By Fair Means or Foul || Comp...

dora_jaynyi

132K 12.3K 464

[ B J Y X ] The eternal triangle of WangYiBo, Xiao Zhan & Leo This is my very 1st work.I give the full credi... Еще

|| 1 || Unicode
|| 1 || Zawgyi
|| 2 || Zawgyi
|| 3 || Unicode
|| 3 || Zawgyi
|| 4 || Unicode
|| 4 || Zawgyi
|| 5 || Unicode
|| 5 || Zawgyi
|| 6 || Unicode
|| 6 || Zawgyi
|| 7 || Unicode
|| 7 || Zawgyi
|| 8 || Unicode
|| 8 || Zawgyi
|| 9 || Unicode
|| 9 || Zawgyi
Gimme a second!
|| 10 || Unicode
|| 10 || Zawgyi
|| 11 || Unicode
|| 11 || Zawgyi
|| 12 || Unicode
|| 12 || Zawgyi
|| 13 || Unicode
|| 13 || Zawgyi
|| 14 || Unicode
|| 14 || Zawgyi
|| 15 || Unicode
|| 15 || Zawgyi
|| 16 || Unicode
|| 16 || Zawgyi
|| 17 || Unicode
|| 17 || Zawgyi
|| 18 || Unicode
|| 18 || Zawgyi
|| 19 || Unicode
|| 19 || Zawgyi
|| 20 || Unicode
|| 20 || Zawgyi
|| 21 || Unicode
|| 21 || Zawgyi
|| 22 || Unicode
|| 22 || Zawgyi
|| 23 || Unicode
|| 23 || Zawgyi
|| 24 || Unicode
|| 24 || Zawgyi
|| 25 || Unicode
|| 25 || Zawgyi
|| 26 || Unicode
|| 26 || Zawgyi
|| 27 || Unicode
|| 27 || Zawgyi
|| 28 || Unicode
|| 28 || Zawgyi
|| 29 || Unicode
|| 29 || Zawgyi
|| The End || Unicode
|| The End || Zawgyi
Farewell Letter
|| Extra || Unicode
|| Extra || Zawgyi

|| 2 || Unicode

4K 466 7
dora_jaynyi

" လီယို အများကြီးထည့်စားနော် "

"ဟုတ် ရှောင်မား
ကောက မစားဘူးလား"

"မင်းကောက စားပြီးပြီလေ "

"စားလို့ကောင်းရဲ့လား လီယိုလေးခင်ဗျ"

ကော်ဖီနှစ်ခွက်ကိုင်ကာထွက်လာသော ရှောင်းကျန့်က ခပ်မြူးမြူးလှမ်းပြောသည်။

"ကောင်းတာပေါ့ ကောရဲ့
ရှောင်မားလက်ရာက အကောင်းဆုံး"

"ဒါဆို ကောရဲ့ ကော်ဖီလက်ရာလေးကိုလည်း
မြည်းကြည့်လိုက်ပါဦးခင်ဗျာ"

ရှောင်းကျန့်လှမ်းပေးသော ကော်ဖီခွက်က လီယိုဆီမရောက်ခင်မှာပဲ ကြားထဲက ဖြတ်လုသွားခြင်းခံရသည်။

"....."

" ရိပေါ် "

ရိပေါ်က ရှောင်းကျန့်ကို ဂရုမစိုက်ဘဲ ခွက်ထဲက ကော်ဖီကိုသာ အကုန်မော့သောက်ချလိုက်သည်။

" ရိပေါ် အဲ့တာ အပူကြီးလေ"

"ပူတော့ ဘာဖြစ်လဲ"

"နေပေါ့ အာ့ဆိုလည်း"

ရှောင်းကျန့်က ရိပေါ်ကို မျက်စောင်းတစ်ချက်ထိုးသည်။

"လီယို ကောထပ်ဖျော်ပေးမယ်နော် ခဏနေဦး"

"ဟုတ် ကော "

ရှောင်းကျန့်က မီးဖိုခန်းအတွင်းသို့ ပြန်ဝင်သွားသည်။

"သူများအိမ်လာပြီး စားသောက်နေတယ်
မင်းအိမ်က မကျွေးလို့လား ဟမ်"

"မင်းတောင် အငတ်လွန်ပြီး ကော်ဖီပူပူကြီးကို
အတင်းမျိုလိုက်တာလေ"

"ဘာပဲဖြစ်ဖြစ် မင်းထက်အရင် ကောဖျော်ပေးတာကို သောက်လိုက်ရတယ်လေ "

ပြောရင်းဆိုရင်း ရိပေါ်က ဖက်ထုပ်တစ်ခု ကောက်စားသည်။
ရှောင်းကျန့်က ကော်ဖီခွက်ကိုင်ကာပြန်ထွက်လာသည်။

"ရော့ လီယို ​ဖြည်းဖြည်း မှုတ်သောက်နော်"

"ဟုတ်"

ရှောင်းကျန့်က ကော်ဖီခွက်ကို လီယိုကိုလှမ်းမပေးတော့ပဲ ဘေးမှာ သွားချပေးသည်။
ရိပေါ်ကတော့ ဖက်ထုပ်တစ်ခုပြီးတစ်ခုကောက်စားနေသည်။

"ဖြည်းဖြည်းစားလေ ရိပေါ်
နောက်က ကျားလိုက်သလို စား​နေတယ်"

ရှောင်းကျန့်ပြောနေတုန်းရှိသေး ရိပေါ်စားရင်းနင်သွားသည်။ ရှောင်းကျန့်က ရေဘူးထယူ​ပေးနေတုန်း ရှောင်းကျန့်ကော်ဖီခွက်ကို ရိပေါ်က ယူသောက်လိုက်သည်။
မသောက်ခင် ခွက်ကို ဟိုလှည့်ဒီလှည့်လုပ်နေသေးသည်။ လီယိုက သူ့ကိုလှမ်းကြည့်ရင်း

"ဘာလုပ်နေတာလဲ သောက်မှာမသောက်ဘဲ
နင်နေတာမဟုတ်ဘူးလား"

"အဟမ်း..... သောက်မှာပါ ရှောင်းကျန့်နှုတ်ခမ်းနဲ့ထိထားတဲ့နားက သောက်မိမှာစိုးလို့
ရှောင်နေတာ"

"....."

စားသောက်ပြီး ခဏကြာတော့ လီယိုကပြန်ရန်​ပြင် သည်။ ရှောင်းကျန့်က လီယိုကို ခြံဝထိလိုက်ပို့သည်။ ရိပေါ် မယောင်မလည်နဲ့ မလှမ်းမကမ်းကနေ လိုက်ကြည့်တော့ နှစ်ယောက်သား ခြံဝမှာ စကားရပ်ပြောနေသေးသည်။

"ဟွန်း ဘာတွေများ အဲ့လောက်ပြောစရာရှိနေတာလဲ"

ရိပေါ် လည်း အိမ်ပြန်သလိုလိုနဲ့ ခြံဝနားထိလိုက်လာသည်။

"အွန်း အာ့ဆို နက်ဖြန်ဆုံမယ်နော်
ဘိုင့်ဘိုင်"

"ဘိုင့်ဘိုင် ကော"

လီယိုထွက်သွားပြီး ရှောင်းကျန့်ပြန်ဝင်ရန်လှည့်လိုက်တော့ နောက်မှာ ရပ်နေတဲ့ရိပေါ်ကိုတိုက်မိသွားသည်။

"ဘာတွေပြောနေကြတာလဲ ရှောင်းကျန့်"

"ဘာပြောပြောပေါ့ မင်းအပူပါလား"

ရှောင်းကျန့်က ဘောက်ဆတ်ဘောက်ဆတ်နဲ့ အိမ်ထဲ ပြန်ဝင်သွားသည်။
ရိပေါ်လည်း အိမ်ဘက်ပြန်ကူးလာရင်း နက်ဖြန်မနက်စောစောထပြီး ရှောင်းကျန့်ကို
စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

————————

"မာမား ဒီမှာ လီယိုက ကျန့်ကျန့်နဲ့သူ့ပုံလေးဆွဲပေးလိုက်တယ်"

"မာမား ကျန့်ကျန့်သိမ်းထားတဲ့စာရွက်လေးကော"

"ရိပေါ်  ကျန့်ကျန့်အခန်းထဲက စာရွက်ယူပြီး ပြေးသွားတယ်ဆို ပြန်ပေး"

"မာမား ဒီမှာ ရိပေါ်ရယ် ကျန့်ကျန့်နဲ့လီယိုတို့နှစ်​ယောက်ပုံလေးကို ဖြဲပြီး ရေထဲနှစ်ပစ်လိုက်ပြီ မာမား........"

————————

Продолжить чтение

Вам также понравится

3.7K 239 8
""ကော ကျနော်ကောကိုချစ်တယ်"" ""ငါမင်းကိုမချစ်ဘူး...ဝမ်ရိပေါ်""
654K 33.1K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
15.6K 1.3K 5
𝑩𝑱𝒀𝑿 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏~♡︎ 𝒱𝒶𝓁ℯ𝓃𝓉𝒾𝓃ℯ 𝒹𝒶𝓎 𝓅𝓇ℯ𝓈ℯ𝓃𝓉 𝒷𝓎 ℳℴ𝓂ℯ𝓁ℴ𝓃_𝒴𝒾 Publish Date_14.2.2022
180K 18.5K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...