Unicode
Jane က သူ့အခန်းထဲမှာ စားပွဲခုံလေး ခင်းပြီး ကျောင်းစာေတွ ရေးနေတုန်း Somi က မီးဖိုချောင်ထဲက ထွက်လာပြီး
" Jane.."
" ရှင်..ဒေါ်လေး "
" ဒီမှာ ဂင်ချီထမင်းကြော် တွေ
အများကြီး ဖြစ်နေတယ်
အဲ့တာ ဟိုဘက်က အိမ်ရှင် အိမ်ကို
သွားပို့လိုက်ပါအုံး..
သူတို့လည်း စားရတာပေါ့ "
Jane က ဂင်ချီထမင်းကြော် ပန်းကန်ကို
ကိုင်ကာ အိမ်ရှင် အိမ်ဘက်ကို လျှောက်လာ
သည်။ Jane က သက်ပြင်းချရင်း
ဒေါ်လေးကလည်း
သူ သွားပို့လို့လည်း ရနေတာပဲကို...
_
_
Lisa က သူ့အခန်းကနေ ဧည့်ခန်းထဲကို ထွက်လာတော့ သူ့အမေက TV ထိုင်ကြည့်နေသည်။ Lisa မီးဖိုချောင်မှာ ရေဝင်သောက်ပြီး ပြန်ထွက်လာတော့ အိမ်ေရှ့တံခါးခေါက်သံ ကြားရသည်။ Lisa အမေက ထဖွင့်မယ်
လုပ်တော့ Lisa က
" ရတယ် အမေ..သမီး သွားဖွင့်လိုက်မယ် "
" အေး..သမီး.."
Lisa အိမ်တံခါး ဖွင့်ပြီး ကြည့်လိုက်တော့ ဂင်ချီထမင်းကြော် ပန်းကန်နဲ့ ရပ်နေတဲ့
Jane ...
" ဪ..မင်းကိုး.."
" ဟုတ်ကဲ့..Jane ပါ..
အိမ်မှာ ဂင်ချီထမင်းကြော်ေတွ လုပ်လို့
ဒေါ်လေးက ပို့ခိုင်းလို့ပါ.."
Lisa က ဘာမှပြန်မပြောပဲ Jane ကိုသာ
စိုက်ကြည့်နေသည်။ Lisa အဲ့လို ကြည့်နေတော့လည်း Janeတစ်ယောက် ကြက်သီး
ထရပြန်သည်။ Jane စိတ်ထဲ၌
ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲဟ
ငါ ရုတ်တရက်ကြီး ကြောက်လာသလို
တောင် ခံစားေနရတယ်...
စိတ်ခံစားမှု ကင်းသလိုဖြစ်နေတဲ့ သူ့မျက်လုံးတွေကို ငါ ကြည့်မိတိုင်း စိတ်ထဲ တစ်မျိုးပဲ...
" Lisa..သမီးရေ
ဘယ်သူတဲ့လဲ..ဪ..ဟိုဘက်အိမ်က
Jane ပါလား.."
Lisa အနောက်က ရောက်လာတဲ့ Lisa အမေကြောင့် Jane လည်း Lisa ရဲ့ မျက်ဝန်း
စက်ကွင်းက လွတ်သွားသည်။ Jane က
လည်ချောင်းတွေ ဘာတွေ ရှင်းရင်း
" ဟုတ်ကဲ့..အဒေါ် ..သမီး ဂင်ချီထမင်းကြော်
လာပို့တာပါ..."
" ဪ..အေး..အေး ကျေးဇူးပါကွယ်
အားနာစရာကြီး.."
Jane က Lisa အမေ လက်ထဲကို ပန်းကန်
ပေးရင်း
" ရပါတယ်..အဒေါ်..ရဲ့"
" ခဏနော်..Jane လေး
အဒေါ် ပန်းကန်သွားလှယ်လိုက်အုံးမယ်"
Lisa အမေက မီးဖိုချောင်ထဲ ဝင်သွားသည်။ သူတို့ ၂ယောက်ကတော့ အဲ့နေရာမှာပင် ရပ်နေကြပြီး ဘာမှတော့ မပြောကြ။
စောစောက မျက်လုံးချင်းစုံနေတာ သူတို့မဟုတ်သလိုပင် ။
____
" မင်း ကျောင်းတတ်ရတာ ဘယ်လိုလဲ..?"
ခဏတာ တိတ်ဆိတ်ပြီးမှ Lisa ဆီကရုတ်တရက် ထပ်ထွက်လာတဲ့
ပထမဆုံးစကား...
Jane က ခေါင်းလေး တညိတ်ညိတ်နဲ့သာ
ပြန်ဖြေလိုက်သည်။
" အာ..အင်း အဆင်ပြေပါတယ် "
" ဟုတ်လား.."
Lisa အဲ့တာထက် ဆက်မပြောတော့။
Jane အံ့ဩသလိုတော့ ဖြစ်မိတယ်...
Lisa က အခုမှ Jane ကို ပထမဆုံး စကားစပြောတာလေ....
" ကဲ..Jane ..ရော့..ပန်းကန်
သမီး ဒေါ်လေးကိုလည်း ကျေးဇူးတင်
ပါတယ် လို့ ပြောလိုက်ပါအုံး.."
" ဟုတ်ကဲ့..အဒေါ်
ဒါဆို Jane ကို ခွင့်ပြုပါအုံး.."
Jane က Lisa အမေကို နှုတ်ဆက်ပြီး
Lisa ကိုတစ်ချက်ပြန်ကြည့်လိုက်သည်။
Lisa ကလည်း Jane ကို ပြန်ကြည့်နေသည်။
_
_
_
Jane က သူ့အခန်းထဲက အိပ်ရာပေါ် လှဲချလိုက်သည်။ အဲ့အချိန်မှာပဲ Jane ရဲ့
အတွေးတွေ စလာပါပြီ...
Lisa ကိုကြည့်တိုင်း သူ့မျက်လုံးတွေက
Jane အတွက် ထူးဆန်းစရာ တစ်ခုလိုပဲ...
ဒါပေမဲ့ Lisa နဲ့ ပထမဆုံးစကားပြောပြီး
ကတည်းက သူ့ကို သိပ်မကြောက်တော့ဘူး
သေချာစဉ်းစားကြည့်ရင် သူက သိပ်တော့ကြောက်ဖို့ မကောင်းပါဘူး..
Chae ပြောသလိုပဲ..
သူက လူတွေနဲ့ စကားပြောရမှာကို
စိတ်ရှုပ်စရာ ထင်တယ်ဆိုတာ ဟုတ်မှာ...
သူသိချင်တဲ့ အကြောင်းအရာလောက်က
လွဲရင် ကျန်တာတွေအတွက် သူစကားမပြော
ဘူး..
သူသိချင်တဲ့
ကျောင်းတတ်ရတာ ဘယ်လိုလဲ
တစ်ခုပဲ မေးသလိုပေါ့...
Jane တစ်ယောက် ဟိုဘက်ဒီဘက် လှိမ့်ရင်းနဲ့ပဲ Lisa အကြောင်းကို စဉ်းစားနေမိသည်။
ဒါပေမဲ့ သာမန်ထက်ကို ပိုပြီး အနေအေးတဲ့သူ့ရဲ့ ပုံစံက လူတွေအတွက် ခြောက်ခြားစရာ
လို ဖြစ်နေတာ....
Jane က သက်ပြင်းချရင်း စိတ်ထဲ၌
သူ ငါ့ကို ဒီထက် ပိုရင်းရင်းနှီးနှီး
ဆက်ဆံရင်တော့ ကောင်းသား..
Jane သူ့ကိုယ်သူ ပြန်သတိရပြီး ရေရွတ်ရင်း
" ဟမ်.. ငါ ဘာဖြစ်နေတာလဲ..
ငါက.. Lisa နဲ့ ရင်းနှီးနိုင်ဖို့
မျှော်လင့်နေတာလား
သူ ငါ့ကို စကားပြောလာပါစေ
အာရုံစိုက်လာပါစေ ဆိုတဲ့ စိတ်တွေ ဖြစ်နေ
တာလား.. မနောက်နဲ့နော် .. Jane ရေ "
_
_
_
အဲ့နေ့ ပြီးကတည်းက အရာအားလုံးက
ဒီပုံစံအတိုင်းပါပဲ...
Jane က မနက်တိုင်း ကျောင်းကို အစောကြီး
သွားတတ်ပေမဲ့ Lisa က နည်းနည်းနောက်ကျမှ သွားတတ်တယ်
ဒါပေမဲ့ အိမ်ပြန်လာရင်တော့ Lisa ကအရင်
ပြန်ရောက်နေတတ်ပြီး Jane ကတော့
Chae တို့ Soo တို့နဲ့ အတူ မုန့်ဆိုင်တို့ ဘာတို့မှာ အချိန်ကုန်ပြီးမှ ပြန်လာလေ့ရှိတယ်။
Soo က စကားမပြောတတ်ပေလို့ပဲ..
တကယ် ဟာသဉာဏ်ရွှင်တဲ့ သူငယ်ချင်းပါ
Soo ရဲ့ မထိတထိအပြုံးနဲ့ ဟာသစာ တွေ
ရေးရင် အရမ်းရယ်ရပါတယ်
စိတ်ထားလည်းကောင်းပြီး အမြဲပြုံးနေတတ်တဲ့ Sooနဲ့ တွေ့ရတာ Jane ကံကောင်းတယ်လို့ ထင်ပါတယ် ...
Chae ကတော့ Jane တို့ရဲ့ အတန်းခေါင်းဆောင်ပီပီ ဟိတ်နဲ့ဟန်နဲ့ နေတတ်တဲ့ သူမျိုးပါ...ဒါပေမဲ့ သူက ဖော်ရွေပြီး
ခင်တတ်ပါတယ်
Lisa အကြောင်း တစ်ချို့လည်း Chae
ပြောပြတာကြောင့် Jane သိခဲ့ရတယ်
သူ့ငယ်ဘဝက လုံးဝပျော်စရာမကောင်းတဲ့
မိသားစု အခြေအနေနဲ့ ဖြတ်သန်းခဲ့ရတာတဲ့
အဲ့တာကြောင့်များ Lisa က...
____
" Chae.."
" အင်း ပြောလေ Jane "
Jane ၊ Chae နဲ့ Soo တို့ ကျောင်းကအပြန် လမ်းလျှောက်လာရင်း Jane က မေးတာပင်။
" Lisa ကလေ ..အမြဲ အဲ့လို မျက်နှာသေကြီး
နဲ့ပဲ နေနေတာလား...
Jane ပြောချင်တာက..သူပြုံးတဲ့ အချိန်
တောင် မရှိဘူးလား..? "
Soo ကတော့ ဒီတိုင်းနားထောင်ဟန်နဲ့
Chae ကို ကြည့်နေသည်။ Chae စဉ်းစားပြီး
" ဟင့်အင်း.. မရှိဘူး
Lisa နဲ့ Chae ရင်းနှီးတာ 10 နှစ်လောက်
ရှိနေပြီ
အခုထိ Lisa စိတ်ပါပါနဲ့ ရယ်ပြုံးတာ
မတွေ့ဖူးဘူး.."
Jane က နားထောင်ပြီး
" အဲ့လိုလား.."
" အင်း..ဒါပေမဲ့ Lisa က တစ်ခါတစ်လေ
ကျရင် ရွဲ့ပြုံးတော့ ပြုံးတတ်တယ်..
အဲ့တာတောင် ဆယ်ခါရံမှ တစ်ခါပါ "
Soo က ချက်ချင်း စာချရေးပြီး စာအုပ် ထောင်ပြလာသည်။
* သူက တကယ့် ရေခဲတုံးကြီးပေါ့...*
Chae က ရယ်ပြီး ခေါင်းညိတ်ကာ
" ဟုတ်ပါ့..Soo ရေ
တကယ့် ရေခဲတုံးကြီး ပါ "
_
_
_
Jane က
" ဒီနေ့ သွားနေကြလမ်းက ပိတ်ထားတယ်
ငါ လမ်းလွှဲသွားရမယ် ထင်တယ် "
Chae က ခေါင်းညိတ်ပြသည်။
" အဲ့ဆို Jane ပြန်နှင့်ပြီနော်.."
Jane က လမ်းတစ်ဝက်ရောက်တော့
Chae နဲ့ Soo တို့နဲ့ လမ်းခွဲခဲ့သည် ..
Chae က Soo လိုက်ပို့နေကျ ဆိုတော့
အခုလည်း Jane တစ်ယောက်တည်းပေါ့...
ဒီနေ့ကျမှ Jane သွားမယ့် လမ်းက ပိတ်နေတော့ လမ်းနောက်တစ်ခုကနေ ကွေ့သွားရတယ်..
နောက်လမ်းက ပိုရှည်တော့ နည်းနည်းတော့
ပိုလျှောက်ရတယ့် အပြင်ကို အိမ်လည်း
သိပ်မရှိပဲ လူကလည်း ပြတ်သေးတယ်..
Jane အဲ့လမ်းဘက်နေ လျှောက်လို့
မှမကြာဘူး
Jane နားကို လူစိမ်း နှစ်ယောက် ကပ်လာပြီး Jane ရှေ့က ပိတ်ရပ်လိုက်တယ်..
___
" ဟေး..ကျောင်းသူလေး
တစ်ယောက်တည်း ပြန်တာလား.."
" ကိုကြီးတို့ကို နည်းနည်းပါးပါး ပေးကမ်း
မစွန့်ကြဲခဲ့ချင်ဘူး..."
" မင်းလေးက ချစ်စရာလေးပဲ.."
ရီဝေဝေ မျက်လုံးတွေနဲ့ ဒီလို စကားတွေ
ပြောနေတဲ့ လူနှစ်ယောက်ကို Jane ကြောက်မိသည်။ ရုတ်တရက်မို့လို့ Jane ဘာလုပ်ရမှန်း မသိ။
ထွက်ပြေးရမှာလား?
ငါက အပြေးမသန်ဘူးဟ..
ထွက်ပြေးလို့လဲ မိမှာ ကျိန်းသေနေတယ်
_
_
Chae က Soo နဲ့ လျှောက်လာရင်း ရုတ်တရက်ပြန်သတိရကာ
" အင်.. Jane .. လမ်းအသစ်က သွားတာ
ဟိုလမ်းက များလား..? "
Soo က Chae ပြောတာ ကြောင်တောင်တောင်နဲ့ပင် ။
_
_
" ဟို..ဟို..လေ..ညီမမှာ ပိုက်ဆံ အဲ့လိုမပါဘူး
ညီမက ငမွဲ ပါ..
အခုအိတ်ထဲမှာလည်း ဘာမှ မပါပါဘူး
တကယ်ပါ...
အထဲမှာ ကျောင်းစာအုပ်တွေပဲ ပါတာပါ
ညီမက အိမ်တောင် ငှားနေရတာပါ
အိမ်ဆို ေသးေသးေလးတောင်
မပိုင်သေးပါဘူး.."
ဟယ်..ငါ ကြောက်ကြောက်နဲ့
ဘာတွေပြောမိနေတာလဲ...
ငါ ရူးများနေတာလား..
____
" ဟာ..ညီမလေးကလည်း..
ရှိသမျှသာ ပေးလိုက်ပါ
ကိုကြီးတို့က စိတ်မရှည်ဘူးနော်..
အော်ဖို့လည်း မစဉ်းစားနဲ့
ဒီမှာ.. တွေ့တယ်မလား.."
သူတို့ထဲက တစ်ယောက်က ခါးကြားထဲမှာ ထိုးထားတဲ့ ဓားမြှောင်တိုလေးကို ထုတ်ပြသည်။
Jane အနားကို ပိုကပ်လာတဲ့ အဲ့လူ
နှစ်ယောက် ကို Jane ပိုလန့်လာသည်။ ဒီနေ့ကျမှ Jane အိတ်ထဲမှာလည်း ပိုက်ဆံက
တကယ် တစ်ပြားမှ မရှိတာပါ...
Jane က ချွေတာတတ်တဲ့ လူမို့လို့ မလိုအပ်ပဲ ပိုက်ဆံတောင် မသုံးပါဘူး...
ငါ အော်လိုက်ရင်လည်း သူတို့က ငါ့ကို
ဓားနဲ့ ထိုးလိမ့်မယ်
ငါကြောက်တယ်...
ငါ ဘယ်လို လုပ်ရပါ့မလဲ..
**********************
တမ်းတလိုက်တာကတော့
အမည်မရှိပဲ..မသေချာတဲ့ တစ်စုံတစ်ယောက်ပါပဲ...
ဒါပေမဲ့..
အဲ့တစ်စံုတစ်ယောက်က နင်ဖြစ်နေခဲ့တာ...
Jane
_
_
_
Zawgyi
Jane က သူ႕အခန္းထဲမွာ စားပြဲခုံေလး ခင္းၿပီး ေက်ာင္းစာေတွ ေရးေနတုန္း Somi က မီးဖိုေခ်ာင္ထဲက ထြက္လာၿပီး
" Jane.."
" ရွင္..ေဒၚေလး "
" ဒီမွာ ဂင္ခ်ီထမင္းေၾကာ္ ေတြ
အမ်ားႀကီး ျဖစ္ေနတယ္
အဲ့တာ ဟိုဘက္က အိမ္ရွင္ အိမ္ကို
သြားပို႔လိုက္ပါအုံး..
သူတို႔လည္း စားရတာေပါ့ "
Jane က ဂင္ခ်ီထမင္းေၾကာ္ ပန္းကန္ကို
ကိုင္ကာ အိမ္ရွင္ အိမ္ဘက္ကို ေလွ်ာက္လာ
သည္။ Jane က သက္ျပင္းခ်ရင္း
ေဒၚေလးကလည္း
သူ သြားပို႔လို႔လည္း ရေနတာပဲကို...
_
_
Lisa က သူ႕အခန္းကေန ဧည့္ခန္းထဲကို ထြက္လာေတာ့ သူ႕အေမက TV ထိုင္ၾကည့္ေနသည္။ Lisa မီးဖိုေခ်ာင္မွာ ေရဝင္ေသာက္ၿပီး ျပန္ထြက္လာေတာ့ အိမ္ေရှ့တံခါးခေါက်သံ ၾကားရသည္။ Lisa အေမက ထဖြင့္မယ္
လုပ္ေတာ့ Lisa က
" ရတယ္ အေမ..သမီး သြားဖြင့္လိုက္မယ္ "
" ေအး..သမီး.."
Lisa အိမ္တံခါး ဖြင့္ၿပီး ၾကည့္လိုက္ေတာ့ ဂင္ခ်ီထမင္းေၾကာ္ ပန္းကန္နဲ႕ ရပ္ေနတဲ့
Jane ...
" ဪ..မင္းကိုး.."
" ဟုတ္ကဲ့..Jane ပါ..
အိမ္မွာ ဂင္ခ်ီထမင္းေၾကာ္ေတွ လုပ္လို႔
ေဒၚေလးက ပို႔ခိုင္းလို႔ပါ.."
Lisa က ဘာမွျပန္မေျပာပဲ Jane ကိုသာ
စိုက္ၾကည့္ေနသည္။ Lisa အဲ့လို ၾကည့္ေနေတာ့လည္း Janeတစ္ေယာက္ ၾကက္သီး
ထရျပန္သည္။ Jane စိတ္ထဲ၌
ဘာလို႔ ငါ့ကို အဲ့လိုႀကီး ၾကည့္ေနတာလဲဟ
ငါ ႐ုတ္တရက္ႀကီး ေၾကာက္လာသလို
ေတာင္ ခံစားေနရတယ်...
စိတ္ခံစားမႈ ကင္းသလိုျဖစ္ေနတဲ့ သူ႕မ်က္လုံးေတြကို ငါ ၾကည့္မိတိုင္း စိတ္ထဲ တစ္မ်ိဳးပဲ...
" Lisa..သမီးေရ
ဘယ္သူတဲ့လဲ..ဪ..ဟိုဘက္အိမ္က
Jane ပါလား.."
Lisa အေနာက္က ေရာက္လာတဲ့ Lisa အေမေၾကာင့္ Jane လည္း Lisa ရဲ႕ မ်က္ဝန္း
စက္ကြင္းက လြတ္သြားသည္။ Jane က
လည္ေခ်ာင္းေတြ ဘာေတြ ရွင္းရင္း
" ဟုတ္ကဲ့..အေဒၚ ..သမီး ဂင္ခ်ီထမင္းေၾကာ္
လာပို႔တာပါ..."
" ဪ..ေအး..ေအး ေက်းဇူးပါကြယ္
အားနာစရာႀကီး.."
Jane က Lisa အေမ လက္ထဲကို ပန္းကန္
ေပးရင္း
" ရပါတယ္..အေဒၚ..ရဲ႕"
" ခဏေနာ္..Jane ေလး
အေဒၚ ပန္းကန္သြားလွယ္လိုက္အုံးမယ္"
Lisa အေမက မီးဖိုေခ်ာင္ထဲ ဝင္သြားသည္။ သူတို႔ ၂ေယာက္ကေတာ့ အဲ့ေနရာမွာပင္ ရပ္ေနၾကၿပီး ဘာမွေတာ့ မေျပာၾက။
ေစာေစာက မ်က္လုံးခ်င္းစုံေနတာ သူတို႔မဟုတ္သလိုပင္ ။
____
" မင္း ေက်ာင္းတတ္ရတာ ဘယ္လိုလဲ..?"
ခဏတာ တိတ္ဆိတ္ၿပီးမွ Lisa ဆီက႐ုတ္တရက္ ထပ္ထြက္လာတဲ့
ပထမဆုံးစကား...
Jane က ေခါင္းေလး တညိတ္ညိတ္နဲ႕သာ
ျပန္ေျဖလိုက္သည္။
" အာ..အင္း အဆင္ေျပပါတယ္ "
" ဟုတ္လား.."
Lisa အဲ့တာထက္ ဆက္မေျပာေတာ့။
Jane အံ့ဩသလိုေတာ့ ျဖစ္မိတယ္...
Lisa က အခုမွ Jane ကို ပထမဆုံး စကားစေျပာတာေလ....
" ကဲ..Jane ..ေရာ့..ပန္းကန္
သမီး ေဒၚေလးကိုလည္း ေက်းဇူးတင္
ပါတယ္ လို႔ ေျပာလိုက္ပါအုံး.."
" ဟုတ္ကဲ့..အေဒၚ
ဒါဆို Jane ကို ခြင့္ျပဳပါအုံး.."
Jane က Lisa အေမကို ႏႈတ္ဆက္ၿပီး
Lisa ကိုတစ္ခ်က္ျပန္ၾကည့္လိုက္သည္။
Lisa ကလည္း Jane ကို ျပန္ၾကည့္ေနသည္။
_
_
_
Jane က သူ႕အခန္းထဲက အိပ္ရာေပၚ လွဲခ်လိဳက္သည္။ အဲ့အခ်ိန္မွာပဲ Jane ရဲ႕
အေတြးေတြ စလာပါၿပီ...
Lisa ကိုၾကည့္တိုင္း သူ႕မ်က္လုံးေတြက
Jane အတြက္ ထူးဆန္းစရာ တစ္ခုလိုပဲ...
ဒါေပမဲ့ Lisa နဲ႕ ပထမဆုံးစကားေျပာၿပီး
ကတည္းက သူ႕ကို သိပ္မေၾကာက္ေတာ့ဘူး
ေသခ်ာစဥ္းစားၾကည့္ရင္ သူက သိပ္ေတာ့ေၾကာက္ဖို႔ မေကာင္းပါဘူး..
Chae ေျပာသလိုပဲ..
သူက လူေတြနဲ႕ စကားေျပာရမွာကို
စိတ္ရႈပ္စရာ ထင္တယ္ဆိုတာ ဟုတ္မွာ...
သူသိခ်င္တဲ့ အေၾကာင္းအရာေလာက္က
လြဲရင္ က်န္တာေတြအတြက္ သူစကားမေျပာ
ဘူး..
သူသိခ်င္တဲ့
ေက်ာင္းတတ္ရတာ ဘယ္လိုလဲ
တစ္ခုပဲ ေမးသလိုေပါ့...
Jane တစ္ေယာက္ ဟိုဘက္ဒီဘက္ လွိမ့္ရင္းနဲ႕ပဲ Lisa အေၾကာင္းကို စဥ္းစားေနမိသည္။
ဒါေပမဲ့ သာမန္ထက္ကို ပိုၿပီး အေနေအးတဲ့သူ႕ရဲ႕ ပုံစံက လူေတြအတြက္ ေျခာက္ျခားစရာ
လို ျဖစ္ေနတာ....
Jane က သက္ျပင္းခ်ရင္း စိတ္ထဲ၌
သူ ငါ့ကို ဒီထက္ ပိုရင္းရင္းႏွီးႏွီး
ဆက္ဆံရင္ေတာ့ ေကာင္းသား..
Jane သူ႕ကိုယ္သူ ျပန္သတိရၿပီး ေရ႐ြတ္ရင္း
" ဟမ္.. ငါ ဘာျဖစ္ေနတာလဲ..
ငါက.. Lisa နဲ႕ ရင္းႏွီးနိုင္ဖို႔
ေမွ်ာ္လင့္ေနတာလား
သူ ငါ့ကို စကားေျပာလာပါေစ
အာ႐ုံစိုက္လာပါေစ ဆိုတဲ့ စိတ္ေတြ ျဖစ္ေန
တာလား.. မေနာက္နဲ႕ေနာ္ .. Jane ေရ "
_
_
_
အဲ့ေန႕ ၿပီးကတည္းက အရာအားလုံးက
ဒီပုံစံအတိုင္းပါပဲ...
Jane က မနက္တိုင္း ေက်ာင္းကို အေစာႀကီး
သြားတတ္ေပမဲ့ Lisa က နည္းနည္းေနာက္က်မွ သြားတတ္တယ္
ဒါေပမဲ့ အိမ္ျပန္လာရင္ေတာ့ Lisa ကအရင္
ျပန္ေရာက္ေနတတ္ၿပီး Jane ကေတာ့
Chae တို႔ Soo တို႔နဲ႕ အတူ မုန႔္ဆိုင္တို႔ ဘာတို႔မွာ အခ်ိန္ကုန္ၿပီးမွ ျပန္လာေလ့ရွိတယ္။
Soo က စကားမေျပာတတ္ေပလို႔ပဲ..
တကယ္ ဟာသဉာဏ္႐ႊင္တဲ့ သူငယ္ခ်င္းပါ
Soo ရဲ႕ မထိတထိအၿပဳံးနဲ႕ ဟာသစာ ေတြ
ေရးရင္ အရမ္းရယ္ရပါတယ္
စိတ္ထားလည္းေကာင္းၿပီး အၿမဲၿပဳံးေနတတ္တဲ့ Sooနဲ႕ ေတြ႕ရတာ Jane ကံေကာင္းတယ္လို႔ ထင္ပါတယ္ ...
Chae ကေတာ့ Jane တို႔ရဲ႕ အတန္းေခါင္းေဆာင္ပီပီ ဟိတ္နဲ႕ဟန္နဲ႕ ေနတတ္တဲ့ သူမ်ိဳးပါ...ဒါေပမဲ့ သူက ေဖာ္ေ႐ြၿပီး
ခင္တတ္ပါတယ္
Lisa အေၾကာင္း တစ္ခ်ိဳ႕လည္း Chae
ေျပာျပတာေၾကာင့္ Jane သိခဲ့ရတယ္
သူ႕ငယ္ဘဝက လုံးဝေပ်ာ္စရာမေကာင္းတဲ့
မိသားစု အေျခအေနနဲ႕ ျဖတ္သန္းခဲ့ရတာတဲ့
အဲ့တာေၾကာင့္မ်ား Lisa က...
____
" Chae.."
" အင္း ေျပာေလ Jane "
Jane ၊ Chae နဲ႕ Soo တို႔ ေက်ာင္းကအျပန္ လမ္းေလွ်ာက္လာရင္း Jane က ေမးတာပင္။
" Lisa ကေလ ..အၿမဲ အဲ့လို မ်က္ႏွာေသႀကီး
နဲ႕ပဲ ေနေနတာလား...
Jane ေျပာခ်င္တာက..သူၿပဳံးတဲ့ အခ်ိန္
ေတာင္ မရွိဘူးလား..? "
Soo ကေတာ့ ဒီတိုင္းနားေထာင္ဟန္နဲ႕
Chae ကို ၾကည့္ေနသည္။ Chae စဥ္းစားၿပီး
" ဟင့္အင္း.. မရွိဘူး
Lisa နဲ႕ Chae ရင္းႏွီးတာ 10 ႏွစ္ေလာက္
ရွိေနၿပီ
အခုထိ Lisa စိတ္ပါပါနဲ႕ ရယ္ၿပဳံးတာ
မေတြ႕ဖူးဘူး.."
Jane က နားေထာင္ၿပီး
" အဲ့လိုလား.."
" အင္း..ဒါေပမဲ့ Lisa က တစ္ခါတစ္ေလ
က်ရင္ ႐ြဲ႕ၿပဳံးေတာ့ ၿပဳံးတတ္တယ္..
အဲ့တာေတာင္ ဆယ္ခါရံမွ တစ္ခါပါ "
Soo က ခ်က္ခ်င္း စာခ်ေရးၿပီး စာအုပ္ ေထာင္ျပလာသည္။
* သူက တကယ့္ ေရခဲတုံးႀကီးေပါ့...*
Chae က ရယ္ၿပီး ေခါင္းညိတ္ကာ
" ဟုတ္ပါ့..Soo ေရ
တကယ့္ ေရခဲတုံးႀကီး ပါ "
_
_
_
Jane က
" ဒီေန႕ သြားေနၾကလမ္းက ပိတ္ထားတယ္
ငါ လမ္းလႊဲသြားရမယ္ ထင္တယ္ "
Chae က ေခါင္းညိတ္ျပသည္။
" အဲ့ဆို Jane ျပန္ႏွင့္ၿပီေနာ္.."
Jane က လမ္းတစ္ဝက္ေရာက္ေတာ့
Chae နဲ႕ Soo တို႔နဲ႕ လမ္းခြဲခဲ့သည္ ..
Chae က Soo လိုက္ပို႔ေနက် ဆိုေတာ့
အခုလည္း Jane တစ္ေယာက္တည္းေပါ့...
ဒီေန႕က်မွ Jane သြားမယ့္ လမ္းက ပိတ္ေနေတာ့ လမ္းေနာက္တစ္ခုကေန ေကြ႕သြားရတယ္..
ေနာက္လမ္းက ပိုရွည္ေတာ့ နည္းနည္းေတာ့
ပိုေလွ်ာက္ရတယ့္ အျပင္ကို အိမ္လည္း
သိပ္မရွိပဲ လူကလည္း ျပတ္ေသးတယ္..
Jane အဲ့လမ္းဘက္ေန ေလွ်ာက္လို႔
မွမၾကာဘူး
Jane နားကို လူစိမ္းနှစ်ေယာက္ ကပ္လာၿပီး Jane ေရွ႕က ပိတ္ရပ္လိုက္တယ္..
___
" ေဟး..ေက်ာင္းသူေလး
တစ္ေယာက္တည္း ျပန္တာလား.."
" ကိုႀကီးတို႔ကို နည္းနည္းပါးပါး ေပးကမ္း
မစြန႔္ႀကဲခဲ့ခ်င္ဘူး..."
" မင္းေလးက ခ်စ္စရာေလးပဲ.."
ရီေဝေဝ မ်က္လုံးေတြနဲ႕ ဒီလို စကားေတြ
ေျပာေနတဲ့ လူႏွစ္ေယာက္ကို Jane ေၾကာက္မိသည္။ ႐ုတ္တရက္မို႔လို႔ Jane ဘာလုပ္ရမွန္း မသိ။
ထြက္ေျပးရမွာလား?
ငါက အေျပးမသန္ဘူးဟ..
ထြက္ေျပးလို႔လဲ မိမွာ က်ိန္းေသေနတယ္
_
_
Chae က Soo နဲ႕ ေလွ်ာက္လာရင္း ႐ုတ္တရက္ျပန္သတိရကာ
" အင္.. Jane .. လမ္းအသစ္က သြားတာ
ဟိုလမ္းက မ်ားလား..? "
Soo က Chae ေျပာတာ ေၾကာင္ေတာင္ေတာင္နဲ႕ပင္ ။
_
_
" ဟို..ဟို..ေလ..ညီမမွာ ပိုက္ဆံ အဲ့လိုမပါဘူး
ညီမက ငမြဲ ပါ..
အခုအိတ္ထဲမွာလည္း ဘာမွ မပါပါဘူး
တကယ္ပါ...
အထဲမွာ ေက်ာင္းစာအုပ္ေတြပဲ ပါတာပါ
ညီမက အိမ္ေတာင္ ငွားေနရတာပါ
အိမ္ဆို ေသးေသးေလးတောင်
မပိုင္ေသးပါဘူး.."
ဟယ္..ငါ ေၾကာက္ေၾကာက္နဲ႕
ဘာေတြေျပာမိေနတာလဲ...
ငါ ႐ူးမ်ားေနတာလား..
___
" ဟာ..ညီမေလးကလည္း..
ရွိသမွ်သာ ေပးလိုက္ပါ
ကိုႀကီးတို႔က စိတ္မရွည္ဘူးေနာ္..
ေအာ္ဖို႔လည္း မစဥ္းစားနဲ႕
ဒီမွာ.. ေတြ႕တယ္မလား.."
သူတို႔ထဲက တစ္ေယာက္က ခါးၾကားထဲမွာ ထိုးထားတဲ့ ဓားျမႇောင္တိုေလးကိုထုတ္ျပသည္။
Jane အနားကို ပိုကပ္လာတဲ့ အဲ့လူ
နှစ်ေယာက္ ကို Jane ပိုလန႔္လာသည္။
ဒီေန႕က်မွ Jane အိတ္ထဲမွာလည္း ပိုက္ဆံက
တကယ္ တစ္ျပားမွ မရွိတာပါ...
Jane က ေခြၽတာတတ္တဲ့ လူမို႔လို႔ မလိုအပ္ပဲ ပိုက္ဆံေတာင္ မသုံးပါဘူး...
ငါ ေအာ္လိုက္ရင္လည္း သူတို႔က ငါ့ကို
ဓားနဲ႕ ထိုးလိမ့္မယ္
ငါေၾကာက္တယ္...
ငါ ဘယ္လို လုပ္ရပါ့မလဲ..
**********************
တမ္းတလိုက္တာကေတာ့
အမည္မရွိပဲ..မေသခ်ာတဲ့ တစ္စုံတစ္ေယာက္ပါပဲ...
ဒါေပမဲ့..
အဲ့တစ်စံုတစ်ယောက်က နင္ျဖစ္ေနခဲ့တာ...
Jane
_
_
_