Only you (Complete)

بواسطة wintshweyi

73.7K 6.8K 751

'မင်းတယောက်သာ (မင္းတေယာက္သာ )' namjinkook (Unicode+Zawgyi) အချစ်ဆိုတာ တယောက်တည်းအတွက်ပဲရှိတယ်..... ငါ့ရဲ့အချစ... المزيد

Intro Unicode
Intro Zawgyi
*1*
*2*
*3*
New fic
*4*
*5*
*6*
*7*
*8*
💗please pay attention💗
*9*
*10*
*11*
*12*
*13*
*14*
*15*
*16*
*17*
❤️new fic❤️
*18*
new fic
*19*
*20*
*21*
*22*
*24*
*25*
New story
*26*
*27*
*28*
*29*
*30*
*31*
*32*
*33*
📣
*34*
*35*Ending
Namjoon's pov 1
Namjoon's pov 2
Namjoon's pov 3
💗Extra💗
💗
surprise🎉
pre-order

*23*

1.2K 156 15
بواسطة wintshweyi

Unicode

"မင်းတို့ငါ့ကိုလိမ်ခဲ့ကြတာပဲ"

ဂျင့်ရဲ့စကားသံအဆုံးမှာ ယွန်းဂီကဂျင့်ရဲ့ဘေးကိုအမြန်လာပီး ဂျင့်ရဲ့ပုခုံးကိုဆုပ်ကိုင်ရင်း..

"ငါရှင်းပြတာနားထောင်ပါဦးကွာ.. နော်ဂျင် ငါမင်းကိုလိမ်ဖို့မရည်ရွယ်ခဲ့ပါဘူး.."

ဂျင်ကတော့ ဆုပ်ကိုင်ထားတဲ့ယွန်းဂီရဲ့လက်တွေကိုဖယ်ထုပ်လိုက်ရင်း...

"အဟက် မင်းကမရည်ရွယ်ပါဘူးလို့ပြောနေပေမဲ့..."

ဂျင် သူ့ရဲ့ရင်ဘက်ကိုပုတ်ပြရင်း..

"ငါ့က‌ေတာ့အရူးလုပ်ခံခဲ့တာ မင်းသိရဲ့လား မင်းတို့ကငါ့ကိုအရူးလုပ်ခဲ့တာ!!"

"ဂျင်!!!"

"မကိုင်နဲ့!!
ငါ့ရဲ့အသားရဲ့အသားကိုမင်းထိစရာမလိုတော့ဘူး မင်ယွန်းဂီ..
ဒီနေ့ကစပီးမင်းကငါ့သူငယ်ချင်းမဟုတ်တော့ဘူး.."

ဂျင် ဂျန်းကုရဲ့ရှေ့တည့်တည့်ကိုလျှောက်သွားရင်း ဂျန်းကုရဲ့မျက်နှာပေါ်ကို အားပြင်းပြင်းနဲ့လက်သီးချက်ထိုးချလိုက်တယ်...

'ခွက်!!!'

"အဲ့တာ ငါ့ကိုအရူးလုပ်ခဲ့လို့!!!"

'ခွက်!!!'

"ဒါကငါ့အချစ်တွေကိုဆော်ကားလို့!!!!"

'ခွက်!!!'

"ဒါက ငါ့ရဲ့မာနတွေကိုရစရာမရှိအောင်မင်းလုပ်ခဲ့လို့!!!"

ဂျန်းကုရဲ့ပါးစောင်ကနေသွေးစတချို့ကျဆင်းလာတယ်...
ဘယ်သူထင်မိမှာလဲ... အမြတ်တနိုးနမ်းရှိုက်ခဲ့ဖူးတဲ့ထိုသူ့ရဲ့ပါးကို ဒီလိုရက်စက်စွာထိုးနှက်ခဲ့ရမယ်လို့.... ဘသူထင်မိမှာလဲ... သိပ်မြတ်နိုးခဲ့ရတဲ့ထိုလူသားနဲ့ သိပ်ယုံကြည်ခဲ့ရတဲ့သူငယ်ချင်းတို့က သူ့ကိုလှည့်စားခဲ့မယ်လို့..
အခုတော့ဆော့ဂျင်ဆိုတဲ့သူကပဲအရူးလုံးလုံးဖြစ်ခဲ့ရပီ...

"ငါမင်းတို့နှစ်ယောက်နဲ့ထပ်မဆုံချင်တော့ဘူး...
ဂျွန်းဂျန်းကု မင်ယွန်းဂီ"

ဆော့ဂျင် အံကိုတင်းတင်းကြိတ်ရင်းလာရာလမ်းအတိုင်းပဲ ပြန်ခဲ့တော့သည်... ဒါပေမဲ့သူ့ရင်ထဲကအရေးပါတဲ့အရာနှစ်ခုကတော့ ထိုသူနှစ်ယောက်နဲ့အတူကျန်ခဲ့လေပီ.. ထိုအရာတွေကတော့ အချစ်နဲ့ယုံကြည်မှုပင်...
.
.
.
.
.
.
.
.
"ဂျန်းကု မင်းဘာဖြစ်လာတာလဲ??!!"

ညိုးငယ်စွာထိုင်နေတဲ့ ထယ်ယောင်းဟာ ဂျန်းကုရဲ့ဒဏ်ရာတွေကိုမြင်မြင်ချင်းမတ်တပ်ထရပ်လိုက်လေသည်..

"ဘာမှမဖြစ်ပါဘူး"

"ကမ်နမ်ဂျွန်းလုပ်လိုက်တာလား... ငါအဲ့ဒီလူကိုအခုသွားသတ်မယ်.."

တကယ်သွားမလိုပြင်နေတဲ့ထယ်ယောင်းကြောင့် ဂျန်းကုအမြန်ပင်တားလိုက်ရသည်...

"ကမ်နမ်ဂျွန်းလုပ်တာဆိုရင် ငါကဒီအတိုင်းငြိမ်ခံနေမှာလား"

"အဲ့တာဆိုရင် ဘယ်သူက?? ဧကန္တ ကမ်ဆော့ဂျင်??"

ဂျန်းကုခေါင်းငြိမ့်ပြလိုက်သည်..

"အဲ့တာဆိုသူသိသွားပီပေါ့... သူတော်တော်ကိုခံစားလိုက်ရမှာပဲ"

"ဒါပေမဲ့ပိုပီးအဆင်ပြေသွားတာပေါ့.. ငါသူ့ကိုငါနဲ့ကမ်နမ်ဂျွန်းကြားထဲမှာမညပ်စေချင်ဘူး... ဒီထပ်လည်းထပ်ပီးသူ့ကိုမလိမ်ချင်တော့ဘူး"

ထယ်ယောင်းကအံ့အားသင့်စွာနဲ့..

"ဂျန်းကု မင်းသူသိအောင် တမင်လုပ်လိုက်တာလား??!!"

ဂျန်းကုဘာမှမပြောပဲ ပြတင်းပေါက်ကိုသာစိုက်ကြည့်နေလိုက်သည်...
.
.
.
.
.
လွန်ခဲ့သောအချိန်၌

ယွန်းဂီ ဂျန်းကုရဲ့ကော်လံစကိုဆွဲပီးနံရံနဲ့ပြေးကပ်လိုက်သည်..

"မင်းကိုငါတခုပဲမေးမယ် ကမ်ဆော့ဂျင်ကမင်းအတွက်ဘာလဲ"

ဂျန်းကုပြန်မဖြေခင် တံခါး၀ကကပုံရိပ်ငယ်လေးကြောင့်
မပြောချင်သောစကားတချို့ကိုပြောခဲ့လိုက်ရသည်...

"ကမ်နမ်ဂျွန်းကို လက်စားချေမဲ့ အစီအစဉ်တွေထဲကတခု"

တံခါးဖွင့်သံနဲ့အတူချစ်ရသူရဲ့တောက်ခေါက်သံ နဲ့ မျက်နှာပေါ်ကိုကျရောက်လာတဲ့လက်သီးချက်တွေကို
ဂျန်းကုမတွန်းဖယ်ခဲ့ပါဘူး... ဘာလို့လဲဆိုရင်သူကဒီအပြစ်ဒဏ်ထပ်ကိုပိုပီးကြီးလေးလွန်းတဲ့အပြစ်ကိုကျူးလွန်ခဲ့တာလေ.. ချစ်ရတဲ့သူကိုအသုံးချပီး လက်စားချေဖို့ကြိုးစားခဲ့တဲ့သူ့အတွက် ဒီအပြစ်ဒဏ်ကထိုက်တန်ပါတယ်... အနည်းဆုံတော့ချစ်ရသူ သူ့ကိုမုန်းသွားပီး သူနဲ့ကမ်နမ်ဂျွန်းတို့ရဲ့ကစားပွဲထဲ၀င်မပါစေရဖို့ပင်... အနည်းဆုံးတော့သူအန္တရာယ်ကင်းလျှင်ပဲကျေနပ်ပါသည်..

'ကိုယ်မင်းကိုတကယ်ချစ်ခဲ့တာပါ ဂျင်'
.
.
.
.
.
.
.
.
"ဂျီမင် ကိုယ့်ကို အောက်ဆင်းပီးတွေ့နိုင်မလား"

ဂျီမင် ပြင်းတင်းပေါက်လိုက်ကာကြားကနေ လက်တဖက်ကဖုန်းကိုကိုင်းရင် အောက်ထပ်ကြားပါကင်ကထိုလူ့ကိုကြည့်နေမိသည်...

"ကိုယ်တကယ်စိတ်ညစ်စရာလေးရှိနေလို့ပါ"

ဂျီမင် ဘာမှပြန်မပြောပဲဖုန်းကိုသာချပစ်လိုက်သည်... ပထမတခါမှာပျက်စီးသွားခဲ့တဲ့အချစ်တခုနဲ့နှလုံးသားတစုံဟာ သွေးသံရဲရဲနှင့်အက်ကွဲကြောင်းဒဏ်ရာတွေဟာလည်း မကျတ်သေးပေ... ထိုသူဘယ်ခြေလှမ်းကိုလှမ်းနေမှန်းသိပေမဲ့ ဂျီမင်ထပ်ပီးမနာကျင်ချင်တော့ပေ... အထူးသဖြင့် နှစ်ပေါင်းများစွာချစ်ခဲ့ရတဲ့ထိုလူသားကိုမေ့ပစ်ရင်း အသစ်ပြန်စဖို့ဆိုတာထင်ထားထားထပ်ပိုပီးခက်ခဲသည်...

*Ring Ring Ring*

ဂျီမင် ထိုလူထင်လို့ဖုန်းကိုမကိုင်ဖို့လုပ်ပေမဲ့ contactမှာပေါ်လာတဲ့ဖုန်းနံပါတ်ကြောင့်အမြန်ပင်ဖုန်းကိုကိုင်လိုက်သည်...

"အကိုဟိုဆော့ ဘာကိစ္စရှိလို့လဲ"

"အကို အကိုတောင်းပန်ပါတယ် ဂျီမင်"

တုန်ယင်နေတဲ့တဖက်ကအသံကြောင့် ဂျီမင်ရုတ်တရက်စိုးရိမ်မိသွားသည်...

"အကိုက ကမ်ဟယ်ဆူ့ကိုသတ်ခဲ့တဲ့တရားခံပါ"

"ဘလို??"

ဂျီမင်မယုံပါ.. လောက်သဘောကောင်းပီးနွေးထွေးတဲ့အကိုဟိုဆော့လိုလူက
ကမ်ဟယ်ဆူ့ကိုသတ်တယ်ဆိုတာ လုံး၀ကိုမဖြစ်နိုင်ပေ...

"အကို မနက်ဖြန် ရဲစခန်းမှာအပြစ်တွေအကုန်၀န်ခံတော့မှာပါ
ဒီအတောအတွင်း ဒုက္ခများခဲ့ပီ ဂျီမင်...ဒုန်း!!!"

နောက်ဆုံးကြားလိုက်ရတဲ့ အသံကျယ်ကြီးနဲ့အတူ ဖုန်းကျသွားတဲ့အတွက်ဂျီမင်အရမ်းကိုထိတ်လန့်မိသွားသည်..
ဂျီမင် ဟိုဆော့စီကိုဖုန်းတွေပြန်ခေါ်ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပေ... ဒါပေမဲ့messageတကြောင်းတော့၀င်လာသည်...

'အကို့ကို တယောက်တည်းနေခွင့်ပြုပါ ဂျီမင်...
အကိုအချိန်တခုလိုအပ်တယ်'

ဂျီမင် ထိုmessageကိုမြင်မှပဲစိတ်အေးသွားနိုင်သည်... ဒါပေမဲ့အောက်ထပ်ကားပါးကင်ကိုကြည့်လိုက်တော့ ထိုလူသားဟာအခုထိမပြန်သေးပေ... အခုလိုနှင်းတွေကျနေတဲ့ဆောင်းတွင်းကြီးထဲမှာ ရေခဲဖြစ်ချင်လို့ဒီအတိုင်းနေနေတယ်ထင်ပါရဲ့... ထိုမြင်ကွင်းကိုဒီအတိုင်းကြည့်နေရအောင် ပတ်ဂျီမင်ဆိုသူကအသည်းမာသူမဟုတ်... နောက်ဆုံးတော့
ထိုမင်ယွန်းဂီဆိုတဲ့လူသားစီကို ဖုန်းခေါ်လိုက်ပီး...

"ခင်များ ခဲပီးသေချင်လို့လား မင်ယွန်းဂီ??" အခုအိမ်ပြန်လိုက်တော့... ဂရုစိုက်ဦး နေမကောင်းမဖြစ်စေနဲ့"

ဂျီမင် မြန်နေတဲ့နှလုံးခုန်သံတွေကိုမျက်ကွယ်ပြုရင်း ဖုန်းကိုချလိုက်သည် အောက်ထပ်ကကောင်လေးရဲ့မျက်နှာမှာတော့ ဂျီမင့်ရဲ့စကားတခွန်းကြောင့် မြင်ခဲလှတဲ့အပြုံးဟာဖြစ်ပေါ်လာခဲ့သည်... နှင်းတွေကြားမှာပြုံးနေတဲ့ကောင်လေးတယောက်ရှိခဲ့သလို.. တဖက်မှာလဲ ကားတိုက်ခံရမှုကြောင့် သွေးအိုင်ထဲလဲနေတဲ့
ဂျန်းဟိုဆော့ဆိုတဲ့ကောင်လေးတယောက်လည်း ရှိခဲ့လေသည်......
.
.
.
.
.
.
.
......Namjin....... x....... Jinkook.........

Spoiler alert

တချို့တွေသိပီးသားဖြစ်မှာပါ hopeလေးမှာ babieသေးသေးလေးရှိနေပါပီနော် အခုကားတိုက်ခံရတော့ hopeလေးရော babieလေးရောဘာများဖြစ်သွားကြမလဲ?? ကားတိုက်တဲ့သူကရောဘယ်သူလဲ??
ကဲ သာသာလည်းခေါင်းတွေမူးနေပါပီ... နောက်တပိုင်းမှာပြန်တွေ့ကြမယ်နော်
Love you all❤️
Take care❤️
................................................................

Zawgyi







"ငါ့က‌တော့အရူးလုပ်ခံခဲ့တာ မင်းသိရဲ့လား မင်းတို့ကငါ့ကိုအရူးလုပ်ခဲ့တာ!!"

"ဂျင်!!!"

"မကိုင်နဲ့!!


'ခွက်!!!'


'ခွက်!!!'


'ခွက်!!!'




.
.
.
.
.
.
.
.


"ဘာမှမဖြစ်ပါဘူး"










.
.
.
.
.
လွန်ခဲ့သောအချိန်၌






.
.
.
.
.
.
.
.




*Ring Ring Ring*






"ဘလို??"







.
.
.
.
.
.
.
......Namjin....... x....... Jinkook.........

Spoiler alert

Love you all❤️
Take care❤️
................................................................



واصل القراءة

ستعجبك أيضاً

1.4K 101 2
TaeJin and Jikook In Burmese🇲🇲
918 69 7
𝐓𝐇𝐄 𝐏𝐇𝐀𝐍𝐓𝐎𝐌 & 𝐓𝐇𝐄 𝐒𝐎𝐍𝐆𝐁𝐈𝐑𝐃 ♫ In which a homeless street musician falls for a bloodthirsty mafia don with a dark and deadly sec...
79.5K 3.9K 20
Despite the need for a long break, Midoriya Izuku gets called back to reform to top members of the Meta Liberation Army. But something tells him this...
6K 56 28
"𝗔𝗹𝗹 𝗜𝗻 𝗨𝘀! 𝗛𝗶 𝘄𝗲 𝗮𝗿𝗲 𝗜𝗧𝗭𝗬"