ကြွေပန်း(Unicode+Zawgi)

Od KhonYate666

11.4K 505 30

အချစ်ရဆုံးသော တစ်ပွင့်တည်းသော ပန်းလေးအတွက်သာ လေပြေဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အဲ့ဒီပန်းလေးကြောင့်ဘဲ လေပွေဖြစ်သွား... Více

Intro
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part (16)
Part (17)
Part(18)
Part(19)
Part(21) [ END]

Part(20)

248 8 0
Od KhonYate666

Unicode//

" ဖြိုးလေး အခန်းပြန်အိပ်တော့လေကွာ နော် "

ဆူပုပ်ကာ မျက်စောင်းထိုးပြီး အခြားဘက်သို့ လှည့်သွားသည် ။ အခန်းရွှေ့ဖို့ကား စိတ်ကူးရှိပုံမပေါ် ။ ပေါင်ပေါ်အခန့်သားတက်ထိုင်ကာ ကလေးတစ်ယောက်လ်ို ဂျီကျနေပေသည် ။ ကျန်းမာရေးအခြေအနေ မည်သို့ဖြစ်မည်ကို မသိသောကြောင့် မြို့ပြင်ခြံဆီမသွားဘဲ ယခင်အိမ်မှာတင် ပြန်နေလိုက်သည် ။ ကျန်းမာရေးအခြေအနေ မသိဘူးသာ ပြောတာပါ ။ ကျွန်တော့်နားက တစ်လက်မ မခြားမခွာရုံကလွဲ ကျန်တာပုံမှန်သာပင် ။

" သွားဘူးဗျာ သွားချင်ဘူး လူကြီးနဲ့ဘဲ တူတူအိပ်မယ် "

နွဲ့ဆိုးဆိုးနေသော လူသားလေးက ဘေးတွင်ရှိသောကြောင့် ဒီနေ့လမင်းကြီးက ယခင်နေ့များထက် ပို၍တောက်ပကာ လင်းလက်နေသယောင် ။ ကြယ်လေးများကလည်း စုံညီစွာ လင်းလက်လို့ ။

" ကလေး မအိပ်ချင်သေးဘူးဆိုရင် ကြယ်လေးတွေ သွားကြည့်ကြမလား "

ခေါင်းကို ဆက်တိုက်ငြိမ့်ပြကာ အလှဆုံး ပြန်ပြုံးပြသည် ။ ကျွန်တော့်အတွက်တော့ ဤလူသားက ကျွန်တော်နှင့်မထိုက်တန်အောင် ဖြူစင်ကာ အပြစ်ကင်းလွန်းပါသည် ။

" လူကြီး ချီ ။ လမ်းလျှောက်ချင်ဘူး "

မျက်မှောင်လေးကြုတ်ကာ ချွဲလာတာကြောင့် မနေနိုင်စွာ နဖူးကို လက်ဖြင့်ဖွဖွလေးတောက်လိုက်သည် ။ ထို့နောက် ဝရန်တာဘက်သို့ ချီပွေ့လာခဲ့သည် ။ ဝရန်တာတွင် ဖြိုးလေးစိုက်ပျိုးထားသော ပန်းအိုးလေးများက လေပြေညင်းနှင့်အပြိုင်ကနေကြသည် ။ လေသင့်တိုင်း မွှေးပျံ့လာသော ပန်းရနံ့များက စိတ်ကို ပီဘိကြည်နူးစေပါသည် ။

ပန်းပင်စိုက်ရတာ ဝါသနာပါလို့ဆိုပြီး အခန်းရှေ့ ဝရန်တာတွင် ပန်းပင်များ စိုက်တတ်သော ဖြိုးလေးက သူအကြိုက်ဆုံး ကာနေရှင်းပန်းကိုတော့ မစိုက်ပါ ။ အနီးမှာရှိရင် မနေနိုင်ဘဲ အလွယ်တကူခူးမိမှာစိုးလို့တဲ့ ။ တကယ်ပါ ကျွန်တော့်လူသားလေးက အာ့လိုအတွေးဆန်းဆန်းလေးတွေလည်း တွေးတတ်သေးတာ ။

" လူကြီးကို ကျွန်တော် သီချင်းဆိုပြမယ် "

အစမရှိ အဆုံးမရှိပြောလိုက်သောကြောင့် ခွန်းစစ်နိုင် ကြောင်အမ်းသွားသော်လည်း ချက်ချင်း အမူအရာပြန်ထိန်းလိုက်သည် ။ ဖြိုးလေး အရှက်အကြောက်ကြီးတာ သူအသိဆုံးလေ ။ အာ့လိုလူက သီချင်းဆိုပြမည် ဆိုတော့ အထူးအဆန်းတော့ ဖြစ်မိသား ။

" ကိုင်း ကိုယ့်ကလေးလေးက ကိုယ့်ကို ဘာသီချင်းဆိုပြမှာ ။ ဆိုပြပါအုံးဗျာ "

" ဟိ သေချာနားထောင်နော် ဆိုတော့မယ် ။ အဟမ်း...

ထို့နောက် သီချင်းသံသဲ့သဲ့သည် ချစ်ရသူ၏နှုတ်ဖျားဆီမှ တီးတိုးထွက်ပေါ်လာခဲ့သည် ။

' နေညိုချိန် တို့ဝေးရမယ် သိထားလည်း နောက်ဆုံးစကားတွေ ကိုယ်မပြောချင်......အလှဆုံးမင်းရဲ့ မျက်ဝန်းက......'

သီချင်းသံမဆုံးသေးခင် ခွန်းစစ်နိုင် အထိတ်တလန့် လှမ်းတားလိုက်မိသည် ။ဇွန်ဖြိုးကတော့ မျက်လုံးပုပ်ကလပ် ပုပ်ကလပ်နှင့် သူ့ကိုအူကြောင်ကြောင်လေး ငေးစိုက်ကြည့်နေသည် ။ သူ့တစ်သက်မှာ ချစ်ရသူ၏တောင်းဆိုမှုကြောင့် သူတစ်ကြိမ်သာ သီချင်းဆိုခဲ့ဖူးသည် ။ ဆိုခဲ့ဖူးသော ထိုသီချင်းသည် ယခု ဖြိုးလေးဆိုသည့်သီချင်းသာ ဖြစ်နေခြင်းသည် တိုက်ဆိုင်မှုသက်သက်ပင်လား ??

" ဟိဟိ ကျွန်တော့််အသံကြောင့် လူကြီးတစ်ယောက် ဟက်ထိသွားပြီ ။ ထပ်မဆိုခိုင်းနဲ့နော် ။ သားက အိပ်တော့မှာ "

ကျွန်တော့်ပြန်အပြောကို မစောင့်ဘဲ ကုတင်ဆီ ပြေးသွားသည် ။ ကုတင်ပေါ်မလှဲခင် ကျွန်တော့်ဘက်လှည့်ပြီး လျှာထုတ်ပြသွားသေးသည် ။ ကျွန်တော်သာ အတွေးပေါင်းများစွာနှင့် တစ်ယောက်တည်း ယောက်ယက်ခတ်လို့.......

ကိုယ့်အနေနဲ့တော့
ဘာတွေဘဲဖြစ်ခဲ့ ဖြစ်ခဲ့ ဘာတွေဘဲ ဖြစ်နေ ဖြစ်နေ
မင်းတစ်ယောက်ကိုဘဲ ရှေ့တန်းတင်တော့မယ်လို့ ရည်ရွယ်ထားတယ်........

•••••••••••••••••••••

" လူကြီး မသွားနဲ့လို့ ကျွန်တော့်ကို မထားခဲ့ပါနဲ့ဆို... တူတူသွားမယ်လေ ။ တူတူသွားမယ်လို့.... "

ခွန်းစစ်နိုင်၏အိပ်ခန်းအတွင်း သေးငယ်သော ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပေါ်နေခဲ့သည် ။ ဝတ်စုံအပြည့်အစုံ ဝတ်ထား၍ လက်ဆွဲအိတ်ယူကာ အလုပ်သွားရန် ပြင်နေသော ခွန်းစစ်နိုင်ကို ဇွန်ဖြိုးတစ်ယောက် ခိုစီးကာ အတင်းဆွဲထားသည် ။ ခွန်းစစ်နိုင် ခေါင်းရှုပ်လာသဖြင့် အားနေသော လက်တစ်ဖက်နှင့် ခေါင်းကို နာနာဖိကုပ်လိုက်သည် ။ ဤသည်ကိုပင် ဇွန်ဖြိုးက သတိထားမိသွားကာ မကြည်ကြည့် ကြည့်လေသည် ။

" ဟိုကျ ဘယ်သူမှမရှိဘူး ကလေးရ ။  ကိုယ် အစည်းအဝေးလုပ်နေတုန်း ကလေးက အပြင်မှာ တစ်ယောက်တည်း စောင့်နေရမှာနော် ။ ကစားဖော်လည်း မရှိဘူး ။ ဟော... ဘယ်လောက် ပျင်းစရာကောင်းလိုက်လဲ "

ခွန်းစစ်နိုင် ချော့မော့ကာ နားချသည် ။ သို့သော် မရ ။ ဂျစ်ကန်ကန်နိုင်သော အကောင်ပေါက်က ဆူပုပ်နေကာ ဆွဲထားသည်ကိုလည်း မလွှတ်ပေးချေ ။ ခွန်းစစ်နိုင်တစ်ယောက် ရယ်ရခက် ငိုရခက်နှင့်ပင် ခေါင်းကုပ်နေရသည် ။

" ပျင်းပါဘူး ။ လူကြီးရှိနေတာဘဲကို ။ သားက လူကြီးမျက်နှာမြင်နေရရင်ကို ထမင်းမေ့ဟင်းမေ့ အကုန်မေ့ပြီး အလိုလိုပျော်နေတာကို ။ ဟင့်...လူကြီးက သိလည်းသိဘူး ။ လူကြီးက ကျွန်တော့်ကို ဂရုမစိုက်ဘူး...အီး....ဟီး....လူကြီးက ကျွန်တော့်ကို အလေးမထားဘူး....."

ပြောနေရင်းမှ ချုံးပွဲချကာ အော်ငိုပါတော့သည် ။ ဘေးလူကြားလျှင် ကျွန်တော်ကဘဲ မျက်ကွယ်ပြုနိုင်သူ...နှိပ်စက်နိုင်သူပေါ့ ။ တယ်လည်း တတ်နိုင်လွန်းတဲ့ ကောင်လေးပါပင် ။ သူ့မှာ မျက်စိရှေ့က မနိုင်စိန်လေးကို မြတ်နိုးစိတ်ဖြင့် ငေးကြည့်နေမိသည် ။ဒီအခိုက်အတန့်လေးကို သူနှစ်သက်ပါသည် ။ ဖြိုးလေးနှင့် အခုလို ပျော်ရွှင်ရတဲ့ သာမန်ဘဝလေးကိုဘဲ သူပိုင်ဆိုင်ချင်ခဲ့တာ ။ သူ့လိုအင်တွေ အမှန်တကယ် ပြည့်ဝခဲ့လေပြီလား.......

ကလေးငယ်တစ်ယောက်လို အော်ငိုနေသော ချစ်ရသူကို မနိုင်သည့်အဆုံး ကုမ္ပဏီသို့ ခေါ်လာခဲ့ရသည် ။ ကုမ္ပဏီရောက်လို့ လိမ္မာသွားသည်တော့ မထင်လေနှင့် ။ အစည်းအဝေးခန်းတောင်မရှောင် ကျွန်တော့်နောက်သ်ို့ တကောက်ကောက် လိုက်လေတော့သည် ။ ကျွန်တော့် အပေါ်ဝတ် ကုတ်အနားစက သူ့အပိုင် ။ ကုတ်အနားစကို ကိုင်ပြီး မညောင်းနိုင်ဘဲ ကျွန်တော့်နောက်ကို တစ်ဖဝါးမခွာ လျှောက်လိုက်နေသည် ။ အိမ်သာတောင် မဖြစ်လို့ အခန်းထဲ မဝင်တာတဲ့ ။ သို့သော် အခန်းပြင်မှာတော့ မတ်တပ်ရပ်ကာ စောင့်တာပင်......

•••••••••••••••••••

ကျွန်တော် အရင်စစ်ခင်းတဲ့ပွဲ......
အောင်လံကိုလည်း ကျွန်တော် ရယူသင့်တယ် ။ လင်းသူခန့်တစ်ယောက် ဆေးရုံမှပြန်လာသည့်နေ့ကတည်းက ခွန်းစစ်နိုင်နှင့် ပတ်သက်သည့် အချက်အလက်မှန်သမျှကို စုဆောင်းခဲ့သည် ။ မိသားစုကြီးဖြစ်သည့်အပြင် လျှို့လည်းလျှို့ဝှက်သည့်အတွက် အတော်ပင် စုံစမ်းလ်ုက်ရသည် ။ စုံစမ်းရင်းဖြင့် ခွန်းစစ်နိုင်၏ဘဝအကြောင်းကို လင်းသူခန့် ပိုမိုသိလာသည် ။ သူထင်ခဲ့သည်က ခွန်းစစ်နိုင်ကို အစစအရာရာ ပြည့်စုံသည့်သူဟူ၍..... သို့သော် ခွန်းစစ်နိုင်၏အဖြစ်က လေပူဖောင်းတစ်လုံးလို အပြင်ကကြည့်လျှင် ပြည့်ဝသည်ထင်ရပေမယ့် တကယ့်တကယ်တော့ ဘာမှမရှိ ။ လက်ဆုပ်လက်က်ိုင်ပင် ပြ၍မရနိုင်သည့် လေသက်သက်သာ......

ငယ်စဥ်ကတည်းက မိခင်ကပစ်သွားသဖြင့် ဖခင်နှင့်နေခဲ့ရသည် ။ မိသားစုနွေးထွေးမှု ၊ မိတ်ဆွေတွေရဲ့ရင်းနှီးမှု ၊ ချစ်ခြင်းတရားတွေအားလုံးက သူနှင့်မသက်ဆိုင်သည့်အရာတွေ ဖြစ်ခဲ့သည် ။ ခွန်းစစ်နိုင်နှင့်ယှဥ်လျှင် သူ့ဘဝက အပုံကြီးသာနေသည်ဟု ထင်မိသည် ။ ခွန်းစစ်နိုင် ငယ်လေးကို ပိုင်ဆိုင်ရသည့်အဖြစ်ကို ပြန်တွေးလျှင်တော့ ညီတူညီမျှဖြစ်သွားသည် ထင်သည် ။

အချက်အလက်များကို စုဆောင်းရင်းဖြင့် သူလိုချင်သည့်အချက်အလက်များ ပါလာသည် ။ အရေးကြီးဆုံးက ငယ်လေးအဖေနဲ့ဆရာ ဆုံးရခြင်းက ခွန်းစစ်နိုင်ပယောဂ မကင်းခြင်းပင် ။ ဒုစရိုက်မှောင်ခိုများလည်း ရှိသေးသည် ။ ငွေနဲ့ဖုံးနိုင်တာရယ် ၊။ပိရိသေချာလွန်းတာရယ်ကြောင့် အပြစ်မပေါ်တဲ့ လူသတ်မှုတစ်ချို့ ။ လင်းသူခန့် သူ့အသက်ကိုရင်းပြီး ရေဆုံးမြေဆုံး ရှာဖွေခဲ့လို့သာ ဤအချက်အလက်များကို ရခဲ့ခြင်းဖြစ်သည် ။  သူ့အတွေးထဲမှာ ဒါတွေကို ငယ်လေးသိခဲ့ရင် ခွန်းစစ်နိုင်အနား ကပ်စရာလုံးဝ အကြောင်းရှိတော့မည် မဟုတ် ။ ထိုအချက်ကိုသာ မျှော်လင့်ပြီး သူ့အသက်ကိုစွန့်ကာ စုံစမ်းခဲ့သည် ။

သူ ကြားခဲ့ဖူးသော ကဗျာတစ်ပုဒ်မှာ ချစ်ခြင်းတရားက ပိုင်ဆိုင်ဖို့ မဟုတ်ဘူး ။ တန်ဖိုးထားခြင်း တဲ့ ။ အာ့တာတွေကို သူ စိတ်မဝင်စားပါ ။ ဇွန်ဖြိုးဆိုသော လူသားကို သူတန်ဖိုးထားသလို ပိုင်လည်းပိုင်ဆိုင်ချင်သည် ။ သူ့ရဲ့ခံစားချက်က ညံ့ဖျင်းတယ်... အချစ်လို့ ဆိုဖွယ်မရှိဘူးဟု စွပ်စွဲပြီး အတ္တလို့ ဝိုင်းခေါင်းစဥ်တပ်ကြမလား.... ဇွန်ဖြိုးဆိုသော လူသားက သူ့အတွက် မရှိမဖြစ် လိုအပ်သောအရာ ။ မြတ်နိုးလွန်းသောကြောင့် တယုတယ ပြုစုထားချင်သည် ။ တစ်ပါးသူ လှမ်းခူးမည့်အရေးမှာတော့ သူလည်း လက်မနှေးနိုင် ။ ရယူပိုင်ဆိုင်ချင်သည် ။ ရယူပိုင်ဆိုင်နိုင်ဖို့လည်း ကြိုးစားမည် ။ တစ်ပါးသူကိုတော့ လွယ်လွယ်မပေးနိုင် ။ ဒါက သူ့ရဲ့အတ္တဆိုလည်း သူလက်ခံလိုက်ပါမည် ။ သူ့အတွက်က ထိုလူသားကို ပိုင်ဆိုင်ရဖို့သည် အရာအားလုံးထက် အရေးကြီးဆုံးအရာအဖြစ် ဖြစ်တည်နေသည် ။

•••••••••••••••••••

ဆေးရုံမှဆင်းလာကတည်းက ဇွန်ဖြိုးတစ်ယောက် ခွန်းစစ်နိုင်အခန်းမှာပင် အမြဲအိပ်တော့သည် ။ ခွန်းစစ်နိုင်ကို မြင်နိုင်သောအကွာအဝေးအတွင်းမှ ထွက်မသွားစေချင်ဘူး ဟူသည့် ဇွန်ဖြိုး၏ဆန္ဒကြောင့် အမြဲ တပူးပူးတတွဲတွဲ ဖြစ်နေရသည် ။ ငြိုငြင်လား စိတ်ရှုပ်လားဟု မေးလျှင်တော့ သူခေါင်းရမ်းရလိမ့်မည် ။ ဒီအချိန်လေးတွေ စက္ကန့်ချင်းတိုင်းက သူ့အတွက် မြတ်နိုးဖွယ် အမှတ်တရများသာ......

တရုတ်ကို ပြန်သွားတာ တစ်လပင် မကြာသေး ။ ဘာကိစ္စ ရှိ၍မသိ ။ မြန်မာပြည် ပြန်လာနေပြီ ။ အရေးကြီးကိစ္စရှိ၍ တွေ့ချင်ပါသည် ။ လေဆိပ်လာကြိုလှည့်ပါ ဆိုသောကြောင့် သူသွားတွေ့ရပေအုံးမည် ။ ဖြိုးလေးကိုတော့ ခေါ်သွား၍မရ ။ ခေါ်သွား၍ ပြသာနာဖြစ်မည်ထက် ၊ သူ့နာကျင်ဖွယ်အတိတ်တွေ ပြန်နိုးထလာမည်ထက် ၊ ဖြိုးလေးတစ်ခုခုဖြစ်သွားမည်ကို သူ သေလောက်အောင် ကြောက်ရပါသည် ။

မနက်ခင်းနေရောင်ခြည် ဝင်လာမည် စိုးသောကြောင့် ပြတင်းတံခါးပင် မဖွင့်တော့ဘဲ အိပ်ယာမှ တိတ်တိတ်လေး ထလာလိုက်သည် ။ ရေချိုးခန်းထဲသို့ ခြေသံလုံအောင် ဖွနင်းပြီး ဝင်ရသည် ။ ဖြိုးလေးနိုးလာပြီ ဂျီကျလျှင် သူရှင်းမရ ဖြစ်ပေလိမ့်မည် ။ ထိုစဥ်.....

" လူကြီးက အစောကြီး နိုးတာကို ။ သားကျ မနှိုးဘူး "

အိပ်မှုန်စုပ်ဖွားဖြင့် ခေါင်းကုပ်ပြီး ရေချိုးခန်းထဲ လိုက်ဝင်လာသည် ။ စကားသာပြောနေသည် မျက်လုံးများကတော့ မဖွင့်သေး ။ အင်း မလုပ် ၊ အဲ မလုပ်ဖြင့် ခွန်းစစ်နိုင် အချိန်အတော်ကြာ ကြောင်အမ်းသွားသည် ။ စဥ်းစားထားသည်များ လွဲသွားတော့မည်ကို ကြိုတင်ရိပ်မိကာ အကျပ်ရိုက်သွားသည် ။ ခေါင်းပူနေချိန် ဖြိုးလေးဆီမှ အသံသေးသေးလေးက ချိုသာစွာ ထွက်ပေါ်လာသည် ။

" ဒီနေ့ လူကြီးနဲ့ကုမ္ပဏီ လိုက်တော့ဘူးနော် ။ သား အိမ်မှာတင် ကာတွန်းကား ကြည့်တော့မယ် ။ ပျင်းတယ် ။ အပြင်ထွက်ချင်ဘူး "

ခွန်းစစ်နိုင် တိတ်တခိုး ပျော်ရွှင်သွားရသည် ။ ပျော်ရွှင်စရာကိစ္စ မဟုတ်ပေမယ့်... ဘာကြောင့် သဘောကောင်းနေသလဲဆိုတာ တွေးသင့်မှန်းသိပေမယ့် တွေးဖို့ကို လစ်လျူရှုလိုက်သည် ။ ဖြိုးလေး၏ ဆံပင်စုပ်ဖွားလေးကို လက်ဖြင့်ထပ်ဖွလိုက်ကာ နဖူးကို ဖွဖွလေး နမ်းလိုက်သည် ။ မျက်နှာနုနုလေးကို ငုံ့မိုးကြည့်တော့ ဟာ...ဟွားသန်းနေလေရဲ့ ။ ဒီမှာ....ဒီကောင်ကြီးကတော့ အားရပါးရ sweet ပြနေတာကို....

" ကိုယ် စောစောပြန်ခဲ့မယ် ။ ကလေးကြိုက်တဲ့မုန့်တွေကော အရုပ်တွေကော အပြန်ကျ အများကြီး ဝယ်ခဲ့မယ်နော် "

ခေါင်းကိုသာ လေးပင်စွာ ငြိမ့်ပြသည် ။ စကားသံတော့ တစ်ခွန်းမှ ထွက်မလာ ။ အိပ်ချင်မူးတူးဖြစ်နေ၍ ဖြစ်ပါလိမ့်မည် ။ လေဆိပ်ချိန် နောက်ကျမည် စိုးသောကြောင့် ဇွန်ဖြိုးခေါင်းကို ဖွဖွလေးပုပ်ကာ ထလာလိုက်သည် ။ ကားနားရောက်တဲ့အထိ အိမ်ထောင်ရှင်လေးတစ်ယောက်လ်ို လိုက်ပို့ပေးသည် ။ မြတ်နိုးခြင်းထက်ပိုသော မြတ်နိုးခြင်းဖြင့် ကျွန်တော် ဤလူသားကို မြတ်နိုးမိသည် ။ ခဏတာ ခွဲခွာရမည်ကိုပင် စိုးထိတ်လာသောကြောင့် ချစ်သူ၏ပါးမို့မို့လေးအား နှုတ်ခမ်းဖြင့် တံဆိပ်နှိပ်ခဲ့သည် ။ တဖြည်းဖြည်း ဝေးကွာသွားကာ ကျန်ရစ်နေခဲ့သော ပုံရိပ်လေးအား နောက်ကြည့်မှန်မှတစ်ဆင့် မြင်နေရသည် ။ ဝေးကွာခြင်းဆိုသည်ကို တဒင်္ဂတောင် မနှစ်မြို့သောကြောင့် လီဗာကို ဖိနင်းကာ အရှိန်ကုန်မြှင့် မောင်းလိုက်သည် ။

နံနက်ခင်းရောင်ခြည်သည် အကျည်းတန်ဆန်လွန်းလှပါသည် ။ စူးရဲရဲနေရောင်အောက်တွင် မျက်ဝန်း၌ ရေစက်များက ခိုသီးလျက် ။ အဖော်မပါသောလမ်းကို တစ်ယောက်တည်း လျှောက်လှမ်းရသည့်အတွက် ခြေလှမ်းများက ဖြည်းညင်းစွာ ။ ဤလမ်းမထက် ကျွန်ုပ်၏ခြေရာများ မကျန်ခဲ့စေလိုပါ ။ သူ၏ဘဝအတွင်းမှ ကျွန်ုပ်၏ဖြစ်တည်မှုကို အရှင်းတိုင် ပျောက်ကွယ်သွားစေလိုပါသည် ။ ချစ်ရသူ မည်သို့တုန့်ပြန်မည်ကို အတပ်သိနေပါသော်လည်း သူ ဒီလမ်းကိုသာ ရွေးချယ်ခဲ့မိပါသည် ။ ကြည့်နေရင်းမှ ပက်ဝန်းကျင်သည် ဝေဝါးလာခဲ့သည် ။ မြင်ကွင်းမရှင်းတော့သောကြောင့် မျက်တောင်အမြန်ခပ်ကာ မျက်ရည်စတို့ကို ဖယ်ရှားပစ်လိုက်ရသည် ။ ရှင်းလင်းလာသော မြင်ကွင်းနှင့်အတူ ကားတစ်စီးသည် သူရှိရာသို့ ဦးတည်လျက် ။ ခေါ်သံတစ်စွန်းတစ်စကို ကြားလိုက်သော်လည်း ရှောင်ချိန်မရ ။ ကတ္တရာလမ်းပေါ် အရုပ်တစ်ရုပ်လို ပစ်လဲကျသွားသည်ကိုပင် သတိထားမိလိုက်သည် ။ နောက်ကျိသွားသောခေါင်းနှင့်အတူ အရာအားလုံးသည်လည်း မှောင်အတိ ။ ယခုလို အဆုံးသတ်လိုက်တာလည်း ကောင်းပါတယ် ။ ခင်ဗျားမရှိတဲ့နေရာမှာလည်း ကျွန်တော် မနေချင်ဘူး ။

" ငယ်......"

ကျယ်လောင်သော အော်သံသည် နားထဲတွင် ပဲ့တင်ထပ်နေသည် ။ အသံပိုင်ရှင်သည် ကျွန်ုပ်၏ချစ်ရသူ မဟုတ်ခဲ့ ။ ဝေးကြဖို့ ရည်ရွယ်ထားပေမယ့်လည်း ကျွန်တော့်နောက်ဆုံးအချိန်မှာတော့ ခင်ဗျားကို ရှိနေပေးစေချင်မိတယ် ။ အခုချိန် ကျွန်တော့်အနားမှာ ခင်ဗျားမရှိတာကိုတော့ ကျွန်တော် နောင်တရမိတယ် ။ ကျွန်တော်လေ.... ကိုခွန်းစစ်နဲ့ ဘယ်တော့မှ မတွေ့ဆုံနိုင်တော့မယ့် ဟိုး....အဝေးဆုံးဆီကို သွားရတော့မှာဗျ ။ ထပ်တွေ့ချင်လွန်းလို့တောင် တွေ့ခွင့်မရှိတော့ဘူး ။ ကိုခွန်းစစ်ကို အဝေးကနေ ငေးကြည့်နိုင်ခွင့်တောင် မရှိတော့မယ့် ဟိုး.....အဝေးဆုံး အရပ်ဆီကိုပေါ့...... အခုလို သွားလိုက်ရတာ ကောင်းတယ်လို့ တွေးနေပေမယ့် အခြားတစ်ဖက်မှာ ကျွန်တော် စိုးထိတ်စွာ အရမ်းကြောက်နေမိတယ် ။ ကိုခွန်းစစ်ရဲ့ အရ်ိပ်လေးတောင် ဖြစ်ခွင့်မရှိတော့မယ့် ဟိုး....အဝေးဆုံးအရပ်ဆီကို သွားရတော့မှာမို့......

အားယူကာ မျက်လုံးများဖွင့်ဖို့ ကြိုးစားသော်လည်း အမှောင်ထုကြီးကသာ ထပ်ခါတလဲလဲ ပြန်လည် ကြီးစိုးသွားသည် ။ ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်ကာ ကိုက်ခဲနေသည် ။ ခေါင်းတစ်ခုလုံးက မူးဝေကာ ထုံထိုင်းလို့ ။ ကျွန်တော် အရမ်းနာကျင်နေတယ် လို့ ကိုခွန်းစစ်ရင်ခွင်ထဲ ပြေးဝင်ပြီး အော်ငိုပစ်လိုက်ချင်တာဗျာ...... ကျွန်တော့်ရဲ့ဘေးမှာ အခုချိန် ကိုခွန်းစစ်များရှိရင် နာကျင်မှုတစ်ဝက်လောက်တော့ သက်သာသွားမှာ ။ ပြီးတော့ ကျွန်တော် အေးအေးချမ်းချမ်းလည်း ထွက်သွားနိုင်မယ် ထင်တယ် ။

နာကျင်နေသောခန္ဓာကိုယ်သည် တဖြည်းဖြည်း ပို၍ထုံကျင်လာကာ ကိုယ့်ရဲ့ခန္ဓာကိုယ် မဟုတ်တော့သလိုပင် သတိကင်းသွားသည် ။ ကျွန်တော် မရှိတော့တာသိရင် ကိုခွန်းစစ် ငိုများငိုနေမလားဟင် ။ မဖျောက်ဖျက်ရသေးတဲ့ အမှတ်တရတွေကို ပြန်တွေးပြီးများ လွမ်းနေမှာလား..... ဟင့်အင်း....မငိုပါနဲ့ ။ မလွမ်းပါနဲ့ ။ ကိုခွန်းစစ်ရဲ့ မျက်ရည်တွေကော ကိုခွန်းစစ် ခံစားရတာတွေကော ကျွန်တော် မမြင်ချင်ဘူး ။ ဟက်...မြင်ရတော့မှာ မဟုတ်ပေမယ့်ပေါ့ ။ အမှတ်တမဲ့ဖြစ်ဖြစ် တိုက်ဆိုင်မှုရှိလာခဲ့ရင် ကျွန်တော့်နာမည်လေးကို သတိရပေးရုံနဲ့တင် ကျေနပ်တယ် ။

နီးစပ်ခြင်းထက် ခွဲခွာခြင်းက
ကျွန်တော်တို့နှစ်ယောက်အတွက်
ပို သင့်တော်တယ် ထင်ပါရဲ့......
”တစ်ချိန်က ”ဆိုတဲ့ အတိတ်နွံထဲမှာဘဲ ကျွန်တော့်ကို ပိတ်လှောင်ထားပေးပါ ။


•••••••••••••••••••••••





Zawgi//

" ဖြိုး‌ေလး အခန္းျပန္အိပ္ေတာ့ေလကြာ ေနာ္ "

ဆူပုပ္ကာ မ်က္ေစာင္းထိုးၿပီး အျခားဘက္သို႔ လွည့္သြားသည္ ။ အခန္းေ႐ႊ႕ဖို႔ကား စိတ္ကူးရွိပုံမေပၚ ။ ေပါင္ေပၚအခန့္သားတက္ထိုင္ကာ ကေလးတစ္ေယာက္လ္ို ဂ်ီက်ေနေပသည္ ။ က်န္းမာေရးအေျခအေန မည္သို႔ျဖစ္မည္ကို မသိေသာေၾကာင့္ ၿမိဳ႕ျပင္ၿခံဆီမသြားဘဲ ယခင္အိမ္မွာတင္ ျပန္ေနလိုက္သည္ ။ က်န္းမာေရးအေျခအေန မသိဘူးသာ ေျပာတာပါ ။ ကြၽန္ေတာ့္နားက တစ္လက္မ မျခားမခြာ႐ုံကလြဲ က်န္တာပုံမွန္သာပင္ ။

" သြားဘူးဗ်ာ သြားခ်င္ဘူး လူႀကီးနဲ႕ဘဲ တူတူအိပ္မယ္ "

ႏြဲ႕ဆိုးဆိုးေနေသာ လူသားေလးက ေဘးတြင္ရွိေသာေၾကာင့္ ဒီေန႕လမင္းႀကီးက ယခင္ေန႕မ်ားထက္ ပို၍ေတာက္ပကာ လင္းလက္ေနသေယာင္ ။ ၾကယ္ေလးမ်ားကလည္း စုံညီစြာ လင္းလက္လို႔ ။

" ကေလး မအိပ္ခ်င္ေသးဘူးဆိုရင္ ၾကယ္ေလးေတြ သြားၾကည့္ၾကမလား "

ေခါင္းကို ဆက္တိုက္ၿငိမ့္ျပကာ အလွဆုံး ျပန္ၿပဳံးျပသည္ ။ ကြၽန္ေတာ့္အတြက္ေတာ့ ဤလူသားက ကြၽန္ေတာ္ႏွင့္မထိုက္တန္ေအာင္ ျဖဴစင္ကာ အျပစ္ကင္းလြန္းပါသည္ ။

" လူႀကီး ခ်ီ ။ လမ္းေလွ်ာက္ခ်င္ဘူး "

မ်က္ေမွာင္ေလးၾကဳတ္ကာ ခြၽဲလာတာေၾကာင့္ မေနနိုင္စြာ နဖူးကို လက္ျဖင့္ဖြဖြေလးေတာက္လိုက္သည္ ။ ထို႔ေနာက္ ဝရန္တာဘက္သို႔ ခ်ီေပြ႕လာခဲ့သည္ ။ ဝရန္တာတြင္ ၿဖိဳးေလးစိုက္ပ်ိဳးထားေသာ ပန္းအိုးေလးမ်ားက ေလေျပညင္းႏွင့္အၿပိဳင္ကေနၾကသည္ ။ ေလသင့္တိုင္း ေမႊးပ်ံ့လာေသာ ပန္းရနံ႕မ်ားက စိတ္ကို ပီဘိၾကည္ႏူးေစပါသည္ ။

ပန္းပင္စိုက္ရတာ ဝါသနာပါလို႔ဆိုၿပီး အခန္းေရွ႕ ဝရန္တာတြင္ ပန္းပင္မ်ား စိုက္တတ္ေသာ ၿဖိဳးေလးက သူအႀကိဳက္ဆုံး ကာေနရွင္းပန္းကိုေတာ့ မစိုက္ပါ ။ အနီးမွာရွိရင္ မေနနိုင္ဘဲ အလြယ္တကူခူးမိမွာစိုးလို႔တဲ့ ။ တကယ္ပါ ကြၽန္ေတာ့္လူသားေလးက အာ့လိုအေတြးဆန္းဆန္းေလးေတြလည္း ေတြးတတ္ေသးတာ ။

" လူႀကီးကို ကြၽန္ေတာ္ သီခ်င္းဆိုျပမယ္ "

အစမရွိ အဆုံးမရွိေျပာလိုက္ေသာေၾကာင့္ ခြန္းစစ္နိုင္ ေၾကာင္အမ္းသြားေသာ္လည္း ခ်က္ခ်င္း အမူအရာျပန္ထိန္းလိုက္သည္ ။ ၿဖိဳးေလး အရွက္အေၾကာက္ႀကီးတာ သူအသိဆုံးေလ ။ အာ့လိုလူက သီခ်င္းဆိုျပမည္ ဆိုေတာ့ အထူးအဆန္းေတာ့ ျဖစ္မိသား ။

" ကိုင္း ကိုယ့္ကေလးေလးက ကိုယ့္ကို ဘာသီခ်င္းဆိုျပမွာ ။ ဆိုျပပါအုံးဗ်ာ "

" ဟိ ေသခ်ာနားေထာင္ေနာ္ ဆိုေတာ့မယ္ ။ အဟမ္း...

ထို႔ေနာက္ သီခ်င္းသံသဲ့သဲ့သည္ ခ်စ္ရသူ၏ႏႈတ္ဖ်ားဆီမွ တီးတိုးထြက္ေပၚလာခဲ့သည္ ။

' ေနညိုခ်ိန္ တို႔ေဝးရမယ္ သိထားလည္း ေနာက္ဆုံးစကားေတြ ကိုယ္မေျပာခ်င္......အလွဆုံးမင္းရဲ႕ မ်က္ဝန္းက......'

သီခ်င္းသံမဆုံးေသးခင္ ခြန္းစစ္နိုင္ အထိတ္တလန့္ လွမ္းတားလိုက္မိသည္ ။ဇြန္ၿဖိဳးကေတာ့ မ်က္လုံးပုပ္ကလပ္ ပုပ္ကလပ္ႏွင့္ သူ႕ကိုအူေၾကာင္ေၾကာင္ေလး ေငးစိုက္ၾကည့္ေနသည္ ။ သူ႕တစ္သက္မွာ ခ်စ္ရသူ၏ေတာင္းဆိုမႈေၾကာင့္ သူတစ္ႀကိမ္သာ သီခ်င္းဆိုခဲ့ဖူးသည္ ။ ဆိုခဲ့ဖူးေသာ ထိုသီခ်င္းသည္ ယခု ၿဖိဳးေလးဆိုသည့္သီခ်င္းသာ ျဖစ္ေနျခင္းသည္ တိုက္ဆိုင္မႈသက္သက္ပင္လား ??

" ဟိဟိ ကြၽန္ေတာ့္္အသံေၾကာင့္ လူႀကီးတစ္ေယာက္ ဟက္ထိသြားၿပီ ။ ထပ္မဆိုခိုင္းနဲ႕ေနာ္ ။ သားက အိပ္ေတာ့မွာ "

ကြၽန္ေတာ့္ျပန္အေျပာကို မေစာင့္ဘဲ ကုတင္ဆီ ေျပးသြားသည္ ။ ကုတင္ေပၚမလွဲခင္ ကြၽန္ေတာ့္ဘက္လွည့္ၿပီး လွ်ာထုတ္ျပသြားေသးသည္ ။ ကြၽန္ေတာ္သာ အေတြးေပါင္းမ်ားစြာႏွင့္ တစ္ေယာက္တည္း ေယာက္ယက္ခတ္လို႔.......

ကိုယ့္အေနနဲ႕ေတာ့
ဘာေတြဘဲျဖစ္ခဲ့ ျဖစ္ခဲ့ ဘာေတြဘဲ ျဖစ္ေန ျဖစ္ေန
မင္းတစ္ေယာက္ကိုဘဲ ေရွ႕တန္းတင္ေတာ့မယ္လို႔ ရည္႐ြယ္ထားတယ္........

•••••••••••••••••••••

" လူႀကီး မသြားနဲ႕လို႔ ကြၽန္ေတာ့္ကို မထားခဲ့ပါနဲ႕ဆို... တူတူသြားမယ္ေလ ။ တူတူသြားမယ္လို႔.... "

ခြန္းစစ္နိုင္၏အိပ္ခန္းအတြင္း ေသးငယ္ေသာ ႐ုန္းရင္းဆန္ခတ္မႈတစ္ခု ျဖစ္ေပၚေနခဲ့သည္ ။ ဝတ္စုံအျပည့္အစုံ ဝတ္ထား၍ လက္ဆြဲအိတ္ယူကာ အလုပ္သြားရန္ ျပင္ေနေသာ ခြန္းစစ္နိုင္ကို ဇြန္ၿဖိဳးတစ္ေယာက္ ခိုစီးကာ အတင္းဆြဲထားသည္ ။ ခြန္းစစ္နိုင္ ေခါင္းရႈပ္လာသျဖင့္ အားေနေသာ လက္တစ္ဖက္ႏွင့္ ေခါင္းကို နာနာဖိကုပ္လိုက္သည္ ။ ဤသည္ကိုပင္ ဇြန္ၿဖိဳးကဘသတိထားမိသြားကာ မၾကည္ၾကည့္ ၾကည့္ေလသည္ ။

" ဟိုက် ဘယ္သူမွမရွိဘူး ကေလးရ ။  ကိုယ္ အစည္းအေဝးလုပ္ေနတုန္း ကေလးက အျပင္မွာ တစ္ေယာက္တည္း ေစာင့္ေနရမွာေနာ္ ။ ကစားေဖာ္လည္း မရွိဘူး ။ ေဟာ... ဘယ္ေလာက္ ပ်င္းစရာေကာင္းလိုက္လဲ "

ခြန္းစစ္နိုင္ ေခ်ာ့ေမာ့ကာ နားခ်သည္ ။ သို႔ေသာ္ မရ ။ ဂ်စ္ကန္ကန္နိုင္ေသာ အေကာင္ေပါက္က ဆူပုပ္ေနကာ ဆြဲထားသည္ကိုလည္း မလႊတ္ေပးေခ် ။ ခြန္းစစ္နိုင္တစ္ေယာက္ ရယ္ရခက္ ငိုရခက္ႏွင့္ပင္ ေခါင္းကုပ္ေနရသည္ ။

" ပ်င္းပါဘူး ။ လူႀကီးရွိေနတာဘဲကို ။ သားက လူႀကီးမ်က္ႏွာျမင္ေနရရင္ကို ထမင္းေမ့ဟင္းေမ့ အကုန္ေမ့ၿပီး အလိုလိုေပ်ာ္ေနတာကို ။ ဟင့္...လူႀကီးက သိလည္းသိဘူး ။ လူႀကီးက ကြၽန္ေတာ့္ကို ဂ႐ုမစိုက္ဘူး...အီး....ဟီး....လူႀကီးက ကြၽန္ေတာ့္ကို အေလးမထားဘူး....."

ေျပာေနရင္းမွ ခ်ဳံးပြဲခ်ကာ ေအာ္ငိုပါေတာ့သည္ ။ ေဘးလူၾကားလွ်င္ ကြၽန္ေတာ္ကဘဲ မ်က္ကြယ္ျပဳနိုင္သူ...ႏွိပ္စက္နိုင္သူေပါ့ ။ တယ္လည္း တတ္နိုင္လြန္းတဲ့ ေကာင္ေလးပါပင္ ။ သူ႕မွာ မ်က္စိေရွ႕က မနိုင္စိန္ေလးကို ျမတ္နိုးစိတ္ျဖင့္ ေငးၾကည့္ေနမိသည္ ။ဒီအခိုက္အတန့္ေလးကို သူႏွစ္သက္ပါသည္ ။ ငယ္ေလးႏွင့္ အခုလို ေပ်ာ္႐ႊင္ရတဲ့ သာမန္ဘဝေလးကိုဘဲ သူပိုင္ဆိုင္ခ်င္ခဲ့တာ ။ သူ႕လိုအင္ေတြ အမွန္တကယ္ ျပည့္ဝခဲ့ေလၿပီလား.......

ကေလးငယ္တစ္ေယာက္လို ေအာ္ငိုေနေသာ ခ်စ္ရသူကို မနိုင္သည့္အဆုံး ကုမၸဏီသို႔ ေခၚလာခဲ့ရသည္ ။ ကုမၸဏီေရာက္လို႔ လိမၼာသြားသည္ေတာ့ မထင္ေလႏွင့္ ။ အစည္းအေဝးခန္းေတာင္မေရွာင္ ကြၽန္ေတာ့္ေနာက္သ္ို႔ တေကာက္ေကာက္ လိုက္ေလေတာ့သည္ ။ ကြၽန္ေတာ့္ အေပၚဝတ္ ကုတ္အနားစက သူ႕အပိုင္ ။ ကုတ္အနားစကို ကိုင္ၿပီး မေညာင္းနိုင္ဘဲ ကြၽန္ေတာ့္ေနာက္ကို တစ္ဖဝါးမခြာ ေလွ်ာက္လိုက္ေနသည္ ။ အိမ္သာေတာင္ မျဖစ္လို႔ အခန္းထဲ မဝင္တာတဲ့ ။ သို႔ေသာ္ အခန္းျပင္မွာေတာ့ မတ္တပ္ရပ္ကာ ေစာင့္တာပင္......

•••••••••••••••••••

ကြၽန္ေတာ္ အရင္စစ္ခင္းတဲ့ပြဲ......
ေအာင္လံကိုလည္း ကြၽန္ေတာ္ ရယူသင့္တယ္ ။ လင္းသူခန့္တစ္ေယာက္ ေဆး႐ုံမွျပန္လာသည့္ေန႕ကတည္းက ခြန္းစစ္နိုင္ႏွင့္ ပတ္သက္သည့္ အခ်က္အလက္မွန္သမွ်ကို စုေဆာင္းခဲ့သည္ ။ မိသားစုႀကီးျဖစ္သည့္အျပင္ လွ်ို႔လည္းလွ်ို႔ဝွက္သည့္အတြက္ အေတာ္ပင္ စုံစမ္းလ္ုက္ရသည္ ။ စုံစမ္းရင္းျဖင့္ ခြန္းစစ္နိုင္၏ဘဝအေၾကာင္းကို လင္းသူခန့္ ပိုမိုသိလာသည္ ။ သူထင္ခဲ့သည္က ခြန္းစစ္နိုင္ကို အစစအရာရာ ျပည့္စုံသည့္သူဟူ၍..... သို႔ေသာ္ ခြန္းစစ္နိုင္၏အျဖစ္က ေလပူေဖာင္းတစ္လုံးလို အျပင္ကၾကည့္လွ်င္ ျပည့္ဝသည္ထင္ရေပမယ့္ တကယ့္တကယ္ေတာ့ ဘာမွမရွိ ။ လက္ဆုပ္လက္က္ိုင္ပင္ ျပ၍မရနိုင္သည့္ ေလသက္သက္သာ......

ငယ္စဥ္ကတည္းက မိခင္ကပစ္သြားသျဖင့္ ဖခင္ႏွင့္ေနခဲ့ရသည္ ။ မိသားစုေႏြးေထြးမႈ ၊ မိတ္ေဆြေတြရဲ႕ရင္းႏွီးမႈ ၊ ခ်စ္ျခင္းတရားေတြအားလုံးက သူႏွင့္မသက္ဆိုင္သည့္အရာေတြ ျဖစ္ခဲ့သည္ ။ ခြန္းစစ္နိုင္ႏွင့္ယွဥ္လွ်င္ သူ႕ဘဝက အပုံႀကီးသာေနသည္ဟု ထင္မိသည္ ။ ခြန္းစစ္နိုင္ ငယ္ေလးကို ပိုင္ဆိုင္ရသည့္အျဖစ္ကို ျပန္ေတြးလွ်င္ေတာ့ ညီတူညီမွ်ျဖစ္သြားသည္ ထင္သည္ ။

အခ်က္အလက္မ်ားကို စုေဆာင္းရင္းျဖင့္ သူလိုခ်င္သည့္အခ်က္အလက္မ်ား ပါလာသည္ ။ အေရးႀကီးဆုံးက ငယ္ေလးအေဖနဲ႕ဆရာ ဆုံးရျခင္းက ခြန္းစစ္နိုင္ပေယာဂ မကင္းျခင္းပင္ ။ ဒုစရိုက္ေမွာင္ခိုမ်ားလည္း ရွိေသးသည္ ။ ေငြနဲ႕ဖုံးနိုင္တာရယ္ ၊။ပိရိေသခ်ာလြန္းတာရယ္ေၾကာင့္ အျပစ္မေပၚတဲ့ လူသတ္မႈတစ္ခ်ိဳ႕ ။ လင္းသူခန့္ သူ႕အသက္ကိုရင္းၿပီး ေရဆုံးေျမဆုံး ရွာေဖြခဲ့လို႔သာ ဤအခ်က္အလက္မ်ားကို ရခဲ့ျခင္းျဖစ္သည္ ။  သူ႕အေတြးထဲမွာ ဒါေတြကို ငယ္ေလးသိခဲ့ရင္ ခြန္းစစ္နိုင္အနား ကပ္စရာလုံးဝ အေၾကာင္းရွိေတာ့မည္ မဟုတ္ ။ ထိုအခ်က္ကိုသာ ေမွ်ာ္လင့္ၿပီး သူ႕အသက္ကိုစြန့္ကာ စုံစမ္းခဲ့သည္ ။

သူ ၾကားခဲ့ဖူးေသာ ကဗ်ာတစ္ပုဒ္မွာ ခ်စ္ျခင္းတရားက ပိုင္ဆိုင္ဖို႔ မဟုတ္ဘူး ။ တန္ဖိုးထားျခင္း တဲ့ ။ အာ့တာေတြကို သူ စိတ္မဝင္စားပါ ။ ဇြန္ၿဖိဳးဆိုေသာ လူသားကို သူတန္ဖိုးထားသလို ပိုင္လည္းပိုင္ဆိုင္ခ်င္သည္ ။ သူ႕ရဲ႕ခံစားခ်က္က ညံ့ဖ်င္းတယ္... အခ်စ္လို႔ ဆိုဖြယ္မရွိဘူးဟု စြပ္စြဲၿပီး အတၱလို႔ ဝိုင္းေခါင္းစဥ္တပ္ၾကမလား.... ဇြန္ၿဖိဳးဆိုေသာ လူသားက သူ႕အတြက္ မရွိမျဖစ္ လိုအပ္ေသာအရာ ။ ျမတ္နိုးလြန္းေသာေၾကာင့္ တယုတယ ျပဳစုထားခ်င္သည္ ။ တစ္ပါးသူ လွမ္းခူးမည့္အေရးမွာေတာ့ သူလည္း လက္မေႏွးနိုင္ ။ ရယူပိုင္ဆိုင္ခ်င္သည္ ။ ရယူပိုင္ဆိုင္နိုင္ဖို႔လည္း ႀကိဳးစားမည္ ။ တစ္ပါးသူကိုေတာ့ လြယ္လြယ္မေပးနိုင္ ။ ဒါက သူ႕ရဲ႕အတၱဆိုလည္း သူလက္ခံလိုက္ပါမည္ ။ သူ႕အတြက္က ထိုလူသားကို ပိုင္ဆိုင္ရဖို႔သည္ အရာအားလုံးထက္ အေရးႀကီးဆုံးအရာအျဖစ္ ျဖစ္တည္ေနသည္ ။

•••••••••••••••••••

ေဆး႐ုံမွဆင္းလာကတည္းက ဇြန္ၿဖိဳးတစ္ေယာက္ ခြန္းစစ္နိုင္အခန္းမွာပင္ အၿမဲအိပ္ေတာ့သည္ ။ ခြန္းစစ္နိုင္ကို ျမင္နိုင္ေသာအကြာအေဝးအတြင္းမွ ထြက္မသြားေစခ်င္ဘူး ဟူသည့္ ဇြန္ၿဖိဳး၏ဆႏၵေၾကာင့္ အၿမဲ တပူးပူးတတြဲတြဲ ျဖစ္ေနရသည္ ။ ၿငိဳျငင္လား စိတ္ရႈပ္လားဟု ေမးလွ်င္ေတာ့ သူေခါင္းရမ္းရလိမ့္မည္ ။ ဒီအခ်ိန္ေလးေတြ စကၠန့္ခ်င္းတိုင္းက သူ႕အတြက္ ျမတ္နိုးဖြယ္ အမွတ္တရမ်ားသာ......

တ႐ုတ္ကို ျပန္သြားတာ တစ္လပင္ မၾကာေသး ။ ဘာကိစၥ ရွိ၍မသိ ။ ျမန္မာျပည္ ျပန္လာေနၿပီ ။ အေရးႀကီးကိစၥရွိ၍ ေတြ႕ခ်င္ပါသည္ ။ ေလဆိပ္လာႀကိဳလွည့္ပါ ဆိုေသာေၾကာင့္ သူသြားေတြ႕ရေပအုံးမည္ ။ ၿဖိဳးေလးကိုေတာ့ ေခၚသြား၍မရ ။ ေခၚသြား၍ ျပသာနာျဖစ္မည္ထက္ ၊ သူ႕နာက်င္ဖြယ္အတိတ္ေတြ ျပန္နိုးထလာမည္ထက္ ၊ ၿဖိဳးေလးတစ္ခုခုျဖစ္သြားမည္ကို သူ ေသေလာက္ေအာင္ ေၾကာက္ရပါသည္ ။

မနက္ခင္းေနေရာင္ျခည္ ဝင္လာမည္ စိုးေသာေၾကာင့္ ျပတင္းတံခါးပင္ မဖြင့္ေတာ့ဘဲ အိပ္ယာမွ တိတ္တိတ္ေလး ထလာလိုက္သည္ ။ ေရခ်ိဳးခန္းထဲသို႔ ေျခသံလုံေအာင္ ဖြနင္းၿပီး ဝင္ရသည္ ။ ၿဖိဳးေလးနိုးလာၿပီ ဂ်ီက်လွ်င္ သူရွင္းမရ ျဖစ္ေပလိမ့္မည္ ။ ထိုစဥ္.....

" လူႀကီးက အေစာႀကီး နိုးတာကို ။ သားက် မႏွိုးဘူး "

အိပ္မႈန္စုပ္ဖြားျဖင့္ ေခါင္းကုပ္ၿပီး ေရခ်ိဳးခန္းထဲ လိုက္ဝင္လာသည္ ။ စကားသာေျပာေနသည္ မ်က္လုံးမ်ားကေတာ့ မဖြင့္ေသး ။ အင္း မလုပ္ ၊ အဲ မလုပ္ျဖင့္ ခြန္းစစ္နိုင္ အခ်ိန္အေတာ္ၾကာ ေၾကာင္အမ္းသြားသည္ ။ စဥ္းစားထားသည္မ်ား လြဲသြားေတာ့မည္ကို ႀကိဳတင္ရိပ္မိကာ အက်ပ္ရိုက္သြားသည္ ။ ေခါင္းပူေနခ်ိန္ ၿဖိဳးေလးဆီမွ အသံေသးေသးေလးက ခ်ိဳသာစြာ ထြက္ေပၚလာသည္ ။

" ဒီေန႕ လူႀကီးနဲ႕ကုမၸဏီ လိုက္ေတာ့ဘူးေနာ္ ။ သား အိမ္မွာတင္ ကာတြန္းကား ၾကည့္ေတာ့မယ္ ။ ပ်င္းတယ္ ။ အျပင္ထြက္ခ်င္ဘူး "

ခြန္းစစ္နိုင္ တိတ္တခိုး ေပ်ာ္႐ႊင္သြားရသည္ ။ ေပ်ာ္႐ႊင္စရာကိစၥ မဟုတ္ေပမယ့္... ဘာေၾကာင့္ သေဘာေကာင္းေနသလဲဆိုတာ ေတြးသင့္မွန္းသိေပမယ့္ ေတြးဖို႔ကို လစ္လ်ဴရႈလိုက္သည္ ။ ၿဖိဳးေလး၏ ဆံပင္စုပ္ဖြားေလးကို လက္ျဖင့္ထပ္ဖြလိုက္ကာ နဖူးကို ဖြဖြေလး နမ္းလိုက္သည္ ။ မ်က္ႏွာႏုႏုေလးကို ငုံ႕မိုးၾကည့္ေတာ့ ဟာ...ဟြားသန္းေနေလရဲ႕ ။ ဒီမွာ....ဒီေကာင္ႀကီးကေတာ့ အားရပါးရ sweet ျပေနတာကို....

" ကိုယ္ ေစာေစာျပန္ခဲ့မယ္ ။ ကေလးႀကိဳက္တဲ့မုန့္ေတြေကာ အ႐ုပ္ေတြေကာ အျပန္က် အမ်ားႀကီး ဝယ္ခဲ့မယ္ေနာ္ "

ေခါင္းကိုသာ ေလးပင္စြာ ၿငိမ့္ျပသည္ ။ စကားသံေတာ့ တစ္ခြန္းမွ ထြက္မလာ ။ အိပ္ခ်င္မူးတူးျဖစ္ေန၍ ျဖစ္ပါလိမ့္မည္ ။ ေလဆိပ္ခ်ိန္ ေနာက္က်မည္ စိုးေသာေၾကာင့္ ဇြန္ၿဖိဳးေခါင္းကို ဖြဖြေလးပုပ္ကာ ထလာလိုက္သည္ ။ ကားနားေရာက္တဲ့အထိ အိမ္ေထာင္ရွင္ေလးတစ္ေယာက္လ္ို လိုက္ပို႔ေပးသည္ ။ ျမတ္နိုးျခင္းထက္ပိုေသာ ျမတ္နိုးျခင္းျဖင့္ ကြၽန္ေတာ္ ဤလူသားကို ျမတ္နိုးမိသည္ ။ ခဏတာ ခြဲခြာရမည္ကိုပင္ စိုးထိတ္လာေသာေၾကာင့္ ခ်စ္သူ၏ပါးမို႔မို႔ေလးအား ႏႈတ္ခမ္းျဖင့္ တံဆိပ္ႏွိပ္ခဲ့သည္ ။ တျဖည္းျဖည္း ေဝးကြာသြားကာ က်န္ရစ္ေနခဲ့ေသာ ပုံရိပ္ေလးအား ေနာက္ၾကည့္မွန္မွတစ္ဆင့္ ျမင္ေနရသည္ ။ ေဝးကြာျခင္းဆိုသည္ကို တဒဂၤေတာင္ မႏွစ္ၿမိဳ႕ေသာေၾကာင့္ လီဗာကို ဖိနင္းကာ အရွိန္ကုန္ျမႇင့္ ေမာင္းလိုက္သည္ ။

နံနက္ခင္းေရာင္ျခည္သည္ အက်ည္းတန္ဆန္လြန္းလွပါသည္ ။ စူးရဲရဲေနေရာင္ေအာက္တြင္ မ်က္ဝန္း၌ ေရစက္မ်ားက ခိုသီးလ်က္ ။ အေဖာ္မပါေသာလမ္းကို တစ္ေယာက္တည္း ေလွ်ာက္လွမ္းရသည့္အတြက္ ေျခလွမ္းမ်ားက ျဖည္းညင္းစြာ ။ ဤလမ္းမထက္ ကြၽန္ုပ္၏ေျခရာမ်ား မက်န္ခဲ့ေစလိုပါ ။ သူ၏ဘဝအတြင္းမွ ကြၽန္ုပ္၏ျဖစ္တည္မႈကို အရွင္းတိုင္ ေပ်ာက္ကြယ္သြားေစလိုပါသည္ ။ ခ်စ္ရသူ မည္သို႔တုန့္ျပန္မည္ကို အတပ္သိေနပါေသာ္လည္း သူ ဒီလမ္းကိုသာ ေ႐ြးခ်ယ္ခဲ့မိပါသည္ ။ ၾကည့္ေနရင္းမွ ပက္ဝန္းက်င္သည္ ေဝဝါးလာခဲ့သည္ ။ ျမင္ကြင္းမရွင္းေတာ့ေသာေၾကာင့္ မ်က္ေတာင္အျမန္ခပ္ကာ မ်က္ရည္စတို႔ကို ဖယ္ရွားပစ္လိုက္ရသည္ ။ ရွင္းလင္းလာေသာ ျမင္ကြင္းႏွင့္အတူ ကားတစ္စီးသည္ သူရွိရာသို႔ ဦးတည္လ်က္ ။ ေခၚသံတစ္စြန္းတစ္စကို ၾကားလိုက္ေသာ္လည္း ေရွာင္ခ်ိန္မရ ။ ကတၱရာလမ္းေပၚ အ႐ုပ္တစ္႐ုပ္လို ပစ္လဲက်သြားသည္ကိုပင္ သတိထားမိလိုက္သည္ ။ ေနာက္က်ိသြားေသာေခါင္းႏွင့္အတူ အရာအားလုံးသည္လည္း ေမွာင္အတိ ။ ယခုလို အဆုံးသတ္လိုက္တာလည္း ေကာင္းပါတယ္ ။ ခင္ဗ်ားမရွိတဲ့ေနရာမွာလည္း ကြၽန္ေတာ္ မေနခ်င္ဘူး ။

" ငယ္......"

က်ယ္ေလာင္ေသာ ေအာ္သံသည္ နားထဲတြင္ ပဲ့တင္ထပ္ေနသည္ ။ အသံပိုင္ရွင္သည္ ကြၽန္ုပ္၏ခ်စ္ရသူ မဟုတ္ခဲ့ ။ ေဝးၾကဖို႔ ရည္႐ြယ္ထားေပမယ့္လည္း ကြၽန္ေတာ့္ေနာက္ဆုံးအခ်ိန္မွာေတာ့ ခင္ဗ်ားကို ရွိေနေပးေစခ်င္မိတယ္ ။ အခုခ်ိန္ ကြၽန္ေတာ့္အနားမွာ ခင္ဗ်ားမရွိတာကိုေတာ့ ကြၽန္ေတာ္ ေနာင္တရမိတယ္ ။ ကြၽန္ေတာ္ေလ.... ကိုခြန္းစစ္နဲ႕ ဘယ္ေတာ့မွ မေတြ႕ဆုံနိုင္ေတာ့မယ့္ ဟိုး....အေဝးဆုံးဆီကို သြားရေတာ့မွာဗ် ။ ထပ္ေတြ႕ခ်င္လြန္းလို႔ေတာင္ ေတြ႕ခြင့္မရွိေတာ့ဘူး ။ ကိုခြန္းစစ္ကို အေဝးကေန ေငးၾကည့္နိုင္ခြင့္ေတာင္ မရွိေတာ့မယ့္ ဟိုး.....အေဝးဆုံး အရပ္ဆီကိုေပါ့...... အခုလို သြားလိုက္ရတာ ေကာင္းတယ္လို႔ ေတြးေနေပမယ့္ အျခားတစ္ဖက္မွာ ကြၽန္ေတာ္ စိုးထိတ္စြာ အရမ္းေၾကာက္ေနမိတယ္ ။ ကိုခြန္းစစ္ရဲ႕ အရ္ိပ္ေလးေတာင္ ျဖစ္ခြင့္မရွိေတာ့မယ့္ ဟိုး....အေဝးဆုံးအရပ္ဆီကို သြားရေတာ့မွာမို႔......

အားယူကာ မ်က္လုံးမ်ားဖြင့္ဖို႔ ႀကိဳးစားေသာ္လည္း အေမွာင္ထုႀကီးကသာ ထပ္ခါတလဲလဲ ျပန္လည္ ႀကီးစိုးသြားသည္ ။ ခႏၶာကိုယ္တစ္ခုလုံးသည္ နာက်င္ကာ ကိုက္ခဲေနသည္ ။ ေခါင္းတစ္ခုလုံးက မူးေဝကာ ထုံထိုင္းလို႔ ။ ကြၽန္ေတာ္ အရမ္းနာက်င္ေနတယ္ လို႔ ကိုခြန္းစစ္ရင္ခြင္ထဲ ေျပးဝင္ၿပီး ေအာ္ငိုပစ္လိုက္ခ်င္တာဗ်ာ...... ကြၽန္ေတာ့္ရဲ႕ေဘးမွာ အခုခ်ိန္ ကိုခြန္းစစ္မ်ားရွိရင္ နာက်င္မႈတစ္ဝက္ေလာက္ေတာ့ သက္သာသြားမွာ ။ ၿပီးေတာ့ ကြၽန္ေတာ္ ေအးေအးခ်မ္းခ်မ္းလည္း ထြက္သြားနိုင္မယ္ ထင္တယ္ ။

နာက်င္ေနေသာခႏၶာကိုယ္သည္ တျဖည္းျဖည္း ပို၍ထုံက်င္လာကာ ကိုယ့္ရဲ႕ခႏၶာကိုယ္ မဟုတ္ေတာ့သလိုပင္ သတိကင္းသြားသည္ ။ ကြၽန္ေတာ္ မရွိေတာ့တာသိရင္ ကိုခြန္းစစ္ ငိုမ်ားငိုေနမလားဟင္ ။ မေဖ်ာက္ဖ်က္ရေသးတဲ့ အမွတ္တရေတြကို ျပန္ေတြးၿပီးမ်ား လြမ္းေနမွာလား..... ဟင့္အင္း....မငိုပါနဲ႕ ။ မလြမ္းပါနဲ႕ ။ ကိုခြန္းစစ္ရဲ႕ မ်က္ရည္ေတြေကာ ကိုခြန္းစစ္ ခံစားရတာေတြေကာ ကြၽန္ေတာ္ မျမင္ခ်င္ဘူး ။ ဟက္...ျမင္ရေတာ့မွာ မဟုတ္ေပမယ့္ေပါ့ ။ အမွတ္တမဲ့ျဖစ္ျဖစ္ တိုက္ဆိုင္မႈရွိလာခဲ့ရင္ ကြၽန္ေတာ့္နာမည္ေလးကို သတိရေပး႐ုံနဲ႕တင္ ေက်နပ္တယ္ ။

နီးစပ္ျခင္းထက္ ခြဲခြာျခင္းက
ကြၽန္ေတာ္တို႔ႏွစ္ေယာက္အတြက္
ပို သင့္ေတာ္တယ္ ထင္ပါရဲ႕......
”တစ္ခ်ိန္က ”ဆိုတဲ့ အတိတ္ႏြံထဲမွာဘဲ ကြၽန္ေတာ့္ကို ပိတ္ေလွာင္ထားေပးပါ ။

••••••••••••••••••••••••


Pokračovat ve čtení

Mohlo by se ti líbit

8.5K 227 8
'ချစ်သည်' ... နှစ်လုံးထက်မပိုသော စကားလေးက ဘဝကြီးတစ်ခုလုံးကို ဖန်ဆင်းပေးနိုင်သလို ဖျက်လည်းဖျက်ဆီးပစ်နိုင်ရာ၏။ ရှင်သန်စေနိုင်သလို သေလည်းသေဆုံးစေနိုင်ရာ...
40.8M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...