ကိုကိုရဲ့ အကျဉ်းရုံးလိုက်တဲ့ မင်္ဂလာပွဲ။ Gun ဘာလို့မှန်းမသိ အကိုNewအစား ဝမ်းနည်းမိသည်။
မင်္ဂလာပွဲမတိုင်မီက ကိုကိုတို့ အခန်းရှေ့ အမှတ်မထင် ရောက်ခဲ့လေသည်။
" A'Tay..ငါ့ကို မင်းလက်ထပ်စရာ မလိုပါဘူးကွာ"
မင်္ဂလာပွဲအကြောင်း ဆွေးနွေးနေဟန်တူသည်။ တစ်ယောက်တစ်ခွန်း စကားများနေကြသည်။
"ဟ ငါနဲ့ညားပြီးပြီဟာကို ငါနဲ့မယူလို့ ဘယ်သူနဲ့ယူချင်တာလဲ"
ဟနေသည့် တံခါးကြားမှ ကိုကိုက အကိုNew၏မျက်နှာကို လက်မနှင့်လက်ညှိုးကြားညှပ်ကာ ကြမ်းတမ်းစွာ ဆွဲမော့လိုက်သည်။
"အ!!!"
အသားနာသွားတဲ့ အကိုNewက အရမ်းစိတ်ဆိုးနေဟန်တူသည်။
"ဘာလဲ ပြောမထွက်တော့ဘူးလား၊ မင်းအဖေကြောင့် ငါ့အဖေက သေသွားတာလေ၊ သူ့အချစ်ဆုံးသူငယ်ချင်းကို သတ်ချင်တာနဲ့ ငါ့အဖေကိုပါ ကြံရာပါလုပ်လိုက်တာ ဟား ဟား ဒီလိုသွေးက မွေးလာတဲ့သူကရော ဘယ်လောက်များ စိတ်ထားဖြူစင်ပါ့မလဲ၊ ဟုတ်လား"
မော့ယူထားသည့် မျက်နှာကို အတင်းညှပ်ကိုင်လိုက်တော့ ပါးရိုးတွေနာသွားဟန်တူသည် အကိုNewမျက်နှာက မဲ့ကနဲ။
"မသိ၊ ငါမသိဘူး"
ချုပ်နှောင်ခံထားရသည့်ကြားမှ ခေါင်းတို့ကို ခါရမ်းလေသည်။
"မသိဘူး၊ အေးလေ ငါလည်း ခုမှသိတာလေ၊ စောသိခဲ့ရင် မင်းစောစောကတည်းက ငါ့လင်ဖြစ်နေမှာပေါ့ ဟား ဟား"
လေးစားခြင်းမရှိတဲ့ စကားတွေကိုသာ ကိုကိုက ရွေးပြောနေဟန်တူသည်။
"မင်း မမိုက်ရိုင်းနဲ့"
အသားတွေနီရဲလာသည်အထိ အကိုNewမှာ ဒေါသထွက်နေဟန်တူသည်။
"ငါက မယဉ်ကျေးဘူး၊ မင်းလည်း ဖြူစင်ချင်ယောင်မဆောင်နဲ့"
ကိုင်ထားသည့် မျက်နှာကိုလွှတ်ကာ ပုခုံးကနေ ဆောင့်တွန်းလိုက်တော့ အိပ်ယာပေါ် ပုံကနဲ လဲကျသွားသည့် New။
အကိုNewကိုကြည့်ရတာ စိတ်ပြင်ဆင်ထားပုံရသည်။ ဒေါသထွက်နေပေမယ့် မျက်ဝန်းထဲတွင် ဝမ်းနည်းနေသည့်အရောင်တို့ကိုလည်း တွေ့ရသည်။
YOU ARE READING
မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed)
FanfictionOFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021