မုန္း၍ခ်စ္ခဲ့သည္ ( မုန်း၍ချစ်...

By Tokebloom

16.5K 1.1K 131

OFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021 More

အပိုင္း(၁)
အပိုင္း (၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၁)
အပိုင္း(၂၂)
The end

အပိုင္း(၂၀)

510 47 8
By Tokebloom

"Off... မင္းမလည္းေနာ္!!!"

Tayသည္ ဒါဏ္ရာ ဗလပြျဖစ္ေနေသာ Off၏လက္မ်ားကို ေမးဆတ္ျပရင္း ေျပာလိုက္တယ္။ သူ၏သူငယ္ခ်င္းေလးကို သနားမိေသာ္လည္း တစ္ခါတရံ နား ရင္းထ႐ိုက္ခ်င္သည္အထိလည္း ျဖစ္ရတယ္။ ဘယ္ႏွယ့္ ေရွ႕ေနလုပ္ၿပီး တရားခံမွားရတယ္လို႔။

"ဒါက... ငါေပ်ာ္ရႊင္ရပါတယ္၊ ငယ့္က စားေကာင္းတယ္တဲ့ကြ"

Off၏မ်က္ႏွာသြင္ျပင္သည္ ေပ်ာ္ရႊင္မွဳကို သိသိသာသာ ခံစားသက္ဝင္ေနေၾကာင္း ေဖာ္ျပေနေလသည္။

"ေအးပါကြာ... သားႀကီးရာ အဆင္ေျပပါေစ၊ ငယ္ေလးက မင္းကိုခ်စ္ခဲ့ပါတယ္ကြ"

အမွန္လည္း Gunသည္ ကၽြန္ေတာ္ကို ခ်စ္ခဲ့ေလတယ္။ ကၽြန္ေတာ္ရခဲ့တဲ့ ဂ႐ုစိုက္မွဳေတြ၊ ခ်စ္ခင္ေလးစားမွဳေတြ၊ ျမတ္ႏိုးတြယ္တာမႈေတြ အားလံုးကို ကၽြန္ေတာ္ပဲ ႐ိုက္ခ်ိဳးေခ်မြခဲ့ျခင္း ျဖစ္ေလ၏။ ကၽြန္ေတာ္ အခုလုပ္ေဆာင္ေနတာေတြ၊ ဂ႐ုစိုက္မွဳေတြက ငယ္ ကၽြန္ေတာ္အေပၚ ထားရွိခဲ့တဲ့ေမတၱာရဲ႕ အပံုတစ္ရာမွာ တစ္ပံုစာေတာင္ မရွိေသးတာ အမွန္ပဲေလ။ Off Jumpol...Fighting!!!

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဟိုလူႀကီးတစ္ေယာက္ ဒီမနက္ Gunအေရွ႕ကို ေရာက္မလာေသးေပ။ ေတြ႕လွ်င္ မသိဟန္ေဆာင္။ မျမင္လွ်င္ ေခ်ာင္းၾကည့္ေနတတ္တဲ့ Gunကို ဘုရားက အျပစ္ေပးသည္ ထင္ပါတယ္။ တစ္လနီးပါး Gun သြားရာေနာက္ တစ္ေကာက္ေကာက္လိုက္ေစာင့္ေရွာက္တတ္သည့္ အကိုOffက ကၽြန္ေတာ္ထင္ထားခဲ့သလို ဟန္ေဆာင္ေနတာမွ မဟုတ္ပဲ။ အခ်ိန္တန္ အခ်စ္နဲ႔ေတြ႕ၿပီး Gunကို ထားသြားခဲ့ေလမည္ဆိုေသာ အေတြးက Gunကို ဘယ္သူကမ်ား ေခါင္းထဲ ရိုက္သြင္းခဲ့ေလသလဲ? ထိုကဲ့သို႔ ဟုတ္ဟန္မတူ။ ကိုယ္က ခ်စ္ရသူမို႔ ကာေျပာေနျခင္းမဟုတ္ေခ်။ အကိုOffသည္ ယခုမွ အရမ္းကို ရိုးသားျကိုးစားေနခဲ့ေလသည္။

"A'Gun... ဒီေန႔ေတာ့ နင္တစ္ေယာက္တည္းပါလား"

Pop၏ ဟိုဟိုဒီဒီ သက္ေရာက္ေသာ အေမးစကားကို Gun မသိခ်င္ေယာင္ေဆာင္လိုက္တယ္။ Pop ဘာေမးခ်င္လဲဆိုတာ Gunသိသားပဲ။

" ဘယ္မွာ ငါတစ္ေယာက္တည္း လာလို႔လဲ P'zeroတို႔ ပါတာပဲ"

Gunက မ်က္ေတာင္တို႔ကို စိုက္ခ်ရင္း အေအးပိုက္ကို ကိုက္ကာ ေျပာလိုက္သည္။

"ေအးပါဟယ္ ထားပါေတာ့ နင္ဒီအပတ္ ေက်ာင္းပိတ္ရင္ ဘယ္သြားမွာလဲ"

အပတ္တိုင္း အပတ္တိုင္း လည္ပတ္တတ္ၾကသည့္ Gunတို႔စကြက္သည္ အၿမဲတမ္း တိုင္တိုင္ပင္ပင္ျဖင့္ သြားလာတတ္ၾကတယ္။

"အင္း စဥ္းစားတုန္းပဲ၊ ငါတို႔ မသြားဖူးတဲ့ေနရာမွာ သြားကစားၾကမလား"

Gunစဥ္းစားထားတာ မရွိတာမို႔ ဒီအတိုင္း အတူတူ မသြားဖူးတဲ့ေနရာကို သြားရန္ စဥ္းစားလိုက္၏။

"ေအး ေကာင္းသားပဲ"

Popကေတာ့ ထံုးစံအတိုင္း ေထာက္ခံသမွဳျပဳၿပီး Tulipကိုပါ ေမးလိုက္သည္။

"Tulip. နင္ေရာ"

"ငါက နင္တို႔ ဘယ္သြားသြား"

Ph screenကို အသဲအမဲၾကည့္ရင္း စာ႐ိုက္ေနသည့္ မိန္းမငယ္ေလးက ပါးစပ္ကလည္း တျမံဳ႕ျမံဳ႕ဝါးေနရင္း ျပန္ေျဖေလသည္။

"ေအး.... ညက် နင္တို႔ႏွစ္ေယာက္ဆီ သြားမယ့္ေနရာ ငါပို႔ေပးမယ္"

"Ok....!!!"

သံုးေယာက္သား စားေသာက္ၿပီးေတာ့ လမ္းခြဲကာ အသီးသီး အိမ္သို႔ ျပန္ခဲ့ၾကတယ္။

_________________________________________

ညေနခင္းဟာ ေနေရာင္ပ်ပ်ျဖာဆင္းေနၿပီး အပူခ်ိန္က သိသိသာသာ က်န္ေနေသးသည္။
ျခံဝန္းထဲမွာ သစ္ပင္ႀကီးေတြ စီစီရီရီစိုက္ပိ်ဳးထားသည္က ငယ္စဥ္က ေျပးလႊားေဆာ့ကစားရင္ အရိပ္ရရန္အတြက္ ရည္းစူးသည္။ ကိုကိုက Gunအေပၚ အေကာင္းဆံုးပဲ။ ယခုအခါ သစ္ပင္ႀကီးေတြက ပို၍ သက္တမ္းရင့္လာသည္မို႔ အရိပ္က ႀကီးလာခဲ့သည္။ ထိုအရိပ္ရ သစ္ပင္မ်ားေအာက္တြင္ Gunတစ္ေယာက္ ေအးေအးလူလူ ထိုင္ေနခဲ့တယ္။ အကိုOffအေၾကာင္း စဥ္းစားရင္းေပါ့။ မေတြ႕ရတာ (၃)ရက္ရွိေလၿပီ။ အိမ္ႀကီးက အက်ယ္ႀကီးမို႔ တကူးတက လာမေတြ႕လွ်င္ မျမင္ႏိုင္ေလာက္ေအာင္ပင္။ အကိုOffကို ေတြ႕ခ်င္ေပမယ့္လည္း Gun မာနေသးေသးေလးက ခြင့္မျပဳေပ။ Gun၏ ေဘးခန္းက လွဳပ္ရွားမႈတစ္စံုတရာ မရွိခဲ့တာ (၃)ရက္တိုင္ခဲ့ၿပီ။

"Gun ဘာလုပ္ေနလဲ "

ေျခသံမၾကားရလိုက္ရပါပဲ ကိုကိုသည္ Gunအနီးနားကို ေရာက္ရွိလာသည္။ အကိုNew၏ ပုခံုးကို ဖြဖြေလးဖက္ကာ ႏွစ္ဦးသား Gunအေရွ႕နားတြင္ ရပ္ေနခဲ့ေလတယ္။

"ကိုကို...အကိုNew "

"မ်က္ႏွာႀကီးက မွိဳင္လို႔၊ ေနမေကာင္းဘူးလား"

"ေကာင္းပါတယ္ ကိုကို....ဟို "

"ဘာေမးမလို႔လဲ ကိုယ့္ကိုေမးေလ"

"ဟို.......!!! ဘာမွ မဟုတ္ေတာ့ပါဘူး ကိုကို"

"အင္း... ကေလး ေမးခ်င္တဲ့အခါ ကိုယ့္ကိုလာေမးေပါ့"

"ဟုတ္ကဲ့"

"စိတ္ထဲမွာ တင္းမထားရဘူး Gun... မေက်နပ္တာ၊ မေပ်ာ္ရႊင္တာ၊ စိတ္ဆိုးတာ၊ စိတ္ေကာက္တာ အကုန္လုပ္ခြင့္ရွိတယ္၊ ကိုယ္အကုန္ ခြင့္ျပဳၿပီးသား၊ စိတ္ထဲမွာ နာက်င္မွဳေတြကို ေပြ႕ပိုက္ထားတဲ့အခါ ကိုယ့္ကေလးက ဒါဏ္ရာအနာတရ ရလာလိမ့္မယ္၊ ကိုယ္ေျပာတာ သေဘာေပါက္လား၊ ဖြင့္ထုတ္သင့္တာေတြကို ဖြင့္ခ်လိုက္၊ ကိုယ့္ညီေလး မေပ်ာ္ရႊင္ရတာကို ကိုယ္သေဘာမက်ဘူး"

"ဟုတ္ ကိုကို... Gun နားလည္ပါတယ္"

"အင္း... အၾကာႀကီးမထိုင္နဲ႔ ညေနေစာင္းရင္ ေလစိမ္းေတြတိုက္တယ္၊ ခနေနရင္ အိမ္ထဲဝင္ေနာ္"

ေခါင္းေပၚ လက္ဖဝါးႀကီးႀကီးတစ္ဖက္ ေရာက္ရွိလာၿပီး Gun၏ဆံပင္သားတခ်ိဳ႔ကို ပြတ္တိုက္သြားၿပီးေနာက္ ကိုကိုသည္ သူ၏ခ်စ္ရသူႏွင့္ ျပန္လည္ ထြက္ခြာသြားခဲ့၏။ တေလာကလံုးတြင္ ကၽြန္ေတာ္အေပၚ စိတ္အပူဆံုး၊ ဂ႐ုစိုက္တတ္ဆံုး လူသားကို ျပပါဆိုလွ်င္ ဟိုးအရင္ကေန ခုလတ္တေလာထိ Gun၏ ကိုယ္ပိုင္လက္ၫွိဳးသည္ ကိုကိုတစ္ဦးတည္းကိုသာ ၫႊန္ျပမိမည္မွာ အမွန္ပင္။

"ဟုတ္ ကိုကို"

နာခံစြာ ေခါင္းညိတ္ရင္းGunသည္ ထိုေနရာေလးတြင္ တစ္ဦးတည္း က်န္ခဲ့ေလေတာ့သည္။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"မင္း ဘယ္ခ်ိန္ျပန္လာမွာလဲ Off"

"ငါ တစ္ရက္၊ ႏွစ္ရက္ဆို ျပန္ေရာက္မယ္"

"ငယ္ေလး မ်က္ႏွာမေကာင္းေတာ့ဘူးေနာ္...မင္း၊ ငါေျပးကန္မိေတာ့မယ္"

"ငါေတာင္းပန္ပါတယ္ကြာ၊ ခုကလည္း ငါဘာေၾကာင့္ သြားတယ္ဆိုတာ မင္းသိေနတာပဲ"

"ငါသိေနလို႔ေပါ့ မဟုတ္ရင္ ငါ့အဖြဲ႕သားထဲက လက္ေရြးစင္ေတြလႊတ္ျပီး မင္းကို အေပ်ာက္ရွင္းပစ္တယ္"

"ဟားးး A'Tay &$%@%@$$&$"

"ဟား ဟား ဟား"

သူငယ္ခ်င္းႏွစ္ေယာက္ ေလလွိဳင္းထဲတြင္ တစ္ဖက္ႏွင့္ တစ္ဖက္ အေျခအတင္ စကားမ်ားေနရာမွ လြတ္လပ္စြာ ရယ္ေမာမိေလသည္။

"ငယ္.... ေနေကာင္းလား"

စိတ္ပူစြာ။ စိုးရိမ္ႀကီးစြာ။ စူးနစ္ေနေသာ ၾသရွရွေလသံ။

"အြီးးးးး A'Off မင္း အဲ့ေလသံနဲ႔ ငယ္ေလးကိုပဲသြားေျပာ ငါကသူ႔အကိုပါကြ ႐ိုး႐ိုးတန္းတန္း ေျပာစမ္းပါ"

Tayသည္ အမွန္တကယ္ကိုပင္ သူ၏နားစည္မွတဆင့္ ေသြးေၾကာေတြထဲကို ျဖတ္သန္းစီးဝင္သြားသည္ဟု ခံစားလိုက္ရေသာေၾကာင့္ ေအာ္ဟစ္လိုက္တယ္။

"အြန္း Gun အခုတေလာ ေနေကာင္းလား"

"သတိရရင္ ကိုယ့္ဘာသာ ေမးေပါ့ကြ"

တီ!!!!!!!!!!

phကို ရက္ရက္စက္စက္ ခ်ပစ္လိုက္ေသာ သူငယ္ခ်င္းပါပဲ။ Offသည္ လက္ထဲက ph၏မ်က္ႏွာျပင္ကို ေငးေမာေနခဲ့၏။ ၾကည္လင္ေသာ အျပံဳးႏုႏုေလးျဖင့္ ငယ္သည္ သူ၏Phမ်က္ႏွာျပင္တြင္ ပါးၿခိဳင့္ေလးမ်ား ခြက္ဝင္ေနသည္အထိ ရယ္ေမာေနခဲ့သည္။ ထိုေန႔တုန္းက သူတို႔သူငယ္ခ်င္းေတြကို Offကိုယ္တိုင္ မုန္႔လုပ္ေကၽြးခဲ့သည့္ေန႔။ ထိုေန႔က သူငယ္ခ်င္းမေတြၾကား ငယ္သည္ စိတ္လြတ္လက္လြတ္ ရယ္ေမာေနခဲ့သည့္ေန႔။ ထို႔ေန႔က သူလုပ္ေပးတဲ့ မုန္႔ကို ဟန္မေဆာင္ဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စားခဲ့သည့္ေန႔။ ကိ္ုယ္ ငယ့္ကို လြမ္းလိုက္တာ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"အဆင္သင့္ ျဖစ္ၿပီလား သခင္ေလး"

"လာၿပီဗ်"

Gun၏ အဝတ္အစားအခ်ိဳ႔ကို ထည့္ထားသည့္ အဝတ္အိတ္ကို ကိုယ္ရံေတာ္တစ္ေယာက္က ယူဆင္းသြားႏွင့္ၿပီ။ အိပ္ယာက်ယ္ႀကီးေပၚထိုင္ၿပီး ေလးေထာင့္ဗူးအႀကီးထဲကို တခ်ိဳ႔အရာေလးေတြ ထည့္ေန လိုက္သည္။ မပါမျဖစ္က အကိုOffသူ႔ကို လုပ္ေပးထားတဲ့ ကြတ္ကီးဗူးေလး။ ထိုဗူးေလးကို ဗူးအႀကီး၏ အကန္႔တစ္ခုထဲ ထည့္လိုက္ေတာ့ အံဝင္ဂြင္က်။ ယခုခရီးစဥ္က ကိုကိုၫႊန္းသည့္ ေနရာသို႔သြားရန္ျဖစ္သည္။ ေထြေထြထူးထူးေနရာ မဟုတ္ေပမယ့္ ဒီတစ္ေခါက္က ဘိုးဘြားစဥ္ဆက္ ပိုင္ဆိုင္ခဲ့ၾကသည့္ ကၽြန္းတစ္ခုေပၚက စံအိမ္ကို သြားမည္။ ခရီးသြားရတယ္ ဆိုေပမယ့္ အကိုOffကို မေတြ႕ရရက္ေတြ မ်ားလာေတာ့ Gun မေပ်ာ္မရႊင္ျဖစ္ေနရ၏။ လူႀကီးေရ ဘယ္ကိုေရာက္ေနလဲ ခင္ဗ်ား!!!

Tulip ၊ Pop တို႔ႏွစ္ေယာက္ကို သူမတို႔အိမ္မွ ကားျဖင့္လာပို႔သြားေလသည္။ ယေန႔က ခရီးသြားၾကမည့္ေန႔။ Gunတို႔ လူးဝစ္အိမ္ေတာ္က ကားျဖင့္သြားရန္ စီစဥ္ထားၿပီး လမ္းတစ္ဝက္တြင္ ကိုယ္ပိုင္ေလယာဥ္ျဖင့္ အပန္းေျဖအိမ္ေတာ္ကို သြားရန္ စီစဥ္ထားေလသည္။

"ဟဲ့ အကိုOffက တကယ္ျကီး ေပ်ာက္ေနတာေနာ္"

စပ္စုစိန္ Popသည္ Tulip၏ နားနားကပ္ကာ ခပ္တိုးတိုး ေျပာေလသည္က Tulipကို မဟုတ္သည့္အေတြး ဝင္ေစသည္။

"ဒါမွမဟုတ္ အကိုOffကို အကိုTayကမ်ား Gunကို လွည့္စားလို႔ ......"

Tulipသည္ ညာဘက္လက္ဝါးေစာင္းကို မိမိ၏လည္ပင္းေရွ႕တည့္တည့္က ျဖတ္ျပလိုက္၏။

"အီးးးးးး တကယ္ျကီး အဲ့လိုျဖစ္သြားတာမ်ားလားဟယ္"

"Arrrrrrrrrr"

မိန္းကေလးႏွစ္ေယာက္၏ တစ္ေယာက္ကို တစ္ေယာက္ခုန္ဖက္ကာ သံျပိုင္ေအာ္ဟစ္ေနသံကို အိမ္ေတာ္ထဲရွိ သက္ေတာ္ေစာင့္မ်ားက နားမရွိသကဲ့သို႔ မျကားဟန္ေဆာင္ေနၾကဆဲ။ အလြန္ပင္ တည္ၿငိမ္လြန္းလွသည္။

"အဟမ္း...အဟမ္း... မမေလးတို႔ႏွစ္ေယာက္ခင္ဗ်ာ၊ ကၽြန္ေတာ္က ေျပာသမွ် အကုန္ၾကားရပါတယ္ဗ်၊ မမေလးတို႔ႏွစ္ေယာက္ေျပာသလိုမ်ိဳး လံုးဝ မဟုတ္ရပါဘူးဗ်ာ"

အိမ္ေတာ္အတြင္းကို ေခၚေဆာင္လာသည့္ Gun၏ သက္ေတာ္ေစာင့္တစ္ဦးသည္ မေနႏိုင္စြာ ဝင္ေျပာရသည္။ မဟုတ္လွ်င္ မိမိတို႔ သူေဌးက ညီျဖစ္သူ သခင္ေလး၏ခ်စ္ရသူကို ေခါင္းျဖတ္လိုက္သည္ဟု ထိုကေလးမမ်ားမွ ဇာတ္လမ္းေရးလိမ့္မည္။

"ၾသ!!! အဟီး လန္႔သြားတာပဲ"

ႏွစ္ေယာက္သား အတည္ႀကီးလန္႔ေနရာမွ အိမ္ႀကီးရွင္၏ အသံကို ၾကားလိုက္ရ၏။

"ဘာေတြလန္႔ေနၾကတာလဲ ကေလးေတြ"

"မဂၤလာပါ အကိုTay၊ အကိုNew... အကိုတို႔ပါ လိုက္မွာလားဟင္"

"မင္းတို႕ အကိုNewက ေနသိပ္မေကာင္းလို႔ ၊ ကေလးေတြပဲ ေကာင္းေကာင္းလည္ၿပီး ကစားခဲ့ၾက"

"ဟုတ္ အကို Tay"

"ေဟာ သခင္ေလးလာၿပီ"

အေပၚထပ္ ေလွကားကေန အထုပ္တစ္ခုကို သယ္ရင္း ဆင္းလာသည့္ Gun။ အသည္းပံုပုစိေလးေတြျဖင့္လွပေနေသာ အဝတ္ပိတ္တစ္ခုျဖင့္ ေလးေထာင့္ဗူးကို ေသသပ္စြာ ထုတ္ပိုးထားသည္။

"သခင္ေလး ကၽြန္ေတာ္ကိုေပး"

"ရတယ္ Gunပဲ သယ္ခဲ့လိုက္မယ္... အကိုNew က်န္းမာေရး ဂ႐ုစိုက္ေနာ္၊ ကိုကို Gunသြားၿပီ"

"အကိုTayနဲ႔ အကို New ခြင့္ျပဳပါအံုးရွင့္"

Tay သည္ ကေလးေတြ အသီးသီး ႏႈတ္ဆက္ကာ ကားအတြင္းပိုင္းထဲ ဝင္သြားသည္ကို ၾကည့္ေနခဲ့သည္။ ခပ္ေႏြးေႏြးလက္ဖဝါးေလးတစ္ဖက္ကို ကိုင္ထားရင္း Tayသည္ ဖ်စ္ၫွစ္လိုက္သည္။

"Tay... Gunေလး အဆင္ေျပမွာပါေနာ္"

"သူတို႔ရဲ႕ေရစက္ႀကိဳးက ဘယ္ထိဆက္သြားႏိုင္မလဲဆိုတာ ကိ္ုယ္တို႔က ေစာင့္ၾကည့္ၾကတာေပါ့"

"အင္း... ကၽြန္ေတာ္က Tayနဲ႔ Gunေလးကို အဆင္ေျပေစခ်င္တယ္၊ သူတို႔ႏွစ္ေယာက္ ပင္ပန္းလွၿပီ"

" ငယ္ေလးတို႔ကို စိတ္ပူတာေလ်ာ့၊ ကိုယ့္ကိုယ္ကိ္ုယ္ ဂ႐ုစိုက္၊ ဟုတ္ၿပီလား၊ ေရေလးတစ္ခါ....အ!!!!"

"ခင္ဗ်ား မရွက္ဘူးလား၊ ဘာလို႔ အဲ့ဒီေရက ပါလာရတာလဲ၊ ျဖန္း ျဖန္းျဖန္း!!!"

Newသည္ အဖ်ားေၾကာင့္ တစ္ကိုယ္လံုး ခပ္ရဲရဲေလး ျဖစ္ေနရာမွာ ယခုအခါ Tay၏ႏွဳတ္ထြက္စကားေၾကာင့္ မ်က္ႏွာတစ္ခုလံုးရဲတြတ္သြားခဲ့ျပီ။ ထိုသူက အရွက္မရွိ ထိုကိစၥကို ေဖာ္ထုတ္ရဲတယ္ေပါ့။ ဒါဆိုလည္း ငါက ဘာေၾကာင့္ ဒင္းလက္ေမာင္းျပတ္ထြက္သြားတဲ့ထိ မ႐ိုက္ႏိုင္ရမွာတဲ့လဲ။

"ဟား ဟား ဟား!!!"

ေရခ်ိဳးခန္းထဲ ေရခ်ိဳးသည္ ဆိုသည့္ တြဲလ်က္ စကားလံုးကို မၾကားဝ့ံသည့္အလား Newသည္ အိမ္ထဲဝင္သည္အထိ Tayကို လိုက္႐ိုက္ေနခဲ့သည္။

"အခ်စ္၊ ေတာ္ၿပီ၊ အခ်စ္... ကိုယ္မွားပါတယ္၊ အခ်စ္ ေမာမယ္၊ ဟား ဟား....!"

အိမ္ႀကီးရွင္သူေဌးသည္ ထိုကဲ့သို႔ ရယ္ေမာျခင္းကို ညီငယ္ေလးေရွ႕သာ ထုတ္ေဖာ္တတ္ခဲ့တာကို အိမ္ရွိအမွဳထမ္းတိုင္း သိႏွင့္ခဲ့ၿပီး ျဖစ္ေလသည္။ ယခုေတာ့ အိမ္ႀကီးသည္ စိုေျပလာခဲ့ၿပီ။ သူေဌးသည္ ခ်စ္တတ္ခဲ့ၿပီး သူ၏ခ်စ္သူေၾကာင့္ ရယ္ေမာေပ်ာ္ရႊင္ႏိုင္ေလၿပီ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Next episode......!
_____________
_____________

"ငယ္...ကိုယ္ရဲ႕ငယ္"

"ခင္ဗ်ားက ဘယ္လိုလုပ္....အ!!!"

"ကိုယ္လြမ္းေနခဲ့တာ"

"အကိုOff...!"

_________________________________________

( AN: ကုိယ္က စားေရးေႏွးပါတယ္။ Laptopကို တင္ပလႅင္ေခြထားတဲ့ေပါင္ေပၚ တင္ရိုက္တတ္တဲ့ အက်င့္ဆိုးျကီးရွိလို႔ ျကာျကာမရိုက္ႏိုင္ပါဘူး။ စာတစ္ခါရိုက္ရင္ စားပြဲ၊ ျကမ္းျပင္၊ တစ္ခါတေလ မွိဳ႕ယာေပၚ၊ ေနရာစံုေအာင္ကို အိမ္အႏွံ႕မွာ စာထိုင္ရိုက္တတ္ပါတယ္။ မ်က္မွန္သမားမို႔ ပါဝါမမ်ားေပမယ့္ အာရံုေျကာက ျပႆနာေပးလို႔ ဆရာဝန္နဲ့ျပျပီး စာမရိုက္ႏိုင္တဲ့အထိ အျကာျကီး အနားယူခဲ့ရတာပါ။ ဒါေလးက ကိုယ္အနားယူျပီး ပထမဆံုး ျပန္ေရးတဲ့စာပါ။ OffGunကို ခ်စ္ေပးျကတဲ့အတြက္ ကိုယ္ဝမ္းသာပါတယ္။ ကိုကိုးနဲ့ေဘဘီပုစိကို အခ်ိန္အျကာျကီး ခ်စ္ေပးသြားျကရေအာင္။)

BLOOM
(3:36 pm)
8.7.2021





______________________________________






"Off... မင်းမလည်းနော်!!!"

Tayသည် ဒါဏ်ရာ ဗလပွဖြစ်နေသော Off၏လက်များကို မေးဆတ်ပြရင်း ပြောလိုက်တယ်။ သူ၏သူငယ်ချင်းလေးကို သနားမိသော်လည်း တစ်ခါတရံ နား ရင်းထရိုက်ချင်သည်အထိလည်း ဖြစ်ရတယ်။ ဘယ်နှယ့် ရှေ့နေလုပ်ပြီး တရားခံမှားရတယ်လို့။

"ဒါက... ငါပျော်ရွှင်ရပါတယ်၊ ငယ့်က စားကောင်းတယ်တဲ့ကွ"

Off၏မျက်နှာသွင်ပြင်သည် ပျော်ရွှင်မှုကို သိသိသာသာ ခံစားသက်ဝင်နေကြောင်း ဖော်ပြနေလေသည်။

"အေးပါကွာ... သားကြီးရာ အဆင်ပြေပါစေ၊ ငယ်လေးက မင်းကိုချစ်ခဲ့ပါတယ်ကွ"

အမှန်လည်း Gunသည် ကျွန်တော်ကို ချစ်ခဲ့လေတယ်။ ကျွန်တော်ရခဲ့တဲ့ ဂရုစိုက်မှုတွေ၊ ချစ်ခင်လေးစားမှုတွေ၊ မြတ်နိုးတွယ်တာမှုတွေ အားလုံးကို ကျွန်တော်ပဲ ရိုက်ချိုးချေမွခဲ့ခြင်း ဖြစ်လေ၏။ ကျွန်တော် အခုလုပ်ဆောင်နေတာတွေ၊ ဂရုစိုက်မှုတွေက ငယ် ကျွန်တော်အပေါ် ထားရှိခဲ့တဲ့မေတ္တာရဲ့ အပုံတစ်ရာမှာ တစ်ပုံစာတောင် မရှိသေးတာ အမှန်ပဲလေ။ Off Jumpol...Fighting!!!

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ဟိုလူကြီးတစ်ယောက် ဒီမနက် Gunအရှေ့ကို ရောက်မလာသေးပေ။ တွေ့လျှင် မသိဟန်ဆောင်။ မမြင်လျှင် ချောင်းကြည့်နေတတ်တဲ့ Gunကို ဘုရားက အပြစ်ပေးသည် ထင်ပါတယ်။ တစ်လနီးပါး Gun သွားရာနောက် တစ်ကောက်ကောက်လိုက်စောင့်ရှောက်တတ်သည့် အကိုOffက ကျွန်တော်ထင်ထားခဲ့သလို ဟန်ဆောင်နေတာမှ မဟုတ်ပဲ။ အချိန်တန် အချစ်နဲ့တွေ့ပြီး Gunကို ထားသွားခဲ့လေမည်ဆိုသော အတွေးက Gunကို ဘယ်သူကများ ခေါင်းထဲ ရိုက်သွင်းခဲ့လေသလဲ? ထိုကဲ့သို့ ဟုတ်ဟန်မတူ။ ကိုယ်က ချစ်ရသူမို့ ကာပြောနေခြင်းမဟုတ်ချေ။ အကိုOffသည် ယခုမှ အရမ်းကို ရိုးသားကြိုးစားနေခဲ့လေသည်။

"A'Gun... ဒီနေ့တော့ နင်တစ်ယောက်တည်းပါလား"

Pop၏ ဟိုဟိုဒီဒီ သက်ရောက်သော အမေးစကားကို Gun မသိချင်ယောင်ဆောင်လိုက်တယ်။ Pop ဘာမေးချင်လဲဆိုတာ Gunသိသားပဲ။

" ဘယ်မှာ ငါတစ်ယောက်တည်း လာလို့လဲ P'zeroတို့ ပါတာပဲ"

Gunက မျက်တောင်တို့ကို စိုက်ချရင်း အအေးပိုက်ကို ကိုက်ကာ ပြောလိုက်သည်။

"အေးပါဟယ် ထားပါတော့ နင်ဒီအပတ် ကျောင်းပိတ်ရင် ဘယ်သွားမှာလဲ"

အပတ်တိုင်း အပတ်တိုင်း လည်ပတ်တတ်ကြသည့် Gunတို့စကွက်သည် အမြဲတမ်း တိုင်တိုင်ပင်ပင်ဖြင့် သွားလာတတ်ကြတယ်။

"အင်း စဉ်းစားတုန်းပဲ၊ ငါတို့ မသွားဖူးတဲ့နေရာမှာ သွားကစားကြမလား"

Gunစဉ်းစားထားတာ မရှိတာမို့ ဒီအတိုင်း အတူတူ မသွားဖူးတဲ့နေရာကို သွားရန် စဉ်းစားလိုက်၏။

"အေး ကောင်းသားပဲ"

Popကတော့ ထုံးစံအတိုင်း ထောက်ခံသမှုပြုပြီး Tulipကိုပါ မေးလိုက်သည်။

"Tulip. နင်ရော"

"ငါက နင်တို့ ဘယ်သွားသွား"

Ph screenကို အသဲအမဲကြည့်ရင်း စာရိုက်နေသည့် မိန်းမငယ်လေးက ပါးစပ်ကလည်း တမြုံ့မြုံ့ဝါးနေရင်း ပြန်ဖြေလေသည်။

"အေး.... ညကျ နင်တို့နှစ်ယောက်ဆီ သွားမယ့်နေရာ ငါပို့ပေးမယ်"

"Ok....!!!"

သုံးယောက်သား စားသောက်ပြီးတော့ လမ်းခွဲကာ အသီးသီး အိမ်သို့ ပြန်ခဲ့ကြတယ်။

_________________________________________

ညနေခင်းဟာ နေရောင်ပျပျဖြာဆင်းနေပြီး အပူချိန်က သိသိသာသာ ကျန်နေသေးသည်။
ခြံဝန်းထဲမှာ သစ်ပင်ကြီးတွေ စီစီရီရီစိုက်ပိျုးထားသည်က ငယ်စဉ်က ပြေးလွှားဆော့ကစားရင် အရိပ်ရရန်အတွက် ရည်းစူးသည်။ ကိုကိုက Gunအပေါ် အကောင်းဆုံးပဲ။ ယခုအခါ သစ်ပင်ကြီးတွေက ပို၍ သက်တမ်းရင့်လာသည်မို့ အရိပ်က ကြီးလာခဲ့သည်။ ထိုအရိပ်ရ သစ်ပင်များအောက်တွင် Gunတစ်ယောက် အေးအေးလူလူ ထိုင်နေခဲ့တယ်။ အကိုOffအကြောင်း စဉ်းစားရင်းပေါ့။ မတွေ့ရတာ (၃)ရက်ရှိလေပြီ။ အိမ်ကြီးက အကျယ်ကြီးမို့ တကူးတက လာမတွေ့လျှင် မမြင်နိုင်လောက်အောင်ပင်။ အကိုOffကို တွေ့ချင်ပေမယ့်လည်း Gun မာနသေးသေးလေးက ခွင့်မပြုပေ။ Gun၏ ဘေးခန်းက လှုပ်ရှားမှုတစ်စုံတရာ မရှိခဲ့တာ (၃)ရက်တိုင်ခဲ့ပြီ။

"Gun ဘာလုပ်နေလဲ "

ခြေသံမကြားရလိုက်ရပါပဲ ကိုကိုသည် Gunအနီးနားကို ရောက်ရှိလာသည်။ အကိုNew၏ ပုခုံးကို ဖွဖွလေးဖက်ကာ နှစ်ဦးသား Gunအရှေ့နားတွင် ရပ်နေခဲ့လေတယ်။

"ကိုကို...အကိုNew "

"မျက်နှာကြီးက မှိုင်လို့၊ နေမကောင်းဘူးလား"

"ကောင်းပါတယ် ကိုကို....ဟို "

"ဘာမေးမလို့လဲ ကိုယ့်ကိုမေးလေ"

"ဟို.......!!! ဘာမှ မဟုတ်တော့ပါဘူး ကိုကို"

"အင်း... ကလေး မေးချင်တဲ့အခါ ကိုယ့်ကိုလာမေးပေါ့"

"ဟုတ်ကဲ့"

"စိတ်ထဲမှာ တင်းမထားရဘူး Gun... မကျေနပ်တာ၊ မပျော်ရွှင်တာ၊ စိတ်ဆိုးတာ၊ စိတ်ကောက်တာ အကုန်လုပ်ခွင့်ရှိတယ်၊ ကိုယ်အကုန် ခွင့်ပြုပြီးသား၊ စိတ်ထဲမှာ နာကျင်မှုတွေကို ပွေ့ပိုက်ထားတဲ့အခါ ကိုယ့်ကလေးက ဒါဏ်ရာအနာတရ ရလာလိမ့်မယ်၊ ကိုယ်ပြောတာ သဘောပေါက်လား၊ ဖွင့်ထုတ်သင့်တာတွေကို ဖွင့်ချလိုက်၊ ကိုယ့်ညီလေး မပျော်ရွှင်ရတာကို ကိုယ်သဘောမကျဘူး"

"ဟုတ် ကိုကို... Gun နားလည်ပါတယ်"

"အင်း... အကြာကြီးမထိုင်နဲ့ ညနေစောင်းရင် လေစိမ်းတွေတိုက်တယ်၊ ခနနေရင် အိမ်ထဲဝင်နော်"

ခေါင်းပေါ် လက်ဖဝါးကြီးကြီးတစ်ဖက် ရောက်ရှိလာပြီး Gun၏ဆံပင်သားတချို့ကို ပွတ်တိုက်သွားပြီးနောက် ကိုကိုသည် သူ၏ချစ်ရသူနှင့် ပြန်လည် ထွက်ခွာသွားခဲ့၏။ တလောကလုံးတွင် ကျွန်တော်အပေါ် စိတ်အပူဆုံး၊ ဂရုစိုက်တတ်ဆုံး လူသားကို ပြပါဆိုလျှင် ဟိုးအရင်ကနေ ခုလတ်တလောထိ Gun၏ ကိုယ်ပိုင်လက်ညှိုးသည် ကိုကိုတစ်ဦးတည်းကိုသာ ညွှန်ပြမိမည်မှာ အမှန်ပင်။

"ဟုတ် ကိုကို"

နာခံစွာ ခေါင်းညိတ်ရင်းGunသည် ထိုနေရာလေးတွင် တစ်ဦးတည်း ကျန်ခဲ့လေတော့သည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"မင်း ဘယ်ချိန်ပြန်လာမှာလဲ Off"

"ငါ တစ်ရက်၊ နှစ်ရက်ဆို ပြန်ရောက်မယ်"

"ငယ်လေး မျက်နှာမကောင်းတော့ဘူးနော်...မင်း၊ ငါပြေးကန်မိတော့မယ်"

"ငါတောင်းပန်ပါတယ်ကွာ၊ ခုကလည်း ငါဘာကြောင့် သွားတယ်ဆိုတာ မင်းသိနေတာပဲ"

"ငါသိနေလို့ပေါ့ မဟုတ်ရင် ငါ့အဖွဲ့သားထဲက လက်ရွေးစင်တွေလွှတ်ပြီး မင်းကို အပျောက်ရှင်းပစ်တယ်"

"ဟားးး A'Tay &$%@%@$$&$"

"ဟား ဟား ဟား"

သူငယ်ချင်းနှစ်ယောက် လေလှိုင်းထဲတွင် တစ်ဖက်နှင့် တစ်ဖက် အခြေအတင် စကားများနေရာမှ လွတ်လပ်စွာ ရယ်မောမိလေသည်။

"ငယ်.... နေကောင်းလား"

စိတ်ပူစွာ။ စိုးရိမ်ကြီးစွာ။ စူးနစ်နေသော သြရှရှလေသံ။

"အွီးးးးး A'Off မင်း အဲ့လေသံနဲ့ ငယ်လေးကိုပဲသွားပြော ငါကသူ့အကိုပါကွ ရိုးရိုးတန်းတန်း ပြောစမ်းပါ"

Tayသည် အမှန်တကယ်ကိုပင် သူ၏နားစည်မှတဆင့် သွေးကြောတွေထဲကို ဖြတ်သန်းစီးဝင်သွားသည်ဟု ခံစားလိုက်ရသောကြောင့် အော်ဟစ်လိုက်တယ်။

"အွန်း Gun အခုတလော နေကောင်းလား"

"သတိရရင် ကိုယ့်ဘာသာ မေးပေါ့ကွ"

တီ!!!!!!!!!!

phကို ရက်ရက်စက်စက် ချပစ်လိုက်သော သူငယ်ချင်းပါပဲ။ Offသည် လက်ထဲက ph၏မျက်နှာပြင်ကို ငေးမောနေခဲ့၏။ ကြည်လင်သော အပြုံးနုနုလေးဖြင့် ငယ်သည် သူ၏Phမျက်နှာပြင်တွင် ပါးခြိုင့်လေးများ ခွက်ဝင်နေသည်အထိ ရယ်မောနေခဲ့သည်။ ထိုနေ့တုန်းက သူတို့သူငယ်ချင်းတွေကို Offကိုယ်တိုင် မုန့်လုပ်ကျေွးခဲ့သည့်နေ့။ ထိုနေ့က သူငယ်ချင်းမတွေကြား ငယ်သည် စိတ်လွတ်လက်လွတ် ရယ်မောနေခဲ့သည့်နေ့။ ထို့နေ့က သူလုပ်ပေးတဲ့ မုန့်ကို ဟန်မဆောင်ဘဲ ပျော်ပျော်ရွှင်ရွှင် စားခဲ့သည့်နေ့။ ကိ်ုယ် ငယ့်ကို လွမ်းလိုက်တာ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"အဆင်သင့် ဖြစ်ပြီလား သခင်လေး"

"လာပြီဗျ"

Gun၏ အဝတ်အစားအချို့ကို ထည့်ထားသည့် အဝတ်အိတ်ကို ကိုယ်ရံတော်တစ်ယောက်က ယူဆင်းသွားနှင့်ပြီ။ အိပ်ယာကျယ်ကြီးပေါ်ထိုင်ပြီး လေးထောင့်ဗူးအကြီးထဲကို တချို့အရာလေးတွေ ထည့်နေ လိုက်သည်။ မပါမဖြစ်က အကိုOffသူ့ကို လုပ်ပေးထားတဲ့ ကွတ်ကီးဗူးလေး။ ထိုဗူးလေးကို ဗူးအကြီး၏ အကန့်တစ်ခုထဲ ထည့်လိုက်တော့ အံဝင်ဂွင်ကျ။ ယခုခရီးစဉ်က ကိုကိုညွှန်းသည့် နေရာသို့သွားရန်ဖြစ်သည်။ ထွေထွေထူးထူးနေရာ မဟုတ်ပေမယ့် ဒီတစ်ခေါက်က ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့ကြသည့် ကျွန်းတစ်ခုပေါ်က စံအိမ်ကို သွားမည်။ ခရီးသွားရတယ် ဆိုပေမယ့် အကိုOffကို မတွေ့ရရက်တွေ များလာတော့ Gun မပျော်မရွှင်ဖြစ်နေရ၏။ လူကြီးရေ ဘယ်ကိုရောက်နေလဲ ခင်ဗျား!!!

Tulip ၊ Pop တို့နှစ်ယောက်ကို သူမတို့အိမ်မှ ကားဖြင့်လာပို့သွားလေသည်။ ယနေ့က ခရီးသွားကြမည့်နေ့။ Gunတို့ လူးဝစ်အိမ်တော်က ကားဖြင့်သွားရန် စီစဉ်ထားပြီး လမ်းတစ်ဝက်တွင် ကိုယ်ပိုင်လေယာဉ်ဖြင့် အပန်းဖြေအိမ်တော်ကို သွားရန် စီစဉ်ထားလေသည်။

"ဟဲ့ အကိုOffက တကယ်ကြီး ပျောက်နေတာနော်"

စပ်စုစိန် Popသည် Tulip၏ နားနားကပ်ကာ ခပ်တိုးတိုး ပြောလေသည်က Tulipကို မဟုတ်သည့်အတွေး ဝင်စေသည်။

"ဒါမှမဟုတ် အကိုOffကို အကိုTayကများ Gunကို လှည့်စားလို့ ......"

Tulipသည် ညာဘက်လက်ဝါးစောင်းကို မိမိ၏လည်ပင်းရှေ့တည့်တည့်က ဖြတ်ပြလိုက်၏။

"အီးးးးးး တကယ်ကြီး အဲ့လိုဖြစ်သွားတာများလားဟယ်"

"Arrrrrrrrrr"

မိန်းကလေးနှစ်ယောက်၏ တစ်ယောက်ကို တစ်ယောက်ခုန်ဖက်ကာ သံပြိုင်အော်ဟစ်နေသံကို အိမ်တော်ထဲရှိ သက်တော်စောင့်များက နားမရှိသကဲ့သို့ မကြားဟန်ဆောင်နေကြဆဲ။ အလွန်ပင် တည်ငြိမ်လွန်းလှသည်။

"အဟမ်း...အဟမ်း... မမလေးတို့နှစ်ယောက်ခင်ဗျာ၊ ကျွန်တော်က ပြောသမျှ အကုန်ကြားရပါတယ်ဗျ၊ မမလေးတို့နှစ်ယောက်ပြောသလိုမျိုး လုံးဝ မဟုတ်ရပါဘူးဗျာ"

အိမ်တော်အတွင်းကို ခေါ်ဆောင်လာသည့် Gun၏ သက်တော်စောင့်တစ်ဦးသည် မနေနိုင်စွာ ဝင်ပြောရသည်။ မဟုတ်လျှင် မိမိတို့ သူဌေးက ညီဖြစ်သူ သခင်လေး၏ချစ်ရသူကို ခေါင်းဖြတ်လိုက်သည်ဟု ထိုကလေးမများမှ ဇာတ်လမ်းရေးလိမ့်မည်။

"သြ!!! အဟီး လန့်သွားတာပဲ"

နှစ်ယောက်သား အတည်ကြီးလန့်နေရာမှ အိမ်ကြီးရှင်၏ အသံကို ကြားလိုက်ရ၏။

"ဘာတွေလန့်နေကြတာလဲ ကလေးတွေ"

"မင်္ဂလာပါ အကိုTay၊ အကိုNew... အကိုတို့ပါ လိုက်မှာလားဟင်"

"မင်းတို့ အကိုNewက နေသိပ်မကောင်းလို့ ၊ ကလေးတွေပဲ ကောင်းကောင်းလည်ပြီး ကစားခဲ့ကြ"

"ဟုတ် အကို Tay"

"ဟော သခင်လေးလာပြီ"

အပေါ်ထပ် လှေကားကနေ အထုပ်တစ်ခုကို သယ်ရင်း ဆင်းလာသည့် Gun။ အသည်းပုံပုစိလေးတွေဖြင့်လှပနေသော အဝတ်ပိတ်တစ်ခုဖြင့် လေးထောင့်ဗူးကို သေသပ်စွာ ထုတ်ပိုးထားသည်။

"သခင်လေး ကျွန်တော်ကိုပေး"

"ရတယ် Gunပဲ သယ်ခဲ့လိုက်မယ်... အကိုNew ကျန်းမာရေး ဂရုစိုက်နော်၊ ကိုကို Gunသွားပြီ"

"အကိုTayနဲ့ အကို New ခွင့်ပြုပါအုံးရှင့်"

Tay သည် ကလေးတွေ အသီးသီး နှုတ်ဆက်ကာ ကားအတွင်းပိုင်းထဲ ဝင်သွားသည်ကို ကြည့်နေခဲ့သည်။ ခပ်နွေးနွေးလက်ဖဝါးလေးတစ်ဖက်ကို ကိုင်ထားရင်း Tayသည် ဖျစ်ညှစ်လိုက်သည်။

"Tay... Gunလေး အဆင်ပြေမှာပါနော်"

"သူတို့ရဲ့ရေစက်ကြိုးက ဘယ်ထိဆက်သွားနိုင်မလဲဆိုတာ ကိ်ုယ်တို့က စောင့်ကြည့်ကြတာပေါ့"

"အင်း... ကျွန်တော်က Tayနဲ့ Gunလေးကို အဆင်ပြေစေချင်တယ်၊ သူတို့နှစ်ယောက် ပင်ပန်းလှပြီ"

" ငယ်လေးတို့ကို စိတ်ပူတာလျော့၊ ကိုယ့်ကိုယ်ကိ်ုယ် ဂရုစိုက်၊ ဟုတ်ပြီလား၊ ရေလေးတစ်ခါ....အ!!!!"

"ခင်ဗျား မရှက်ဘူးလား၊ ဘာလို့ အဲ့ဒီရေက ပါလာရတာလဲ၊ ဖြန်း ဖြန်းဖြန်း!!!"

Newသည် အဖျားကြောင့် တစ်ကိုယ်လုံး ခပ်ရဲရဲလေး ဖြစ်နေရာမှာ ယခုအခါ Tay၏နှုတ်ထွက်စကားကြောင့် မျက်နှာတစ်ခုလုံးရဲတွတ်သွားခဲ့ပြီ။ ထိုသူက အရှက်မရှိ ထိုကိစ္စကို ဖော်ထုတ်ရဲတယ်ပေါ့။ ဒါဆိုလည်း ငါက ဘာကြောင့် ဒင်းလက်မောင်းပြတ်ထွက်သွားတဲ့ထိ မရိုက်နိုင်ရမှာတဲ့လဲ။

"ဟား ဟား ဟား!!!"

ရေချိုးခန်းထဲ ရေချိုးသည် ဆိုသည့် တွဲလျက် စကားလုံးကို မကြားဝ့ံသည့်အလား Newသည် အိမ်ထဲဝင်သည်အထိ Tayကို လိုက်ရိုက်နေခဲ့သည်။

"အချစ်၊ တော်ပြီ၊ အချစ်... ကိုယ်မှားပါတယ်၊ အချစ် မောမယ်၊ ဟား ဟား....!"

အိမ်ကြီးရှင်သူဌေးသည် ထိုကဲ့သို့ ရယ်မောခြင်းကို ညီငယ်လေးရှေ့သာ ထုတ်ဖော်တတ်ခဲ့တာကို အိမ်ရှိအမှုထမ်းတိုင်း သိနှင့်ခဲ့ပြီး ဖြစ်လေသည်။ ယခုတော့ အိမ်ကြီးသည် စိုပြေလာခဲ့ပြီ။ သူဌေးသည် ချစ်တတ်ခဲ့ပြီး သူ၏ချစ်သူကြောင့် ရယ်မောပျော်ရွှင်နိုင်လေပြီ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Next episode......!
_____________
_____________

"ငယ်...ကိုယ်ရဲ့ငယ်"

"ခင်ဗျားက ဘယ်လိုလုပ်....အ!!!"

"ကိုယ်လွမ်းနေခဲ့တာ"

"အကိုOff...!"

_________________________________________

( AN: ကိုယ်က စားရေးနှေးပါတယ်။ Laptopကို တင်ပလ္လင်ခွေထားတဲ့ပေါင်ပေါ် တင်ရိုက်တတ်တဲ့ အကျင့်ဆိုးကြီးရှိလို့ ကြာကြာမရိုက်နိုင်ပါဘူး။ စာတစ်ခါရိုက်ရင် စားပွဲ၊ ကြမ်းပြင်၊ တစ်ခါတလေ မှို့ယာပေါ်၊ နေရာစုံအောင်ကို အိမ်အနှံ့မှာ စာထိုင်ရိုက်တတ်ပါတယ်။ မျက်မှန်သမားမို့ ပါဝါမများပေမယ့် အာရုံကြောက ပြဿနာပေးလို့ ဆရာဝန်နဲ့ပြပြီး စာမရိုက်နိုင်တဲ့အထိ အကြာကြီး အနားယူခဲ့ရတာပါ။ ဒါလေးက ကိုယ်အနားယူပြီး ပထမဆုံး ပြန်ရေးတဲ့စာပါ။ OffGunကို ချစ်ပေးကြတဲ့အတွက် ကိုယ်ဝမ်းသာပါတယ်။ ကိုကိုးနဲ့ဘေဘီပုစိကို အချိန်အကြာကြီး ချစ်ပေးသွားကြရအောင်။)

BLOOM
(3:36 pm)
8.7.2021

Continue Reading

You'll Also Like

5K 80 6
ဤဇာတ်လမ်းသည် မည်သူတစ်စုံတစ်ဦးကိုမှထိခိုက်နစ်နာစေလို၍ရေးသားခြင်းမဟုတ်ပါ။ ဇာတ်ကောင်များကိုစိတ်ကူးယဉ်ဖန်တီးထားခြင်းသက်သက်သာဖြစ်သည်။ အမှားပါလျှင် နားလည်ခ...
968 65 7
"အို....ဗျာ~ တရားလိုမောင်၊တရားလိုမောင်နဲ့ ခင်ဗျားမမောဘူးလား။အဲ့အစား"မောင်" လို့ခေါ်လိုက်ရင် ခင်ဗျားမမောတော့ဘူး~~"
952K 21.8K 49
In wich a one night stand turns out to be a lot more than that.
315K 9.5K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...