Only you (Complete)

Від wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... Більше

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*5*
*6*
*7*
*8*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*15*
*16*
*17*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*23*
*25*
New story
*26*
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
Namjoon's pov 3
💗Extra💗
💗
surprise🎉
pre-order

*24*

1.3K 165 28
Від wintshweyi

Unicode

ဆော့ဂျင် ညတုန်းကသွားစရာနေရာမရှိတာနဲ့ အနီးနားမှာရှိတဲ့ချွေးထုတ်ခန်းထဲမှာ၀င်အိပ်လိုက်ရသည်... အကျိုးဆက်ကတော့ တကိုယ်လုံးကိုက်ခဲနေခြင်းပင်... ဒါပေမဲ့ဘယ်တတ်နိုင်မလဲ ဆော့ဂျင်အခုချိန်မှာယုံကြည်လို့ရနိုင်မဲ့သူတယောက်မှမရှိပဲ... အရင်ကလည်း ဒီလိုတွေ့ကရာနေရာအိပ်တတ်တဲ့ဘ၀ကနေ လာတာဆိုတော့ အခုအဲဒီဘ၀ကိုပြန်သွားရတယ်လို့ပဲ ပေါ့ပေါ့လေးတွေးလိုက်တော့သည်...

"ဟူး* ဒီနေ့ကစပီး ငါ့ရဲ့ဘ၀ကိုအသစ်ကပြန်စရတော့မယ်"

ဆော့ဂျင် တယောက်တည်းကြွေးကြော်ရင်း အရင်ကပိုင်ဆိုင်ခဲ့တဲ့ကော်ဖီဆိုင်လေးစီကို ထွက်လာလိုက်သည်... ကော်ဖီဆိုင်လေးကို ဂျန်းကုကပေးတာဖြစ်လို့ ဂျန်းကုကိုဆော့ဂျင်ပြန်ပေးရမယ်လို့လုံး၀မတွေးပေ.. ဘာလို့ဆို ဒါကသူဆော့ဂျင်ကိုလိမ်ညာခဲ့တဲ့အဖိုးအခလို့ ဆော့ဂျင်မှတ်ယူထားခြင်းကြောင့်ပင်....

"အဟက်*ဂျွန်းဂျန်းကု မင်းငါ့ပိုဒီလိုမျိုးလှည့်စားထားတာ... ဒီလောက်တော့ပြန်ပေးဆပ်သင့်တာပေါ့.."
.
.
.
.
.
.
.
.
.
ဆော့ဂျင် ကော်ဖီဆိုင်လေးကိုတယောက်တည်းသန့်ရှင်းရေးလုပ်ရင်း အရင်ကအကြောင်းအရာတွေကိုပြန်တွေးမိသည်... ဒီ‌‌နေရာလေးကသူ့ဘ၀တလျှောက်လုံးကိုပြောင်းလဲစေခဲ့တဲ့အဓိကနေရာလေးတခုပင်....

Flesh back///

အဲ့ဒီနေ့ကဆော့ဂျင်ပုံမှန်အတိုင်းဆိုင်ကိုသန့်ရှင်းရေးလုပ်နေတဲ့အချိန်ပေါ့... ညနေစောင်းအချိန်မို့ဆိုင်ပိုင်ဖို့ပြင်နေတုန်း ဆိုင်ထဲကို၀င်လာတဲ့ အနက်ရောင်၀တ်စုံနဲ့လူတယောက်...

"တောင်းပန်ပါတယ် ခင်မျ... ကျွန်တော်တို့ဆိုင်ပိတ်သွားပါပီ"

ဆော့ဂျင် အဲဒီလူကိုယဉ်ယဉ်ကျေးကျေးလေးပြောလိုက်တယ်...
အဲဒီလူစီမှာသတိထားမိတဲ့တခုတည်းသောအရာကတော့ သူရယ်လိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်ကြီးတွေပဲ... အဲဒီတုန်းကသူဆော့ဂျင်ကိုပြုံးရင်းကြည့်နေခဲ့တာ.. ဆော့ဂျင်ထိုအချိန်ကတုံးခဲ့လွန်းတော့ ထိုအပြုံးတွေရဲ့နောက်ကွယ်ကအန္တရာယ်ကို ဆော့ဂျင်သတိမထားမိခဲ့ပေ....
နောက်နေ့တွေမှာလည်း ညနေတိုင်းလိုလိုသူရောက်လာတယ်...
ဆော့ဂျင် အမြဲသူ့အတွက် coffeeတခွက်ချန်ထားပေးရတာတောင် အကျင့်ဖြစ်နေပီလေ....

"ခင်များ ဒီနေ့လည်းရောက်လာတာပဲ... ဘာလို့ကျွန်တော့ဆိုင်ကိုပဲအမြဲလာနေရတာလဲ"

"တခြားဆိုင်တွေမှာ မင်းမှရှိမနေပဲ"

ဆော့ဂျင် ပြုံးရုံသာပြုံးလိုက်သည်... ထိုသူ့ရဲ့စကားကိုဟာသတခုအနေနဲ့တွေးမိတာ ဆော့ဂျင်မှားသွားသည်...
.
.
.
.
.
.
"ဂမ်ဆော့ဂျင် မင်းဘလောက်ကံကောင်းတယ်မှတ်လဲ... သူကငါတို့အိမ်ကအကြွေးတွေကိုဖြေရှင်းပေးမဲ့အပြင် မင်းကိုလဲလက်ထပ်ယူဦးမှာတဲ့"

ဒေါ်လေးပြောတဲ့စကားတွေ ဆော့ဂျင်နားထဲ၀င်တချက်မ၀င်တချက်ပင်... အကြွေးကိစ္စ...ဟုတ်ပါသည်.... ဆော့ဂျင်တို့အိမ်ကဒေါ်လေးရဲ့လောင်းကစားကြွေး ဒေါ်လေးသမီးဖြစ်သူရဲ့အသုံးစရိတ် အရာအားလုံးကိုဆော့ဂျင် ကော်ဖီဆိုင်လေးဖွင့်ရင်းတယောက်တည်း‌ ဖြေရှင်းနေခဲ့ရတာပေ... အဲဒီအချိန်ကကော်ဖီဆိုင်လေးကတောင်သူ့အပိုင်မဟုတ်ခဲ့.. ကော်ဖီဆိုင်အပါအ၀င်မိဘတွေထားခဲ့တဲ့အိမ်နဲ့အတူလက်၀တ်ရတနာအချို့ကလည်း ပေါင်နှံထားခဲ့ရသည်... ဒီလိုအနှစ်၊နှစ်ဆယ်ကော်လောက်သူတို့ရဲ့ဒုက္ခတွေကိုခံရင်း လုပ်ကိုင်ကျွေးမွေးလာတဲ့သူ့ကို အခုတော့ကုန်ပစ္စည်းတခုရောင်းသလို ထုတ်ရောင်းပစ်တော့မှာတဲ့လား.... လောကကြီးကဘလောက်တောင်တရားမျှတဖို့ကောင်းလိုက်ပါသလဲ...

"CEO Kimလာပီထင်တယ်... နင်ကောင်းကောင်းစကားပြော ကြားလား"

မကြာခင်ပဲ အိမ်ထဲကိုထိုလူရောက်ရှိလို့လာတယ်... သူ့ရဲ့ပါးချိုင့်တွေနဲ့အတူပေါ့...

"မင်း!!!"

"ကိုယ့်ရဲ့နာမည် Kim namjoonပါ... တွေ့ရတာ၀မ်းသာပါတယ် ဆော့ဂျင်"
.
.
.
.
.
.
ဆော့ဂျင် ဒီလိုနဲ့ပဲထိုသူ့ရဲ့အကြွေးနဲ့သိမ်းမှုကိုလက်ခံလိုက်ရသည်... ထွက်မပြေးဘူးလားဆိုတော့ ထွက်ပြေးဖို့အကြိမ်ကြီမ်ကြိုးစားဖူးတာပေါ့... သဘောမတူကြောင်းလဲအခါခါပြောခဲ့ဖူးသည်... ဒါပေမဲ့အရာအားလုံးကထိုသူရဲ့လက်ခုပ်ထဲကရေပမာ မှောက်လှန်လှန်လိုရာလှန်နဲ့ စိတ်ကြိုက်ချယ်လှယ်ပိုင်ခွင့်ခဲ့သည်... ဆော့ဂျင်ရဲ့ခံစားချက်ကသူ့အတွက် နည်းနည်းလေးမှအရေးမပါပေ.... စိတ်ပျက်စရာအကောင်းဆုံးက လူသိရှင်ကြားလက်ထပ်ခြင်းမဟုတ်ပဲ တိတ်တိတ်ပုန်းမယားတယောက်ကို အိမ်ပေါ်ခေါ်တင်ထားသကဲ့သို့ပင်.... အနည်းငယ်ကွာခြားသည်က စာချုပ်အရထိုသူသည် ဆော့ဂျင်၏တရား၀င်ခင်ပွန်းဖြစ်နေခြင်းပင်.... ဤသို့ဖြင့် ကမ်နမ်ဂျွန်းဆိုသောထိုသူသည် ဆော့ဂျင်ဘ၀ထဲကို၀င်ရောက်လာခဲ့ပါတော့သည်....
ဆော့ဂျင်ရဲ့‌ဒေါ်လေးတို့သားအမိသတင်းကိုတော့အစအနပင်မကြားရပါတော့ချေ....

'သူ့ကိုကုန်ပစ္စည်းလိုရောင်းချခဲ့တဲ့ ထိုသားအမိကို တစုံတယောက်ကအပြစ်ဒဏ်အနေနဲ့ သေမိန်ချမှတ်ခဲ့တယ်ဆိုတာ ထိုသူသိပါရဲ့လား'

Fleshback end////
.
.
.
.
.
.
.
.
.
ဆော့ဂျင်အတွေးထဲမြောနေစဉ် ဆိုင်တခါးဖွင့်သံကြောင့် ဆော့ဂျင် စိတ်ပျက်စွာပြောလိုက်သည်...

"ဆိုင်မဖွင့်သေးပါဘူး နောက်နေ့မှလာခဲ့ပါ"

"ဂျင်!!!"

ဆော့ဂျင် ကြားဖူးနေတဲ့ထိုအသံကြောင့်လှမ်းကြည့်လိုက်တော့ အရင်အတိုင်းထိုသူ့ရဲ့မျက်နှာပေါမှာပါးချိုင့်တွေဟာနေရာယူထားစဲပင်....

"မင်း ဒီကိုဘာလာလုပ်တာလဲ!!??"
.
.
.
.
.
.
.
.
ထယ်ယောင်းတယောက် ဟိုဆော့မရှိတဲ့အတောအတွင်း တချိန်လုံးအရက်နဲ့သာနှစ်ပါးသွားနေရသည်... အတူရှိခဲ့တဲ့ဒီတိတ်ခန်းဟာထယ်ယောင်းအတွက် အရမ်းကိုကျယ်လွန်းပီးတိတ်ဆိတ်လွန်းနေသည်... ထို့အတူအထီးကျန်မှုတွေနဲ့ပြည့်နှက်နေလေသည်...
ထယ်ယောင်း ဖုန်းထဲကပြုံးနေတဲ့ဟိုဆော့ရဲ့ဓာတ်ပုံလေးကိုထုတ်ကြည့်ရင်း...

"ဟိုဆော့ မင်းကိုယ့်ကိုအဆုံးထိဖုံးကွယ်ထားခဲ့ဖို့ကောင်းတယ်ကွာ...
မင်းသာမပြောရင် ကိုယ်တို့... ကိုယ်တို့တွေအခုချိန်အတူတူရှိရင်ရှိနေနိုင်ဦးမှာ... မင်းကိုယ့်ကိုတသက်လုံးဖုံးကွယ်ထားလိုက်ပါတော့လား.."

ထယ်ယောင်းထိုသူ့ကိုလွမ်းသည်... လွမ်းသည်ဆိုတာထပ်ကိုပိုသည်... ဒါပေမဲ့ထိုသူ့စီကိုဖုန်းမဆက်သလို စာလည်းမပို့ဖြစ်ပေ... အခုလိုလွမ်းနေရတာတောင် သူငယ်ချင်းဖြစ်သူကမ်ဟယ်ဆူ့ကိုမျက်နှာပူမိသည်...

နောက်ဆုံးတော့ ထယ်ယောင်းသူရဲ့လက်ထဲကဖုန်းကို အိပ်ယာဘေးကဗီဒိုအံဆွဲထဲ ထည့်ထားလိုက်ရင်း အိမ်မပျော်တဲ့ညရှည်ကိုဖြတ်သန်းလိုက်ရတော့သည်....

'အကယ်၍ထိုသူသာ အံဆွဲထဲကိုသေချာကြည့်မိခဲ့ပါလျှင် ထိုသူသာ အံဆွဲထဲက ဆေးစစ်ချက်အဖြေကိုတွေ့ခဲ့ရမည်ဆိုလျှင်...'
.
.
.
.
.
.
.
..........Namjin.....x.....Jinkook..........
AN:

အဆင်ပြေကြရဲ့လား အချစ်တို့👀
ဒီနေ့သာသာ examတခုဖြေရမှာမို့လို့ဆုတောင်းပေးကြဦးနော်💪
Love you all💞
.................................................................
Zawgyi




.
.
.
.
.
.
.
.
.

Flesh back///






.
.
.
.
.
.




"မင်း!!!"

.
.
.
.
.
.


Fleshback end////
.
.
.
.
.
.
.
.
.


"ဂျင်!!!"


.
.
.
.
.
.
.
.




.
.
.
.
.
.
.
..........Namjin.....x.....Jinkook..........
AN:

Love you all💞
.................................................................





Продовжити читання

Вам також сподобається

79.5K 3.9K 20
Despite the need for a long break, Midoriya Izuku gets called back to reform to top members of the Meta Liberation Army. But something tells him this...
7K 505 35
ငါဘယ်​တော့မှ အရက်မ​သောက်​တော့ပါဘူး ရန်လဲမဖြစ်​တော့ဘူး က​လေးမကြိုက်တာ​တွေလဲ ဘာတစ်ခုမှမလုပ်​တော့ပါဘူး ကင်​ဆော့ဂျင် တစ်...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
562K 12.5K 39
In wich a one night stand turns out to be a lot more than that.