๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

By BAE__YUNA

91.1K 6.8K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )
2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)

2.2K 192 17
By BAE__YUNA

" ယားးး Kim Taehyung !"

အရေးပေါ်ကုသဆောင်၏ကောင်တာမှဟိန်းခနဲထွက်လာသည့်အသံဖြစ်သည်။ထိုကောင်တာ၏အနီးအနားတွင်ရှိသည့်အရေးပေါ်ခွဲစိတ်ခန်း၏အရှေ့မှ သွေးပျက်နေသည့်လူသားမှာတော့ သူ၏ရှပ်အကျီအဖြူတွင်သွေးအကွက်လိုက်စွန်းထင်းနေ၏။

ကြားလိုက်ရသည့်စူးရှရှအသံလေးကြောင့်စက်ခနဲဆိုလိုလည်ပြန်လှည့်ကြည်ြချိန်တွင်...

" အာ့ !"

" မင်းကအရူးတယောက်လိုအသိစိတ်မရှိတဲ့ကောင်ပဲ !"

အရှိန်ပြင်းလွန်းသည့်Jimin၏ထိုးချက်ကြောင့် လည်ထွက်သွားသည့်မျက်လေးနှင့်အတူခန္ဓာကိုယ်လေးပါယိုင်နဲ့သွားသည့်။ပြန်၍လှည့်လာသည့်အခါမှာတော့ နှုတ်ခမ်းထောင့်မှသွေးစတချို့ကစီးကျနေပြီဖြစ်သည်။Jimin၏ခပ်စူးစူးအကြည့်တို့က ထိုလူသားအားရွံရှာမုန်းတီးသည့်အလားသရုပ်ဖော်နေ၏။

" ငါမရည်ရွယ်ပဲဖြစ်သွားတာကွ !"

" ဒီအခြေနေမှာတောင်မင်းအမှားကိုမင်းမမြင်နိုင်သေးဘူးလား စောက်ရူးရ ။ ထွက်သွားလိုက်တော့ Kim Taehyung ! Jungkookကို ဒီ့ထက်ပိုပြီးဒုက္ခမပေးပါနဲ့တော့ ငါပဲကြားကတောင်းပန်ပါရစေ "

ထပ်မံပြီဟိန်းထွက်လာသည့်Jimin၏အသံကြောင့် ဆေးကောင်တာမှနာစ့်မလေးတချို့၏ခန္ဓာကိုယ်လေးများတုန်တက်သွားရသည်။တယောက်တခွန်းအော်ဟစ်နေကြသည့်သူငယ်ချင်းနှစ်ယောက်မှာတော့ ရန်ငြိုးရှသည့်ရန်ဘက်တွေအလားရမ်စောင်နေကြ၏။

" မရဘူး ! သူကငါပိုင်တဲ့ငါ့ယောကျာ်း ။ မင်း၀င်ပါဖို့ငါခွင့်မပြုနိုင်ဘူး "

" အော် ! မင်းပိုင်တဲ့မင်းယောကျာ်းပေါ့ ။ မင်းချစ်သူရဲ့နှလုံးနဲ့အသက်နေတဲ့သူ့ကိုအများကြီးချစ်ပေးပြီးဂရုစိုတ်ပေးရမဲ့အစား ဒီလိုတွေလုပ်နေတာသူ့ကိုအမြန်သေခိုင်းနေတာနဲ့အတူတူပဲကွ ! မင်းတခါမှတောင်မတွေးဖူးဘူးတဲ့ Suicideကိုသူလုပ်ဖို့အတွက်ဘယ်နှကြိမ်တောင်စဉ်းစားခဲ့ရလဲမင်းသိလား ... ဟမ် !?

Kim Naeunရဲ့နှလုံးနဲ့အသက်ရှင်နေရတဲ့သူ့ဘ၀ကိုအပြစ်တင်ပြီး မင်းရဲ့ဖိနှိပ်တာကိုပါထပ်ခံနေခဲ့ရတာ ... သူဖြတ်သန်းခဲ့ရတဲ့နေရက်တွေကိုမင်းနားမလည်သေးဘူးဆိုရင် မင်းသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်ပေါ့ ။ အဲ့ဒီ့အခါကျ သူပျော်နေတာမင်းမြင်ရရင် နောင်တမရကြေး "

" ငါ ..... "

" မင်းသွားတော့ ... !"

ထပ်မံပြီးနှင်ထုပ်လာသည့်သူငယ်ချင်းဖြစ်သူဟာထိုလူသားကိုအင်မတန်စိတ်ပျက်သွားသည့်ပုံပါပဲ။ချစ်လွန်းလို့ ဘူဆန်ကိုတာ၀န်အတူကျချင်ခဲ့သည့်သူငယ်ချင်းနှစ်ယောက်ဟာ ယခုပက်သက်ခဲ့ဖူသည့်မေတ္တာများနှင့်လားလားမှမအပ်စပ်အောင်တယောက်တခွန်းစကားများနေကြ၏။

Jiminပြောပြလာသည့်ကောင်ငယ်လေး၏အကြောင်းတချို့ကြောင့် လူသား၏ရင်အစုံမှာတော့အနည်နာကြင်ရသလိုခံစားလာရသည်။ဒီအချိန်မှာကောင်လေးအတွက်စိုးရိမ်မိသည်ကိုတော့၀န်ခံပါလိမ့်မည်။အဘယ့်ကြောင့်ဆိုသော် သူ၏မျက်စိရှေ့မှာတင် လက်ကောက်၀တ်မှသွေးကြောများဖျက်တောက်လိုက်သည့်ကောင်လေး၏အပြုမူကြောင့်လန့်ကာ ကုသဖို့ကြိုးစားခဲ့ပေမဲ့ အိမ်တွင်ဆရာ၀န်ပစ္စည်းအပြည့်အစုံမရှိသည့်အတွက်သွေးတိတ်အောင်သာပြုလုပ်ပေးပြီး ဆေးရုံသို့အပြေးခေါ်လာရသည်။

သို့ပေမဲ့ ဆေးရုံသို့ရောက်သည့်အခါသူငယ်ချင်းဖြစ်သူဆီမှထိုကဲ့သို့အဖြစ်ကစောင့်ကြိုနေပြန်၏။သူ့ဘက်မှလည်းရှင်းပြစရာစကားပျောက်ရှနေပြန်တော့ သူငယ်ချင်း၏အပြစ်တင်ဝေဖန်ခြင်းကိုသာခံရသည်။

Jimin၏စကားလုံးများကနားထဲသို့အထပ်ထပ်ကြားယောင်လာပြီး ရင်အစုံဝဲဘက်မှတဆစ်ဆစ်နှင့်နာကြင်လာရသည်။Jiminပြောသည့်အတိုင်လွတ်လပ်ခွင့်ပေးလိုက်ပါမည်ဆိုတော့လည်း သူတို့နှစ်ဦး၏အခြေနေကချစ်သူရည်းစားမဟုတ်ပါပဲ လက်ထပ်ထားကြသည့်သူများဖြစ်ကြ၏။

သို့ပေမဲ့...

" ငါမင်းကိုလွတ်လပ်ခွင့်ပေးရမယ်တဲ့ ။ ငါ့စိတ်အလိုမရည်ရွယ်ပဲပြုလုပ်မိလိုက်တဲ့အရာတိုင်းကမင်းသေစေလောက်တဲ့အထိနာကြင်ခက်ခဲစေခဲ့ရင် ငါလွတ်လပ်ခွင့်ပေးပါ့မယ် ။ တစ်ခုပါပဲ ... ငါမင်းကိုတော့မချစ်ပါရစေနဲ့ ။

အစကတည်းကငါကတစ်ယောက်သောသူကိုရည်ရွယ်ပြီးချစ်ခဲ့တာမို့ နောက်တယောက်ကိုထပ်မချစ်နိုင်ဘူး ။ အဲ့လိုတွေမင်းကငါ့ကိုချစ်ခဲ့လို့ ... ငါ့အနားကိုမင်းရောက်လာခဲ့လို့ ... ဒီလိုတွေဖြစ်ခဲ့ရတာမင်းနားလည်မယ်ဆိုရင် ငါ့အနားကနေဘာအစွဲအလမ်းစိတ်မှမရှိပဲ ထွက်သွားပေးပါ ။ ငါလည်းနောင်တမရပဲမင်းကိုလွတ်လပ်ခွင့်ပေးပါ့မယ် ...

ငါမရှိတဲ့အရပ်မှာမင်းပျော်အောင်နေရမယ် Jungkook "

လမ်းခွဲခြင်း၏နိဒါန်း ...

~•~

မျက်၀န်းလေးများတလှုပ်လှုပ်ဖြင့် မျက်ခွံလေးကိုဖြေးညှင်းစွားဖြင့်ဖွင့်လိုက်သည့်အခါ ဖြူဖွေးဖွေးမျက်နှာကြက်တစ်ခုကိုမြင်လိုက်ရ၏။ထို့နောက် လက်ဖမိုး၏သွေးကြောထဲတွင်စိုတ်၀င်နေသည့်အပ်တချောင်းကိုခံစားရသည့်အခါမော့ကြည့်လိုက်တော့ ဆေးပိုက်တန်းလန်းဖြင့် ဆေးတစက်စက်ကျနေသည့်ဆေးပုလင်းကိုထပ်မံပြီးမြင်လိုရပြန်သည်။

" ငါဘာလို့ဒီကိုရောက်နေတာလဲ ?"

သူ၏ကုတင်ဘေးတွင်ထိုင်နေသည့် သူငယ်ချင်းဖြစ်သူJiminကိုမြင်လိုက်ရသည့်အခါ ကုတင်ပေါ်ကလူသားကစတင်ပြီးမေးခွန်းထုပ်လာတော့သည်။သို့ပေမဲ့ A4စာရွက်အဖြူတို့ကိုသာ မျက်မှောင်ကြုံ့ပြီးအသည်းအသန်စိုတ်ကြည့်နေသည့်နေသည့် Juminက သူ့အားပြန်ဖြေရန်မအားသေးပုံပါပဲ။

" ဆေးရုံ၀န်းထဲမှာမင်းလဲကျသွားလို့ငါခေါ်လာတာလေ ... လဲကျတာကိုမမှတ်မိဘူးလား ?"

Jiminကသာတခွန်းပီ့းတခွန်းပြောနေပေမဲ့ကုတင်ပေါ်ကလူသားကတော့မျက်နှာတည်ဖြင့်မျက်နှာကျက်ကိုသာမျက်လုံးအိမ်မရွေ့တန်းစိတ်ကြည့်နေသည်။သို့ပေမဲ့လည်း Jiminကစကားဆက်ဆို၏။

" မင်းရဲ့အာရုံကြောအခြေနေကဆေးမကုသရင် အတိတ်မေတဲ့အနေအထားနဲ့တသက်လုံးအကုန်လုံးကိုမေ့သွားတော့မှာ ။ ဒါနဲ့ မင်းသိထားတယ်မဟုတ်လား ?"

Jiminကထိုကဲ့သို့မေးလာသည့်အခါ ထိုလူသားကမျက်နှာကိုတဖက်သို့လွှဲသွားခဲ့၏။သူသိနေပြီးသားဆိုသည့်သည့်သဘောဆောင်မှန်းကို Jiminကတန်းသိလိုက်တာကြောင့်...

" ဘာလို့လဲ ... Taehyung ?"

" အကုန်လုံးကိုမေ့သွားတော့မကောင်းဘူးလား ။ အနည်းဆုံးတော့ဘားမှကိုမခံစားရတေယ့ဘူးလေ "

" လွယ်လိုက်တာကွာ ... အဲ့ဒါဆို တဖက်ကနောင်တ‌တွေသီကြီးနဲ့ကျန်ခဲ့မှာပေါ့ "

" ငါထွက်သွားလိုက်ရင် သူ့အတွက်အေးချမ်းသွားမယ်မဟုတ်လား ... ?"

" မင်းJungkookကိုတကယ်ပဲချစ်ဖို့မကြိုးစားတော့ဘူးလား ... ဟမ် ?"

‌Jimin၏အမေးကိုမျက်နှာကျက်သိုသာအငေးတိုက်ရင်းနှင့် ကုတင်ပေါ်ကလူသားကခေါင်းလေးခါပြလာသည်။သွေးအေးလူသားဆိုသည့်ကောင်လေးသတ်မှတ်ထားသည့်အတိုင်းကို ထိုလူသားကအရာရာကိုသွေးလွန်းလှပါသည်။ထိုအပြုမူတွေကပဲ သူငယ်ချင်းဖြစ်သူJiminကိုအစမတန်စိတ်ပျက်စေတာပါပဲ။

" ကောင်းပြီလေ ! ဘူဆန်မှာထပ်ဆိုင်းထားတဲ့တာ၀န်ပြီးသွားရင် ဘူဆန်ကိုနောက်ထပ်ခြေဦးတောင်မလှည့်နဲ့ "

ထိုကဲ့သို့ခက်ပျက်ပျက်ပြောကာ ကိုင်ထားသည့်ဆေးစစ်ချက်စာရွက်အလိပ်လေးအားပစ်ပေးပြီးJiminထွက်သွားခဲ့၏။ဤလောက်အထိခက်ထန်လွန်းသည့်အခြေနေဟာသူတို့သူငယ်ချင်းနှစ်ဦးတွင်တခါမျှမဖြစ်ဖူးပါချေ။

တံခါးကိုဝုန်းခနဲစောင့်ပိတ်သွားသည့် Jiminကြောင့် သူ့အားဘယ်လောက်အထိသးစိတ်ဆိုးစိတ်ပျက်နေမှန်းသိသာလွန်းပါသည်။သို့ပေမဲ့ ထိုအခြေနေများကမည်သူတစ်ဦးတစ်ယောက်ကမှတက်နိုင်သည့်အခြေနေမဟုတ်ခဲ့ပါ။တစ်ယောက်ကလည်း တယောက်တယောက်ကို စိတ်ပျက်နေသလို ... ကျန်တယောက်ကလည်း ထိုတယောက်ကို နဲနဲလေးတောင်ညှာတာပေးဖို့အတွက်မစဉ်းစားမိခဲ့ပါ။

ထို့ကြောင့် ထိုနှစ်ဦးကတစ်နှင့်တစ်ဦး ဝေးရာအရပ်ကိုကိုယ်စီထွက်သွားခဲ့ပါက ရင်ထဲမှခံစားချက်အစစ်အမှန်ကိုမြင်ယောင်လာကြမည်ဖြစ်၏။

အချစ်တစ်ခုမှာ ...
ချစ်တက်သူအချင်းချင်းက
ချစ်ခြင်းပုံစံမတူညီကြသည့်အခါ
အရှုံးပေါ်အရှုံးထပ်ပြီး
အထပ်ထပ်နာကြင်ရရုံသာ ။

ပေးဆပ်သူ၏အချစ်နှင့်
စွန့်ပစ်သူတို့၏အမုန်းက
အချဉ်းနှီးသာဖြစ်လာခဲ့၏ ။

after 1 month later ...


" ယားး Jungkookkie ! Minhyuck oppaရဲ့မဂ်လာဆောင်နေ့မှာ နဲနဲလေးတော့ပြုံးပါအုံးဟ ... "

စဉ်မြင့်အထက်ကသတို့သားနှစ်ယောက်အားငေးကြည့်ရင်းကောင်းကောင်လေး၏ရင်အစုံမှာတစတစနှင့်လောင်ကျွမ်းနေ၏။၀မ်းနည်းစိတ်ကြောင့်ထိန်းချုပ်ထားရသည့်ငိုချင်စိတ်တွေ‌ကိုစိတ်ရှိတိုင်းသာဆိုလွှတ်ချမိမှာအသေအချာပင်။တချိန်ကသူတို့နှစ်ဦးလည်းထိုကဲ့သို့ပေါင်းဖတ်ခဲ့ကြဖူးသည်မဟုတ်လား။ယခုချိန်မှာတော့ သူစိမ်းများလိုဝေးကွာသွာကြလို့ရယ်...

ဘေးနားမှသူငယ်ချင်းဖြစ်သူဗြောလေးက ကောင်လေး၏အခြေနေကိုရိပ်မိ၍စကားပြောပေးနေရှာ၏။

" နာကြင်ရတယ်မလား Jungkook ? ငိုချင်ရင်တနေရာကိုသွားရအောင်လေ ... နော် "

" အာညီး ... ငါခံနိုင်ရည်ရှိရမှာပေါ့ ။ သူဒီနေ့လာရင်ကောင်းမယ်နော် "

" Jungkookရယ် ... "

ခေါင်းလေးငုံ့ကာပြောလာသည့်ကောင်လေး၏ကျောပြင်လေးကိုအသာပွတ်ပေးကာ ကောင်မလေးကနှစ်သိမ့်ပေးရှာသည်။ဒီလောက်အမြန်ကြီးဝေးကွာရလိမ့်မယ်လို့ကောင်‌ငယ်လေးမတွေးခဲ့ဖူးပေမဲ့ လွတ်လပ်ခွင့်ပေးဖို့တောင်းဆိုခဲ့သည်အချိန်ကစိတ်ထဲမပါခဲ့တာအမှန်ပင်။သို့ပေမဲ့ ထပ်ပြီးနိးစပ်ဖို့ဟာလည်းမဖြစ်နိုင်တော့ပါချေ။

" ငါToiletခဏသွားအုံးမယ် "

မျက်ရည်ကြည်ရစ်သိုင်းနေသည့်မျက်၀န်းလေးကိုလက်ဖမိုးဖြင့်အသာဆွဲသုပ်ပြီးတနေရာထွက်သွားဖို့ပြောလာတော့ သူငယ်ချင်းဖြစ်သူကခေါင်းငြိမ့်ပြလာ၏။ထိုအခါ ထိုင်နေရာမှထကာအပြေးတပိုင်းပဲမဂ်လာခန်းမထဲပြေးထွက်လာ၏။

နှုတ်ဆက်သည့်လူများကိုကျော်ကာဟိုတယ်၏အပြင်ဘက်ကားပါးကင်လူရှင်းသည့်နေရာသို့ရောက်သည့်အခါမှာတော့ ထိန်းချုပ်ထားသည့်စိတ်များကိုလွှတ်ချမိသည်။ရှိုက်သံထွက်သည်အထိငိုချမိသည့်ကောင်လေးကအလွမ်းဒဏ်ကိုမြူမှုန်တစစာတောင်သည်းမခံနိုင်ပုံပါပဲ။အလွမ်းတွေနယ်ကျွန်လာတော့ မျက်ရည်ကြည်တွေကခွင့်ပြုချက်မပါပဲကျစီးလို့လာသည်။

" ဘာကြောင့်များအလွယ်တကူထားခဲ့နိုင်ရတာလဲ ? ခင်များပြောတော့ကျနော့်ကိုထပ်ပြီးလှောင်ပိတ်ထားအုံးမှာဆို ! အခုတော့ အခုတော့ဗျာ ..... "

ကောင်လေးက သူ၏ကားကိုတဖုန်းဖုန်းထုရိုတ်ကာ အော်ဟစ်ပြီးစိတ်ဖြေနေမိသည်။မပြောမဆိုပဲပျောက်ကွယ်သွားသူကလွယ်ကူပေမဲ့ ကျန်ခဲ့သူကောင်လေးအတွက်တော့အဆမတန်အလွံအကျွံခံစားရစေသည်။

ထို့နောက် ကားတံခါးအားကျောမှီကာထိုင်ချလိုက်ပြီးမျက်ရည်များကိုဆက်လက်၍စီးဆင်းခွင့်ပေးလိုက်၏။၀တ်ထားသည့်၀တ်စုံအနတ်ရောင်လေးကိုကုတ်အကျီချွတ်ကာ တဖတ်သို့ပစ်ပေါက်လိုက်၏။ပြီးသည့်အခါ ဒူးပေါ်လက်တင်၍ထိုလက်ပေါ်ခေါင်းမှောက်တင်ကာငိုနေမိသည်။

" ဒါမင်းရဲ့ကုတ်အကျီလား ?"

ကြားလိုက်ရသည့်အသံကောင်လေးကခေါင်းလေးမော့လာကာသူ၏အရှေ့မှမက်တပ်ရပ်နေသူကိုသေချာစိုတ်ကြည့်လာသည်။နေရောင်ထိုးနေသည့်အတွက်လက်လေးနှင့်ကွယ်ကာကြည့်လိုက်သည့်အခါမှာတော့...

" မင်း ... "

" ခင်များ ... "

ခေါင်းမော့ကြည့်လာသည့်ကောင်လေးကိုမြင်လိုက်ရသည့်လူသားဆီမှအာမေဍိတ်အသံထွက်လာသလို ကောင်လေးဆီမှလည်းအာမေဍိတ်လေးထွက်လာခဲ့၏။ကောင်ငယ်လေးမှန်းမသိပါပဲအကျီပးအားကောက်ကာလာပေးသည့်လူသားကချက်ချင်းဆိုလိုမျက်နှာထားကပြောင်းလဲသွား၏။

" ရော့ ... "

" နေပါအုံး !"

အကျီပစ်ပေးကာလှည့်ထွက်သွားသည့်လူကြီးကြောင့်ကောင်လေးကထိုင်နေရာမှအမြန်ထလာခဲ့ပြီးတား၏။သို့ပေမဲ့ ကျောပေးကာလှည့်ထွက်သွားသည့်လူသားကတော့လှည့်မကြည့်ပါပဲခြေလှမ်းကြဲတို့ဖြင့်သွားနေပြီဖြစ်သည်။လျှင်မြန်လွန်းသည့်ခြေလှမ်းတို့ကကောင်လေးလိုက်မမှီအောင်ကိုလျှင်လျှင်မြန်လွန်းနေ၏။

ဒီလူကကစွန့်ပစ်ခြင်းနဲ့ပဲထိုက်တန်နေခဲ့တာလား ... ။

~•~

♥ BLACK LOTUS ♥

@leeyunar (July 10,2021)
#Noona

Note :: ဒါလေးကိုအမြန်ပြီးချင်တာ။ပျင်းနေကြမှာစိုးလို့ :'( အရေးအသားကအဆင်မပြေစေရင် မီယားနဲပါရှင် :'(

Continue Reading

You'll Also Like

8.6K 302 6
แ€•แ€ฑแ€ซแ€ทแ€•แ€ฑแ€ซแ€ทแ€•แ€ซแ€ธแ€•แ€ซแ€ธ แ€œแ€ฑแ€ธแ€•แ€ฒ แ€›แ€ฑแ€ธแ€™แ€พแ€ฌแ€•แ€ซแ€”แ€ฑแ€ฌแ€บ sweetแ€แ€ฝแ€ฑแ€•แ€ฒแ€›แ€ฑแ€ธแ€™แ€พแ€ฌแ€•แ€ซแ€›แ€พแ€„แ€บแ€ท taekook๐Ÿฏ๐Ÿฐ
49.3K 2.6K 24
แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€•แ€‘แ€™ แ€แ€…แ€บแ€แ€ซแ€†แ€ฏแ€ถแ€ธแ€›แ€พแ€ฏแ€ถแ€ธแ€•แ€ผแ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎ แ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€แ€ซแ€แ€ฑแ€ฌแ€ท แ€‘แ€•แ€บแ€•แ€ผแ€ฎแ€ธ แ€กแ€†แ€ฏแ€ถแ€ธแ€›แ€พแ€ฏแ€ถแ€ธแ€™แ€แ€ถแ€”แ€ญแ€ฏแ€„แ€บแ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธ #Jungkook แ€กแ€„แ€บแ€ธแ€„แ€ซแ€€ แ€™แ€ฑแ€ฌแ€„...
19K 553 47
let's begin the story of Prophet yusuf (peace be upon him) and his eleven brothers Rank in spritual #88. 26/04/2018 #73. 2/05/2018 #70. 28...