#Unicode
ဆောင်းဒီခေတ်နဲ့ဆုံပြီး ပြန်လာကတည်းက ရတီကသူ့ကို ဘာမှမေးမလာသလို ရတီ့ဘက်ကလည်း ဘာမှစမပြောလာပေ။
သူမ မေးလာခဲ့လျှင် အကြောင်းစုံရှင်းပြမည်ဟုတွေးထားသော်လည်း ဘာမှမေးမလာတော့ ကိုယ်ဘက်က စပြောဖို့လည်း အဆင်မပြေတာနှင့် အဲ့ကိစ္စကို ဒီအတိုင်းထားလိုက်သည်။
"နှောင်းရိပ် ညနေရုံးဆင်းရင် ငါတို့အပြင်မှာညစာသွားစားရအောင် .."
မနက်စာစားရင်းရုတ်တရက်ပြောလာသည့်သူမ။
"အာ...အွန်း...နင်ဆိုင်ရွေးထားလိုက် ညနေရုံးကအပြန်လာခေါ်မယ်.."
မေမေကတော့ နှစ်ယောက်သားအဆင်ပြေပြေနေတယ် ဆိုပြီး တပြုံးပြုံးနဲ့ကြည့်နေသည်။
ညနေရုံးဆင်းတော့အိမ်ကိုအမြန်ပြေးရသည်။
အိမ်ရောက်တော့ ဧည့်ခန်းတွင် အဆင်သင့်ထိုင်စောင့်နေသောသူမ။ အ၀ါနုရောင် လက်ပြတ်ဂါ၀န်ရှည်လေး
နဲ့ ဆံပင်ရှည်တွေကို ပုခုံးပေါ်မှာဖြန့်ချထားသည်။
"နှောင်းရိပ် ပြန်လာပြီလား ငါကတော့ သွားဖို့ အဆင့်သင့်ပဲ နင် ရေချိုးချင်ချိုးလိုက် ငါစောင့်နေမယ်"
လက်ခါပြပြီး"သွား" ဆိုသည့်ပုံစံနှင့် ။သူမကတော့ ဆိုဖာပေါ်မှာ မှီထိုင်ကာ ဖုန်းသုံးနေသည်။
ကျွန်တော်လည်း အမြန်ပြင်ဆင်ပြီးတာနဲ့ သူမ ဆီသွားလိုက်သည်။
"သွားမယ် .."
ကျွန်တော့်အသံကြားတာနဲ့မော့ကြည့်လာကာ မတ်တပ်ထရပ်ရင်း
"အင့် ..."
ဆိုပြီးသူမဖုန်းကိုလှမ်းပေးသည်။ ကျွန်တော်လည်းဖုန်းကိုယူပြီးကြည့်လိုက်တော့ စားသောက်ဆိုင်တစ်ခုရဲ့ ကြော်ငြာပေ့ချ် ...
"အဲ့ဆိုင်သွားကြမယ် ငါ booking လုပ်ထားပြီးသား..."
သူမပြောသည့်ဆိုင်ထဲရောက်သည်နှင့်ရှေ့ကဦးဆောင်၀င်သွားသည့်သူမ။
သီးသန့်ခန်း ယူထားတာကြောင့် အခန်းရှေ့ရောက်တော့ ကျွန်တော့်ကိုရပ်စောင့်နေသည်။
ကျွန်တော်အနားရောက်တော့ ကျွန်တော့်လက်မောင်းတစ်ဖက်ကို တွဲကာ တံခါးကိုတွန်းဖွင့်ရင်း၀င်လိုက်သည်။
မြင်လိုက်ရသောတစ်ယောက်သောသူရဲ့မျက်၀န်းက ကျွန်တော်တို့ကိုကြည့်နေတာဆိုတာထက် ရတီတွဲထားတဲ့ ကျွန်တော့်လက် နားမှာ။ ဘာအရိပ်ယောင်မှ
မထင်ဟပ်တဲ့ မျက်၀န်းတစ်စုံက ပိုင်ရှင်ရဲ့ မျက်နှာအတိုင်း တည်ငြိမ်လျက်။
ထိုသူကိုမြင်လိုက်တာနဲ့ ကျွန်တော့်ဘေးကနေ ရှေ့ကသူတွေကိုပြုံးရယ်ပြနေသည့်သူမကို နားမလည်နိုင်သလို ကြည့်မိသည်။
ရတီ သူမ ဘာလုပ်ချင်တာလဲ။ ဘာကိုဖြစ်စေချင်တာလဲ သူစဥ်းစား၍ပင်မရတော့။
အခုလည်းကျွန်တော့်လက်ကိုဆွဲကာ ထိုသူတွေရဲ့ရှေ့တွင်ထိုင်စေသည်။ ကျွန်တော်မှာသာ ကြောင်ကာ ဘာစကားမှမထွက် အာစေးမိနေသလိုပင်။
ရှေ့ကသူကိုကြည့်တော့ ခဏကနှင့် လုံး၀မဆိုင်တဲ့ အပြုံးတွေနဲ့ ။
"ဒီခေတ် စောင့်ရတာကြာသွားလား..."
သူမကမေးတော့
" ငါတို့လည်းရောက်တာမကြာသေးပါဘူး။"
"အွန်း မှာကြရအောင် သားသား ဗိုက်ဆာနေလိမ့်မယ် ။
နင့်သားအကြိုက်တွေ မှာလိုက်အုံး..."
ဆိုကာ နှစ်ယောက်သားအစားသောက်တွေမှာနေသည်။
ထိုနှစ်ယောက်ကိုကြည့်ကာ အပိုလူဖြစ်နေရသောကိုယ်။
ရှေ့ကရေခွက်ကိုလှမ်းယူသောက်တော့ ကိုယ့်ကို မျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့လက်လေးမေးထောက်ကာကြည့်နေသော ဒီခေတ်သားလေး။
ကျွန်တော့်ကို စိုက်ကြည့်နေတော့ သောက်လက်စရေတောင်သီးသွားရသည်။
"အဟွတ်...ဟွတ်.."
ခုံပေါ်ကနေပြေးဆင်းလာကာ လက်သေးသေးလေးတွေနဲ့ ကျွန်တော့်ခါးကိုပွတ်ပေးနေသည်။
ရေသီးရင် နောက်ကျော ပွတ်ပေးတတ်သည်ကို မှတ်ထားပြီး အခု သူ့အရပ်လေးနှင့်ကျွန်တော့်နောက်ကျောကို မမှီ၍ ခါးကိုသာ ပွတ်ပေးနေသည်။
"နှောင်းရိပ်အဆင်ပြေရဲ့လား..."
ဘေးကရတီက လှမ်းမေးတော့ ခေါင်းငြိမ့်ပြပြီး
ကလေးလေးလက်လေးလှမ်းကိုင်ကာ
" ကျေးဇူးပါပဲ သားရေ...သားလေးကလိမ္မာ လိုက်တာ"
ဆိုပြီး ကလေးဆံပင်လေးတွေကိုဖွကာ ပြုံးပြရင်းဆိုလိုက်သည်။
တစ်ယောက်သောသူကိုလှမ်းကြည့်တော့ ကျွန်တော်နဲ့ကလေးကိုပြုံးကာကြည့်နေသောသူ။
"ဒီခေတ် သားသား အမေရော ဘာလို့မခေါ်လာတာလဲ...။နင်လက်ထပ်တုန်းကလည်းငါတို့အကြောင်းမကြားခဲ့ဘူး။ငါကတွေ့ ဖူးချင်လို့ မိသားစုလိုက်လာပါလို့ ပြောလိုက်တာကို..။"
ရတီကပြောတော့ သူ့မျက်နှာမှာ အရိပ်တစ်ခုဖြတ်ပြေးသွားတာကို ကျွန်တော်မြင်လိုက်မိသေးတယ်။ စက္ကန့်ပိုင်းလောက် အတွင်း ထိုအရိပ်တွေကလွင့်ပြယ်သွားတာမို့ ကျွန်တော် မှန်းဆဖို့ မတတ်နိုင်ခဲ့။ သူကသားကိုတစ်ချက်ငဲ့ကြည့်ရင်း
"သားသား အမေက စင်ကာပူမှာပဲ
ငါက အလုပ်ကိစ္စနဲ့ ဒီပြန်လာရတာ။ဟိုမှာ သူတစ်ယောက်တည်း သားသားကိုကြည့်ဖို့ကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ သားသားကို ငါပဲ ခေါ်လာလိုက်တော့တာ"
ရတီကတော့ "အော်..." လို့ ပဲပြောရင်း ကလေးရဲ့ပန်းကန်ထဲ ဟင်းတွေထည့်ပေးနေသည်။
"ဒါဆို သူမကဘယ်သူလဲ....။ ငါတို့သိတဲ့သူပဲလား..."
ကျွန်တော်မဲ့ပြုံးတစ်ခုနဲ့အတူသူ့မျက်နှာကို စိုက်ကြည့်ကာမေးလိုက်သည်။ စိတ်ထဲမှာတော့ သူ့အဖြေက ကိုယ်ထင်သလိုမဟုတ်ပါစေနဲ့လို့ ဆုတောင်းနေတာကို ဘယ်သူမှသိမည်မထင်။
ဒီမေးခွန်းဟာ ကျွန်တော်သူ့ကို ကလေးနဲ့အတူပြန်တွေ့
ကတည်းကမေးချင်ခဲ့သည့်မေးခွန်း။ ဒါပေမယ့် အလုပ်သဘောအရပဲ ပတ်သက်ဖြစ်သည့် ဆက်ဆံရေးမို့ မမေးတော့ဖို့လည်းဆုံးဖြတ်ခဲ့သည်။အခုတော့ အခွင့်သင့်တုန်း မျိုသိပ်ထားခဲ့ရတဲ့ သိချင်စိတ်ကို ထပ်မထိန်းထားနိုင်တော့ ။
"အွန်း မင်းတို့နှစ်ယောက်လုံးသိပြီးသားသူပါပဲ...။
သားသား အမေက နှင်းဧကရီ"
သူက ကျွန်တော့်ကိုကြည့်ကာ အသံတစ်ချက် မယိုင် မျက်နှာတစ်ချက်မပျက်ဘဲ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။
ကျွန်တော့်ဆုတောင်းကို ဘယ်နတ်ဘုရားမှ မကြားမိလိုက်ဘူး ထင်ပါတယ်။
"အော်...."
ဟုသာတုံ့ပြန်ရင်း မထီပြုံး သာပြုံးပြီးမျက်နှာလွှဲလိုက်မိသည်။ အခုချိန်မှာဖြစ်တည်နေမယ့် ကျွန်တော့်မျက်နှာကို သူ မမြင်စေချင်ပါ။
ကျွန်တော့်ရင်ထဲက မကျက်သေးသော အနာက သွေးစိမ်းရှင်ရှင်တွေ ယိုစိမ့်လာသလိုပင်။
**ဒီခေတ် မင်းပေးခဲ့တဲ့ ဒဏ်ရာက မင်းစကားတစ်ခွန်းတည်းနဲ့တင် ငါ့ကို တဖန် နာကျင်အောင် စွမ်းနိုင်တယ်.....
ငါ့နှလုံးသားဟာလည်း
မှော်ဆရာရဲ့ကျိန်စာပစ္စည်းတစ်ခုလို
မင်းမန်းမှုတ်လိုက်တာနဲ့ အချိန်မရွေး
မင်းအတွက်
လောင်ကျွမ်းပေးနိုင်တယ်....
မင်းသာဆန္ဒ ရှိခဲ့ရင်ပေါ့
တကယ်တော့
မင်းဆန္ဒတစ်ခုသာ လိုအပ်ခဲ့တာပါ***
တိမ်တွေဖုံးကာညို့မှိုင်းနေတဲ့ကောင်းကင်ဟာ မကြာခင် မိုးရွာချတော့မယ်ဆိုတာ ဘယ်ဗေဒင်ဆရာမှမေးစရာမလိုအောင်သေချာနေတယ်။
မျက်နှာချင်းဆိုင်ထားတဲ့ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခိုက်လာတဲ့လေထုမှာတောင် မိုးနံ့တွေရနေတယ်။
ကျွန်တော်နဲ့သူရဲ့ကြားကလေထုကလည်းဒီနေ့မှ အေးစက်နေသလို။
ညနေခင်းခြံထဲကဒန်းလေးပေါ်ထိုင်ကာ
ဂီတာတီးနေတုန်း ဆိုင်ကယ်တစ်စီးနဲ့ရောက်ချလာကာ
ဘာမှမပြောဘဲ ကျွန်တော့်ကိုသာငေးကြည့်နေသည်။
ဘာဖြစ်လာတာလဲမေးတော့ မင်းကိုလွမ်းလို့တဲ့လေ။
သူစိတ်ချမ်းသာသလိုသာနေပါစေဆိုပြီး လွှတ်ထားလိုက်သည်။
ဂီတာကိုဟိုခေါက်ဒီခေါက် လုပ်နေတဲ့ ကျွန်တော့်ကို နာရီ၀က်လောက်ကြာအောင် ထိုင်ငေးနေပြီးမှ ပြောလာတာက
"မင်း ငါ့အတွက်ရည်ရွယ်ပြီး ဆိုခဲ့တာလို့ပြောတဲ့ ထာ၀ရအဆုံးထိ ဆိုပြပါလား" တဲ့။
ကျွန်တော်အံ့သြကာ သူ့လှည့်ကြည့်ရင်းရယ်လိုက်သည်။
"ငါ ကီးတွေမေ့နေပြီ နှောင်းခေတ်ရ.."
ကျွန်တော့်စကားကြောင့် မျက်နှာစူပုတ်ကာ အလိုမကျဟန်ဖြစ်သွားတဲ့သူလေးကို ကြည့်ကာ အူယားလွန်းလို့ ဆံပင်လေးတွေကိုဖွလိုက်မိသည်။
ဆယ်တန်းဖြေပြီးကတည်းကဆံပင်အရှည်ထားချင်သည်ဆိုကာ မညှပ်တဲ့ဆံပင်တွေက ခုတော့ လည်ဂုတ်ပေါ်မှာ၀ဲလို့နေရာယူထားသည်။
ဟိုတစ်ပတ်ကမှ ကာလာဆိုးချင်သည်ဆိုလို့ ကျွန်တော်ကိုယ်တိုင် လိုက်ပို့ကာ ရွေးပေးခဲ့သည် ရွှေအိုရောင်လေးကလည်း သူ့ရဲ့မျက်နှာဖူးဖူးလေးကို ပိုလို့ပေါ်လွင်စေသည်။
သူ့ဆံပင်တွေဖွနေတဲ့ကျွန်တော့်လက်တွေကိုပုတ်ထုတ်ကာ တစ်ဖက်လှည့်သွားတဲ့ ကျွန်တော့်မြတ်နိုးရသူလေးကိုချော့ဖို့
" အို ကိုယ်တို့နှစ်ယောက်ရဲ့ အသိမှာ
ကတိစကားတစ်ခွန်းမှမရှိပါ
ဘာမှမထူးဆန်းတဲ့ကဗျာ......."
၀ိုင်၀ိုင်းရဲ့ ထာ၀ရအဆုံးထိ သီချင်းကို ဂီတာလေးတီးရင်းအစလေးဆိုပြတော့မှလှည့်ကာကြည့်လာသည်။
သီချင်းတစ်ပုဒ်လုံးဆိုနေတဲ့တောက်လျှောက် ကျွန့်တော့်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေသည်။
နောက်ဆုံးအပိုဒ်ရောက်တော့ ကျွန်တော်လည်းသူမျက်နှာလေးပြန်ငေးကာ ကြည့်ရင်းဆိုလိုက်သည်။
"ထာ၀ရအဆုံးထိ နှုတ်မဆက်ပါကွယ်
ထာ၀ရအဆုံးတိုင် ကိုယ်တန်ဖိုးထားတော့မယ်
မင်းလက်တွေဆုပ်ကာ
အခါခါ အဆက်ဆက်ပြောချင်တယ်
ဒီတစ်သက်လုံး နင်တစ်ယောက်တည်း
ချစ်တော့မယ်...."
သူကျွန်တော့်ကိုကြည့်မနေခဲ့တော့ပါ ခေါင်းကိုအောက်သာငုံ့ထားသည်။ သူရှက်သွားသည်ထင်တယ် ဟုမှတ်ကာ သီချင်းပြီးသွားသည့်တိုင် တိတ်တဆိတ်ပဲကြည့်နေလိုက်သည်။
"နှောင်း ...ငါတို့ ကျုံးဘေး သွားရအောင်"
ပြောပြောဆိုဆို လက်ထဲကဂီတာကိုဆွဲယူကာဘေးချပြီး ကျွန်တော့်လက်ကိုဆွဲကာ ဆိုင်ကယ်ပေါ် တက်ခိုင်းသည်။
ဘာမှပြန်ပြောနေချိန်မရလိုက်ဘဲ သူ့နောက်ပါသွားရသည်။
ခေတ် ဒီနေ့ အတော်ကိုထူးဆန်းနေသည်။ အိမ်ကိုရုတ်တရက်ရောက်လာပြီး သီချင်းဆိုခိုင်းတယ် ။အခုလည်း ကျုံးဘေးသွားမယ်တဲ့ ။ ဘာတွေစိတ်ကူးပေါက်နေတယ်မသိ။ ကျွန်တော်ကတော့ ဘာမှမေးမနေတော့ သူ့စိတ်တိုင်းကျပဲပေါ့။
ကျုံးဘေးရောက်တော့ ဘာမှမပြောဘဲကျုံးရေပြင်ကိုသာ ငေးကြည့်နေသည်။
လေပြေတွေတိုက်လို့ ၀ဲသွားတဲ့ ဆံနွယ်ရွှေအိုရောင်လေးတွေနဲ့ သူက ဘေးကနေမြင်ရတာတောင် အလှဆုံးပန်းချီကားတစ်ချပ်ဖြစ်နေသည်။
ကျွန်တော်တို့က အလှတရားတွေကိုငေးမောနေ
တာချင်း တူနေပေမယ့် ကျွန်တော့်အတွက် အလှတရားက ရှေ့ကကျုံးနဲ့နန်းမြို့ရိုးကိုကျော်လွန်ပြီး
"နှောင်းခေတ်"လို့ ကျွန်တော် တမြတ်တနိုး ခေါ်ဆိုရသူ....
ချစ်သူဖြစ်ပြီးနောက်ပိုင်း တရားဝင်ခေါ်ခွင့်ရခဲ့တဲ့
နှောင်းခေတ် ဆိုတဲ့နာမ်စားလေး။
ဟိုအရင် ဘာရယ်မဟုတ် သူ့ကို စနောက်ချင်လို့ ရှေးရိုးစွဲဆန်ပြီး အယူနည်းနည်းသည်းတတ်တဲ့သူ့ကို
"မင်း နာမည်က ဒီခေတ် မဖြစ်သင့်ဘူး နှောင်းခေတ် ဖြစ်ရမှာလို့" ပြောမိသည်မှစ ကျွန်တော့် စိတ်ထဲစိုးမိုးလာခဲ့တဲ့ နာမ်စားလေးဟာ ကျွန်တော့်နာမည်လေးနဲ့ ပေါင်းစပ်ထားတဲ့ နှောင်းခေတ် တဲ့ ။
ထိုနာမကို ရွတ်ဆိုမိတိုင်း၊ သူ့မျက်နှာလေးကို ကြည့်လို့ ခေါ်ခွင့်ရှိတိုင်း သူဟာ ကိုယ့်အတွက်ဖြစ်တည်နေတဲ့ လူသားဆိုတဲ့ ခံစားချက်ဟာ ပျော်ရွှင်ကျေနပ်ခြင်းထက်ပိုတဲ့ မြတ်နိုးခြင်းတွေ ကိန်းဝပ်နေခဲ့သည်။
"ခေတ်...မကြာခင် မိုးရွာတော့မယ်ထင်တယ်ပြန်ကြရအောင် "
နာရီ၀က်လောက်ကျုံးရေပြင်ကိုငေးနေတဲ့ သူ့ကိုကျွန်တော်ပြောတော့ ကျုံးကြီးကိုအကြည့်မရွေ့ဘဲပြောလာတဲ့စကားက ကျွန့်တော့်ကို မိုးကြိုးပစ်ချလိုက်သလို...
"ငါနောက်လထဲ Melbourneမှာ ကျောင်းသွားတက်တော့မယ် နှောင်းရိပ်"
"....."
ကျွန်တော်တိတ်ဆိတ်နေမိသည်။ ခဏကြာမှအသိပြန်၀င်လာကာ
"ခေတ် မင်းပဲပြောတယ်မလား ငါတို့ခွဲရမှာစိုးလို့ မသွားဘူးဆို...အခုဘာလို့လဲ"
သူကျွန်တော်ကိုလှည့်ကြည့်လာတဲ့မျက်၀န်းတွေမှာ ကျွန်တော် ဖတ်မရတဲ့ အဓိပ္ပါယ်တွေ ပြည့်နှက်နေသည်။
"အွန်း ..ငါပြောခဲ့တယ်
ဒါပေမယ့် အခု ငါ့အိပ်မက်ကို စွန့်လွှတ်ရမယ်တွေးမိတော့ မလုပ်နိုင်တော့လို့ ... "
သူက တည်တည်ငြိမ်ငြိမ်နဲ့ လေးနက်စွာ ပြောနေသည်။
ကျွန်တော် ခေါင်းကိုအပေါ်မော့ကာ ဟားတိုက်ရယ်လိုက်သည်။ ပြီးတော့ ဒေါသလွှမ်းကာနာကျင်နေတဲ့မျက်၀န်းတွေနဲ့သူ့ကိုစိုက်ကြည့်ကာ
" ငါတို့ဒီကိစ္စကိုအသေချာ ဆွေးနွေးခဲ့တယ်နော် ။
ငါမင်းအိပ်မက်နောက်လိုက်ဖို့ ငါတိုက်တွန်းခဲ့တယ်။
မင်းကိုယ်တိုင်က လက်မခံပဲငြင်းခဲ့တာ ။"
"..."
သူဘာမှပြန်မပြောဘဲတိတ်ဆိတ်ကာ မျက်နှာလွှဲထားသည်။
"ဘာလဲ ဟို နှင်းဧကရီ ဆိုတဲ့တစ်ယောက်က သူနဲ့အတူ
ကျောင်းလိုက်တက်ပေးရမယ်တဲ့လား ...
အမှန်တကယ် မင်းအိပ်မက်အတွက်သာဆို ငါ
ကြည်ဖြူစွာ ဒီကိစ္စကိုလက်ခံတယ်
အခုတော့ မင်းက အခြားတစ်ယောက်အတွက်ပေါ့လေ ...."
သူ့ဘက်က မဟုတ်ပါဘူး ဆိုတဲ့ စကားတစ်ခွန်းကို သေမလောက်မျှော်လင့်နေခဲ့ပေမယ့်
"ငါ....ငါ..တောင်းပန်ပါတယ် "
ဆိုတဲ့စကားတစ်ခွန်းသာပြန်ရခဲ့သည်။
ထို့နောက် နီဆွေးနေတဲ့ မျက်ခမ်းစပ်တွေနဲ့ ဘယ်လိုမှမလိုက်ဖက်တဲ့ သူ့မျက်၀န်းလှလှတွေကိုရင်နာနာငေးကြည့်နေရတဲ့ကျွန်တော့်ကို
"ငါတို့ ကိုယ့်လမ်းကိုယ်လျှောက်ကြရအောင်
နှောင်းရိပ်မာန် "
ဟုဆိုကာ ကျောခိုင်းထွက်ခွာသွားတော့သည်။
သူ့ဆိုင်ကယ်လေး အဝေးကို နှင်သွားတဲ့အထိ ထိုနေရာတွင်သာ ရပ်ကာ ကြောင်နေခဲ့မိသည်။
သူအခု လမ်းခွဲစကားပြောသွားတာလား ။
ကျွန်တော်မယုံကြည်နိုင် နောက်ဆုံးတော့ အဲ့စကားကိုသာပြန်ကြားရင်း ဒူးထောက်ချကာ ငိုမိလိုက်သည်။
အဲ့နေ့က သည်းထန်လှတဲ့ မိုးရေထဲမှာ ဆိုင်ကယ်မောင်းရင်း မိုးရေစက်တွေနဲ့အပြိုင်ကျဆင်းခဲ့တဲ့ ဆံပင်ရွှေ၀ါရောင်ကောင်လေးရဲ့ မျက်ရည်စက်တွေရှိသလို
မိုးရွာထဲမှာ ၀ိညာဥ်နှုတ်ခံရတဲ့သူတစ်ယောက်လိုလမ်းလျှောက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့
နှလုံးသွေးစက် တတောက်တောက် ကျသံဟာ မိုးစက် တွေ ကျသံနဲ့ သံပြိုင် မြည်ဟီးနေခဲ့တယ်.......
#Zawgyi
ေဆာင္းဒီေခတ္နဲ႔ဆုံၿပီး ျပန္လာကတည္းက ရတီကသူ႔ကို ဘာမွေမးမလာသလို ရတီ့ဘက္ကလည္း ဘာမွစမေျပာလာေပ။
သူမ ေမးလာခဲ့လၽွင္ အေၾကာင္းစုံရွင္းျပမည္ဟုေတြးထားေသာ္လည္း ဘာမွေမးမလာေတာ့ ကိုယ္ဘက္က စေျပာဖို႔လည္း အဆင္မေျပတာႏွင့္ အဲ့ကိစၥကို ဒီအတိုင္းထားလိုက္သည္။
"ေႏွာင္းရိပ္ ညေန႐ုံးဆင္းရင္ ငါတို႔အျပင္မွာညစာသြားစားရေအာင္ .."
မနက္စာစားရင္း႐ုတ္တရက္ေျပာလာသည့္သူမ။
"အာ...အြန္း...နင္ဆိုင္ေရြးထားလိုက္ ညေန႐ုံးကအျပန္လာေခၚမယ္.."
ေမေမကေတာ့ ႏွစ္ေယာက္သားအဆင္ေျပေျပေနတယ္ ဆိုၿပီး တျပဳံးျပဳံးနဲ႔ၾကည့္ေနသည္။
ညေန႐ုံးဆင္းေတာ့အိမ္ကိုအျမန္ေျပးရသည္။
အိမ္ေရာက္ေတာ့ ဧည့္ခန္းတြင္ အဆင္သင့္ထိုင္ေစာင့္ေနေသာသူမ။ အ၀ါႏုေရာင္ လက္ျပတ္ဂါ၀န္ရွည္ေလး
နဲ႔ ဆံပင္ရွည္ေတြကို ပုခုံးေပၚမွာျဖန္႔ခ်ထားသည္။
"ေႏွာင္းရိပ္ ျပန္လာၿပီလား ငါကေတာ့ သြားဖို႔ အဆင့္သင့္ပဲ နင္ ေရခ်ိဳးခ်င္ခ်ိဳးလိုက္ ငါေစာင့္ေနမယ္"
လက္ခါျပၿပီး"သြား" ဆိုသည့္ပုံစံႏွင့္ ။သူမကေတာ့ ဆိုဖာေပၚမွာ မွီထိုင္ကာ ဖုန္းသုံးေနသည္။
ကၽြန္ေတာ္လည္း အျမန္ျပင္ဆင္ၿပီးတာနဲ႔ သူမ ဆီသြားလိုက္သည္။
"သြားမယ္ .."
ကၽြန္ေတာ့္အသံၾကားတာနဲ႔ေမာ့ၾကည့္လာကာ မတ္တပ္ထရပ္ရင္း
"အင့္ ..."
ဆိုၿပီးသူမဖုန္းကိုလွမ္းေပးသည္။ ကၽြန္ေတာ္လည္းဖုန္းကိုယူၿပီးၾကည့္လိုက္ေတာ့ စားေသာက္ဆိုင္တစ္ခုရဲ့ ေၾကာ္ျငာေပ့ခ်္ ...
"အဲ့ဆိုင္သြားၾကမယ္ ငါ booking လုပ္ထားၿပီးသား..."
သူမေျပာသည့္ဆိုင္ထဲေရာက္သည္ႏွင့္ေရွ႕ကဦးေဆာင္၀င္သြားသည့္သူမ။
သီးသန္႔ခန္း ယူထားတာေၾကာင့္ အခန္းေရွ႕ေရာက္ေတာ့ ကၽြန္ေတာ့္ကိုရပ္ေစာင့္ေနသည္။
ကၽြန္ေတာ္အနားေရာက္ေတာ့ ကၽြန္ေတာ့္လက္ေမာင္းတစ္ဖက္ကို တြဲကာ တံခါးကိုတြန္းဖြင့္ရင္း၀င္လိုက္သည္။
ျမင္လိုက္ရေသာတစ္ေယာက္ေသာသူရဲ့မ်က္၀န္းက ကၽြန္ေတာ္တို႔ကိုၾကည့္ေနတာဆိုတာထက္ ရတီတြဲထားတဲ့ ကၽြန္ေတာ့္လက္ နားမွာ။ ဘာအရိပ္ေယာင္မွ
မထင္ဟပ္တဲ့ မ်က္၀န္းတစ္စုံက ပိုင္ရွင္ရဲ့ မ်က္ႏွာအတိုင္း တည္ၿငိမ္လ်က္။
ထိုသူကိုျမင္လိုက္တာနဲ႔ ကၽြန္ေတာ့္ေဘးကေန ေရွ႕ကသူေတြကိုျပဳံးရယ္ျပေနသည့္သူမကို နားမလည္နိုင္သလို ၾကည့္မိသည္။
ရတီ သူမ ဘာလုပ္ခ်င္တာလဲ။ ဘာကိုျဖစ္ေစခ်င္တာလဲ သူစဥ္းစား၍ပင္မရေတာ့။
အခုလည္းကၽြန္ေတာ့္လက္ကိုဆြဲကာ ထိုသူေတြရဲ့ေရွ႕တြင္ထိုင္ေစသည္။ ကၽြန္ေတာ္မွာသာ ေၾကာင္ကာ ဘာစကားမွမထြက္ အာေစးမိေနသလိုပင္။
ေရွ႕ကသူကိုၾကည့္ေတာ့ ခဏကႏွင့္ လုံး၀မဆိုင္တဲ့ အျပဳံးေတြနဲ႔ ။
"ဒီေခတ္ ေစာင့္ရတာၾကာသြားလား..."
သူမကေမးေတာ့
" ငါတို႔လည္းေရာက္တာမၾကာေသးပါဘူး။"
"အြန္း မွာၾကရေအာင္ သားသား ဗိုက္ဆာေနလိမ့္မယ္ ။
နင့္သားအႀကိဳက္ေတြ မွာလိုက္အုံး..."
ဆိုကာ ႏွစ္ေယာက္သားအစားေသာက္ေတြမွာေနသည္။
ထိုႏွစ္ေယာက္ကိုၾကည့္ကာ အပိုလူျဖစ္ေနရေသာကိုယ္။
ေရွ႕ကေရခြက္ကိုလွမ္းယူေသာက္ေတာ့ ကိုယ့္ကို မ်က္လုံး၀ိုင္း၀ိုင္းေလးေတြနဲ႔လက္ေလးေမးေထာက္ကာၾကည့္ေနေသာ ဒီေခတ္သားေလး။
ကၽြန္ေတာ့္ကို စိုက္ၾကည့္ေနေတာ့ ေသာက္လက္စေရေတာင္သီးသြားရသည္။
"အဟြတ္...ဟြတ္.."
ခုံေပၚကေနေျပးဆင္းလာကာ လက္ေသးေသးေလးေတြနဲ႔ ကၽြန္ေတာ့္ခါးကိုပြတ္ေပးေနသည္။
ေရသီးရင္ ေနာက္ေက်ာ ပြတ္ေပးတတ္သည္ကို မွတ္ထားၿပီး အခု သူ႔အရပ္ေလးႏွင့္ကၽြန္ေတာ့္ေနာက္ေက်ာကို မမွီ၍ ခါးကိုသာ ပြတ္ေပးေနသည္။
"ေႏွာင္းရိပ္အဆင္ေျပရဲ့လား..."
ေဘးကရတီက လွမ္းေမးေတာ့ ေခါင္းၿငိမ့္ျပၿပီး
ကေလးေလးလက္ေလးလွမ္းကိုင္ကာ
" ေက်းဇူးပါပဲ သားေရ...သားေလးကလိမၼာ လိုက္တာ"
ဆိုၿပီး ကေလးဆံပင္ေလးေတြကိုဖြကာ ျပဳံးျပရင္းဆိုလိုက္သည္။
တစ္ေယာက္ေသာသူကိုလွမ္းၾကည့္ေတာ့ ကၽြန္ေတာ္နဲ႔ကေလးကိုျပဳံးကာၾကည့္ေနေသာသူ။
"ဒီေခတ္ သားသား အေမေရာ ဘာလို႔မေခၚလာတာလဲ...။နင္လက္ထပ္တုန္းကလည္းငါတို႔အေၾကာင္းမၾကားခဲ့ဘူး။ငါကေတြ႕ ဖူးခ်င္လို႔ မိသားစုလိုက္လာပါလို႔ ေျပာလိုက္တာကို..။"
ရတီကေျပာေတာ့ သူ႔မ်က္ႏွာမွာ အရိပ္တစ္ခုျဖတ္ေျပးသြားတာကို ကၽြန္ေတာ္ျမင္လိုက္မိေသးတယ္။ စကၠန္႔ပိုင္းေလာက္ အတြင္း ထိုအရိပ္ေတြကလြင့္ျပယ္သြားတာမို႔ ကၽြန္ေတာ္ မွန္းဆဖို႔ မတတ္နိုင္ခဲ့။ သူကသားကိုတစ္ခ်က္ငဲ့ၾကည့္ရင္း
"သားသား အေမက စင္ကာပူမွာပဲ
ငါက အလုပ္ကိစၥနဲ႔ ဒီျပန္လာရတာ။ဟိုမွာ သူတစ္ေယာက္တည္း သားသားကိုၾကည့္ဖို႔ကလည္း အလုပ္တစ္ဖက္နဲ႔ဆိုေတာ့ သားသားကို ငါပဲ ေခၚလာလိုက္ေတာ့တာ"
ရတီကေတာ့ "ေအာ္..." လို႔ ပဲေျပာရင္း ကေလးရဲ့ပန္းကန္ထဲ ဟင္းေတြထည့္ေပးေနသည္။
"ဒါဆို သူမကဘယ္သူလဲ....။ ငါတို႔သိတဲ့သူပဲလား..."
ကၽြန္ေတာ္မဲ့ျပဳံးတစ္ခုနဲ႔အတူသူ႔မ်က္ႏွာကို စိုက္ၾကည့္ကာေမးလိုက္သည္။ စိတ္ထဲမွာေတာ့ သူ႔အေျဖက ကိုယ္ထင္သလိုမဟုတ္ပါေစနဲ႔လို႔ ဆုေတာင္းေနတာကို ဘယ္သူမွသိမည္မထင္။
ဒီေမးခြန္းဟာ ကၽြန္ေတာ္သူ႔ကို ကေလးနဲ႔အတူျပန္ေတြ႕
ကတည္းကေမးခ်င္ခဲ့သည့္ေမးခြန္း။ ဒါေပမယ့္ အလုပ္သေဘာအရပဲ ပတ္သက္ျဖစ္သည့္ ဆက္ဆံေရးမို႔ မေမးေတာ့ဖို႔လည္းဆုံးျဖတ္ခဲ့သည္။အခုေတာ့ အခြင့္သင့္တုန္း မ်ိဳသိပ္ထားခဲ့ရတဲ့ သိခ်င္စိတ္ကို ထပ္မထိန္းထားနိုင္ေတာ့ ။
"အြန္း မင္းတို႔ႏွစ္ေယာက္လုံးသိၿပီးသားသူပါပဲ...။
သားသား အေမက ႏွင္းဧကရီ"
သူက ကၽြန္ေတာ့္ကိုၾကည့္ကာ အသံတစ္ခ်က္ မယိုင္ မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ ပုံမွန္အတိုင္း ေပါ့ေပါ့ပါးပါး ေျပာလာခဲ့သည္။
ကၽြန္ေတာ့္ဆုေတာင္းကို ဘယ္နတ္ဘုရားမွ မၾကားမိလိုက္ဘူး ထင္ပါတယ္။
"ေအာ္...."
ဟုသာတုံ႔ျပန္ရင္း မထီျပဳံး သာျပဳံးၿပီးမ်က္ႏွာလႊဲလိုက္မိသည္။ အခုခ်ိန္မွာျဖစ္တည္ေနမယ့္ ကၽြန္ေတာ့္မ်က္ႏွာကို သူ မျမင္ေစခ်င္ပါ။
ကၽြန္ေတာ့္ရင္ထဲက မက်က္ေသးေသာ အနာက ေသြးစိမ္းရွင္ရွင္ေတြ ယိုစိမ့္လာသလိုပင္။
**ဒီေခတ္ မင္းေပးခဲ့တဲ့ ဒဏ္ရာက မင္းစကားတစ္ခြန္းတည္းနဲ႔တင္ ငါ့ကို တဖန္ နာက်င္ေအာင္ စြမ္းနိုင္တယ္.....
ငါ့ႏွလုံးသားဟာလည္း
ေမွာ္ဆရာရဲ့က်ိန္စာပစၥည္းတစ္ခုလို
မင္းမန္းမႈတ္လိုက္တာနဲ႔ အခ်ိန္မေရြး
မင္းအတြက္
ေလာင္ကၽြမ္းေပးနိုင္တယ္....
မင္းသာဆႏၵ ရွိခဲ့ရင္ေပါ့
တကယ္ေတာ့
မင္းဆႏၵတစ္ခုသာ လိုအပ္ခဲ့တာပါ***
တိမ္ေတြဖုံးကာညိဳ႕မွိုင္းေနတဲ့ေကာင္းကင္ဟာ မၾကာခင္ မိုးရြာခ်ေတာ့မယ္ဆိုတာ ဘယ္ေဗဒင္ဆရာမွေမးစရာမလိုေအာင္ေသခ်ာေနတယ္။
မ်က္ႏွာခ်င္းဆိုင္ထားတဲ့ က်ဳံးေရျပင္ကို ျဖတ္သန္းတိုက္ခိုက္လာတဲ့ေလထုမွာေတာင္ မိုးနံ့ေတြရေနတယ္။
ကၽြန္ေတာ္နဲ႔သူရဲ့ၾကားကေလထုကလည္းဒီေန႔မွ ေအးစက္ေနသလို။
ညေနခင္းၿခံထဲကဒန္းေလးေပၚထိုင္ကာ
ဂီတာတီးေနတုန္း ဆိုင္ကယ္တစ္စီးနဲ႔ေရာက္ခ်လာကာ
ဘာမွမေျပာဘဲ ကၽြန္ေတာ့္ကိုသာေငးၾကည့္ေနသည္။
ဘာျဖစ္လာတာလဲေမးေတာ့ မင္းကိုလြမ္းလို႔တဲ့ေလ။
သူစိတ္ခ်မ္းသာသလိုသာေနပါေစဆိုၿပီး လႊတ္ထားလိုက္သည္။
ဂီတာကိုဟိုေခါက္ဒီေခါက္ လုပ္ေနတဲ့ ကၽြန္ေတာ့္ကို နာရီ၀က္ေလာက္ၾကာေအာင္ ထိုင္ေငးေနၿပီးမွ ေျပာလာတာက
"မင္း ငါ့အတြက္ရည္ရြယ္ၿပီး ဆိုခဲ့တာလို႔ေျပာတဲ့ ထာ၀ရအဆုံးထိ ဆိုျပပါလား" တဲ့။
ကၽြန္ေတာ္အံ့ၾသကာ သူ႔လွည့္ၾကည့္ရင္းရယ္လိုက္သည္။
"ငါ ကီးေတြေမ့ေနၿပီ ေႏွာင္းေခတ္ရ.."
ကၽြန္ေတာ့္စကားေၾကာင့္ မ်က္ႏွာစူပုတ္ကာ အလိုမက်ဟန္ျဖစ္သြားတဲ့သူေလးကို ၾကည့္ကာ အူယားလြန္းလို႔ ဆံပင္ေလးေတြကိုဖြလိုက္မိသည္။
ဆယ္တန္းေျဖၿပီးကတည္းကဆံပင္အရွည္ထားခ်င္သည္ဆိုကာ မညႇပ္တဲ့ဆံပင္ေတြက ခုေတာ့ လည္ဂုတ္ေပၚမွာ၀ဲလို႔ေနရာယူထားသည္။
ဟိုတစ္ပတ္ကမွ ကာလာဆိုးခ်င္သည္ဆိုလို႔ ကၽြန္ေတာ္ကိုယ္တိုင္ လိုက္ပို႔ကာ ေရြးေပးခဲ့သည္ ေရႊအိုေရာင္ေလးကလည္း သူ႔ရဲ့မ်က္ႏွာဖူးဖူးေလးကို ပိုလို႔ေပၚလြင္ေစသည္။
သူ႔ဆံပင္ေတြဖြေနတဲ့ကၽြန္ေတာ့္လက္ေတြကိုပုတ္ထုတ္ကာ တစ္ဖက္လွည့္သြားတဲ့ ကၽြန္ေတာ့္ျမတ္နိုးရသူေလးကိုေခ်ာ့ဖို႔
" အို ကိုယ္တို႔ႏွစ္ေယာက္ရဲ့ အသိမွာ
ကတိစကားတစ္ခြန္းမွမရွိပါ
ဘာမွမထူးဆန္းတဲ့ကဗ်ာ......."
၀ိုင္၀ိုင္းရဲ့ ထာ၀ရအဆုံးထိ သီခ်င္းကို ဂီတာေလးတီးရင္းအစေလးဆိုျပေတာ့မွလွည့္ကာၾကည့္လာသည္။
သီခ်င္းတစ္ပုဒ္လုံးဆိုေနတဲ့ေတာက္ေလၽွာက္ ကၽြန္႔ေတာ့္ကိုသာ မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနသည္။
ေနာက္ဆုံးအပိုဒ္ေရာက္ေတာ့ ကၽြန္ေတာ္လည္းသူမ်က္ႏွာေလးျပန္ေငးကာ ၾကည့္ရင္းဆိုလိုက္သည္။
"ထာ၀ရအဆုံးထိ ႏႈတ္မဆက္ပါကြယ္
ထာ၀ရအဆုံးတိုင္ ကိုယ္တန္ဖိုးထားေတာ့မယ္
မင္းလက္ေတြဆုပ္ကာ
အခါခါ အဆက္ဆက္ေျပာခ်င္တယ္
ဒီတစ္သက္လုံး နင္တစ္ေယာက္တည္း
ခ်စ္ေတာ့မယ္...."
သူကၽြန္ေတာ့္ကိုၾကည့္မေနခဲ့ေတာ့ပါ ေခါင္းကိုေအာက္သာငုံ႔ထားသည္။ သူရွက္သြားသည္ထင္တယ္ ဟုမွတ္ကာ သီခ်င္းၿပီးသြားသည့္တိုင္ တိတ္တဆိတ္ပဲၾကည့္ေနလိုက္သည္။
"ေႏွာင္း ...ငါတို႔ က်ဳံးေဘး သြားရေအာင္"
ေျပာေျပာဆိုဆို လက္ထဲကဂီတာကိုဆြဲယူကာေဘးခ်ၿပီး ကၽြန္ေတာ့္လက္ကိုဆြဲကာ ဆိုင္ကယ္ေပၚ တက္ခိုင္းသည္။
ဘာမွျပန္ေျပာေနခ်ိန္မရလိုက္ဘဲ သူ႔ေနာက္ပါသြားရသည္။
ေခတ္ ဒီေန႔ အေတာ္ကိုထူးဆန္းေနသည္။ အိမ္ကို႐ုတ္တရက္ေရာက္လာၿပီး သီခ်င္းဆိုခိုင္းတယ္ ။အခုလည္း က်ဳံးေဘးသြားမယ္တဲ့ ။ ဘာေတြစိတ္ကူးေပါက္ေနတယ္မသိ။ ကၽြန္ေတာ္ကေတာ့ ဘာမွေမးမေနေတာ့ သူ႔စိတ္တိုင္းက်ပဲေပါ့။
က်ဳံးေဘးေရာက္ေတာ့ ဘာမွမေျပာဘဲက်ဳံးေရျပင္ကိုသာ ေငးၾကည့္ေနသည္။
ေလေျပေတြတိုက္လို႔ ၀ဲသြားတဲ့ ဆံႏြယ္ေရႊအိုေရာင္ေလးေတြနဲ႔ သူက ေဘးကေနျမင္ရတာေတာင္ အလွဆုံးပန္းခ်ီကားတစ္ခ်ပ္ျဖစ္ေနသည္။
ကၽြန္ေတာ္တို႔က အလွတရားေတြကိုေငးေမာေန
တာခ်င္း တူေနေပမယ့္ ကၽြန္ေတာ့္အတြက္ အလွတရားက ေရွ႕ကက်ဳံးနဲ႔နန္းၿမိဳ႕ရိုးကိုေက်ာ္လြန္ၿပီး
"ေႏွာင္းေခတ္"လို႔ ကၽြန္ေတာ္ တျမတ္တနိုး ေခၚဆိုရသူ....
ခ်စ္သူျဖစ္ၿပီးေနာက္ပိုင္း တရားဝင္ေခၚခြင့္ရခဲ့တဲ့
ေႏွာင္းေခတ္ ဆိုတဲ့နာမ္စားေလး။
ဟိုအရင္ ဘာရယ္မဟုတ္ သူ႔ကို စေနာက္ခ်င္လို႔ ေရွးရိုးစြဲဆန္ၿပီး အယူနည္းနည္းသည္းတတ္တဲ့သူ႔ကို
"မင္း နာမည္က ဒီေခတ္ မျဖစ္သင့္ဘူး ေႏွာင္းေခတ္ ျဖစ္ရမွာလို႔" ေျပာမိသည္မွစ ကၽြန္ေတာ့္ စိတ္ထဲစိုးမိုးလာခဲ့တဲ့ နာမ္စားေလးဟာ ကၽြန္ေတာ့္နာမည္ေလးနဲ႔ ေပါင္းစပ္ထားတဲ့ ေႏွာင္းေခတ္ တဲ့ ။
ထိုနာမကို ရြတ္ဆိုမိတိုင္း၊ သူ႔မ်က္ႏွာေလးကို ၾကည့္လို႔ ေခၚခြင့္ရွိတိုင္း သူဟာ ကိုယ့္အတြက္ျဖစ္တည္ေနတဲ့ လူသားဆိုတဲ့ ခံစားခ်က္ဟာ ေပ်ာ္ရႊင္ေက်နပ္ျခင္းထက္ပိုတဲ့ ျမတ္နိုးျခင္းေတြ ကိန္းဝပ္ေနခဲ့သည္။
"ေခတ္...မၾကာခင္ မိုးရြာေတာ့မယ္ထင္တယ္ျပန္ၾကရေအာင္ "
နာရီ၀က္ေလာက္က်ဳံးေရျပင္ကိုေငးေနတဲ့ သူ႔ကိုကၽြန္ေတာ္ေျပာေတာ့ က်ဳံးႀကီးကိုအၾကည့္မေရြ႕ဘဲေျပာလာတဲ့စကားက ကၽြန္႔ေတာ့္ကို မိုးႀကိဳးပစ္ခ်လိုက္သလို...
"ငါေနာက္လထဲ Melbourneမွာ ေက်ာင္းသြားတက္ေတာ့မယ္ ေႏွာင္းရိပ္"
"....."
ကၽြန္ေတာ္တိတ္ဆိတ္ေနမိသည္။ ခဏၾကာမွအသိျပန္၀င္လာကာ
"ေခတ္ မင္းပဲေျပာတယ္မလား ငါတို႔ခြဲရမွာစိုးလို႔ မသြားဘူးဆို...အခုဘာလို႔လဲ"
သူကၽြန္ေတာ္ကိုလွည့္ၾကည့္လာတဲ့မ်က္၀န္းေတြမွာ ကၽြန္ေတာ္ ဖတ္မရတဲ့ အဓိပၸါယ္ေတြ ျပည့္ႏွက္ေနသည္။
"အြန္း ..ငါေျပာခဲ့တယ္
ဒါေပမယ့္ အခု ငါ့အိပ္မက္ကို စြန္႔လႊတ္ရမယ္ေတြးမိေတာ့ မလုပ္နိုင္ေတာ့လို႔ ... "
သူက တည္တည္ၿငိမ္ၿငိမ္နဲ႔ ေလးနက္စြာ ေျပာေနသည္။
ကၽြန္ေတာ္ ေခါင္းကိုအေပၚေမာ့ကာ ဟားတိုက္ရယ္လိုက္သည္။ ၿပီးေတာ့ ေဒါသလႊမ္းကာနာက်င္ေနတဲ့မ်က္၀န္းေတြနဲ႔သူ႔ကိုစိုက္ၾကည့္ကာ
" ငါတို႔ဒီကိစၥကိုအေသခ်ာ ေဆြးေႏြးခဲ့တယ္ေနာ္ ။
ငါမင္းအိပ္မက္ေနာက္လိုက္ဖို႔ ငါတိုက္တြန္းခဲ့တယ္။
မင္းကိုယ္တိုင္က လက္မခံပဲျငင္းခဲ့တာ ။"
"..."
သူဘာမွျပန္မေျပာဘဲတိတ္ဆိတ္ကာ မ်က္ႏွာလႊဲထားသည္။
"ဘာလဲ ဟို ႏွင္းဧကရီ ဆိုတဲ့တစ္ေယာက္က သူနဲ႔အတူ
ေက်ာင္းလိုက္တက္ေပးရမယ္တဲ့လား ...
အမွန္တကယ္ မင္းအိပ္မက္အတြက္သာဆို ငါ
ၾကည္ျဖဴစြာ ဒီကိစၥကိုလက္ခံတယ္
အခုေတာ့ မင္းက အျခားတစ္ေယာက္အတြက္ေပါ့ေလ ...."
သူ႔ဘက္က မဟုတ္ပါဘူး ဆိုတဲ့ စကားတစ္ခြန္းကို ေသမေလာက္ေမၽွာ္လင့္ေနခဲ့ေပမယ့္
"ငါ....ငါ..ေတာင္းပန္ပါတယ္ "
ဆိုတဲ့စကားတစ္ခြန္းသာျပန္ရခဲ့သည္။
ထို႔ေနာက္ နီေဆြးေနတဲ့ မ်က္ခမ္းစပ္ေတြနဲ႔ ဘယ္လိုမွမလိုက္ဖက္တဲ့ သူ႔မ်က္၀န္းလွလွေတြကိုရင္နာနာေငးၾကည့္ေနရတဲ့ကၽြန္ေတာ့္ကို
"ငါတို႔ ကိုယ့္လမ္းကိုယ္ေလၽွာက္ၾကရေအာင္
ေႏွာင္းရိပ္မာန္ "
ဟုဆိုကာ ေက်ာခိုင္းထြက္ခြာသြားေတာ့သည္။
သူ႔ဆိုင္ကယ္ေလး အေဝးကို ႏွင္သြားတဲ့အထိ ထိုေနရာတြင္သာ ရပ္ကာ ေၾကာင္ေနခဲ့မိသည္။
သူအခု လမ္းခြဲစကားေျပာသြားတာလား ။
ကၽြန္ေတာ္မယုံၾကည္နိုင္ ေနာက္ဆုံးေတာ့ အဲ့စကားကိုသာျပန္ၾကားရင္း ဒူးေထာက္ခ်ကာ ငိုမိလိုက္သည္။
အဲ့ေန႔က သည္းထန္လွတဲ့ မိုးေရထဲမွာ ဆိုင္ကယ္ေမာင္းရင္း မိုးေရစက္ေတြနဲ႔အၿပိဳင္က်ဆင္းခဲ့တဲ့ ဆံပင္ေရႊ၀ါေရာင္ေကာင္ေလးရဲ့ မ်က္ရည္စက္ေတြရွိသလို
မိုးရြာထဲမွာ ၀ိညာဥ္ႏႈတ္ခံရတဲ့သူတစ္ေယာက္လိုလမ္းေလၽွာက္ေနတဲ့ ေကာင္ေလးတစ္ေယာက္ရဲ့
ႏွလုံးေသြးစက္ တေတာက္ေတာက္ က်သံဟာ မိုးစက္ ေတြ က်သံနဲ႔ သံၿပိဳင္ ျမည္ဟီးေနခဲ့တယ္.......