ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...

By yeolli_khin

116K 19.2K 567

NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... More

Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.6
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.11
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc2.6
Arc 2.7
Arc 2.8
Arc2.9
Arc2.10
Arc2.11
Arc2.12
Arc 2.14
Arc2.15
Arc2.16
Arc2.17
Arc2.18
Arc2.19
About Update

Arc.213

2.5K 484 16
By yeolli_khin

Chapter 25 | Arc 2.13
Unicode

အခုဖြစ်​နေတာ​တွေက လုမန်နီကို အဓိကစိတ်ညစ်​စေတာ​တွေမဟုတ်​သေးဘူး။
ချီချန်းရဲ့weiboက သူမကိုပါးရိုက်လိုက်သလိုခံစားရ​ပေမယ့်  သူမမသိသလို အရှက်မရှိဟန်​ဆောင်လို့ရ​သေးသည်။

ပြီး​တော့လည်း သူတင်ခဲ့တဲ့postက ချီချန်းကို တိုက်ရိုက်ရည်ညွှန်း​နေတာမှမဟုတ်တာ-​သေချာကြည့်ရင် သူမက personal statementသာတင်ထားပြီး သူနဲ့သူမကြားဆက်ဆံ​ရေးကို ဝင်စွက်ဖက်​နေ​​သော စာမဟုတ်​ပေ။

သူမကိုအဓိက​ခေါင်းကိုက်​စေတဲ့အရာက ချီချန်း
ပို့စ်တင်ပြီး၁၀မိနစ်အကြာတွင် ​နောက်ထပ်ပို့စ်အရှည်ကြီးတစ်ခု အင်တာနက်​ပေါ် ထပ်ထွက်လာ​လေသည်၊

ထိုပို့စ်ဟာ ချီချန်းနဲ့သူမအကြား ​ကောလဟာလ​တွေကို စစ်​ဆေးထားပြီး trendingဖြစ်​အောင်လုပ်​နေတဲ့ water army acc​တွေကိုပါlistနဲ့ချပြထားသည်။

ဒီပို့စ်ထွက်လာတာနဲ့တစ်ပြိုင်နက် ငြိမ်သက်​နေပြီ​ဖြစ်တဲ့ ကွန်ယက်ကြီးတစ်ခုလုံး ပြန်လည် အုံကြွလာ​လေပြန်သည်။ချီချန်းနဲ့လုမန်နီရဲ့အချစ်ကို​ထောက်ခံ​နေတဲ့ water army​ acc​တွေနဲ့ဖြတ်​လျှောက်acc​တွေအများအပြားကို'​ဖောင်း ​ဖောင်း ​​ဖောင်း'ဆိုပြီး ပါးချလိုက်သလိုပင်။

လုမန်နီ ထိုပို့စ်ကိုမြင်လိုက်တဲ့အချိန် သူမတစ်ကိုယ်လုံးတုန်ယီလာ​လေသည်။
ဒီသတင်း​တွေက သူမကိုလာမဆက်နွယ်မှန်း အတည်ပြုပြီးမှသာ သူမစိတ်အနည်းငယ် သက်သာသွား​ပေမယ့် ရင်ထဲမှာ​တော့ ​ဒေါသ​တွေနဲ့ပြည့်နှက်​နေသည်။

သူမဒီ​လောက် အကုန်လုံးကိုပြင်ဆင်ထားရက်နဲ့ ဘာလို့စီစဥ်ထားသလိုမဖြစ်ရတာလဲ?!

လုမန်နီ တုန်ယင်​နေ​သော လက်တစ်စုံ
ဖြင့်weiboကိုပိတ်လိုက်ကာ saveမလုပ်ထား​သော ph no.ကို​ခေါ်လိုက်သည်။သုံးကြိမ်​လောက်​ခေါ်ပြီးမှသာ တစ်ဖက်ကဖု​န်းကိုကိုင်​လေသည်။ လုမန်နီ ​ဒေါသတစ်ကြီးမတုံ့ပြန်ရ​သေးခင်မှာဘဲ တစ်ဖက်က အသံခပ်နိမ့်နိမ့်ဖြင့်

"ငါ့ကို​နောက်တစ်ခါထပ်မဆက်နဲ့"

လုမန်နီ ​ခဏ​လောက်​ကြောင်သွားကာ သူမရဲ့ရိုးသားကြင်နာတဲ့ပုံစံကို​မေ့သွားကာ စတင်​အော်ဟစ်လိုက်တယ်။
"လီဟန် ရှင်ဘာ​တွေ​ပြော​နေတာလဲ?! ​စောနကဘဲ ကျွန်မတို့ အဆင်​ပြေ​နေ​သေးတယ်​လေ အခု ဒီကိစ္စ​တွေ ဒီလိုဖြစ်လာ​တော့မှ ထပ်မဆက်သွယ်နဲ့လို့​ပြောတယ်​ပေါ့​လေ?!ရှင်လိုအပ်တုန်းက ကျွန်မ​ပေးခဲ့တဲ့အကူအညီကို ဒီလို​​ပေးဆပ်လိုက်တယ်​ပေါ့​လေ?!!"
.
တစ်ဖက်ကလူက ခဏ​လောက်တိတ်ဆိတ်သွားပြီး
လုမန်နီ သူ့ကိုထပ်ပြီး ​အော်ဟစ်မ​ပြောခင်မှာဘဲ သူအကျယ်ကြီး ထ​အော်ရယ်လိုက်တယ်။

တိတ်ဆိတ်​​နေတဲ့ညမှာ ဒီ​လှောင်သံကြီးက ​ကြောင်​တောင်​တောင်နိုင်​​ပေမယ့် လုမန်နီက​တော့ ခုနက​ဒေါသ​တွေကို ပြန်ထိန်းလိုက်ကာ ဒီလူကို သူမ​နောက်လည်း ဆက်သုံးစရာ​တွေရှိ​သေးတယ်။
သူမချက်ချင်းmoodကိုပြန်ပြင်လိုက်ကာ
"လီဟန် ကျွန်...ကျွန်မ ဒီတိုင်း ဒီလို​တွေဖြစ်သွား​တော့ ခဏ​လောက် ပျာယာခတ်သွားတာပါ....
ဒါ​ကြောင့်...ဒီလို​တွေ​ပြောမိသွားတာ....ကျွန်မမရည်ရွယ်ပါဘူး....ကျွန်မကို​ဗွေမယူပါနဲ့​နော်"

"တကယ်လား?"
လီဟန်ရဲ့အသံကတဖြည်းဖြည်းပိုဝင်လာကာ

"Contactထဲမှာ​တောင် မရှိတဲ့လူတစ်​ယောက်က ငါ့ကိုဖုန်း​​ခေါ်လာပြီး ဟန်​ဆောင် ပန်​ဆောင်နဲ့စကား​​ပြော​နေတာကို ငါက​​ကျေနပ်​ပေးရမှာလား?"

လုမန်နီ ​နောက်တစ်ခါထပ်ပြီး ကြက်​သေသွားပြန်တယ်။ သူမ ဒီအချိန်ခဏ​​လေးအတွင်းမှာ ကြက်​သေ​သေသွား ဘယ်နှကြိမ်​မြောက်ရှိပြီလဲ။
သူမှန်းထားတဲ့အရာ​တွေက လွဲပြီးရင်လွဲ​နေတာ။
တစ်ဖက်က လီဟန်ရဲ့စကားကဆက်လာသည်။

",ငါအရမ်းအ​တွေးလွန်သွားတယ်မလား?
ဘာလို့လဲဆို​တော့ ဟိုးအစထဲက မင်းဟန်​ဆောင်ခဲ့တာမှမရှိတာ....ငါကအဆုံးကျမှသတိထားမိတယ်
တစ်ချိန်လုံး မင်းငါ့ကိုအသုံးချလာတာ​လေ"

လုမန်နီ အ​တွေးတစ်ခုလုံးဗလာဖြစ်သွားကာ
သူမစီစဥ်ထားသလို​တွေ မဖြစ်လာ​တော့မှန်းခံစားလာရတယ်။

ကလဲ့စား​ချေဖို့ အင်အားမရှိတဲ့ခံစားချက်က သူမကို အရမ်းပျာယာခတ်​​စေတယ်။ ဒါ​ပေမယ့် အခုလီဟန်ရဲ့အ​ခြေအ​နေကို​သေချာစဥ်းစားကြည့်ရင်ဘသူမသူ့ကိုထိန်းချုပ်နိုင်တယ်။
သူမစိတ်​တွေ အနည်ပြန်ကျလာကာ ​ပျော်​ပျော်ရွှင်ရွှင်ဖြင့်

"လီဟန်...ရှင်တစ်ခုခုအထင်လွဲ​နေတာများလား?
ငါနင့်ကိုသူငယ်ချင်းလိုဘဲ အမြဲဆက်ဆံလာခဲ့တာ...ငါဘယ်တုန်းကမှ...."

"​တော်​တော့!"
လီဟန်ရဲ့ ​ဒေါသတကြီးအသံကရုတ်တရပ်ဝင်​ရောက်လာတာ​ကြောင့် လုမန်နီကိုလန့်ဖြန့်ကာ
တုန်ယင်သွားတယ်။
"လုမန်နီ...ငါအကုန်လုံးကိုသိပြီးသွားပြီ...မင်းထပ်ပြီး ရွံစရာ​ကောင်း​အောင် ဟန်​ဆောင်စရာမလို​တော့ဘူး!ပထမဆုံး...ပထမဆုံးအကြိမ် ငါတို့စ​တွေ့ကတည်းက တိုက်ဆိုင်တာမဟုတ်ခဲ့ဘူး...
မင်းကတမင် ငါထွက်မလာခင်ကတည်းက နာရီဝက်​လောက်ကြို​ရောက်​နေခဲ့တာ!"

လုမန်နီ လန့်ဖြန့်သွားကာ- သူဘယ်လိုလုပ် ဒါ​တွေကိုသိသွားတာလဲ?

လီဟန်လို hackerကCCTVလိုအရာမျိူးကို ​အေး​ဆေးရှာလို့ရနိုင်တဲ့ လူမျိုးဖြစ်​နေမှန်း သူမသ​ဘော​ပေါက်သွားတယ်။

သူမ ကတုန်ကယင်ဖြစ်လာကာ--
'ဘာလို့ ငါစီစဥ်ထားတာ​တွေ တစ်ခုမှဖြစ်မလာတာလဲ!?'

"ဒါဆို အရာအားလုံးကFake​တွေ​ပေါ့၊ မင်းငါ့ကိုကယ်ခဲ့တာ​ရော၊ငါ့ကိုကူညီခဲ့တာ​တွေက တမင်ဖြူစင်ချင်​ယောင်​ဆောင်တာ​တွေ အကုန်လုံးက fake​တွေ!အခု​​တော့ ငါသိသွားပြီ..."

လီဟန်ရဲ့စကားသံ​တွေဟာ မြန်ဆန်လာပြီး မကြာမှီ​​ပေါက်ကွဲလာ​တော့မယ့် ဗုံးတစ်ခုလိုဘဲ။သူ ခါးသက်စွာ ရယ်​မောလိုက်ပြီး သူ့ရဲ့​အေးစက်တဲ့အသံဖြင့်

"လုမန်နီ မင်းကိုငါ တအားရွံတယ်!..'

ထိုသို့​ပြောပြီးတာနဲ့ လီဟန်ဖုန်းချလိုက်တယ်။

လုမန်နီ ဖုန်းကျသွားတဲ့ "တူ...တူ...တူ"ဆိုတဲ့အသံကို ​ကြောင်အစွာ နား​ထောင်​နေမိတယ်။
လီဟန်က​တောင် သူ့ကိုစွန့်ပစ်သွားပြီ သူအခုဘယ်လိုလုပ်ရ​တော့မလဲ?!

သူမ ပြန်​မွေးဖွားလာပြီး ပထမဆုံးအကြိမ် ကျရှုံးခြင်းကို ခံစားရခြင်း​ပေ။ ဒါဆို သူမပြန်​မွေးဖွားလာတာ ဘာအဓိပ္ပါယ်ရှိ​တော့မှာလဲ?!

ပြန်​မွေး​ဖွားလာတယ်ဆိုတာ အရာအားလုံးကိုအသစ်ပြန်စဖို့​ပေးတဲ့အခွင့်​ရေးမဟုတ်ဘူးလား?

ဒါဆို ဘာလို့ သူ့ကျ ဒီလိုပြသနာ​တွေနဲ့ဘဲ ကြုံ​နေရတာလဲ!ဘာလို့ လူ​တွေကို သူမကိုဆန့်ကျင်​နေကြတာလဲ?!

တစ်ဖက်မှာ​တော့ လုမန်နီဆီက ဖုန်းချပြီးတာနဲ့ လီဟန် သူ့ဖုန်းနံပါတ်ကို blockလိုက်တယ်။
ပြီးတာနဲ့ သူ့ဆီ​ရောက်လာတဲ့emailအဝင်ပိုစစ်လိုက်ပြီး ပို့လိုက်တဲ့သူကိုစရှာ​တော့တယ်။

"Host ကျွန်​တော်တို့information​ပေးလိုက်တဲ့တစ်​ယောက် ကျွန်​တော်​တို့ကို ​နောက်​ယောင်ခံလိုက်​နေပြီ"

လီဟန်အ​ခြေအ​နေကို​စောင့်ကြည့်​နေတဲ့​ဘောလုံး​လေးက စုယွီကို သတင်းပြန်ပို့လိုက်ကာ တစ်ချိန်ထဲမှာဘဲ ဂုဏ်ဆာ​နေ​သောအသံဖြင့်

"ဒါ​​ပေမယ့် စိတ်ချပါ hostရဲ့...ကျွန်​​တော့်လို  systemမျိုးကို သူယှဥ်နိုင်မှာတဲ့လား...သူဘယ်လိုမှရှာ​တွေ့မှာမဟုတ်ဘူး"

​ဘယ်သူသိမှာလဲ ​ဘောလုံး​လေးအဲ့လို​ပြောပြီး မကြာ စုယွီက
"​ခြေရာလက်ရာ နည်းနည်းချန်ခဲ့လိုက်...ငါ့တို့ကို ရှာ​တွေ့ပါ​​လေ့​စေ"
"...."

​ဘောလုံး​လေး ​မျှော်လင့်ချက်မဲ့ကာ point 20,000​လောက် ပျက်ဆီးသွားသလို။

​ဘောလုံး​လေးက ဂုဏ်ဆာ​နေတာ​လေ အခု​တော့ ပါးဖျက်ရိုက်လိုက်သလို ခံစားလိုက်ရ​ပေမယ့် ​ဘောလုံး​လေး သူ့hostခိုင်းသလို ​ခြေရာလက်ရာချန်ခဲ့ရ​လေသည်။

​ဘောလုံး​လေးရဲ့ လုပ်​ဆောင်မှု​ကြောင့် လီဟန် သူရှာ​နေတာကို ​တွေ့သွားကာ msgပို့လိုက်သည်။
"မင်းကဘယ်သူလဲ? ဘာလို့ ငါ့ကိုကူညီတာလဲ?"

​ဘောလုံး​လေး ထိုစာကို စုယွီထံပြလိုက်သည်။
"သူ့ကို​ပြောလိုက် ငါက ​ကျောက်Entရဲ့ ဥက္ကဌ​ကျောက်ချင်းစုံလို့ ပြီး​တော့ ငါတို့ ကုမ္ပဏီက သူ့လိုလူမျိုးကို လိုအပ်တာမို့ အကျိုးအမြတ်များများ​ပေးမယ်ဆိုတာကို။ အာ...သူ့ကိုအိမ်က​နေဘဲအလုပ်လုပ်ခိုင်းမှာမို့ သူ့ကိုအလုပ်လာ​လျှောက်ဖို့ ​ပြောလိုက်"

​ဘောလုံးခဏ​ကြောင်သွားပြီး​နောက် စိတ်ဆိုးစွာဖြင့် ​​လေ​ပေါ်ခုန်​ပေါက်​နေပြီး
"သခင်​လေးhost!ကျွန်​တော်က သူ့ထက်ပိုသာ​နေတဲ့ဟာကို ကျွန်​တော်က သူ့ထက်ပိုလုပ်နိုင်တယ်ဆိုတာ အသိသာကြီး​လေ....အဲ့ဒါကို သူ့ကိုလိုချင်​သေးတာလား?!"

​ဘောလုံး​လေး ချစ်ဖို့​ကောင်း​အောင်မ​နေ​တော့ဘူး
အခုဆို သူ့လုပ်ကွက်ကိုပါ လုယူ​နေပြီ!
ဒီမ​ကောင်းတဲ့host သူဒီ​လောက် ​ကောင်း​ကောင်းလုပ်နိုင်​နေတာကို သူ့ကိုမ​​ရွေးဘူး။

စုယွီ သူ့ကို တိတ်တိတ်​လေး ဆန္ဒပြ​​နေတဲ့ ​ဘောလုံး​လေးကို စိတ်ရှုပ်သလိုကြည့်လိုက်ကာ

"တိတ်တိတ်​နေ"

​ဘောလုံး​လေးငြိမ်သွားကာ ဝမ်းနည်းစွာနဲ့ ​ထောင့်တစ်​နေရာကို သွားကာစက်ဝိုင်းပုံ​လေးဆွဲ​နေသည်
ထို့​နောက်စုယွီက
"ငါဘာလို့ သူ့ကို ခွဲခြားဆက်ဆံ​နေလဲဆိုတာ မသိချင်ဘူးလား?"

(TN က​လေးကို သူဘဲ​ဟောက် ပြီးရင် သူဘဲပြန်ချော့ စုယွီငဆိုး​လေး)

​စုယွီကိုစိတ်​ကောက်​နေ​ပေမယ့် သိချင်စိတ်ကိုထိန်းမရ​တာ​ကြောင့် အသံတိုးတိုး​လေးဖြင့်
"အင်း.."

"မူရင်းဇာတ်​ကြောင်း​ကြောင့်ဘဲ​လေ"

စုယွီ အိပ်ရာ​ပေါ်လှဲလိုက်ကာ

"မူရင်းဇာတ်​ကြောင်းမှာ လုမန်နီပြန်​မွေးဖွားလာ​တော့ သူမဘာလုပ်လုပ် သူမဆီမှာ အ​တွေ့အကြုံတစ်ခုမှမရှိဘူး။​သေချာ​ပေါက် သူမ​နောက်မှာ သူမကို​ထောက်ပံ့​ပေး​နေတဲ့hackerတစ်​ယောက်ရှိ​နေလို့​လေ။ဟမ့်..မူရင်းဇာတ်​ကြောင်းကို​ပေးခဲ့တဲ့ systemက ဒါကိုသတိမထားမိဘူးလား?"

စုယွီ ​​ဘောလုံး​လေးဘက်ကိုကြည့်လိုက်ကာ အထင်​သေးသလိုကြည့်လိုက်တယ်။

​ဘောလုံး​လေးပိုခံစားရသွားကာ ထပ်ပြီးဂျီမကျ​တော့ဘဲ မူရင်းplotကိုပြန်စဥ်းစားလိုက်ပြီး
ပြန်​ပြောလိုက်တယ်

"ဒါ​​ပေမယ့် ဇာတ်လိုက်မက​ကောင်း​ကောင်းမွန်မွန်​နေရတာ အကုန်လုံးက ဇာတ်​လိုက်​ကြောင့်ဘဲကို။
သူမဆီမှာ သူမကို​ထောက်ပံ့နေတဲ့ လူ​တွေအများကြီး​လေ ဘာလို့hackerလို့အတပ်သိ​နေရတာလဲ?
ပြီး​တော့ မူရင်းplotမှာ ဒါ​တွေမ​ဖော်ပြထားဘူး​လေ တကယ်လို့ ဒီ​လောက် ကြီးကြီးမားမား​ထောက်ပံ့​နေတယ့်လူရှိရင် နည်းနည်း​လောက်​တော့ screen timeပါရမှာ​ပေါ့...ဟုတ်တယ်မလား?"

စုယွီ ​ဘောလုံး​လေးကို အကဲခတ်လိုက်ကာ ​မေးလိုက်တယ်။

"တကယ်လို့ အဲ့တစ်​ယောက်ကအရမ်းရုပ်ဆိုး​နေရင်​ကော?"

"...."
​ဘောလုံး​လေး ဆွံ့အသွားတယ်​။

"ဒါ​ပေါ့ အဲ့ဒါ​​ကြောင့်ဘဲ​တော့ ဘယ်ဟုတ်ပါ့မလဲ"
စုယွီ ​ဘောလုံး​လေးကိုကြည့်ကာ ပြုံးလိုက်ပြီး

"​ကောလာဟာလ​တွေ အင်တာနက်​ပေါ်တက်တာ​တော့ ငါsourceကိုရှာလိုက်တာ​လေ။ တစ်ခုထဲ တစ်ဖက်ကလူရဲ့မျက်နှာကိုပါ စစ်လိုက်တာ...
အဲ့ဒါက....အင်း....ဘယ်လို​ပြောရမလဲ...ရှင်းပြဖို့ခက်တယ်...မင်းတကယ်လို့ စိတ်ဝင်စားရင်...ကိုယ့်ဟာကိုယ် ရှာကြည့်လိုက်"

"...."

အရူးခံလိုက်ရပြီး​နှစ်စက္ကန့်​လောက်အကြာမှ ​ဘောလုံး​လေး သူ့ကို hostက ထပ်လှည့်စားသွားပြန်ပြီ! ဘာလို့တခြားsystem​တွေရဲ့host​တွေကျ အမြဲနူးညံ့​နေပြီး သူ့ကျမှ ဒီနတ်ဆိုးhostကိုရထားရတာလဲ! ဝူး...ဝူး...ဝူး သူအချစ်မခံရဘူး....

စုယွီ ​ဘောလုံး​လေးကို ထပ်ပြုံးလိုက်ကာ အနာထပ်​ပေးလိုက်တယ်။

"ငါ​​ပြောခိုင်းတဲ့စာကို ပို့​ပေးဖို့မ​မေ့နဲ့ဦး"

​ဘောလုံး​လေး ​ကြမ်းပြင်​ပေါ်ကို 'ဘုန်း'ဆိုပြီး ကျသွားသလို ခံစားလိုက်ရကာ သူထပ်ပြီးမပျံနိုင်​တော့သလိုဘဲ။

သူခဏ​လောက် ငို​ကြွေး​နေပြီ ​ဘောလုံး​လေး သူ့host​​ပြောတဲ့စကားကို လီဟန်ကိုပို့လိုက်​လေသည်။

လီဟန် informationကိုရ​တော့ သူ့တစ်ကိုယ်လုံးတုန်ယင်သွားတယ်။သူအစက လုမန်နီကို ဆန့်ကျင်​နေတဲ့hackerတစ်​ယောက်လို့သာထင်​နေ​ခဲ့တာ....​ကျောက်ကုမ္ပဏီရဲ့ ဥက္ကဌ​တစ်​ယောက်ဖြစ်​နေလိမ့်မယ်လို့တစ်ခါမှမ​တွေးဖူးဘူး။

​ကျောက်ချင်းစုန်ရဲ့ နာမည်ကို သူကြားဖူးတယ်။
သတင်း​တွေမှာ သူဖတ်ရတယ်...အဲ့ပုဂ္ဂိုလ်က ​အောင်မြင်တဲ့လူတစ်​ယောက်၊ရုပ်ရည်​ချော​မော​ကာ ငယ်ရွယ်တဲ့လူတစ်​ယောက်။အခု​တော့ သူသိလိုက်တာ အဲ့သူက သူ့လိုဘဲ အရမ်းကိုကျွမ်းကျင်တဲ့hackerတစ်​ယောက်! လီဟန့်နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားမှု​တွေ​နဲ့ပြည့်နှက်​သွားတယ်။

သူက တကယ်ကြီး ​ကျောက်ကုမ္ပဏီရဲ့ဥက္ကဌတစ်​ယောက်ဘဲ!

​​ပျော်ပွဲရွှင်ပွဲ​အ​နေနဲ့ လီဟန် သူနဲ့လုမန်နီ​ပြောထားတဲ့အသံဖိုင်ကို အင်တာနက်​​ပေါ်ချပြလိုက်တယ်။
ထိုအသံဖိုင်တွင် လုမန်နီက သူ့ကို ချီချန်းနဲ့သူ့အကြား ​ကောလာဟာလ​တွေ ထွက်​အောင်လုပ်ခိာင်းထားတာ​တွေပါဝင်တယ်။

ဒီအသံဖိုင်စထွက်လာတဲ့ စူးစမ်းတတ်တဲ့ပရိသတ်​တွေနဲ့ ဖြတ်​လျှောက်က​လေး​တွေဆီက​နေ 'wtf'
ဟူ၍ထွက်လာကြတယ်။

​လေပြင်း:[ဘုရား​ရေ! ဒီကိစ္စ​တွေအကုန်လုံးက လုမန်နီ ကြိုးကိုင်ခဲ့တာ​​ပေါ့! ငါအခုဘာ​ပြောရမှန်း​​တောင်မသိ​တော့ဘူး...ငါ​ပြော​တော့မယ်..လုမန်နီ..နင်ကသရုပ်​​​​ဆောင်ဖြစ်တာ​တောင်မကြာ​သေးဘူး...အခုဒါရိုက်တာပါဖြစ်ချင်​နေတာလား?နင်ပိုက်ဆံ​တွေကုန်မှာ မ​ကြောက်ဘူးလား?]

ဖုံးထား​သောစက်ဝိုင်း[လုမန်နီ ဒီတစ်ခါ​တော့ ​ငွေကုန်​ပေါက်ဘဲ​ဟေ့--နတ်ဘုရား​လေးက​တောင် သူမကိုသိပုံမ​​ပေါ်ဘူး အခု​တော့ သူမလုပ်ခဲ့တာ​တွေ ​ပေါ်လာပြီ...ကြည့်ရတာ သူ​တော့water army​တွေကို​ပေးထားတဲ့ ပိုက်ဆံ​တွေ​တော့ ရှုံးပြီ!

ငါ့ကိုငါအရမ်းချစ်ဖို့​ကောင်းတယ်လို့ ခံစားရတယ်[လုမန်နီခန့်ထားတဲ့water army​တွေ​အတွက်​တော့ စိတ်မ​ကောင်းပါဘူး...အခုနင်တို့အလုပ်လဲမရ​သလို ထပ်လည်းလုပ်လို့မရ​တော့ဘူးမလား?]

ငါ့နတ်ဘုရား​လေးကအရမ်းအရမ်း​ချောတယ်
[ဟမ့် ငါအစထဲက​ပြောသားဘဲ...လုမန်နီက ငါ့နတ်ဘုရားနဲ့မတန်တဲ့ လက်ဖက်စိမ်းမဆိုတာ​လေ။
ဒီလိုမိန်းမမျိုးက ငါ့နတ်ဘုရား​လေးရဲဖိနပ်ကိုတိုက်ဖို့​တောင်မတန်ဘူး]
​ဟေး ဟားဟား[ဝိုး...ညနက်ဒရာမာဘဲ!ငါမကြည့်ရ​သေး​ပေမယ့် လိုက်မှီတယ်!]

အကုန်လုံး ပါးစပ်ပိတ်ထား[ ကိုယ့်အဆင့်အတန်းကို ကိုယ်ပြတယ်ဆိုတာဒါဘဲ...အခု လုမန်နီကသူ့ရဲ့careerကို သူဖျက်ဆီးလိုက်တာဘဲ​​လေ..ဒီမှာဆက်​နေလို့မရ​တော့ဘူး...ငါကြိုက်တယ်..ငါကြိုက်တယ်]

အားလုံး ဒီကိုလာကြ[လုမန်နီဘက်က​နေ ကာ​ပြော​နေတဲ့ လူ​တွေအတွက်​တော့ စိတ်မ​ကောင်း​ပေမယ့် ခံရတာ နာတယ်မလား?ဒါဆို ငါနည်းနည်း​လောက် ဆားထပ်ဖြူးပါရ​စေ]

ငါအရမ်းစိတ်ဆိုးတယ်[ငါအရမ်းစိတ်ဆိုးတယ်...
ငါအခုကစပြီး လုမန်နီရဲ့black fanလုပ်​ဖို့ဆုံးဖြတ်လိုက်ပြီ! ဘယ်သူလာ joinမလဲ လူများ​လေ​ကောင်း​လေဘဲ]
.......

စုယွီ အိပ်ရာ​ပေါ်​တွင် သက်​သောင့်သက်သာလှဲ​နေကာ အင်တာနက်​ပေါ်က အတင်းအဖျင်း​တွေကိုဖတ်​နေ​လေတယ်။သူမ​ပျော်ရွှင်စွာ နှုတ်ခမ်းရှုံ့လိုက်ပြီး 'ဒီမိန်းမရဲ့ပုံရိပ်က​တော့ အဖက်ပြန်ဆယ်လို့မရ​အောင် ကျသွားပြီဘဲ'

[1] Black fan-အစပိုင်းမှာ အဲ့idolရဲ့loyal fanဖြစ်ခဲ့​ပေမယ့် idolရဲ့ပုံစံကို စိတ်ပျက်သွားတဲ့အခါကျရင် သူတို့ကပြန်ပြီး အဲ့idolကိုပြန်blameကြတာပါ

______________________________________
အခုထိ ချီချန်းနဲ့စုယွီအပိုင်းကမပါ​သေးဘူး:3

အားလုံးဘဲ ကျန်းမာ​ရေးအထူးဂရုစိုက်ကြပါ။
ကိုဗစ်ကတအားကိုဆိုး​နေပါတယ်
ကိုယ်ခံအား​ကောင်းဖို့အတွက်များများစားကြပါ။
ချစ်ရတဲ့သူ​တွေရှိရင် သတ္တိ​​မွေးပြီး ဖွင့်​ပြောကြပါ။
ချစ်သူ​တွေရှိကြရင်လည်း အရင်ကလိုမဆိုးနဲ့​တော့
အပြန်အလှန်ဂရုစိုက်ကြပါ
ချစ်သူ​ကော crush​ကောမရှိ​ကြ​​သေးရင် ကိုယ့်ဆီလာခဲ့​​ပေါ့ ကိုယ်ဂရုစိုက်ကြ​ပေးပါ့မယ် ㅋㅋㅋ
အားလုံးသာယာ​​သော​နေ့​လေးဖြစ်ကြပါ​စေ။

Zawgyi

Chapter 25 | Arc 2.13

အခုျဖစ္​ေနတာ​ေတြက လုမန္နီကို အဓိကစိတ္ညစ္​ေစတာ​ေတြမဟုတ္​ေသးဘူး။
ခ်ီခ်န္းရဲ့weiboက သူမကိုပါးရိုက္လိုက္သလိုခံစားရ​ေပမယ့္  သူမမသိသလို အရွက္မရိွဟန္​ေဆာင္လို႔ရ​ေသးသည္။

ၿပီး​ေတာ့လည္း သူတင္ခဲ့တဲ့postက ခ်ီခ်န္းကို တိုက္ရိုက္ရည္ၫႊန္း​ေနတာမွမဟုတ္တာ-​ေသခ်ာၾကည့္ရင္ သူမက personal statementသာတင္ထားၿပီး သူနဲ႔သူမၾကားဆက္ဆံ​ေရးကို ဝင္စြက္ဖက္​ေန​​ေသာ စာမဟုတ္​ေပ။

သူမကိုအဓိက​ေခါင္းကိုက္​ေစတဲ့အရာက ခ်ီခ်န္း
ပို႔စ္တင္ၿပီး၁၀မိနစ္အၾကာတြင္ ​ေနာက္ထပ္ပို႔စ္အရွည္ႀကီးတစ္ခု အင္တာနက္​ေပၚ ထပ္ထြက္လာ​ေလသည္၊

ထိုပို႔စ္ဟာ ခ်ီခ်န္းနဲ႔သူမအၾကား ​ေကာလဟာလ​ေတြကို စစ္​ေဆးထားၿပီး trendingျဖစ္​ေအာင္လုပ္​ေနတဲ့ water army acc​ေတြကိုပါlistနဲ႔ခ်ျပထားသည္။

ဒီပို႔စ္ထြက္လာတာနဲ႔တစ္ၿပိဳင္နက္ ၿငိမ္သက္​ေနၿပီ​ျဖစ္တဲ့ ကြန္ယက္ႀကီးတစ္ခုလံုး ျပန္လည္ အံုႂကြလာ​ေလျပန္သည္။ခ်ီခ်န္းနဲ႔လုမန္နီရဲ့အခ်စ္ကို​ေထာက္ခံ​ေနတဲ့ water army​ acc​ေတြနဲ႔ျဖတ္​ေလ်ွာက္acc​ေတြအမ်ားအျပားကို'​ေဖာင္း ​ေဖာင္း ​​ေဖာင္း'ဆိုၿပီး ပါးခ်လိုက္သလိုပင္။

လုမန္နီ ထိုပို႔စ္ကိုျမင္လိုက္တဲ့အခ်ိန္ သူမတစ္ကိုယ္လံုးတုန္ယီလာ​ေလသည္။
ဒီသတင္း​ေတြက သူမကိုလာမဆက္ႏြယ္မွန္း အတည္ျပဳျပီးမွသာ သူမစိတ္အနည္းငယ္ သက္သာသြား​ေပမယ့္ ရင္ထဲမွာ​ေတာ့ ​ေဒါသ​ေတြနဲ႔ျပည့္ႏွက္​ေနသည္။

သူမဒီ​ေလာက္ အကုန္လံုးကိုျပင္ဆင္ထားရက္နဲ႔ ဘာလို႔စီစဥ္ထားသလိုမျဖစ္ရတာလဲ?!

လုမန္နီ တုန္ယင္​ေန​ေသာ လက္တစ္စံု
ျဖင့္weiboကိုပိတ္လိုက္ကာ saveမလုပ္ထား​ေသာ ph no.ကို​ေခၚလိုက္သည္။သံုးႀကိမ္​ေလာက္​ေခၚၿပီးမွသာ တစ္ဖက္ကဖု​န္းကိုကိုင္​ေလသည္။ လုမန္နီ ​ေဒါသတစ္ႀကီးမတံု႔ျပန္ရ​ေသးခင္မွာဘဲ တစ္ဖက္က အသံခပ္နိမ့္နိမ့္ျဖင့္

"ငါ့ကို​ေနာက္တစ္ခါထပ္မဆက္နဲ႔"

လုမန္နီ ​ခဏ​ေလာက္​ေၾကာင္သြားကာ သူမရဲ့ရိုးသားၾကင္နာတဲ့ပံုစံကို​ေမ့သြားကာ စတင္​ေအာ္ဟစ္လိုက္တယ္။
"လီဟန္ ရွင္ဘာ​ေတြ​ေျပာ​ေနတာလဲ?! ​ေစာနကဘဲ ကၽြန္မတို႔ အဆင္​ေျပ​ေန​ေသးတယ္​ေလ အခု ဒီကိစၥ​ေတြ ဒီလိုျဖစ္လာ​ေတာ့မွ ထပ္မဆက္သြယ္နဲ႔လို႔​ေျပာတယ္​ေပါ့​ေလ?!ရွင္လိုအပ္တုန္းက ကၽြန္မ​ေပးခဲ့တဲ့အကူအညီကို ဒီလို​​ေပးဆပ္လိုက္တယ္​ေပါ့​ေလ?!!"
.
တစ္ဖက္ကလူက ခဏ​ေလာက္တိတ္ဆိတ္သြားၿပီး
လုမန္နီ သူ႔ကိုထပ္ၿပီး ​ေအာ္ဟစ္မ​ေျပာခင္မွာဘဲ သူအက်ယ္ႀကီး ထ​ေအာ္ရယ္လိုက္တယ္။

တိတ္ဆိတ္​​ေနတဲ့ညမွာ ဒီ​ေလွာင္သံႀကီးက ​ေၾကာင္​ေတာင္​ေတာင္ႏိုင္​​ေပမယ့္ လုမန္နီက​ေတာ့ ခုနက​ေဒါသ​ေတြကို ျပန္ထိန္းလိုက္ကာ ဒီလူကို သူမ​ေနာက္လည္း ဆက္သံုးစရာ​ေတြရိွ​ေသးတယ္။
သူမခ်က္ခ်င္းmoodကိုျပန္ျပင္လိုက္ကာ
"လီဟန္ ကၽြန္...ကၽြန္မ ဒီတိုင္း ဒီလို​ေတျြဖစ္သြား​ေတာ့ ခဏ​ေလာက္ ပ်ာယာခတ္သြားတာပါ....
ဒါ​ေၾကာင့္...ဒီလို​ေတြ​ေျပာမိသြားတာ....ကၽြန္မမရည္ရြယ္ပါဘူး....ကၽြန္မကို​ေဗြမယူပါနဲ႔​ေနာ္"

"တကယ္လား?"
လီဟန္ရဲ့အသံကတျဖည္းျဖည္းပိုဝင္လာကာ

"Contactထဲမွာ​ေတာင္ မရိွတဲ့လူတစ္​ေယာက္က ငါ့ကိုဖုန္း​​ေခၚလာၿပီး ဟန္​ေဆာင္ ပန္​ေဆာင္နဲ႔စကား​​ေျပာ​ေနတာကို ငါက​​ေက်နပ္​ေပးရမွာလား?"

လုမန္နီ ​ေနာက္တစ္ခါထပ္ၿပီး ၾကက္​ေသသြားျပန္တယ္။ သူမ ဒီအခ်ိန္ခဏ​​ေလးအတြင္းမွာ ၾကက္​ေသ​ေသသြား ဘယ္ႏွႀကိမ္​ေျမာက္ရိွၿပီလဲ။
သူမွန္းထားတဲ့အရာ​ေတြက လဲြၿပီးရင္လဲြ​ေနတာ။
တစ္ဖက္က လီဟန္ရဲ့စကားကဆက္လာသည္။

",ငါအရမ္းအ​ေတြးလြန္သြားတယ္မလား?
ဘာလို႔လဲဆို​ေတာ့ ဟိုးအစထဲက မင္းဟန္​ေဆာင္ခဲ့တာမွမရိွတာ....ငါကအဆံုးက်မွသတိထားမိတယ္
တစ္ခ်ိန္လံုး မင္းငါ့ကိုအသံုးခ်လာတာ​ေလ"

လုမန္နီ အ​ေတြးတစ္ခုလံုးဗလာျဖစ္သြားကာ
သူမစီစဥ္ထားသလို​ေတြ မျဖစ္လာ​ေတာ့မွန္းခံစားလာရတယ္။

ကလဲ့စား​ေခ်ဖို႔ အင္အားမရိွတဲ့ခံစားခ်က္က သူမကို အရမ္းပ်ာယာခတ္​​ေစတယ္။ ဒါ​ေပမယ့္ အခုလီဟန္ရဲ့အ​ေျခအ​ေနကို​ေသခ်ာစဥ္းစားၾကည့္ရင္ဘသူမသူ႔ကိုထိန္းခ်ဳပ္ႏိုင္တယ္။
သူမစိတ္​ေတြ အနည္ျပန္က်လာကာ ​ေပ်ာ္​ေပ်ာ္ရႊင္ရႊင္ျဖင့္

"လီဟန္...ရွင္တစ္ခုခုအထင္လဲြ​ေနတာမ်ားလား?
ငါနင့္ကိုသူငယ္ခ်င္းလိုဘဲ အၿမဲဆက္ဆံလာခဲ့တာ...ငါဘယ္တုန္းကမွ...."

"​ေတာ္​ေတာ့!"
လီဟန္ရဲ့ ​ေဒါသတႀကီးအသံကရုတ္တရပ္ဝင္​ေရာက္လာတာ​ေၾကာင့္ လုမန္နီကိုလန္႔ျဖန္႔ကာ
တုန္ယင္သြားတယ္။
"လုမန္နီ...ငါအကုန္လံုးကိုသိၿပီးသြားၿပီ...မင္းထပ္ၿပီး ရြံစရာ​ေကာင္း​ေအာင္ ဟန္​ေဆာင္စရာမလို​ေတာ့ဘူး!ပထမဆံုး...ပထမဆံုးအႀကိမ္ ငါတို႔စ​ေတြ့ကတည္းက တိုက္ဆိုင္တာမဟုတ္ခဲ့ဘူး...
မင္းကတမင္ ငါထြက္မလာခင္ကတည္းက နာရီဝက္​ေလာက္ႀကိဳ​ေရာက္​ေနခဲ့တာ!"

လုမန္နီ လန္႔ျဖန္႔သြားကာ- သူဘယ္လိုလုပ္ ဒါ​ေတြကိုသိသြားတာလဲ?

လီဟန္လို hackerကCCTVလိုအရာမ်ိူးကို ​ေအး​ေဆးရွာလို႔ရႏိုင္တဲ့ လူမ်ိဳးျဖစ္​ေနမွန္း သူမသ​ေဘာ​ေပါက္သြားတယ္။

သူမ ကတုန္ကယင္ျဖစ္လာကာ--
'ဘာလို႔ ငါစီစဥ္ထားတာ​ေတြ တစ္ခုမျွဖစ္မလာတာလဲ!?'

"ဒါဆို အရာအားလံုးကFake​ေတြ​ေပါ့၊ မင္းငါ့ကိုကယ္ခဲ့တာ​ေရာ၊ငါ့ကိုကူညီခဲ့တာ​ေတြက တမင္ျဖဴစင္ခ်င္​ေယာင္​ေဆာင္တာ​ေတြ အကုန္လံုးက fake​ေတြ!အခု​​ေတာ့ ငါသိသြားၿပီ..."

လီဟန္ရဲ့စကားသံ​ေတြဟာ ျမန္ဆန္လာၿပီး မၾကာမွီ​​ေပါက္ကဲြလာ​ေတာ့မယ့္ ဗံုးတစ္ခုလိုဘဲ။သူ ခါးသက္စြာ ရယ္​ေမာလိုက္ၿပီး သူ႔ရဲ့​ေအးစက္တဲ့အသံျဖင့္

"လုမန္နီ မင္းကိုငါ တအားရြံတယ္!..'

ထိုသို႔​ေျပာၿပီးတာနဲ႔ လီဟန္ဖုန္းခ်လိုက္တယ္။

လုမန္နီ ဖုန္းက်သြားတဲ့ "တူ...တူ...တူ"ဆိုတဲ့အသံကို ​ေၾကာင္အစြာ နား​ေထာင္​ေနမိတယ္။
လီဟန္က​ေတာင္ သူ႔ကိုစြန္႔ပစ္သြားၿပီ သူအခုဘယ္လိုလုပ္ရ​ေတာ့မလဲ?!

သူမ ျပန္​ေမြးဖြားလာၿပီး ပထမဆံုးအႀကိမ္ က်ရႈံးျခင္းကို ခံစားရျခင္း​ေပ။ ဒါဆို သူမျပန္​ေမြးဖြားလာတာ ဘာအဓိပၸါယ္ရိွ​ေတာ့မွာလဲ?!

ျပန္​ေမြး​ဖြားလာတယ္ဆိုတာ အရာအားလံုးကိုအသစ္ျပန္စဖို႔​ေပးတဲ့အခြင့္​ေရးမဟုတ္ဘူးလား?

ဒါဆို ဘာလို႔ သူ႔က် ဒီလိုျပသနာ​ေတြနဲ႔ဘဲ ႄကံု​ေနရတာလဲ!ဘာလို႔ လူ​ေတြကို သူမကိုဆန္႔က်င္​ေနၾကတာလဲ?!

တစ္ဖက္မွာ​ေတာ့ လုမန္နီဆီက ဖုန္းခ်ၿပီးတာနဲ႔ လီဟန္ သူ႔ဖုန္းနံပါတ္ကို blockလိုက္တယ္။
ၿပီးတာနဲ႔ သူ႔ဆီ​ေရာက္လာတဲ့emailအဝင္ပိုစစ္လိုက္ၿပီး ပို႔လိုက္တဲ့သူကိုစရွာ​ေတာ့တယ္။

"Host ကၽြန္​ေတာ္တို႔information​ေပးလိုက္တဲ့တစ္​ေယာက္ ကၽြန္​ေတာ္​တို႔ကို ​ေနာက္​ေယာင္ခံလိုက္​ေနၿပီ"

လီဟန္အ​ေျခအ​ေနကို​ေစာင့္ၾကည့္​ေနတဲ့​ေဘာလံုး​ေလးက စုယီြကို သတင္းျပန္ပို႔လိုက္ကာ တစ္ခ်ိန္ထဲမွာဘဲ ဂုဏ္ဆာ​ေန​ေသာအသံျဖင့္

"ဒါ​​ေပမယ့္ စိတ္ခ်ပါ hostရဲ့...ကၽြန္​​ေတာ့္လို  systemမ်ိဳးကို သူယွဥ္ႏိုင္မွာတဲ့လား...သူဘယ္လိုမွရွာ​ေတြ့မွာမဟုတ္ဘူး"

​ဘယ္သူသိမွာလဲ ​ေဘာလံုး​ေလးအဲ့လို​ေျပာၿပီး မၾကာ စုယီြက
"​ေျခရာလက္ရာ နည္းနည္းခ်န္ခဲ့လိုက္...ငါ့တို႔ကို ရွာ​ေတြ့ပါ​​ေလ့​ေစ"
"...."

​ေဘာလံုး​ေလး ​ေမ်ွာ္လင့္ခ်က္မဲ့ကာ point 20,000​ေလာက္ ပ်က္ဆီးသြားသလို။

​ေဘာလံုး​ေလးက ဂုဏ္ဆာ​ေနတာ​ေလ အခု​ေတာ့ ပါးဖ်က္ရိုက္လိုက္သလို ခံစားလိုက္ရ​ေပမယ့္ ​ေဘာလံုး​ေလး သူ႔hostခိုင္းသလို ​ေျခရာလက္ရာခ်န္ခဲ့ရ​ေလသည္။

​ေဘာလံုး​ေလးရဲ့ လုပ္​ေဆာင္မႈ​ေၾကာင့္ လီဟန္ သူရွာ​ေနတာကို ​ေတြ့သြားကာ msgပို႔လိုက္သည္။
"မင္းကဘယ္သူလဲ? ဘာလို႔ ငါ့ကိုကူညီတာလဲ?"

​ေဘာလံုး​ေလး ထိုစာကို စုယီြထံျပလိုက္သည္။
"သူ႔ကို​ေျပာလိုက္ ငါက ​ေက်ာက္Entရဲ့ ဥကၠဌ​ေက်ာက္ခ်င္းစံုလို႔ ၿပီး​ေတာ့ ငါတို႔ ကုမၸဏီက သူ႔လိုလူမ်ိဳးကို လိုအပ္တာမို႔ အက်ိဳးအျမတ္မ်ားမ်ား​ေပးမယ္ဆိုတာကို။ အာ...သူ႔ကိုအိမ္က​ေနဘဲအလုပ္လုပ္ခိုင္းမွာမို႔ သူ႔ကိုအလုပ္လာ​ေလ်ွာက္ဖို႔ ​ေျပာလိုက္"

​ေဘာလံုးခဏ​ေၾကာင္သြားၿပီး​ေနာက္ စိတ္ဆိုးစြာျဖင့္ ​​ေလ​ေပၚခုန္​ေပါက္​ေနၿပီး
"သခင္​ေလးhost!ကၽြန္​ေတာ္က သူ႔ထက္ပိုသာ​ေနတဲ့ဟာကို ကၽြန္​ေတာ္က သူ႔ထက္ပိုလုပ္ႏိုင္တယ္ဆိုတာ အသိသာႀကီး​ေလ....အဲ့ဒါကို သူ႔ကိုလိုခ်င္​ေသးတာလား?!"

​ေဘာလံုး​ေလး ခ်စ္ဖို႔​ေကာင္း​ေအာင္မ​ေန​ေတာ့ဘူး
အခုဆို သူ႔လုပ္ကြက္ကိုပါ လုယူ​ေနၿပီ!
ဒီမ​ေကာင္းတဲ့host သူဒီ​ေလာက္ ​ေကာင္း​ေကာင္းလုပ္ႏိုင္​ေနတာကို သူ႔ကိုမ​​ေရြးဘူး။

စုယီြ သူ႔ကို တိတ္တိတ္​ေလး ဆႁႏၵပ​​ေနတဲ့ ​ေဘာလံုး​ေလးကို စိတ္ရႈပ္သလိုၾကည့္လိုက္ကာ

"တိတ္တိတ္​ေန"

​ေဘာလံုး​ေလးၿငိမ္သြားကာ ဝမ္းနည္းစြာနဲ႔ ​ေထာင့္တစ္​ေနရာကို သြားကာစက္ဝိုင္းပံု​ေလးဆဲြ​ေနသည္
ထို႔​ေနာက္စုယီြက
"ငါဘာလို႔ သူ႔ကို ခဲြျခားဆက္ဆံ​ေနလဲဆိုတာ မသိခ်င္ဘူးလား?"

(TN က​ေလးကို သူဘဲ​ေဟာက္ ၿပီးရင္ သူဘဲျပန္​ေခ်ာ့ စုယီြငဆိုး​ေလး)

​စုယီြကိုစိတ္​ေကာက္​ေန​ေပမယ့္ သိခ်င္စိတ္ကိုထိန္းမရ​တာ​ေၾကာင့္ အသံတိုးတိုး​ေလးျဖင့္
"အင္း.."

"မူရင္းဇာတ္​ေၾကာင္း​ေၾကာင့္ဘဲ​ေလ"

စုယီြ အိပ္ရာ​ေပၚလွဲလိုက္ကာ

"မူရင္းဇာတ္​ေၾကာင္းမွာ လုမန္နီျပန္​ေမြးဖြားလာ​ေတာ့ သူမဘာလုပ္လုပ္ သူမဆီမွာ အ​ေတြ့အႄကံုတစ္ခုမွမရိွဘူး။​ေသခ်ာ​ေပါက္ သူမ​ေနာက္မွာ သူမကို​ေထာက္ပံ့​ေပး​ေနတဲ့hackerတစ္​ေယာက္ရိွ​ေနလို႔​ေလ။ဟမ့္..မူရင္းဇာတ္​ေၾကာင္းကို​ေပးခဲ့တဲ့ systemက ဒါကိုသတိမထားမိဘူးလား?"

စုယီြ ​​ေဘာလံုး​ေလးဘက္ကိုၾကည့္လိုက္ကာ အထင္​ေသးသလိုၾကည့္လိုက္တယ္။

​ေဘာလံုး​ေလးပိုခံစားရသြားကာ ထပ္ၿပီးဂ်ီမက်​ေတာ့ဘဲ မူရင္းplotကိုျပန္စဥ္းစားလိုက္ၿပီး
ျပန္​ေျပာလိုက္တယ္

"ဒါ​​ေပမယ့္ ဇာတ္လိုက္မက​ေကာင္း​ေကာင္းမြန္မြန္​ေနရတာ အကုန္လံုးက ဇာတ္​လိုက္​ေၾကာင့္ဘဲကို။
သူမဆီမွာ သူမကို​ေထာက္ပံ့ေနတဲ့ လူ​ေတြအမ်ားႀကီး​ေလ ဘာလို႔hackerလို႔အတပ္သိ​ေနရတာလဲ?
ၿပီး​ေတာ့ မူရင္းplotမွာ ဒါ​ေတြမ​ေဖာ္ျပထားဘူး​ေလ တကယ္လို႔ ဒီ​ေလာက္ ႀကီးႀကီးမားမား​ေထာက္ပံ့​ေနတယ့္လူရိွရင္ နည္းနည္း​ေလာက္​ေတာ့ screen timeပါရမွာ​ေပါ့...ဟုတ္တယ္မလား?"

စုယီြ ​ေဘာလံုး​ေလးကို အကဲခတ္လိုက္ကာ ​ေမးလိုက္တယ္။

"တကယ္လို႔ အဲ့တစ္​ေယာက္ကအရမ္းရုပ္ဆိုး​ေနရင္​ေကာ?"

"...."
​ေဘာလံုး​ေလး ဆြံ႔အသြားတယ္​။

"ဒါ​ေပါ့ အဲ့ဒါ​​ေၾကာင့္ဘဲ​ေတာ့ ဘယ္ဟုတ္ပါ့မလဲ"
စုယီြ ​ေဘာလံုး​ေလးကိုၾကည့္ကာ ႃပံုးလိုက္ၿပီး

"​ေကာလာဟာလ​ေတြ အင္တာနက္​ေပၚတက္တာ​ေတာ့ ငါsourceကိုရွာလိုက္တာ​ေလ။ တစ္ခုထဲ တစ္ဖက္ကလူရဲ့မ်က္ႏွာကိုပါ စစ္လိုက္တာ...
အဲ့ဒါက....အင္း....ဘယ္လို​ေျပာရမလဲ...ရွင္းျပဖို႔ခက္တယ္...မင္းတကယ္လို႔ စိတ္ဝင္စားရင္...ကိုယ့္ဟာကိုယ္ ရွာၾကည့္လိုက္"

"...."

အရူးခံလိုက္ရၿပီး​ႏွစ္စကၠန္႔​ေလာက္အၾကာမွ ​ေဘာလံုး​ေလး သူ႔ကို hostက ထပ္လွည့္စားသြားျပန္ၿပီ! ဘာလို႔တျခားsystem​ေတြရဲ့host​ေတြက် အၿမဲႏူးညံ့​ေနၿပီး သူ႔က်မွ ဒီနတ္ဆိုးhostကိုရထားရတာလဲ! ဝူး...ဝူး...ဝူး သူအခ်စ္မခံရဘူး....

စုယီြ ​ေဘာလံုး​ေလးကို ထပ္ႃပံုးလိုက္ကာ အနာထပ္​ေပးလိုက္တယ္။

"ငါ​​ေျပာခိုင္းတဲ့စာကို ပို႔​ေပးဖို႔မ​ေမ့နဲ႔ၪီး"

​ေဘာလံုး​ေလး ​ၾကမ္းျပင္​ေပၚကို 'ဘုန္း'ဆိုၿပီး က်သြားသလို ခံစားလိုက္ရကာ သူထပ္ၿပီးမပ်ံႏိုင္​ေတာ့သလိုဘဲ။

သူခဏ​ေလာက္ ငို​ႂကြေး​ေနၿပီ ​ေဘာလံုး​ေလး သူ႔host​​ေျပာတဲ့စကားကို လီဟန္ကိုပို႔လိုက္​ေလသည္။

လီဟန္ informationကိုရ​ေတာ့ သူ႔တစ္ကိုယ္လံုးတုန္ယင္သြားတယ္။သူအစက လုမန္နီကို ဆန္႔က်င္​ေနတဲ့hackerတစ္​ေယာက္လို႔သာထင္​ေန​ခဲ့တာ....​ေက်ာက္ကုမၸဏီရဲ့ ဥကၠဌ​တစ္​ေယာက္ျဖစ္​ေနလိမ့္မယ္လို႔တစ္ခါမွမ​ေတြးဖူးဘူး။

​ေက်ာက္ခ်င္းစုန္ရဲ့ နာမည္ကို သူၾကားဖူးတယ္။
သတင္း​ေတြမွာ သူဖတ္ရတယ္...အဲ့ပုဂၢိုလ္က ​ေအာင္ျမင္တဲ့လူတစ္​ေယာက္၊ရုပ္ရည္​ေခ်ာ​ေမာ​ကာ ငယ္ရြယ္တဲ့လူတစ္​ေယာက္။အခု​ေတာ့ သူသိလိုက္တာ အဲ့သူက သူ႔လိုဘဲ အရမ္းကိုကၽြမ္းက်င္တဲ့hackerတစ္​ေယာက္! လီဟန္႔ႏွလံုးသားတစ္ခုလံုး စိတ္လႈပ္ရွားမႈ​ေတြ​နဲ႔ျပည့္ႏွက္​သြားတယ္။

သူက တကယ္ႀကီး ​ေက်ာက္ကုမၸဏီရဲ့ဥကၠဌတစ္​ေယာက္ဘဲ!

​​ေပ်ာ္ပဲြရႊင္ပဲြ​အ​ေနနဲ႔ လီဟန္ သူနဲ႔လုမန္နီ​ေျပာထားတဲ့အသံဖိုင္ကို အင္တာနက္​​ေပၚခ်ျပလိုက္တယ္။
ထိုအသံဖိုင္တြင္ လုမန္နီက သူ႔ကို ခ်ီခ်န္းနဲ႔သူ႔အၾကား ​ေကာလာဟာလ​ေတြ ထြက္​ေအာင္လုပ္ခိာင္းထားတာ​ေတြပါဝင္တယ္။

ဒီအသံဖိုင္စထြက္လာတဲ့ စူးစမ္းတတ္တဲ့ပရိသတ္​ေတြနဲ႔ ျဖတ္​ေလ်ွာက္က​ေလး​ေတြဆီက​ေန 'wtf'
ဟူ၍ထြက္လာၾကတယ္။

​ေလျပင္း:[ဘုရား​ေရ! ဒီကိစၥ​ေတြအကုန္လံုးက လုမန္နီ ႀကိဳးကိုင္ခဲ့တာ​​ေပါ့! ငါအခုဘာ​ေျပာရမွန္း​​ေတာင္မသိ​ေတာ့ဘူး...ငါ​ေျပာ​ေတာ့မယ္..လုမန္နီ..နင္ကသရုပ္​​​​ေဆာင္ျဖစ္တာ​ေတာင္မၾကာ​ေသးဘူး...အခုဒါရိုက္တာပါျဖစ္ခ်င္​ေနတာလား?နင္ပိုက္ဆံ​ေတြကုန္မွာ မ​ေၾကာက္ဘူးလား?]

ဖံုးထား​ေသာစက္ဝိုင္း[လုမန္နီ ဒီတစ္ခါ​ေတာ့ ​ေငြကုန္​ေပါက္ဘဲ​ေဟ့--နတ္ဘုရား​ေလးက​ေတာင္ သူမကိုသိပံုမ​​ေပၚဘူး အခု​ေတာ့ သူမလုပ္ခဲ့တာ​ေတြ ​ေပၚလာၿပီ...ၾကည့္ရတာ သူ​ေတာ့water army​ေတြကို​ေပးထားတဲ့ ပိုက္ဆံ​ေတြ​ေတာ့ ရႈံးၿပီ!

ငါ့ကိုငါအရမ္းခ်စ္ဖို႔​ေကာင္းတယ္လို႔ ခံစားရတယ္[လုမန္နီခန္႔ထားတဲ့water army​ေတြ​အတြက္​ေတာ့ စိတ္မ​ေကာင္းပါဘူး...အခုနင္တို႔အလုပ္လဲမရ​သလို ထပ္လည္းလုပ္လို႔မရ​ေတာ့ဘူးမလား?]

ငါ့နတ္ဘုရား​ေလးကအရမ္းအရမ္း​ေခ်ာတယ္
[ဟမ့္ ငါအစထဲက​ေျပာသားဘဲ...လုမန္နီက ငါ့နတ္ဘုရားနဲ႔မတန္တဲ့ လက္ဖက္စိမ္းမဆိုတာ​ေလ။
ဒီလိုမိန္းမမ်ိဳးက ငါ့နတ္ဘုရား​ေလးရဲဖိနပ္ကိုတိုက္ဖို႔​ေတာင္မတန္ဘူး]
​​ေဟး ဟားဟား[ဝိုး...ညနက္ဒရာမာဘဲ!ငါမၾကည့္ရ​ေသး​ေပမယ့္ လိုက္မွီတယ္!]

အကုန္လံုး ပါးစပ္ပိတ္ထား[ ကိုယ့္အဆင့္အတန္းကို ကိုယ္ျပတယ္ဆိုတာဒါဘဲ...အခု လုမန္နီကသူ႔ရဲ့careerကို သူဖ်က္ဆီးလိုက္တာဘဲ​​ေလ..ဒီမွာဆက္​ေနလို႔မရ​ေတာ့ဘူး...ငါႀကိဳက္တယ္..ငါႀကိဳက္တယ္]

အားလံုး ဒီကိုလာၾက[လုမန္နီဘက္က​ေန ကာ​ေျပာ​ေနတဲ့ လူ​ေတြအတြက္​ေတာ့ စိတ္မ​ေကာင္း​ေပမယ့္ ခံရတာ နာတယ္မလား?ဒါဆို ငါနည္းနည္း​ေလာက္ ဆားထပ္ျဖဴးပါရ​ေစ]

ငါအရမ္းစိတ္ဆိုးတယ္[ငါအရမ္းစိတ္ဆိုးတယ္...
ငါအခုကစၿပီး လုမန္နီရဲ့black fanလုပ္​ဖို႔ဆံုးျဖတ္လိုက္ၿပီ! ဘယ္သူလာ joinမလဲ လူမ်ား​ေလ​ေကာင္း​ေလဘဲ]
.......

စုယီြ အိပ္ရာ​ေပၚ​တြင္ သက္​ေသာင့္သက္သာလွဲ​ေနကာ အင္တာနက္​ေပၚက အတင္းအဖ်င္း​ေတြကိုဖတ္​ေန​ေလတယ္။သူမ​ေပ်ာ္ရႊင္စြာ ႏႈတ္ခမ္းရႈံ႔လိုက္ၿပီး 'ဒီမိန္းမရဲ့ပံုရိပ္က​ေတာ့ အဖက္ျပန္ဆယ္လို႔မရ​ေအာင္ က်သြားၿပီဘဲ'

Black fan-အစပိုင္းမွာ အဲ့idolရဲ့loyal fanျဖစ္ခဲ့​ေပမယ့္ idolရဲ့ပံုစံကို စိတ္ပ်က္သြားတဲ့အခါက်ရင္ သူတို႔ကျပန္ၿပီး အဲ့idolကိုျပန္blameၾကတာပါ

______________________________________
အခုထိ ခ်ီခ်န္းနဲ႔စုယီြအပိုင္းကမပါ​ေသးဘူး:3

အားလံုးဘဲ က်န္းမာ​ေရးအထူးဂရုစိုက္ၾကပါ။
ကိုဗစ္ကတအားကိုဆိုး​ေနပါတယ္
ကိုယ္ခံအား​ေကာင္းဖို႔အတြက္မ်ားမ်ားစားၾကပါ။
ခ်စ္ရတဲ့သူ​ေတြရိွရင္ သတၲိ​​ေမြးၿပီး ဖြင့္​ေျပာၾကပါ။
ခ်စ္သူ​ေတြရိွၾကရင္လည္း အရင္ကလိုမဆိုးနဲ႔​ေတာ့
အျပန္အလွန္ဂရုစိုက္ၾကပါ
ခ်စ္သူ​ေကာ crush​ေကာမရိွ​ၾက​​ေသးရင္ ကိုယ့္ဆီလာခဲ့​​ေပါ့ ကိုယ္ဂရုစိုက္ၾက​ေပးပါ့မယ္ ㅋㅋㅋ
အားလံုးသာယာ​​ေသာ​ေန့​ေလးျဖစ္ၾကပါ​ေစ။

Continue Reading

You'll Also Like

3.4M 207K 92
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
385K 41.6K 102
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...