#Unicode
မနက်အစောကြီးထကာ ရေချိုး ပြင်ဆင်ပြီး သွားဖို့နာရီကြည့်လိုက်တော့ ၇နာရီထိုးတော့မည်။
အောက်ထပ်အမြန်ပြေးဆင်းတော့ မီးဖိုခန်းထဲက
မေမေက ကိုယ့်အသံကြားပြီး ဟင်းမွှေယောင်းမကြီးကိုင်ပြီး ရပ်ကြည့်နေကာ
"အမလေးး ဖြေးဖြေးသာသာလုပ်ပါ နှောင်း ရယ်
အိမ်လည်းပြိုသွားအုန်းမယ်။ သူ့သူငယ်ချင်းအိမ်သွားမယ်ဆိုတော့ တက်ကြွနေလိုက်တာများ"
မျက်စောင်းလေးထိုးကာ လှမ်းပြောလိုက်တဲ့မေမေ့အနားအပြေးသွားကာ ခါးကိုဖက်လိုက်ပြီး
"မေမေ ကလည်း ဒီခေတ်က သူ့မွေးနေ့မို့ သေချာ လာခဲ့ဖို့ပြောထားလို့ပါ။ မေမေပဲသူငယ်ချင်းက အကူညီတောင်းရင် ကူညီပေးရမယ်ဆို"
ကျွန်တော် ပြောလိုက်တော့ မေမေက ခပ်ဟဟ ရယ်ကာ ကျွန်တော့်နှာခေါင်းထိပ်လေးကိုဆွဲညှစ်ပြီး
"ဟားးး လူလည်လေး ။ ဟုတ်ပါပြီ အိမ်ပြန်နောက်မကျနဲ့နော် မေမေတို့က ညနေ၃နာရီလောက်ပြန်လာမှာ။ မှောင်တဲ့အထိမနေနဲ့ ကြားလား..."
"ဟုတ်ကဲ့ပါ..."
မေမေ့ ခွင့်ပြုမိန့်ရပြီမို့ အိမ်ရှေ့ ဆင်၀င်အောက်မှာ ရပ်ထားတဲ့ စက်ဘီလေးကို ဒေါက်ဖြုတ်ကာ ခပ်သော့သော့လေးနင်းပြီး ဦးတည်လိုက်မိတာက ချစ်ရသူဆီ။
ဒီခေတ်တို့အိမ်ရောက်တော့ ဒီခေတ်က ဘုရားသွားတာပြန်မရောက်သေးဟု ဆိုသည်။
တော်ပါသေးတယ် သူပြန်မရောက်ခင် ကိုယ်ရောက်လာလို့။
နေ့ဆွမ်းကပ်ဖို့ အလုပ်ရှုပ်နေတဲ့ ဒီခေတ်အဒေါ်နားသွားကာ ဘာကူညီပေးရမလဲမေးတော့ မုန့်ပွဲတွေကူပြင်ပေးဖို့ပြောသည်။
မုန့်ပွဲတေပြင်နေတုန်း ကား၀င်လာသံကြားလိုက်ပြီး မကြာမီ အသံစာစာလေးနဲ့ ပွစိပွစိရေရွတ်ပြီး၀င်လာတဲ့ ဒီနေ့ရဲ့ မွေးနေ့ရှင်လေး။
"အန်တီရေ ဟင်းတွေအကုန်ကျက်ပြီလား မုန့်ပွဲတွေရော ..."
"အမလေးး သားငယ်ရယ် အန်တီအကုန်ပြင်ပြီးပါပြီဘာမှမပူနဲ့ ဟင်းတွေလည်းအကုန်ကျက်ပြီ။ မုန့်ပွဲကလည်း နှောင်းရိပ်လေးကူပေးတာနဲ့ ပြီးသွားပြီရယ်"
အန်တီကပြန်ဖြေနေတာမို့ ကျွန်တော်လည်း လုပ်လက်စလေးအပြီးသတ်ပြီး သူ့ဆီသွားလိုက်ကာ
"ပျော်ရွင်စရာမွေးနေ့ဖြစ်ပါစေ ဒီခေတ်"
သူ့ရှေ့သွားကာဆုတောင်းစကားပြောလိုက်တော့
"ကျေးဇူးပဲ။ ပေး ...."
ဆိုကာ လက်ဖဝါးလေးဖြန့်ကာ မွေးနေ့လက်ဆောင်တောင်းနေတဲ့ သူကို ကြည့်ပြီး ညစ်ကျယ်ကျယ် ပြုံးပြီး
"အမ်..ဘာတောင်းတာလဲ"
ကျွန်တော် မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့ မျက်ခုံးကိုကျုံ့ကာ ကွေးညွတ်နေတဲ့နှုတ်ခမ်းပါလေးက တစ်တန်းတည်းဖြစ်သွားပြီး ပြာကျစေနိုင်တဲ့ အကြည့်တွေနဲ့ကြည့်လာသည်။
ကျွန်တော့်ကို အော်ဟစ်ဖို့ဟန်ပြင်နေတုန်း ကြားလိုက်ရတဲ့ တစ်စုံတစ်ယောက်ရဲ့ အသံကြောင့်
နှစ်ယောက်လုံးအကြည့်တို့က အသံလာရာဆီ။
"ဒီဒီ ...."
အသားဖြူဖြူ ၊ ခန္ဓါကိုယ် သေးသေးသွယ်သွယ် ၊
ဆံပင်ဂုတ်၀ဲလေးနဲ့ ကလေးဆန်ဆန် မျက်နှာ၀ိုင်းလေးနဲ့မိန်းကလေးတစ်ယောက်က ဒီဒီလို့ခေါ်လိုက်တာမို့ ဘယ်သူ့ခေါ်တာလဲဆိုပြီးကျွန်တော်ကြောင်ငေးနေတုန်း
" နှင်း..."
ကျွန်တော့်ရှေ့ကသူထွက်သွားတော့မှ ထိုမိန်းကလေးခေါ်နေသော ဒီဒီ ဆိုတာ ဆောင်းဒီခေတ်ကို ဆိုမှန်း
သိလိုက်တော့တယ်။
နေရာကနေမရွေ့ဘဲ ပြုံးရယ်ကာ စကားပြောနေကြတဲ့ သူနှစ်ဦးကိုသာ ရပ်ကြည့်နေလိုက်တယ်။
ထိုမိန်းကလေးနဲ့ ဒီခေတ်ရဲ့ ရင်းနှီးမှုက ဘယ်ထိ ရှိလဲသိချင်မိတာ ကျွန်တော်မလွန်ဘူးမလား။
"နှင်း ဘယ်တုန်းက မန်းလေးပြန်ရောက်တာလဲ
အစ်ကို့ကိုတောင် မပြောဘူး"
လေသံအေးအေးလေးနဲ့ ပြန်လာတာ မပြောရမလားဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ပုံစံနဲ့ ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့သူက ကျွန်တော့်ရဲ့ ဒီခေတ် ဟုတ်ပါရဲ့လား။
ဒါက ကျွန်တော်မသိတဲ့ ဒီခေတ်ရဲ့ အခြားတစ်ဖက်ခြမ်းပေါ့လေ ။
ဒီခေတ်က စိတ်မကောင်းဖြစ်ဟန်နဲ့ ပြောတော့ ကောင်မလေးက တစ်ချက်ပြုံးကာ
"ဒီဒီ ရယ် ငယ်ပြန်လာတာ မကြာသေးပါဘူး။
ငယ်ပြန်လာခွင့်ရကတည်းက ဒီဒီ့ကို အရင်ဆုံးအသိပေးချင်တာ ။ ငယ်မှာ အခြားကိစ္စတွေနဲ့မို့ ပြီးတော့ ဒီဒီ့ကို အံ့သြသွားစေချင်လို့ ဒီနေ့မှ တမင်လာခဲ့တာ"
သူမအဖြေကို သူက သဘောကျသွားတယ်ဆိုတာသူရဲ့ ပါးချိုင့်နက်နက်ထင်းအောင် ပြုံးပြလိုက်ခြင်းဖြင့်သက်သေပြုသည်။
သူမက ဒီခေတ်ကိုကျော်ကာ ကျွန်တော့်ဘက်ကို လှမ်းကြည့်ပြီး
"ဒီဒီ့ သူငယ်ချင်းလား ...."
လို့ မေးလာမှ သူကကျွန်တော်ရှိတာ သတိရသွားဟန်တူတယ်။
ကျွန်တော့်ဖက်လှည့်လာကာ အနားလျှောက်လာတော့ ကောင်မလေးကပါ သူ့နောက်က လိုက်လာသည်။
ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်ကာ နောက်ကကောင်မလေးဘက်လှည့်ကာပြုံးရင်း
"အစ်ကို့ သူငယ်ချင်း နှောင်းရိပ်မာန် တဲ့ "
ကောင်မလေးက ချစ်စရာကောင်းစွာ ခေါင်းလေးငြိမ့်ကာ နားထောင်းပြီး ကျွန်တော့်ကို လှမ်းပြုံးပြပြီး
"ညီမနာမည်က နှင်းဧကရီ ပါ ဒီဒီ ရဲ့ အချစ်ဆုံးလေးလေ "
သူမရဲ့ စကားကြောင့် အံ့သြသွားရသလို ရင်ဘက်ထဲက ဆစ်ခနဲနာကျင်မှုကို လျစ်လျူရှုရင်း ဒီခေတ်ကိုလှမ်းကြည့်တော့ ပုံမှန် ခပ်တည်တည်မျက်နှာထားမှာ ဘာအရိပ်ရောင်မှ ယှက်ပြေးမနေခဲ့။
စနောက်နေတာပါလို့ ဖြေရှင်းပြလာတာကို မျှော်လင့်နေမိတဲ့ကျွန်တော်က သိပ်ရူးနှမ်းလွန်းပါတယ်။
"လာ နှင်း မေမေတို့ဆီသွားရအောင် မြင်ရင် သူတို့လည်းအံ့သြသွားမှာ"
ဆိုကာ ထွက်သွားဖို့ လုပ်နေတဲ့ သူက နေရာကမရွေ့ တောင့်တောင့်ကြီးရပ်နေတဲ့ ကျွန်တော့်ကိုကြည့်ကာ
" နှောင်းရိပ် လာလေ ဘာရပ်လုပ်နေတာလဲ"
ကျွန်တော်လည်း ဟာလာကျင်းနေတဲ့ အသိတွေကို ပြန်စုစည်းပြီး တဆစ်ဆစ် နာလာတဲ့ ဒဏ်ရာကို
ဥပေက္ခါပြုရင်း
"အေး အေး လာပြီ"
ဆိုကာ သူတို့နောက်ကနေ လိုက်သွားလိုက်တယ်။
ကျွန်တော်လက်ဆောင်မပေးလို့ စိတ်ကောက်ချင်နေတဲ့ ကောင်လေးက ဘယ်ရောက်သွားလဲ မသိတော့။
ကျွန်တော့် လက်ဆောင် ထက် တန်ဖိုးကြီးတာ ရောက်လာမှတော့ သူ မေ့သွားလောက်ပြီထင်ပါရဲ့ ။
စက်ဘီး လက်ကိုင်မှာ ချိတ်ထားတဲ့ အိတ်လေးထဲက ပါကင်စက္ကူလှလှနဲ့ လက်ဆောင်လေးကတော့ သနားစရာပါပဲ .....
နေ့ဆွမ်းကပ်ပြီးတော့ ညနေပွဲအတွက် ခြံထဲ ခုံတွေချ ပူဖောင်းတွေနဲ့ အလှဆင် ဘာညာနဲ့ အလုပ်တွေရှုပ်နေတယ်။
ဒီခေတ်ကတော့ ကျွန်တော့်တောင် မေ့နေပြီထင်တယ်။ နှင်းဧကရီနဲ့ တပြုံးပြုံးနဲ့ ရယ်မောကာ
ပူဖောင်းတွေကို လေမှုတ်နေတယ်။
သူတို့ကိုအကြည့်လွဲကာ လုပ်စရာရှိတာတွေ ဆက်လုပ်နေပေမယ့် မသိစိတ်က သူ့မျက်နှာလေးကို လှမ်းလှမ်းကြည့်မိနေတော့လည်း နာကျင်ရပြန်ပါတယ်။
ကိုယ်နဲ့ဆို ဒေါသထွက်တဲ့ဆူပုတ်ပုတ် မျက်နှာလေးရယ် ခပ်တည်တည် နဲ့စနောက်တတ်တဲ့ မျက်နှာလေး နဲ့ ခပ်ချေချေ မျက်နှာပေး သာ အမြဲမြင်ခွင့်ရခဲ့ပေမယ့် ဒီနေ့တော့ သူရဲ့ ပေါ့ပါးလွတ်လပ်စွာ ရယ်မောနေတဲ့ အသံတွေရယ် ရှားပါးလှတဲ့ ပါးချိုင့်နက်နက် တွေကို မြင်တွေခွင့်ရခဲ့တယ်။
ထိုပျော်ရွှင်မှုတွေနဲ့ လှပတဲ့အရာတွေက ကိုယ်နဲ့ မသက်ဆိုင်ဘူးဆိုတာကို နာကျင်စွာ လက်ခံနေရတာကလွဲလို့ ကျွန်တော်အဆင်ပြေပါတယ်...
#Zawgyi
မနက္အေစာႀကီးထကာ ေရခ်ိဳး ျပင္ဆင္ၿပီး သြားဖို႔နာရီၾကည့္လိုက္ေတာ့ ၇နာရီထိုးေတာ့မည္။
ေအာက္ထပ္အျမန္ေျပးဆင္းေတာ့ မီးဖိုခန္းထဲက
ေမေမက ကိုယ့္အသံၾကားၿပီး ဟင္းေမႊေယာင္းမႀကီးကိုင္ၿပီး ရပ္ၾကည့္ေနကာ
"အမေလးး ေျဖးေျဖးသာသာလုပ္ပါ ေႏွာင္း ရယ္
အိမ္လည္းၿပိဳသြားအုန္းမယ္။ သူ႔သူငယ္ခ်င္းအိမ္သြားမယ္ဆိုေတာ့ တက္ႂကြေနလိုက္တာမ်ား"
မ်က္ေစာင္းေလးထိုးကာ လွမ္းေျပာလိုက္တဲ့ေမေမ့အနားအေျပးသြားကာ ခါးကိုဖက္လိုက္ၿပီး
"ေမေမ ကလည္း ဒီေခတ္က သူ႔ေမြးေန႔မို႔ ေသခ်ာ လာခဲ့ဖို႔ေျပာထားလို႔ပါ။ ေမေမပဲသူငယ္ခ်င္းက အကူညီေတာင္းရင္ ကူညီေပးရမယ္ဆို"
ကၽြန္ေတာ္ ေျပာလိုက္ေတာ့ ေမေမက ခပ္ဟဟ ရယ္ကာ ကၽြန္ေတာ့္ႏွာေခါင္းထိပ္ေလးကိုဆြဲညႇစ္ၿပီး
"ဟားးး လူလည္ေလး ။ ဟုတ္ပါၿပီ အိမ္ျပန္ေနာက္မက်နဲ႔ေနာ္ ေမေမတို႔က ညေန၃နာရီေလာက္ျပန္လာမွာ။ ေမွာင္တဲ့အထိမေနနဲ႔ ၾကားလား..."
"ဟုတ္ကဲ့ပါ..."
ေမေမ့ ခြင့္ျပဳမိန္႔ရၿပီမို႔ အိမ္ေရွ႕ ဆင္၀င္ေအာက္မွာ ရပ္ထားတဲ့ စက္ဘီေလးကို ေဒါက္ျဖဳတ္ကာ ခပ္ေသာ့ေသာ့ေလးနင္းၿပီး ဦးတည္လိုက္မိတာက ခ်စ္ရသူဆီ။
ဒီေခတ္တို႔အိမ္ေရာက္ေတာ့ ဒီေခတ္က ဘုရားသြားတာျပန္မေရာက္ေသးဟု ဆိုသည္။
ေတာ္ပါေသးတယ္ သူျပန္မေရာက္ခင္ ကိုယ္ေရာက္လာလို႔။
ေန႔ဆြမ္းကပ္ဖို႔ အလုပ္ရႈပ္ေနတဲ့ ဒီေခတ္အေဒၚနားသြားကာ ဘာကူညီေပးရမလဲေမးေတာ့ မုန္႔ပြဲေတြကူျပင္ေပးဖို႔ေျပာသည္။
မုန္႔ပြဲေတျပင္ေနတုန္း ကား၀င္လာသံၾကားလိုက္ၿပီး မၾကာမီ အသံစာစာေလးနဲ႔ ပြစိပြစိေရရြတ္ၿပီး၀င္လာတဲ့ ဒီေန႔ရဲ့ ေမြးေန႔ရွင္ေလး။
"အန္တီေရ ဟင္းေတြအကုန္က်က္ၿပီလား မုန္႔ပြဲေတြေရာ ..."
"အမေလးး သားငယ္ရယ္ အန္တီအကုန္ျပင္ၿပီးပါၿပီဘာမွမပူနဲ႔ ဟင္းေတြလည္းအကုန္က်က္ၿပီ။ မုန္႔ပြဲကလည္း ေႏွာင္းရိပ္ေလးကူေပးတာနဲ႔ ၿပီးသြားၿပီရယ္"
အန္တီကျပန္ေျဖေနတာမို႔ ကၽြန္ေတာ္လည္း လုပ္လက္စေလးအၿပီးသတ္ၿပီး သူ႔ဆီသြားလိုက္ကာ
"ေပ်ာ္ရြင္စရာေမြးေန႔ျဖစ္ပါေစ ဒီေခတ္"
သူ႔ေရွ႕သြားကာဆုေတာင္းစကားေျပာလိုက္ေတာ့
"ေက်းဇူးပဲ။ ေပး ...."
ဆိုကာ လက္ဖဝါးေလးျဖန္႔ကာ ေမြးေန႔လက္ေဆာင္ေတာင္းေနတဲ့ သူကို ၾကည့္ၿပီး ညစ္က်ယ္က်ယ္ ျပဳံးၿပီး
"အမ္..ဘာေတာင္းတာလဲ"
ကၽြန္ေတာ္ မသိခ်င္ေယာင္ေဆာင္ၿပီးေမးလိုက္ေတာ့ မ်က္ခုံးကိုက်ဳံ႕ကာ ေကြးညြတ္ေနတဲ့ႏႈတ္ခမ္းပါေလးက တစ္တန္းတည္းျဖစ္သြားၿပီး ျပာက်ေစနိုင္တဲ့ အၾကည့္ေတြနဲ႔ၾကည့္လာသည္။
ကၽြန္ေတာ့္ကို ေအာ္ဟစ္ဖို႔ဟန္ျပင္ေနတုန္း ၾကားလိုက္ရတဲ့ တစ္စုံတစ္ေယာက္ရဲ့ အသံေၾကာင့္
ႏွစ္ေယာက္လုံးအၾကည့္တို႔က အသံလာရာဆီ။
"ဒီဒီ ...."
အသားျဖဴျဖဴ ၊ ခႏၶါကိုယ္ ေသးေသးသြယ္သြယ္ ၊
ဆံပင္ဂုတ္၀ဲေလးနဲ႔ ကေလးဆန္ဆန္ မ်က္ႏွာ၀ိုင္းေလးနဲ႔မိန္းကေလးတစ္ေယာက္က ဒီဒီလို႔ေခၚလိုက္တာမို႔ ဘယ္သူ႔ေခၚတာလဲဆိုၿပီးကၽြန္ေတာ္ေၾကာင္ေငးေနတုန္း
" ႏွင္း..."
ကၽြန္ေတာ့္ေရွ႕ကသူထြက္သြားေတာ့မွ ထိုမိန္းကေလးေခၚေနေသာ ဒီဒီ ဆိုတာ ေဆာင္းဒီေခတ္ကို ဆိုမွန္း
သိလိုက္ေတာ့တယ္။
ေနရာကေနမေရြ႕ဘဲ ျပဳံးရယ္ကာ စကားေျပာေနၾကတဲ့ သူႏွစ္ဦးကိုသာ ရပ္ၾကည့္ေနလိုက္တယ္။
ထိုမိန္းကေလးနဲ႔ ဒီေခတ္ရဲ့ ရင္းႏွီးမႈက ဘယ္ထိ ရွိလဲသိခ်င္မိတာ ကၽြန္ေတာ္မလြန္ဘူးမလား။
"ႏွင္း ဘယ္တုန္းက မန္းေလးျပန္ေရာက္တာလဲ
အစ္ကို႔ကိုေတာင္ မေျပာဘူး"
ေလသံေအးေအးေလးနဲ႔ ျပန္လာတာ မေျပာရမလားဆိုၿပီး စိတ္မေကာင္းျဖစ္ေနတဲ့ပုံစံနဲ႔ ကၽြန္ေတာ့္ေရွ႕မွာ ျမင္ေနရတဲ့သူက ကၽြန္ေတာ့္ရဲ့ ဒီေခတ္ ဟုတ္ပါရဲ့လား။
ဒါက ကၽြန္ေတာ္မသိတဲ့ ဒီေခတ္ရဲ့ အျခားတစ္ဖက္ျခမ္းေပါ့ေလ ။
ဒီေခတ္က စိတ္မေကာင္းျဖစ္ဟန္နဲ႔ ေျပာေတာ့ ေကာင္မေလးက တစ္ခ်က္ျပဳံးကာ
"ဒီဒီ ရယ္ ငယ္ျပန္လာတာ မၾကာေသးပါဘူး။
ငယ္ျပန္လာခြင့္ရကတည္းက ဒီဒီ့ကို အရင္ဆုံးအသိေပးခ်င္တာ ။ ငယ္မွာ အျခားကိစၥေတြနဲ႔မို႔ ၿပီးေတာ့ ဒီဒီ့ကို အံ့ၾသသြားေစခ်င္လို႔ ဒီေန႔မွ တမင္လာခဲ့တာ"
သူမအေျဖကို သူက သေဘာက်သြားတယ္ဆိုတာသူရဲ့ ပါးခ်ိဳင့္နက္နက္ထင္းေအာင္ ျပဳံးျပလိုက္ျခင္းျဖင့္သက္ေသျပဳသည္။
သူမက ဒီေခတ္ကိုေက်ာ္ကာ ကၽြန္ေတာ့္ဘက္ကို လွမ္းၾကည့္ၿပီး
"ဒီဒီ့ သူငယ္ခ်င္းလား ...."
လို႔ ေမးလာမွ သူကကၽြန္ေတာ္ရွိတာ သတိရသြားဟန္တူတယ္။
ကၽြန္ေတာ့္ဖက္လွည့္လာကာ အနားေလၽွာက္လာေတာ့ ေကာင္မေလးကပါ သူ႔ေနာက္က လိုက္လာသည္။
ကၽြန္ေတာ့္မ်က္ႏွာကို တစ္ခ်က္ၾကည့္ကာ ေနာက္ကေကာင္မေလးဘက္လွည့္ကာျပဳံးရင္း
"အစ္ကို႔ သူငယ္ခ်င္း ေႏွာင္းရိပ္မာန္ တဲ့ "
ေကာင္မေလးက ခ်စ္စရာေကာင္းစြာ ေခါင္းေလးၿငိမ့္ကာ နားေထာင္းၿပီး ကၽြန္ေတာ့္ကို လွမ္းျပဳံးျပၿပီး
"ညီမနာမည္က ႏွင္းဧကရီ ပါ ဒီဒီ ရဲ့ အခ်စ္ဆုံးေလးေလ "
သူမရဲ့ စကားေၾကာင့္ အံ့ၾသသြားရသလို ရင္ဘက္ထဲက ဆစ္ခနဲနာက်င္မႈကို လ်စ္လ်ဴရႈရင္း ဒီေခတ္ကိုလွမ္းၾကည့္ေတာ့ ပုံမွန္ ခပ္တည္တည္မ်က္ႏွာထားမွာ ဘာအရိပ္ေရာင္မွ ယွက္ေျပးမေနခဲ့။
စေနာက္ေနတာပါလို႔ ေျဖရွင္းျပလာတာကို ေမၽွာ္လင့္ေနမိတဲ့ကၽြန္ေတာ္က သိပ္႐ူးႏွမ္းလြန္းပါတယ္။
"လာ ႏွင္း ေမေမတို႔ဆီသြားရေအာင္ ျမင္ရင္ သူတို႔လည္းအံ့ၾသသြားမွာ"
ဆိုကာ ထြက္သြားဖို႔ လုပ္ေနတဲ့ သူက ေနရာကမေရြ႕ ေတာင့္ေတာင့္ႀကီးရပ္ေနတဲ့ ကၽြန္ေတာ့္ကိုၾကည့္ကာ
" ေႏွာင္းရိပ္ လာေလ ဘာရပ္လုပ္ေနတာလဲ"
ကၽြန္ေတာ္လည္း ဟာလာက်င္းေနတဲ့ အသိေတြကို ျပန္စုစည္းၿပီး တဆစ္ဆစ္ နာလာတဲ့ ဒဏ္ရာကို
ဥေပကၡါျပဳရင္း
"ေအး ေအး လာၿပီ"
ဆိုကာ သူတို႔ေနာက္ကေန လိုက္သြားလိုက္တယ္။
ကၽြန္ေတာ္လက္ေဆာင္မေပးလို႔ စိတ္ေကာက္ခ်င္ေနတဲ့ ေကာင္ေလးက ဘယ္ေရာက္သြားလဲ မသိေတာ့။
ကၽြန္ေတာ့္ လက္ေဆာင္ ထက္ တန္ဖိုးႀကီးတာ ေရာက္လာမွေတာ့ သူ ေမ့သြားေလာက္ၿပီထင္ပါရဲ့ ။
စက္ဘီး လက္ကိုင္မွာ ခ်ိတ္ထားတဲ့ အိတ္ေလးထဲက ပါကင္စကၠဴလွလွနဲ႔ လက္ေဆာင္ေလးကေတာ့ သနားစရာပါပဲ .....
ေန႔ဆြမ္းကပ္ၿပီးေတာ့ ညေနပြဲအတြက္ ၿခံထဲ ခုံေတြခ် ပူေဖာင္းေတြနဲ႔ အလွဆင္ ဘာညာနဲ႔ အလုပ္ေတြရႈပ္ေနတယ္။
ဒီေခတ္ကေတာ့ ကၽြန္ေတာ့္ေတာင္ ေမ့ေနၿပီထင္တယ္။ ႏွင္းဧကရီနဲ႔ တျပဳံးျပဳံးနဲ႔ ရယ္ေမာကာ
ပူေဖာင္းေတြကို ေလမႈတ္ေနတယ္။
သူတို႔ကိုအၾကည့္လြဲကာ လုပ္စရာရွိတာေတြ ဆက္လုပ္ေနေပမယ့္ မသိစိတ္က သူ႔မ်က္ႏွာေလးကို လွမ္းလွမ္းၾကည့္မိေနေတာ့လည္း နာက်င္ရျပန္ပါတယ္။
ကိုယ္နဲ႔ဆို ေဒါသထြက္တဲ့ဆူပုတ္ပုတ္ မ်က္ႏွာေလးရယ္ ခပ္တည္တည္ နဲ႔စေနာက္တတ္တဲ့ မ်က္ႏွာေလး နဲ႔ ခပ္ေခ်ေခ် မ်က္ႏွာေပး သာ အျမဲျမင္ခြင့္ရခဲ့ေပမယ့္ ဒီေန႔ေတာ့ သူရဲ့ ေပါ့ပါးလြတ္လပ္စြာ ရယ္ေမာေနတဲ့ အသံေတြရယ္ ရွားပါးလွတဲ့ ပါးခ်ိဳင့္နက္နက္ ေတြကို ျမင္ေတြခြင့္ရခဲ့တယ္။
ထိုေပ်ာ္ရႊင္မႈေတြနဲ႔ လွပတဲ့အရာေတြက ကိုယ္နဲ႔ မသက္ဆိုင္ဘူးဆိုတာကို နာက်င္စြာ လက္ခံေနရတာကလြဲလို႔ ကၽြန္ေတာ္အဆင္ေျပပါတယ္...