လတ်လတ်ဆတ်ဆတ် တိုက်ခတ်လာတဲ့လေက မြို့ပြရဲ့ အငွေ့အသက် ကင်းလွန်းလှသည်။
လေအဝှေ့မှာ ယိမ်းနွဲ့နေတဲ့သစ်ပင်တို့က ဘယ်မှညာသို့ ညာမှဘယ်သို့ စည်းချက်ကျကျ လှုပ်ရှားနေပုံက မမြင်ခဲ့ရတာ နှစ်ချီနေပြီဖြစ်၏။
ကိုကိုမပါလာတော့လည်း သတိကရနေသည်။
ဒီအချိန် Phဆက်လို့ကတော့ အလုပ်သရဲကိုကိုက ကွန်ပြူတာနဲ့မျက်နှာမခွာစတမ်း အလုပ်လုပ်နေမှာ အသေအချာပင်ဖြစ်သည်။
Ph Ringing!!!
Contact nameမှာက ကိုကို။
"ကိုကို... Gunက ညနေစာစားပြီးပြီ၊ ကိုကိုရော အလုပ်ကပြန်ပြီလား"
"မပြန်ရသေးဘူးကွာ ကိုယ်ဒီနေ့ နောက်ကျအုံးမှာ၊ Gunလေးရော ဘယ်လိုလဲ ပျော်ရဲ့လား"
"ဟုတ်၊ ပျော်တယ်၊ ဟီးးးး"
" ကိုယ့်ညီလေးက အကိုကိုမေ့ပြီး တကယ်ကို ပျော်နေတာပဲ ဟုတ်လား"
Tayဘက်က စနောက်လိုက်ပေမယ့်၊ Gunအတွက်ကတော့ မမေ့နိုင်တဲ့ (၁၀)နှစ်သားတုန်းက အကြောင်းကို သွားသတိရလေသည်။
" ကိုယ့်ကိုစောင့်နေ၊ Phကိုသေချာကိုင်ထား၊ ကိုယ်ပြောတာနဲ့ ကြားရအောင်၊ ရေခဲမုန့်ဝယ်ပြီး ပြန်လာခဲ့မယ်"။
ထိုသို့ပြောခဲ့ပြီး ကလေးများသာ ကစားကြတဲ့ ပျော့ပျော့အိအိကစားကွင်းဝင်ပေါက်တွင် Gunကကျန်ခဲ့ပြီး ခပ်လှမ်းလှမ်းက ရေခဲမုန့်ဆိုင်လေးကို Tayက သွားလေသည်။
ခေါ်ထားလက်စphလေးကို နားနားကပ်ရင် Gunတစ်ယောက် ကြောက်လန့်စိတ်လေး အနည်းငယ်ဖြင့် နေခဲ့ရလေသည်။
"ကိုကို Gunကြောက်တယ်"ဆိုတဲ့စကားကို Gunမပြောရဲခဲ့ဘူး။
"ဟဲလို Gunလေး ၊ အဲ့အတိုင်း တောင့်တောင့်ကြီး ရပ်မနေနဲ့လေ၊ Gunနဲ့ရွယ်တူလေးတွေ ဆော့နေတာ တွေ့လား၊ ဘယ်ဟာကစားချင်လဲ၊ သေချာကြည့်ထား၊ ကိုယ်လာရင် ပြော၊ ကြားလား" ခပ်လှမ်းလှမ်းမှ လှမ်းမြင်နေရသည့် ကိုကိုက ပြောလေသည် ။
" ဟုတ်" ။
ခဏနေတော့ Gunသဘောတကျရယ်လိုက်သံကို ကြားလိုက်သည့်ကိုကိုက...
YOU ARE READING
မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed)
FanfictionOFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021