တရုတ်ဆရာဝန်အိုကြီးတွေကို emoj...

By LuciousKim

133K 27.7K 1.9K

Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါေလးကေပါ့ေပ... More

Description
Chapter (1.1)
Chapter (1.2)
Chapter (2.1)
Chapter (2.2)
Chapter (3.1)
Chapter (3.2)
Chapter (3.3)
Chapter (4.1)
Chapter (4.2)
Chapter (4.3)
Chapter (5.1)
Chapter (5.2)
Chapter (6.1)
Chapter (6.2)
Chapter (7.1)
Chapter (7.2)
Chapter (8.1)
Chapter (9.1)
Chapter (9.2)
Chapter (10.1)
Chapter (10.2)
Chapter (11)(Final)
extra

Chapter (8.2)

4.3K 1K 78
By LuciousKim

Zawgyi

66.

" ေနာက္ေတာ့ ဘာျဖစ္သြားလဲ ? နင္ သူ႕ကိုျငင္းလိုက္တာလား ?"

ငါ့အေမရဲ႕မ်က္နွာေပၚမွာ မယံုသကၤာမႈေတြနဲ႕ျပည့္နွက္ေနခဲ့တယ္။

“Eh? အဲဒါက ရုတ္တရက္ၾကီးဆိုေတာ့ က်ြန္ေတာ့္ရဲ႕ဦးေနွာက္က အလုပ္မလုပ္ဘူးျဖစ္သြားတယ္ထင္တယ္ ... တကယ္လို႔ တစ္ေယာက္ေယာက္နဲ႕အတူေနဖို႔ကို ခ်က္ခ်င္းသေဘာတူလိုက္ရင္ အရမ္းသိကၡာမရိွသလိုျဖစ္မသြားဘူးလား ? ေနာက္ျပီး က်ြန္ေတာ္ဘြဲ႕ရျပီးကတည္းက အိမ္မွာပဲျပန္လာေနတာေလ က်ြန္ေတာ္ ရုတ္တရက္ေျပာင္းေရႊ႕သြားရင္ အေမတို႔ အဆင္မေျပျဖစ္သြားမွာစိတ္ပူလို႔ ..."

အဓိကျပသနာကေတာ့ အဲဒီအခ်ိန္တုန္းက ငါတို႕ေနာက္ကို တိတ္တိတ္ေလးလိုက္လာတဲ့ ေကာင္ေလးတစ္ေယာက္က တုတ္ေခ်ာင္းေလးကိုေဝ့ယမ္းျပီး ေအာ္ခဲ့တယ္ေလ။
"Oooh! ေပါင္ေပါင္ ! မင္း ကိုယ္နဲ႕အတူတူေနခ်င္ရဲ႕လား ! " ဆိုျပီးေတာ့။ သူက ငါတို႕အနားမွာ ခုန္ဆြခုန္ဆြနဲ႕ေအာ္ဟစ္ေနျပီးမွ ျပန္ျပီးေျပးသြားခဲ့တာ။

အဲဒါက ေတာ္ေတာ္ေလးရွက္ဖို႔ေကာင္းတယ္ ။ ယခင္ကရိွေနခဲ့တဲ့ ေလထုက ပ်က္စီးသြားခဲ့ျပီး ငါတို႕ေတြ အဲဒီအေၾကာင္းကိုဆက္ျပီးမေျပာနိုင္ခဲ့ေတာ့ဘူးေလ ။

ေျပာရင္းေျပာရင္းနဲ႕ ငါ့အသံကပိုျပီးတိုးလာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ Ms. Li Meili ရဲ႕ပံုစံက ျဖဴေဖ်ာ့လာခဲ့တာေၾကာင့္ပဲ။

“Lao Du! Lao Du,  က်ြန္မကို ကူညီပါဦး —”
သူမက လက္ေတြကိုခါရင္းနဲ႕ေျပာလာတယ္။

"ရွင့္သားက ..ရွင့္သားကို က်ြန္မဒီထက္ပိုျပီး မထိန္းနိုင္ေတာ့ဘူး "

ငါ့အေမက ငါ့အေဖ့ရဲ႕လက္ေမာင္းကိုဆြဲကိုင္မွီလိုက္ရင္း ငါ့ကိုလက္ညိဳးထိုးရင္း ေဒါသတၾကီးေျပာလာတယ္။

"သူက ကေလးမဟုတ္ေတာ့ဘူးေလ ဘာလို႔ ခုထက္ထိ ကိုယ့္ဘာသာကိုယ္ ဆံုးျဖတ္ခ်က္မခ်နိုင္ရေသးဘဲ က်ြန္မတို႕ကိုမွီခိုေနရတာလဲ အရင္တုန္းက က်ြန္မတို႕ရဲ႕သားကို MaMa 'boy ျဖစ္ေနမွန္းမသိခဲ့ဘူး သူ႕ကိုဘယ္သူကလိုခ်င္ဦးမွာတဲ့လဲ .. အနာဂတ္မွာ ဘဝကိုတစ္ေယာက္တည္းျဖတ္သန္းသြားရေတာ့မွာမဟုတ္ဘူးလား ..."

“…”

မား .. က်ြန္ေတာ္ လတိုင္း အိမ္အသံုးစရိတ္ေပးေနတုန္းက ေပ်ာ္ရႊင္ေနတာမဟုတ္ဘူးလား  ..?

က်ြန္ေတာ့္ရဲ႕ ကေလးဘဝဆိုးဝါးတဲ့အေတြ႕အၾကံဳေတြေၾကာင့္  ေပးခဲ့တဲ့ ကတိေတြက ဘယ္ကိုေရာက္သြားျပီလဲ ..?

မားရဲ႕လက္ထဲကေန မိုင္ေပါင္း800ေလာက္အေဝးကို လႊင့္ပစ္လိုက္ျပီလား ! က်ြန္ေတာ္က မားရဲ႕ အခ်စ္ဆံုးငန္းဘဲေလး ျဖစ္ေနေသးရဲ႕လား ?!

" အင္းပါ .. ကိစၥမရိွပါဘူးေလ သားက မားရဲ႕အခ်စ္ရဆံုးကေလးပဲဟာ .. မားရဲ႕အခ်စ္ေတြနဲ႕ အဲဒီျပသနာေတြကို ေျဖရွင္းေပးမွာေပါ့ "
ငါ့အေမရဲ႕စကားေၾကာင့္ ငါျပန္ျပီးစိတ္ေအးသြားရတယ္။

ေနာက္ေန႔မနက္မွာေတာ့  ငါ့ရဲ႕ေအာ္သံက်ယ္ၾကီးနဲ႕အတူ ေအးခဲေနတဲ့ရာသီဥတုၾကားထဲမွာ ခရီးေဆာင္အိတ္နွစ္လံုးနဲ႕ အိမ္ထဲက ထြက္လာခဲ့ရတယ္။

66.

ငါ ဝမ္းနည္းေၾကကြဲမႈနဲ႕ မခံမရပ္ျဖစ္မႈကို တျပိဳင္တည္းခံစားေနရျပီး စိတ္လႈပ္ရွားမႈအနည္းငယ္နဲ႕အတူ Taxi ကိုေခၚလိုက္ျပီး Wang Dequanရဲ႕အိမ္လိပ္စာကို ေျပာကာ သူ႕ရဲ႕ေနရာကို သြားခဲ့တယ္ ။ သူက ကိုယ္ပိုင္အိမ္တစ္လံုးရိွျပီး သူ႕မိဘေတြနဲ႕အတူမေနေလဘူး။

ငါ ကားထဲက ထြက္တဲ့အခ်ိန္မွာပဲ Wang Dequanက တံခါးေပါက္ဝနားမွာ ငါ့ကိုေစာင့္ဆိုင္းလ်ွက္ရိွေနတာကို ေတြ႕လိုက္ရတယ္။

"အန္တီက ကိုယ့္ဆီကိုဖုန္းေခၚျပီး ရွင္းျပျပီးျပီ "

သူက ငါ့ရဲ႕အိတ္ေတြကိုကူညီျပီး ခ်ေပးရင္းေျပာလာတယ္။

“မင္းရဲ႕အေမက မင္းမွာ ပံုစံမက်တဲ့ ေနထိုင္မႈပံုစံရိွေနလို႔  ရုတ္တရက္ေသဆံုးတာမ်ိဳး ဒါမွမဟုတ္ ေရာဂါတစ္ခုခုရိွလာတာမ်ိဳး မျဖစ္ေအာင္ ကူညီျပီးၾကီးၾကပ္ေပးလို႔ရမလားဆိုျပီး ေမးလာတာ "

“ေဟး .. အဲေလာက္ထိမဟုတ္ပါဘူး "

ငါ က်န္ရိွေနတဲ့ ခရီးသြားအိတ္တစ္လံုးကိုဆြဲရင္းနဲ႕ လက္တစ္ဖက္က ဆံပင္ေတြကိုထိုးဖြမိတယ္။
" က်ြန္ေတာ္က ငယ္ငယ္ရြယ္ရြယ္နဲ႕ ထိပ္မေျပာင္ေလာက္ဘူးမလား ဆိုတာကိုပဲေမးလိုက္တာ "

" ဒါဆို ေစာေစာအိပ္ရမယ္ ေက်ာက္ကပ္ေတြကို အရမ္းအလုပ္မပိေစနဲ႕ "

“မရဘူး အဲဒါက အရမ္းခက္မွာ က်ြန္ေတာ့္မွာ ေနာက္က်မွအိပ္တတ္တဲ့ အက်င့္က* ေတာ္ေတာ္ေလးျပင္းထန္ေနျပီ  "

( E- trans note  _ ဒီေနရာမွသံုးသြားတာက OCDလိုမ်ိဳးပဲ အိပ္ခ်င္ေပမယ့္ အိပ္လို႔မရနိုင္တာမ်ိဳး)

"ေနာက္က်မွ အိပ္တတ္တဲ့အက်င့္လား ?"
Wang Dequan က အဓိပၸာယ္အျပည့္ပါတဲ့ မ်က္ဝန္းေတြနဲ႕ ငါ့ကိုစိုက္ၾကည့္လာတယ္

"စိတ္မပူနဲ႔ ကိုယ့္အဲဒါကို ေျပာင္းလဲေပးမယ္လို႔ ကတိေပးတယ္ "

အဲဒီအခ်ိန္တုန္းက သူစေနာက္ေနတယ္လို႔ ငါထင္ခဲ့တာ ။

ငါ့ရဲ႕အိပ္ခန္းေနရာကို စီစဥ္ျပီးတဲ့ေနာက္မွာေတာ့ ေန႕စဥ္သံုးပစၥည္းေတြကိုဝယ္ဖို႔ အျပင္ကိုထြက္လာခဲ့တယ္ ။ ငါတို႔က ကိုယ့္ကိစၥေတြနဲ႕ကိုယ္အလုပ္ရႈပ္ေနခဲ့ၾကတာျဖစ္တယ္။ နွစ္သစ္ကူးအားလပ္ရက္ရွည္ကလည္း မၾကာခင္ကုန္ဆံုးေတာ့မွာျဖစ္ျပီး အပ္ေၾကာင္းထပ္ေနတဲ့အလုပ္ကိုျပန္လုပ္ရေတာ့မယ္။

သူက ညစာအတြက္ ဆန္ျပဳတ္နဲ႕ ေသးငယ္တဲ့ဟင္းခြက္ေလးေတြကို စီစဥ္ခဲ့ျပီး ငါက စားပြဲခံုကိုသန္႕ရွင္းေရးလုပ္ေပးခဲ့တယ္။ ျပီးေနာက္မွာေတာ့ ငါတို႔အတူ ပန္းကန္းေတြကို သန္႕ရွင္းေရးလုပ္ခဲ့ျပီး အိမ္ေအာက္မွာ လမ္းခဏဆင္းေလ်ွာက္ခဲ့ၾကတယ္ ။ အရာအားလံုးက အရမ္းအရမ္းကို ေကာင္းမြန္ေနခဲ့တာ။

ဒါေပမယ့္ နာရီလက္တံက 10ဆိုတဲ့ေနရာကို ေရာက္ရိွလာခ်ိန္မွာေတာ့ သူက ငါ့ကိုကြန္ျပဴတာေရွ႕ကေန ဆြဲေခၚသြားခဲ့ျပီး wifi ကိုလည္းပိတ္ခိုင္းခဲ့တယ္။ ေနာက္ျပီး ေရခ်ိဳးခန္းထဲကိုတြန္းပို႔ကာ အလ်ွင္အျမန္သန္႔ရွင္းေရးလုပ္ခိုင္းခဲ့တယ္။

ဘယ္ေလာက္ေတာင္ အၾကင္နာတရားကင္းမဲ့လိုက္သလဲ .. WiFi ကိုျဖတ္ေတာက္ပစ္တယ္ေလ !

ငါ သူ႕ရဲ႕အမိန္႔ကို မနာခံဘဲ မေနရဲေပမယ့္လည္း ..

....ငါ့မွာအင္တာနက္ေဒတာေတြက်န္ေသးတယ္

67.

ငါ့ရဲ႕သြားေတြနဲ႕ မ်က္နွာကိုသန္႔ရွင္းျပီးတဲ့ေနာက္ ေဘးကမီးအိမ္ေလးကိုဖြင့္ျပီး အိပ္ယာထဲမွာ ဖုန္းကိုတိတ္တဆိတ္ေလာ့ေျဖလိုက္တယ္။ ဒါေပမယ့္ အဲဒီအခ်ိန္မွာပဲ အခန္းတံခါးက ရုတ္တရက္ၾကီးပြင့္လာျပီး Wang Dequan က သရဲတစ္ေကာင္လိုမ်ိဳး ဝင္လာခဲ့တယ္ေလ !

“ မင္းရဲ႕ ဖုန္းကိုသံုးေနတာလား? မင္းဘာလို႔ ေစာေစာအိပ္မေပ်ာ္တာလဲသိလား ?  "
သူက ငါ့ကိုငံု႔ၾကည့္ျပီး ၾကင္နာေႏြးေထြးတဲ့အမူအယာနဲ႔ေျပာလာတယ္။

"မင္း ဘာေျပာခ်င္ေသးလဲ ?"

ငါ -ိုး .. ဒါက ညသန္းေခါင္မွာဖိအားေပးျပီးတိုက္ခိုက္တာပဲ .. ဒါက ငါသိတဲ့ Wang Dequanေရာ ဟုတ္ရဲ႕လား ?

ငါ ရုတ္တရက္ေခ်ာင္းထဆိုးမိသြားျပီး ငါ့ရဲ႕ဂုဏ္သိကၡာေတြလံုးလံုးလ်ားလ်ားဆံုးရံႈးသြားသလို ခံစားမိသြားတာေၾကာင့္ ဖုန္းကိုလ်ွင္ျမန္စြာျပန္ပိတ္လိုက္ျပီး ဟန္ေဆာင္ေျပာလိုက္ရတယ္။

" က်ြန္ေတာ္ အခုအိပ္ေတာ့မွာ.. ဒါက က်ြန္ေတာ့္ခႏၶာကိုယ္က အက်င့္ျဖစ္ျပီး သြားကိုင္မိတာ !"

“ မင္းကိုယ္တိုင္က စျပီးမေျပာင္းလဲသေရြ႕ မင္းဘယ္ေတာ့မွျပင္ဆင္နိုင္မွာမဟုတ္ဘူး "
Wang Dequan ကေျပာခဲ့တယ္

“စကားမေျပာနဲ႕ေတာ့ ..ျမန္ျမန္အိပ္ ကိုယ္မင္းကိုေစာင့္ၾကည့္ေနမယ္ "

ခင္ဗ်ားေစာင့္ၾကည့္ခ်င္တယ္ဆိုရင္လည္း ၾကည့္ေပါ့။

မဟုတ္ေသးဘူး ..သူဘာေျပာလိုက္တာလဲ ?

တစ္ေယာက္ေယာက္မ်ားရိွၾကလား .. မင္းတို႔ေတြ မရိုးသားတဲ့အေၾကာင္းအရာေတြကိုစဥ္းစားေနမယ္ဆိုတာ ငါေသေသခ်ာခ်ာသိတယ္ေနာ္ ။

ဟုတ္တာေပါ့ ။ ငါရဲ႕ပထမဆံုးအေတြးကလည္း အဲလိုမ်ိဳးပဲ ။ သူက ငါ့ရဲ႕အိပ္ယာေပၚကိုခုန္တက္လာျပီး ငါ့ကိုဖိခ်ဳပ္ထားရင္းကေန အႏၱရာယ္မ်ားတဲ့အျပံဳးတစ္ပြင့္နဲ႕ေျပာလာခဲ့မယ္ ။
"ကိုယ္..မင္းကို..ၾကည့္ေနတယ္ .. မင္း.. အိပ္သင့္ျပီ" ဆိုျပီးေတာ့ ?

ဟီးဟီး .. မင္းတို႔ေတြက ညစ္ပတ္တဲ့အေတြးေတြနဲ႔ ၾကမ္းၾကမ္းတမ္းတမ္းေတြကို စိတ္ဝင္စားၾကတာပဲ .. အဲဒီၾကီးက်ယ္ခန္းနားတဲ့ ဆရာဝန္ၾကီးရဲ႕နွလံုးသားက အဲဒီထက္ ပိုျပီးမသန္႕စင္နိုင္ေလာက္ဘူးလား

Wang Dequanက စားပြဲခံုအနီးကခံုကိုဆြဲယူလိုက္ျပီး ခုတင္ဘက္ကိုလွည့္ထိုင္လိုက္တယ္။ သူက တည့္တည့္မတ္မတ္ထိုင္ေနတာျဖစ္ျပီး စားပြဲေပၚကမီးအိမ္ကိုပါဆြဲယူလိုက္ကာ ေပါင္ေပၚမွာ ေဆးကုသမႈမွတ္တန္းေတြကိုတင္လိုက္ရင္းနဲ႕ တည္ျငိမ္စြာေျပာလာတယ္။
" မင္းအိပ္ေပ်ာ္သြားရင္ ကိုယ္ထြက္သြားမွာပါ "

သူက ေစာင့္ၾကည့္ေနမယ္လို႔ေျပာခဲ့ျပီး တကယ့္ကိုေစာင့္ၾကည့္ေနခဲ့တယ္ ။

ေစာင့္ၾကည့္ေနရံုပဲ ။

ဘယ္သူက ဒီလိုပံုစံမ်ိဳးနဲ႔အိပ္ေပ်ာ္မွာတုန္း !

ငါ ငါ့ရဲ႕ဖုန္းကို လက္မလွမ္းမိေအာင္ မနည္းထိန္းခ်ဳပ္ထားရျပီး ဘုရားသခင္က ဒီအန္ကယ္လ္ကို အေဝးသို႔ ပို႔ေပးလိုက္ဖို႔ဆုေတာင္းေနရတယ္ ။

(T/N - အခုမွ ဘာအန္ကယ္လ္လဲ 🤣)

68.

ငါဒီကိုေျပာင္းေရႊ႕လာျပီး အဲကိစၥေတြျဖစ္ျပီးကတည္းက ငါ့ရဲ႕ဖုန္းနဲ႕ ျဖတ္ေတာက္ျပီးေနေနရသလိုပဲ။

ညစာစားခ်ိန္နဲ႕ အိပ္ယာမဝင္ခင္မွာ ငါ့မွာဖုန္းကိုင္ခြင့္မရိွဘူး ။ အလုပ္ထဲမွာလည္း ငါ့မွာဖုန္းသံုးဖို့အခ်ိန္မရိွဘူး ။ တစ္ေယာက္ေယာက္နဲ႕စကားေျပာေနတဲ့အခ်ိန္မွာ ဖုန္းသံုးတာက ရိုင္းစိုင္းျပီး အထင္ေသးစရာေကာင္းတဲ့အျပဳအမူမ်ိဳးပဲေလ ။

ငါသန္႔စင္ခန္းထဲမွာၾကာေနရင္လဲ Wang Dequanက လိပ္ေခါင္းျဖစ္လိမိ့မယ္ဆိုျပီးသတိေပးေသးတယ္။

ငါ့လိုမ်ိဳး ဖုန္းသံုးရတာစြဲလမ္းေနတဲ့သုအတြက္ကေတာ့ ဒါက တကယ့္ကို ဒုကၡဆင္းရဲၾကီးပဲ။

ဒါက ဟိုးအရင္တုန္းကလံုးလံုးလ်ားလ်ားမသံုးခဲ့ဖူးတာမ်ိဳးနဲ႔လည္းမတူဘူး။ ညစာခ်က္ေနတုန္းကာလမွာပဲ ငါ့ရဲ႕သူငယ္ခ်င္းေတြနဲ႔ ေကာလိပ္တုန္းကအတန္းေဖာ္ေတြဆီကို အျပန္အလွန္ စာေတြေပးပို႔နိုင္တယ္။ ဒါက Wang Dequanပံုမွန္လုပ္ေနၾကပံုစံပဲ။ သူက အခ်ိန္ေတြကိုအလဟာသျဖဳန္းတီးရတာကို သေဘာမက်တတ္ဘူး ။

ေနာက္ျပီး ငါ့ရဲ႕ဖုန္းကို အခ်ိန္တိုင္းလိုလို Variety showေတြ က်န္းမာေရးအစီအစဥ္ေတြကိုၾကည့္ေနရင္းနဲ႔ ဘယ္လိုလုပ္ ျဖတ္သန္းနိုင္မွာတုန္း ?

ေတာ္ေတာ္ေလးဆိုးဝါးတဲ့ နာက်င္မႈျဖစ္တဲ့အတြက္ Wang Dequan ကိုအေလ်ွာ့ေပးဖို႔ေတာင္းပန္ခ်င္ခဲ့တယ္။ ငါ့ရဲ႕သြားကို အစြမ္းကုန္ျဖဲျပီးေတာ့ ငါ့ရဲ႕ဖုန္းစြဲလမ္းမႈကိုလႊတ္ထားေပးဖို႔ရန္အတြက္ေပါ့။ ေနာက္ဆံုးမွာေတာ့ သူက ငါ့ကို နိမ့္က်တဲ့ otaku တစ္ေယာက္လို႔ထင္ျမင္ယူဆသြားမွာကို မလိုခ်င္မိျပန္ဘူး ။

ငါ့ကိုငါ အခ်စ္အတြက္စြန္႔လႊတ္ရဲတဲ့ သူရဲေကာင္းတစ္ေယာက္လိုမ်ိဳးေတာင္ ခံစားေနရျပီ ။

... ဒါေပမယ့္ Wang Dequan က ဘာလို႔မ်ားသတိမထားမိရတာလဲ ? ငါက အဖက္ခံရဖို႔အတြက္ ေတာင္းခံခ်င္လာျပီ ။

69.

အမွန္အတိုင္းေျပာရရင္ ေနာက္ေၾကာင္းေတြ၊ အက်င့္စရိုက္ေတြ၊ ၾကီးျပင္းလာတဲ့ဘဝအေျခအေနေတြ မတူညီတဲ့ လူနွစ္ေယာက္အတြက္ အတူတကြေနဖို႔ဆိုတာက အရမ္းကိုၾကီးမားတဲ့စိန္ေခၚမႈၾကီးပဲ။

Wang Dequan ရဲ႕ ေနထိုင္မႈပံုစံက ကိုယ္ပိုင္စည္းမ်ဥ္းေတြနဲ႕ျပည့္ေနျပီး ေၾကာက္ဒူးတုန္ေလာက္စရာပဲ။ ေနာက္တစ္မ်ိဳးေျပာရရင္ တကယ့္ကိုျပီးျပည့္စံုတဲ့ နိုင္ငံသားတစ္ေယာက္ရဲ႔ပံုစံပဲ ။ ငါ့သူ႕ကိုၾကိဳက္ပါတယ္ ဒါေၾကာင့္ပဲ ငါရဲ႕ကိုယ္ပိုင္ေနရာက ေလ်ာ့ရဲလာတာကိုက်င့္သားရဖို႔နဲ႔ သူ႕ရဲ႕ပံုစံအတိုင္း ေပါင္းစပ္ျပီးေနနိုင္ဖို႔ၾကိဳးစားရံုကလြဲျပီး ငါ့မွာေရြးခ်ယ္စရာမရိွဘူး ။

သူက ငါ့ကို မနက္7နာရီအတိမွာထခိုင္းေလ့ရိွတယ္ ( ေျပာရရင္ အဲဒါက ေဆာင္းရာသီမွာ "ေစာေစာအိပ္ျပီး ေနထြက္လာတဲ့အခ်ိန္ထိေနာက္က်ေအာင္ေနျပီးမွ အိပ္ယာကထ"* ဆိုတာေၾကာင့္ပဲ .. ဒါက သူငါ့ကို သက္ညွာထားတာပဲရိွေသးတယ္ ေနြဦးကိုသာေရာက္လာရင္ ငါအဲဒီထက္ေစာေစာထရေတာ့မွာ ) ေနာက္ျပီး အားကစားကြင္းကိုေခၚသြားျပီး ထိုက္ခ်ီကို လိုက္ပါသင္ၾကားခိုင္းတယ္ ။

ညေနပိုင္း ငါ အလုပ္ကေန အိမ္ကိုျပန္ေရာက္ခ်ိန္မွာေတာ့ လံုးဝကိုေျခကုန္လက္ပန္းက်ေနျပီ။ ဒါေပမယ့္ ငါအိပ္ယာမဝင္ခင္အခ်ိန္ထိ အနားယူဖို႔အခ်ိန္နည္းနည္းေလးေတာင္မရရိွခဲ့ဘူး။ ပိတ္ရက္ေတြကိုေရာက္ေတာ့ ငါတို႔မိဘေတြရဲ႕အိမ္ကို အတူတကြ အလည္အပတ္သြားၾကတယ္ ။ ျပီးရင္ ငါတို႔ေတြ ပန္းျခံမွာလမ္းေလ်ွာက္တာပဲျဖစ္ျဖစ္ သန္႕ရွင္းေရးပဲျဖစ္ျဖစ္ဆက္လုပ္ၾကတယ္။

ပံုမွန္ဆိုရင္ ငါတို႔က အိမ္မွာပဲအတူတကြခ်က္ျပဳတ္စားၾကေလ့ရိွတယ္။ အျပင္မွာသိပ္မစားျဖစ္တဲ့အေၾကာင္းရင္းကေတာ့ Wang Dequan က က်န္းမာေရးနဲ႕မညီညြတ္ဘူးဆိုျပီး ေျပာခဲ့တာေၾကာင့္ပဲ ။

ဇာတ္ကာေတြၾကည့္တာမ်ိဳးမရိွသလို အျပင္ကိုလမ္းသလားရတာမ်ိဳးလဲမရိွဘူး။ သူက အလုပ္မရိွေတာ့တဲ့အခ်ိန္မ်ိဳးမွာဆိုရင္ အိမ္မွာေနတတ္ျပီး အိမ္မွာရိွမေနသလိုမ်ိဳးပဲ တိတ္ဆိတ္စြာရိွေနတတ္တယ္။ သူ႕ရဲ႕အခန္းထဲမွာ ဝင္မေနတဲ့အခ်ိန္မ်ိဳးမွာဆိုရင္ စာေလ့လာတာမ်ိဳးလုပ္ေနတတ္သလို အဲလိုပံုစံမ်ိဳးပဲ တစ္ေန႔ျပီးတစ္ေန႔ ကုန္ဆံုးသြားတယ္။

ဒါက တစ္ေန႔တည္း ၊ တစ္ပတ္တည္း ၊ တစ္လတည္း ကိစၥမဟုတ္ဘူး ။ အျမဲတမ္းျဖစ္ပ်က္ေနမယ့္ပံုစံမ်ိဳးပဲ ။ မင္းတို႔ စိတ္ကူးၾကည့္နိုင္ရဲ႕လား ?

တစ္ခါတစ္ေလမွာဆို ငါ့ကိုငါ အိုပရာဇာတ္လမ္းေတြမွာ modelလုပ္ေနရတာလားလို႔ေတာင္ ခံစားရတယ္။

မင္းဘယ္ေလာက္ပဲ Wang Dequan ကိုေလးစားေနပါေစ သူနဲ႕ေန႔ေရာညပါ အတူတူကုန္ဆံုးၾကည့္မယ္ဆိုရင္ သူ႕ရဲ႕ အလံုးစံုေသာ စိတ္ဝင္စားစရာမေကာင္းတဲ့ဘဝကို ခံစားလာရလိမ့္မယ္။

Valentine’s Dayကို ေရာက္လာခ်ိန္မွာေတာ့ လမ္းမတစ္ေလ်ွာက္မွာ နွင္းဆီပန္းေတြျပည့္နွက္ေနျပီး ေကာင္းကင္နဲ႕ေျမၾကီးကိုေတာင္ မျမင္ရေလာက္တဲ့အထိပဲ ။ အဲဒီေန႔မွာေတာ့ ငါအလုပ္မသြားေတာ့ဘဲ ဖေယာင္းတိုင္မီးနဲ႕အလွဆင္ထားတဲ့ romantic dinner ကို သူ႕အတြက္ျပဳလုပ္ဖို႔အတြက္ မြန္းလြဲပိုင္းေလာက္ထိ အလုပ္ရႈပ္ေနခဲ့တယ္။

အဆံုးမွာေတာ့ Wang Dequan က သူ႕ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ ေဆးကုသတဲ့ျဖစ္စဥ္ကိုေဆြးေႏြးေနခဲ့တာေၾကာင့္ ညသန္းေခါင္ယံအခ်ိန္ထိျပန္မေရာက္လာခဲ့ဘူး ။ သူ တံခါးေပါက္ကေနဝင္လာျပီးေနာက္ ပထမဆံုးေတြးေတာျပီးေမးလာခဲ့တဲ့စကားက ငါဘာလို႔အခုခ်ိန္ထိမအိပ္ေသးတာလဲ တဲ့။

ငါ ဘယ္လိုေျဖရွင္းခ်က္မ်ိဳးမွ မေပးခဲ့မိေတာ့ဘူး။

ၾကီးက်ယ္ခန္းနားတဲ့ Valentine's Day ဆိုတာလည္း တကယ္ေတာ့ အေရးမၾကီးပါဘူး ။ ေနာက္ျပီး ညစာတစ္နပ္ေလာက္ကလည္း ဘာေတြမ်ားအေရးၾကီးလို႔လဲ ။ အလုပ္ကသာ နံပါတ္တစ္အေရးၾကီးဆံုးကိစၥပဲေလ။

ငါ လ်ိွဳ႕လ်ိွဳ႕ဝွက္ဝွက္နဲ႕ သြားဝယ္ထားခဲ့တဲ့ လက္စြပ္ကို ထုတ္ဖို႔အခြင့္အေရးမရလိုက္တာကေတာ့ နည္းနည္းရွက္စရာပဲ ။

အဲဒီေန႔တုန္းက ငါသူ႕ကို လက္ထပ္ခြင့္ေတာင္းဖို႔အတြက္ စိတ္ရင္းနဲ႕ ျပင္ဆင္ထားခဲ့တာ ။

***

Unicode

66.

" နောက်တော့ ဘာဖြစ်သွားလဲ ? နင် သူ့ကိုငြင်းလိုက်တာလား ?"

ငါ့အမေရဲ့မျက်နှာပေါ်မှာ မယုံသင်္ကာမှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။

“Eh? အဲဒါက ရုတ်တရက်ကြီးဆိုတော့ ကျွန်တော့်ရဲ့ဦးနှောက်က အလုပ်မလုပ်ဘူးဖြစ်သွားတယ်ထင်တယ် ... တကယ်လို့ တစ်ယောက်ယောက်နဲ့အတူနေဖို့ကို ချက်ချင်းသဘောတူလိုက်ရင် အရမ်းသိက္ခာမရှိသလိုဖြစ်မသွားဘူးလား ? နောက်ပြီး ကျွန်တော်ဘွဲ့ရပြီးကတည်းက အိမ်မှာပဲပြန်လာနေတာလေ ကျွန်တော် ရုတ်တရက်ပြောင်းရွှေ့သွားရင် အမေတို့ အဆင်မပြေဖြစ်သွားမှာစိတ်ပူလို့ ..."

အဓိကပြသနာကတော့ အဲဒီအချိန်တုန်းက ငါတို့နောက်ကို တိတ်တိတ်လေးလိုက်လာတဲ့ ကောင်လေးတစ်ယောက်က တုတ်ချောင်းလေးကိုဝေ့ယမ်းပြီး အော်ခဲ့တယ်လေ။
"Oooh! ပေါင်ပေါင် ! မင်း ကိုယ်နဲ့အတူတူနေချင်ရဲ့လား ! " ဆိုပြီးတော့။ သူက ငါတို့အနားမှာ ခုန်ဆွခုန်ဆွနဲ့အော်ဟစ်နေပြီးမှ ပြန်ပြီးပြေးသွားခဲ့တာ။

အဲဒါက တော်တော်လေးရှက်ဖို့ကောင်းတယ် ။ ယခင်ကရှိနေခဲ့တဲ့ လေထုက ပျက်စီးသွားခဲ့ပြီး ငါတို့တွေ အဲဒီအကြောင်းကိုဆက်ပြီးမပြောနိုင်ခဲ့တော့ဘူးလေ ။

ပြောရင်းပြောရင်းနဲ့ ငါ့အသံကပိုပြီးတိုးလာခဲ့တယ်။ ဘာလို့လဲဆိုတော့ Ms. Li Meili ရဲ့ပုံစံက ဖြူဖျော့လာခဲ့တာကြောင့်ပဲ။

“Lao Du! Lao Du,  ကျွန်မကို ကူညီပါဦး —”
သူမက လက်တွေကိုခါရင်းနဲ့ပြောလာတယ်။

"ရှင့်သားက ..ရှင့်သားကို ကျွန်မဒီထက်ပိုပြီး မထိန်းနိုင်တော့ဘူး "

ငါ့အမေက ငါ့အဖေ့ရဲ့လက်မောင်းကိုဆွဲကိုင်မှီလိုက်ရင်း ငါ့ကိုလက်ညိုးထိုးရင်း ဒေါသတကြီးပြောလာတယ်။

"သူက ကလေးမဟုတ်တော့ဘူးလေ ဘာလို့ ခုထက်ထိ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်မချနိုင်ရသေးဘဲ ကျွန်မတို့ကိုမှီခိုနေရတာလဲ အရင်တုန်းက ကျွန်မတို့ရဲ့သားကို MaMa 'boy ဖြစ်နေမှန်းမသိခဲ့ဘူး သူ့ကိုဘယ်သူကလိုချင်ဦးမှာတဲ့လဲ .. အနာဂတ်မှာ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းသွားရတော့မှာမဟုတ်ဘူးလား ..."

“…”

မား .. ကျွန်တော် လတိုင်း အိမ်အသုံးစရိတ်ပေးနေတုန်းက ပျော်ရွှင်နေတာမဟုတ်ဘူးလား  ..?

ကျွန်တော့်ရဲ့ ကလေးဘဝဆိုးဝါးတဲ့အတွေ့အကြုံတွေကြောင့်  ပေးခဲ့တဲ့ ကတိတွေက ဘယ်ကိုရောက်သွားပြီလဲ ..?

မားရဲ့လက်ထဲကနေ မိုင်ပေါင်း800လောက်အဝေးကို လွှင့်ပစ်လိုက်ပြီလား ! ကျွန်တော်က မားရဲ့ အချစ်ဆုံးငန်းဘဲလေး ဖြစ်နေသေးရဲ့လား ?!

" အင်းပါ .. ကိစ္စမရှိပါဘူးလေ သားက မားရဲ့အချစ်ရဆုံးကလေးပဲဟာ .. မားရဲ့အချစ်တွေနဲ့ အဲဒီပြသနာတွေကို ဖြေရှင်းပေးမှာပေါ့ "
ငါ့အမေရဲ့စကားကြောင့် ငါပြန်ပြီးစိတ်အေးသွားရတယ်။

နောက်နေ့မနက်မှာတော့  ငါ့ရဲ့အော်သံကျယ်ကြီးနဲ့အတူ အေးခဲနေတဲ့ရာသီဥတုကြားထဲမှာ ခရီးဆောင်အိတ်နှစ်လုံးနဲ့ အိမ်ထဲက ထွက်လာခဲ့ရတယ်။

66.

ငါ ဝမ်းနည်းကြေကွဲမှုနဲ့ မခံမရပ်ဖြစ်မှုကို တပြိုင်တည်းခံစားနေရပြီး စိတ်လှုပ်ရှားမှုအနည်းငယ်နဲ့အတူ Taxi ကိုခေါ်လိုက်ပြီး Wang Dequanရဲ့အိမ်လိပ်စာကို ပြောကာ သူ့ရဲ့နေရာကို သွားခဲ့တယ် ။ သူက ကိုယ်ပိုင်အိမ်တစ်လုံးရှိပြီး သူ့မိဘတွေနဲ့အတူမနေလေဘူး။

ငါ ကားထဲက ထွက်တဲ့အချိန်မှာပဲ Wang Dequanက တံခါးပေါက်ဝနားမှာ ငါ့ကိုစောင့်ဆိုင်းလျှက်ရှိနေတာကို တွေ့လိုက်ရတယ်။

"အန်တီက ကိုယ့်ဆီကိုဖုန်းခေါ်ပြီး ရှင်းပြပြီးပြီ "

သူက ငါ့ရဲ့အိတ်တွေကိုကူညီပြီး ချပေးရင်းပြောလာတယ်။

“မင်းရဲ့အမေက မင်းမှာ ပုံစံမကျတဲ့ နေထိုင်မှုပုံစံရှိနေလို့  ရုတ်တရက်သေဆုံးတာမျိုး ဒါမှမဟုတ် ရောဂါတစ်ခုခုရှိလာတာမျိုး မဖြစ်အောင် ကူညီပြီးကြီးကြပ်ပေးလို့ရမလားဆိုပြီး မေးလာတာ "

“ဟေး .. အဲလောက်ထိမဟုတ်ပါဘူး "

ငါ ကျန်ရှိနေတဲ့ ခရီးသွားအိတ်တစ်လုံးကိုဆွဲရင်းနဲ့ လက်တစ်ဖက်က ဆံပင်တွေကိုထိုးဖွမိတယ်။
" ကျွန်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်မပြောင်လောက်ဘူးမလား ဆိုတာကိုပဲမေးလိုက်တာ "

" ဒါဆို စောစောအိပ်ရမယ် ကျောက်ကပ်တွေကို အရမ်းအလုပ်မပိစေနဲ့ "

“မရဘူး အဲဒါက အရမ်းခက်မှာ ကျွန်တော့်မှာ နောက်ကျမှအိပ်တတ်တဲ့ အကျင့်က* တော်တော်လေးပြင်းထန်နေပြီ  "

( E- trans note  _ ဒီနေရာမှသုံးသွားတာက OCDလိုမျိုးပဲ အိပ်ချင်ပေမယ့် အိပ်လို့မရနိုင်တာမျိုး)

"နောက်ကျမှ အိပ်တတ်တဲ့အကျင့်လား ?"
Wang Dequan က အဓိပ္ပာယ်အပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ ငါ့ကိုစိုက်ကြည့်လာတယ်

"စိတ်မပူနဲ့ ကိုယ့်အဲဒါကို ပြောင်းလဲပေးမယ်လို့ ကတိပေးတယ် "

အဲဒီအချိန်တုန်းက သူစနောက်နေတယ်လို့ ငါထင်ခဲ့တာ ။

ငါ့ရဲ့အိပ်ခန်းနေရာကို စီစဉ်ပြီးတဲ့နောက်မှာတော့ နေ့စဉ်သုံးပစ္စည်းတွေကိုဝယ်ဖို့ အပြင်ကိုထွက်လာခဲ့တယ် ။ ငါတို့က ကိုယ့်ကိစ္စတွေနဲ့ကိုယ်အလုပ်ရှုပ်နေခဲ့ကြတာဖြစ်တယ်။ နှစ်သစ်ကူးအားလပ်ရက်ရှည်ကလည်း မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး အပ်ကြောင်းထပ်နေတဲ့အလုပ်ကိုပြန်လုပ်ရတော့မယ်။

သူက ညစာအတွက် ဆန်ပြုတ်နဲ့ သေးငယ်တဲ့ဟင်းခွက်လေးတွေကို စီစဉ်ခဲ့ပြီး ငါက စားပွဲခုံကိုသန့်ရှင်းရေးလုပ်ပေးခဲ့တယ်။ ပြီးနောက်မှာတော့ ငါတို့အတူ ပန်းကန်းတွေကို သန့်ရှင်းရေးလုပ်ခဲ့ပြီး အိမ်အောက်မှာ လမ်းခဏဆင်းလျှောက်ခဲ့ကြတယ် ။ အရာအားလုံးက အရမ်းအရမ်းကို ကောင်းမွန်နေခဲ့တာ။

ဒါပေမယ့် နာရီလက်တံက 10ဆိုတဲ့နေရာကို ရောက်ရှိလာချိန်မှာတော့ သူက ငါ့ကိုကွန်ပြူတာရှေ့ကနေ ဆွဲခေါ်သွားခဲ့ပြီး wifi ကိုလည်းပိတ်ခိုင်းခဲ့တယ်။ နောက်ပြီး ရေချိုးခန်းထဲကိုတွန်းပို့ကာ အလျှင်အမြန်သန့်ရှင်းရေးလုပ်ခိုင်းခဲ့တယ်။

ဘယ်လောက်တောင် အကြင်နာတရားကင်းမဲ့လိုက်သလဲ .. WiFi ကိုဖြတ်တောက်ပစ်တယ်လေ !

ငါ သူ့ရဲ့အမိန့်ကို မနာခံဘဲ မနေရဲပေမယ့်လည်း ..

....ငါ့မှာအင်တာနက်ဒေတာတွေကျန်သေးတယ်

67.

ငါ့ရဲ့သွားတွေနဲ့ မျက်နှာကိုသန့်ရှင်းပြီးတဲ့နောက် ဘေးကမီးအိမ်လေးကိုဖွင့်ပြီး အိပ်ယာထဲမှာ ဖုန်းကိုတိတ်တဆိတ်လော့ဖြေလိုက်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ အခန်းတံခါးက ရုတ်တရက်ကြီးပွင့်လာပြီး Wang Dequan က သရဲတစ်ကောင်လိုမျိုး ဝင်လာခဲ့တယ်လေ !

“ မင်းရဲ့ ဖုန်းကိုသုံးနေတာလား? မင်းဘာလို့ စောစောအိပ်မပျော်တာလဲသိလား ?  "
သူက ငါ့ကိုငုံ့ကြည့်ပြီး ကြင်နာနွေးထွေးတဲ့အမူအယာနဲ့ပြောလာတယ်။

"မင်း ဘာပြောချင်သေးလဲ ?"

ငါ -ိုး .. ဒါက ညသန်းခေါင်မှာဖိအားပေးပြီးတိုက်ခိုက်တာပဲ .. ဒါက ငါသိတဲ့ Wang Dequanရော ဟုတ်ရဲ့လား ?

ငါ ရုတ်တရက်ချောင်းထဆိုးမိသွားပြီး ငါ့ရဲ့ဂုဏ်သိက္ခာတွေလုံးလုံးလျားလျားဆုံးရှုံးသွားသလို ခံစားမိသွားတာကြောင့် ဖုန်းကိုလျှင်မြန်စွာပြန်ပိတ်လိုက်ပြီး ဟန်ဆောင်ပြောလိုက်ရတယ်။

" ကျွန်တော် အခုအိပ်တော့မှာ.. ဒါက ကျွန်တော့်ခန္ဓာကိုယ်က အကျင့်ဖြစ်ပြီး သွားကိုင်မိတာ !"

“ မင်းကိုယ်တိုင်က စပြီးမပြောင်းလဲသရွေ့ မင်းဘယ်တော့မှပြင်ဆင်နိုင်မှာမဟုတ်ဘူး "
Wang Dequan ကပြောခဲ့တယ်

“စကားမပြောနဲ့တော့ ..မြန်မြန်အိပ် ကိုယ်မင်းကိုစောင့်ကြည့်နေမယ် "

ခင်ဗျားစောင့်ကြည့်ချင်တယ်ဆိုရင်လည်း ကြည့်ပေါ့။

မဟုတ်သေးဘူး ..သူဘာပြောလိုက်တာလဲ ?

တစ်ယောက်ယောက်များရှိကြလား .. မင်းတို့တွေ မရိုးသားတဲ့အကြောင်းအရာတွေကိုစဉ်းစားနေမယ်ဆိုတာ ငါသေသေချာချာသိတယ်နော် ။

ဟုတ်တာပေါ့ ။ ငါရဲ့ပထမဆုံးအတွေးကလည်း အဲလိုမျိုးပဲ ။ သူက ငါ့ရဲ့အိပ်ယာပေါ်ကိုခုန်တက်လာပြီး ငါ့ကိုဖိချုပ်ထားရင်းကနေ အန္တရာယ်များတဲ့အပြုံးတစ်ပွင့်နဲ့ပြောလာခဲ့မယ် ။
"ကိုယ်..မင်းကို..ကြည့်နေတယ် .. မင်း.. အိပ်သင့်ပြီ" ဆိုပြီးတော့ ?

ဟီးဟီး .. မင်းတို့တွေက ညစ်ပတ်တဲ့အတွေးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်းတွေကို စိတ်ဝင်စားကြတာပဲ .. အဲဒီကြီးကျယ်ခန်းနားတဲ့ ဆရာဝန်ကြီးရဲ့နှလုံးသားက အဲဒီထက် ပိုပြီးမသန့်စင်နိုင်လောက်ဘူးလား

Wang Dequanက စားပွဲခုံအနီးကခုံကိုဆွဲယူလိုက်ပြီး ခုတင်ဘက်ကိုလှည့်ထိုင်လိုက်တယ်။ သူက တည့်တည့်မတ်မတ်ထိုင်နေတာဖြစ်ပြီး စားပွဲပေါ်ကမီးအိမ်ကိုပါဆွဲယူလိုက်ကာ ပေါင်ပေါ်မှာ ဆေးကုသမှုမှတ်တန်းတွေကိုတင်လိုက်ရင်းနဲ့ တည်ငြိမ်စွာပြောလာတယ်။
" မင်းအိပ်ပျော်သွားရင် ကိုယ်ထွက်သွားမှာပါ "

သူက စောင့်ကြည့်နေမယ်လို့ပြောခဲ့ပြီး တကယ့်ကိုစောင့်ကြည့်နေခဲ့တယ် ။

စောင့်ကြည့်နေရုံပဲ ။

ဘယ်သူက ဒီလိုပုံစံမျိုးနဲ့အိပ်ပျော်မှာတုန်း !

ငါ ငါ့ရဲ့ဖုန်းကို လက်မလှမ်းမိအောင် မနည်းထိန်းချုပ်ထားရပြီး ဘုရားသခင်က ဒီအန်ကယ်လ်ကို အဝေးသို့ ပို့ပေးလိုက်ဖို့ဆုတောင်းနေရတယ် ။

(T/N - အခုမှ ဘာအန်ကယ်လ်လဲ 🤣)

68.

ငါဒီကိုပြောင်းရွှေ့လာပြီး အဲကိစ္စတွေဖြစ်ပြီးကတည်းက ငါ့ရဲ့ဖုန်းနဲ့ ဖြတ်တောက်ပြီးနေနေရသလိုပဲ။

ညစာစားချိန်နဲ့ အိပ်ယာမဝင်ခင်မှာ ငါ့မှာဖုန်းကိုင်ခွင့်မရှိဘူး ။ အလုပ်ထဲမှာလည်း ငါ့မှာဖုန်းသုံးဖို့အချိန်မရှိဘူး ။ တစ်ယောက်ယောက်နဲ့စကားပြောနေတဲ့အချိန်မှာ ဖုန်းသုံးတာက ရိုင်းစိုင်းပြီး အထင်သေးစရာကောင်းတဲ့အပြုအမူမျိုးပဲလေ ။

ငါသန့်စင်ခန်းထဲမှာကြာနေရင်လဲ Wang Dequanက လိပ်ခေါင်းဖြစ်လိမိ့မယ်ဆိုပြီးသတိပေးသေးတယ်။

ငါ့လိုမျိုး ဖုန်းသုံးရတာစွဲလမ်းနေတဲ့သုအတွက်ကတော့ ဒါက တကယ့်ကို ဒုက္ခဆင်းရဲကြီးပဲ။

ဒါက ဟိုးအရင်တုန်းကလုံးလုံးလျားလျားမသုံးခဲ့ဖူးတာမျိုးနဲ့လည်းမတူဘူး။ ညစာချက်နေတုန်းကာလမှာပဲ ငါ့ရဲ့သူငယ်ချင်းတွေနဲ့ ကောလိပ်တုန်းကအတန်းဖော်တွေဆီကို အပြန်အလှန် စာတွေပေးပို့နိုင်တယ်။ ဒါက Wang Dequanပုံမှန်လုပ်နေကြပုံစံပဲ။ သူက အချိန်တွေကိုအလဟာသဖြုန်းတီးရတာကို သဘောမကျတတ်ဘူး ။

နောက်ပြီး ငါ့ရဲ့ဖုန်းကို အချိန်တိုင်းလိုလို Variety showတွေ ကျန်းမာရေးအစီအစဉ်တွေကိုကြည့်နေရင်းနဲ့ ဘယ်လိုလုပ် ဖြတ်သန်းနိုင်မှာတုန်း ?

တော်တော်လေးဆိုးဝါးတဲ့ နာကျင်မှုဖြစ်တဲ့အတွက် Wang Dequan ကိုအလျှော့ပေးဖို့တောင်းပန်ချင်ခဲ့တယ်။ ငါ့ရဲ့သွားကို အစွမ်းကုန်ဖြဲပြီးတော့ ငါ့ရဲ့ဖုန်းစွဲလမ်းမှုကိုလွှတ်ထားပေးဖို့ရန်အတွက်ပေါ့။ နောက်ဆုံးမှာတော့ သူက ငါ့ကို နိမ့်ကျတဲ့ otaku တစ်ယောက်လို့ထင်မြင်ယူဆသွားမှာကို မလိုချင်မိပြန်ဘူး ။

ငါ့ကိုငါ အချစ်အတွက်စွန့်လွှတ်ရဲတဲ့ သူရဲကောင်းတစ်ယောက်လိုမျိုးတောင် ခံစားနေရပြီ ။

... ဒါပေမယ့် Wang Dequan က ဘာလို့များသတိမထားမိရတာလဲ ? ငါက အဖက်ခံရဖို့အတွက် တောင်းခံချင်လာပြီ ။

69.

အမှန်အတိုင်းပြောရရင် နောက်ကြောင်းတွေ၊ အကျင့်စရိုက်တွေ၊ ကြီးပြင်းလာတဲ့ဘဝအခြေအနေတွေ မတူညီတဲ့ လူနှစ်ယောက်အတွက် အတူတကွနေဖို့ဆိုတာက အရမ်းကိုကြီးမားတဲ့စိန်ခေါ်မှုကြီးပဲ။

Wang Dequan ရဲ့ နေထိုင်မှုပုံစံက ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ပြည့်နေပြီး ကြောက်ဒူးတုန်လောက်စရာပဲ။ နောက်တစ်မျိုးပြောရရင် တကယ့်ကိုပြီးပြည့်စုံတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ပုံစံပဲ ။ ငါ့သူ့ကိုကြိုက်ပါတယ် ဒါကြောင့်ပဲ ငါရဲ့ကိုယ်ပိုင်နေရာက လျော့ရဲလာတာကိုကျင့်သားရဖို့နဲ့ သူ့ရဲ့ပုံစံအတိုင်း ပေါင်းစပ်ပြီးနေနိုင်ဖို့ကြိုးစားရုံကလွဲပြီး ငါ့မှာရွေးချယ်စရာမရှိဘူး ။

သူက ငါ့ကို မနက်7နာရီအတိမှာထခိုင်းလေ့ရှိတယ် ( ပြောရရင် အဲဒါက ဆောင်းရာသီမှာ "စောစောအိပ်ပြီး နေထွက်လာတဲ့အချိန်ထိနောက်ကျအောင်နေပြီးမှ အိပ်ယာကထ"* ဆိုတာကြောင့်ပဲ .. ဒါက သူငါ့ကို သက်ညှာထားတာပဲရှိသေးတယ် နွေဦးကိုသာရောက်လာရင် ငါအဲဒီထက်စောစောထရတော့မှာ ) နောက်ပြီး အားကစားကွင်းကိုခေါ်သွားပြီး ထိုက်ချီကို လိုက်ပါသင်ကြားခိုင်းတယ် ။

ညနေပိုင်း ငါ အလုပ်ကနေ အိမ်ကိုပြန်ရောက်ချိန်မှာတော့ လုံးဝကိုခြေကုန်လက်ပန်းကျနေပြီ။ ဒါပေမယ့် ငါအိပ်ယာမဝင်ခင်အချိန်ထိ အနားယူဖို့အချိန်နည်းနည်းလေးတောင်မရရှိခဲ့ဘူး။ ပိတ်ရက်တွေကိုရောက်တော့ ငါတို့မိဘတွေရဲ့အိမ်ကို အတူတကွ အလည်အပတ်သွားကြတယ် ။ ပြီးရင် ငါတို့တွေ ပန်းခြံမှာလမ်းလျှောက်တာပဲဖြစ်ဖြစ် သန့်ရှင်းရေးပဲဖြစ်ဖြစ်ဆက်လုပ်ကြတယ်။

ပုံမှန်ဆိုရင် ငါတို့က အိမ်မှာပဲအတူတကွချက်ပြုတ်စားကြလေ့ရှိတယ်။ အပြင်မှာသိပ်မစားဖြစ်တဲ့အကြောင်းရင်းကတော့ Wang Dequan က ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီး ပြောခဲ့တာကြောင့်ပဲ ။

ဇာတ်ကာတွေကြည့်တာမျိုးမရှိသလို အပြင်ကိုလမ်းသလားရတာမျိုးလဲမရှိဘူး။ သူက အလုပ်မရှိတော့တဲ့အချိန်မျိုးမှာဆိုရင် အိမ်မှာနေတတ်ပြီး အိမ်မှာရှိမနေသလိုမျိုးပဲ တိတ်ဆိတ်စွာရှိနေတတ်တယ်။ သူ့ရဲ့အခန်းထဲမှာ ဝင်မနေတဲ့အချိန်မျိုးမှာဆိုရင် စာလေ့လာတာမျိုးလုပ်နေတတ်သလို အဲလိုပုံစံမျိုးပဲ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားတယ်။

ဒါက တစ်နေ့တည်း ၊ တစ်ပတ်တည်း ၊ တစ်လတည်း ကိစ္စမဟုတ်ဘူး ။ အမြဲတမ်းဖြစ်ပျက်နေမယ့်ပုံစံမျိုးပဲ ။ မင်းတို့ စိတ်ကူးကြည့်နိုင်ရဲ့လား ?

တစ်ခါတစ်လေမှာဆို ငါ့ကိုငါ အိုပရာဇာတ်လမ်းတွေမှာ modelလုပ်နေရတာလားလို့တောင် ခံစားရတယ်။

မင်းဘယ်လောက်ပဲ Wang Dequan ကိုလေးစားနေပါစေ သူနဲ့နေ့ရောညပါ အတူတူကုန်ဆုံးကြည့်မယ်ဆိုရင် သူ့ရဲ့ အလုံးစုံသော စိတ်ဝင်စားစရာမကောင်းတဲ့ဘဝကို ခံစားလာရလိမ့်မယ်။

Valentine’s Dayကို ရောက်လာချိန်မှာတော့ လမ်းမတစ်လျှောက်မှာ နှင်းဆီပန်းတွေပြည့်နှက်နေပြီး ကောင်းကင်နဲ့မြေကြီးကိုတောင် မမြင်ရလောက်တဲ့အထိပဲ ။ အဲဒီနေ့မှာတော့ ငါအလုပ်မသွားတော့ဘဲ ဖယောင်းတိုင်မီးနဲ့အလှဆင်ထားတဲ့ romantic dinner ကို သူ့အတွက်ပြုလုပ်ဖို့အတွက် မွန်းလွဲပိုင်းလောက်ထိ အလုပ်ရှုပ်နေခဲ့တယ်။

အဆုံးမှာတော့ Wang Dequan က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆေးကုသတဲ့ဖြစ်စဉ်ကိုဆွေးနွေးနေခဲ့တာကြောင့် ညသန်းခေါင်ယံအချိန်ထိပြန်မရောက်လာခဲ့ဘူး ။ သူ တံခါးပေါက်ကနေဝင်လာပြီးနောက် ပထမဆုံးတွေးတောပြီးမေးလာခဲ့တဲ့စကားက ငါဘာလို့အခုချိန်ထိမအိပ်သေးတာလဲ တဲ့။

ငါ ဘယ်လိုဖြေရှင်းချက်မျိုးမှ မပေးခဲ့မိတော့ဘူး။

ကြီးကျယ်ခန်းနားတဲ့ Valentine's Day ဆိုတာလည်း တကယ်တော့ အရေးမကြီးပါဘူး ။ နောက်ပြီး ညစာတစ်နပ်လောက်ကလည်း ဘာတွေများအရေးကြီးလို့လဲ ။ အလုပ်ကသာ နံပါတ်တစ်အရေးကြီးဆုံးကိစ္စပဲလေ။

ငါ လျှို့လျှို့ဝှက်ဝှက်နဲ့ သွားဝယ်ထားခဲ့တဲ့ လက်စွပ်ကို ထုတ်ဖို့အခွင့်အရေးမရလိုက်တာကတော့ နည်းနည်းရှက်စရာပဲ ။

အဲဒီနေ့တုန်းက ငါသူ့ကို လက်ထပ်ခွင့်တောင်းဖို့အတွက် စိတ်ရင်းနဲ့ ပြင်ဆင်ထားခဲ့တာ ။

***

Continue Reading

You'll Also Like

309K 54.9K 74
Associated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Y...
241K 36.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
335K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်