မုန္း၍ခ်စ္ခဲ့သည္ ( မုန်း၍ချစ်...

By Tokebloom

16.5K 1.1K 131

OFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021 More

အပိုင္း(၁)
အပိုင္း (၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
The end

အပိုင္း(၂၂)

642 43 6
By Tokebloom

"ငယ္ေလး ဘယ္လိုလဲ"

Tayသည္ စိတ္ပူေနဟန္ျဖင့္ အခ်ိန္မဆိုင္းပဲ Phထပ္ဆက္လာသည္။

"အင္း... ငယ္လား ခု အိပ္ေနတယ္"

ခရီးပန္းလာတဲ့ေကာင္ငယ္ေလးကေတာ့ ျဖဴလြလြမွိဳ႕ယာထက္မွာ အိပ္ေမာက်ေနခဲ့တယ္။

"ဟ...ေခြးေကာင္၊ ငါ့ညီကို ဘာလုပ္လိုက္တာတုန္း"

ကၽြန္ေတာ္အေျဖက တစ္ဖက္သားကို စိတ္ပူသြားေစမွန္းမသိလိုက္ဘူး။ Tay၏အသံက ကဆုန္ေပါက္ကာ ထြက္ေပၚလာ၏။

"A'Tay မင္းလိုမ်ား ထင္ေနလား။ ငယ္က စားေသာက္ၿပီးေတာ့ နည္းနည္းနားခ်င္တယ္ ေျပာလို႔ ခနသိပ္ထားတယ္။ ညေနက်မွ ငါတို႔ ဇင္ေယာ္ေတြသြားၾကည့္မွာကြ"

စိတ္ေပါက္ေပါက္ျဖင့္ Offသည္ တဖက္ကသူကို လႊတ္ေအာ္ခ်င္ေသာ္လည္း အိပ္စက္ေနသည့္ငယ့္ကို မႏိုးေစခ်င္။ ထို႔ေၾကာင့္ ေလသံကိုသာနိမ့္ရင္း ေျပာလိုက္ရသည္။

"ၾသ...အဟြန္း!!! ေအး!!!"

Tayသည္ ႏွာေခါင္းကို ပြတ္ကာ အသံထြက္ ရယ္လိုက္မိတယ္။ သူေမ့သြားတာပဲ။ Offက သူ႔လိုမ်ိဳး အသားစားက်ားမွ မဟုတ္ပဲ။ Offက က်ားေတာ့က်ားပဲ ဥပုတ္ေစာင့္က်ား။ ငယ္ေလး ဝင္တိုးကတည္းကေတာင္ အသားယူတာမ်ိဳးမွ မရွိခဲ့ပဲ။ သူ႔သူငယ္ခ်င္းေလးက လူလိမၼာေလး။

" ငါ ငယ့္ကို အေၾကာင္းစံု ရွင္းျပလိုက္မယ္"

Off၏ေလသံသည္ ေသခ်ာစိတ္ဆံုးျဖတ္ၿပီးဟန္ ေပၚသည္။

"ေကာင္းပါတယ္...ငယ္ေလးက သိသင့္သေလာက္ သိၿပီးၿပီဆိုေပမယ့္လည္း မင္းကိုယ္တိုင္ဝန္ခံတာနဲ႔ေတာ့ မတူဘူးေပါ့ကြ"

တခ်ိဳ႔တေလကို ေစာစီးစြာ ရိပ္မိသြားသည့္ေနာက္ ငယ္ေလးက အိမ္ကေန ထြက္ေျပးသြားတဲ့ အခိုက္အတန္႔ေတာင္ ရွိခဲ့ေသးတာပဲ။

"ငါလည္း ေတြးထားပါတယ္"

"အင္း... ငါစိတ္ခ်မယ္။ မင္း ျပင္ဆင္ထားတဲ့ အတိုင္း ေအာင္ေအာင္ျမင္ျမင္နဲ႔ ငယ္ေလး သေဘာက်လက္ခံတာကို ရရွိပါေစကြာ။ ငါက ငယ္ေလးကို မင္းနဲ႔ပဲ စိတ္ခ်တယ္ ေယာက္ဖရ"

Tay၏ေျပာစကားေၾကာင့္ Offရင္ထဲကေန သူငယ္ခ်င္းျဖစ္သူကို အႀကိမ္ႀကိမ္ ေက်းဇူးတင္မိသည္။

"ေက်းဇူးတင္ပါတယ္ Tay"

"ဘာကိုလဲ။ ငါ့ရဲ႕ခ်စ္စရာေကာင္းတဲ့ တစ္ဦးတည္းေသာ ညီေလးကို မင္းကိုေပးလိုက္လို႔လား"

ရႊတ္ေနာက္ေနာက္ဆိုဟန္က Offကို ပို၍စိတ္သက္သာရာ ရေစတယ္။ Tayက တကယ္ကို သူငယ္ခ်င္းေကာင္းပဲ။

"အဲ့ဒါက အဲ့ဒါေပါ့။ ငါက မင္းမင္းတု႔ိညီအကိုေပၚကို အမွားေတြမ်ားခဲ့တယ္ မလား။ အထူးသျဖင့္ ငယ့္အေပၚကို။ မင္းသာ ငါ့ကို ဘာမဆို စီမံလိုက္လို႔ရတဲ့ အေျခအေနမွာ ခြင့္လႊတ္ေပးလို႔ ေက်းဇူးတင္ပါတယ္ A'Tay"

"ငါ့ကို ေက်းဇူးတင္ရင္ ငယ္ေလးကိုသာ ဂ႐ုစိုက္"

"ဟုတ္ပါၿပီကြာ"

"ဒါပဲ Off"

"အင္း"

တီကနဲက်သြားသည့္ phကိုၾကည့္ရင္း Offသည္ စိတ္လက္ေပါ့ပါးသြားသလို ခံစားရသည္။ မ်က္ႏွာက်က္မွ ၾကမ္းျပင္အထိ ရွည္လ်ားသည့္ ျပတင္းေပါက္က်န ငယ့္ကိုယ္ငယ္ေလးေပၚ အလင္းျဖာက်ေနတယ္။ တကယ္ကို အိပ္စက္ျခင္း နတ္ဘုရားပါပဲ။ ငယ္ဟာ ကၽြန္ေတာ္အတြက္ တကယ္ကို အဖိုးတန္ေလး။ ေစာေစာစီးစီး သိလိုက္ရလို႔ ကမ႓ာေျမကို ေစာင့္ၾကပ္တဲ့ နတ္မင္းႀကီးေတြကိုေတာင္ မဆီမဆိုင္ ေက်းဇူးတင္မိတယ္။ ကၽြန္ေနာ္ကို လမ္းမေခ်ာ္သြားေအာင္ ငယ့္ဆီကိုသာ တည့္တည့္ပစ္ေပးတဲ့ က်ဴးပစ္ကိုလည္း ေက်းဇူးတင္ရမယ္။ ငယ္ဟာ ကၽြန္ေတာ္ရဲ႕ တစ္ဦးတည္းေသာေလး။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ညေနခင္းဟာ သိပ္လွတယ္။ ျပာလြင္လြင္ေရျပင္နဲ႔ ထိစပ္ေနတဲ့ မိုးကုတ္စက္ဝိုင္းႀကီးေနာက္ခံလို႔ သက္တန့္တစ္စင္း ေရဆင္းေသာက္ေနေလရဲ့။ ဟုိမွဒီမွ ပ်ံသန္းလို႔ အုပ္စုလိုက္ အစာရွာထြက္ေနၾက၏။ေလအေဝွ႕မွာ ဆားနံ့သင္းသင္းပါေသာ ေလေအးေအးတို႔က ဆံဖ်ားတို႔ကို တိုက္ခတ္က်ီဆယ္သြားသည့္ေနာက္ Gunသည္ မ်က္ေတာင္ဖ်ားတို႔ကို ဝပ္ဆင္းခ်ကာ လတ္ဆတ္သည့္ေလရနံ့ကို ရွဴရွိဳက္လိုက္တယ္။ ပတ္ဝန္းက်င္ရဲ႕ တိတ္ဆိတ္ၿငိမ္သက္ေနမွဳ၊ တိုးေဝွ႕လာေသာေလသံသဲ့သဲ့နဲ႔ တစ္ခါတရံ လွိဳင္းပုတ္သံေတြေၾကာင့္ စိတ္လက္ေပါ့ပါးလို႔ လာရၿပီ။

"တကယ္ကို ေကာင္းတဲ့ ခံစားမႈပဲ"

တသီးတသန္႔ဆန္တဲ့ ပတ္ဝန္းက်င္ကို ခံစားသက္ဝင္ေနသည့္ Gun။ လြန္ခဲ့တဲ့ တစ္နာရီေလာက္က ဖြင့္ဟဝန္ခံခဲ့သည့္ အကိုOff ၏ Gunအေပၚ ေသြးေအးမွဳမ်ားသည္ အကိုNew၏ဖခင္မွ စတင္ကာ ကိုကိုနဲ႔အကိုOffတို႔၏ ဖခင္တို႔က ေပးဆပ္ခဲ့ရျခင္း အေၾကာင္းတရားမ်ားကို စံုလင္စြာ ရွင္းျပခဲ့တယ္။ လူေတြဟာ လိုခ်င္တာရဖို႔ အနီးကပ္ဆံုး သူငယ္ခ်င္းရင္းကိုေတာင္ ဒုကၡေပးရက္ၾကတာကို ဘယ္လိုအမည္နာမ တပ္ရပါ့မလဲ။ လုပ္ရက္တယ္လို႔ပဲ ေျပာရမလား။ ၾကားထဲက ေျမစာပင္ေတြကေတာ့ အကိုNewနဲ႔ Gunျဖစ္ခဲ့ကာ အခုေတာ့ ကိုကိုေရာ အကိုNewေရာက ခ်စ္ခင္ေနၾကၿပီ။ Gunတို႔သာ.... သံေယာဇဥ္ အတိမ္အနက္၊ ခ်စ္ျခင္းေမတၱာ အထုတ္ အသိမ္း ဘယ္အရာမွ အတိအက် မသတ္မွတ္ရေသး။ ယခုမွ Gunတို႔ႏွစ္ေယာက္သည္ စလံုးေရစၾကမည့္ အခ်ိန္ျဖစ္၏။ နားလည္မွဳေတြ ျပန္ယူၾကရအံုးမည္ မလား။ အခ်ိန္တစ္ခုေရာက္ရင္ေတာ့ Gunတို႔ အဆင္ေျပပါလိမ့္မည္။ Gun အရင္ကထက္ ပိုေပ်ာ္ရႊင္ရလိမ့္မည္။ Gunကိုယ္တိုင္ အကိုOffကို ေမွ်ာ္လင့္မိပါသည္။

"ငယ္ ႀကိဳက္လား"

ငယ္ဟာ ေရျပင္က်ယ္ကို မ်က္ႏွာမူရင္း ကၽြန္ေတာ္ကို ေက်ာခိုင္းထားရာမွ လွည့္ျပံဳးျပသည္။

"အင္း"

အျပံဳးႏုႏုက တကယ္ကိုပါပဲ။ ကၽြန္ေတာ္ႏွစ္သက္ရာ ပါးၿခိဳင့္နက္နက္ေလး တစ္စံုလည္း ပါးႏွစ္ဖက္မွာ ျဖစ္ထြန္းေနခဲ့တယ္။

" ေနာင္အနာဂတ္မွာ...ကိုယ္တို႔ ပင္လယ္ရွိတဲ့ေနရာတိုင္းကို ခရီးထြက္မယ္ေလ။ မေကာင္းဘူးလား"

ကိုယ္ငယ္ေလးနားတိုးသြားရင္း ခါးသိမ္သိမ္ေလးကို ေပြ႕ဖက္လိုက္တယ္။ တကယ္ကို ႏူးႏူးညံ့ည့ံေလး။

"တျခားကိုသြားရင္ အကိုOffပိုက္ဆံေတြ ကုန္လိမ့္မယ္။ ဒီကိုပဲ လာက်တာေပါ့... ဟီး ဟီး"

Gunသည္ အကိုOffကို စိတ္လိုလက္ရ ျပံဳးျပေနခဲ့သည္။

"လူလည္ေလး။ ငယ့္ကိုကိုေတာ့ မ်က္ခံုးလွဳပ္ေနေလာက္ၿပီ။ ေမြးရတာက်ိဳးနပ္လိုက္တဲ့ ညီေလးဆိုၿပီး ငယ္ဆူခံရေတာ့မယ္"

ပါးေဖာင္ေလးေတြကို ဆြဲဖ်စ္ရင္း Offသည္ သေဘာက်စြာ ျပန္ေျပာျဖစ္ခဲ့တယ္။

"ကိုကိုက Gunကိုခ်စ္တယ္"

ႏွစ္သက္ဖြယ္ေကာင္းစြာ ႏႈတ္ထြက္စကားဆိုေလ၏။

"ငယ္...!!!!"

ကၽြန္ေတာ္ စိတ္ကို တည္ၿငိမ္ေအာင္ ထားလိုက္ရင္း ခ်စ္ရသူကို ေခၚလိုက္၏။

"အြန္"

ေငးေမာေနရာကို ၾကည့္ေနရင္းကပင္ ျမတ္ႏိုးရာေလးသည္ အသိမွတ္ျပဳ ထူးခဲ့ေလသည္။

"ကိုယ္...ခ်စ္တယ္....ငယ္။ ငယ့္ကို ကိ္ုယ္ခ်စ္တယ္"

တုန္ကနဲျဖစ္သြားတဲ့ကိုယ္ငယ္ေလးက ခနအတြင္း ၿငိမ္သက္သြားရာကေန တိုးသဲ့တဲ့ေလသံေလးက ထြက္ေပၚလာတယ္။

"Gun ဘယ္ေလာက္ ကံေကာင္းလိုက္သလဲ။ အကိုOffလည္း Gunကိုခ်စ္တယ္တဲ့"

ထိုသို႔ေျပာၿပီးေနာက္ တကယ္ကို ငိုေႂကြးခဲ့တာက ကၽြန္ေတာ္ရဲ႕ ခ်စ္ရသူတဲ့။

"မငိုပါနဲ႔ ငယ္။ ကိုယ္ေနာက္က်သြားလို႔လည္း ေတာင္းပန္ပါတယ္"

နာက်င္ရတယ္။ ခ်စ္ရသူ၏ ေပ်ာ္လို႔ျဖစ္ေစ။ ဝမ္းနည္းလို႔ျဖစ္ေစ။ ပုလဲခေနသည့္ ခပ္ရဲရဲမ်က္ႏွာေလးကို ျမင္ရတာကိုက ကၽြန္ေတာ္ႏွလံုးသားကို လက္ျဖင့္ဆုပ္ၫွစ္ထားသလိုကို ခံစားရတယ္။

"ဟင့္အင္း၊ Gun တကယ္ေပ်ာ္လို႔ပါ အကိုOffရ"

Gunသည္ ၾကည္ႏူးစြာျဖင့္ က်သည့္မ်က္ရည္ ျဖစ္ေျပာင္း အကိုOffကို ထုတ္ေဖာ္ေျပာမိ၏။ Gun တကယ္ကို အိပ္မက္ေယာင္တယ္ ထင္ေနတုန္းပဲ။

ဖ်ပ္ကနဲ ႏူးႏူးည့ံညံ့ေလး။ အခ်ိန္အားျဖင့္ (၁)မိနစ္သာ။ ႏူးည့ံေသာ Gun၏ႏွဳတ္ခမ္းထူထူေလးထက္ကို ပိရိေသသပ္သည့္ ႏွဳတ္ခမ္းတစ္စံုသည္ ဖိကပ္က်လာခဲ့ၿပီ။ မ်က္ႏွာခ်င္းဆိုင္ လွည့္ယူရင္း ရင္ခ်င္းအပ္ ေပြ႕ဖက္ကာ Gun၏ေမး႐ိုးတစ္ေလ်ာက္ သန္မာေသာ လက္တစ္ဖက္က လာေရာက္ထိန္းကိုင္ထားသည္က သတိႀကီးစြာ။ အနမ္း။ Gunတို႔ႏွစ္ေယာက္ရဲ႕ ပထမဆံုးအနမ္း။ ပတ္ဝန္းက်င္ဟာ တိတ္ဆိတ္သြားတယ္။ အရာအားလံုးဟာ ေရာင္စဥ္အလင္းေလးေတြ ျဖာထြက္လို႔။ အလင္းေရာင္ေကာင္းစြာ ရွိေနတာေတာင္ ေကာင္းကင္မွာ မီးပန္းေလးေတြ တဖြားဖြားကခုန္ေနသည့္အလား။ ဤအခ်ိန္ဟာ Gun၏ အမွတ္သညာထဲမွာ ေနာက္ဆံုးထြက္သက္၏ တစကၠန္႔အလို အခ်ိန္အထိ မွတ္မိေနမည့္ ၾကည္ႏူးဖြယ္ရာ အေတြ႕အၾကံဳတစ္ခုျဖစ္သည္။

"ကိုယ့္အူၾကဴးေလးက ခ်စ္စရာေလးကြာ။ ႏွာေခါင္းေတြေရာ ရဲကုန္ၿပီ။ ေဟာ မ်က္ရည္မက်ေတာ့နဲ႔ ႐ုတ္ႀကီးဆိုးလာမယ္ ငယ္"

ပူးကပ္ေနသည့္ ကိုယ္ေလးႏွစ္ခု ကြာသြားသည့္ေနာက္ အကိုOffသည္ ယုယုယယ ၾကင္နာစြာျဖင့္ Gun၏မ်က္ႏွာေပၚက ေပ်ာ္ရႊင္မွဳ အမွတ္အသားတခ်ိဳ႕ကို လက္ေခ်ာင္းေလးျဖင့္ ဖြဖြပြတ္သုတ္၏။

"Gun ေပ်ာ္လို႔ပါ"

Gunသည္ ထိုသို႔ ေျပာျဖစ္ခဲ့၏။ အကိုOffကလည္း ယံုၾကည္ပံုေပၚသည္။ ေခါင္းတို႔ကို ညိတ္ျပခဲ့၏။

"အခုခ်ိန္ကစၿပီး ငယ့္ကို အမ်ားႀကီး အမ်ားႀကီး ပိုခ်စ္သြားမယ္.... ေန႔ရက္တိုင္းကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းၿပီး အတူတူအိုမင္းသြားၾကမယ္... အသက္ရွင္ရတဲ့ ေနာက္ဆံုးတစကၠန္႔အခ်ိန္အထိ အတူတူရွိသြားၾကမယ္"

လက္သီးကိုဆုပ္ လက္သန္းေလးကိုထုတ္ကာ ေရွ႕တိုးေပးလာသည့္ အကိုOffကို Gunအ့ံၾသစြာ ၾကည့္မိ၏။ အကိုOffကိုလည္း ဆယ္ေက်ာ္သက္ေလးေတြသာ လုပ္တတ္သည့္ ကတိကဝတ္ျပဳမႈျပယုဂ္ကို ျပဳလုပ္လိမ့္မည္ဟု မထင္မွတ္ခဲ့။ သူ၏ခ်စ္ရသူက လူငယ္ေလးလိုပါပဲ။

"ကတိ"

အျပန္အလွန္ ကတိျပဳျဖစ္ခဲ့ၾကတယ္။ ရာသက္ပန္ ရြယ္စူးလို႔သာ ျပဳၾကေသာ စကား။ ေယာက်ာ္းကတိမို႔ တည္ပါတယ္။

"ကတိ"

ကတိစကားေတြ မေျပာျဖစ္ခဲ့ေပမယ့္ ဒါကေတာ့ ပထမဆံုးအႀကိမ္ ျဖစ္သလို ေနာက္ဆံုးအႀကိမ္လည္း ျဖစ္တယ္။ ဘယ္ေတာ့မွ ဒီကတိကဝတ္ကို မေဖာက္ျဖတ္ႏိုင္ဘူး။ အတူတူ အသက္ႀကီးသြားၾကမယ္။ ကိုယ့္ရဲ႕ပူေဆြးဝမ္းနည္းျခင္းေတြက ငယ္နဲ႔စသလို ကိုယ့္ရဲ႕ေပ်ာ္ရႊင္ဖြယ္ကလည္း ငယ္နဲ႔ပဲ အဆံုးသတ္မယ္။ ကိုယ့္ရဲ႕နိဗၺာန္ေလးဟာ ငယ္ပဲ။

________________________________________

BLOOM
10.7.2021( 5:03 ) pm

(AN: က်န္းမာေရး အထူးဂ႐ုစိုက္ၾကပါေနာ္။ အျပင္ထြက္တိုင္း maskတပ္ပါ။ ျပန္လာတိုင္း လက္ေဆးပါ။ ကိုယ္ခံအားေကာင္းေအာင္ ေစာေစာအိပ္ၾကပါ။ အဟာရျဖစ္ေအာင္ မ်ားမ်ားစားပါ။ ေရခဲေရ၊ အေအး ဒီကာလမွာ ေသာက္ျခင္းေရွာင္က်ဥ္ပါ။ ေရမ်ားမ်ားေသာက္ပါ။ ကာပ္ႀကီးေဘးမွ ကင္းေဝးေက်ာ္လႊားႏိုင္ပါေစ။ က်န္းမာၾကပါေစ။ အာဏာရွင္ကေတာ့ ျမန္ျမန္ေသပါေစ)





______________________________________







"ငယ်လေး ဘယ်လိုလဲ"

Tayသည် စိတ်ပူနေဟန်ဖြင့် အချိန်မဆိုင်းပဲ Phထပ်ဆက်လာသည်။

"အင်း... ငယ်လား ခု အိပ်နေတယ်"

ခရီးပန်းလာတဲ့ကောင်ငယ်လေးကတော့ ဖြူလွလွမှို့ယာထက်မှာ အိပ်မောကျနေခဲ့တယ်။

"ဟ...ခွေးကောင်၊ ငါ့ညီကို ဘာလုပ်လိုက်တာတုန်း"

ကျွန်တော်အဖြေက တစ်ဖက်သားကို စိတ်ပူသွားစေမှန်းမသိလိုက်ဘူး။ Tay၏အသံက ကဆုန်ပေါက်ကာ ထွက်ပေါ်လာ၏။

"A'Tay မင်းလိုများ ထင်နေလား။ ငယ်က စားသောက်ပြီးတော့ နည်းနည်းနားချင်တယ် ပြောလို့ ခနသိပ်ထားတယ်။ ညနေကျမှ ငါတို့ ဇင်ယော်တွေသွားကြည့်မှာကွ"

စိတ်ပေါက်ပေါက်ဖြင့် Offသည် တဖက်ကသူကို လွှတ်အော်ချင်သော်လည်း အိပ်စက်နေသည့်ငယ့်ကို မနိုးစေချင်။ ထို့ကြောင့် လေသံကိုသာနိမ့်ရင်း ပြောလိုက်ရသည်။

"သြ...အဟွန်း!!! အေး!!!"

Tayသည် နှာခေါင်းကို ပွတ်ကာ အသံထွက် ရယ်လိုက်မိတယ်။ သူမေ့သွားတာပဲ။ Offက သူ့လိုမျိုး အသားစားကျားမှ မဟုတ်ပဲ။ Offက ကျားတော့ကျားပဲ ဥပုတ်စောင့်ကျား။ ငယ်လေး ဝင်တိုးကတည်းကတောင် အသားယူတာမျိုးမှ မရှိခဲ့ပဲ။ သူ့သူငယ်ချင်းလေးက လူလိမ္မာလေး။

" ငါ ငယ့်ကို အကြောင်းစုံ ရှင်းပြလိုက်မယ်"

Off၏လေသံသည် သေချာစိတ်ဆုံးဖြတ်ပြီးဟန် ပေါ်သည်။

"ကောင်းပါတယ်...ငယ်လေးက သိသင့်သလောက် သိပြီးပြီဆိုပေမယ့်လည်း မင်းကိုယ်တိုင်ဝန်ခံတာနဲ့တော့ မတူဘူးပေါ့ကွ"

တချို့တလေကို စောစီးစွာ ရိပ်မိသွားသည့်နောက် ငယ်လေးက အိမ်ကနေ ထွက်ပြေးသွားတဲ့ အခိုက်အတန့်တောင် ရှိခဲ့သေးတာပဲ။

"ငါလည်း တွေးထားပါတယ်"

"အင်း... ငါစိတ်ချမယ်။ မင်း ပြင်ဆင်ထားတဲ့ အတိုင်း အောင်အောင်မြင်မြင်နဲ့ ငယ်လေး သဘောကျလက်ခံတာကို ရရှိပါစေကွာ။ ငါက ငယ်လေးကို မင်းနဲ့ပဲ စိတ်ချတယ် ယောက်ဖရ"

Tay၏ပြောစကားကြောင့် Offရင်ထဲကနေ သူငယ်ချင်းဖြစ်သူကို အကြိမ်ကြိမ် ကျေးဇူးတင်မိသည်။

"ကျေးဇူးတင်ပါတယ် Tay"

"ဘာကိုလဲ။ ငါ့ရဲ့ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော ညီလေးကို မင်းကိုပေးလိုက်လို့လား"

ရွှတ်နောက်နောက်ဆိုဟန်က Offကို ပို၍စိတ်သက်သာရာ ရစေတယ်။ Tayက တကယ်ကို သူငယ်ချင်းကောင်းပဲ။

"အဲ့ဒါက အဲ့ဒါပေါ့။ ငါက မင်းမင်းတု့ိညီအကိုပေါ်ကို အမှားတွေများခဲ့တယ် မလား။ အထူးသဖြင့် ငယ့်အပေါ်ကို။ မင်းသာ ငါ့ကို ဘာမဆို စီမံလိုက်လို့ရတဲ့ အခြေအနေမှာ ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ် A'Tay"

"ငါ့ကို ကျေးဇူးတင်ရင် ငယ်လေးကိုသာ ဂရုစိုက်"

"ဟုတ်ပါပြီကွာ"

"ဒါပဲ Off"

"အင်း"

တီကနဲကျသွားသည့် phကိုကြည့်ရင်း Offသည် စိတ်လက်ပေါ့ပါးသွားသလို ခံစားရသည်။ မျက်နှာကျက်မှ ကြမ်းပြင်အထိ ရှည်လျားသည့် ပြတင်းပေါက်ကျန ငယ့်ကိုယ်ငယ်လေးပေါ် အလင်းဖြာကျနေတယ်။ တကယ်ကို အိပ်စက်ခြင်း နတ်ဘုရားပါပဲ။ ငယ်ဟာ ကျွန်တော်အတွက် တကယ်ကို အဖိုးတန်လေး။ စောစောစီးစီး သိလိုက်ရလို့ ကမ်ဘာမြေကို စောင့်ကြပ်တဲ့ နတ်မင်းကြီးတွေကိုတောင် မဆီမဆိုင် ကျေးဇူးတင်မိတယ်။ ကျွန်နော်ကို လမ်းမချော်သွားအောင် ငယ့်ဆီကိုသာ တည့်တည့်ပစ်ပေးတဲ့ ကျူးပစ်ကိုလည်း ကျေးဇူးတင်ရမယ်။ ငယ်ဟာ ကျွန်တော်ရဲ့ တစ်ဦးတည်းသောလေး။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ညနေခင်းဟာ သိပ်လှတယ်။ ပြာလွင်လွင်ရေပြင်နဲ့ ထိစပ်နေတဲ့ မိုးကုတ်စက်ဝိုင်းကြီးနောက်ခံလို့ သက်တန့်တစ်စင်း ရေဆင်းသောက်နေလေရဲ့။ ဟိုမှဒီမှ ပျံသန်းလို့ အုပ်စုလိုက် အစာရှာထွက်နေကြ၏။လေအဝှေ့မှာ ဆားနံ့သင်းသင်းပါသော လေအေးအေးတို့က ဆံဖျားတို့ကို တိုက်ခတ်ကျီဆယ်သွားသည့်နောက် Gunသည် မျက်တောင်ဖျားတို့ကို ဝပ်ဆင်းချကာ လတ်ဆတ်သည့်လေရနံ့ကို ရှူရှိုက်လိုက်တယ်။ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်ငြိမ်သက်နေမှု၊ တိုးဝှေ့လာသောလေသံသဲ့သဲ့နဲ့ တစ်ခါတရံ လှိုင်းပုတ်သံတွေကြောင့် စိတ်လက်ပေါ့ပါးလို့ လာရပြီ။

"တကယ်ကို ကောင်းတဲ့ ခံစားမှုပဲ"

တသီးတသန့်ဆန်တဲ့ ပတ်ဝန်းကျင်ကို ခံစားသက်ဝင်နေသည့် Gun။ လွန်ခဲ့တဲ့ တစ်နာရီလောက်က ဖွင့်ဟဝန်ခံခဲ့သည့် အကိုOff ၏ Gunအပေါ် သွေးအေးမှုများသည် အကိုNew၏ဖခင်မှ စတင်ကာ ကိုကိုနဲ့အကိုOffတို့၏ ဖခင်တို့က ပေးဆပ်ခဲ့ရခြင်း အကြောင်းတရားများကို စုံလင်စွာ ရှင်းပြခဲ့တယ်။ လူတွေဟာ လိုချင်တာရဖို့ အနီးကပ်ဆုံး သူငယ်ချင်းရင်းကိုတောင် ဒုက္ခပေးရက်ကြတာကို ဘယ်လိုအမည်နာမ တပ်ရပါ့မလဲ။ လုပ်ရက်တယ်လို့ပဲ ပြောရမလား။ ကြားထဲက မြေစာပင်တွေကတော့ အကိုNewနဲ့ Gunဖြစ်ခဲ့ကာ အခုတော့ ကိုကိုရော အကိုNewရောက ချစ်ခင်နေကြပြီ။ Gunတို့သာ.... သံယောဇဉ် အတိမ်အနက်၊ ချစ်ခြင်းမေတ္တာ အထုတ် အသိမ်း ဘယ်အရာမှ အတိအကျ မသတ်မှတ်ရသေး။ ယခုမှ Gunတို့နှစ်ယောက်သည် စလုံးရေစကြမည့် အချိန်ဖြစ်၏။ နားလည်မှုတွေ ပြန်ယူကြရအုံးမည် မလား။ အချိန်တစ်ခုရောက်ရင်တော့ Gunတို့ အဆင်ပြေပါလိမ့်မည်။ Gun အရင်ကထက် ပိုပျော်ရွှင်ရလိမ့်မည်။ Gunကိုယ်တိုင် အကိုOffကို မျှော်လင့်မိပါသည်။

"ငယ် ကြိုက်လား"

ငယ်ဟာ ရေပြင်ကျယ်ကို မျက်နှာမူရင်း ကျွန်တော်ကို ကျောခိုင်းထားရာမှ လှည့်ပြုံးပြသည်။

"အင်း"

အပြုံးနုနုက တကယ်ကိုပါပဲ။ ကျွန်တော်နှစ်သက်ရာ ပါးခြိုင့်နက်နက်လေး တစ်စုံလည်း ပါးနှစ်ဖက်မှာ ဖြစ်ထွန်းနေခဲ့တယ်။

" နောင်အနာဂတ်မှာ...ကိုယ်တို့ ပင်လယ်ရှိတဲ့နေရာတိုင်းကို ခရီးထွက်မယ်လေ။ မကောင်းဘူးလား"

ကိုယ်ငယ်လေးနားတိုးသွားရင်း ခါးသိမ်သိမ်လေးကို ပွေ့ဖက်လိုက်တယ်။ တကယ်ကို နူးနူးညံ့ည့ံလေး။

"တခြားကိုသွားရင် အကိုOffပိုက်ဆံတွေ ကုန်လိမ့်မယ်။ ဒီကိုပဲ လာကျတာပေါ့... ဟီး ဟီး"

Gunသည် အကိုOffကို စိတ်လိုလက်ရ ပြုံးပြနေခဲ့သည်။

"လူလည်လေး။ ငယ့်ကိုကိုတော့ မျက်ခုံးလှုပ်နေလောက်ပြီ။ မွေးရတာကျိုးနပ်လိုက်တဲ့ ညီလေးဆိုပြီး ငယ်ဆူခံရတော့မယ်"

ပါးဖောင်လေးတွေကို ဆွဲဖျစ်ရင်း Offသည် သဘောကျစွာ ပြန်ပြောဖြစ်ခဲ့တယ်။

"ကိုကိုက Gunကိုချစ်တယ်"

နှစ်သက်ဖွယ်ကောင်းစွာ နှုတ်ထွက်စကားဆိုလေ၏။

"ငယ်...!!!!"

ကျွန်တော် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ရင်း ချစ်ရသူကို ခေါ်လိုက်၏။

"အွန်"

ငေးမောနေရာကို ကြည့်နေရင်းကပင် မြတ်နိုးရာလေးသည် အသိမှတ်ပြု ထူးခဲ့လေသည်။

"ကိုယ်...ချစ်တယ်....ငယ်။ ငယ့်ကို ကိ်ုယ်ချစ်တယ်"

တုန်ကနဲဖြစ်သွားတဲ့ကိုယ်ငယ်လေးက ခနအတွင်း ငြိမ်သက်သွားရာကနေ တိုးသဲ့တဲ့လေသံလေးက ထွက်ပေါ်လာတယ်။

"Gun ဘယ်လောက် ကံကောင်းလိုက်သလဲ။ အကိုOffလည်း Gunကိုချစ်တယ်တဲ့"

ထိုသို့ပြောပြီးနောက် တကယ်ကို ငိုကြွေးခဲ့တာက ကျွန်တော်ရဲ့ ချစ်ရသူတဲ့။

"မငိုပါနဲ့ ငယ်။ ကိုယ်နောက်ကျသွားလို့လည်း တောင်းပန်ပါတယ်"

နာကျင်ရတယ်။ ချစ်ရသူ၏ ပျော်လို့ဖြစ်စေ။ ဝမ်းနည်းလို့ဖြစ်စေ။ ပုလဲခနေသည့် ခပ်ရဲရဲမျက်နှာလေးကို မြင်ရတာကိုက ကျွန်တော်နှလုံးသားကို လက်ဖြင့်ဆုပ်ညှစ်ထားသလိုကို ခံစားရတယ်။

"ဟင့်အင်း၊ Gun တကယ်ပျော်လို့ပါ အကိုOffရ"

Gunသည် ကြည်နူးစွာဖြင့် ကျသည့်မျက်ရည် ဖြစ်ပြောင်း အကိုOffကို ထုတ်ဖော်ပြောမိ၏။ Gun တကယ်ကို အိပ်မက်ယောင်တယ် ထင်နေတုန်းပဲ။

ဖျပ်ကနဲ နူးနူးည့ံညံ့လေး။ အချိန်အားဖြင့် (၁)မိနစ်သာ။ နူးည့ံသော Gun၏နှုတ်ခမ်းထူထူလေးထက်ကို ပိရိသေသပ်သည့် နှုတ်ခမ်းတစ်စုံသည် ဖိကပ်ကျလာခဲ့ပြီ။ မျက်နှာချင်းဆိုင် လှည့်ယူရင်း ရင်ချင်းအပ် ပွေ့ဖက်ကာ Gun၏မေးရိုးတစ်လျောက် သန်မာသော လက်တစ်ဖက်က လာရောက်ထိန်းကိုင်ထားသည်က သတိကြီးစွာ။ အနမ်း။ Gunတို့နှစ်ယောက်ရဲ့ ပထမဆုံးအနမ်း။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားတယ်။ အရာအားလုံးဟာ ရောင်စဉ်အလင်းလေးတွေ ဖြာထွက်လို့။ အလင်းရောင်ကောင်းစွာ ရှိနေတာတောင် ကောင်းကင်မှာ မီးပန်းလေးတွေ တဖွားဖွားကခုန်နေသည့်အလား။ ဤအချိန်ဟာ Gun၏ အမှတ်သညာထဲမှာ နောက်ဆုံးထွက်သက်၏ တစက္ကန့်အလို အချိန်အထိ မှတ်မိနေမည့် ကြည်နူးဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်သည်။

"ကိုယ့်အူကြူးလေးက ချစ်စရာလေးကွာ။ နှာခေါင်းတွေရော ရဲကုန်ပြီ။ ဟော မျက်ရည်မကျတော့နဲ့ ရုတ်ကြီးဆိုးလာမယ် ငယ်"

ပူးကပ်နေသည့် ကိုယ်လေးနှစ်ခု ကွာသွားသည့်နောက် အကိုOffသည် ယုယုယယ ကြင်နာစွာဖြင့် Gun၏မျက်နှာပေါ်က ပျော်ရွှင်မှု အမှတ်အသားတချို့ကို လက်ချောင်းလေးဖြင့် ဖွဖွပွတ်သုတ်၏။

"Gun ပျော်လို့ပါ"

Gunသည် ထိုသို့ ပြောဖြစ်ခဲ့၏။ အကိုOffကလည်း ယုံကြည်ပုံပေါ်သည်။ ခေါင်းတို့ကို ညိတ်ပြခဲ့၏။

"အခုချိန်ကစပြီး ငယ့်ကို အများကြီး အများကြီး ပိုချစ်သွားမယ်.... နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး အတူတူအိုမင်းသွားကြမယ်... အသက်ရှင်ရတဲ့ နောက်ဆုံးတစက္ကန့်အချိန်အထိ အတူတူရှိသွားကြမယ်"

လက်သီးကိုဆုပ် လက်သန်းလေးကိုထုတ်ကာ ရှေ့တိုးပေးလာသည့် အကိုOffကို Gunအ့ံသြစွာ ကြည့်မိ၏။ အကိုOffကိုလည်း ဆယ်ကျော်သက်လေးတွေသာ လုပ်တတ်သည့် ကတိကဝတ်ပြုမှုပြယုဂ်ကို ပြုလုပ်လိမ့်မည်ဟု မထင်မှတ်ခဲ့။ သူ၏ချစ်ရသူက လူငယ်လေးလိုပါပဲ။

"ကတိ"

အပြန်အလှန် ကတိပြုဖြစ်ခဲ့ကြတယ်။ ရာသက်ပန် ရွယ်စူးလို့သာ ပြုကြသော စကား။ ယောကျာ်းကတိမို့ တည်ပါတယ်။

"ကတိ"

ကတိစကားတွေ မပြောဖြစ်ခဲ့ပေမယ့် ဒါကတော့ ပထမဆုံးအကြိမ် ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်တယ်။ ဘယ်တော့မှ ဒီကတိကဝတ်ကို မဖောက်ဖြတ်နိုင်ဘူး။ အတူတူ အသက်ကြီးသွားကြမယ်။ ကိုယ့်ရဲ့ပူဆွေးဝမ်းနည်းခြင်းတွေက ငယ်နဲ့စသလို ကိုယ့်ရဲ့ပျော်ရွှင်ဖွယ်ကလည်း ငယ်နဲ့ပဲ အဆုံးသတ်မယ်။ ကိုယ့်ရဲ့နိဗ္ဗာန်လေးဟာ ငယ်ပဲ။

________________________________________

BLOOM
10.7.2021( 5:03 ) pm 


(AN: ကျန်းမာရေး အထူးဂရုစိုက်ကြပါနော်။ အပြင်ထွက်တိုင်း maskတပ်ပါ။ ပြန်လာတိုင်း လက်ဆေးပါ။ ကိုယ်ခံအားကောင်းအောင် စောစောအိပ်ကြပါ။ အဟာရဖြစ်အောင် များများစားပါ။ ရေခဲရေ၊ အအေး ဒီကာလမှာ သောက်ခြင်းရှောင်ကျဉ်ပါ။ ရေများများသောက်ပါ။ ကာပ်ကြီးဘေးမှ ကင်းဝေးကျော်လွှားနိုင်ပါစေ။ ကျန်းမာကြပါစေ။ အာဏာရှင်ကတော့ မြန်မြန်သေပါစေ)

Continue Reading

You'll Also Like

10.2K 1.2K 20
Jaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြင်းဆိုခဲ့ပေမယ့် တဂယ့်လက်တွေ့မှာတော့ သူ့က...
468K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
954K 21.8K 49
In wich a one night stand turns out to be a lot more than that.
38.6K 1.9K 33
ကေလးဆိုးေလးေၾကာင္​့ အခ်စ္​ဆိုတာကို သိခြင္​့ရခဲ့တယ္​။ ကြၽန္​ေတာ္​့ဘဝရဲ႕ အခ်စ္​ဆံုးေလးဆိုလဲ မမွားဘူး။ baby ဘယ္​လိုပဲဆိုးပါေစ ကြၽန္​ေတာ္​့အတြက္​ေတာ့ bab...