အပိုင်း(၅)

632 55 10
                                    

ပင်လယ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေရနံ့ထဲ ဆားဓါတ်ရောထွေးနေတဲ့ ထူးထူးခြားခြားလေနံ့။ ခပ်ဝေးဝေး ကမ်းရိုးတစ်လျောက်က ပင်လယ်စာအကင်ဆိုင်က ရနံ့တွေပါ ရောထွေးနေလေရဲ့။

ရောင်စုံထီးကြီးတွေအောက်က ခုံတွေမှာ တချို့ကထိုင်ကာ အဖေါ်အပေါင်းနဲ့ တချို့က လဲလျောင်းကာ  တစ်ကိုယ်တည်း လောကရဲ့ လှပခြင်းကို ငေးမောနေကြသည်။

သံသောင်ပြင်ပေါ် ပြေးလွှားနေကြတဲ့ ကလေးတွေ၊ စွန်ရောင်စုံလေးတွေ လွှတ်တင်နေတဲ့ စုံတွဲတွေ၊ မိသားစုလိုက် အပန်းဖြေလာကြတဲ့သူတွေရော လူစုံတက်စုံ အရောင်အသွေး စုံလှသည်။

ပင်လယ်ရေလှိုင်းတွေကြား ဘောကွင်းစီးသူ၊ စပိဘုတ်စီးသူ၊ ရွက်လှေစီးကာ နီးစပ်ရာကျွန်းပေါ် သွားလည်ကြသူများလည်း ရှိကြသည်။

"Gun...Gun ငါတို့ ကျွန်းနားသွားမလို့ အဲ့ဒါ ရွက်လှေငှားစီးရအောင်ဟာ နော်"

ရွက်လှေတွေ အသီးသီးငှားစီးကြကာ အုပ်စုလိုက် ထွက်ခွာကြတဲ့ အတန်းဖေါ်များလည်း သူ့အစုနဲ့သူ သွားကြလေပြီ။

ဒီအနီးနားက ကျွန်းလေးများသည် ရှု့ထောင့်ကောင်းကောင်းကရိုက်လျှင် ပုံကောင်းထွက်သည့်နေရာများစွာရှိတာကြောင့် ကမ်းခြေကို မလာခင်ကတည်းက စုံစမ်းသိရှိခဲ့ရပြီး ဖြစ်သည်။

Gunတို့သာ ဟိုနားလေး ဓါတ်ပုံရိုက်လိုက်၊ ဒီနားလေးမှာ မုန့်ဝယ်စားလိုက်နဲ့ လုပ်နေကြတာ။ သွားလည်သူများက သွားကြလေပြီ။ 

"ငါတို့သုံးယောက်တည်းဆို ပျော်စရာမကောင်းဘူး၊ စီနီယာတို့ဆီ Phဆက်လိုက်မယ်၊ လိုက်ချင်လားလို့"

Tulipနဲ့အမြဲတတွဲတွဲလုပ်နေသူ Popဆိုသည့်ကောင်မလေးက ပြောကာ စီနီယာတို့ဆီ လှမ်းဆက်သွယ်နေသည်။

တအောင့်ကြာတော့ Pop မျက်နှာက မပျော်မရွှင်ဖြင့် လှည့်လာသည်။

"ဘာတဲ့လဲ လိုက်မယ်တဲ့လား"

Tulipမှာလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သူတို့က ရွာဘက်ကို ဆင်းတယ်တဲ့။ ငါတို့ဘာသာ မှတ်ပုံတင်ပြီး ငှားသွားတဲ့"

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Kde žijí příběhy. Začni objevovat