ်းဂျိမ်း ၀မ်ရိပေါ်သူ့ဘေးကယွီပင်းကို လှည့်ကြည့်မိတော့ အိပ်နေလိုက်တာများ မိုးကြိုးပစ်လို့ပြာဖြစ်သွားတောင် သိလိုက်မှာမဟုတ် ခုံပေါ်မှာလည်း သွားရည်ကွက်က အကွင်းလိုက်
'ဒီလောက်မိုးတွေခြိမ်းနေတာတောင် အိပ်နိုင်လိုက်တာ'

၀မ်ရိပေါ်အကြောဆန့်လို့ အတန်းထဲ​ေ၀့ကြည့်မိတော့လည်း ခေါင်းလေးတွေခုံပေါ်မှောက်လို့ အိပ်တဲ့သူအိပ် အချင်းချင်းစကားပြောသူပြောနဲ့

ဘေးကရှောင်းကျန့်ကိုကြည့်မိတော့ ကျောပြင်လေးက တစ်သိမ့်သိမ့်တုန်လို့ ဘာလဲ ငိုနေတာလား

"ရှောင်းကျန့် ရှောင်းကျန့်"

"ဟင်"

သူ့ဘက်ကိုလှည့်လာတဲ့မျက်နှာလေးမှာ နှုတ်ခမ်းလေးတွေက တဆက်ဆက်တုန်လို့ မျက်လုံးလေးတွေမှာ အရည်ကြည်လေးတွေရစ်သိုင်းနေတယ်

ဂျိမ်း

ကျယ်လောင်တဲ့မိုးခြိမ်းသံကြောင့် ရှောင်းကျန့်က သူ့နားနှစ်ဖက်ကို ပိတ်လို့ ခေါင်းလေးကို ငုံ့ချပြီး တစ်ဆက်ဆက်တုန်နေပြန်ရော

"ရှောင်းကျန့် ငါရှိတယ်လေ "

ရိပေါ်က ရှောင်းကျန့်ပုခုံးလေးကို လက်တင်လို့ ခပ်ဖွဖွ လှုပ်ကိုင်ရင်း ​ပြောတယ်

"လာ ငါ့နားတိုးထိုင်"

သူပြောတော့ ရှောင်းကျန့်က ခုံနှစ်လုံထိစပ်တဲ့ထိ သူ့ခုံလေးကို ရိပေါ်ဘက်တိုးကပ်ထိုင်တယ်

"၀မ်ရိပေါ် ငါမင်းကိုမို့ပြောပြတာနော် ငါဒီအသံတွေကို တအားကြောက်တယ်"

ရှောင်းကျန့်သိပ်ကြောက်နေတယ်ဆိုတာ ကြည့်ရုံနဲ့သူသိပါတယ် အောက်နှုတ်ခမ်းလေးတွေတစ်ဆက်ဆက်တုန်တဲ့ထိ အဲ့ဒီကောင်လေးက မိုးခြိမ်းသံတွေကို ကြောက်ပါတယ်

"လာ ခုံပေါ်ကို နားတစ်ဖက်ဖိပြီး အိပ်လိုက် ကျန်တဲ့နားတစ်ဖက်ကို ငါက ဖိပေးထားမှာမို့"

ရှောင်းကျန့်က ၀မ်ရိပေါ်ပြောသလို သူ့ဘက်မျက်နှာမူလို့ ခုံပေါ်ကိုအိပ်တယ် ၀မ်ရိပေါ်ကလည်း ရှောင်းကျန့်ဘက်မျက်နှာမူလို့ အိပ်ရင်း လက်တစ်ဖက်က ရှောင်းကျန့်ပုခုံးပေါ်ကနေ နားရွက်လေးတစ်ဖက်ဆီ အုပ်မိုးပေးတယ် လက်ထိပ်လေးတွေက နားအနောက်ကဆံပင်လေးတွေကို ခပ်ဖွဖွလေး ထိုးဆွပေးတယ်

ခုဆိုသူတို့မျက်နှာနှစ်ခု တော်တော်လေးကိုနီးကပ်နေတဲ့အနေထားတစ်ခုမှာ တစ်ယောက်ရှုထုတ်လိုက်တဲ့က တစ်ယောက်မျက်နှာကိုထိတွေ့ကျီစယ်တဲ့ထိ မျက်နှာအစိတ်အပိုင်းတိုင်းကို အသေးစိတ်တွေ့မြင်နိုင်တဲ့ထိ နီးနီးလေး တကယ့်ကိုနီးနီးလေး

"ရှောင်းကျန့် "

"ဟင်"

"မင်းအကြောင်းတွေ ငါ့ကိုပြောပြပါလားဟင်"

"ငါ့အကြောင်းလား ငါက ပန်းချီလှလှလေးတွေဆွဲတတ်တယ် ကြယ်လေးတွေခေါက်တတ်တယ် ပြီးတော့ လူကောင်းတစ်ယောက်လေ ဟီးဟီး"

"ဟင် "

ရှောင်းကျန့်ရဲ့အဖြေကြောင့် ၀မ်ရိပေါ်ကကြောင်အသွားမိတာတော့အမှန်ပဲ သူသိချင်တဲ့ရှောင်းကျန့်အကြောင်းဆိုတာက 'ငါကငါ့ဦးလေးနဲ့နေတာလေ ၀မ်းကွဲအစ်မတစ်ယောက်လည်းရှိတယ်' အဲ့လိုမျိုးပေါ့ဒါမှသူ သူ့အစ်မအကြောင်းကို ဆက်ပြီးမေးလို့ရမှာလေ

ရှောင်းကျန့်က ၀မ်ရိပေါ်သူ့အကြောင်းမေးတဲ့အခါ သူ့ရဲ့တော်ကြောင်းကောင်းကြောင်းတွေပြောချင်တယ် အကိုထျန်းရန်ကြောင့်သူသိခဲ့တဲ့ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုပြန်သဘောကျဖို့ ကိုယ့်ရဲ့တော်ကြောင်းကောင်းကြောင်းတွေပြောပေးရမယ်ဆိုတဲ့ အတွေးလေးကြောင့်
သူက စာမတော်ပေမယ့် ပန်းချီဆွဲတာတော့ တော်တယ် သေသေသပ်သပ်နဲ့တကယ့်ကိုလှလှလေးတွေဆွဲတတ်တယ် ပြီးတော့
သူက ကြယ်ခေါက်တာလည်းတော်တယ် သူ့အခန်းထဲမှာဆို ဖန်ဘူးလေးနဲ့ထည့်ထားတဲ့ ကြယ်လေးတွေအများကြီးပဲရှိတယ် တခြားရော အင်း ဘာမှမရှိဘူး သူတော်တဲ့ဒီအကြောင်းအရာလေးနှစ်ခုကိုတော့ ၀မ်ရိပေါ်ကိုသိစေချင်တာမို့ ပြီးတော့ သူကလူကောင်း ဟုတ်တယ် သူကဆိုးပေတဲ့ကလေးမှမဟုတ်တာ ၀မ်ရိပေါ်သူ့ကိုပြန်သဘောကျနိုင်လောက်ပါရဲ့

"အာ ငါပြောတာက မင်းမိသားစုအကြောင်းတို့ဘာတို့လေ"

"မိသားစု? ငါ့ပါးနဲ့မားက မရိှတော့ဘူး ငါက ငါ့ဦးလေးနဲ့နေတာ"

"ဒါပဲလား"

"အင်းလေ ဒါနဲ့ငါကကြယ်ခေါက်တာတကယ်တော်တာနော်"

"သြော် အေးပါ "

၀မ်ရိပေါ်မှာတော့ ပြောစရာစကားကိုပျောက်ရှ ဒီရှောင်းကျန့်က ဘယ်လိုလူလဲ ဒဲ့မေးမှရတော့မှာလား

"ဟို မောင်နှမတွေဘာတွေရော ရှိလား"

"မရှိဘူး ပါးနဲ့မားက  ငါတစ်ယောက်တည်း မွေးခဲ့တာ"

ရှောင်းကျန့်ရေ ငါရှင်ချင်တယ်ကွာ မင်းနဲ့တော့ ဟူးး

"၀မ်းကွဲတွေဘာတွေ"

"သြော် ၀မ်းကွဲအစ်မရှိတယ် မျန်မျန်တဲ့ ငါ့ဦးလေးသမီးလေ"

တော်ပါသေး နောက်ဆုံးတော့ သူလိုချင်တဲ့အဖြေဆီရောက်လာလို့သာ

"ဟုတ်လား မင်းအစ်မနဲ့မိတ်ဆက်ပေးပါလား "

"ဘာလို့လဲ"

"ဒီတိုင်း မင်းအစ်မဆိုတော့ ငါ့အစ်မပဲပေါ့ အဲ့တာမို့ သိထားချင်လို့"

"ကျဲကျဲနဲ့ ၀မ်ရိပေါ်က တွေ့မှမတွေ့ဖြစ်တာ ဘယ်လိုမိတ်ဆက်ပေးရမှာလဲ ပြီးတော့ ကျဲကျဲက ငါနဲ့တောင် စကားသိပ်မပြောချင်တာ ငါက မိတ်ဆက်ပေးလို့ဖြစ်ပါ့မလား"

" ဘာလို့လဲ ရန်ဖြစ်ထားကြလို့လား ရပါတယ် တွေ့ဖြစ်ရင်မိတ်ဆက်ပေး လေ နော်"

"အင်းပါ"

၀မ်ရိပေါ်က သူ့ရည်ရွယ်ချက်လေး အောင်မြင်ဖို့လမ်းစတွေ့ပြီမို့ နည်းနည်းမြူးလာတယ် ရှောင်းကျန့်ကတော့ ဘာမှမသိ ကျဲနဲ့၀မ်ရိပေါ်ကတွေ့နိုင်စရာအကြောင်းမရှိတာမို့ ဒီတိုင်းမိတ်ဆက်ပေးမယ်ပြောလိုက်တာ ၀မ်ရိပေါ်ရဲ့တွေ့အောင်ဖန်တီးမယ့်အစီအစဥ္ကို သူမှမသိပဲလေ

အဲ့ဒီနေ့ကတစ်နေကုန် မိုးရွာနေတာမို့ စာလည်း မယ်မယ်ရရမသင်လိုက်ရပဲ ရှောင်းကျန့်က၀မ်ရိပေါ်ကိုငေးရင်း ၀မ်ရိပေါ်ရဲ့လက်မောင်းအောက်မှာပဲ အချိန်တွေကုန်ဆုံးခဲ့တယ် ~~~

[Zawgyi]

ဒီမနက္ရဲ႕ရာသီဥတုကေတာ့ အရင္ေန႔ေတြနဲ႔မတူပဲ ေအးစိမ့္စိမ့္ မိုးမႈန္မိုးမႊားေလးေတြလည္း က်ေနေသးတယ္
ေ႐ွာင္းက်န္႔ေက်ာင္းသြားဖို႔ျပင္ဆင္ၿပီး ေအာက္ထပ္ဆင္းလာေတာ့ မ်န္မ်န္ကအိမ္ေ႐ွ႕ခန္းျပတင္းေပါက္နားမွာထိုင္ၿပီး အျပင္ကိုခပ္ေငးေငးၾကည့္ေနတယ္

"က်ဲက်ဲ ေနမေကာင္းဘူးဆို အျပင္ကေလစိမ္းတိုက္တယ္ ပိုဖ်ားလိမ့္မယ္ေလ"

"ရတယ္ "

" မရပါဘူး လာ က်ဲက်ဲအခန္းထဲလိုက္ပို႔ေပးမယ္ "

"ရပါတယ္ဆို ေ႐ွာင္းက်န္႔ရယ္"

"မရပါဘူးဆို က်ဲက်ဲကလည္း ဒီ့ထက္ပိုၿပီးေနမေကာင္းျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ ခုကဦးေလးယြီလည္း႐ွိတာမဟုတ္ဘူး လာပါ သားအခန္းထဲလိုက္ပို႔မယ္"

ဦးေလးယြီက အလုပ္ကိစၥေတြနဲ႔ခရီးသြားေနတာမို႔ အိမ္မွာမ႐ွိ ေ႐ွာင္းက်န္႔ငယ္ငယ္ကဆို ဦးေလးယြီက ခရီးပဲသြားေနရတာမို႔ အိမ္မွာေနရတယ္ေတာင္သိပ္မ႐ွိ ေနာက္ပိုင္းမွသာ ဘာေၾကာင့္ရယ္မသိခရီးမထြက္ေတာ့တာ အခုႏွစ္ပိုင္းမွသာခရီးျပန္ထြက္ျခင္း

ေ႐ွာင္းက်န္႔ကေျပာရင္း ထိုင္ေနတဲ့မ်န္မ်န္ကို အတင္းဆြဲေခၚေနတာမို႔ မ်န္မ်န္ပဲစိတ္ေလ်ာ့ၿပီး အခန္းထဲလိုက္လာခဲ့ေတာ့တယ္ သူ႕အခန္းထဲေရာက္ေတာ့လည္း ေ႐ွာင္းက်န္႔က ျပတင္းေပါက္ေတြေသခ်ာပိတ္ေပးၿပီး heaterကိုပါသင့္ေတာ္တဲ့အေနထားေသခ်ာလုပ္ေပးသြားေသးတာ

"အဲ့တာဆို သားေက်ာင္းသြားေတာ့မယ္ေနာ္ က်ဲက်ဲ ေဆးေသာက္ဖို႔မေမ့နဲ႔ေနာ္ ဆန္ျပဳတ္လည္းေသာက္ေနာ္ သားမေန႔တည္းကေဒၚႀကီးလီကို က်ဲက်ဲႀကိဳက္တဲ့ပုစြန္နဲ႔လုပ္ေပးဖို႔ေျပာထားတယ္ ျပတင္းေပါက္ေတြလည္းျပန္မဖြင့္နဲ႔ေနာ္ အက်ႌလည္းထူတာ၀တ္ထား အျပင္ဘက္လည္းျပန္မထြက္.."

"ကဲပါ ေ႐ွာင္းက်န္႔ရယ္ သြားမွာသာသြားပါ ငါ့ကိုမွာေနတာနဲ႔ နင့္ေက်ာင္းခ်ိန္လည္းေနာက္က်ေနဦးမယ္"

"ဟီးဟီး အင္းပါ ဒါဆိုသားသြားၿပီ သားမွာတာေတြမေမ့နဲ႔ေနာ္ "

ေ႐ွာင္းက်န္႔ကေျပာရင္း ေအာက္ထပ္ကိုေျပးဆင္းသြားေလရဲ႕ ခဏအၾကာကားသံၾကားတာမို႔ ဒီကေလးေက်ာင္းသြားမွန္းသိလိုက္တယ္ ေ႐ွာင္းက်န္႔က ငယ္ငယ္တည္းက သူမကို ဒီလိုမ်ိဳးဂ႐ုစိုက္ေပးတယ္ ေ႐ွာင္းက်န္႔သာ သူမ ပိုင္ဆိုင္တဲ့အရာေတြကို သူမ ဆီကလုယူေနတာမ်ိဳးမဟုတ္ရင္ သူမ ေ႐ွာင္းက်န္႔ကို ေမာင္အရင္းေလးလိုခ်စ္မိမွာ ေ႐ွာင္းက်န္႔အိမ္စေရာက္တဲ့ေန႔ကသူမမွာေမာင္ေလး
ရၿပီဆိုၿပီး ဘယ္ေလာက္ေတာင္ေပ်ာ္ခဲ့သလဲေလ

ေ႐ွာင္းက်န္႔ေက်ာင္းေ႐ွ႕ေရာက္ေတာ့ မိုးကေတာ္ေတာ္ေတာင္သည္းေနၿပီ ထီးလည္းမပါ မိုးကာလည္းမပါတာမို႔ ေက်ာင္းခန္းထဲေရာက္ဖို႔သာဦးတည္ၿပီးအျမန္ေျပးခဲ့ေတာ့တယ္

"ေ႐ွာင္းက်န္႔ မိုးေရေတြလည္းစိုလို႔ကြာ"

ေဘးကယြီပင္းအသံၾကားေတာ့ ခုံေပၚေမွာက္ေနတဲ့ ရိေပၚကေခါင္းေထာင္လာတယ္ ေ႐ွ႕မွာရပ္ေနတဲ့ေ႐ွာင္းက်န္႔ကိုၾကည့္မိေတာ့ ႂကြက္စုတ္ေလးလိုပဲ

"ဘယ္လိုျဖစ္လာတာလဲ မိုး႐ြာေနတာကို ထီးမပါဘူးလား"

"ေမ့လာလို႔"

ေ႐ွာင္းက်န္႔က၀မ္ရိေပၚရဲ႕အေမးကိုေျဖရင္း သူ႕ေနရာသူ၀င္ထိုင္တယ္

"ေဟာက္႐ႊမ္းေရာ "

"မိုးေအးလို႔မလာဘူးတဲ့"

ေ႐ွာင္းက်န္႔အေမးကိုယြီပင္းကေျဖတယ္ ေ႐ွာင္းက်န္႔လည္းအတန္းထဲေသခ်ာၾကည့္မိမွ လူေတာ္ေတာ္မ်ားမ်ားမလာမွန္းသိတယ္ မိုးကျဖင့္ဒီေလာက္လည္း မဟုတ္ပဲနဲ႔ အပ်င္းတစ္ၿပီးမလာၾကတာထင္ လာတဲ့သူဆိုလို႔ ဆယ္ေယာက္ေတာင္မျပည့္
လူနည္းေနေတာ့ အခန္းေလးကလည္းအရင္ကေလာက္ေတာ့ ဆူညံမေနဘူး ေ႐ွ႕တန္းကလူေတြရဲ႕စကားသံတိုးတိတိုးတိကေတာ့ ၾကားေနရတုန္းပဲ

၀မ္ရိေပၚဒီေန႔ေ႐ွာင္းက်န္႔ကို သူ႕အစ္မအေၾကာင္းေမးျဖစ္ေအာင္ေမးမယ္လို႔ေတြးထားတာမို႔ ေ႐ွာင္းက်န္႔ဘက္လွည့္ၿပီး စကားေျပာဖို႔ျပင္လိုက္တယ္ ဒါေပမယ့္ ေ႐ွာင္းက်န္႔ရဲ႕ေရစိုေနနဲ႔ႂကြက္စုတ္ဆံပင္ေလးကိုျမင္တဲ့အခါ သူေျပာမယ့္အေၾကာင္းအရာေတြက တစ္ျခားအရာတစ္ခုအျဖစ္ေျပာင္းလဲျပန္တယ္

၀မ္ရိေပၚကေရစိုေနတဲ့ေ႐ွာင္းက်န္႔ဆံပင္ေလးကိုလက္နဲ႔အသာဖြေပးေတာ့ ေ႐ွာင္းက်န္႔ကသူ႕ကိုမ်က္လုံးၾကည္ၾကည္ေလးနဲ႔ေမာ့ၾကည့္လာတယ္

"ေရေတြစိုလို႔ ဖ်ားေတာ့မွာပဲ"

" နည္းနည္းပဲစိုတာပါ ဟီး"

ေ႐ွာင္းက်န္႔က ေျပာၿပီး မ်က္လုံးေတြမွိတ္က်သြားတဲ့ထိျပဳံးတယ္ အဲ့ဒီအျပဳံးကိုအနီးကပ္ျမင္ေနရတဲ့အခိုက္အတန္႔က ၀မ္ရိေပၚအတြက္အရာရာရပ္တန္႔သြားသလိုပဲ ၀မ္ရိေပၚရဲ႕လက္သြယ္သြယ္ေလးေတြက ေ႐ွာင္းက်န္႔ဆံပင္ေပၚကတစ္ဆင့္ မိုးေရေပါက္ေလးေတြ တစ္ေပါက္စ ႏွစ္ေပါက္စ ကပ္တြယ္ေနတဲ့ ေ႐ွာင္းက်န္႔ပါးျပင္ေပၚကိုသက္ဆင္းတယ္ ခုနျပဳံးေနတဲ့ေ႐ွာင္းက်န္႔က ၀မ္ရိေပၚရဲ႕အျပဳမူေၾကာင့္ ႏႈတ္ခမ္းေလးအနည္းငယ္ပြင့္ဟၿပီး မ်က္လုံးေလးျပဴးလို႔၀မ္ရိေပၚကိုေငးတယ္ ၀မ္ရိေပၚက ေ႐ွာင္းက်န္႔ပါးေပၚကေရစက္ေတြကို လက္မေလးနဲ႔အသာယာပြတ္လို႔ ဖယ္႐ွားတယ္ 'ႏူးညံ့တယ္ ေ႐ွာင္းက်န္႔ရဲ႕ပါးျပင္ေလးကတကယ္ကိုအိစက္ၿပီး ႏူးညံ့တယ္ '

၀မ္ရိေပၚလက္ေတြကတစ္ေျဖးေျဖး ေ႐ွာင္းက်န္႔ႏႈတ္ခမ္းေအာက္ကမွဲ႔နက္ေလးဆီအေျခတည္ျပန္တယ္ 'ဒီအစက္အေျပာက္ကေလး အင္း စေတြ႕တည္းက ဒီအစက္အေျပာက္ကေလးကို ထိေတြ႕ၾကည့္ခ်င္ခဲ့မိတာ'

မွဲ႔နက္ေလးကတစ္ဆင့္ ေ႐ွာင္က်န္႔ေအာက္ႏႈတ္ခမ္းသားကိုလက္မနဲ႔ပြတ္ဆြဲမိျပန္ေတာ့ ၀မ္ရိေပၚတံေတြးၿမိဳခ်မိတယ္ အေရာင္ဆိုးေဆးအကူညီမပါပဲ ရဲေနတဲ့အဲ့ဒီႏႈတ္ခမ္းေလးက အိအိေလး 'ငုံထားခ်င္တယ္'

၀မ္ရိေပၚက ေအာက္ႏႈတ္ခမ္းကိုပြတ္ဆြဲေနတဲ့အခါ ေ႐ွာင္းက်န္႔က ႐ုန္းဖယ္သြားတယ္ အဲ့ေတာ့မွ၀မ္ရိေပၚကအသိစိတ္ျပန္ကပ္တယ္

"ေရေတြစိုေနလို႔သုတ္ေပးတာ"

"အင္း ေက်း ေက်းဇူး"

ေ႐ွာင္းက်န္႔က​ သူ႕ရဲ႕ေရစိုေနတဲ့ဆံပင္ေလးကို ဖြရင္း ေျပာတယ္ အဲ့ဒီေကာင္ေလးက ေျပာၿပီး သူ႕ရဲ႕ေအာက္ႏႈတ္ခမ္းကိုဖိကိုက္လို႔ ေခါင္းငုံသြားတယ္
'မကိုက္နဲ႔ ေ႐ွာင္းက်န္႔ အဲ့လိုမ်ိဳး အဲ့လိုမ်ိဳး မကိုက္ပါနဲ႔လား ငါတကယ္႐ူးခ်င္တာပဲကြာ'

၀မ္ရိေပၚလည္း ေ႐ွာင္းက်န္႔ကို ဆက္မၾကည့္ေနေတာ့ပဲ ဟိုဘက္လွည့္ၿပီး ယြီပင္းနဲ႔စကားေျပာေနလိုက္တယ္ သူျဖစ္ေနတဲ့စိတ္ခံစားခ်က္ေတြကိုသူ႕ကိုယ္သူဖုံးကြယ္ဖို႔ႀကိဳးစားတဲ့အေနနဲ႔ေပါ့

"ဒီေန႔ကေတာ့လူသိပ္မစုံလို႔ဒီေလာက္ပဲ ေနာက္အခ်ိန္ဆရာကမလာဘူးတဲ့ တအားဆူညံမေနၾကနဲ႔ေနာ္"

"ဟုတ္"

တစ္တန္းလုံးျမဴးတူးေနတဲ့အသံနဲ႔သံၿပိဳင္ေအာ္လိုက္ၾကတယ္ ေနာက္ခ်ိန္ဆရာမလာဘူးဆိုတဲ့စကားက ေက်ာင္းသားေတြအၾကားခ်င္ဆုံးစကားေတြထဲက တစ္ခြန္းပဲမဟုတ္လား

အတန္းထဲ႐ွိတဲ့လူနည္းစုက ဆရာအတန္းထဲကထြက္သြားတာနဲ႔ ခုံေပၚေမွာက္အိပ္လိုက္ၾကတယ္ ဒီလိုအခ်ိန္ကိုေကာင္းေကာင္းအသုံးခ်ရမယ္ေလ မိုးကလည္းသည္း ရာသီဉတုကလည္း ေအးစိမ့္စိမ့္နဲ႔ ႐ွယ္ပဲ

ဂ်ိမ္း ⚡⚡

"အမေလး"

အတန္းထဲကလူေတြက မိုးၿခိမ္းသံေၾကာင့္လန္႔ၿပီး ထေအာ္ၾကတယ္

၀မ္ရိေပၚလည္း ေတာ္ေတာ္လန္႔သြားတယ္ မိုးၿခိမ္းသံေၾကာင့္ေတာ့မဟုတ္ဘူး ရင္ခြင္ထဲတိုး၀င္လာတဲ့ ေ႐ွာင္းက်န္႔ေၾကာင့္

"အာ့ ေ႐ွာင္းက်န္႔ ဘာလုပ္တာလဲ"

"ငါ လန္႔ လန္႔လို႔ အဲ့အသံကို "

ေ႐ွာင္းက်န္႔ကရိေပၚရင္ခြင္ထဲကေနေခါင္းေလးေမာ့ၾကည့္လို႔ေျပာတယ္

"မိုးၿခိမ္းတာ ဘာမွမျဖစ္ဘူး မေၾကာက္နဲ႔"

"အင္း "

ေ႐ွာင္းက်န္႔က ၀မ္ရိေပၚရင္ခြင္ထဲကထြက္ၿပီး ၀မ္ရိေပၚကိုေက်ာေပးလို႔သူ႕ခုံေပၚသူျပန္ေမွာက္အိပ္တယ္

အျပင္ကလွ်ပ္စီးေတြလ်ပ္ၿပီး မိုးကလည္း တအားသည္းေနတာ မိုးၿခိမ္းသံေတြကလည္း တစ္ဂ်ိမ္းဂ်ိမ္း ၀မ္ရိေပၚသူ႕ေဘးကယြီပင္းကို လွည့္ၾကည့္မိေတာ့ အိပ္ေနလိုက္တာမ်ား မိုးႀကိဳးပစ္လို႔ျပာျဖစ္သြားေတာင္ သိလိုက္မွာမဟုတ္ ခုံေပၚမွာလည္း သြားရည္ကြက္က အကြင္းလိုက္
'ဒီေလာက္မိုးေတြၿခိမ္းေနတာေတာင္ အိပ္ႏိုင္လိုက္တာ'

၀မ္ရိေပၚအေၾကာဆန္႔လို႔ အတန္းထဲ​ေဝ့ၾကည့္မိေတာ့လည္း ေခါင္းေလးေတြခုံေပၚေမွာက္လို႔ အိပ္တဲ့သူအိပ္ အခ်င္းခ်င္းစကားေျပာသူေျပာနဲ႔

ေဘးကေ႐ွာင္းက်န္႔ကိုၾကည့္မိေတာ့ ေက်ာျပင္ေလးက တစ္သိမ့္သိမ့္တုန္လို႔ ဘာလဲ ငိုေနတာလား

"ေ႐ွာင္းက်န္႔ ေ႐ွာင္းက်န္႔"

"ဟင္"

သူ႕ဘက္ကိုလွည့္လာတဲ့မ်က္ႏွာေလးမွာ ႏႈတ္ခမ္းေလးေတြက တဆက္ဆက္တုန္လို႔ မ်က္လုံးေလးေတြမွာ အရည္ၾကည္ေလးေတြရစ္သိုင္းေနတယ္

ဂ်ိမ္း

က်ယ္ေလာင္တဲ့မိုးၿခိမ္းသံေၾကာင့္ ေ႐ွာင္းက်န္႔က သူ႕နားႏွစ္ဖက္ကို ပိတ္လို႔ ေခါင္းေလးကို ငုံ႔ခ်ၿပီး တစ္ဆက္ဆက္တုန္ေနျပန္ေရာ

"ေ႐ွာင္းက်န္႔ ငါ႐ွိတယ္ေလ "

ရိေပၚက ေ႐ွာင္းက်န္႔ပုခုံးေလးကို လက္တင္လို႔ ခပ္ဖြဖြ လႈပ္ကိုင္ရင္း ​ေျပာတယ္

"လာ ငါ့နားတိုးထိုင္"

သူေျပာေတာ့ ေ႐ွာင္းက်န္႔က ခုံႏွစ္လုံထိစပ္တဲ့ထိ သူ႕ခုံေလးကို ရိေပၚဘက္တိုးကပ္ထိုင္တယ္

"၀မ္ရိေပၚ ငါမင္းကိုမို႔ေျပာျပတာေနာ္ ငါဒီအသံေတြကို တအားေၾကာက္တယ္"

ေ႐ွာင္းက်န္႔သိပ္ေၾကာက္ေနတယ္ဆိုတာ ၾကည့္႐ုံနဲ႔သူသိပါတယ္ ေအာက္ႏႈတ္ခမ္းေလးေတြတစ္ဆက္ဆက္တုန္တဲ့ထိ အဲ့ဒီေကာင္ေလးက မိုးၿခိမ္းသံေတြကို ေၾကာက္ပါတယ္

"လာ ခုံေပၚကို နားတစ္ဖက္ဖိၿပီး အိပ္လိုက္ က်န္တဲ့နားတစ္ဖက္ကို ငါက ဖိေပးထားမွာမို႔"

ေ႐ွာင္းက်န္႔က ၀မ္ရိေပၚေျပာသလို သူ႕ဘက္မ်က္ႏွာမူလို႔ ခုံေပၚကိုအိပ္တယ္ ၀မ္ရိေပၚကလည္း ေ႐ွာင္းက်န္႔ဘက္မ်က္ႏွာမူလို႔ အိပ္ရင္း လက္တစ္ဖက္က ေ႐ွာင္းက်န္႔ပုခုံးေပၚကေန နား႐ြက္ေလးတစ္ဖက္ဆီ အုပ္မိုးေပးတယ္ လက္ထိပ္ေလးေတြက နားအေနာက္ကဆံပင္ေလးေတြကို ခပ္ဖြဖြေလး ထိုးဆြေပးတယ္

ခုဆိုသူတို႔မ်က္ႏွာႏွစ္ခု ေတာ္ေတာ္ေလးကိုနီးကပ္ေနတဲ့အေနထားတစ္ခုမွာ တစ္ေယာက္႐ႈထုတ္လိုက္တဲ့က တစ္ေယာက္မ်က္ႏွာကိုထိေတြ႕က်ီစယ္တဲ့ထိ မ်က္ႏွာအစိတ္အပိုင္းတိုင္းကို အေသးစိတ္ေတြ႕ျမင္ႏိုင္တဲ့ထိ နီးနီးေလး တကယ့္ကိုနီးနီးေလး

"ေ႐ွာင္းက်န္႔ "

"ဟင္"

"မင္းအေၾကာင္းေတြ ငါ့ကိုေျပာျပပါလားဟင္"

"ငါ့အေၾကာင္းလား ငါက ပန္းခ်ီလွလွေလးေတြဆြဲတတ္တယ္ ၾကယ္ေလးေတြေခါက္တတ္တယ္ ၿပီးေတာ့ လူေကာင္းတစ္ေယာက္ေလ ဟီးဟီး"

"ဟင္ "

ေ႐ွာင္းက်န္႔ရဲ႕အေျဖေၾကာင့္ ၀မ္ရိေပၚကေၾကာင္အသြားမိတာေတာ့အမွန္ပဲ သူသိခ်င္တဲ့ေ႐ွာင္းက်န္႔အေၾကာင္းဆိုတာက 'ငါကငါ့ဦးေလးနဲ႔ေနတာေလ ၀မ္းကြဲအစ္မတစ္ေယာက္လည္း႐ွိတယ္' အဲ့လိုမ်ိဳးေပါ့ဒါမွသူ သူ႕အစ္မအေၾကာင္းကို ဆက္ၿပီးေမးလို႔ရမွာေလ

ေ႐ွာင္းက်န္႔က ၀မ္ရိေပၚသူ႕အေၾကာင္းေမးတဲ့အခါ သူ႕ရဲ႕ေတာ္ေၾကာင္းေကာင္းေၾကာင္းေတြေျပာခ်င္တယ္ အကိုထ်န္းရန္ေၾကာင့္သူသိခဲ့တဲ့ ကိုယ္သေဘာက်တဲ့သူက ကိုယ့္ကိုျပန္သေဘာက်ဖို႔ ကိုယ့္ရဲ႕ေတာ္ေၾကာင္းေကာင္းေၾကာင္းေတြေျပာေပးရမယ္ဆိုတဲ့ အေတြးေလးေၾကာင့္
သူက စာမေတာ္ေပမယ့္ ပန္းခ်ီဆြဲတာေတာ့ ေတာ္တယ္ ေသေသသပ္သပ္နဲ႔တကယ့္ကိုလွလွေလးေတြဆြဲတတ္တယ္ ၿပီးေတာ့
သူက ၾကယ္ေခါက္တာလည္းေတာ္တယ္ သူ႕အခန္းထဲမွာဆို ဖန္ဘူးေလးနဲ႔ထည့္ထားတဲ့ ၾကယ္ေလးေတြအမ်ားႀကီးပဲ႐ွိတယ္ တျခားေရာ အင္း ဘာမွမ႐ွိဘူး သူေတာ္တဲ့ဒီအေၾကာင္းအရာေလးႏွစ္ခုကိုေတာ့ ၀မ္ရိေပၚကိုသိေစခ်င္တာမို႔ ၿပီးေတာ့ သူကလူေကာင္း ဟုတ္တယ္ သူကဆိုးေပတဲ့ကေလးမွမဟုတ္တာ ၀မ္ရိေပၚသူ႕ကိုျပန္သေဘာက်ႏိုင္ေလာက္ပါရဲ႕

"အာ ငါေျပာတာက မင္းမိသားစုအေၾကာင္းတို႔ဘာတို႔ေလ"

"မိသားစု? ငါ့ပါးနဲ႔မားက မရိွေတာ့ဘူး ငါက ငါ့ဦးေလးနဲ႔ေနတာ"

"ဒါပဲလား"

"အင္းေလ ဒါနဲ႔ငါကၾကယ္ေခါက္တာတကယ္ေတာ္တာေနာ္"

"ေၾသာ္ ေအးပါ "

၀မ္ရိေပၚမွာေတာ့ ေျပာစရာစကားကိုေပ်ာက္႐ွ ဒီေ႐ွာင္းက်န္႔က ဘယ္လိုလူလဲ ဒဲ့ေမးမွရေတာ့မွာလား

"ဟို ေမာင္ႏွမေတြဘာေတြေရာ ႐ွိလား"

"မ႐ွိဘူး ပါးနဲ႔မားက  ငါတစ္ေယာက္တည္း ေမြးခဲ့တာ"

ေ႐ွာင္းက်န္႔ေရ ငါ႐ွင္ခ်င္တယ္ကြာ မင္းနဲ႔ေတာ့ ဟူးး

"၀မ္းကြဲေတြဘာေတြ"

"ေၾသာ္ ၀မ္းကြဲအစ္မ႐ွိတယ္ မ်န္မ်န္တဲ့ ငါ့ဦးေလးသမီးေလ"

ေတာ္ပါေသး ေနာက္ဆုံးေတာ့ သူလိုခ်င္တဲ့အေျဖဆီေရာက္လာလို႔သာ

"ဟုတ္လား မင္းအစ္မနဲ႔မိတ္ဆက္ေပးပါလား "

"ဘာလို႔လဲ"

"ဒီတိုင္း မင္းအစ္မဆိုေတာ့ ငါ့အစ္မပဲေပါ့ အဲ့တာမို႔ သိထားခ်င္လို႔"

"က်ဲက်ဲနဲ႔ ၀မ္ရိေပၚက ေတြ႕မွမေတြ႕ျဖစ္တာ ဘယ္လိုမိတ္ဆက္ေပးရမွာလဲ ၿပီးေတာ့ က်ဲက်ဲက ငါနဲ႔ေတာင္ စကားသိပ္မေျပာခ်င္တာ ငါက မိတ္ဆက္ေပးလို႔ျဖစ္ပါ့မလား"

" ဘာလို႔လဲ ရန္ျဖစ္ထားၾကလို႔လား ရပါတယ္ ေတြ႕ျဖစ္ရင္မိတ္ဆက္ေပး ေလ ေနာ္"

"အင္းပါ"

၀မ္ရိေပၚက သူ႕ရည္႐ြယ္ခ်က္ေလး ေအာင္ျမင္ဖို႔လမ္းစေတြ႕ၿပီမို႔ နည္းနည္းျမဴးလာတယ္ ေ႐ွာင္းက်န္႔ကေတာ့ ဘာမွမသိ က်ဲနဲ႔၀မ္ရိေပၚကေတြ႕ႏိုင္စရာအေၾကာင္းမ႐ွိတာမို႔ ဒီတိုင္းမိတ္ဆက္ေပးမယ္ေျပာလိုက္တာ ၀မ္ရိေပၚရဲ႕ေတြ႕ေအာင္ဖန္တီးမယ့္အစီအစၪၠိဳ သူမွမသိပဲေလ

အဲ့ဒီေန႔ကတစ္ေနကုန္ မိုး႐ြာေနတာမို႔ စာလည္း မယ္မယ္ရရမသင္လိုက္ရပဲ ေ႐ွာင္းက်န္႔က၀မ္ရိေပၚကိုေငးရင္း ၀မ္ရိေပၚရဲ႕လက္ေမာင္းေအာက္မွာပဲ အခ်ိန္ေတြကုန္ဆုံးခဲ့တယ္ ~~~


Continue Reading

You'll Also Like

198K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
433K 12.7K 69
**COMPLETED** ~ This book starts off as a Liam Dunbar book but ends as a Theo Raeken book ~ After the events of her sister's death, Willow Argent fel...
111K 13.2K 21
[ B J Y X ] " Why does my heart go pit - a - pat whenever I see that idiot??" This is my 4th work.I give the full credit to the original owner for th...
1.3M 57.5K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC