ချည်မိ​နှောင်ကြိုး တည်တံ့​စေ(...

By pakahti1810

38.1K 1.1K 90

စစ်မှန်တဲ့ ချစ်ခြင်း​တွေဟာ ကမ္ဘာခြား​နေတဲ့ သူနှစ်ဦးကို​တောင် ဆုံစည်း​စေနိုင်တယ် ကိုယ်တို့ရဲ့ချစ်ခြင်းတရား​တွ... More

Prologue
Part -1
Part -2
Part -3
Part -4
Part -5
Part-6
Part -7
Part-8
Part-9
Part-10
Epi-11
Epi-12
Part-13
Epi-14
Epi-15
Epi-16
Epi-17
Epi-18
Epi-19
Epi-20
Epi-22
colorless string
Epi-23
Epi-24
Epi-25
Epi-26
Epi 27
Epi 28
Epi 29
Epi-30
Final (Part-1)
Final (part-2)
နှောင်ကြိုးတစ်စ

Epi-21

699 25 0
By pakahti1810

#Unicode

လပတ် စာ​မေးပွဲနီးလာပြီမို့ စာ​တွေမလွတ်သွားချင်လို့သာ ​ကျောင်းလာခဲ့ရတယ်။ လူကမ​နေ့က ကျူရှင်အပြန် အိမ်နား​ရောက်ခါနီးမှ ဆိုင်းမဆင့်ဗုံမဆင့်ရွာချတဲ့မိုး​ကြောင့် အ​အေးမိပြီး ကိုယ်​တွေပူ​နေသည်။
မ​နေ့က ဒီ​ခေတ်ကို အိမ်ကလာကြိုသွားလို့ကိုယ်နဲ့အတူတူ မိုးမမိတာ​တော်​သေးတယ်လို့​တွေးမိပြီး ကိုယ့်အ​တွေးကို ကိုယ်သ​ဘောကျကာ ပြုံးမိသွားတယ်။

"​ဟျောင့် ​နေမ​ကောင်းဘူးလား အ​နွေးထည်ကြီးနဲ့ ။
မှန်းစမ်း..."

​ဆိုကာ နဖူး​ပေါ်လက်ပါ​ရောက်လာ​ပြီး ကိုယ်ပူချိန်စမ်း​နေ​သော ​သော်တာယံ။

"အားးလားးး.....ဒီ​လောက်ကိုယ်​တွေပူ​နေတာ ​ကျောင်းဘာလာလုပ်တာလဲ။ ဂိ သွားချင်လို့လား။"

အော်ပြောပြီး ​ဘေးနား၀င်ထိုင်လာ​တော့ မင်းဆက်ကပါကြားပြီးအနား​ရောက်လာသည်။

"မ​နေ့က ကျူရှင်အပြန်မိုးမိသွားလို့ပါကွာ...
​ဆေး​သောက်ထားတယ် သက်သာသွားလိမ့်မယ်"

​​ပြောပြီး​ခုံ​ပေါ်​​မှောက်အိပ်လိုက်​တော့ဟိုနှစ်​ယောက်က​တော့​ဘေးမှာငြိမ်ငြိမ်​လေးထိုင်​နေ​ပေးကြသည်။

"ဟို​ကောင်​တွေ ​ကွင်းထဲမှာassemblyစီ​နေကြပြီ မသွားကြ​သေးဘူးလား။ လစ်ဖို့စဥ်းစား​နေကြတာလား။
မလွယ်ဘူး​နော် ဒီ​နေ့လူစစ်မယ်​ ပြောသံကြားတယ်"

အသံခပ်​ရှရှ ကြည်ကြည်​လေးရဲ့ ​အော်​ပြောသံကိုကြားလိုက်ရတာနဲ့ ​ခေါင်းမတ်ကာ လှမ်းကြည့်လိုက်​တော့ ကသုတ်ကရုတ်နဲ့ သူ့​နေရာမှာပစ္စည်း​တွေချ​နေ​သော ​ကျောပြင်​လေး။

"ဟုတ်လား ငါတို့က ​နှောင်းရိပ်​ဖျား​နေလို့ သူ့​​စောင့်​ပေးရင်း လစ်မလို့လုပ်​နေတာ။
​နှောင်းရိပ် မင်းက​တော့​နေခဲ့လိုက် ငါတို့ဆရာမ​ပြော​ပေးမယ်..."

​သော်တာယံက​ပြောလာ​တော့ ​ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။
​ကွင်းထဲ နေရာယူရန်​​ခေါင်း​လောင်းတီးလိုက်ပြီမို့ သော်တာယံတို့ နှစ်​ယောက်ကအ​ပြေးအလွှား ထ
သွားကြ​ပေမယ့် ဒီ​​ခေတ်က​တော့ ​ခေါင်းစိုက်ကာ လွယ်အိတ်ထဲ ဘာ​တွေအသည်းသန်ရှာ​နေလဲမသိ။
​အခန်း​ပေါက်နား​ရောက်​နေပြီဖြစ်တဲ့ မင်းဆက်က
​နောက်ပြန်လှည့်ကြည့်ကာ

"ဒီ​ခေတ် ​နေရာယူ​နေပြီ မလာ​သေးဘူးလား ဘာ​တွေရှာ​နေတာလဲ"

စိတ်ရှုပ်ဟန် စုတ်တစ်ချက်သပ်ရင်း

"ကျစ် ...​ငါကျောင်းသားကဒ်အိမ်မှာ​မေ့ကျန်ခဲ့လို့.."

လို့ပြန်​​ဖြေ​ပြီးတစ်ဆက်တည်း ​ပြောလာတာက

"ဆရာမ​မေးရင် ​နှောင်းရိပ်အရမ်းဖျား​နေလို့ ငါ​စောင့်​ပေး​နေခဲ့တာလို့​ဖြေလိုက်။ ​ကျောင်းသားကဒ်မပါလို့ လို့မ​ဖြေနဲ့​နော် ငါဒဏ်​ပေးခံ​နေရအုံးမယ်..."

သူ့စကားသံ​လေးကြား​တော့ ကျွန်​တော်​ခုံ​ပေါ်​ခေါင်း​မှောက်ကာ သူ့ဖက်​ကျော​ပေးလှည့်အိပ်ရင်း ကျိတ်ပြုံးမိ​တယ်။
ကံကြမ္မာကဒီ​နေ့ကျွန်​တော့်ဖက်​တော်သား ဖြစ်​ပေးတယ် ထင်တယ်။
​ကျောင်းသားကဒ်မပါလို့ပဲ ဖြစ်​နေပါ​စေအုန်း ​
နေမ​ကောင်းတဲ့ကျွန်​တော့်ကို​စောင့်​ပေးပါတယ်ဆိုတဲ့ စကားသံ​လေးကိုပဲ အတည်ယူပစ်လိုက်သည်။

​သိပ်မကြာခင် ​မတိုးမကျယ်တဲ့ ခြေသံ​လေးက နီးလာတာမို့ ​​ကျောပြင်က တစ်ချက်တုန်သွားမိတယ်။
​​ဘေးကခုံအလွတ်မှာ ၀င်ထိုင်လိုက်တာကို ခံစားမိတာမို့ ဆက်ပြီးအိပ်ချင်​ယောင်​နေလိုက်​သည်။
သူ့လက်ဖမိုးနုနုက နဖူး​ပေါ်လာကပ်တဲ့အထိ​တွေ့​ကြောင့် ​ပျံ့လွင့်လာတဲ့ ကမ္ဘာမ​​​​ကျေ နိုင်ငံ​တော်သီချင်းသံနဲ့အတူ ကျွန်​တော့်ရင်ထဲမှာလည်း နှလုံးခုန်သံတို့က ​ကျယ်​လောင်စွာ သီ​ကြွေး​နေပါ​တော့တယ်။

" ​နှောင်းရိပ် ​ဆေး​သောက်ထားလား "

ကိုယ်အိပ်မ​ပျော်ဘဲ​နေမ​ကောင်းလို့မှိန်း​နေတယ် ထင်ပြီး ​အသံတိုးလျစွာ ​လေသံ​လေးနဲ့ ​​မေးလာသည်။

" အင်း....​သောက်ထားပြီးပြီ "

လို့ပြန်​ဖြေရင်းသူ့​မျက်နှာကိုကြည့်မိ​တော့ ကိုယ့်ကို စိုးရိမ်​ရိပ်​တွေသန်း​နေဟန်​လေး မြင်ရ​တော့ ရင်ခုန်သံ​တွေက စည်းချက်ကျ ငြိမ့်ငြိမ့်​လေး လှိုက်ခုန်​နေသည်။

*တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့် ​လေး..​လေးး.*
သူနဲ့အကြည့်ချင်းဆုံမိတဲ့ စက္ကန့်​တွေကိုလိုက်​ရေတွက်​နေရင်း ​လေးစက္ကန့်မပြည့်မီ​လေးမှာ သူကအကြည့်လွှဲကာ ကိုယ့်​ရှေ့က ထထွက်သွား​တော့သည်။
ထွက်သွားတဲ့ သူ့​ကျောပြင်​လေးကို လိုက်​ငေး​နေရတာကို ကျွန်​တော်သ​ဘောကျပါတယ်။
သူ့​ကျောပြင်​​လေးကိုက ​နွေး​ထွေးမှု​ဆိုတဲ့ အ​ငွေ့သက်​တွေကို ခံစားမိတာမို့ ကျွန်​တော်အမြဲ​ငေးကြည့်​နေချင်ခဲ့ပါတယ်။

တစ်ချိန်မှာ စွန့်ခွာထွက်​ပြေးသွားမယ့် ​ကျောပြင်ငယ်​လေး ကိုပါ ​ငေးကြည့်ရင်း ကျန်​နေခဲ့ရမယ်ဆိုတာ သိခဲ့ရင် ....

"ရပြီ ..."

လက်ကိုင်ပု၀ါ အပြာ​လေးကို ​ရေညှစ်ကာယူလာပြီး နဖူး​ပေါ်ကပ်​လာပေးတဲ့ သူ့ကို ​မော့ကြည့်​တော့

"အပူကျ ​​အောင် လုပ်​ပေးတာ ငါဖျားတဲ့အချိန် ​
မေ​မေက ဒီလိုလုပ်​ပေး​နေကြ။ ဒါဆို မြန်မြန် အဖျားကျသွားတယ်"

​ပု၀ါ​လေးကို ဟိုဖက် ဒီဖက် လှန်ကာ ကပ်​ပေးရင်း
​ပြော​နေတဲ့ အသံ​လေးက ခပ်ရှရှ​လေး​ပေမယ့်
နား​ထောင်ချင်စရာ အသံ​လေး။

နဖူး​ပေါ်ကပု၀ါ​လေးနဲ့ သုံး​လေးခါ​လောက် ​​​ရေဆွတ်လိုက် ပြန်ကပ်​ပေးလိုက် လုပ်​ပေးပြီး အတန်းသို့ပြန်လာ​နေတဲ့​ခြေသံ​တွေနဲ့အတူ စကား​ပြောသံ​တွေကြား​ရတာမို့ ပု၀ါ​လေးကိုပြန်ခွာရင်း ​နောက်သို့ ​ခြေတစ်လှမ်း​ဆုတ်ကာ

"မ​သက်သာရင် ဆရာမ​ပြောပြီးပြန်နားလိုက်​။
လွတ်သွားတဲ့စာ​တွေ ငါပြန်ရှင်းပြမှာမို့ စိတ်မပူနဲ့။
မင်းက ဦး​နှောက်​သေး​သေး​လေး​ပေမယ့် မင်းနားလည်​အောင် ပြန်သင်​ပေးနိုင်တဲ့ထိ ငါ​တော်တယ်ဆိုတာ သိတယ်မလား။ "

ပထမ တစ်ခွန်း​ကြားတုန်းက *အင်း ​ကျေးဇူးပဲ*လို့ ​ပြောမလို့​ပေမယ့်​ဆက်​ပြောလာတာ​တွေကြားပြီး စကားလုံး​တွေက လည်​ချောင်း၀ မ​ရောက်ခင်​ပျောက်သွားရတယ်။

"​သေနာ​လေး ငါ့လာဖဲ့မ​နေနဲ့ မင်းမသင်​ပေးလည်း ငါဘာသာ လုပ်နိုင်တယ် သွား​တော့"

ကျွန်​တော်လည်း စိတ်​ပေါက်​ပေါက်နဲ့​ပြောလွှတ်​တော့ "ပုဇွန်ဦး​နှောက်ကများ" လို့​ပြောပြီး တဟားဟား ​အော်ရယ်ကာ သူ့​နေရာပြန်သွားထိုင်​နေတဲ့ ငဆိုး​ကို စိတ်ထဲက​နေ ​မေတ္တာ ပို့​နေလိုက်​တော့တယ်။

ကျွန်​တော်တို့ နှစ်​ယောက် မျက်နှာချင်းဆိုင်တဲ့အချိန်တိုင်း စကား​ကောင်း​ပြောတာ ဆယ်မိနစ်ပင်ပြည့်မယ်မထင်။
များ​သောအားဖြင့်​တော့ သူကကျွန်​တော်မခံ​ချင်​အောင် ​ပြောကာ စိတ်တိုလာ​အောင် စွ​ပေးတတ်သည်။
သူနဲ့စ​တွေ့တုန်းက သူ့အစ်မနဲ့ ပက်သတ်ပြီး စမိတာ​တွေကို​ အတိုး​ရော အရင်းပါ ​ပေါင်းပြီး ပြန်ယူ​နေ​တဲ့
အဆိုး​လေး အ​ကြောင်းသိ​ပေမယ့်လည်း ကြွက်နဲ့​ကြောင်လို တကျက်ကျက် ပင်။

ဒီလိုနဲ့ပဲ သူကစလိုက် ကိုယ်က ​စိတ်တိုကာ ​အော်လိုက်နဲ့ ​နေ့​တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာရင်း  သူ့ရဲ့ ၁၅ နှစ်ပြည့်​မွေး​နေ့ မှာ ကျွန်တော်အတွက် တစ်သက်မ​မေ့စရာ ကိစ္စတစ်ခုဖြစ်လာခဲ့တယ်။

"​နှောင်းရိပ် မနက်ဖြန် ငါ့အိမ်မှာ ​မွေး​နေ့ပွဲလုပ်မှာ
​သော်တာယံနဲ့ မင်းဆက်က မနက်ပိုင်း ကျူရှင်ရှိလို့လာမကူနိုင်ဘူးတဲ့။ မင်းက​တော့ အားတယ်မလား။
​ငါဘုရားသွားပြီး ပြန်လာရင် လာ​ခေါ်မယ် ပြင်ထား"

မ​နေ့က ကျူပြင်အပြန် သူ့ကိုအိမ်ပြန်ပို့​ပေး​တော့ ​ပြောလာခဲ့ခြင်း။
မနက်ဖြန် ​အန်တီ​လေးတို့ အိမ်သွားလည်မယ်​ပြောထားတဲ့ ​ဖေ​ဖေ့ကို မလိုက်နိုင်​ကြောင်း မျက်နှာငယ်​လေးနဲ့ ​ပြောရအုံးမှာ​​ပေါ့​လေ။

သူက ကိုယ်အားလားမ​မေးဘဲ တထစ်ချ သူ့အတွက် ကိုယ် လာပေးမှာ ​သေချာ ယုံကြည်ထားတာမို့ ။
ငဆိုး ​လေးလို့​ပြောရင်လည်း သူ့လက်​သံ​​ပြောင်​ပြောင်က ကိုယ့်​ကျော​ပေါ်  ကျလာအုံးမည်။

တကယ်ပါ ကိုယ်ဆိုတာကလည်း သူ့စကားခွန်းတိုင်းကို အမိန့်တစ်ခုလို နာခံဖို့ အသင့်ရှိ​နေခဲ့တာ ဘယ်ချိန်ကတည်းကမှန်းမသိ။ သိမိတဲ့အချိန်မှာ ကိုယ်က အဲ့တာကို အကျင့်တစ်ခုလိုပင် စွဲ​နေခဲ့ပြီ။

ဒါ​ပေမယ့် သူ့စကား​တွေကို ဘုကလန့် ပြန်​ပြောကာ
ရန်လို​နေသည့်အချိန်​တွေ​ကတော့ ချွင်းချက်​ပေါ့ဗျာ.....

#Zawgyi

လပတ္ စာ​ေမးပြဲနီးလာၿပီမို႔ စာ​ေတြမလြတ္သြားခ်င္လို႔သာ ​ေက်ာင္းလာခဲ့ရတယ္။ လူကမ​ေန႔က က်ဴရွင္အျပန္ အိမ္နား​ေရာက္ခါနီးမွ ဆိုင္းမဆင့္ဗုံမဆင့္ရြာခ်တဲ့မိုး​ေၾကာင့္ အ​ေအးမိၿပီး ကိုယ္​ေတြပူ​ေနသည္။
မ​ေန႔က ဒီ​ေခတ္ကို အိမ္ကလာႀကိဳသြားလို႔ကိုယ္နဲ႔အတူတူ မိုးမမိတာ​ေတာ္​ေသးတယ္လို႔​ေတြးမိၿပီး ကိုယ့္အ​ေတြးကို ကိုယ္သ​ေဘာက်ကာ ျပဳံးမိသြားတယ္။

"​ေဟ်ာင့္ ​ေနမ​ေကာင္းဘူးလား အ​ေႏြးထည္ႀကီးနဲ႔ ။
မွန္းစမ္း..."

​ဆိုကာ နဖူး​ေပၚလက္ပါ​ေရာက္လာ​ၿပီး ကိုယ္ပူခ်ိန္စမ္း​ေန​ေသာ ​ေသာ္တာယံ။

"အားးလားးး.....ဒီ​ေလာက္ကိုယ္​ေတြပူ​ေနတာ ​ေက်ာင္းဘာလာလုပ္တာလဲ။ ဂိ သြားခ်င္လို႔လား။"

ေအာ္ေျပာၿပီး ​ေဘးနား၀င္ထိုင္လာ​ေတာ့ မင္းဆက္ကပါၾကားၿပီးအနား​ေရာက္လာသည္။

"မ​ေန႔က က်ဴရွင္အျပန္မိုးမိသြားလို႔ပါကြာ...
​ေဆး​ေသာက္ထားတယ္ သက္သာသြားလိမ့္မယ္"

​​ေျပာၿပီး​ခုံ​ေပၚ​​ေမွာက္အိပ္လိုက္​ေတာ့ဟိုႏွစ္​ေယာက္က​ေတာ့​ေဘးမွာၿငိမ္ၿငိမ္​ေလးထိုင္​ေန​ေပးၾကသည္။

"ဟို​ေကာင္​ေတြ ​ကြင္းထဲမွာassemblyစီ​ေနၾကၿပီ မသြားၾက​ေသးဘူးလား။ လစ္ဖို႔စဥ္းစား​ေနၾကတာလား။
မလြယ္ဘူး​ေနာ္ ဒီ​ေန႔လူစစ္မယ္​ ေျပာသံၾကားတယ္"

အသံခပ္​ရွရွ ၾကည္ၾကည္​ေလးရဲ့ ​ေအာ္​ေျပာသံကိုၾကားလိုက္ရတာနဲ႔ ​ေခါင္းမတ္ကာ လွမ္းၾကည့္လိုက္​ေတာ့ ကသုတ္က႐ုတ္နဲ႔ သူ႔​ေနရာမွာပစၥည္း​ေတြခ်​ေန​ေသာ ​ေက်ာျပင္​ေလး။

"ဟုတ္လား ငါတို႔က ​ေႏွာင္းရိပ္​ဖ်ား​ေနလို႔ သူ႔​​ေစာင့္​ေပးရင္း လစ္မလို႔လုပ္​ေနတာ။
​ေႏွာင္းရိပ္ မင္းက​ေတာ့​ေနခဲ့လိုက္ ငါတို႔ဆရာမ​ေျပာ​ေပးမယ္..."

​ေသာ္တာယံက​ေျပာလာ​ေတာ့ ​ေခါင္းၿငိမ့္ကာ လက္ခံလိုက္သည္။
​ကြင္းထဲ ေနရာယူရန္​​ေခါင္း​ေလာင္းတီးလိုက္ၿပီမို႔ ေသာ္တာယံတို႔ ႏွစ္​ေယာက္ကအ​ေျပးအလႊား ထ
သြားၾက​ေပမယ့္ ဒီ​​ေခတ္က​ေတာ့ ​ေခါင္းစိုက္ကာ လြယ္အိတ္ထဲ ဘာ​ေတြအသည္းသန္ရွာ​ေနလဲမသိ။
​အခန္း​ေပါက္နား​ေရာက္​ေနၿပီျဖစ္တဲ့ မင္းဆက္က
​ေနာက္ျပန္လွည့္ၾကည့္ကာ

"ဒီ​ေခတ္ ​ေနရာယူ​ေနၿပီ မလာ​ေသးဘူးလား ဘာ​ေတြရွာ​ေနတာလဲ"

စိတ္ရႈပ္ဟန္ စုတ္တစ္ခ်က္သပ္ရင္း

"က်စ္ ...​ငါေက်ာင္းသားကဒ္အိမ္မွာ​ေမ့က်န္ခဲ့လို႔.."

လို႔ျပန္​​ေျဖ​ၿပီးတစ္ဆက္တည္း ​ေျပာလာတာက

"ဆရာမ​ေမးရင္ ​ေႏွာင္းရိပ္အရမ္းဖ်ား​ေနလို႔ ငါ​ေစာင့္​ေပး​ေနခဲ့တာလို႔​ေျဖလိုက္။ ​ေက်ာင္းသားကဒ္မပါလို႔ လို႔မ​ေျဖနဲ႔​ေနာ္ ငါဒဏ္​ေပးခံ​ေနရအုံးမယ္..."

သူ႔စကားသံ​ေလးၾကား​ေတာ့ ကၽြန္​ေတာ္​ခုံ​ေပၚ​ေခါင္း​ေမွာက္ကာ သူ႔ဖက္​ေက်ာ​ေပးလွည့္အိပ္ရင္း က်ိတ္ျပဳံးမိ​တယ္။
ကံၾကမၼာကဒီ​ေန႔ကၽြန္​ေတာ့္ဖက္​ေတာ္သား ျဖစ္​ေပးတယ္ ထင္တယ္။
​ေက်ာင္းသားကဒ္မပါလို႔ပဲ ျဖစ္​ေနပါ​ေစအုန္း ​
ေနမ​ေကာင္းတဲ့ကၽြန္​ေတာ့္ကို​ေစာင့္​ေပးပါတယ္ဆိုတဲ့ စကားသံ​ေလးကိုပဲ အတည္ယူပစ္လိုက္သည္။

​သိပ္မၾကာခင္ ​မတိုးမက်ယ္တဲ့ ေျခသံ​ေလးက နီးလာတာမို႔ ​​ေက်ာျပင္က တစ္ခ်က္တုန္သြားမိတယ္။
​​ေဘးကခုံအလြတ္မွာ ၀င္ထိုင္လိုက္တာကို ခံစားမိတာမို႔ ဆက္ၿပီးအိပ္ခ်င္​ေယာင္​ေနလိုက္​သည္။
သူ႔လက္ဖမိုးႏုႏုက နဖူး​ေပၚလာကပ္တဲ့အထိ​ေတြ႕​ေၾကာင့္ ​ပ်ံ႕လြင့္လာတဲ့ ကမၻာမ​​​​ေက် နိုင္ငံ​ေတာ္သီခ်င္းသံနဲ႔အတူ ကၽြန္​ေတာ့္ရင္ထဲမွာလည္း ႏွလုံးခုန္သံတို႔က ​က်ယ္​ေလာင္စြာ သီ​ေႂကြး​ေနပါ​ေတာ့တယ္။

" ​ေႏွာင္းရိပ္ ​ေဆး​ေသာက္ထားလား "

ကိုယ္အိပ္မ​ေပ်ာ္ဘဲ​ေနမ​ေကာင္းလို႔မွိန္း​ေနတယ္ ထင္ၿပီး ​အသံတိုးလ်စြာ ​ေလသံ​ေလးနဲ႔ ​​ေမးလာသည္။

" အင္း....​ေသာက္ထားၿပီးၿပီ "

လို႔ျပန္​ေျဖရင္းသူ႔​မ်က္ႏွာကိုၾကည့္မိ​ေတာ့ ကိုယ့္ကို စိုးရိမ္​ရိပ္​ေတြသန္း​ေနဟန္​ေလး ျမင္ရ​ေတာ့ ရင္ခုန္သံ​ေတြက စည္းခ်က္က် ၿငိမ့္ၿငိမ့္​ေလး လွိုက္ခုန္​ေနသည္။

*တစ္စကၠန္႔ ႏွစ္စကၠန္႔ သုံးစကၠန္႔ ​ေလး..​ေလးး.*
သူနဲ႔အၾကည့္ခ်င္းဆုံမိတဲ့ စကၠန္႔​ေတြကိုလိုက္​ေရတြက္​ေနရင္း ​ေလးစကၠန္႔မျပည့္မီ​ေလးမွာ သူကအၾကည့္လႊဲကာ ကိုယ့္​ေရွ႕က ထထြက္သြား​ေတာ့သည္။
ထြက္သြားတဲ့ သူ႔​ေက်ာျပင္​ေလးကို လိုက္​ေငး​ေနရတာကို ကၽြန္​ေတာ္သ​ေဘာက်ပါတယ္။
သူ႔​ေက်ာျပင္​​ေလးကိုက ​ေႏြး​ေထြးမႈ​ဆိုတဲ့ အ​ေငြ႕သက္​ေတြကို ခံစားမိတာမို႔ ကၽြန္​ေတာ္အျမဲ​ေငးၾကည့္​ေနခ်င္ခဲ့ပါတယ္။

တစ္ခ်ိန္မွာ စြန္႔ခြာထြက္​ေျပးသြားမယ့္ ​ေက်ာျပင္ငယ္​ေလး ကိုပါ ​ေငးၾကည့္ရင္း က်န္​ေနခဲ့ရမယ္ဆိုတာ သိခဲ့ရင္ ....

"ရၿပီ ..."

လက္ကိုင္ပု၀ါ အျပာ​ေလးကို ​ေရညႇစ္ကာယူလာၿပီး နဖူး​ေပၚကပ္​လာေပးတဲ့ သူ႔ကို ​ေမာ့ၾကည့္​ေတာ့

"အပူက် ​​ေအာင္ လုပ္​ေပးတာ ငါဖ်ားတဲ့အခ်ိန္ ​
ေမ​ေမက ဒီလိုလုပ္​ေပး​ေနၾက။ ဒါဆို ျမန္ျမန္ အဖ်ားက်သြားတယ္"

​ပု၀ါ​ေလးကို ဟိုဖက္ ဒီဖက္ လွန္ကာ ကပ္​ေပးရင္း
​ေျပာ​ေနတဲ့ အသံ​ေလးက ခပ္ရွရွ​ေလး​ေပမယ့္
နား​ေထာင္ခ်င္စရာ အသံ​ေလး။

နဖူး​ေပၚကပု၀ါ​ေလးနဲ႔ သုံး​ေလးခါ​ေလာက္ ​​​ေရဆြတ္လိုက္ ျပန္ကပ္​ေပးလိုက္ လုပ္​ေပးၿပီး အတန္းသို႔ျပန္လာ​ေနတဲ့​ေျခသံ​ေတြနဲ႔အတူ စကား​ေျပာသံ​ေတြၾကား​ရတာမို႔ ပု၀ါ​ေလးကိုျပန္ခြာရင္း ​ေနာက္သို႔ ​ေျခတစ္လွမ္း​ဆုတ္ကာ

"မ​သက္သာရင္ ဆရာမ​ေျပာၿပီးျပန္နားလိုက္​။
လြတ္သြားတဲ့စာ​ေတြ ငါျပန္ရွင္းျပမွာမို႔ စိတ္မပူနဲ႔။
မင္းက ဦး​ေႏွာက္​ေသး​ေသး​ေလး​ေပမယ့္ မင္းနားလည္​ေအာင္ ျပန္သင္​ေပးနိုင္တဲ့ထိ ငါ​ေတာ္တယ္ဆိုတာ သိတယ္မလား။ "

ပထမ တစ္ခြန္း​ၾကားတုန္းက *အင္း ​ေက်းဇူးပဲ*လို႔ ​ေျပာမလို႔​ေပမယ့္​ဆက္​ေျပာလာတာ​ေတြၾကားၿပီး စကားလုံး​ေတြက လည္​ေခ်ာင္း၀ မ​ေရာက္ခင္​ေပ်ာက္သြားရတယ္။

"​ေသနာ​ေလး ငါ့လာဖဲ့မ​ေနနဲ႔ မင္းမသင္​ေပးလည္း ငါဘာသာ လုပ္နိုင္တယ္ သြား​ေတာ့"

ကၽြန္​ေတာ္လည္း စိတ္​ေပါက္​ေပါက္နဲ႔​ေျပာလႊတ္​ေတာ့ "ပုဇြန္ဦး​ေႏွာက္ကမ်ား" လို႔​ေျပာၿပီး တဟားဟား ​ေအာ္ရယ္ကာ သူ႔​ေနရာျပန္သြားထိုင္​ေနတဲ့ ငဆိုး​ကို စိတ္ထဲက​ေန ​ေမတၱာ ပို႔​ေနလိုက္​ေတာ့တယ္။

ကၽြန္​ေတာ္တို႔ ႏွစ္​ေယာက္ မ်က္ႏွာခ်င္းဆိုင္တဲ့အခ်ိန္တိုင္း စကား​ေကာင္း​ေျပာတာ ဆယ္မိနစ္ပင္ျပည့္မယ္မထင္။
မ်ား​ေသာအားျဖင့္​ေတာ့ သူကကၽြန္​ေတာ္မခံ​ခ်င္​ေအာင္ ​ေျပာကာ စိတ္တိုလာ​ေအာင္ စြ​ေပးတတ္သည္။
သူနဲ႔စ​ေတြ႕တုန္းက သူ႔အစ္မနဲ႔ ပက္သတ္ၿပီး စမိတာ​ေတြကို​ အတိုး​ေရာ အရင္းပါ ​ေပါင္းၿပီး ျပန္ယူ​ေန​တဲ့
အဆိုး​ေလး အ​ေၾကာင္းသိ​ေပမယ့္လည္း ႂကြက္နဲ႔​ေၾကာင္လို တက်က္က်က္ ပင္။

ဒီလိုနဲ႔ပဲ သူကစလိုက္ ကိုယ္က ​စိတ္တိုကာ ​ေအာ္လိုက္နဲ႔ ​ေန႔​ေတြ တစ္ရက္ၿပီးတစ္ရက္ ကုန္ဆုံးလာရင္း  သူ႔ရဲ့ ၁၅ ႏွစ္ျပည့္​ေမြး​ေန႔ မွာ ကၽြန္ေတာ္အတြက္ တစ္သက္မ​ေမ့စရာ ကိစၥတစ္ခုျဖစ္လာခဲ့တယ္။

"​ေႏွာင္းရိပ္ မနက္ျဖန္ ငါ့အိမ္မွာ ​ေမြး​ေန႔ပြဲလုပ္မွာ
​ေသာ္တာယံနဲ႔ မင္းဆက္က မနက္ပိုင္း က်ဴရွင္ရွိလို႔လာမကူနိုင္ဘူးတဲ့။ မင္းက​ေတာ့ အားတယ္မလား။
​ငါဘုရားသြားၿပီး ျပန္လာရင္ လာ​ေခၚမယ္ ျပင္ထား"

မ​ေန႔က က်ဴျပင္အျပန္ သူ႔ကိုအိမ္ျပန္ပို႔​ေပး​ေတာ့ ​ေျပာလာခဲ့ျခင္း။
မနက္ျဖန္ ​အန္တီ​ေလးတို႔ အိမ္သြားလည္မယ္​ေျပာထားတဲ့ ​ေဖ​ေဖ့ကို မလိုက္နိုင္​ေၾကာင္း မ်က္ႏွာငယ္​ေလးနဲ႔ ​ေျပာရအုံးမွာ​​ေပါ့​ေလ။

သူက ကိုယ္အားလားမ​ေမးဘဲ တထစ္ခ် သူ႔အတြက္ ကိုယ္ လာေပးမွာ ​ေသခ်ာ ယုံၾကည္ထားတာမို႔ ။
ငဆိုး ​ေလးလို႔​ေျပာရင္လည္း သူ႔လက္​သံ​​ေျပာင္​ေျပာင္က ကိုယ့္​ေက်ာ​ေပၚ  က်လာအုံးမည္။

တကယ္ပါ ကိုယ္ဆိုတာကလည္း သူ႔စကားခြန္းတိုင္းကို အမိန္႔တစ္ခုလို နာခံဖို႔ အသင့္ရွိ​ေနခဲ့တာ ဘယ္ခ်ိန္ကတည္းကမွန္းမသိ။ သိမိတဲ့အခ်ိန္မွာ ကိုယ္က အဲ့တာကို အက်င့္တစ္ခုလိုပင္ စြဲ​ေနခဲ့ၿပီ။

ဒါ​ေပမယ့္ သူ႔စကား​ေတြကို ဘုကလန္႔ ျပန္​ေျပာကာ
ရန္လို​ေနသည့္အခ်ိန္​ေတြ​ကေတာ့ ခၽြင္းခ်က္​ေပါ့ဗ်ာ.....

Continue Reading

You'll Also Like

258K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
20.8K 583 39
ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပေးစေချင်ပါတယ်။ Fanficဖြစ်တဲ့ "ကံကြမ္မာက...
1.5M 63.1K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
26.8K 1.1K 12
အငယ်အနှောင်းဆိုတဲ့နာမ်စားကိုအရမ်းမုန်းတယ် ✨နံ့သာရှင်း မင်းက ကိုယ့်ရဲ့ ၈ ယောက်မြောက် ယူထားတဲ့ လူတစ်ယောက်ပဲ ✨ဦးဒေါင်းမင်း ရှင်က အိမ်ထောင်ရေးကိုဘယ်လိ...