PSYCHO FRIEND (Season-2)

De May555myat55mon

17.1K 1.7K 284

🐺Unicode🐍 အိပ်မက်လေလား...တကယ်လေလား... #Monster Start Date: 23.6.2021 End Date: ... 🐺Zawgyi🐍 အိပ္မက္ေလလား... Mais

Attention!!!
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19

Part 7

569 81 4
De May555myat55mon

🐺Unicode🐍

'ကောင်းကောင်းအိပ်ပါ ဝမ်ရိပေါ်။ မင်းအရမ်းပင်ပန်းနေပြီ။ အိပ်မက်နဲ့လက်တွေ့ဘဝကို မရောစေနဲ့။'

'ကောင်းကောင်းအိပ်ပါ ဝမ်ရိပေါ်။ မင်းအရမ်းပင်ပန်းနေပြီ။ အိပ်မက်နဲ့လက်တွေ့ဘဝကို မရောစေနဲ့။'

နားထဲအထပ်ထပ်ကြားယောင်နေမိတဲ့စကားသံတွေနဲ့အတူ ရိပေါ်တစ်ယောက် အိပ်မက်ကနေ နိုးထလာရတယ်။ မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတာက သူနဲ့သိပ်ပြီး စိမ်းသက်မှုမရှိတဲ့အခန်း။ တစ်နည်းပြောရရင် သူတစ်ခါထပ်မနည်းရောက်ဖူးနေတဲ့ ရှောင်ကျန့်ရဲ့အခန်း။ ရိပေါ်လည်း အသက်ပြင်းပြင်းရှူပြီး ကုတင်ပေါ်ကနေထလို့ ဘေးဘက်ကြည့်မိတော့ ဆုဖာခုံပေါ်မှာ နဖူးပေါ်လက်တင်ရင်း အိပ်ပျော်နေတဲ့ရှောင်ကျန့်။ ရိပေါ် ဖြစ်ပျက်သမျှ အကုန်ပြန်စဉ်းစားမိပြီးတဲ့နောက် အားနာစိတ်နဲ့သာ ရှောင်ကျန့်ကို လှမ်းကြည့်မိတယ်။ သူစိတ်လွတ်ပြီး လုပ်ချင်ရာတွေ လုပ်နေမိခဲ့တာပဲ။

ရိပေါ် အတွေးနွံထဲနစ်မြောနေစဉ်မှာပဲ အသက်ရှုသံတစ်ခုနဲ့အတူ နိုးလာတဲ့ရှောင်ကျန့်။ နိုးနိုးချင်းပဲ သူ့ဘက်ကိုလှည့်ကြည့်လို့ တစ်ချက်မျှသမ်းဝေရင်းက လှမ်းမေးတယ်။

"နိုးနေပြီလား။"

ရိပေါ် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်မိတယ်။

"အင်း။"

ရှောင်ကျန့်ကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ရိပေါ်နားကိုလျှောက်လာတယ်။

"အဆင်ပြေရဲ့လား။ အခုတလော မင်းခဏခဏသတိလစ်နေသလိုပဲနော်။"

ရှောင်ကျန့်က ရိပေါ်ရှေ့ မတ်တပ်ရပ်လာရင်းပြောလာတဲ့နောက် ရိပေါ်လည်း ရှောင်ကျန့်ကိုသာ ပင်ပန်းနွမ်းရော်စွာနဲ့ မော့ကြည့်မိတော့တယ်။

"ကြည့်ရတာ မင်း ဆရာဝန်ပြကြည့်သင့်တယ်လို့ ငါထင်တယ်။ မင်းကြည့်ရတာ ရက်ရှည်အနားယူလိုက်လို့လည်း အဆင်ပြေမယ့်ပုံမပေါ်ဘူး။"

ရိပေါ် ခေါင်းသာညိတ်ပြလိုက်မိတယ်။ ရှောင်ကျန့်ပြောသလိုပဲ သူအခုဖြစ်ပျက်ကြုံတွေ့နေရတာတွေက ရက်ရှည်အနားယူလိုက်တာနဲ့ အဆင်ပြေသွားမယ့်အရာတွေမဟုတ်ဘူး။

"စာမေးပွဲနီးနေပြီမို့ စာမေးပွဲပြီးရင်တော့ ငါသွားပြကြည့်လိုက်ပါ့မယ်။"

"အင်း။"

"နောက်ပြီး ငါလုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်ရှောင်ကျန့်။"

ရှောင်ကျန့်ကတော့ ရိပေါ်စကားကြောင့် သတိမလစ်ခင်က အဖြစ်အပျက်အတွက် တောင်းပန်တယ်အထင်နဲ့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာတော့တယ်။ ရိပေါ်ကတော့ အခုအဖြစ်အပျက်အတွက်သာမက အရင်က ပြုလုပ်ခဲ့မိသမျှအတွက်ပါ ရည်ရွယ်ပြီး တောင်းပန်စကားကို လေးလေးနက်နက်ဆိုမိတယ်။ တကယ်ဖြစ်ခဲ့သည်ဖြစ်စေ၊ အိပ်မက်ဖြစ်ခဲ့သည်ဖြစ်စေ သူရှောင်ကျန့်ကို အမှန်တကယ် အားနာပြီး တောင်းပန်ချင်ခဲ့တာမို့။ သူ့ကြောင့်ပဲ ရှောင်ကျန့်တစ်ယောက် ဒုက္ခရောက်ခဲ့ရတယ်မဟုတ်ပါလား။

'စိတ်ချရှောင်ကျန့်။ တကယ်ဖြစ်စေ၊ အိပ်မက်ဖြစ်စေ ငါမင်းကို ကာကွယ်ပေးသွားမှာ၊ ဆက်ချစ်ပေးသွားမှာ။ မင်းထပ်ပြီး ဒုက္ခမရောက်စေရဘူး။ နောက်ပြီး ငါမင်းဆီကို မရရအောင် ချဉ်းကပ်လာမှာ။ ကွဲပြားတဲ့ချဉ်းကပ်နည်း၊ အတ္တကင်းတဲ့ချဉ်းကပ်နည်းနဲ့ပေါ့။'

-------------------------------------

အချိန်တို့တရွေ့ရွေ့ ကုန်လွန်လာပြီးတဲ့နောက် စာမေးပွဲနောက်ဆုံးရက်ကို ရောက်ရှိလို့လာခဲ့ပြီ။ ဒီကြားထဲ ရှောင်ကျန့်က ရိပေါ်မသိအောင် ကျန်းချန်နဲ့ ယွီပင်းတို့ကို အိပ်မက်နဲ့လက်တွေ့ရောနေတဲ့အကြောင်း ပြောပြထားတယ်ထင်ပါ့။ ကျန်းချန်နဲ့ ယွီပင်းမှာ ရိပေါ်ကို အရိပ်တကြည့်ကြည့်နဲ့ အရင်ကထက်ပိုပြီး ဂရုစိုက်နေကြတာမို့ ရိပေါ်တောင် အနည်းငယ်နေရခက်နေရတယ်။ ရိပေါ်ကတော့ ရှောင်ကျန့်ပြောသလို ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူကိုယ်တိုင် အမှန်တကယ်ကြုံတွေ့ခဲ့ရတာလို့ ယူဆထားတာမို့ ဘာသိဘာသာပဲနေလိုက်တော့တယ်။ သေချာတယ်။ ရှောင်ကျန့်က အားလုံးကိုမှတ်မိပါရဲ့နဲ့ မမှတ်မိချင်ယောင်ဆောင်နေတာနေမှာ။ မရဘူးရှောင်ကျန့်။ မင်းငါ့ကို ဒီလိုနည်းနဲ့ ဖယ်ထုတ်လို့မရဘူး။ ကြည့်ထား။ ငါမင်းဆီကို မရရအောင် လာခဲ့မှာ။

-------------------------------------

"ကောင်းကောင်းသွား သားကြီး။ ဟိုရောက်ရင် ဖုန်းဆက်ဦး။ အဆက်အသွယ်ဖြတ်လို့ကတော့ မင်းဒီနိုင်ငံကို ခြေချချခြင်း ခြေထောက်ကျိုးအောင်လုပ်ပစ်မှာ။"

ကျန်းချန်စကားအဆုံး ရှောင်ကျန့်က တဟားဟားနဲ့အော်ရယ်တယ်။ လေဆိပ်ထဲက လူတွေကတော့ ရှောင်ကျန့်ရယ်သံကြောင့် ကွက်ကြည့်ကွက်ကြည့်နဲ့။ ဘေးဘက်မှာရပ်နေကြတဲ့ ရှောင်ပါးပါးနဲ့ မားမားတို့ကလည်း ရှောင်ကျန့်ရဲ့သူငယ်ချင်းသုံးယောက်ဖြစ်သူကိုကြည့်ရင်း ပြုံးနေကြတော့တယ်။ နောက်တစ်ဖက်မလှမ်းမကမ်းမှာက ရှောင်ကျန့်နဲ့အတူ နိုင်ငံခြားသွားမယ့် ယွဲ့မင်ရီရဲ့ မိသားစု။ ရိပေါ်တို့သုံးယောက် ရှောင်ကျန့်နဲ့နှုတ်ဆက်နေတာကို စောင့်နေတယ်ထင်ပါ့။ ယွဲ့မင်ရီရဲ့ လက်ထဲ ခရီးဆောင်အိတ်ကိုဆွဲလို့ ရှောင်ကျန့်တို့ဘက်ကို အိန္ဒြေရှိရှိပြုံးရင်း ပကတိဖြူစင်နေတဲ့အပြုံးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ အင်း...။ ယွဲ့မင်ရီက တကယ်ကို အိန္ဒြေ၊သိက္ခာနဲ့ ပြည့်စုံလှတဲ့မိန်းကလေး။ ပြိုင်ဘက်တွေသာမဖြစ်ခဲ့ရင်၊ ရွေးချယ်မှုတွေသာ မတူခဲ့ရင်၊ ယွဲ့မင်ရီသာ သူနဲ့ရှောင်ကျန့်ကြား မှားယွင်းစွာ မရောက်ရှိခဲ့ရင် ရိပေါ်အနေနဲ့ ယွဲ့မင်ရီကို အမှန်တကယ် ကြည်ဖြူပြီး သဘောကျမိမှာအမှန်ပဲ။ အခုတော့ သူချစ်ရသူနဲ့ တစ်ခရီးတည်းသွားမယ့်သူဖြစ်နေတာမို့ သဘောကျချင်တဲ့စိတ်က ကြက်ပျောက်ငှက်ပျောက်ပဲ။

"ကောင်းကောင်းသွားရှောင်ကျန့်။"

ရိပေါ်က လှမ်းပြီးနှုတ်ဆက်တော့ ရှောင်ကျန့်က မျက်လုံးအစုံမှိတ်ပြပြီး ခေါင်းညိတ်တယ်။

"အင်း။ မင်းလည်းကျန်းမာရေးဂရုစိုက်။ ကိုယ့်ကိုယ်ကိုယ်အရမ်းဖိအားမပေးနဲ့။"

ရိပေါ်လည်း ခေါင်းသာညိတ်ပြလိုက်တော့တယ်။ ပြုံးတော့ မပြုံးပြနိုင်တော့ဘူး။ ဒီကြားထဲ ဘယ်နှစ်နှစ်ခွဲခွာရမယ် မသေချာတဲ့လူတွေမို့။ ချစ်ရတဲ့သူကို ချစ်စကားတောင်မပြောနိုင်ဘဲ နှုတ်ဆက်နေရတဲ့ခံစားချက်က ဆိုးရွားလွန်းလှတာမို့။

ယွီပင်းကတော့ 'ကောင်းကောင်းသွား' လို့သာပြောပြီး နှုတ်ဆက်တယ်။

သူတို့အားလုံးနှုတ်ဆက်စကားပြောပြီးလို့သိပ်မကြာ လေဆိပ်ထဲ ပျံ့လွင့်လာတဲ့ကြေညာသံကြောင့် ရှောင်ကျန့်လည်း ရှိတဲ့အထုပ်အပိုးတွေဆွဲလို့ သူတို့အားလုံးကို လက်ပြနှုတ်ဆက်ပြီး ကျောခိုင်းထွက်သွားတော့တယ်။ ခြေလှမ်းသုံးလှမ်းလောက်လှမ်းအပြီး တစ်စုံတစ်ခုကိုသတိရသွားပုံပေါ်တဲ့ရှောင်ကျန့်က ခြေလှမ်းတို့ကို တုန့်ခနဲရပ်လို့ သမင်လည်ပြန်လှည့်ကြည့်တယ်။

"ရိပေါ် လောကမှာ ပိုက်ဆံနဲ့ဝယ်လို့မရတဲ့အရာတွေအများကြီးရှိတယ်။ ကိုယ်လိုချင်တာရဖို့အတွက်နဲ့ ပိုက်ဆံတစ်ခုတည်းရှာဖို့ မစဉ်းစားနဲ့။ မင်း ဆုံးရှုံးရလိမ့်မယ်။"

ရှောင်ကျန့်က ပြောပြီးပြီးချင်း ရိပေါ်ကို ပြုံးပြနှုတ်ဆက်လို့ ထွက်သွားတော့တယ်။ ရိပေါ်မှာသာ ရှောင်ကျန့်ပြောသွားတဲ့စကားတို့ကို နားထဲအထပ်ထပ်ပြန်ကြားယောင်ရင်း နေရာမှာသာ မလှုပ်မယှက် ရပ်နေမိတော့တယ်။

ရှောင်ကျန့်က ကိစ္စအားလုံးကို သတိရနေပါလျက် မေ့ချင်ယောင်ဆောင်တယ်လို့ သူကိုယ်တိုင် ယုံကြည်ထားခဲ့ပြီး အားတင်းထားခဲ့ပေမယ့် ရှောင်ကျန့်ပြောသွားတဲ့စကားလုံးတို့ဟာ သူ့ယုံကြည်ချက်တို့မှန်ကန်နေကြောင်း သွယ်ဝိုက်သောနည်းအားဖြင့် အတည်ပြုပေးနေတဲ့အခါ ရိပေါ်တစ်ယောက် အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသားနဲ့သာ ရှောင်ကျန့်နောက်ကျောကွယ်ပျောက်သွားတဲ့အထိ ရပ်ကြည့်နေမိတော့တယ်။

'မင်းပြောသွားတဲ့စကားတွအရဆို ရှောင်ကျန့် ငါမင်းကိုပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားခွင့်ရှိသေးတယ်လို့ ငါယူဆလိုက်လို့ ရတယ်မလား။ မင်းငါ့ကို အခွင့်အရေးပေးတယ်လို့ ငါယူဆလိုက်လို့ ရတယ်မလား။ ရှောင်ကျန့်။'

------------------------------------

ရှောင်ကျန့် နိုင်ငံခြားထွက်သွားပြီး နောက်နေ့တွေကစလို့ လိုင်းပေါ်မှာ သူတို့သူငယ်ချင်းလေးယောက် group ဖွဲ့ပြီး စကားပြောဖြစ်ကြတယ်။ ရိပေါ်မှာတော့ ယခင်တုန်းကအတိုင်း ထိပ်ဆုံးရောက်အောင်ကြိုးစားမယ်လို့တွေးထားပေမယ့် သူငယ်ချင်းသုံးယောက်က အလွတ်မပေး။ ရှောင်ကျန့်ရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ ကျန်းချန်နဲ့ ယွီပင်းတို့ကပါ တိုက်တွန်းမှုကြောင့် ရိပေါ်ခမျာ စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားပြရတော့တယ်။ ရူးနေလို့တော့မဟုတ်။ ရိပေါ်ကြည့်ရတာ အရမ်းပင်ပန်းနေပုံပေါ်ပြီး ဘယ်လောက်ပဲ အနားယူယူ ပင်ပန်းမှုဒဏ်မပျောက်တာမို့ စိတ်နဲ့ပတ်သတ်တာဖြစ်ရမယ်ဆိုပြီး ရှောင်ကျန့်က အကြံပေးလိုက်ခြင်းကြောင့်။ ဆရာဝန်ထံရောက်တော့လည်း တကယ့်ဝေဒနာသည်ကိုစစ်သလို စစ်မေးနေတာမို့ ကြာတော့ ရိပေါ် စိတ်ညစ်လာရတယ်။ ကောင်းကောင်းမွန်မွန်အနားယူနိုင်အောင် ဘာနာမည်တွေမှန်းမသိတဲ့ ဆေးတွေကလည်း ပေးလိုက်ပြန်သေးရဲ့။ ကျန်းချန်နဲ့ ယွီပင်းကလည်း ရိပေါ်ကို အားမနာစွာဘဲ အိမ်ပေါ်အထိတက်ချလာပြီး ဆေးသောက်ဖို့ကိစ္စအကုန်တာဝန်ယူနေတာမို့ ရိပေါ်ခမျာ မငြင်းနိုင်တော့တဲ့အဆုံး ဆေးတွေသောက်နေရတော့တယ်။

ဆေးသောက်ပြီးတိုင်းလည်း ဘာအလုပ်မှမလုပ်နိုင်လောက်အောင် လူတစ်ကိုယ်လုံး ပင်ပန်းနုံးချိပြီး အိပ်ချင်လာတာမို့ ကုမ္ပဏီကိစ္စတွေတောင် သိပ်မလုပ်နိုင်တော့ဘူး။ ကျန်းချန်နဲ့ ယွီပင်းကတော့ ပြောရှာတယ်။ 'မင်းကောင်းဖို့အတွက်' တဲ့။

ကြာတော့ ရိပေါ် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ စိတ်ရောဂါသည်လည်းမဟုတ်ပါဘဲ ဆေးတွေလှိမ့်ပိတ်သောက်ပြီး တစ်နေကုန်လုံးနီးပါး အိပ်ပျော်နေတာမို့ ရိပေါ်လည်း ကျန်းချန်နဲ့ ယွီပင်းတို့ကိုသာ စိတ်တိုတိုနဲ့အော်ဟစ်လို့ သောင်းကျန်းမိတော့တယ်။ ကျန်းချန်နဲ့ ယွီပင်းတို့နှစ်ယောက်ကလည်း ရိပေါ်သောင်းကျန်းသလောက် အရေထူကြတယ်။ ရိပေါ်ကို စိတ်ရောဂါဆရာဝန်နဲ့ ဆက်ပြဖို့သာ တိုက်တွန်းနေကြတော့တယ်။

ရိပေါ်ကတော့ အသားကုန်ကို ငြင်းဆန်မိတယ်။ သူဘယ်လိုမှသည်းမခံနိုင်တော့တာမို့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးတွေသောက်နေရတဲ့ဘဝကို သူကိုယ်တိုင်လည်း မကြိုက်တာမို့။

ရိပေါ်ဘက်က ငြင်းဆန်ပါများလာတာနဲ့အမျှ စိတ်ရောဂါဆရာဝန်ထံလည်းမသွားတော့သလို ဆေးလည်းဆက်မသောက်တော့ဘဲ တင်းခံနေတဲ့အခါ ကျန်းချန်နဲ့ ယွီပင်းက ကောက်ကာငင်ကာ ထစိတ်ဆိုးတော့တယ်။ မဆီမဆိုင် နိုင်ငံခြားရောက်နေတဲ့ ရှောင်ကျန့်ကပါ video call ထဲ မျက်မှောင်ကြုတ်ပြီးစိုက်ကြည့်နေလို့ ရိပေါ် သူ့ဆံပင်သူသာ လက်နှစ်ဖက်နဲ့ ဆွဲဆုတ်မိတော့တယ်။ ရိပေါ် ဆရာဝန်ထံသွားခြင်း၊ မသွားခြင်းက ဒီလောက်ထိ အရေးပါမယ်မှန်း သူမသိခဲ့ဘူး။ ဒါမှမဟုတ် ရိပေါ်ကိုအရူးလို့သတ်မှတ်ပြီး သုံးယောက်သား ဆရာဝန်နဲ့ပြဖို့ အတင်းတိုက်တွန်းနေကြတာလား။ ဒါမှမဟုတ်

'မင်းတို့သုံးယောက်ပေါင်းပြီး ငါ့ကိုရူးအောင် လုပ်နေကြတာလား။'

-------------------------------------

အမျိုးမျိုးစဉ်းစားတွေးတောပြီးတဲ့နောက် ရိပေါ်လည်း သုံးယောက်လုံးကို စိတ်ရောဂါဆရာဝန်နဲ့ဆက်ပြမယ့်အကြောင်း ကတိပေးလိုက်တယ်။ သို့ပေမယ့် ချွင်းချက်အနေနဲ့ လက်ရှိပြနေတဲ့ဆရာဝန်နဲ့မဟုတ်ဘဲ သူ့ကိုယ်ပိုင်ဆရာဝန်နဲ့ပြဖို့ရာ ပြောလိုက်တော့မှ သုံးယောက်သား စိတ်ပြန်ပြေသွားကြတယ်။ ရိပေါ်မှာတော့ သုံးယောက်လုံးကိုသာ သံသယစိတ်ကိုဖုံးကွယ်လို့ မမှိတ်မသုန် စိုက်ကြည့်နေမိတော့တယ်။

-------------------------------------

"တခြားတော့ မသိပေမယ့် ကျွန်တော်မရူးသေးဘူး။"

ရိပေါ်စကားအဆုံး စိတ်ကျန်းမာရေးဆရာဝန်ချောင်းယွီချန် (TU ထဲမှ ကျင်းဇီရွှမ်း) က ပြုံးတယ်။ ရိပေါ်ကိုလည်း အရင်ဆရာဝန်လို စစ်လားဆေးလားလုပ်မယ့်အစား ရိပေါ်အပြောကိုသာစောင့်ပြီး သေချာနားထောင်ပေးနေတာမို့ ရိပေါ်အနေနဲ့ စိတ်ကျေနပ်ရတယ်။ ဆရာဝန်ယွီချန်ရဲ့ ကိုယ်ပိုင်ဆေးခန်းငယ်လေးထဲ အသံလုံအောင်လည်း လုပ်ထားသေးတာမို့ အထဲမှာဆွေးနွေးနေသမျှ အပြင်ဘက်ကမကြားနိုင်မှန်းလည်း သေချာနေတာကြောင့် ရိပေါ်ပိုပြီးသဘောကျရသလို စိတ်လည်းပိုအေးသွားရတယ်။

ဆရာဝန်ချောင်းက စားပွဲပေါ်ကကော်ဖီခွက်ကိုယူသောက်ရင်း ရိပေါ်ကိုလည်း သောက်ဖို့ အမူအရာပြလာတာမို့ ရိပေါ်လည်း ယူပြီးသောက်လိုက်တယ်။ အခုဆရာဝန်က ရိပေါ်အကဲခတ်ရသလောက် အရင်ဆရာဝန်လောက်လည်း စကားမများဘူး။ ဒါဟာ ရိပေါ် ဒီဆရာဝန်ကို ပိုပြီးသဘောကျရတဲ့အချက်ပဲ။ ဒါမှမဟုတ် ရိပေါ်ဘက်ကလည်း စကားနည်းနည်းပဲပြောရသေးတာမို့လည်း ပါမယ်ထင်ရဲ့။

"ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးစွဲသွားမှာစိုးလို့ ဆေးမသောက်ချင်ဘူး။"

ရိပေါ်ကပြောတော့ ဆရာဝန်ချောင်းက ခေါင်းညိတ်ပြလာပြန်တယ်။ ရိပေါ်လည်း သက်ပြင်းချလိုက်ပြီး ဆက်ပြောမိတယ်။

"ပင်ပန်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့လည်း ခွင့်ရက်ရှည်မယူချင်ဘူး။ ဆိုတော့ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို ဘာလုပ်ပေးနိုင်လဲ။"

ရိပေါ်စကားအဆုံး ချောင်းယွီချန်က လက်ထဲကကော်ဖီခွက်ကို စားပွဲအသာတင်လို့ ပြုံးလာပြန်တယ်။

"ကျုပ်ဘက်က လုပ်ပေးရမယ်ဆိုတာထက် ခင်ဗျားဘက်က ဘာလိုချင်တာလဲ ပွင့်ပွင့်လင်းလင်းပြောတာ ပိုမကောင်းဘူးလား။"

ယွီချန်က လေသံအေးအေးလေးနဲ့ပဲပြောလာတာမို့ ရိပေါ်လည်း ပြုံးမိတယ်။

"ပင်ပန်းတယ်။ အနားယူချင်တယ်။ ဒါပေမယ့် အနားမယူနိုင်ဘူး။ လုပ်ရမယ့်အလုပ်တွေက တစ်ရက်လောက်နားလိုက်တာနဲ့ အကုန်နောက်ကျကုန်မှာ။"

"နောက်ကျကုန်မှာဆိုတာထက် မင်းကိုယ်တိုင်က အလုပ်မလုပ်ရရင် မနေနိုင်တာမဟုတ်လား။"

ယွီချန်ဖြတ်ပြောလိုက်တဲ့စကားကြောင့် ရိပေါ်မျက်ခုံးပင့်မိတယ်။ ထို့နောက်မှာတော့ ခေါင်းကို ဖြည်းဖြည်းသာသာတစ်ချက်ချင်းညိတ်လို့ ထောက်ခံမိတယ်။ ဟုတ်တယ်။ ရိပေါ်က တစ်နေ့တစ်နေ့ အလုပ်မရှိရင် မနေတတ်သူ။ အကျင့်ပါသွားတာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ကိုက မလုပ်ရမနေနိုင်တာလားမသိပေမယ့် အိပ်နေတဲ့အချိန်ကလွဲ ကျန်တဲ့အချိန်တွေမှာ တစ်ခုခုကို လုပ်နေလိုက်ရမှ ကျေနပ်တဲ့လူမျိုး။

ယွီချန်က ထိုင်ခုံနောက်ကိုအသာမှီလို့ ခေါင်းကိုအသာမော့ရင်း ဆက်ပြောတယ်။

"အနားယူချင်လို့ အနားယူလိုက်တဲ့အခါမှာလည်း အားပြန်ပြည့်သွားတယ်လို့ မခံစားရဘဲ အမြဲတမ်းနုံးချိနေတယ်မဟုတ်လား။"

ရိပေါ် ခေါင်းညိတ်ပြလိုက်တယ်။ သူပြောတာလည်း မှန်နေတာမို့။

"ဒီအတောအတွင်း ခဏခဏသတိလစ်တတ်လား။"

"ခဏခဏတော့မဟုတ်ပေမယ့် မထင်ရင်မထင်သလိုတော့ လစ်တတ်တယ်။"

ရိပေါ်စကားအဆုံး ယွီချန်က ခေါင်းညိတ်တယ်။ မျက်နှာထက်မှာတော့ အေးချမ်းတဲ့အပြုံးတစ်ခုကို ပန်ဆင်ထားတုန်းပဲ။

"စိတ်အပန်းဖြေဖို့လိုနေတာပဲ။ ရိပေါ်လို့ပဲခေါ်မယ်နော်။"

ရိပေါ်ထပ်ပြီးခေါင်းညိတ်ပြလိုက်တယ်။

"ကောင်းပြီရိပေါ်။ ဆေးတွေသောက်တာက အထောက်အကူဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကိုယ်ကတော့ ဆေးသောက်ဖို့အကြံမပေးချင်ဘူး။ မင်းဆေးမသောက်ချင်တာနဲ့လည်း ကွက်တိဖြစ်သွားတာပေါ့။ မင်းသောက်နေတဲ့ဆေးတွေ၊ ပင်ပန်းတဲ့အချိန်တိုင်း အိပ်တတ်တဲ့အကျင့်ကြောင့် ပင်ပန်းတဲ့ဒဏ်က ကောင်းမလာဘဲ ပိုဆိုးသွားတတ်တာတွေရှိတယ်။ စိတ်ဆိုတာမျိုးက တစ်ခါတစ်ရံမှာ အနားပေးရတယ်ရိပေါ်။ မင်းလည်းပညာတတ်တစ်ယောက်ဆိုတော့ သိပြီးသားဖြစ်မှာပါ။ ဦးနှောက်က အိပ်နေတဲ့အချိန်မှာတောင်မှ အလုပ်လုပ်တာကိုလေ။ ဆိုတော့ ဒီဦးနှောက်ကို အနားပေးဖို့ရာ အိပ်တယ်ဆိုတာက အဖြေဟုတ်ပါ့မလား။"

"ဆိုတော့ ကျွန်တော်ဘာလုပ်ရမလဲ။"

"ခရီးထွက်ပါရိပေါ်။ အနည်းဆုံး တစ်ညအိပ်နှစ်ရက်လောက်တော့ ခရီးထွက်ပါ။ မင်းမိသားစု၊ ဆွေမျိုးတွေနဲ့..."

"ကျွန်တော့်မှာ မိသားစုမရှိဘူး။"

ရိပေါ်ဖြတ်ပြောလိုက်တဲ့စကားကြောင့် ချောင်းယွီချန်တစ်ယောက် အားနာတဲ့မျက်ဝန်းအစုံနဲ့ ရိပေါ်ကိုသာ လှမ်းကြည့်မိတယ်။ ရိပေါ်ကတော့ တစ်ဖက်ကိုသာ မျက်နှာလွှဲထားတယ်။ ဘာမှမဖြစ်တဲ့ပုံနဲ့။

"Sorry။ ဆိုတော့ မင်းအခင်ရဆုံးသူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် မင်းချစ်ရတဲ့သူနဲ့ပဲဖြစ်ဖြစ် ခရီးထွက်ပေါ့။ သူငယ်ချင်းအများကြီးမခေါ်သွားဖို့ကိုတော့ အကြံပြုချင်တယ်။ တစ်ခါတစ်လေမှာ သူငယ်ချင်းတွေများလွန်းရင်လည်း စိတ်ညစ်ရတတ်တယ်မလား။"

ယွီချန့်စကားကြောင့် ရိပေါ်လည်း သဘောကျသလို နှုတ်ခမ်းထောင့်တစ်ဖက်တွန့်ပြီး ပြုံးလိုက်မိတယ်။ ဒီဆရာဝန်နဲ့သူက တူတာတွေ တော်တော်များတယ်လို့လည်း တွေးမိတယ်။

"မင်းအခုအချိန်မှာ အရမ်းသွားချင်နေတဲ့ခရီးတစ်ခုကို သွားဖြစ်အောင်သွားလိုက်ပါရိပေါ်။ မင်းတို့ကျောင်းလည်း ပိတ်နေတယ်မလား။"

ရိပေါ်ခေါင်းသာညိတ်ပြလိုက်တော့တယ်။ ယွီချန်ကတော့ သောက်လက်စကော်ဖီကို ဆက်သောက်ရင်း ခဏမျှတိတ်ဆိတ်သွားပြီးမှ ထပ်ပြောလာတယ်။

"သူငယ်ချင်းတွေနဲ့မသွားချင်ရင် တစ်ယောက်တည်းသွားတာ ပိုကောင်းတယ်။ သူငယ်ချင်းတွေက မပါမဖြစ်မဟုတ်ပါဘူး။ မင်းကြည့်ရတာ ခေါ်ချင်တဲ့ သူငယ်ချင်းလည်း ရှိပုံမပေါ်ဘူး။"

ဒီတစ်ခါမှာတော့ ရိပေါ်လည်း ယှက်ထားတဲ့ခြေထောက်ကိုလှုပ်လို့ အသံထွက်သာရယ်မိတော့တယ်။ ဒီဆရာဝန်က သူ့အတွေးတွေကိုပါ အကုန်သိနေတော့တာပဲ။

"ခင်ဗျားနဲ့စကားပြောရတာ ပေါ့ပေါ့ပါးပါးရှိတယ်။"

ယွီချန်ကတော့ ပြုံးတယ်။

"ချောင်းကောလို့ခေါ်ချင်ခေါ်။ ဒါမှမဟုတ် ယွီချန်ကောဆိုလည်းရတယ်။ နောက်လည်း လာချင်ရင် အမြဲတမ်းကြိုဆိုနေမယ်။"

ရိပေါ်လည်း ယွီချန်ကမ်းပေးလာတဲ့လက်ကို အသာလှမ်းဆွဲနှုတ်ဆက်လို့ ပြန်ပြောမိတယ်။

"ကောင်းပြီ ယွီချန်ကော။ ကျေးဇူးပါပဲ။"

ယွီချန်ကောကတော့ ပြုံးလျက်နဲ့သာ မျက်လုံးလေးမှိတ်ပြီး ခေါင်းညိတ်ပြလာတော့တယ်။

#Monster

-----------------------------------------------------------------------

အသဲကွဲနေလို့ ရေးထားတာ တော်တော်လေးပေါ့သွားတယ်ထင်တယ်။ sorry နော်🥺🥺🥺။

Comment လေးတွေ rp မပြန်တော့ဘူးနော်။ သာသာ fic နှစ်ပုဒ်လုံးစိတ်နှစ်ပြီး ရေးလိုက်ချင်လို့။ ကျန်းမာရေးဂရုစိုက်ကြနော်။ rp မပြန်လို့ စိတ်ဆိုးမနေကြနဲ့ဦး😗😗😗။

ဪ ဒါနဲ့ ရိပေါ်ပြောတဲ့ ယွဲ့မင်ရီကို သဘောကျတယ်ဆိုတာ သာမန် လူတစ်ယောက်နဲ့တစ်ယောက် သဘောကျခင်မင်တာမျိုးကိုပြောတာနော်။ ချစ်တယ်၊ ကြိုက်တယ်၊ သဘောကျတယ် ဆိုတဲ့စကားလုံးလေးတွေက တူသယောင်ယောင်နဲ့ အဓိပ္ပါယ်လေးနက်မှုချင်းက ကွာတာမို့။ မတူဘူးနော်။

Love you all my readers.😘😘😘







🐺Zawgyi🐍

'ေကာင္းေကာင္းအိပ္ပါ ဝမ္ရိေပၚ။ မင္းအရမ္းပင္ပန္းေနၿပီ။ အိပ္မက္နဲ႔လက္ေတြ႕ဘဝကို မေရာေစနဲ႔။'

'ေကာင္းေကာင္းအိပ္ပါ ဝမ္ရိေပၚ။ မင္းအရမ္းပင္ပန္းေနၿပီ။ အိပ္မက္နဲ႔လက္ေတြ႕ဘဝကို မေရာေစနဲ႔။'

နားထဲအထပ္ထပ္ၾကားေယာင္ေနမိတဲ့စကားသံေတြနဲ႔အတူ ရိေပၚတစ္ေယာက္ အိပ္မက္ကေန ႏိုးထလာရတယ္။ မ်က္လုံးဖြင့္ဖြင့္ခ်င္းျမင္ရတာက သူနဲ႔သိပ္ၿပီး စိမ္းသက္မႈမရွိတဲ့အခန္း။ တစ္နည္းေျပာရရင္ သူတစ္ခါထပ္မနည္းေရာက္ဖူးေနတဲ့ ေရွာင္က်န႔္ရဲ႕အခန္း။ ရိေပၚလည္း အသက္ျပင္းျပင္းရွဴၿပီး ကုတင္ေပၚကေနထလို႔ ေဘးဘက္ၾကည့္မိေတာ့ ဆုဖာခုံေပၚမွာ နဖူးေပၚလက္တင္ရင္း အိပ္ေပ်ာ္ေနတဲ့ေရွာင္က်န႔္။ ရိေပၚ ျဖစ္ပ်က္သမွ် အကုန္ျပန္စဥ္းစားမိၿပီးတဲ့ေနာက္ အားနာစိတ္နဲ႔သာ ေရွာင္က်န႔္ကို လွမ္းၾကည့္မိတယ္။ သူစိတ္လြတ္ၿပီး လုပ္ခ်င္ရာေတြ လုပ္ေနမိခဲ့တာပဲ။

ရိေပၚ အေတြးႏြံထဲနစ္ေျမာေနစဥ္မွာပဲ အသက္ရႈသံတစ္ခုနဲ႔အတူ ႏိုးလာတဲ့ေရွာင္က်န႔္။ ႏိုးႏိုးခ်င္းပဲ သူ႔ဘက္ကိုလွည့္ၾကည့္လို႔ တစ္ခ်က္မွ်သမ္းေဝရင္းက လွမ္းေမးတယ္။

"ႏိုးေနၿပီလား။"

ရိေပၚ ေခါင္းညိတ္ၿပီး ျပန္ေျဖလိုက္မိတယ္။

"အင္း။"

ေရွာင္က်န႔္ကေတာ့ ေခါင္းတညိတ္ညိတ္လုပ္ရင္း ရိေပၚနားကိုေလွ်ာက္လာတယ္။

"အဆင္ေျပရဲ႕လား။ အခုတေလာ မင္းခဏခဏသတိလစ္ေနသလိုပဲေနာ္။"

ေရွာင္က်န႔္က ရိေပၚေရွ႕ မတ္တပ္ရပ္လာရင္းေျပာလာတဲ့ေနာက္ ရိေပၚလည္း ေရွာင္က်န႔္ကိုသာ ပင္ပန္းႏြမ္းေရာ္စြာနဲ႔ ေမာ့ၾကည့္မိေတာ့တယ္။

"ၾကည့္ရတာ မင္း ဆရာဝန္ျပၾကည့္သင့္တယ္လို႔ ငါထင္တယ္။ မင္းၾကည့္ရတာ ရက္ရွည္အနားယူလိုက္လို႔လည္း အဆင္ေျပမယ့္ပုံမေပၚဘူး။"

ရိေပၚ ေခါင္းသာညိတ္ျပလိုက္မိတယ္။ ေရွာင္က်န႔္ေျပာသလိုပဲ သူအခုျဖစ္ပ်က္ႀကဳံေတြ႕ေနရတာေတြက ရက္ရွည္အနားယူလိုက္တာနဲ႔ အဆင္ေျပသြားမယ့္အရာေတြမဟုတ္ဘူး။

"စာေမးပြဲနီးေနၿပီမို႔ စာေမးပြဲၿပီးရင္ေတာ့ ငါသြားျပၾကည့္လိုက္ပါ့မယ္။"

"အင္း။"

"ေနာက္ၿပီး ငါလုပ္ခဲ့မိတာေတြအတြက္ ေတာင္းပန္ပါတယ္ေရွာင္က်န႔္။"

ေရွာင္က်န႔္ကေတာ့ ရိေပၚစကားေၾကာင့္ သတိမလစ္ခင္က အျဖစ္အပ်က္အတြက္ ေတာင္းပန္တယ္အထင္နဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပလာေတာ့တယ္။ ရိေပၚကေတာ့ အခုအျဖစ္အပ်က္အတြက္သာမက အရင္က ျပဳလုပ္ခဲ့မိသမွ်အတြက္ပါ ရည္႐ြယ္ၿပီး ေတာင္းပန္စကားကို ေလးေလးနက္နက္ဆိုမိတယ္။ တကယ္ျဖစ္ခဲ့သည္ျဖစ္ေစ၊ အိပ္မက္ျဖစ္ခဲ့သည္ျဖစ္ေစ သူေရွာင္က်န႔္ကို အမွန္တကယ္ အားနာၿပီး ေတာင္းပန္ခ်င္ခဲ့တာမို႔။ သူ႔ေၾကာင့္ပဲ ေရွာင္က်န႔္တစ္ေယာက္ ဒုကၡေရာက္ခဲ့ရတယ္မဟုတ္ပါလား။

'စိတ္ခ်ေရွာင္က်န႔္။ တကယ္ျဖစ္ေစ၊ အိပ္မက္ျဖစ္ေစ ငါမင္းကို ကာကြယ္ေပးသြားမွာ၊ ဆက္ခ်စ္ေပးသြားမွာ။ မင္းထပ္ၿပီး ဒုကၡမေရာက္ေစရဘူး။ ေနာက္ၿပီး ငါမင္းဆီကို မရရေအာင္ ခ်ဥ္းကပ္လာမွာ။ ကြဲျပားတဲ့ခ်ဥ္းကပ္နည္း၊ အတၱကင္းတဲ့ခ်ဥ္းကပ္နည္းနဲ႔ေပါ့။'

-------------------------------------

အခ်ိန္တို႔တေ႐ြ႕ေ႐ြ႕ ကုန္လြန္လာၿပီးတဲ့ေနာက္ စာေမးပြဲေနာက္ဆုံးရက္ကို ေရာက္ရွိလို႔လာခဲ့ၿပီ။ ဒီၾကားထဲ ေရွာင္က်န႔္က ရိေပၚမသိေအာင္ က်န္းခ်န္နဲ႔ ယြီပင္းတို႔ကို အိပ္မက္နဲ႔လက္ေတြ႕ေရာေနတဲ့အေၾကာင္း ေျပာျပထားတယ္ထင္ပါ့။ က်န္းခ်န္နဲ႔ ယြီပင္းမွာ ရိေပၚကို အရိပ္တၾကည့္ၾကည့္နဲ႔ အရင္ကထက္ပိုၿပီး ဂ႐ုစိုက္ေနၾကတာမို႔ ရိေပၚေတာင္ အနည္းငယ္ေနရခက္ေနရတယ္။ ရိေပၚကေတာ့ ေရွာင္က်န႔္ေျပာသလို ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ သူကိုယ္တိုင္ အမွန္တကယ္ႀကဳံေတြ႕ခဲ့ရတာလို႔ ယူဆထားတာမို႔ ဘာသိဘာသာပဲေနလိုက္ေတာ့တယ္။ ေသခ်ာတယ္။ ေရွာင္က်န႔္က အားလုံးကိုမွတ္မိပါရဲ႕နဲ႔ မမွတ္မိခ်င္ေယာင္ေဆာင္ေနတာေနမွာ။ မရဘူးေရွာင္က်န႔္။ မင္းငါ့ကို ဒီလိုနည္းနဲ႔ ဖယ္ထုတ္လို႔မရဘူး။ ၾကည့္ထား။ ငါမင္းဆီကို မရရေအာင္ လာခဲ့မွာ။

-------------------------------------

"ေကာင္းေကာင္းသြား သားႀကီး။ ဟိုေရာက္ရင္ ဖုန္းဆက္ဦး။ အဆက္အသြယ္ျဖတ္လို႔ကေတာ့ မင္းဒီႏိုင္ငံကို ေျခခ်ခ်ျခင္း ေျခေထာက္က်ိဳးေအာင္လုပ္ပစ္မွာ။"

က်န္းခ်န္စကားအဆုံး ေရွာင္က်န႔္က တဟားဟားနဲ႔ေအာ္ရယ္တယ္။ ေလဆိပ္ထဲက လူေတြကေတာ့ ေရွာင္က်န႔္ရယ္သံေၾကာင့္ ကြက္ၾကည့္ကြက္ၾကည့္နဲ႔။ ေဘးဘက္မွာရပ္ေနၾကတဲ့ ေရွာင္ပါးပါးနဲ႔ မားမားတို႔ကလည္း ေရွာင္က်န႔္ရဲ႕သူငယ္ခ်င္းသုံးေယာက္ျဖစ္သူကိုၾကည့္ရင္း ၿပဳံးေနၾကေတာ့တယ္။ ေနာက္တစ္ဖက္မလွမ္းမကမ္းမွာက ေရွာင္က်န႔္နဲ႔အတူ ႏိုင္ငံျခားသြားမယ့္ ယြဲ႕မင္ရီရဲ႕ မိသားစု။ ရိေပၚတို႔သုံးေယာက္ ေရွာင္က်န႔္နဲ႔ႏႈတ္ဆက္ေနတာကို ေစာင့္ေနတယ္ထင္ပါ့။ ယြဲ႕မင္ရီရဲ႕ လက္ထဲ ခရီးေဆာင္အိတ္ကိုဆြဲလို႔ ေရွာင္က်န႔္တို႔ဘက္ကို အိေျႏၵရွိရွိၿပဳံးရင္း ပကတိျဖဴစင္ေနတဲ့အၿပဳံးေတြနဲ႔ လွမ္းၾကည့္ေနခဲ့တယ္။ အင္း...။ ယြဲ႕မင္ရီက တကယ္ကို အိေျႏၵ၊သိကၡာနဲ႔ ျပည့္စုံလွတဲ့မိန္းကေလး။ ၿပိဳင္ဘက္ေတြသာမျဖစ္ခဲ့ရင္၊ ေ႐ြးခ်ယ္မႈေတြသာ မတူခဲ့ရင္၊ ယြဲ႕မင္ရီသာ သူနဲ႔ေရွာင္က်န႔္ၾကား မွားယြင္းစြာ မေရာက္ရွိခဲ့ရင္ ရိေပၚအေနနဲ႔ ယြဲ႕မင္ရီကို အမွန္တကယ္ ၾကည္ျဖဴၿပီး သေဘာက်မိမွာအမွန္ပဲ။ အခုေတာ့ သူခ်စ္ရသူနဲ႔ တစ္ခရီးတည္းသြားမယ့္သူျဖစ္ေနတာမို႔ သေဘာက်ခ်င္တဲ့စိတ္က ၾကက္ေပ်ာက္ငွက္ေပ်ာက္ပဲ။

"ေကာင္းေကာင္းသြားေရွာင္က်န႔္။"

ရိေပၚက လွမ္းၿပီးႏႈတ္ဆက္ေတာ့ ေရွာင္က်န႔္က မ်က္လုံးအစုံမွိတ္ျပၿပီး ေခါင္းညိတ္တယ္။

"အင္း။ မင္းလည္းက်န္းမာေရးဂ႐ုစိုက္။ ကိုယ့္ကိုယ္ကိုယ္အရမ္းဖိအားမေပးနဲ႔။"

ရိေပၚလည္း ေခါင္းသာညိတ္ျပလိုက္ေတာ့တယ္။ ၿပဳံးေတာ့ မၿပဳံးျပႏိုင္ေတာ့ဘူး။ ဒီၾကားထဲ ဘယ္ႏွစ္ႏွစ္ခြဲခြာရမယ္ မေသခ်ာတဲ့လူေတြမို႔။ ခ်စ္ရတဲ့သူကို ခ်စ္စကားေတာင္မေျပာႏိုင္ဘဲ ႏႈတ္ဆက္ေနရတဲ့ခံစားခ်က္က ဆိုး႐ြားလြန္းလွတာမို႔။

ယြီပင္းကေတာ့ 'ေကာင္းေကာင္းသြား' လို႔သာေျပာၿပီး ႏႈတ္ဆက္တယ္။

သူတို႔အားလုံးႏႈတ္ဆက္စကားေျပာၿပီးလို႔သိပ္မၾကာ ေလဆိပ္ထဲ ပ်ံ႕လြင့္လာတဲ့ေၾကညာသံေၾကာင့္ ေရွာင္က်န႔္လည္း ရွိတဲ့အထုပ္အပိုးေတြဆြဲလို႔ သူတို႔အားလုံးကို လက္ျပႏႈတ္ဆက္ၿပီး ေက်ာခိုင္းထြက္သြားေတာ့တယ္။ ေျခလွမ္းသုံးလွမ္းေလာက္လွမ္းအၿပီး တစ္စုံတစ္ခုကိုသတိရသြားပုံေပၚတဲ့ေရွာင္က်န႔္က ေျခလွမ္းတို႔ကို တုန႔္ခနဲရပ္လို႔ သမင္လည္ျပန္လွည့္ၾကည့္တယ္။

"ရိေပၚ ေလာကမွာ ပိုက္ဆံနဲ႔ဝယ္လို႔မရတဲ့အရာေတြအမ်ားႀကီးရွိတယ္။ ကိုယ္လိုခ်င္တာရဖို႔အတြက္နဲ႔ ပိုက္ဆံတစ္ခုတည္းရွာဖို႔ မစဥ္းစားနဲ႔။ မင္း ဆုံးရႈံးရလိမ့္မယ္။"

ေရွာင္က်န႔္က ေျပာၿပီးၿပီးခ်င္း ရိေပၚကို ၿပဳံးျပႏႈတ္ဆက္လို႔ ထြက္သြားေတာ့တယ္။ ရိေပၚမွာသာ ေရွာင္က်န႔္ေျပာသြားတဲ့စကားတို႔ကို နားထဲအထပ္ထပ္ျပန္ၾကားေယာင္ရင္း ေနရာမွာသာ မလႈပ္မယွက္ ရပ္ေနမိေတာ့တယ္။

ေရွာင္က်န႔္က ကိစၥအားလုံးကို သတိရေနပါလ်က္ ေမ့ခ်င္ေယာင္ေဆာင္တယ္လို႔ သူကိုယ္တိုင္ ယုံၾကည္ထားခဲ့ၿပီး အားတင္းထားခဲ့ေပမယ့္ ေရွာင္က်န႔္ေျပာသြားတဲ့စကားလုံးတို႔ဟာ သူ႔ယုံၾကည္ခ်က္တို႔မွန္ကန္ေနေၾကာင္း သြယ္ဝိုက္ေသာနည္းအားျဖင့္ အတည္ျပဳေပးေနတဲ့အခါ ရိေပၚတစ္ေယာက္ အံ့ဩမႈေၾကာင့္ ပါးစပ္အေဟာင္းသားနဲ႔သာ ေရွာင္က်န႔္ေနာက္ေက်ာကြယ္ေပ်ာက္သြားတဲ့အထိ ရပ္ၾကည့္ေနမိေတာ့တယ္။

'မင္းေျပာသြားတဲ့စကားတြအရဆို ေရွာင္က်န႔္ ငါမင္းကိုပိုင္ဆိုင္ခြင့္ရဖို႔ ႀကိဳးစားခြင့္ရွိေသးတယ္လို႔ ငါယူဆလိုက္လို႔ ရတယ္မလား။ မင္းငါ့ကို အခြင့္အေရးေပးတယ္လို႔ ငါယူဆလိုက္လို႔ ရတယ္မလား။ ေရွာင္က်န႔္။'

------------------------------------

ေရွာင္က်န႔္ ႏိုင္ငံျခားထြက္သြားၿပီး ေနာက္ေန႔ေတြကစလို႔ လိုင္းေပၚမွာ သူတို႔သူငယ္ခ်င္းေလးေယာက္ group ဖြဲ႕ၿပီး စကားေျပာျဖစ္ၾကတယ္။ ရိေပၚမွာေတာ့ ယခင္တုန္းကအတိုင္း ထိပ္ဆုံးေရာက္ေအာင္ႀကိဳးစားမယ္လို႔ေတြးထားေပမယ့္ သူငယ္ခ်င္းသုံးေယာက္က အလြတ္မေပး။ ေရွာင္က်န႔္ရဲ႕ တစ္ခ်က္လႊတ္အမိန႔္နဲ႔ က်န္းခ်န္နဲ႔ ယြီပင္းတို႔ကပါ တိုက္တြန္းမႈေၾကာင့္ ရိေပၚခမ်ာ စိတ္က်န္းမာေရးဆရာဝန္နဲ႔ သြားျပရေတာ့တယ္။ ႐ူးေနလို႔ေတာ့မဟုတ္။ ရိေပၚၾကည့္ရတာ အရမ္းပင္ပန္းေနပုံေပၚၿပီး ဘယ္ေလာက္ပဲ အနားယူယူ ပင္ပန္းမႈဒဏ္မေပ်ာက္တာမို႔ စိတ္နဲ႔ပတ္သတ္တာျဖစ္ရမယ္ဆိုၿပီး ေရွာင္က်န႔္က အႀကံေပးလိုက္ျခင္းေၾကာင့္။ ဆရာဝန္ထံေရာက္ေတာ့လည္း တကယ့္ေဝဒနာသည္ကိုစစ္သလို စစ္ေမးေနတာမို႔ ၾကာေတာ့ ရိေပၚ စိတ္ညစ္လာရတယ္။ ေကာင္းေကာင္းမြန္မြန္အနားယူႏိုင္ေအာင္ ဘာနာမည္ေတြမွန္းမသိတဲ့ ေဆးေတြကလည္း ေပးလိုက္ျပန္ေသးရဲ႕။ က်န္းခ်န္နဲ႔ ယြီပင္းကလည္း ရိေပၚကို အားမနာစြာဘဲ အိမ္ေပၚအထိတက္ခ်လာၿပီး ေဆးေသာက္ဖို႔ကိစၥအကုန္တာဝန္ယူေနတာမို႔ ရိေပၚခမ်ာ မျငင္းႏိုင္ေတာ့တဲ့အဆုံး ေဆးေတြေသာက္ေနရေတာ့တယ္။

ေဆးေသာက္ၿပီးတိုင္းလည္း ဘာအလုပ္မွမလုပ္ႏိုင္ေလာက္ေအာင္ လူတစ္ကိုယ္လုံး ပင္ပန္းႏုံးခ်ိၿပီး အိပ္ခ်င္လာတာမို႔ ကုမၸဏီကိစၥေတြေတာင္ သိပ္မလုပ္ႏိုင္ေတာ့ဘူး။ က်န္းခ်န္နဲ႔ ယြီပင္းကေတာ့ ေျပာရွာတယ္။ 'မင္းေကာင္းဖို႔အတြက္' တဲ့။

ၾကာေတာ့ ရိေပၚ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ဘူး။ စိတ္ေရာဂါသည္လည္းမဟုတ္ပါဘဲ ေဆးေတြလွိမ့္ပိတ္ေသာက္ၿပီး တစ္ေနကုန္လုံးနီးပါး အိပ္ေပ်ာ္ေနတာမို႔ ရိေပၚလည္း က်န္းခ်န္နဲ႔ ယြီပင္းတို႔ကိုသာ စိတ္တိုတိုနဲ႔ေအာ္ဟစ္လို႔ ေသာင္းက်န္းမိေတာ့တယ္။ က်န္းခ်န္နဲ႔ ယြီပင္းတို႔ႏွစ္ေယာက္ကလည္း ရိေပၚေသာင္းက်န္းသေလာက္ အေရထူၾကတယ္။ ရိေပၚကို စိတ္ေရာဂါဆရာဝန္နဲ႔ ဆက္ျပဖို႔သာ တိုက္တြန္းေနၾကေတာ့တယ္။

ရိေပၚကေတာ့ အသားကုန္ကို ျငင္းဆန္မိတယ္။ သူဘယ္လိုမွသည္းမခံႏိုင္ေတာ့တာမို႔။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေဆးေတြေသာက္ေနရတဲ့ဘဝကို သူကိုယ္တိုင္လည္း မႀကိဳက္တာမို႔။

ရိေပၚဘက္က ျငင္းဆန္ပါမ်ားလာတာနဲ႔အမွ် စိတ္ေရာဂါဆရာဝန္ထံလည္းမသြားေတာ့သလို ေဆးလည္းဆက္မေသာက္ေတာ့ဘဲ တင္းခံေနတဲ့အခါ က်န္းခ်န္နဲ႔ ယြီပင္းက ေကာက္ကာငင္ကာ ထစိတ္ဆိုးေတာ့တယ္။ မဆီမဆိုင္ ႏိုင္ငံျခားေရာက္ေနတဲ့ ေရွာင္က်န႔္ကပါ video call ထဲ မ်က္ေမွာင္ၾကဳတ္ၿပီးစိုက္ၾကည့္ေနလို႔ ရိေပၚ သူ႔ဆံပင္သူသာ လက္ႏွစ္ဖက္နဲ႔ ဆြဲဆုတ္မိေတာ့တယ္။ ရိေပၚ ဆရာဝန္ထံသြားျခင္း၊ မသြားျခင္းက ဒီေလာက္ထိ အေရးပါမယ္မွန္း သူမသိခဲ့ဘူး။ ဒါမွမဟုတ္ ရိေပၚကိုအ႐ူးလို႔သတ္မွတ္ၿပီး သုံးေယာက္သား ဆရာဝန္နဲ႔ျပဖို႔ အတင္းတိုက္တြန္းေနၾကတာလား။ ဒါမွမဟုတ္

'မင္းတို႔သုံးေယာက္ေပါင္းၿပီး ငါ့ကို႐ူးေအာင္ လုပ္ေနၾကတာလား။'

-------------------------------------

အမ်ိဳးမ်ိဳးစဥ္းစားေတြးေတာၿပီးတဲ့ေနာက္ ရိေပၚလည္း သုံးေယာက္လုံးကို စိတ္ေရာဂါဆရာဝန္နဲ႔ဆက္ျပမယ့္အေၾကာင္း ကတိေပးလိုက္တယ္။ သို႔ေပမယ့္ ခြၽင္းခ်က္အေနနဲ႔ လက္ရွိျပေနတဲ့ဆရာဝန္နဲ႔မဟုတ္ဘဲ သူ႔ကိုယ္ပိုင္ဆရာဝန္နဲ႔ျပဖို႔ရာ ေျပာလိုက္ေတာ့မွ သုံးေယာက္သား စိတ္ျပန္ေျပသြားၾကတယ္။ ရိေပၚမွာေတာ့ သုံးေယာက္လုံးကိုသာ သံသယစိတ္ကိုဖုံးကြယ္လို႔ မမွိတ္မသုန္ စိုက္ၾကည့္ေနမိေတာ့တယ္။

-------------------------------------

"တျခားေတာ့ မသိေပမယ့္ ကြၽန္ေတာ္မ႐ူးေသးဘူး။"

ရိေပၚစကားအဆုံး စိတ္က်န္းမာေရးဆရာဝန္ေခ်ာင္းယြီခ်န္ (TU ထဲမွ က်င္းဇီ႐ႊမ္း) က ၿပဳံးတယ္။ ရိေပၚကိုလည္း အရင္ဆရာဝန္လို စစ္လားေဆးလားလုပ္မယ့္အစား ရိေပၚအေျပာကိုသာေစာင့္ၿပီး ေသခ်ာနားေထာင္ေပးေနတာမို႔ ရိေပၚအေနနဲ႔ စိတ္ေက်နပ္ရတယ္။ ဆရာဝန္ယြီခ်န္ရဲ႕ ကိုယ္ပိုင္ေဆးခန္းငယ္ေလးထဲ အသံလုံေအာင္လည္း လုပ္ထားေသးတာမို႔ အထဲမွာေဆြးေႏြးေနသမွ် အျပင္ဘက္ကမၾကားႏိုင္မွန္းလည္း ေသခ်ာေနတာေၾကာင့္ ရိေပၚပိုၿပီးသေဘာက်ရသလို စိတ္လည္းပိုေအးသြားရတယ္။

ဆရာဝန္ေခ်ာင္းက စားပြဲေပၚကေကာ္ဖီခြက္ကိုယူေသာက္ရင္း ရိေပၚကိုလည္း ေသာက္ဖို႔ အမူအရာျပလာတာမို႔ ရိေပၚလည္း ယူၿပီးေသာက္လိုက္တယ္။ အခုဆရာဝန္က ရိေပၚအကဲခတ္ရသေလာက္ အရင္ဆရာဝန္ေလာက္လည္း စကားမမ်ားဘူး။ ဒါဟာ ရိေပၚ ဒီဆရာဝန္ကို ပိုၿပီးသေဘာက်ရတဲ့အခ်က္ပဲ။ ဒါမွမဟုတ္ ရိေပၚဘက္ကလည္း စကားနည္းနည္းပဲေျပာရေသးတာမို႔လည္း ပါမယ္ထင္ရဲ႕။

"ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေဆးစြဲသြားမွာစိုးလို႔ ေဆးမေသာက္ခ်င္ဘူး။"

ရိေပၚကေျပာေတာ့ ဆရာဝန္ေခ်ာင္းက ေခါင္းညိတ္ျပလာျပန္တယ္။ ရိေပၚလည္း သက္ျပင္းခ်လိုက္ၿပီး ဆက္ေျပာမိတယ္။

"ပင္ပန္းလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔လည္း ခြင့္ရက္ရွည္မယူခ်င္ဘူး။ ဆိုေတာ့ ခင္ဗ်ားအေနနဲ႔ ကြၽန္ေတာ့္ကို ဘာလုပ္ေပးႏိုင္လဲ။"

ရိေပၚစကားအဆုံး ေခ်ာင္းယြီခ်န္က လက္ထဲကေကာ္ဖီခြက္ကို စားပြဲအသာတင္လို႔ ၿပဳံးလာျပန္တယ္။

"က်ဳပ္ဘက္က လုပ္ေပးရမယ္ဆိုတာထက္ ခင္ဗ်ားဘက္က ဘာလိုခ်င္တာလဲ ပြင့္ပြင့္လင္းလင္းေျပာတာ ပိုမေကာင္းဘူးလား။"

ယြီခ်န္က ေလသံေအးေအးေလးနဲ႔ပဲေျပာလာတာမို႔ ရိေပၚလည္း ၿပဳံးမိတယ္။

"ပင္ပန္းတယ္။ အနားယူခ်င္တယ္။ ဒါေပမယ့္ အနားမယူႏိုင္ဘူး။ လုပ္ရမယ့္အလုပ္ေတြက တစ္ရက္ေလာက္နားလိုက္တာနဲ႔ အကုန္ေနာက္က်ကုန္မွာ။"

"ေနာက္က်ကုန္မွာဆိုတာထက္ မင္းကိုယ္တိုင္က အလုပ္မလုပ္ရရင္ မေနႏိုင္တာမဟုတ္လား။"

ယြီခ်န္ျဖတ္ေျပာလိုက္တဲ့စကားေၾကာင့္ ရိေပၚမ်က္ခုံးပင့္မိတယ္။ ထို႔ေနာက္မွာေတာ့ ေခါင္းကို ျဖည္းျဖည္းသာသာတစ္ခ်က္ခ်င္းညိတ္လို႔ ေထာက္ခံမိတယ္။ ဟုတ္တယ္။ ရိေပၚက တစ္ေန႔တစ္ေန႔ အလုပ္မရွိရင္ မေနတတ္သူ။ အက်င့္ပါသြားတာလား၊ ဒါမွမဟုတ္ သူကိုယ္တိုင္ကိုက မလုပ္ရမေနႏိုင္တာလားမသိေပမယ့္ အိပ္ေနတဲ့အခ်ိန္ကလြဲ က်န္တဲ့အခ်ိန္ေတြမွာ တစ္ခုခုကို လုပ္ေနလိုက္ရမွ ေက်နပ္တဲ့လူမ်ိဳး။

ယြီခ်န္က ထိုင္ခုံေနာက္ကိုအသာမွီလို႔ ေခါင္းကိုအသာေမာ့ရင္း ဆက္ေျပာတယ္။

"အနားယူခ်င္လို႔ အနားယူလိုက္တဲ့အခါမွာလည္း အားျပန္ျပည့္သြားတယ္လို႔ မခံစားရဘဲ အၿမဲတမ္းႏုံးခ်ိေနတယ္မဟုတ္လား။"

ရိေပၚ ေခါင္းညိတ္ျပလိုက္တယ္။ သူေျပာတာလည္း မွန္ေနတာမို႔။

"ဒီအေတာအတြင္း ခဏခဏသတိလစ္တတ္လား။"

"ခဏခဏေတာ့မဟုတ္ေပမယ့္ မထင္ရင္မထင္သလိုေတာ့ လစ္တတ္တယ္။"

ရိေပၚစကားအဆုံး ယြီခ်န္က ေခါင္းညိတ္တယ္။ မ်က္ႏွာထက္မွာေတာ့ ေအးခ်မ္းတဲ့အၿပဳံးတစ္ခုကို ပန္ဆင္ထားတုန္းပဲ။

"စိတ္အပန္းေျဖဖို႔လိုေနတာပဲ။ ရိေပၚလို႔ပဲေခၚမယ္ေနာ္။"

ရိေပၚထပ္ၿပီးေခါင္းညိတ္ျပလိုက္တယ္။

"ေကာင္းၿပီရိေပၚ။ ေဆးေတြေသာက္တာက အေထာက္အကူျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ကိုယ္ကေတာ့ ေဆးေသာက္ဖို႔အႀကံမေပးခ်င္ဘူး။ မင္းေဆးမေသာက္ခ်င္တာနဲ႔လည္း ကြက္တိျဖစ္သြားတာေပါ့။ မင္းေသာက္ေနတဲ့ေဆးေတြ၊ ပင္ပန္းတဲ့အခ်ိန္တိုင္း အိပ္တတ္တဲ့အက်င့္ေၾကာင့္ ပင္ပန္းတဲ့ဒဏ္က ေကာင္းမလာဘဲ ပိုဆိုးသြားတတ္တာေတြရွိတယ္။ စိတ္ဆိုတာမ်ိဳးက တစ္ခါတစ္ရံမွာ အနားေပးရတယ္ရိေပၚ။ မင္းလည္းပညာတတ္တစ္ေယာက္ဆိုေတာ့ သိၿပီးသားျဖစ္မွာပါ။ ဦးေႏွာက္က အိပ္ေနတဲ့အခ်ိန္မွာေတာင္မွ အလုပ္လုပ္တာကိုေလ။ ဆိုေတာ့ ဒီဦးေႏွာက္ကို အနားေပးဖို႔ရာ အိပ္တယ္ဆိုတာက အေျဖဟုတ္ပါ့မလား။"

"ဆိုေတာ့ ကြၽန္ေတာ္ဘာလုပ္ရမလဲ။"

"ခရီးထြက္ပါရိေပၚ။ အနည္းဆုံး တစ္ညအိပ္ႏွစ္ရက္ေလာက္ေတာ့ ခရီးထြက္ပါ။ မင္းမိသားစု၊ ေဆြမ်ိဳးေတြနဲ႔..."

"ကြၽန္ေတာ့္မွာ မိသားစုမရွိဘူး။"

ရိေပၚျဖတ္ေျပာလိုက္တဲ့စကားေၾကာင့္ ေခ်ာင္းယြီခ်န္တစ္ေယာက္ အားနာတဲ့မ်က္ဝန္းအစုံနဲ႔ ရိေပၚကိုသာ လွမ္းၾကည့္မိတယ္။ ရိေပၚကေတာ့ တစ္ဖက္ကိုသာ မ်က္ႏွာလႊဲထားတယ္။ ဘာမွမျဖစ္တဲ့ပုံနဲ႔။

"Sorry။ ဆိုေတာ့ မင္းအခင္ရဆုံးသူငယ္ခ်င္းနဲ႔ပဲျဖစ္ျဖစ္ မင္းခ်စ္ရတဲ့သူနဲ႔ပဲျဖစ္ျဖစ္ ခရီးထြက္ေပါ့။ သူငယ္ခ်င္းအမ်ားႀကီးမေခၚသြားဖို႔ကိုေတာ့ အႀကံျပဳခ်င္တယ္။ တစ္ခါတစ္ေလမွာ သူငယ္ခ်င္းေတြမ်ားလြန္းရင္လည္း စိတ္ညစ္ရတတ္တယ္မလား။"

ယြီခ်န႔္စကားေၾကာင့္ ရိေပၚလည္း သေဘာက်သလို ႏႈတ္ခမ္းေထာင့္တစ္ဖက္တြန႔္ၿပီး ၿပဳံးလိုက္မိတယ္။ ဒီဆရာဝန္နဲ႔သူက တူတာေတြ ေတာ္ေတာ္မ်ားတယ္လို႔လည္း ေတြးမိတယ္။

"မင္းအခုအခ်ိန္မွာ အရမ္းသြားခ်င္ေနတဲ့ခရီးတစ္ခုကို သြားျဖစ္ေအာင္သြားလိုက္ပါရိေပၚ။ မင္းတို႔ေက်ာင္းလည္း ပိတ္ေနတယ္မလား။"

ရိေပၚေခါင္းသာညိတ္ျပလိုက္ေတာ့တယ္။ ယြီခ်န္ကေတာ့ ေသာက္လက္စေကာ္ဖီကို ဆက္ေသာက္ရင္း ခဏမွ်တိတ္ဆိတ္သြားၿပီးမွ ထပ္ေျပာလာတယ္။

"သူငယ္ခ်င္းေတြနဲ႔မသြားခ်င္ရင္ တစ္ေယာက္တည္းသြားတာ ပိုေကာင္းတယ္။ သူငယ္ခ်င္းေတြက မပါမျဖစ္မဟုတ္ပါဘူး။ မင္းၾကည့္ရတာ ေခၚခ်င္တဲ့ သူငယ္ခ်င္းလည္း ရွိပုံမေပၚဘူး။"

ဒီတစ္ခါမွာေတာ့ ရိေပၚလည္း ယွက္ထားတဲ့ေျခေထာက္ကိုလႈပ္လို႔ အသံထြက္သာရယ္မိေတာ့တယ္။ ဒီဆရာဝန္က သူ႔အေတြးေတြကိုပါ အကုန္သိေနေတာ့တာပဲ။

"ခင္ဗ်ားနဲ႔စကားေျပာရတာ ေပါ့ေပါ့ပါးပါးရွိတယ္။"

ယြီခ်န္ကေတာ့ ၿပဳံးတယ္။

"ေခ်ာင္းေကာလို႔ေခၚခ်င္ေခၚ။ ဒါမွမဟုတ္ ယြီခ်န္ေကာဆိုလည္းရတယ္။ ေနာက္လည္း လာခ်င္ရင္ အၿမဲတမ္းႀကိဳဆိုေနမယ္။"

ရိေပၚလည္း ယြီခ်န္ကမ္းေပးလာတဲ့လက္ကို အသာလွမ္းဆြဲႏႈတ္ဆက္လို႔ ျပန္ေျပာမိတယ္။

"ေကာင္းၿပီ ယြီခ်န္ေကာ။ ေက်းဇူးပါပဲ။"

ယြီခ်န္ေကာကေတာ့ ၿပဳံးလ်က္နဲ႔သာ မ်က္လုံးေလးမွိတ္ၿပီး ေခါင္းညိတ္ျပလာေတာ့တယ္။

#Monster

-----------------------------------------------------------------------

အသဲကြဲေနလို႔ ေရးထားတာ ေတာ္ေတာ္ေလးေပါ့သြားတယ္ထင္တယ္။ sorry ေနာ္🥺🥺🥺။

Comment ေလးေတြ rp မျပန္ေတာ့ဘူးေနာ္။ သာသာ fic ႏွစ္ပုဒ္လုံးစိတ္ႏွစ္ၿပီး ေရးလိုက္ခ်င္လို႔။ က်န္းမာေရးဂ႐ုစိုက္ၾကေနာ္။ rp မျပန္လို႔ စိတ္ဆိုးမေနၾကနဲ႔ဦး😗😗😗။

ဪ ဒါနဲ႔ ရိေပၚေျပာတဲ့ ယြဲ႕မင္ရီကို သေဘာက်တယ္ဆိုတာ သာမန္ လူတစ္ေယာက္နဲ႔တစ္ေယာက္ သေဘာက်ခင္မင္တာမ်ိဳးကိုေျပာတာေနာ္။ ခ်စ္တယ္၊ ႀကိဳက္တယ္၊ သေဘာက်တယ္ ဆိုတဲ့စကားလုံးေလးေတြက တူသေယာင္ေယာင္နဲ႔ အဓိပၸါယ္ေလးနက္မႈခ်င္းက ကြာတာမို႔။ မတူဘူးေနာ္။

Love you all my readers.😘😘😘






Continue lendo

Você também vai gostar

713K 122K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
6.6K 254 52
သူကpsychopath တစ်ကောင်ပဲ psychopath တောင်ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ....... ဟားးဟားး..... သိပ်ဟုတ်တာပေါ့... ယဉ်ယဉ်လေးနဲ့ရူးနေပေမဲ့လူတွေရှေ့မှာတော့သိပ်ဟန်ဆ...
275K 43.3K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
172K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...