๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

By BAE__YUNA

90.9K 6.7K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )
2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)

1.9K 196 7
By BAE__YUNA

မှောင်ရီစပြိုးလာသည့်အချိန်ညနေအချိန်လေးတွင် ဘိုးဘွားရိပ်သာ၏ခြံ၀န်းထဲမှဒန်းလေးပေါ်၌ သူငယ်ချင်းနှစ်ယောက်ကစကားဖောင်ဖွဲ့ကြနေရင်း...

" သူက Kim Taehyungလို့ထင်ရအောင်ကို တော်တော်တူတာပဲနော် "

" ဟင့်အင်း ! မတူဘူး ... Kim Taehyungမှာ ငါ့အတွက် အဲ့လောက်ထိနူးညံ့တဲ့အပြုံးတွေမရှိဘူး "

" နင်သူ့ကိုစိတ်ပျက်နေပြီလား ?"

" ငါကြောက်နေတာပါ ။ သူနဲ့ငါ့ကြားကဒီလိုပုံစံနဲ့ရှေ့ဆက်ရမဲ့နေ့ရက်တွေကို ငါအရမ်းကြောက်တယ် ဗြောလေး "

" ဒါဆို နင်ငါ့ကိုပြောခဲ့တဲ့အတိုင်း သူ့ကိုပြောပြလိုက်တော့ပေါ့ "

" အဲ့လောက်မလွယ်ဘူးလေကွာ !"

ခပ်ပြင်းပြင်းသက်ပြင်းလေးတစ်ခုပြုရင်းကောင်လေးကဆိုလာခဲ့သည်။ချစ်ခြင်းနှင့် လက်တွဲဖော်ကိုရွေးချယ်ခွင့်ခဲ့သည့်ကောင်လေး၏ဘ၀ဟာ အင်မတန်ကိုအကြည်းတန်လှပါသည်။

မည်သူမဆိုချစ်ရသူနှင့်အတူ ပေါင်းဖတ်ရဖို့အတွက်ဆုတောင်းပြုမိကြမည်ဖြစ်သည်။သို့ပေမဲ့ ကောင်လေး၏ဆုတောင်းမှာပြည့်ခဲ့ပေမဲ့ ကျိန်စာအဖြစ်သို့ပြောင်းလဲသွားခဲ့ရခြင်းဖြစ်၏။တဖက်သက်ခံစားနေရသည့်ကောင်လေး၏ခံစားချက်တွေဟာ တဖြေးဖြေးနှင့်ယိုင်နဲ့လာခဲ့ပြီး ထိုလူသားကိုအရှုံးပေးဖို့အတွက်စိတ်နှလုံးထဲကပင်ပန်းစွာတောင်းဆိုနေပြီဖြစ်သည်။

" ငါConvenient Storeကိုသွားပြီးဆေးနဲ့ပလာစတာ၀ယ်လာပေးမယ် အရူးမလေး !"

ကောင်မလေး၏ခြေဖနောက်အပေါ်နားလေးကသွေးစို့နေသည့်ဖိနပ်ပွန်းရာ‌လေးကို ကောင်လေးကမေးငေါ့ပြကာဆိုလာသည်။ထိုအခါ ကောင်မလေးကသူမ၏ခြေထောက်လေးအားပြန်ငုံ့ကြည့်ပြီး နှုတ်ခမ်းလေးဆူကာပြောလာ၏။

" အဲ့ဒါ နင့်ကြောင့်လေ ! ခရီးသွားရမယ်ဆိုတော့ လှလှလေးပြင်ပြီး‌ဖိနပ်အမြင့်စီးလာတာပေါ့ "

" အဲ့တော့ လှသွားလို့လား ?"

" အေး ... မလှတဲ့အပြင် နင့်ကိုပါကားမောင်းပြီးခေါ်လာရသေးတယ်လေ ... ကောင်စုတ်ရဲ့ !"

" အဲ့လိုစွာနေလို့ နင့်ကိုဘယ်သူမှလာမကြိုက်တာ ။ ဘလ ဘလ ..... !"

လျှာလေးထုပ်ပြီးပြောင်ပြကာ ကောင်မလေးကိုစိတ်ဆိုးအောင်စနောက်ပြီးဒန်းလေးပေါ်မှထပြေးသွား၏။ထိုအချိန်ထိုမြင်ကွင်းဟာ အရင်တချိန်ကသူငယ်ချင်းနှစ်ယောက်၏ လွတ်လပ်စွာပျော်ရွှင်စနောက်နေကြသည့်မြင်ကွင်းမျိုးလေးနှင့်တူလို့နေသည်။

စချင်းတိုင်းစပြီးသည့်အခါကောင်မလေး၏ခြေထောက်ပွန်းရာကိုဆေးထည့်ပေးရန်အတွက်Convenient Storeသို့ ထွက်လာခဲ့၏။

ထိုလူသား၏အချုပ်အနှောင်မှကင်းလွတ်ပြီး အေးချမ်းသည့်နေရာဒေသလေးသို့ရောက်ရှိနေသည့်အတွက်ကောင်လေး၏မျက်နှာငယ်ဟာပြုံးပန်းဆင်လို့ရယ်။တနေကုန်စက်ပိတ်ထားသည့်ဖုန်းလေးကို စက်ပြန်ဖွင့်လိုက်သည့်အခါ Miss calledပေါင်းများစွားနှင့်Msgများစွာကဖုန်းထဲသို့အဆက်မပြက်၀င်လာခဲ့သည်။သို့ပေမဲ့ ထိုအ၀င်ဖုန်းများနှင့်စာများတွင်ထိုလူသား၏အမည်လေးနှင့်စာရော အ၀င်ဖုန်းရောမပါ၀င်လာခဲ့ပါ။

စိတ်ပျက်သည့်အပြုံးလေးတစ်ခုအားဖန်တီးကာဖုန်းလေးကိုဘောင်းဘီအိပ်ကပ်ထဲသို့ပြန်ထွက်၍လမ်းဆက်လျှောက်လာခဲ့၏။

" ကဒ်နဲ့ရှင်းလို့မရပါဘူး ငွေသားနဲ့ပဲရှင်းပေးပါရှင့် "

" ဗျာ ... !"

Walletထဲတွင်ငွေသားမဆောင်ပါပဲ ကဒ်ပဲဆောင်‌တက်သည့်ကောင်လေးမှာ ဒယ်ဂူမြို့လေး၏Convenient Storeလေးထဲတွင် ယူပြီးသားပစ္စည်းများကိုငွေရှင်းရန်အတွက်အခက်တွေ့နေ၏။

" အားနာလိုက်တာ ! ကျနော့်မှာကဒ်ပဲပါတယ်ဗျ "

" အဲ့ဒါဆိုနေရာမှပြန်သွားထားလိုက်ပါ !"

" ဟမ် !"

ရင့်သီးသည့်စကားလုံးများနှင့်ပြောလာသည့် ငွေရှင်းကောင်တာမှမိန်းကလေး၏စကားကြောင့် ကောင်လေးမှာအာမေဍိတ်လေးပါထွက်လာရသည်အထိအံ့ဩမိသည်။

" မင်းCustomerကိုဘယ်လိုဆက်ဆံနေတာလဲ ?"

ကောင်လေး၏နောက်ကျောမှ တန်းစီနေသည့်Customer၏စကားသံဖြစ်သည်။ထိုလူ၏အရှေ့မှအခက်တွေ့နေသည့်ကောင်လေးကပြေပြေလည်လည်နှင့်ရှင်းပြပေမဲ့ ကောင်တာမှကောင်မလေးကရင့်သီးစွာပြောလာသောကြောင့် သူ၀င်ပါရခြင်းဖြစ်သည်။

ထိုအခါ ကောင်လေးကထိုလူကိုလှည့်ကြည့်လာခဲ့သည်။ရင်းနှီးစွာဆုံခဲ့ဖူးသည့်ထိုလကြောင့်ကောင်လေးကမျက်၀န်းအနည်းငယ်ပြူးကျယ်သွားပြီးစကားဆိုလာ၏။

" တောင်းပန်ပါတယ်ဗျ !"

" ရပါတယ် ... မင်းမှာငွေသားမပါဘူးမဟုတ်လား ? ငါရှင်းပေးမယ် "

" မလုပ်ပါနဲ့ ရပါတယ်ဗျ "

ကောင်လေးကအားနာသည့်ပုံစံလေးနှင့်ငြင်းပါသော်လည်း ထိုလူကမျက်နှာထားကိုအမြန်ပြောင်းလဲကာကောင်တာမှကောင်မလေးဆီသို့အကြည့်လွှဲပြီးစကားဆိုသည်။

" သူ့ယူထားတာတွေထည့်ပေးလိုက် ! ငါသူ့အစားပိုက်ဆံရှင်းပေးမယ် "

တည်ကြည်လွန်းသည့်မျက်နှာထားနှင့်ကောင်တာမှကောင်မလေးအားအမိန့်ပေးနေသည့်ထိုလူ၏ပုံစံဟာ ချစ်ရသူနှင့်တထေရာထဲတူလို့နေသည်။‌ဗြောလေးပြောသည့်အတိုင်း တစ်ယောက်ထဲဟုထင်မှတ်ရလောက်အထိကိုပင်တူလွန်းသည်။အသံအနေအထားနှင့် မျက်နှာထားကအစအကုန်တူပေမဲ့ စိတ်နေစိတ်ထားမှာတော့လားလားမှမဆိုင်သည့်အရာတို့လို ကွာခြားလွန်းနေ၏။

ကောင်တာမှလိုအပ်သည့်ပစ္စည်းထုပ်လေးရသည့်အခါကောင်လေးက Storeထဲမှထွက်လာခဲ့သည်။ပြီးသည့်အခါ ထိုStore၏အရှေ့တွင်ရပ်ပြီး အထဲတွင်ပိုက်ဆံရှင်းကာကျန်ခဲ့သည့်လူကိုရပ်စောင့်နေမိ၏။

ဘာကြောင့်လဲလို့မေးလာခဲ့ရင်တော့ အကြောင်းအရင်းကကျေးဇူးတင်စကားပြောချင်လို့ပါပေါ့...။Storeထဲမှထွက်လာသည့်လူက‌ ထိုStore‌ရှေ့တွင်ရပ်နေသည့်ကောင်လေးရပ်နေသည်ကိုမြင်လိုက်ရသည့်အခါ မေးခွန်းထုပ်လာခဲ့သည်။

" မင်းကမပြန်သေးဘူးလား ?"

" အင်း ! ခင်များကိုစောင့်နေတာလေ "

" ဘာအတွက်လဲ ... ?"

ထိုလူ၏အမေးကိုကောင်လေးကပြန်မဖြေပါပဲ နူးညံ့သည့်မျက်၀န်းလေးများဖြင့်သူ၏အရှေ့မှလူသား၏ပုံစံလေးဟာငေးကြည့်နေတော့သည်။ဤသည်ကိုစိတ်မရှည်တော့သည့်လူသားက...

" ဟိတ် ချာတိတ် ! ငါမေးနေတယ်လေ ... ဘာအတွက်စောင့်နေတာလဲလို့ ?"

ကောင်လေး၏မျက်နှာ‌ရှေ့မှလက်ဖျောက်တီးကာထိုလူသားစကားဆိုတော့ ကောင်လေး၏ခန္ဓာကိုယ်လေးတုန်တက်ပြီးအသိ၀င်လာခဲ့သည်။

" အာ ... ကျေးဇူးတင်စကားပြောချင်လို့ပါ "

" မလိုပါဘူး ! ငါကအမြင်မတော်လို့ကူညီလိုက်တာ ။ ကျေးဇူးတင်းစကားအပြောခံချင်လို့မှမဟုတ်တာ "

"ကျေးဇူးတင်းစကားအပြောခံချင်လို့မှမဟုတ်တာ"ဆိုသည့်စကားသံဟာ ဆိုင်သူလူသားပြောခဲ့ဖူးသည့်စကားအတိုင်းနားထဲသို့ပဲ့တင်ထပ်ကာကြားယောင်လာခဲ့သည်။တထပ်ထဲကျနေသည့် စကားသံ ၊ စကားလုံးတို့ဟာကောင်လေး၏နှလုံးရပ်၀န်းကိုအစမတန်တုန်လှုပ်စေပြန်၏။

ထိုလူသားအပေါ်ရူးသွပ်မှုအတိုင်းအတာကျော်သွားလို့ထင်ပါရဲ့နော်...ရူးမိုတ်လိုက်လေခြင်း။

" အာ ဟုတ်ပါပြီ ။ ဒါဆို ကျနော့်ကိုခင်များနာမည်လေးပြောပြလို့ရလား ?"

" ရတာပေါ့ကွာ ! နာမည်ပြောပြတာအသားပဲ့ပါသွားတာမှမဟုတ်တာ ။ ငါ့နာမည်က Taeyong ... Kim Taeyong "

" ဟမ် !"

ဆိုင်သူလူသားနှင့်မျက်နှာအစိတ်အပိုင်းတူနေရုံမကပဲ နာမည်သုံးလုံးမှာတစ်လုံးပဲလွဲသည်အထိကို တိုပ်ဆိုင်စွာနှင့်လူသားနှစ်ဦးကတူနေခဲ့သည်။အံ့ဩသွားသည့်ကောင်လေးကနှုတ်ဖျားများပွင့်ဟကာအာမေဍိတ်အသံလေးထွက်ကျလာခဲ့သည်။ထိုအခါ သူ၏အရှေ့မှလူသားက...

" ဘာဖြစ်လို့လဲ ?"

" အာညီး ! ကျနော့်နာမည်က Jeon Jungkookပါ "

" မင်းကဒီကိုလာလည်တာမလား ?"

" အင်း ဟုတ်တယ် ။ ခင်များကဒီကပဲလား ?"

" အင်းပေါ့ကွာ ... နောက်ကျနေလို့နှုတ်ဆက်ခဲ့တယ်ကောင်လေးရ ။ ငါသွားပြီ "

ထိုသို့ပြောကထိုလူသားလေးကကောင်လ၏ကျောပေးလှည့်ထွက်ရန်ပြင်သည်။ဤသည်ကိုအနည်းငယ်စိတ်မကောင်းဖြစ်သွားသည့်ကောင်လေးက လှည့်ထွက်သွားသည့်ထိုလူသားလေး၏နောက်ကျောမှအော်ဟစ်ကာစကားသံလေးထွက်လာခဲ့သည်။

" ကျနော်ခင်များနဲ့ဆုံပြီးပိုက်ဆံပြန်ပေးချင်လို့ ဖုန်းနံပါတ်လေးပေးခဲ့ပါလား ?"

" ကံမကုန်သေးရင် ပြန်ဆုံအုံးမှာပေါ့ကွာ "

ထိုသို့ပြန်လှည့်ပြောကာထိုလူသားလေးကလျှင်အြန်လွန်းသည့်ခြေလှမ်းတို့ဖြင့်ထွက်သွားခဲ့သည်။ကျန်ခဲ့သည့်ကောင်လေးမှာတော့လိုချင်တာမရလိုပ်သည့်မို့မျက်နှာလေးရှုံးမဲ့ကာကျန်ခဲ့၏။

ထူဆန်းလွန်းသည့်ပံကြမ္မာတို့နှင်သာရင်ဆိုင်နေရသည့်ကောင်ငယ်လေးအတွက် ဒီတချိန်ကရောကံကြမ္မာ၏အစမ်းသပ်ခံဖြစ်နေအုန်းမလားလေ။တထပ်ထဲတူလွန်းသည့်လူသားနှစ်ယောက်ဟာကောင်လေးဆီသို့မဖိတ်ခေါ်ပဲ၀င်လာခဲ့ကြသည်။အလာချင်းတူပေမဲ့ ၀င်လာခဲ့ပုံချင်းကတော့ကွာခြားလို့နေသည်။

ဘယ်သူကဘယ်သူ၏အမှန်တကယ်ပိုင်ရမည့်လူဆိုတာမသေချာသေးငည့်အခြေနေများနှင့်ထိုလူသားသုံးယောက်၏ကံကြမ္မာဟာ အတော်ကိုထူးဆန်းလွန်းပေသည်။

အင်းပေါ့ ... ခင်များပြောသလိုပဲ
ကံမကုန်သေးရင်ပြန်ဆုံကြတာပေါ့ ။

အကြောင်းပြချက်မဲ့စွာနဲ့ ကျနော်ကစောင့်နေပါ့မယ် ။

~•~

♥ BLACK LOTUS ♥


@leeyunar (July 6,2021)
#Noona

Note :: အရမ်းupချင်လွန်းလို့ရော ဖတ်စေချင်လို့ရောupပေးလိုက်တာပါ :'( တိုသွားမှန်းသိပါတယ်။:'(

ဒီအပိုဒ်ကအေးချမ်းနေမဲ့နောက်အပိုက်ဒ်မုန်းတိုင်းစပါမယ်^_^

Continue Reading

You'll Also Like

596K 9.2K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
950K 21.7K 49
In wich a one night stand turns out to be a lot more than that.
180K 18.5K 24
"๐™๐™ค๐™ช๐™˜๐™ ๐™ฎ๐™ค๐™ช๐™ง๐™จ๐™š๐™ก๐™›, ๐™œ๐™ž๐™ง๐™ก. ๐™„ ๐™ฌ๐™–๐™ฃ๐™ฃ๐™– ๐™จ๐™š๐™š ๐™ž๐™ฉ" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
2.6K 148 6
แ€’แ€ฎ fic แ€œแ€ฑแ€ธแ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€€แ€›แ€ฎแ€…แ€›แ€ฌแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€€แ€ผแ€Šแ€ทแ€บแ€™แ€ญแ€ฏแ€ท แ€Ÿแ€ฌแ€žแ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€žแ€ฐแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€–แ€แ€บแ€€แ€ผแ€Šแ€ทแ€บแ€•แ€ฑแ€ธแ€€แ€ผแ€•แ€ซ