[Myanmar Trans]Guide on How t...
By hito-ja-nai
133K 22.3K 1.5K
[ Zawgyi + Unicode ] Name -网恋翻车指南 Author: 酱子贝 Total Chapters: 117 + 2 extras Genre: Comedy, Completed, gaming... More
MM Translator Introduction
~၁~
~၂~
~၃~
~၄~
~၅~
~၆~
~၇~
~၈~
~၉~
~၁၀~
~၁၁~
~၁၂~
~၁၃~
~၁၄~p1
Announcement
~၁၄~p2
~၁၅~
~၁၆~
~၁၇~P1
~၁၇~p2
~၁၈~
~၁၉~p1
Fan Art Time!!
~၁၉~P2
~၂၀~
~၂၁~
~၂၂~
~၂၃~
~၂၄~P1
~၂၄~p2
~၂၅~
~၂၆~
~၂၇~
~၂၈~
~၂၉~
~၃၀~P1
~၃၀~P2
~၃၁~P1
~၃၁~P2
~၃၂~
~၃၃~P1
~၃၃~P2
New Work!!
~၃၄~P1
~၃၄~P2
~၃၅~P1
~၃၅~P2
~၃၆~
~၃၇~P1
~၃၇~P2
~၃၈~p1
~၃၈~P2
~၃၉~P2
~၄၀~P1
~၄၀~P2
~၄၁~P1
~၄၁~P2
~၄၂~
~၄၃~
~၄၄~P1
~၄၄~P2
~၄၅~
~၄၆~
~၄၇~P1
~၄၇~P2
~၄၈~P1
~၄၈~P2
~၄၉~P1
~၄၉~P2
🙏Announcement🙏
~၃၉~P1
987 249 5
By hito-ja-nai
ZawGyi
 Ding!
ကျင်းဟွမ်သည် တွေဝေနေခြင်းကနေ အသိစိတ်ပြန်ဝင်လာခဲ့ပေသည်။ထိုသူတွေကို သူသည်နှုတ်ဆက်မလို့ပြင်လိုက်သည့်အချိန်မှာပဲ သူ့ဘေးနားတွင်ထိုင်နေသည့် လုဝမ်ဟောင်က ထိုင်နေရာကနေအရင်ထလိုက်သည်။
လု့ဟန်က သက်ပြင်းချသည်။သူ၏နဖူးက ဆံစတွင်ရှိနေသည့် မိုးရေစက်များကိုဖယ်ရှားရန် လက်ုမြှောက်ရင်း ပြုလုပ်လိုက်သည်။ "အဲ့အကြောင်းထပ်မပြောပါနဲ့တော့ကွာ၊ အခုလေးတင်ငါတို့တောင်တတ်နေတာ၊ ဒီနေ့ကျမှ မိုးသည်းသည်းထန်ထန်ရွာလာရတယ်လို့...ပြီးတော့ ငါတို့တောင်ပေါ်ကနေပြန်ဆင်းလာချင်တဲ့အခါမှာ မိုးကအရမ်းကိုသည်းလွန်းလို့ ငါတို့လမ်းကိုမြင်ရရုံလေးသာသာပဲ...အဲ့တော့ကာ ငါတို့ဒီကိုလာပြီးခဏပဲ ခိုနေရတော့တာပေါ့"
လု့ဟန် - အဲ့တာမျိုးတွေ မကြည့်မိဘူး
ကျင်းဟွမ်က စားပွဲခုံကနေတစ်ရှူးအနည်းငယ်ထုတ်ကာ ရှန့်ဟွိုင်ဇီထံသို့ကမ်းပေးလိုက်သည်။ "စီနီယာ ဒါလေးတွေနဲ့နည်းနည်းလောက်ခြောက်သွားအောင် သုတ်လိုက်ပါလား"
ရှန့်ဟွိုင်ဇီက လက်ခံလိုက်သည်။ "ကျေးဇူးပဲ"
လု့ဟန်က သူတို့၂ယောက်ကိုတစ်ချက်ကြည့်လိုက်သည်။ "မင်းတို့ ၂ယောက်ကတစ်ယောက်နဲ့တစ်ယောက်သိတာလား?"
လု့ဟန်က ကျင်းဟွမ်ကိုအရင်ကကြားဖူးသည်။ကျင်းဟွမ်က ကျောင်းမှာနည်းနည်းလူသိများပြီး သူတို့မေဂျာက မိန်းကလေးအများစုက ဂျူနီယာညီလေး ဘတ်စ်စကတ်ဘောကစားတာ ကြည့်ရတာကိုတော်တော်လေး သဘောကျကြသည်လေ။
"ငါတို့ အရင်ကဆုံဖူးတယ်" ရှန့်ဟွီုင်ဇီက ပြောသည်။
ကောင်းဇီရှန်းက သူတို့ကိုမိတ်ဆက်ပေးလေသည်။ "ဟွမ်ဟွမ်၊ ဒါကငါတို့ရဲ့နောက်ထပ် စီနီယာတွေထဲကတစ်ယောက်ပဲ၊ လု့ဟန်လို့ခေါ်တယ်။သူက စီနီယာရှန့်နဲ့အခန်းတူတူနေတယ်၊ ကစားသမားတွေ တွေ့ဆုံပွဲမှာသိခဲ့ရတာပဲ။စီနီယာ၊ ဒါကကျင်းဟွမ်ပါ၊ကျွန်တော်တို့ရဲ့အခန်းဖော်"
"ငါသိပြီးသား၊ သူ့ကိုအရင်ကတည်းက ကြားဖူးခဲ့တာ" လု့ဟန်ကသူ့ကို စိတ်အားထက်သန်စွာဖြင့်မေးလေသည်။ "ငါ့အကြောင်း မင်းတို့အခြားဘာတွေပြောကြသေးလဲ? ငါက ဘယ်လိုမျိုးဆိုပြီး ပြောကြသေးလဲ?"
"အစ်ကိုက သူရဲကောင်း ကိုးဖော်မှာအရမ်းတော်တယ်လို့ သူတို့ပြောပြတယ်" ကျင်းဟွမ်က လု့ဟန်ထံသို့လဲတစ်ရှူးအနည်းငယ် ကမ်းပေးလိုက်သည်။
"ကျေးဇူးပဲ" လု့ဟန်က သူ၏လက်မောင်းကိုသုတ်ချလိုက်သည်။ "မင်းကော သူရဲကောင်း ကိုးဖော်ကစားတာပဲလား? ဘယ်serverလဲ? မင်းက နတ်ကညာမြေခွေးလှိုဏ်ဂူ ကစားတာမှာတော်တော် တော်တာပဲ၊ ငါတို့ပါတီထဲမှာရှိတဲ့ နတ်ကညာမြေခွေးမလေးနဲ့ပြိုင်တိုက်လို့တောင်ရတယ်"
ကျင်းဟွမ်ခေါင်းခါလိုက်သည်။ "ကျွန်တော်အရင်က ကစားတယ် ရပ်လိုက်တာက နှစ်တော်တော်ကြာပြီ"
"စီနီယာ၊ အစ်ကိုတို့ ပါတီမှာလဲနတ်ကညာမြေခွေးရှိတာပဲလား?" လုဝမ်ဟောင်က သိချင်စိတ်နဲ့မေးလိုက်သည်။ "သူကဘယ်လိုလဲ? ဘယ်လောက်တောင်တော်လဲ?"
ကောင်းဇီရှန်း - မမေးနဲ့၊ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ထက်ကိုတော်မှာပဲ
လုဝမ်ဟောင် - ငါ့ကိုမှ မဖဲ့ရရင် မင်းသေမှာမို့လို့လား!!
လု့ဟန်က တစ်ခုခုကိုတွေးမိသွားပုံရကာ ရီလိုက်သည်။ "ငါတို့ပါတီက နတ်ကညာမြေခွေးလှိုဏ်ဂူက...."
သူ့မေးကို ဆတ်ကာရှန့်ဟွိုင်ဇီထံသို့ ညွှန်ပြလိုက်ပြီး "တော်တော်လေး တော်တယ်၊အထူးသဖြင့် သူနဲ့ဆိုရင်....."
ရှန့်ဟွိုင်ဇီက ဆင်ခြင်ပြီးပြန်မေးလိုက်သည်။ "မိုးရေထဲ နောက်တစ်ကြိမ်ထပ်စိမ်ချင်လို့လား?"
လု့ဟန် ပါးစပ်ပေါက်ပိတ်သွားလေပြီ။
ကိစ္စတစ်ခုကြောင့် ကျင်းဟွမ်သည် အနည်းငယ်ပျာရိ့ပျာယာပုံစံခံစားနေရသည်။သူ၏ လည်ကုတ်ကတောင့်တင်းကာ ထုံကျင်နေပြီး တော်တော်လေးကိုမသက်မသာဖြစ်နေသည်။
ငါ နောက်ကျရင်နားကြပ်တပ်ပြီးမကစားတာ ပိုကောင်းမယ်ထင်တယ်၊မဟုတ်ရင် လူတိုင်းကို နှလုံးသား လိုအင်ဆန္ဒလို့ပဲ ငါတွေးနေမိနေတာက တော်တော်လေး မဆိုးဝါးလွန်းနေဘူးလား??
"အမ်...အစ်ကိုလု ပိုက်ကွန်အုပ်ဖို့လား?" လု့ဝမ်ဟောင်က မေးသည်။ "ဒါမှမဟုတ်ရင် အစ်ကိုတို့လဲအပန်းဖြေစခန်းမှာပဲ တည်းနေတာလား?"
(T/N - ဆောရီးပါ ဒီနေရာမှာသူပြောထားတာက အဲ့ပိုက်ကွန်အုပ်ဖို့လား ဆိုတာထက် အခြားဘယ်လိုmeaning မျိုးမှထွက်မနေဘူး ၊ဒီနေရာ ဘာသာပြန်တာလေး လွဲချော်သွားရင်တောင်းပန်ပါတယ်နော်)
"ဟင့်အင်း ၊ငါတို့ရဲ့ ဟိုတယ်ကမြို့ထဲမှာ ။ငါတို့တွေ ဘွတ်ကင်တင်တာနောက်ကျသွားတယ်၊ အဲ့တော့အပန်းဖြေစခန်းမှာ အခန်းတွေမရှိတော့ဘူး ဖြစ်သွားတယ်" လု့ဟန်က ဘေးပတ်ပတ်လည်ကိုအနည်းငယ် လေ့လာကြည့်ပြီးတော့ "မိုးကဘယ်တော့မှ တိတ်မယ်ဆိုတာကိုငါတို့လဲမသိဘူး။ ဒီနေရာမှာ Internet caféရှိတယ်လို့ကြားလို့ ငါတို့လဲအချိန်ဖြုန်းဖို့ရောက်လာခဲ့တာပါပဲ"
Caféထဲမှာရှိတဲ့ ကွန်ပျူတာတွေသည် ၄လုံးအတန်းလိုက်စီတန်းထားသည်။ သူတို့အတန်းမှာကတော့ ကျင်းဟွမ်ဘေးနားမှာပဲ နေရာလွတ်ရှိနေသည်ဖြစ်သည့်အတွက်ကြောင့် အခြား၂ယောက်က ထိုနေရာတွင်ထိုင်မရပေ။
ဒါပေမယ့်ဆန့်ကျင်ဘက်ကအတန်းမှာတော့ နေရာလွတ်နေခဲ့သည်။
ကျင်းဟွမ်က နားကြပ်ကိုတပ်လိုက်ပြီး PUBGနောက်တစ်ပွဲစလိုက်သည်။
သူ၏ ယောကျ်ားလေးကစားသမားအကူ၃ယောက်က သူ၏နားကြပ်ထဲတွင် စကားလုံးမပီမသနဲ့ပြောချင်ရာပြောနေကြသည်။ကျင်းဟွမ်ရဲ့ဂိမ်းဇာတ်ကောင်က တော်တဲ့သူနောက်ကနေပဲ အလိုက်သင့်လေးထိုင်လိုက်နေပြီးတော့ ဘာတိုက်ခိုက်မှုမှမလုပ်နေပါချေ။သူ၏ မျက်လုံးအကြည့်မြင်ကွင်းသည် ဘယ်လိုမှမတတ်သာပဲ ရှန့်ဟွိုင်ဇီ၏ mouseကိုင်ထားသည့် လက်ဆီသို့သာရောက်ရောက်နေသည်။
ကျင်းဟွမ်သည် ကြည့်ရတာဝသွားပြီး သူ၏အကြည့်ကိုရွေ့လိုက်သည့်အခါတွင် ရှန့်ဟွိုင်ဇီကသူ၏ခေါင်းကိုရုတ်တရက်မော့လိုက်ပြီး သူတို့၂ဦးကြားကွန်ပျူတာ၂လုံးအကွာအဝေးကနေ သူ့ကိုမတော်တဆကြည့်မိသွားခဲ့ကာ "မင်းဘာတွေကြည့်နေတာလဲ?"
ခိုးကြည့်နေတာကို လက်ပူးလက်ကြပ်မိသွားတဲ့နောက်မှာတော့ ကျင်းဟွမ်က ရှက်မနေတော့ပါ။
သူ၏နားကြပ်ကိုဖြုတ်လိုက်ကာ ပြုံးလိုက်သည်။ "စီနီယာ၊ အစ်ကိုရဲ့လက်တွေက တကယ်ကြီးတာပဲ။ပြီးတော့ ကြည့်ကောင်းတဲ့လက်ချောင်းတွေကောပဲ"
ကျင်းဟွမ်စကားပြောပြီးသည့်နောက်တွင် အလွန်စူးရှသည့် ကျွီး ဆိုသည့်ဆူညံသံကသူ၏နားကြပ်ကနေထွက်လာသည်။သူမြန်မြန်ခေါင်းကိုနောက်ပြန်ဆုပ်သွားပြီးတော့ သူ၏နားကြပ်ကိုနောက်တစ်ကြိမ်ထပ်တပ်လိုက်သည်။ "ငါရှိနေတယ်၊ ငါရှိနေတယ်။ ငါ့သူငယ်ချင်းဆီကို စကားခဏပြောနေတာ... မင်းတို့တွေဘယ်မှာလဲ? OKသူတို့ကိုတွေ့ပြီ"
ထိုသူ၏ စိတ်ကူးယဉ်ဆန်သည့် ချီးမွမ်းစကားကိုနားထောင်ပြီးသည့်နောက်တွင် ရှန့်ဟွိုင်ဇီ ပြုံးလိုက်သည်။ ထို့နောက်ခပ်မတ်မတ်ထိုင်ကာ ဂိမ်းထဲသို့ဝင်လိုက်လေသည်။
လု့ဟန် - ဖြစ်စဉ်တွေ သွားလုပ်ကြမလား? ရိုးရိုးလူ၅ယောက်ဟာပဲလေ။ ရှောင်ထျန်ကျင်က ရှိမနေဘူးလား? သူ့accကို နတ်သမီးမြေမှာ အော်တိုထားထားတာ တွေ့တယ်....
ရှန့်ဟွိုင်ဇီက သူ၏သူငယ်ချင်းစာရင်းက မီးလင်းနေတာကို မတွေ့သောကြောင့် ချက်ချင်းဖြေလိုက်သည်။ "မရှိနေဘူး"
"ဒါဆိုလဲ အိုကေလေ၊ ပင်မမြို့တော်ကိုလာခဲ့။ ငါဖြတ်သွားတဲ့သူတွေကို ခေါ်လိုက်မယ်"
ကြက်၃ကောင်ဆက်တိုက် စားပြီးနောက်တွင် ကျင်းဟွမ်သည် ငြီးငွေ့လာကာ အကူကစားသမား၃ယောက်ကို ထွက်သွားရန်လက်ကိုဝှေ့ယမ်းပြလိုက်သည်။
(Translation Note : ကြက်၃ကောင်ဆက်တိုက် စားသည် = PUBG မှာ၃ပွဲဆက်တိုက်နိုင်သည်)
သူ၏ထိုင်ခုံကိုနောက်မှီလိုက်ပြီး သူ့မေးစေ့ကိုလက်ပေါ်မှာတင်ထားရင်းဖြင့် လုဝမ်ဟောင်ဖြစ်စဉ်ကစားနေတာကို ကြည့်နေမိသည်။
"အဖိုးတန်မှော်ပစ္စည်း သွားယူ" လု့ဟန်၏အသံက ဆန့်ကျင်ဘက်မှသည် ပျံ့လွင့်လာပေသည်။ "ယူပြီးရင် ငါတို့တွေအပေါက်ဝမှာ လူစုကြမယ်"
ရှန့်ဟွိုင်ဇီ - အွန်း
သူတို့၏စကားပြောသည့်အသွားအလာက အလွန်တိုတုတ်ပြီး ကျင်းဟွမ်ကသူတို့ကိုပိုနားထောင်လေ သူပိုပြီးတွေဝေသွားမိလေပင်။သူ့အတွေးတွေက လုဝမ်ဟောင်ရဲ့ မျက်နှာပြင်ပေါ်တွင် လုံးဝကိုရှိမနေချေ။
ဒီအသံတွေနဲ့စကားအသွားအလာတွေက ... တကယ်ကို ဆင်တာပဲ။
သူ၏ဖုန်းက ညင်သာစွာမြည်လာသည့်အခါမှာတော့ ကျင်းဟွမ်သည်ရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့ပေသည်။ သူ၏ဖုန်းကိုထုတ်လိုက်ပြီးတော့ ဖွင့်လိုက်သည်။
ChiChi - ဘယ်လိုလဲ? ဂွမ်းချောင်းတွေက ကမ္ဘာပေါ်မှာအံ့သြဖို့အကောင်းဆုံးအရာ မဟုတ်ဘူးလား!?
ရှောင်ကျင်လေး - ....
(T/N - ဂွမ်းချောင်းဆိုတာက ကိုယ်တွေမိန်းကလေးတွေရာသီလာရင်သုံးတဲ့ padမဟုတ်ဘဲ ဂွမ်းချောင်းလေးတွေကိုပြောတာပါနော် )
ရှောင်ကျင်လေး - ငါအခုထိ မသုံးရသေးဘူး...
ChiChi - ဘာလို့လဲ? အဲ့တာ မလာသေးလို့လား? နင့်ရာသီက ပုံမှန်မဟုတ်တဲ့ဟာမျိုးကြီးလား
ကျင်းဟွမ်သူ့မျက်နှာကို ကာလိုက်မိသည်။ ကမ္ဘာကြီးကနေ ဒီခေါင်းစဉ်ဘယ်တော့မှများ ဝေးကွာသွားနိုင်မလဲ
သူ မိန်းကလေးတွေနဲ့ ဒီအကြောင်းပတ်သတ်တဲ့ကိစ္စကို ပြောရတာက တကယ်ကိုသူ့အတွက်နှစ်လိုဖွယ်ကောင်းတဲ့ ဆွေးနွေးမှုတွေ မရနိုင်ဘူးလေ။
ရှောင်ကျင်လေး - မဟုတ်ဘူး..... ငါအခုထိ ရေပူစိမ်းထဲမစိမ်ရသေးဘူး
ChiChi - သြော်၊ သြော်၊ အိုကေလေ။ အဲ့အဖိုးတန်လေးကို ငါခရီးသွားတုန်းက ငါ့သူငယ်ချင်းက အကြံပေးခဲ့တာ၊ အဲ့ကတည်းကနေ ငါတကယ်ကိုချစ်သွားတာဟေး
လက်ထဲတွင် ဖုန်းကိုင်ထားရင်းနဲ့ ကျင်းဟွမ်ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို တွေးမိသွားခဲ့သည်။ သူခပ်မတ်မတ်ထိုင်လိုက်ပြီး စာမြန်မြန်ရိုက်လိုက်သည်။
ရှောင်ကျင်လေး - ChiChi၊ နင်အခုဘယ်မှာလဲ?
ChiChi - အမ်? ငါက ဖြစ်စဉ်လုပ်နေတာလေ
ရှောင်ကျင်လေး - မဟုတ်ဘူး၊ နင်အခုလူကိုယ်တိုင် ဘယ်မှာရှိနေတာလဲ?
ChiChi - ..... ငါကအိမ်မှာလေ၊ ဘာဖြစ်လို့လဲ?
ရှောင်ကျင်လေး - နင့်ရဲ့မိသားစုက မန်မြို့မှာ အားလပ်ရက်အပန်းဖြေစခန်း ဖွင့်ထားတာတော့ မဟုတ်ဘူးမလား?
ChiChi - ....နင် ဘယ်လိုပေါက်ကရတွေ ပြောနေတာလဲ!? ငါကကျင်းမြို့ကပါ။ ငါ့မိသားစုသာ အပန်းဖြေစခန်းဖွင့်ထားရင် ငါနေ့တိုင်းအလုပ်လုပ်ပြီးတော့ ငါ့ရဲ့သောက်ငတုံး သူဌေးလက်အောက်မှာ ဒုက္ခဝေသနာတွေခံစားနေစရာလိုနေပါ့မလား!?
ကျင်းဟွမ်သူမရဲ့ ပြန်စာကိုစိုက်ကြည့်နေမိပြီးနောက်တွင် သက်သာရာရသွားသလို သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင် သူကိစ္စတစ်ခုလုံးကို တကယ်ရီစရာကောင်းသလို မြင်လိုက်သည်။
ကမ္ဘာပေါ်မှာ ဆင်တူတဲ့အသံတွေအများကြီးရှိတာပဲလေ။ သူခုနကလေးတင်ကမှတွေ့ထားခဲ့သည့် မိန်းကလေးက ChiChiလို့ထင်မိတာ သူတကယ်ရူးနေတာပဲဖြစ်မည်။
(T/N - ဒီနေရာမှာမေ့သွားမှာစိုးလို့နော်၊ အချစ်ဆိုတာ စားဖို့အတွက်က ဂိမ်းအတွင်းusernameဖြစ်ပြီးတော့ ChiChiကကျ WeChat usernameပါ။ သူတို့ကတစ်ယောက်ထဲပါပဲနော်)
လု့ဟန်က အခြေအနေကိုတစ်ချက်လောက် အကဲခတ်ကြည့်ပြီးနောက်တွင် ပြန်ရောက်လာခဲ့သည်။ "မိုးသည်းချက်ကတော့ ကျိုးဝေသူ့အဖေကို ပိုက်ဆံအတွက်လိုက်ရှာတုန်းက ထက်တောင်သည်းနေတာ"
(Translation Note : ကျိုးဝေသူ့အဖေကို ပိုက်ဆံအတွက်လိုက်ရှာတုန်းက ထက်တောင်သည်းနေတာ= ဒါကနာမည်ကြီးသည့်ဇာတ်ကွက်တစ်ခုထဲက ဖြစ်သည်။ ထိုထဲတွင်ပိုက်ဆံအတွက် မိန်းကလေးကသူမ၏အဖေကို မိုးသည်းထဲမှာလိုက်ရှာသည့်အခန်းဖြစ်သည်။)
ကျင်းဟွမ်က သူ့ကိုအမှန်ပြင်ပေးလိုက်သည် ။ "အဲ့တာ ရိ့ပိုင်ပါ"
"ဆိုလိုချင်တာက အတူတူပဲလေ" လု့ဟန်ကသက်ပြင်းချသည်။ "အဲ့တော့ ငါတို့ဘာလုပ်သင့်လဲ? ဒီလိုမျိုးရှားပါးတဲ့ပိတ်ရက်လေးမှာ Internet Caféထဲမှာ အသင့်စားခေါက်ဆွဲပြုတ်ပဲစားရပြီး အိပ်ရမယ်လို့တော့ မပြောပါနဲ့နော်?"
ရှန့်ဟွိုင်ဇီက သူ့ရဲ့မျက်နှာစာပေါ်မှာရှိနေတဲ့ menuကိုကြည့်လိုက်သည်။ "မလိုဘူး၊ ဒီcaféမှာ အစားအသောက်setလိုက်ရှိတယ်"
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ? ငါတို့တွေနှေးနှေးလေးပဲမောင်းသွားမယ်လေ ငါထိုင်ခုံမှာဘယ်လိုမှ မအိပ်နိုင်ဘူး" လု့ဟန်က ခဏလောက်အကြောဆန့်လိုက်သည်။ "ပြီးတော့ ငါအခုလေးတင်သူတို့ကိုမေးလိုက်သေးတယ်၊ ဒီနေရာမှာအခန်းလွတ်ကျန်ဖို့နေနေသာသာ ဧည့်ခန်းမှာတောင်ထိုင်ဖို့ခုံနေရာအလွတ်မရှိတော့ဘူး"
ကောင်းဇီရှန်းက ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။ "အာ အစ်ကိုလု့၊ ကျွန်တော်တို့ အခန်းမှာဘာလို့လိုက်မအိပ်လဲ?"
06/07/2021