By Fair Means or Foul || Comp...

By dora_jaynyi

132K 12.3K 464

[ B J Y X ] The eternal triangle of WangYiBo, Xiao Zhan & Leo This is my very 1st work.I give the full credi... More

|| 1 || Unicode
|| 2 || Unicode
|| 2 || Zawgyi
|| 3 || Unicode
|| 3 || Zawgyi
|| 4 || Unicode
|| 4 || Zawgyi
|| 5 || Unicode
|| 5 || Zawgyi
|| 6 || Unicode
|| 6 || Zawgyi
|| 7 || Unicode
|| 7 || Zawgyi
|| 8 || Unicode
|| 8 || Zawgyi
|| 9 || Unicode
|| 9 || Zawgyi
Gimme a second!
|| 10 || Unicode
|| 10 || Zawgyi
|| 11 || Unicode
|| 11 || Zawgyi
|| 12 || Unicode
|| 12 || Zawgyi
|| 13 || Unicode
|| 13 || Zawgyi
|| 14 || Unicode
|| 14 || Zawgyi
|| 15 || Unicode
|| 15 || Zawgyi
|| 16 || Unicode
|| 16 || Zawgyi
|| 17 || Unicode
|| 17 || Zawgyi
|| 18 || Unicode
|| 18 || Zawgyi
|| 19 || Unicode
|| 19 || Zawgyi
|| 20 || Unicode
|| 20 || Zawgyi
|| 21 || Unicode
|| 21 || Zawgyi
|| 22 || Unicode
|| 22 || Zawgyi
|| 23 || Unicode
|| 23 || Zawgyi
|| 24 || Unicode
|| 24 || Zawgyi
|| 25 || Unicode
|| 25 || Zawgyi
|| 26 || Unicode
|| 26 || Zawgyi
|| 27 || Unicode
|| 27 || Zawgyi
|| 28 || Unicode
|| 28 || Zawgyi
|| 29 || Unicode
|| 29 || Zawgyi
|| The End || Unicode
|| The End || Zawgyi
Farewell Letter
|| Extra || Unicode
|| Extra || Zawgyi

|| 1 || Zawgyi

3.3K 119 0
By dora_jaynyi

"ရိပေါ်နဲ့မပေါင်းချင်ဘူး ရိပေါ်ကအနိုင်ကျင့်တယ် ပါးနှစ်ဖက်ကိုလည်းခဏခဏမွှေးမွှေးပေးတယ် မာမားတို့တောင်အဲ့လောက်မပေးဘူး"

" ဘာဖြစ်လဲ ပေးတော့
ပေးချင်လို့ပေးတာ မကြိုက်ဘူးလား
လက်ကို ကိုက်ဆွဲလိုက်ရမလား "

"ရိပေါ်က အနိုင်ကျင့်တယ် ကိုယ့်ထက်အကြီးကို"

"ကျင့်တော့ ဘာဖြစ်လဲ"

"ရိပေါ်က လီယိုလို မလိမ္မာဘူး
လီယိုဆို.... အား..........."

"မာမားရေ...... ရိပေါ် ကျန့်ကျန့်လက်ကို ကိုက်ပြေးသွားတယ်"

————————

" ကျန့်ကျန့် ဘောင်းဘီအနားတွေရေစိုနေပြန်ပြီလား သွား လဲထား "

ရိပေါ် အိပ်ရာနိုးလို့ ကုတင်ပေါ်ကတောင် မဆင်းရသေး ၊ ဘေးအိမ်က အသံကိုအရင်ကြားရသည်။
ရှောင်းကျန့်ဆိုတာလေ ဘာလို့များ ဘောင်းဘီခြေဖျားတွေ အမြဲရေစိုနေလဲမသိဘူး ။ ပန်းကန်လေးဆေးရတာပဲကို ၊
ကလေးလည်းမဟုတ်ပဲနဲ့ ။

ရိပေါ် မျက်နှာသစ်ပြီးတော့ မားက လမ်းထိပ်က mini marketမှာဈေးသွားဝယ်ခိုင်းသည်။
ပိုက်ဆံယူပြီး အိမ်အပြင်ကိုထွက်ထွက်ချင်းပဲ
အမှိုက်နှစ်ထုပ်ဆွဲပြီးထွက်လာတဲ့ ရှောင်းကျန့် နဲ့တွေ့သည်။
သူ့ကိုမြင်မြင်ချင်း ရှောင်းကျန့်က ဟွန့်ခနဲ
နှာခေါင်းတစ်ချက်ရှုံ့ပြီး မမြင်ချင်ယောင်ဆောင်ကာ ဆက်သွားသည်။

"ရှောင်းကျန့်"

"ရှောင်းကျန့်"

"ရှောင်းကျန့် ပြန်မထူးရင် ရှောင်မာမားကို မင်း ကျောင်းမှာ ရေခဲမုန့်တွေနေ့တိုင်းဝယ်စားတဲ့အကြောင်းသွားတိုင်မှာနော်"

ရှောင်းကျန့်ခြေလှမ်းတွေရပ်သွားတော့ ရိပေါ်
ပြုံးလိုက်သည်။

"ဘာလဲ"

"မင်း လမ်းထိပ်ကိုအမှိုက်သွားပစ်မှာမလား
အတော်ပဲ အပြန်ကျ tissue အထုပ်ကြီးနဲ့ ငရုတ်အနှစ်တစ်ဘူးလောက် ဝယ်ခဲ့ပေး
ရော့ ပိုက်ဆံ "

"မင်းဘာသာ သွားလေ
ဝမ်မားက မင်းကိုခိုင်းတာပဲ"

"ပျင်းတယ် ဝယ်ဆို ဝယ်ခဲ့ကွာ
စကားများတယ်"

"မင်း...... ဝမ်ရိပေါ်
ငါမင်းထက် နှစ်နှစ်ကြီးတာနော်
စကားကို ယဉ်ယဉ်ကျေးကျေးပြောလို့မရဘူးလား "

ရိပေါ် က ဘာမှပြန်မပြောပဲ ရှောင်းကျန့်အိတ်ကပ်ထဲကို ပိုက်ဆံထည့်လိုက်ပြီး အိမ်ထဲ
ပြန်ဝင်သွားသည်။

ရှောင်းကျန့် ဟင်းခနဲ သက်ပြင်းချလိုက်မိသည် ။ ရိပေါ်က ဆိုးလွန်းသည်။
ရှောင်းကျန့် အပေါ်ဆို အနိုင်ယူလွန်းသည်။

အမှိုက်ပစ်ပြီး ရိပေါ်မှာတာကို ဝင်ဝယ်ကာ ပြန်ထွက်လာတော့ ဆိုင်ရှေ့မှာ စက်ဘီးတစ်စီးနဲ့ရပ်နေတဲ့ကောင်လေးကိုတွေ့သည်။

"ကော"

"လီယို"

"ကော ဝင်သွားတာတွေ့လို့ လိုက်လာတာ
လာ ကောကို ပြန်လိုက်ပို့ပေးမယ်"

"အယ် လီယိုကအားလို့လား"

"အားပါတယ် ကောရဲ့
ဒီနားနဲ့ဒီနားပဲဟာကို "

"အွန်း အာ့ဆို ပင်ပန်းလိုက်ပါဦးနော်"

ရှောင်းကျန့်က ရယ်ရယ်မောမောနဲ့ပြောရင်း စက်ဘီးပေါ် ခုန်တက်လိုက်သည်။
ရှောင်းကျန့်တို့အိမ်နဲ့လီယိုတို့အိမ်က တစ်လမ်းထဲဖြစ်သည်။
လီယိုတို့အိမ်က လမ်းထိပ်နားမှာဖြစ်ပြီး ရှောင်းကျန့်တို့က အတွင်းဘက်မှာဖြစ်သည်။

ရိပေါ်တို့အိမ်ရှေ့ရောက်တော့ ဆင်းလိုက်ပြီး
ဝမ်မားကို ဝယ်လာတဲ့ပစ္စည်းတွေဝင်ပေးလိုက်သည်။ ဝမ်မားက ရှောင်းကျန့်ကိုခိုင်းရမလားဆိုပြီး အိမ်အပေါ်ထပ်က ရိပေါ်ကို ပွစိပွစိ
ပြောနေသည်။

ရှောင်းကျန့် ပြန်ထွက်လာတော့ လီယိုက ခြံဝကစောင့်နေသည်။

"လီယို မနက်စာ ဘာစားလာပြီလဲ"

"ဘာမှမစားရသေးဘူး ကောရဲ့
ကောကိုတွေ့လို့ အတင်းပြေးလိုက်လာတာ"

"အာ့ဆို အတော်ပဲ ဒီနေ့ မားက ခေါက်ဆွဲနဲ့ဖက်ထုပ်လုပ်ထားတယ် တစ်ခါတည်း စားသွား"

"စားရမှာပေါ့ ရှောင်မာမားလက်ရာမစားရတာကြာပြီ"

"သွားမယ် လာ စက်ဘီးတွန်းခဲ့လိုက်"

စကားတပြောပြောနှင့် အိမ်ထဲဝင်သွားသော နှစ်ယောက်ကို ဝရံတာကနေ လှမ်းမြင်နေရသည်။

"ဟွန်း တွေ့မယ်"

အိမ်ပေါ်ကနေ ရေးကြီးသုတ်ပြာနဲ့ ဆင်းလာပြီး ပြေးထွက်သွားသော ရိပေါ်ကို ဝမ်မားက လှမ်းအော်သည်။

"သြော် ဟဲ့ ခုမှထမင်းစားပြီးတာကို ပြေးလွှားနေတယ် ဗိုက်နာတော့မှာပဲ ဒီကလေးနှယ်"

————————

Continue Reading

You'll Also Like

2.4K 111 8
အသက်ထက်ဝက်ကျော်ကွာတဲ့ ရှောင်းကျန့်နဲ့ ရိပေါ်တို့ရဲ့ ချစ်စရာ married life လေး အသက်ထက်ဝက်ကျော်ကွာတဲ့ ရှောင်းကျန့်နဲ့ ရိပေါ်တို့ရဲ့ ချစ်စရာ married life...
41.6K 2.2K 31
ចន ជុងហ្គុក គីមថេយ៉ុង
223K 4.7K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1.1M 38.3K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...