#Unicode
"တီ...တီ...."
နာရီနှိုးစက်မြည်သံနဲ့အတူ အိပ်ယာကနေနိုးထလာခဲ့တယ်။ အိပ်ယာပေါ်ကနေ အကြောဆန့်ပြီး မနက်ခင်းလုပ်ငန်းဆောင်တာတွေလုပ်လိုက်တော့တယ် ။
အကုန်ပြီးစီးလို့ အလုပ်အိတ်နဲ့ ကားသော့ဆွဲယူပြီးအောက်ထပ်ဆင်းလာတော့ မနက်စာစားဖို့ စောင့်နေတဲ့မေမေ။
" မောနင်း မေမေ"
မေမေကိုနှုတ်ဆက်လိုက်ပြီး စားပွဲမှာ၀င်ထိုင်လိုက်သည်။
မေမေက ကျွန်တော့်ရှေ့က ကော်ဖီပန်းကန်ထဲကော်ဖီငှဲ့ပေးရင်း သူမရဲ့မူပိုင် အပြုံးလေးနဲ့ မေးလာသည်။
"သား အလုပ်မှာ အဆင်ပြေရဲ့လား "
ကျွန်တော်နှုတ်ခမ်းပါးလေးတွန့်သွားရုံ အပြုံးယဲ့ယဲ့လေးပြုံးပြရင်း
"ပြေပါတယ် မေမေ " ဟုသာဖြေလိုက်သည်။
တစ်စုံတစ်ယောက်နဲ့ အမှတ်မထင်ပြန်တွေ့ကြောင်းကိုတော့ ပြောပြမနေဖြစ်ခဲ့ ။
မနက်စာစားပြီးတာနဲ့အလုပ်သို့လာခဲ့လိုက်သည်။
တစ်ချိန်က ရင်းနှီးခဲ့ပြီးခုချိန်မှာ သူစိမ်းဖြစ်သွားတဲ့ တစ်ယောက်သောသူနဲ့ နေ့စဥ်တွေ့ မြင်နေရမယ့် ကိစ္စက အနည်းငယ် စိတ်မသက်မသာဖြစ်စေတယ်။
အခုချိန်မှာသူရောကိုယ်ပါ မသိကျွမ်းခဲ့တဲ့ သူတွေလိုနေရင်း အလုပ်ပါတနာ အဖြစ် ဆက်ဆံသွားရင် အဆင်ပြေသွားမှာပါလို့သာ တွေးလိုက်တော့တယ်။
ကျွန်တော်တို့ နေ့လည်ပိုင်း အစည်းဝေးပြီးတော့ အလုပ်ကလူကြီးတွေနှင့်နေ့လည်စာစားဖို့ ခေါ်တော့ ငြင်းရမည်လည်း အဆင်မပြေ။ သူကတော့ ပုံမှန်ဘာမှမဖြစ်သလိုပင်။
ကျွန်တော်လည်း သူတောင် အဆင်ပြေတာပဲလေလို့တွေးပြီး အားလုံးနေ့လည်စာစားဖို့ ထွက်ခဲ့လိုက်သည်။
ဆိုင်တွင်စားသောက်ကာ လုပ်ငန်းအကြောင်းပြောကြရင်း ဖြင့် ဌာနမှူးက ဆောင်းဒီခေတ်အကြောင်းတွေကိုစပ်စုနေသည်။
"ကိုဆောင်းဒီခေတ်က Singapore ကပဲကျောင်းပြီးတာလား"
ရှေ့ဖန်ခွက်ကိုလှမ်းယူကာ သူ့မူပိုင်အပြုံးတစ်ပွင့်နဲ့အတူ
"မဟုတ်ဘူးဗျ Melbourne မှာတက်ခဲ့တာဗျ
အစ်မ က Singaporeမှာနေတာမို့ Singapore မှာ အလုပ်၀င်ဖြစ်သွားတာပါ"
ပြောပြီးသည်နှင့်လက်ထဲကဖန်ခွက်ထဲရှိရေကို သောက်နေသည်။
သူ့စကားကိုကြားတော့ ကျွန်တော်တစ်ချက်ပြုံးမိသွားသည်။
ကျွန်တော်ပြုံးလိုက်တာကို သူလှမ်းမြင်လိုက်ကာ မျက်မှောင်ကျုံ့သွားတာကိုလည်း ကျွန်တော်မြင်လိုက်ပါသေးသည်။ကျွန်တော့်အပြုံးကို ဘယ်လိုတွေးထင်သွားသည်တော့ မသိ။
သူရဲ့အလိုမကျဟန်မျက်နှာထားဟာသိပ်မကြာလိုက်ပါချက်ချင်း မျက်နှာထက်အပြုံးတစ်ပွင့်ကိုပြန်တပ်ရင်းဌာနမှူးနဲ့ သူကျောင်းတက်တုန်းကအကြောင်းတွေပြောနေကြသည်။
ကျွန်တော်သိချင်တဲ့အကြောင်းများပြောမလားဆိုသည့်စိတ်နဲ့ နားစွင့် နေပေမယ့်လည်း ပြန်မည့်အချိန်ထိ ကြားခွင့်မရလိုက်ပေ။
ဌာနမှူးကလည်း ခုမှရောက်လာတဲ့အခြားကုမ္ပဏီက ကိုယ်စားလှယ်ဖြစ်တာကြောင့် လိုတာထက်ပိုပြီး
ကိုယ်ရေးကိုယ်တာတွေ သိပ်မမေး။
သူ့အကြောင်းသိချင်မိတဲ့ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ ခုအခြေအနေက ခင်မင်ဖူးကြတဲ့ မိတ်ဆွေဟောင်းတစ်ယောက်အနေနဲ့တောင် ကိုယ်ဟာသူ့
အကြောင်းတွေ မေးပိုင်ခွင့်မရှိတော့ဘူးမလား။
**အဆင်ပြေနေတာ မြင်နေရတာပဲ ဘာလို့ သူ့အကြောင်းတွေ သိဖို့လိုနေမလဲ။ မင်းတို့ကဘာဆိုင်တော့လို့လဲ ဆင်ခြင်စမ်း ***
ဆိုပြီး ကိုယ့်ကိုကိုယ်ပြန်သတိပေးလိုက်တော့သည်။
ကုမ္ပဏီပြန်ရောက်တော့ အလုပ်တွေသာဖိလုပ်ရင်း အချိန်တွေကုန်ဆုံးစေလိုက်သည်။ တော်သေးသည် ကိုယ်တွေအလုပ်ခန်းက သီးခြားစီရှိနေတာမို့ အမြဲမြင်တွေ့နေဖို့ မလို။ မဟုတ်ရင် ဘယ်လိုပုံစံမျိုးနဲ့သူ့ကိုပြောဆိုဆက်ဆံရမည် မသိ။
လုပ်လက်စအလုပ်တွေသိမ်းပြီး အိမ်ပြန်ရန်ပြင်တော့
အလုပ်ဆင်းချိန်ကျော်၍အကုန်နီးပါးပြန်ကုန်ကြပြီ။
ညပိုင်း မေမေနဲ့အတူညစာစားသောက်ပြီးတာနဲ့ လက်တော့ပ်တစ်လုံးနဲ့ အလုပ်ရှုပ်နေမိသည်။
"သားရယ် ဆောင်းလေက အေးပါရောနဲ့ ပြတင်းပေါက်တွေဖွင့်ထားရတယ်လို့ "
နွားနို့ပန်းကန်လေးကိုင်ကာ၀င်လာတဲ့ မေမေအသံကြားမှ အလုပ်တွေရပ်ကာ
"မေ့သွားလို့ပါမေမေရယ် "
ဆိုကာ ပြတင်းပေါက်တွေထပိတ်ရသည်။
"သား ရတီနောက်အပတ်ထဲမန္တလေး လာမယ်တဲ့
ညနေကဖုန်းဆက်တယ် "
နွားနို့ပန်းကန်လှမ်းပေးရင်းမေမေကပြောလာသည်။
"ဟုတ်လား အလည်သက်သက်ပဲလား မေမေ"
"အွန်း အလည်သက်သက်လို့ ဆိုရပေမယ့် ရတီတို့ဘက်ကသားတို့နှစ်ယောက်ကိစ္စကို မကြာစေချင်တော့ဘူး။"
"..."
ကျွန်တော်ဘာမှပြန်မပြောဘဲ နွားနို့သာသောက်နေလိုက်သည်။
"မေမေအနေနဲ့ကလည်း သားတို့စေ့စပ်ထားတာလည်းကြာနေပြီမို့ မင်္ဂလာကိစ္စကို စီစဥ်စေချင်ပြီ။ ရတီကိုယ်တိုင်ကလည်းသူ့အိပ်မက်အတိုင်း ပညာရေးကိုပဲဦးစားပေးချင်လို့ပါ ဆိုလို့ မေမေတို့လူကြီးတွေကဘာမှမပြောတာ ။ "
"ဒါနဲ့ ရတီက သုတေသနလုပ်နေတဲ့ကိစ္စကပြီးပြီလား ဘာလို့ရုတ်တရက်ပြန်လာတာတဲ့လဲမေမေ"
ကျွန်တော်လည်း ပိတ်ရက်ရှည်တွေတောင်ပြန်မလာတဲ့ သိပ္ပံသုတေသနရှင်လေးကို ဘာလို့ရုတ်တရက်ပြန်လာတာလည်းတွေးမိသွားပြီးမေးလိုက်သည်။
"ရတီ့မေမေကျန်းမာရေးမကောင်းဘူးဆိုတာ သားလည်းသိတာပဲ ရတီ့ကိုသူမသေခင် စိတ်ချချင်ပြီလို့ ပြောပြီး ပြန်ခေါ်လိုက်တာ။ ရတီလာရင် သားတို့ချင်း မင်္ဂလာကိစ္စဆွေးနွေးလိုက်ကြပါ ။
မေမေတို့လူကြီးတွေကတော့ စိတ်အေးချင်ပြီ.."
ဟုသာပြောရင်း အခန်းပြင်ထွက်သွားသောမေမေ့နောက်ကျောပြင်ကိုကြည့်ရင်း ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်သည်။
ကျွန်တော်နဲ့ရတီဟာလွန်ခဲ့တဲ့ ၃နှစ် ရတီနိုင်ငံခြား
မသွားခင်လူကြီးတွေဆန္ဒအရ စေ့စပ်ခဲ့ကြသည်။
ကျွန်တော်သူ့ကိုသူငယ်ချင်းတစ်ယောက်ထက်မပိုနိုင်ပေမယ့် သူဟာကျွန်တော့်အပေါ်နားလည်အပေးနိုင်ဆုံးသူတစ်ယောက်ဖြစ်တာမို့ လက်ခံခဲ့သည်။
သူလည်းသူ့ကိစ္စနဲ့သူ အလုပ်ရှုပ်နေတတ်တာမို့ သူနိုင်ငံခြားသွားပြီးနောက်ပိုင်း ပုံမှန်အဆက်အသွယ်မရှိကြ။ ခရစ်စမတ်လို ပိတ်ရက်ရှည်မျိုးမှသာ mail တစ်စောင်လောက်ပို့ဖြစ်ကြသည်။ ရှားရှားပါးပါးvideo callခေါ်ပြီးစကားပြောတယ်ဆိုတာ လက်ချိုးရေရရင် လက်တစ်ဖက်တောင်မပြည့်တဲ့ အကြိမ်ရေမျိုး။
သို့ပေမယ့် သူဟာ ကျွန်တော့်ရဲ့လက်တွဲဖော်ဆိုတာ သက်မှတ်ထားပြီးသားမို့ အခြားသူများနဲ့ အရှုပ်ရှင်းကင်းအောင်နေခဲ့သည်။
သူ့ဘက်ကလည်း နားလည်ပေးခဲ့သလိုကျွန်တော်ဟာလည်းသူ့အိပ်မက်ရည်မှန်းချက်တွေကို နားလည်လက်ခံပေးထားသည်။
သူရောကျွန်တော်ပါ တစ်ယောက်ကိုတစ်ယောက်သတ်မှတ်ထားတဲ့ နေရာကတော့ နှစ်ယောက်လုံးစိတ်ထဲမှာစွဲမြဲလျက်ရှိသည်။
အဲ့ဒီအရာဟာ သူဟာကိုယ့် လက်တွဲဖော် ဖြစ်တယ်ဆိုတာပင်။
အလုပ်တွေလုပ်ရင်း တစ်စုံတစ်ယောက်ကို လိုတာထက်ပိုပြီး သတိမထားမိအောင်နေရင်းနဲ့ပင် ထိုသူနဲ့ အလုပ်လုပ်ရတဲ့ ပထမဆုံးတစ်ပတ်တာဟာပြီးဆုံးသွားခဲ့သည်။
ပိတ်ရက်ဖြစ်တာကြောင့် မေမေ့ကိုဘုရားလိုက်ပို့ဖို့ စောစောထကာ ပြင်ဆင်ပြီး မေမေနဲ့ မဟာမုနိဘုရားကိုလာခဲ့ကြသည်။
ရွှေသင်္ကန်းကပ်လှူဖို့ ဘုရားရုပ်ပွားတော်အနီးသွားလိုက်တော့ ကလေးလေးကိုရင်ခွင်ထဲထည့်ကာ ကလေးလက်အပေါ်ကနေထပ်ကိုင်ပြီးရွှေသင်္ကန်းကပ်လှူ နေတဲ့ သားအဖနှစ်ယောက်ဟာ အခြားသူများအမြင်တော့ တကယ့်ကြည်နူးစရာ မြင်ကွင်းဖြစ်ပေလိမ့်မည်။
သို့သော်ကျွန်တော့်ရင်ထဲမွန်းကြပ်သွားရသည်။
ရွှေသင်္ကန်းကပ်လှူသူတွေများနေတဲ့အတွက် အခန်းလေးကကျဥ်းလို့ အသက်ရှူကြပ်လာသည်ထင်။
ကျွန်တော်ကရုပ်ပွားတော်နောက်ကျောဖက်တွင် ရပ်နေတာမို့ ကလေးကိုချီကာထွက်လာတဲ့သူက ကျွန်တော့်ကိုမြင်တော့ အံ့သြရိပ်တွေဖြတ်ပြေးသွားခဲ့သည်။
ကျွန်တော်သာ သူ့မျက်နှာအမူရာတွေကို အလွတ်ရနေသူမဟုတ်ခဲ့လျှင် ခဏမျှသာဖြစ်တည်တဲ့ ထိုအရိပ်ယောင်လေးကိုဖမ်းမိမည်မထင်။
သူဟာအမြဲဟန်ဆောင်ကောင်းခဲ့သူ။ သူရဲ့ တည်ငြိမ်သွင် ဆောင်ထားတဲ့ မျက်နှာဖုံးကို စိတ်ရှိလက်ရှိ ကုပ်ဖဲ့ချင်စိတ်များပေါ်လာမိသည်အထိ သူရဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကို ကျွန်တော် အမြင်ကပ်လှသည်။
**ဘုရားဘုရား ကျွန်တော့်စိတ်တွေ အမှောင်လွှမ်းနေပါပြီ။ ဘုရားလာပြီး မငြိမ်းမချမ်းနဲ့ အပူမီးတွေလောင်ကျွမ်းနေရပါ့လား***လို့တွေးမိပြီး စိတ်ကိုပြန်ကာချုပ်ထိန်းလိုက်ရသည်။
သူတို့သားအဖ ဆင်းသွားမှကျွန်တော်လည်း စိတ်ကိုငြိမ်အောင်ထားကာ ဘုရားသာအာရုံပြုရင်း ရွှေသင်္ကန်းကပ်လှူလိုက်သည်။
ဘုရားဖူးပြီးအပြန် လိပ်ကန်ဖက်မှာ အစာကျွေးနေတဲ့ သူ့ကလေးကိုမြင်တော့ မျက်လုံးက ဝေ့ဝဲကာ သူနဲ့သူရဲ့သက်ဆိုင်သူကိုရှာမိသည်။
သို့သော် ကလေးရဲ့နောက် အရိပ်နားတွင်ရပ်နေတဲ့ သူနဲ့ သူ့အမေကိုသာတွေ့ရသည်။
"သား ဟိုက သားငယ်သူငယ်ချင်း ဒီခေတ်လေးမလား "
ကျွန်တော်ရပ်ကြည့်နေတဲ့ဆီကို ကြည့်ရင်းမေမေက မေးလာသည်။
"ဟုတ်မယ် ထင်တာပဲ.. ...
နေပူလာပြီ သွားရအောင် မေမေ"
မေမေ့ကိုတွဲခေါ်ကာ ထိုနေရာမှထွက်လာခဲ့လိုက်တော့သည်။
-----------------------------------------------------------------
"နှောင်းရိပ် အပြန်ကျ ငှက်လွှတ်ကြမယ်နော် ...
လိပ်ကန်ဘက်လည်းအစာသွားကျွေးရအောင်"
ပါးချိုင့်လေးနှစ်ဖက်ထင်းနေအောင် ပြုံးရင်းဘေးကနေ တတွတ်တွတ်ပြောနေတဲ့ကောင်လေးက
မနက်ခင်း အလင်းရောင်အောက်မှာ အေးချမ်းတည်ငြိမ်တဲ့ အလှတရားတစ်ခု။
ရွှေသင်္ကန်းကပ်လှူပြီး မျက်လုံးမှိတ်ကာ အာရုံပြုဆုတောင်းနေတဲ့ ကောင်လေးကိုဘေးကနေခိုးကြည့်ရင်း
အဲ့ကောင်လေးဆုတောင်းတွေမှာ သူ့အကြောင်းပါပါစေလို့ကျိတ်ဆုတောင်းနေတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။
ဘုရားဖူးပြီး ငှက်အတူလွှတ်၊ လိပ်ကန်မှာအစာကျွေးပြီးပျော်ရွှင်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံတွေကို ဖုန်းနဲ့မှတ်တမ်းတင်ကာ ပြုံးပျော်နေတဲ့အခြားကောင်လေးတစ်ယောက်။
ဘုရားစျေးတန်းက မုန့်လုံးကြီးဆီစိမ် မုန့် စားချင်လို့ပါဆိုပြီး စူပုတ်ကာ တောင်းဆိုဖူးတဲ့ ထိုအချိန်က ချစ်စရာကောင်လေး တစ်ယောက်နဲ့ မစားရဘူးပြောပြီး နောက်ဆုံးတော့ အလိုလိုက်ခဲ့ရတဲ့ ကောင်လေး။
တစ်ချိန်ကအပြုံး ကိုယ်စီ ဆင်မြန်းရင်း ပျော်ရွှင်မှုတွေနဲ့အတူ ဘုရားအတူလာဖူးကာအမှတ်တရတွေဖန်တီးခဲ့ကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ပုံရိပ်ဟာ
ဟိုးးးဝိုးတ၀ါးအတိတ်မှာကျန်ရစ်နေခဲ့ပါပြီ......
#Zawgyi
"တီ...တီ...."
နာရီႏွိုးစက္ျမည္သံနဲ႔အတူ အိပ္ယာကေနနိုးထလာခဲ့တယ္။ အိပ္ယာေပၚကေန အေၾကာဆန္႔ၿပီး မနက္ခင္းလုပ္ငန္းေဆာင္တာေတြလုပ္လိုက္ေတာ့တယ္ ။
အကုန္ၿပီးစီးလို႔ အလုပ္အိတ္နဲ႔ ကားေသာ့ဆြဲယူၿပီးေအာက္ထပ္ဆင္းလာေတာ့ မနက္စာစားဖို႔ ေစာင့္ေနတဲ့ေမေမ။
" ေမာနင္း ေမေမ"
ေမေမကိုႏႈတ္ဆက္လိုက္ၿပီး စားပြဲမွာ၀င္ထိုင္လိုက္သည္။
ေမေမက ကၽြန္ေတာ့္ေရွ႕က ေကာ္ဖီပန္းကန္ထဲေကာ္ဖီငွဲ႕ေပးရင္း သူမရဲ့မူပိုင္ အျပဳံးေလးနဲ႔ ေမးလာသည္။
"သား အလုပ္မွာ အဆင္ေျပရဲ့လား "
ကၽြန္ေတာ္ႏႈတ္ခမ္းပါးေလးတြန္႔သြား႐ုံ အျပဳံးယဲ့ယဲ့ေလးျပဳံးျပရင္း
"ေျပပါတယ္ ေမေမ " ဟုသာေျဖလိုက္သည္။
တစ္စုံတစ္ေယာက္နဲ႔ အမွတ္မထင္ျပန္ေတြ႕ေၾကာင္းကိုေတာ့ ေျပာျပမေနျဖစ္ခဲ့ ။
မနက္စာစားၿပီးတာနဲ႔အလုပ္သို႔လာခဲ့လိုက္သည္။
တစ္ခ်ိန္က ရင္းႏွီးခဲ့ၿပီးခုခ်ိန္မွာ သူစိမ္းျဖစ္သြားတဲ့ တစ္ေယာက္ေသာသူနဲ႔ ေန႔စဥ္ေတြ႕ ျမင္ေနရမယ့္ ကိစၥက အနည္းငယ္ စိတ္မသက္မသာျဖစ္ေစတယ္။
အခုခ်ိန္မွာသူေရာကိုယ္ပါ မသိကၽြမ္းခဲ့တဲ့ သူေတြလိုေနရင္း အလုပ္ပါတနာ အျဖစ္ ဆက္ဆံသြားရင္ အဆင္ေျပသြားမွာပါလို႔သာ ေတြးလိုက္ေတာ့တယ္။
ကၽြန္ေတာ္တို႔ ေန႔လည္ပိုင္း အစည္းေဝးၿပီးေတာ့ အလုပ္ကလူႀကီးေတြႏွင့္ေန႔လည္စာစားဖို႔ ေခၚေတာ့ ျငင္းရမည္လည္း အဆင္မေျပ။ သူကေတာ့ ပုံမွန္ဘာမွမျဖစ္သလိုပင္။
ကၽြန္ေတာ္လည္း သူေတာင္ အဆင္ေျပတာပဲေလလို႔ေတြးၿပီး အားလုံးေန႔လည္စာစားဖို႔ ထြက္ခဲ့လိုက္သည္။
ဆိုင္တြင္စားေသာက္ကာ လုပ္ငန္းအေၾကာင္းေျပာၾကရင္း ျဖင့္ ဌာနမႉးက ေဆာင္းဒီေခတ္အေၾကာင္းေတြကိုစပ္စုေနသည္။
"ကိုေဆာင္းဒီေခတ္က Singapore ကပဲေက်ာင္းၿပီးတာလား"
ေရွ႕ဖန္ခြက္ကိုလွမ္းယူကာ သူ႔မူပိုင္အျပဳံးတစ္ပြင့္နဲ႔အတူ
"မဟုတ္ဘူးဗ် Melbourne မွာတက္ခဲ့တာဗ်
အစ္မ က Singaporeမွာေနတာမို႔ Singapore မွာ အလုပ္၀င္ျဖစ္သြားတာပါ"
ေျပာၿပီးသည္ႏွင့္လက္ထဲကဖန္ခြက္ထဲရွိေရကို ေသာက္ေနသည္။
သူ႔စကားကိုၾကားေတာ့ ကၽြန္ေတာ္တစ္ခ်က္ျပဳံးမိသြားသည္။
ကၽြန္ေတာ္ျပဳံးလိုက္တာကို သူလွမ္းျမင္လိုက္ကာ မ်က္ေမွာင္က်ဳံ႕သြားတာကိုလည္း ကၽြန္ေတာ္ျမင္လိုက္ပါေသးသည္။ကၽြန္ေတာ့္အျပဳံးကို ဘယ္လိုေတြးထင္သြားသည္ေတာ့ မသိ။
သူရဲ့အလိုမက်ဟန္မ်က္ႏွာထားဟာသိပ္မၾကာလိုက္ပါခ်က္ခ်င္း မ်က္ႏွာထက္အျပဳံးတစ္ပြင့္ကိုျပန္တပ္ရင္းဌာနမႉးနဲ႔ သူေက်ာင္းတက္တုန္းကအေၾကာင္းေတြေျပာေနၾကသည္။
ကၽြန္ေတာ္သိခ်င္တဲ့အေၾကာင္းမ်ားေျပာမလားဆိုသည့္စိတ္နဲ႔ နားစြင့္ ေနေပမယ့္လည္း ျပန္မည့္အခ်ိန္ထိ ၾကားခြင့္မရလိုက္ေပ။
ဌာနမႉးကလည္း ခုမွေရာက္လာတဲ့အျခားကုမၸဏီက ကိုယ္စားလွယ္ျဖစ္တာေၾကာင့္ လိုတာထက္ပိုၿပီး
ကိုယ္ေရးကိုယ္တာေတြ သိပ္မေမး။
သူ႔အေၾကာင္းသိခ်င္မိတဲ့ကိုယ့္ကိုကိုယ္သာ အျပစ္တင္မိသည္။ ခုအေျခအေနက ခင္မင္ဖူးၾကတဲ့ မိတ္ေဆြေဟာင္းတစ္ေယာက္အေနနဲ႔ေတာင္ ကိုယ္ဟာသူ႔
အေၾကာင္းေတြ ေမးပိုင္ခြင့္မရွိေတာ့ဘူးမလား။
**အဆင္ေျပေနတာ ျမင္ေနရတာပဲ ဘာလို႔ သူ႔အေၾကာင္းေတြ သိဖို႔လိုေနမလဲ။ မင္းတို႔ကဘာဆိုင္ေတာ့လို႔လဲ ဆင္ျခင္စမ္း ***
ဆိုၿပီး ကိုယ့္ကိုကိုယ္ျပန္သတိေပးလိုက္ေတာ့သည္။
ကုမၸဏီျပန္ေရာက္ေတာ့ အလုပ္ေတြသာဖိလုပ္ရင္း အခ်ိန္ေတြကုန္ဆုံးေစလိုက္သည္။ ေတာ္ေသးသည္ ကိုယ္ေတြအလုပ္ခန္းက သီးျခားစီရွိေနတာမို႔ အျမဲျမင္ေတြ႕ေနဖို႔ မလို။ မဟုတ္ရင္ ဘယ္လိုပုံစံမ်ိဳးနဲ႔သူ႔ကိုေျပာဆိုဆက္ဆံရမည္ မသိ။
လုပ္လက္စအလုပ္ေတြသိမ္းၿပီး အိမ္ျပန္ရန္ျပင္ေတာ့
အလုပ္ဆင္းခ်ိန္ေက်ာ္၍အကုန္နီးပါးျပန္ကုန္ၾကၿပီ။
ညပိုင္း ေမေမနဲ႔အတူညစာစားေသာက္ၿပီးတာနဲ႔ လက္ေတာ့ပ္တစ္လုံးနဲ႔ အလုပ္ရႈပ္ေနမိသည္။
"သားရယ္ ေဆာင္းေလက ေအးပါေရာနဲ႔ ျပတင္းေပါက္ေတြဖြင့္ထားရတယ္လို႔ "
ႏြားနို႔ပန္းကန္ေလးကိုင္ကာ၀င္လာတဲ့ ေမေမအသံၾကားမွ အလုပ္ေတြရပ္ကာ
"ေမ့သြားလို႔ပါေမေမရယ္ "
ဆိုကာ ျပတင္းေပါက္ေတြထပိတ္ရသည္။
"သား ရတီေနာက္အပတ္ထဲမႏၲေလး လာမယ္တဲ့
ညေနကဖုန္းဆက္တယ္ "
ႏြားနို႔ပန္းကန္လွမ္းေပးရင္းေမေမကေျပာလာသည္။
"ဟုတ္လား အလည္သက္သက္ပဲလား ေမေမ"
"အြန္း အလည္သက္သက္လို႔ ဆိုရေပမယ့္ ရတီတို႔ဘက္ကသားတို႔ႏွစ္ေယာက္ကိစၥကို မၾကာေစခ်င္ေတာ့ဘူး။"
"..."
ကၽြန္ေတာ္ဘာမွျပန္မေျပာဘဲ ႏြားနို႔သာေသာက္ေနလိုက္သည္။
"ေမေမအေနနဲ႔ကလည္း သားတို႔ေစ့စပ္ထားတာလည္းၾကာေနၿပီမို႔ မဂၤလာကိစၥကို စီစဥ္ေစခ်င္ၿပီ။ ရတီကိုယ္တိုင္ကလည္းသူ႔အိပ္မက္အတိုင္း ပညာေရးကိုပဲဦးစားေပးခ်င္လို႔ပါ ဆိုလို႔ ေမေမတို႔လူႀကီးေတြကဘာမွမေျပာတာ ။ "
"ဒါနဲ႔ ရတီက သုေတသနလုပ္ေနတဲ့ကိစၥကၿပီးၿပီလား ဘာလို႔႐ုတ္တရက္ျပန္လာတာတဲ့လဲေမေမ"
ကၽြန္ေတာ္လည္း ပိတ္ရက္ရွည္ေတြေတာင္ျပန္မလာတဲ့ သိပၸံသုေတသနရွင္ေလးကို ဘာလို႔႐ုတ္တရက္ျပန္လာတာလည္းေတြးမိသြားၿပီးေမးလိုက္သည္။
"ရတီ့ေမေမက်န္းမာေရးမေကာင္းဘူးဆိုတာ သားလည္းသိတာပဲ ရတီ့ကိုသူမေသခင္ စိတ္ခ်ခ်င္ၿပီလို႔ ေျပာၿပီး ျပန္ေခၚလိုက္တာ။ ရတီလာရင္ သားတို႔ခ်င္း မဂၤလာကိစၥေဆြးေႏြးလိုက္ၾကပါ ။
ေမေမတို႔လူႀကီးေတြကေတာ့ စိတ္ေအးခ်င္ၿပီ.."
ဟုသာေျပာရင္း အခန္းျပင္ထြက္သြားေသာေမေမ့ေနာက္ေက်ာျပင္ကိုၾကည့္ရင္း ကၽြန္ေတာ္သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
ကၽြန္ေတာ္နဲ႔ရတီဟာလြန္ခဲ့တဲ့ ၃ႏွစ္ ရတီနိုင္ငံျခား
မသြားခင္လူႀကီးေတြဆႏၵအရ ေစ့စပ္ခဲ့ၾကသည္။
ကၽြန္ေတာ္သူ႔ကိုသူငယ္ခ်င္းတစ္ေယာက္ထက္မပိုနိုင္ေပမယ့္ သူဟာကၽြန္ေတာ့္အေပၚနားလည္အေပးနိုင္ဆုံးသူတစ္ေယာက္ျဖစ္တာမို႔ လက္ခံခဲ့သည္။
သူလည္းသူ႔ကိစၥနဲ႔သူ အလုပ္ရႈပ္ေနတတ္တာမို႔ သူနိုင္ငံျခားသြားၿပီးေနာက္ပိုင္း ပုံမွန္အဆက္အသြယ္မရွိၾက။ ခရစ္စမတ္လို ပိတ္ရက္ရွည္မ်ိဳးမွသာ mail တစ္ေစာင္ေလာက္ပို႔ျဖစ္ၾကသည္။ ရွားရွားပါးပါးvideo callေခၚၿပီးစကားေျပာတယ္ဆိုတာ လက္ခ်ိဳးေရရရင္ လက္တစ္ဖက္ေတာင္မျပည့္တဲ့ အႀကိမ္ေရမ်ိဳး။
သို႔ေပမယ့္ သူဟာ ကၽြန္ေတာ့္ရဲ့လက္တြဲေဖာ္ဆိုတာ သက္မွတ္ထားၿပီးသားမို႔ အျခားသူမ်ားနဲ႔ အရႈပ္ရွင္းကင္းေအာင္ေနခဲ့သည္။
သူ႔ဘက္ကလည္း နားလည္ေပးခဲ့သလိုကၽြန္ေတာ္ဟာလည္းသူ႔အိပ္မက္ရည္မွန္းခ်က္ေတြကို နားလည္လက္ခံေပးထားသည္။
သူေရာကၽြန္ေတာ္ပါ တစ္ေယာက္ကိုတစ္ေယာက္သတ္မွတ္ထားတဲ့ ေနရာကေတာ့ ႏွစ္ေယာက္လုံးစိတ္ထဲမွာစြဲျမဲလ်က္ရွိသည္။
အဲ့ဒီအရာဟာ သူဟာကိုယ့္ လက္တြဲေဖာ္ ျဖစ္တယ္ဆိုတာပင္။
အလုပ္ေတြလုပ္ရင္း တစ္စုံတစ္ေယာက္ကို လိုတာထက္ပိုၿပီး သတိမထားမိေအာင္ေနရင္းနဲ႔ပင္ ထိုသူနဲ႔ အလုပ္လုပ္ရတဲ့ ပထမဆုံးတစ္ပတ္တာဟာၿပီးဆုံးသြားခဲ့သည္။
ပိတ္ရက္ျဖစ္တာေၾကာင့္ ေမေမ့ကိုဘုရားလိုက္ပို႔ဖို႔ ေစာေစာထကာ ျပင္ဆင္ၿပီး ေမေမနဲ႔ မဟာမုနိဘုရားကိုလာခဲ့ၾကသည္။
ေရႊသကၤန္းကပ္လႉဖို႔ ဘုရား႐ုပ္ပြားေတာ္အနီးသြားလိုက္ေတာ့ ကေလးေလးကိုရင္ခြင္ထဲထည့္ကာ ကေလးလက္အေပၚကေနထပ္ကိုင္ၿပီးေရႊသကၤန္းကပ္လႉ ေနတဲ့ သားအဖႏွစ္ေယာက္ဟာ အျခားသူမ်ားအျမင္ေတာ့ တကယ့္ၾကည္ႏူးစရာ ျမင္ကြင္းျဖစ္ေပလိမ့္မည္။
သို႔ေသာ္ကၽြန္ေတာ့္ရင္ထဲမြန္းၾကပ္သြားရသည္။
ေရႊသကၤန္းကပ္လႉသူေတြမ်ားေနတဲ့အတြက္ အခန္းေလးကက်ဥ္းလို႔ အသက္ရႉၾကပ္လာသည္ထင္။
ကၽြန္ေတာ္က႐ုပ္ပြားေတာ္ေနာက္ေက်ာဖက္တြင္ ရပ္ေနတာမို႔ ကေလးကိုခ်ီကာထြက္လာတဲ့သူက ကၽြန္ေတာ့္ကိုျမင္ေတာ့ အံ့ၾသရိပ္ေတြျဖတ္ေျပးသြားခဲ့သည္။
ကၽြန္ေတာ္သာ သူ႔မ်က္ႏွာအမူရာေတြကို အလြတ္ရေနသူမဟုတ္ခဲ့လၽွင္ ခဏမၽွသာျဖစ္တည္တဲ့ ထိုအရိပ္ေယာင္ေလးကိုဖမ္းမိမည္မထင္။
သူဟာအျမဲဟန္ေဆာင္ေကာင္းခဲ့သူ။ သူရဲ့ တည္ၿငိမ္သြင္ ေဆာင္ထားတဲ့ မ်က္ႏွာဖုံးကို စိတ္ရွိလက္ရွိ ကုပ္ဖဲ့ခ်င္စိတ္မ်ားေပၚလာမိသည္အထိ သူရဲ့ ဟန္ေဆာင္မ်က္ႏွာဖုံးေတြကို ကၽြန္ေတာ္ အျမင္ကပ္လွသည္။
**ဘုရားဘုရား ကၽြန္ေတာ့္စိတ္ေတြ အေမွာင္လႊမ္းေနပါၿပီ။ ဘုရားလာၿပီး မၿငိမ္းမခ်မ္းနဲ႔ အပူမီးေတြေလာင္ကၽြမ္းေနရပါ့လား***လို႔ေတြးမိၿပီး စိတ္ကိုျပန္ကာခ်ဳပ္ထိန္းလိုက္ရသည္။
သူတို႔သားအဖ ဆင္းသြားမွကၽြန္ေတာ္လည္း စိတ္ကိုၿငိမ္ေအာင္ထားကာ ဘုရားသာအာ႐ုံျပဳရင္း ေရႊသကၤန္းကပ္လႉလိုက္သည္။
ဘုရားဖူးၿပီးအျပန္ လိပ္ကန္ဖက္မွာ အစာေကၽြးေနတဲ့ သူ႔ကေလးကိုျမင္ေတာ့ မ်က္လုံးက ေဝ့ဝဲကာ သူနဲ႔သူရဲ့သက္ဆိုင္သူကိုရွာမိသည္။
သို႔ေသာ္ ကေလးရဲ့ေနာက္ အရိပ္နားတြင္ရပ္ေနတဲ့ သူနဲ႔ သူ႔အေမကိုသာေတြ႕ရသည္။
"သား ဟိုက သားငယ္သူငယ္ခ်င္း ဒီေခတ္ေလးမလား "
ကၽြန္ေတာ္ရပ္ၾကည့္ေနတဲ့ဆီကို ၾကည့္ရင္းေမေမက ေမးလာသည္။
"ဟုတ္မယ္ ထင္တာပဲ.. ...
ေနပူလာၿပီ သြားရေအာင္ ေမေမ"
ေမေမ့ကိုတြဲေခၚကာ ထိုေနရာမွထြက္လာခဲ့လိုက္ေတာ့သည္။
-----------------------------------------------------------------
"ေႏွာင္းရိပ္ အျပန္က် ငွက္လႊတ္ၾကမယ္ေနာ္ ...
လိပ္ကန္ဘက္လည္းအစာသြားေကၽြးရေအာင္"
ပါးခ်ိဳင့္ေလးႏွစ္ဖက္ထင္းေနေအာင္ ျပဳံးရင္းေဘးကေန တတြတ္တြတ္ေျပာေနတဲ့ေကာင္ေလးက
မနက္ခင္း အလင္းေရာင္ေအာက္မွာ ေအးခ်မ္းတည္ၿငိမ္တဲ့ အလွတရားတစ္ခု။
ေရႊသကၤန္းကပ္လႉၿပီး မ်က္လုံးမွိတ္ကာ အာ႐ုံျပဳဆုေတာင္းေနတဲ့ ေကာင္ေလးကိုေဘးကေနခိုးၾကည့္ရင္း
အဲ့ေကာင္ေလးဆုေတာင္းေတြမွာ သူ႔အေၾကာင္းပါပါေစလို႔က်ိတ္ဆုေတာင္းေနတဲ့ ေကာင္ေလးတစ္ေယာက္ရွိခဲ့တယ္။
ဘုရားဖူးၿပီး ငွက္အတူလႊတ္၊ လိပ္ကန္မွာအစာေကၽြးၿပီးေပ်ာ္ရႊင္ေနတဲ့ ေကာင္ေလးတစ္ေယာက္ရဲ့ပုံေတြကို ဖုန္းနဲ႔မွတ္တမ္းတင္ကာ ျပဳံးေပ်ာ္ေနတဲ့အျခားေကာင္ေလးတစ္ေယာက္။
ဘုရားေစ်းတန္းက မုန္႔လုံးႀကီးဆီစိမ္ မုန္႔ စားခ်င္လို႔ပါဆိုၿပီး စူပုတ္ကာ ေတာင္းဆိုဖူးတဲ့ ထိုအခ်ိန္က ခ်စ္စရာေကာင္ေလး တစ္ေယာက္နဲ႔ မစားရဘူးေျပာၿပီး ေနာက္ဆုံးေတာ့ အလိုလိုက္ခဲ့ရတဲ့ ေကာင္ေလး။
တစ္ခ်ိန္ကအျပဳံး ကိုယ္စီ ဆင္ျမန္းရင္း ေပ်ာ္ရႊင္မႈေတြနဲ႔အတူ ဘုရားအတူလာဖူးကာအမွတ္တရေတြဖန္တီးခဲ့ၾကတဲ့ ေကာင္ေလးႏွစ္ေယာက္ရဲ့ပုံရိပ္ဟာ
ဟိုးးးဝိုးတ၀ါးအတိတ္မွာက်န္ရစ္ေနခဲ့ပါၿပီ......