(စိတ်ကူးယဥ်သက်သက်သာဖြစ်ပါ၍ ဇာတ်လမ်းထဲမှဇာတ်ကောင်တွေသည် အပြင်လောက ကဇာတ်ကောင်တွေရဲ့ပုံစံကိုပြောင်းပြန်ယူထားခြင်းဖြစ်ပါသည်။)
Unicode
"ကျွီ..."
ကားbreakအုပ်သံနဲ့အတူ အရှေ့ဘက်သို့ယိမ်းထိုးသွားသောခန္ဓာကိုယ်ကြောင့်မျက်လုံးတွေပါတစ်ဆက်တည်းပွင့်လာရသည်...။ ကားမှန်ကနေတစ်ဆင့်ပတ်ဝန်းကျင်ကိုကြည့်မိတော့...
"ေဩာ်...ရောက်လာပြီပဲ"
အတွေးနဲ့အတူခါးပတ်ကိုဖြုတ်ရင်း ကားမောင်းသူနေရာကလူသားကိုလည် မသိမသာ လှည့်ကြည့်မိလိုက်သေးသည်။
သူ့ကိုရှိတယ်လို့တောင် သတ်မှတ်ရဲ့လားမသိပါ။ သူ့ဟာသူကားပေါ်ကဆင်းရန်ပြင်ဆင်နေသည်။ ဒီဥပေက္ခာပြုမှုက နေ့စဉ်ရင်ဆိုင်နေရတဲ့အရာဆိုပေမယ့် မရင့်ကျက်သေးတဲ့နှလုံးသားကတော့ ကလေးဆန်စွာနာကျင်လိုက်ရပါသေးတယ်။
သူ့မှာလည်း ဒီလူသားနဲ့ပတ်သက်ပြီး ခုထိခံစားလွယ်သေးတာပါလား။ ခပ်ယဲ့ယဲ့သာပြုံးလိုက်ပြီး ကားတံခါးဖွင့်ရန်အလုပ်...
"ပတ်ဂျီမင်း"
"ဟင်"
တိကျပြီးပြတ်သားတဲ့အသံက ကားထဲကအေးစက်စက်လေထုကို ဖြိုခွဲပြီးထွက်ပေါ်လာချိန်မှာတော့ သူ့ဦးနှောက်ကလည်း programသွင်းထားသလို လျှင်မြန်စွာ ပြန်ထူးမိသည်။
"ဒီတစ်ခါအမေ့ရှေ့မှာ မျက်နှာပျက်စရာတွေထပ်လုပ်ရင်တော့ ခင်ဗျားကိုကျွန်တော်အသေသတ်မယ်"
"အင်းပါ"
စကားပြီးပြီးချင်း ထွက်သွားတဲ့လူသားကြားနိုင်မှာမဟုတ်ပေမယ့် သူအဖြေပြန်ပေးမိသည်။ ကားပေါ်ကခပ်မြန်မြန်ဆင်းလာပြီးသူ့အတွက်သောကြာနေ့ငရဲခန်း စတင်ရာ အိမ်ထဲသို့ စိတ်ပျက်လက်ပျက်သာ ဝင်လာခဲ့လိုက်သည်။
သောကြာနေ့...။ သူများတွေအတွက်တော့ ရုံးတွေ၊ ကျောင်းတွေ နောက်ဆုံးတက်ရတဲ့နေ့မို့ ပျော်စရာကောင်းပေမယ့် သူ့အတွက်တော့ ပြဿဒါးရက်။
Jeonမိသားစုက သောကြာနေ့ကို သူတို့ရဲ့မိသားစုထမင်းစားပွဲနေ့အဖြစ် သတ်မှတ်ပြီး တစ်ပတ်တစ်ခါ အမြဲလုပ်နေကျ။ ဒါဆိုဂျီမင်းကရော ဒီမိသားစုထမင်းစားပွဲထဲ ဘာလို့ပါလာရတာလဲ။
Jeonမိသားစုရဲ့ အငယ်ဆုံးသား ဂျွန်ဂျောင်ကုနဲ့ လက်ထပ်ထားလို့ပဲလား။
ပတ်ဝန်းကျင် ဘယ်လိုတွေးလဲမသိပေမယ့် ဂျီမင်းကတော့ လုံးဝမကြိုက်ပါ။
အထူးသဖြင့် သူ့ကိုရွံသလို၊ မုန်းသလို ကြည့်တဲ့အဲ့အကြည့်တွေကို...။ ဂျွန်ဂျောင်ကုအမေ သူ့ယောက္ခမကတော့ သားမျက်နှာကြောင့် သူ့ကို အလိုက်အထိုက်ဆက်ဆံပေးပေမယ့် ကျန်တဲ့မိသားစုဝင်တွေကတော့ သူ့ကိုအငယ်ဆုံးသားလေးရဲ့ ယောကျာ်းဆိုပြီး မကြိုဆိုချင်ကြသည်ကတော့ အသေအချာပါပဲ။
မိန်းကလေးတွေတောင် လိုက်မမှီတဲ့အလှမျိုးနဲ့ ကောင်လေးကို ဘာလို့မုန်းတီးနေကြတာလဲ..။
ပတ်ဂျီမင်းက Parkလုပ်ငန်းစုရဲ့ မွေးစားသားဖြစ်နေတာရယ်၊ သူ့ရဲ့မွေးစားအဖေက ဂျွန်ဂျောင်ကုရဲ့ အဖေကို လုပ်ကြံထားလို့ ဆိုတဲ့အချက်တွေကြောင့်ပဲလား။
အိမ်ထဲကိုဝင်လိုက်တော့ သူ့တစ်ကိုယ်လုံးသေးသိမ်သွားသယောင်။ အထူးသဖြင့် သူ့ကိုအပြစ်သားလို ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ သူလုံးဝမနေချင်ပါ။
"ဒီနေ့အတွက် အားတင်းထား ဂျီမင်း"
ကိုယ့်ကိုကိုယ် အသံတိတ်အားပေးပြီး ထမင်းစားပွဲမှာ ခပ်တည်တည် ဝင်ထိုင်လိုက်သည်။ အစ်မကြီးကတော့ မျက်နှာပြောင်လိုက်တာ ဆိုတဲ့ မျက်နှာပေးနဲ့ သူ့ကိုကြည့်လာသည်။
ကြည့်လဲမတတ်နိုင်ပါ။ ပတ်ဂျီမင်းဘဝမှာ တစ်မျက်နှာကို တစ်ကမ္ဘာ လို့သတ်မှတ်ထားတာဆိုလို့ ဂျွန်ဂျောင်ကုတစ်ယောက်သာ ရှိသည်။ ထမင်းဝိုင်းလေးကတော့ ဇွန်း၊ ခက်ရင်းသံကလွဲလို့ ပြင်ပအသံများ တိတ်ဆိတ်နေသည်။ ယောက္ခမကြီး စကားမစခင်အထိပေါ့။
"သား...ကုမ္ပဏီကိစ္စတွေအကုန် အဆင်ပြေရဲ့လား"
"ပြေပါတယ် မေမေရဲ့၊ သားသေချာကိုင်တွယ်နိုင်ပါတယ်"
"အေးကွယ် ငါ့သားလေးကို မေမေက ဒီလိုအလုပ်ထဲနစ်မြုပ်နေတဲ့သူထက်စာရင် သားသမီးတွေနဲ့ ဇနီးနဲ့ ပျော်ရွှင်နေတဲ့သူ ဖြစ်စေချင်တာ"
ထိုစကားအဆုံးမှာတော့ ဂျီမင်းရဲ့ လှုပ်ရှားမှုတွေ အကုန်ရပ်တန့်သွားသည်။ ဂျောင်ကုကတော့ ဂျီမင်းကို ခပ်စွေစွေကြည့်လိုက်သည်။ ဒါကိုလည်း သူမျက်လုံးထောင့်ကနေ မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။
"မေမေရယ် ကလေးမရှိလည်း ကျွန်တော်ကအဆင်ပြေပါတယ်...ဂျီမင်းကိုဖိအားအရမ်းမပေးပါနဲ့"
"ဒါပေမယ့် သားကလည်း အိမ်ထောင်ပြုပြီဆိုမှ ကလေးတော့ရှိရမှာပေါ့"
"မေမေ ဂျီမင်းက ယောကျာ်းလေးလေ...မဖြစ်နိုင်တာတွေ"
သူတသူတော်ကောင်းဝင်လုပ်နေတဲ့ ဂျောင်ကုကို သူရယ်ချင်ပေမယ့် ချစ်ရတဲ့သူဆိုတော့ ဘာလုပ်လုပ် အပြစ်မမြင်ပါ။ဒါက ရူးသွပ်ခြင်းဆိုရင် ဂျောင်ကုကြောင့် ဖြစ်ပေါ်လာတဲ့ ဒီရူးသွပ်ခြင်းကို သူ့ရင်ထဲနင့်နေအောင် တန်ဖိုးထားပါတယ်။
"ကျွန်တော်က ကိစ္စမရှိပါဘူး..ဒီနေ့ခေတ်မှာ ယောကျာ်းလေးတွေ ကိုယ်ဝန်ဆောင်နိုင်တဲ့ နည်းတွေလည်း အများကြီးရှိတာပဲ၊ ဂျောင်ကုသာ လိုချင်တယ်ဆိုရင် ကျွန်တော်ကဘယ်နှစ်ယောက်ဖြစ်ဖြစ် မွေးပေးမှာပါ"
စားလက်စကိုရပ်ပြီး အလိုက်အထိုက်ပြောပေးလိုက်သည်။ ထိုအခါမှဂျောင်ကုအမေကအလိုကျသွားပုံနှင့်ခေါင်းညိမ့်ပြသည်။
ဂျောင်ကုကတော့သူ့ကိုစိတ်ပျက်လက်ပျက်နဲ့ကြည့်တာကိုတော့မမြင်ချင်ယောင်ဆောင်ရင်း...
"တော်ပါသေးရဲ့ ဒီနေ့တော့ဘာ ကတောက်ကဆမှမဖြစ်လို့"
တီးတိုးရွတ်ရင်း ကားထဲဝင်ထိုင်ကာ ဂျောင်ကုအလာကို စောင့်နေလိုက်သည်။ ခနကြာတော့ ဂျောင်ကုရောက်လာသည်။
ခုနက သူ့ကို ကာကွယ်ပေးခဲ့တဲ့ ဂျောင်ကု မဟုတ်တော့ဘဲ သူ နေ့တိုင်းတွေ့မြင်နေရတဲ့ ဥပေက္ခာရှင်ကြီး ဂျောင်ကု အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
ဂျွန်ဟာ ပင်လယ်ကြီးနဲ့ တူလှသည်...။
တစ်ခါတစ်လေ ဒေါသဝေပြီး မုန်တိုင်းထန်နေတတ်ပေမယ့် တစ်ခါတစ်လေ လေပြည်များနဲ့ အေးချမ်းနေတတ်သည်။
သူကရော...သူကတော့ ရွက်လှေလေးပေါ့။
ပင်လယ်ကြီး ဘယ်လောက်မုန်တိုင်းထန်ထန် ကူးခတ်သွားလာမယ့်ရွက်လှေ...။
သူက..ဂျွန်ထားရာနေ၊ စေရာသွားမယ့်ဂျွန်ရဲ့ လှေငယ်လေး။
"မောင်က ပင်လယ်ကြီးဆို ကိုယ်က ပင်လယ်ထဲမှာ ရွက်လွှင့်နေတဲ့လှေလေး။ ပင်လယ်ကြီးရဲ့ ထိုးနှက်ချက်တွေကို ခံနေရပေမယ့် မစွန့်ခွာနိုင်တဲ့ လှေလေးပေါ့"
အတိတ်က စကားသံအချို့ကို နားထဲကြားယောင်လာချိန်မှာတော့ မျက်ရည်တစ်စက်က တားနေတဲ့ကြားထဲက သစ္စာဖောက်စွာ စီးဆင်းလာသည်။
"ခင်ဗျားကို ဘယ်သူကဘာလုပ်နေလို့ ငိုနေရပြန်တာလဲ ပတ်ဂျီမင်း"
"ဘယ်သူမှ ဘာမှမလုပ်လို့ငိုနေတာ"
ခပ်ရွဲ့ရွဲ့ အဖြေတစ်ခုကြောင့် ဂျောင်ကုက သူ့ကို စိတ်ပျက်သလို လှည့်ကြည့်လာသည်။
"ခင်ဗျားက အရူးပဲ ပတ်ဂျီမင်း"
"အဲ့အရူးကို မင်းပဲ ချစ်လို့ပါဆိုပြီး အတင်းလက်ထပ်ယူခဲ့တာ အခု မင်းယောကျာ်းတောင်ဖြစ်နေပြီလေ"
"ကျစ်...တစ်ကယ်အရှက်မရှိတော့ဘူးပဲ ခင်ဗျားကိုဘယ်သူကချစ်လို့လဲ"
"မင်းလေ"
ထိုစကားအတွက် ဂျောင်ကုရဲ့ တုံ့ပြန်မှုကတော့ ကားအား လမ်းဘေးတွင် ဖြစ်သလိုထိုးရပ်ကာ သူ့အား ရန်ရှာလာခြင်းပင်ဖြစ်သည်။
"မချစ်ဘူးလို့"
"ချစ်ပါတယ် မင်းချစ်လို့ ငါ့ကို ယူထားတာလေ"
"ချစ်လို့ ယူထားတာ မဟုတ်ဘူး"
"ဒါဆိုဘာလို့လဲ"
"အဖြေကိုခင်ဗျားသိပါတယ် ပတ်ဂျီမင်းရယ်"
ထို့နောက်သူ့မျက်လုံးကိုသေချာကြည့်ကာတစ်လုံးချင်းဆိုလာသည်။
"က လဲ့ စား ချေ ခြင် လို့"
ထပ်ပြောလာမယ့်စကားတွေကိုခံနိုင်ရည်မရှိစွာ..စကားရင့်ရင့်သီးသီးတွေပြောနေသည့်ထိုလူသားရဲ့နှုတ်ခမ်းတွေအားအပြစ်ပေးသည့်အနေဖြင့်ကြမ်းကြမ်းတမ်းတမ်းနမ်းပလိုက်သည်။
အငိုက်မိသွားသည့်ဂျောင်ကုလဲရုန်းဖို့ကြိုးစားပေမယ့်ဂျီမင်းရဲ့အထိအတွေ့တွေအောက်ကျဆင်းသွားပြီးပြင်းရှရှအနမ်းများဖြင့်ပြန်တုံ့ပြန်လာသည်။ခပ်ဆတ်ဆတ်ကိုက်ချလိုက်တာကြောင့်ပွင့်အာလာသည့်နှုတ်ခမ်းဖူးအတွင်းသို့လျှာကိုတိုးဝင်လိုက်တော့မှေးစင်းနေတဲ့ဂျီမင်းရဲ့မျက်လုံးတွေပြူးကျယ်လာရသည်။လျှာနှစ်ခုထိမိတော့ဂျီမင်းခန္ဓာကိုယ်လေးတုန်သွားလေရဲ့။
"ပြွတ်စ်"
သူ့ကိုလာလာရန်စသည့်အသေးလေးရဲ့လျှာကိုအသံထွက်အောင်အပြီးသတ်စုပ်ပြီးအနမ်းတွေကိုအဆုံးသတ်လိုက်သည်။ထို့နောက်ခါးပတ်ပြန်ပတ်ကာကားဆက်မောင်းလာခဲ့သည်။ဂျီမင်းခမျာဂျွန်ဂျောင်ကုရဲ့တုံ့ပြန်မှုကြောင့်အသက်ပင်မရှူနိုင်ဘဲငြိမ်နေလေသည်။
"သူပဲလာနမ်းပြီးသူကပဲစရှက်ရတယ်ရှိသေး"
ဂျောင်ကုစိတ်ထဲကပြောပြီးခပ်ဟဟရယ်လိုက်သည်။သူတို့အိမ်ထောင်ရေးကစိတ်ညစ်စရာတွေနဲ့တည်ဆောက်ထားတဲ့ဟန်ပြအိမ်ထောင်ရေးပေမယ့်ဒီလိုအချိန်တွေမျိုးဆိုရင်တော့ကျီစယ်နေကြတဲ့အချစ်ငှက်လေးတွေလိုပါပဲ။
"မင်းကိုယ့်ကိုချစ်ခဲ့ပါတယ်မောင်ရယ်"
ဂျီမင်းကတော့သူ့ကိုနမ်းပြီးရယ်နေတဲ့ဂျွန်ဂျောင်ကုကိုမြတ်နိုးခြင်းအပြည့်နဲ့သာရွှန်းရွှန်းဝေဝေ
ကြည့်နေတော့သည်။
ပြောသားပဲမောင်ကပင်လယ်ကြီးနဲ့တူပါတယ်လို့...။
အမုန်းမီးတောက် အငြိုးအာဃာတတွေကို
ခဏလောက်ဖြစ်ဖြစ် ဘေးဖယ်ထားပြီး
မင်းရင်ခွင်ထဲ အိပ်စက်ပါရစေလား
မာယာကြွယ်လွန်းတဲ့
ကိုယ့်ရဲ့ သမုဒ္ဒရာငယ်.....။
____________________~___________________
နေရောင်ကမျက်နှာပေါ်ကထိုးကျလာချိန်မှာတော့မျက်လုံးနှစ်လုံးကသူ့အလိုလိုပွင့်လာသည်။
ဘေးဘက်ကိုလက်နဲ့ဘာရယ်မဟုတ်စမ်းမိတော့နေရာလွတ်လေးကိုသာတွေ့လိုက်ရသည်။
တစ်ဆက်တည်းရေချိုးခန်းထဲကရေသံကြားလိုက်ရတော့...
"ဟင်..ဂျောင်ကုရုံးမသွားသေးဘူးလား"
ဒီနေ့သူနိုးတာစောသွားတာကိုး။ခါတိုင်းသူနိုးတဲ့အချိန်ဆိုဂျောင်ကုမရှိတော့ချေ။အိပ်မှုန်စုံမွှားဖြင့်ထိုင်နေစဉ်ရေချိုးခန်းတံခါးဖွင့်သံကြားလိုက်ရ၍လှည့်ကြည့်လိုက်တော့...ဂျွန်ဂျောင်ကု...။
ခါးအောက်ပိုင်းကိုသဘက်တစ်ထည်ထဲပတ်ပြီးထွက်လာတဲ့သူ့ရဲ့အိမ်ဦးနတ်ကိုသေချာကြည့်နေမိသည်။
23နှစ်အရွယ်နဲ့လိုက်ဖက်စွာခန္ဓာကိုယ်ကစွဲဆောင်မှုရှိလှသည်။ဘေးတစောင်းမြင်ရတဲ့Jaw lineကလဲယောကျာ်းပီသမှုကိုထောက်ပံ့ပေးနေသယောင်..။လက်ဖျံကနေအထင်းသားမြင်နေရတဲ့သွေးကြောစိမ်းစိမ်းတွေကလဲအကြည့်မလွှဲနိုင်အောင်ဆွဲဆောင်မှုရှိလှသည်..။
ခြုံငုံပြောရရင်ဂျွန်ဂျောင်ကုဆိုတာလောဘတက်ချင်စရာကောင်းလောက်အောင်ပြီးပြည့်စုံတဲ့ယောကျာ်း။
တစ်ခုပဲ...ညာဘက်လက်တစ်လျှောက်လုံးအပြည့်ထိုးထားသည့်tattooတွေကိုတော့မကြိုက်ပါ...။သူ့ကိုရွဲ့၍ထိုးထားခြင်းတဲ့။
ကိုယ်ဟာtattooမကြိုက်ပေမယ့်မင်းထိုးထားတဲ့tattooမို့လို့မြတ်နိုးတယ်။လောကကြီးရဲ့အကျည်းအတန်ဆုံးအရာကိုတောင်မင်းကြောင့်နဲ့အလှပဆုံးအရာအဖြစ်သတ်မှတ်ပေးတယ်ဆိုတာကိုမင်းမေ့နေသလားမောင်...။
ကိုယ်ဟာအဲ့လိုလူပါ.....။ပူလောင်မှန်းသိတာတောင်အဲ့ပူလောင်မှုဟာမင်းဆိုတဲ့အသိတစ်ခုတည်းနဲ့လွတ်မထွက်အောင်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမယ့်လူ....။မေတ္တာဆိုတာအသွားအပြန်ရှိတယ်တဲ့မောင်.....
ဒါပေမယ့်ကိုယ့်အတွက်တော့မဟုတ်ဘူး...။ရှိခဲ့ရင်တောင်ကိုယ်ကပဲမေတ္တာတွေပေးပါ့မယ်...။မောင်ကအချစ်တွေနဲ့ထိုက်တန်တာမို့လို့...။
"ခင်ဗျားနိုးနေတာလား"
ထိုလူသားရဲ့အသံချိုချိုကသူ့ကိုအတွေးကမ်ဘာထဲကပြန်လွတ်မြောက်စေခဲ့သည်။
"အင်း...ဒီနေ့စောစောနိုးသွားတာ ဒါနဲ့ရုံးကိုထမင်းဗူးလာပို့ပေးရမလား"
ပို့လိုက်တဲ့ထမင်းဗူးတိုင်းအမှိုက်ပုံးထဲခစားခဲ့ရတာကိုသိပေမယ့်အမှတ်မရှိတဲ့သူကအရဲစွန့်ကာမေးလိုက်သေးသည်။
"ပို့ပေးလည်းစားဖြစ်တာမှမဟုတ်တာအလကားဖြုန်းတီးနေတာ"
"အာ...အဲ့တာဆိုလဲမပို့တော့ပါဘူး ဒါနဲ့ဂျောင်ကုငါလေဒီနေ့ထယ်ယောင်းနဲ့ချိန်ထားတာလေးရှိလို့...အဲ့တာ..."
"သွားပေါ့ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"
"ငါကဒီတိုင်းမင်းသိသင့်တယ်ထင်လို့ပြောပြတာပါ"
"ခင်ဗျားကိစ္စတွေကကျွန်တော်နဲ့ဘာမှမဆိုင်ဘူးအဲ့တော့အဲ့တာနဲ့ပတ်သက်ပြီးကျွန်တော့်ကိုခေါင်းထဲမထည့်နဲ့"
ခေါင်းထဲမထည့်နဲ့တဲ့လားမောင်..။မင်းကကိုယ့်နှလုံးသားမှာနေရာအပြည့်ယူထားသူပါ။
"မင်းနဲ့ဆိုင်တာပေါ့..မင်းက..မင်းကငါ့ယောကျာ်းလေ"
သူ့အားအပီအပြင်ထိုင်ကြည့်နေသည့်ကုတင်ပေါ်ကကျက်သရေအားလျစ်လျူရှူပြီးတည်တည်ငြိမ်ငြိမ်နဲ့အကျီ်လဲလာသမျှတစ်လျှောက်လုံးထို ယောကျာ်း ဟူသည့်အခေါ်အဝေါ်ကျမှခေါင်းတွေချာလပတ်လည်ပြီးမျက်လုံးပါပြာလာရသည်။
"ကျွန်တော်ကခင်ဗျားယောကျာ်း...ဟုတ်လား"
"ဟုတ်တယ်လေ..မင်းကငါယူထားတဲ့ငါ့ယောကျာ်းငါ့ရဲ့အိမ်ထောင်ဦးစီးလေ"
"ဟက်...ပိုင်စိုးပိုင်နင်းလုပ်ချက်ကတော့လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော့်ကိုကြိုးရှည်ရှည်နဲ့လှန်ထားခဲ့တဲ့ပတ်ဂျီမင်းအတိုင်းပဲ"
"ဂျောင်ကု!!!"
သူသာအလန့်တကြားအော်လိုက်ပေမယ့်ထိုလူသားကတော့နည်းနည်းမှလှည့်ကြည့်မလာပါ။
"မင်းနာကျင်နေမယ်ဆိုတာသိပါတယ်....မင်းချစ်လွန်းလို့မိဘနဲ့ပတ်ဝန်းကျင်ကိုတွန်းလှန်ပြီးရွေးချယ်ခဲ့တဲ့ငါကမင်းအဖေသေဆုံးမှုနဲ့ပတ်သက်နေတဲ့သူရဲ့သားဖြစ်နေလို့တောင်းပန်ပါတယ်..."
တုံ့ပြန်မှုကိုမရရှိပေမယ့်စကားဆက်နေမိသည်။
"ငါတို့အရမ်းချစ်ခဲ့ကြတာပဲလေဂျောင်ကုရယ်...ဘာတွေကမင်းကိုအရောင်ဆိုးလိုက်တာလဲ"
"ချစ်ခဲ့ကြတယ်....ဟုတ်တာပေါ့ကျွန်တော့်ဘက်ကချစ်ခဲ့တာ ခင်ဗျားကတော့ခါးခါးသီးသီးကိုဖြစ်ခဲ့တာလေ...ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာကျွန်တော်ကအနာကျင်ရဆုံးသူဖြစ်ခဲ့တာလေ ဘာလို့ခင်ဗျားကအခုမှလာပြီးဇာတ်နာသလိုလာလုပ်နေရတာလဲပတ်ဂျီမင်း"
"ကြောက်လို့ပါ...ငါအရမ်းကြောက်ခဲ့တာ ငါချစ်တဲ့သူကမင်းဆိုတဲ့အမှန်တရားကိုငါရင်မဆိုင်ရဲခဲ့ဘူးလေ မင်းကတော့ငါ့ထက်ငယ်ပြီးရင့်ကျက်ခဲ့ပေမယ့်ငါကတော့အဲ့လိုမဟုတ်ခဲ့ဘူးလေ"
သူကသာစကားတွေအများကြီးပြောလိုက်ပေ
မယ့်ပြောသမျှစကားတို့ကိုအဖက်မလုပ်ဘဲအခန်းထဲကထွက်ခွာသွားသည့်ကျောပြင်ကျယ်ကိုသာလက်ခံရရှိလိုက်သည်။တစ်ခါလောက်တော့ထိုကျောပြင်ကျယ်ကြီးကိုဖက်ကာချုပ်တီးသမျှတွေကိုလွှတ်ချပြီးအော်ငိုလိုက်ချင်ပါရဲ့။
မနက်စောစောကတော့ရန်ဖြစ်သံတွေနဲ့အသက်ဝင်ခဲ့ပြီ။
သူမှားတာပါသူသာအပိုတွေမပြောခဲ့ရင်မောင်လဲစောစောစီးစီးပင်ပန်းရမှာမဟုတ်ဘူး။
အာရုံကိုပြန်စုပြီးထယ်ယောင်းနဲ့ချိန်းထားတဲ့cafeကိုသွားဖို့ပြင်ဆင်ရတော့သည်။
"ဂျီမင်းရာ မင်းပိန်သွားလိုက်တာကွာ"
ရောက်ရောက်ချင်းဝိဉာဉ်ဖက်ဆီမှကြားလိုက်ရသောကရုဏာဒေါသသံစွက်သည့််စကား...
"ထင်လို့ပါကွာငါကဒီအတိုင်းပါပဲ"
"ဂျွန်ဂျောင်ကုနဲ့အဆင်ပြေရဲ့လား"
"ဒီလိုပါပဲကွာ သူကသာငါ့ကိုမုန်းတယ်ပြောနေပေမယ့်တစ်ချိန်ကငါ့ကိုအရမ်းချစ်ခဲ့တာပဲမဟုတ်လား ငါနဲ့ပတ်သက်တဲ့သံယောဇဉ်တော့ကျန်ဦးမှာပါ..ဒါနဲ့မင်းအချစ်ရေးရောအဆင်ပြေရဲ့လား"
ထိုစကားတွင်တော့ကင်ထယ်ယောင်းတစ်ယောက်ပတ်ဝန်းကျင်နှင့်ခဏအဆက်အသွယ်ပြတ်သွားသည်။သကြားခဲလေးအကြောင်းတွေးမိလိုက်၍ပေါ့ ...။
"အချို့ကအချစ်ကပန်းပွင့်လေးနဲ့တူတယ်တဲ့
အချို့ကအချစ်ကမီးလိုပဲတဲ့
ဒါပေမယ့်ငါ့အတွက်အချစ်ကအရိုင်းဆန်တဲ့ကြောင်လေးနဲ့တူတယ်"
____________________~___________________
မင်ယွန်းဂီ......
ကင်ထယ်ယောင်းမြတ်နိုးရတဲ့တစ်ဦးတည်းသောလူသား..။အေးတိအေးစက်ဖြူဖတ်ဖြူရော်နဲ့ဂွကျကျလူသားကိုချစ်မိသူဆိုလို့ဇမ္ဗူတစ်ဝှမ်းတွင်ကင်ထယ်ယောင်းတစ်ယောက်ပဲရှိပါလိမ့်မည်။
ချစ်ရသူကအပြင်ပန်းပုံစံနဲ့လိုက်ဖက်စွာနှလုံးသားကလည်းအေးစက်လွန်းပါတယ်။သူ့ကိုမြင်တဲ့အခါဖြူစင်တဲ့မျက်ဝန်းလေးတွေကနေရန်လိုတဲ့ကြောင်ရိုင်းတစ်ကောင်အဖြစ်ပြောင်းသွားပေမယ့်ထိုမျက်ဝန်းတွေကိုပဲသူရူးနေအောင်စွဲလမ်းမိပါသည်။
အခုတော့ရှိပါစေတော့...ချစ်သူဖြစ်မှသူ့အသက်ဝိဉာဉ်တည်ရှိရာဖြစ်တဲ့အဲ့မျက်ဝန်းတွေကိုဖိဖိနမ်းပစ်မည်။
"ငါတို့ထယ်ယောင်းလဲချစ်တတ်နေပြီပဲ"
"မင်းလောက်တော့ဆေးမမှီဝါးမမှီမဟုတ်ပါဘူးကွာ"
တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်းပြိုင်တူရယ်မိကြသည်။
"ဟင်..ဂျီမင်းဟိုမှာမင်းယောကျာ်းမလား"
ထယ်ယောင်းညွှန်ပြတဲ့နေရာကိုကြည့်မိတော့နှစ်ယောက်မရှိတဲ့သူ့ရဲ့ဂျွန်ပါ။ သူ့အတွင်းရေးမှူးရဲ့သားလေးကိုကျီစယ်နေလေရဲ့။ထိုယုန်သွားလေးတွေပေါ်အောင်ပြုံးတိုင်းလွန်ခဲ့တဲ့ငါးနှစ်ကသူ့ရဲ့ကလေးလေး
ဂျွန်ဂျောင်ကုကိုပြန်ရတယ်လို့ခံစားရစမြဲ။
ကလေးချစ်တတ်လွန်းတဲ့မောင်ဟာ အမြဲလိုလိုသူ့အတွင်းရေးမှူးအဟောင်းရဲ့ သားလေးကိုသွားကြည့်နေကြ။
"အဲ့တာသူ့အတွင်းရေးမှူးရဲ့သားလေးလေယောင်းရဲ့မောင်က ကလေးအရမ်းချစ်တာသိလား ကုမ္ပဏီကနေတကူးတကအိမ်အထိလာကြည့်တာကိုပဲကြည့်တော့"
ဂျီမင်းရဲ့စကားအပေါ်ထယ်ယောင်းအဖြေပြန်မပေးမိပါ။ဘာလို့လဲဆိုပတ်ဂျီမင်းဟာဂျွန်ဂျောင်ကုကိုငေးနေရချိန်ဆိုအကန်းတစ်ယောက်လိုဖြစ်နေတတ်တာကိုး။
မောင့်ရဲ့ကားလေးထွက်သွားတဲ့အချိန်ထိသူပြတင်းပေါက်ကနေလက်ထောက်ပြီးငေးနေမိတယ်။
သေချာတာကတော့သူပြုံးနေမယ်ဆိုတာပါပဲ။
ဂျွန်ဂျောင်ကုကသူ့အပေါ်အဲ့လောက်လွှမ်းမိုးနိုင်တာပါ။
ကိုယ်....မောင့်ကိုချစ်တယ်
ကိုယ်....မောင့်ကိုငေးတယ်
နောက်ပြီး.......
ကိုယ်.....မောင့်ကိုထပ်ချစ်တယ်
အဲ့လိုပဲ...မောင့်ကိုငေးရတာကိုလဲကိုယ်ချစ်တယ်.....။
#ခင်ဗျားကိုကျွန်တော်ချစ်တယ်
...........
(စိတ္ကူးယဥ္သက္သက္သာျဖစ္ပါ၍ ဇာတ္လမ္းထဲမွဇာတ္ေကာင္ေတြသည္ အျပင္ေလာကမ ကဇာတ္ေကာင္ေတြရဲ႕ပုံစံကိုေျပာင္းျပန္ယူထားျခင္းျဖစ္ပါသည္။)
Zawgyi
"ကြၽီ..."
ကားbreakအုပ္သံနဲ႕အတူအေရွ႕ဘက္သို႔ယိမ္းထိုးသြားေသာခႏၶာကိုယ္ေၾကာင့္မ်က္လုံးေတြပါတစ္ဆက္တည္းပြင့္လာရသည္...။ကားမွန္ကေနတစ္ဆင့္ပတ္ဝန္းက်င္ကိုၾကည့္မိေတာ့...
"ေဩာ္...ေရာက္လာၿပီပဲ"
အေတြးနဲ႕အတူခါးပတ္ကိုျဖဳတ္ရင္ းကားေမာင္းသူေနရာကလူသားကိုလည္ မသိမသာလွည့္ ၾကည့္မိလိုက္ေသးသည္။
သူ႕ကိုရွိတယ္လို႔ေတာင္ သတ္မွတ္ရဲ႕လားမသိပါ။သူ႕ဟာသူကားေပၚကဆင္းရန္ျပင္ဆင္ေနသည္။ဒီဥေပကၡာျပဳမႈကေန႕စဥ္ရင္ဆိုင္ေနရတဲ့အရာဆိုေပမယ့္မရင့္က်က္ေသးတဲ့ႏွလုံးသားကေတာ့ကေလးဆန္စြာနာက်င္လိုက္ရပါေသးတယ္။
သူ႕မွာလဲဒီလူသားနဲ႕ပတ္သက္ၿပီးခုထိခံစားလြယ္ေသးတာပါလား။ခပ္ယဲ့ယဲ့သာၿပဳံးလိုက္ၿပီးကားတံခါးဖြင့္ရန္အလုပ္...
"ပတ္ဂ်ီမင္း"
"ဟင္"
တိက်ၿပီးျပတ္သားတဲ့အသံက ကားထဲကေအးစက္စက္ေလထုကိုၿဖိဳခြဲၿပီးထြက္ေပၚလာခ်ိန္မွာေတာ့...သူ႕ဦးႏွောက္ကလည္း programသြင္းထားသလိုလွ်င္ျမန္စြာ ျပန္ထူးမိသည္။
"ဒီတစ္ခါအေမ့ေရွ႕မွာ မ်က္ႏွာပ်က္စရာေတြထပ္လုပ္ရင္ေတာ့ခင္ဗ်ားကိုကြၽန္ေတာ္အေသသတ္မယ္"
"အင္းပါ"
စကားၿပီးၿပီးခ်င္း ထြက္သြားတဲ့လူသားၾကားနိုင္မွာမဟုတ္ေပမယ့္ သူအေျဖျပန္ေပးမိသည္။ကားေပၚကခပ္ျမန္ျမန္ဆင္းလာၿပီးသူ႕အတြက္ေသာၾကာေန႕ငရဲခန္းစတင္ရာအိမ္ထဲသို႔စိတ္ပ်က္လက္ပ်က္သာဝင္လာခဲ့လိုက္သည္။
ေသာၾကာေန႕.....သူမ်ားေတြအတြက္ေတာ့႐ုံးေတြ၊ေက်ာင္းေတြေနာက္ဆုံးတက္ရတဲ့ေန႕မို႔ေပ်ာ္စရာေကာင္းေပမယ့္သူ႕အတြက္ေတာ့ျပႆဒါးရက္။
Jeonမိသားစုကေတာ့ေသာၾကာေန႕ကိုသူတို႔ရဲ႕မိသားစုထမင္းစားပြဲေန႕အျဖစ္သတ္မွတ္ၿပီးတစ္ပတ္တစ္ခါအၿမဲလုပ္ေနက်....ဒါဆိုဂ်ီမင္းကေရာဒီမိသားစုထမင္းစားပြဲထဲဘာလို႔ပါလာရတာလဲ။
Jeonမိသားစုရဲ႕အငယ္ဆုံးသားဂြၽန္ေဂ်ာင္ကုနဲ႕လက္ထပ္ထားလို႔ပဲလား။
ပတ္ဝန္းက်င္ဘယ္လိုေတြးလဲမသိေပမယ့္ဂ်ီမင္းကေတာ့လုံးဝမႀကိဳက္ပါ။
အထူးသျဖင့္သူ႕ကို႐ြံသလို၊မုန္းသလိုၾကည့္တဲ့အဲ့အၾကည့္ေတြကို။ဂြၽန္ေဂ်ာင္ကုအေမသူ႕ေယာကၡမကေတာ့သားမ်က္ႏွာေၾကာင့္သူ႕ကိုအလိုက္အထိုက္ဆက္ဆံေပးေပမယ့္...က်န္တဲ့မိသားစုဝင္ေတြကေတာ့သူ႕ကိုအငယ္ဆုံးသားေလးရဲ႕ေယာက်ာ္းဆိုၿပီးမႀကိဳဆိုခ်င္ၾကသည္ကေတာ့အေသအခ်ာပါပဲ။
မိန္းကေလးေတြေတာင္လိုက္မမွီတဲ့အလွမ်ိဳးနဲ႕ေကာင္ေလးကိုဘာလို႔မုန္းတီးေနၾကတာလဲ..။
ပတ္ဂ်ီမင္းကParkလုပ္ငန္းစုရဲ႕ေမြးစားသားျဖစ္ေနတာရယ္၊သူ႕ရဲ႕ေမြးစားအေဖကဂြၽန္ေဂ်ာင္ကုရဲ႕အေဖကိုလုပ္ႀကံထားလို႔ရယ္ဆိုတဲ့အခ်က္ေတြေၾကာင့္ပဲလား။
အိမ္ထဲကိုဝင္လိုက္ေတာ့သူ႕တစ္ကိုယ္လုံးေသးသိမ္သြားသေယာင္။အထူးသျဖင့္သူ႕ကိုအျပစ္သားလိုၾကည့္ေနတဲ့မ်က္လုံးေတြေအာက္မွာသူလုံးဝမေနခ်င္ပါ။
"ဒီေန႕အတြက္အားတင္းထားဂ်ီမင္း"
ကိုယ့္ကိုကိုယ္အသံတိတ္အားေပးၿပီးထမင္းစားပြဲမွာခပ္တည္တည္ဝင္ထိုင္လိုက္သည္။အမႀကီးကေတာ့မ်က္ႏွာေျပာင္လိုက္တာဆိုတဲ့မ်က္ႏွာေပးနဲ႕သူ႕ကိုၾကည့္လာသည္။
ၾကည့္လဲမတတ္နိုင္ပါ...ပတ္ဂ်ီမင္းဘဝမွာတစ္မ်က္ႏွာကိုတစ္ကမၻာလို႔သတ္မွတ္ထားတာဆိုလို႔ဂြၽန္ေဂ်ာင္ကုတစ္ေယာက္သာရွိသည္....။ထမင္းဝိုင္းေလးကေတာ့ဇြန္း၊ခက္ရင္းသံကလြဲလို႔ျပင္ပအသံမ်ားတိတ္ဆိတ္ေနသည္။ေယာကၡမႀကီးစကားမစခင္အထိေပါ့။
"သား...ကုမၸဏီကိစၥေတြအကုန္အဆင္ေျပရဲ႕လား"
"ေျပပါတယ္ေမေမရဲ႕ သားေသခ်ာကိုင္တြယ္နိုင္ပါတယ္"
"ေအးကြယ္ ငါ့သားေလးကိုေမေမကဒီလိုအလုပ္ထဲနစ္ျမဳပ္ေနတဲ့သူထက္စာရင္ သားသမီးေတြနဲ႕ဇနီးနဲ႕ေပ်ာ္႐ႊင္ေနတဲ့သူျဖစ္ေစခ်င္တာ"
ထိုစကားအဆုံးမွာေတာ့ဂ်ီမင္းရဲ႕လႈပ္ရွားမႈေတြအကုန္ရပ္တန့္သြားသည္။ေဂ်ာင္ကုကေတာ့ဂ်ီမင္းကိုခပ္ေစြေစြၾကည့္လိုက္သည္။ဒါကိုလည္းသူမ်က္လုံးေထာင့္က ေနျမင္ျဖစ္ေအာင္ျမင္လိုက္ပါေသးသည္။
"ေမေမရယ္ကေလးမရွိလဲကြၽန္ေတာ္ကအဆင္ေျပပါတယ္...ဂ်ီမင္းကိုဖိအားအရမ္းမေပးပါနဲ႕"
"ဒါေပမယ့္သားကလည္းအိမ္ေထာင္ျပဳၿပီဆိုမွကေလးကေတာ့ရွိရမွာေပါ့"
"ေမေမဂ်ီမင္းကေယာက်ာ္းေလးေလ...မျဖစ္နိုင္တာေတြ"
သူေတာ္ေကာင္းဝင္လုပ္ေနတဲ့ေဂ်ာင္ကုကိုသူရယ္ခ်င္ေပမယ့္ခ်စ္ရတဲ့သူဆိုေတာ့ဘာလုပ္လုပ္အျပစ္မျမင္ပါ။ဒါက႐ူးသြပ္ျခင္းဆိုရင္ေဂ်ာင္ကုေၾကာင့္ျဖစ္ေပၚလာတဲ့ဒီ႐ူးသြပ္ျခင္းကိုသူ႕ရင္ထဲနင့္ေနေအာင္တန္ဖိုးထားပါတယ္။
"ကြၽန္ေတာ္ကကိစၥမရွိပါဘူး..ဒီေန႕ေခတ္မွာေယာက်ာ္းေလးေတြကိုယ္ဝန္ေဆာင္နိုင္တဲ့နည္းေတြလည္းအမ်ားႀကီးရွိတာပဲ ေဂ်ာင္ကုသာလိုခ်င္တယ္ဆိုရင္ကြၽန္ေတာ္ကဘယ္ႏွစ္ေယာက္ျဖစ္ျဖစ္ေမြးေပးမွာပါ"
စားလက္စကိုရပ္ၿပီး အလိုက္အထိုက္ေျပာေပးလိုက္သည္။ ထိုအခါမွေဂ်ာင္ကုအေမကအလိုက်သြားပုံႏွင့္ေခါင္းညိမ့္ျပသည္။
ေဂ်ာင္ကုကေတာ့သူ႕ကိုစိတ္ပ်က္လက္ပ်က္နဲ႕ၾကည့္တာကိုေတာ့မျမင္ခ်င္ေယာင္ေဆာင္ရင္း...
"ေတာ္ပါေသးရဲ႕ ဒီေန႕ေတာ့ဘာ ကေတာက္ကဆမွမျဖစ္လို႔"
တီးတိုး႐ြတ္ရင္းကားထဲဝင္ထိုင္ကာေဂ်ာင္ကုအလာကိုေစာင့္ေနလိုက္သည္။ခနၾကာေတာ့ေဂ်ာင္ကုေရာက္လာသည္။
ခုနသူ႕ကိုကာကြယ္ေပးခဲ့တဲ့ေဂ်ာင္ကုမဟုတ္ေတာ့ဘဲသူေန႕တိုင္းေတြ႕ျမင္ေနရတဲ့ဥေပကၡာရွင္ႀကီးေဂ်ာင္ကုအျဖစ္သို႔ေျပာင္းလဲသြားေလၿပီ။
ဂြၽန္ဟာပင္လယ္ႀကီးနဲ႕တူလွသည္...။
တစ္ခါတစ္ေလေဒါသေဝၿပီးမုန္တိုင္းထန္ေနတတ္ေပမယ့္တစ္ခါတစ္ေလ ေလျပည္မ်ားနဲ႕ေအးခ်မ္းေနတတ္သည္။
သူကေရာ...သူကေတာ့႐ြက္ေလွေလးေပါ့။
ပင္လယ္ႀကီးဘယ္ေလာက္မုန္တိုင္းထန္ထန္ကူးခတ္သြားလာမယ့္႐ြက္ေလွ...။
သူက..ဂြၽန္ထားရာေန၊ေစရာသြားမယ့္ဂြၽန္ရဲ႕ေလွငယ္ေလး။
"ေမာင္ကပင္လယ္ႀကီးဆို ကိုယ္ကပင္လယ္ထဲမွာ႐ြက္လႊင့္ေနတဲ့ေလွေလး။ပင္လယ္ႀကီးရဲ႕ထိုးႏွက္ခ်က္ေတြကိုခံေနရေပမယ့္မစြန့္ခြာနိုင္တဲ့ေလွေလးေပါ့"
အတိတ္ကစကားသံအခ်ိဳ႕ကိုနားထဲၾကားေယာင္လာခ်ိန္မွာေတာ့မ်က္ရည္တစ္စက္ကတားေနတဲ့ၾကားထဲကသစၥာေဖာက္စြာစီးဆင္းလာသည္။
"ခင္ဗ်ားကိုဘယ္သူကဘာလုပ္ေနလို႔ငိုေနရျပန္တာလဲပတ္ဂ်ီမင္း"
"ဘယ္သူမွဘာမွမလုပ္လို႔ငိုေနတာ"
ခပ္႐ြဲ႕႐ြဲ႕အေျဖတစ္ခုေၾကာင့္ေဂ်ာင္ကုကသူ႕ကိုစိတ္ပ်က္သလိုလွည့္ၾကည့္လာသည္။
"ခင္ဗ်ားကအ႐ူးပဲပတ္ဂ်ီမင္း"
"အဲ့အ႐ူးကိုမင္းပဲခ်စ္လို႔ပါဆိုၿပီးအတင္းလက္ထပ္ယူခဲ့တာအခုမင္းေယာက်ာ္းေတာင္ျဖစ္ေနၿပီေလ"
"က်စ္...တစ္ကယ္အရွက္မရွိေတာ့ဘူးပဲ ခင္ဗ်ားကိုဘယ္သူကခ်စ္လို႔လဲ"
"မင္းေလ"
ထိုစကားအတြက္ေဂ်ာင္ကုရဲ႕တုံ႕ျပန္မႈကေတာ့ကားအားလမ္းေဘးတြင္ျဖစ္သလိုထိုးရပ္ကာသူ႕အားရန္ရွာလာျခင္းပင္ျဖစ္သည္။
"မခ်စ္ဘူးလို႔"
"ခ်စ္ပါတယ္ မင္းခ်စ္လို႔ငါ့ကိုယူထားတာေလ"
"ခ်စ္လို႔ယူထားတာမဟုတ္ဘူး"
"ဒါဆိုဘာလို႔လဲ"
"အေျဖကိုခင္ဗ်ားသိပါတယ္ ပတ္ဂ်ီမင္းရယ္"
ထို႔ေနာက္သူ႕မ်က္လုံးကိုေသခ်ာၾကည့္ကာတစ္လုံးခ်င္းဆိုလာသည္။
"က လဲ့ စား ေခ် ျခင္ လို႔"
ထပ္ေျပာလာမယ့္စကားေတြကိုခံနိုင္ရည္မရွိစြာ..စကားရင့္ရင့္သီးသီးေတြေျပာေနသည့္ထိုလူသားရဲ႕ႏႈတ္ခမ္းေတြအားအျပစ္ေပးသည့္အေနျဖင့္ၾကမ္းၾကမ္းတမ္းတမ္းနမ္းပလိုက္သည္။
အငိုက္မိသြားသည့္ေဂ်ာင္ကုလဲ႐ုန္းဖို႔ႀကိဳးစားေပမယ့္ဂ်ီမင္းရဲ႕အထိအေတြ႕ေတြေအာက္က်ဆင္းသြားၿပီးျပင္းရွရွအနမ္းမ်ားျဖင့္ျပန္တုံ႕ျပန္လာသည္။ခပ္ဆတ္ဆတ္ကိုက္ခ်လိဳက္တာေၾကာင့္ပြင့္အာလာသည့္ႏႈတ္ခမ္းဖူးအတြင္းသို႔လွ်ာကိုတိုးဝင္လိုက္ေတာ့ေမွးစင္းေနတဲ့ဂ်ီမင္းရဲ႕မ်က္လုံးေတြျပဴးက်ယ္လာရသည္။လွ်ာႏွစ္ခုထိမိေတာ့ဂ်ီမင္းခႏၶာကိုယ္ေလးတုန္သြားေလရဲ႕။
"ႁပြတ္စ္"
သူ႕ကိုလာလာရန္စသည့္အေသးေလးရဲ႕လွ်ာကိုအသံထြက္ေအာင္အၿပီးသတ္စုပ္ၿပီးအနမ္းေတြကိုအဆုံးသတ္လိုက္သည္။ထို႔ေနာက္ခါးပတ္ျပန္ပတ္ကာကားဆက္ေမာင္းလာခဲ့သည္။ဂ်ီမင္းခမ်ာဂြၽန္ေဂ်ာင္ကုရဲ႕တုံ႕ျပန္မႈေၾကာင့္အသက္ပင္မရႉနိုင္ဘဲၿငိမ္ေနေလသည္။
"သူပဲလာနမ္းၿပီးသူကပဲစရွက္ရတယ္ရွိေသး"
ေဂ်ာင္ကုစိတ္ထဲကေျပာၿပီးခပ္ဟဟရယ္လိုက္သည္။သူတို႔အိမ္ေထာင္ေရးကစိတ္ညစ္စရာေတြနဲ႕တည္ေဆာက္ထားတဲ့ဟန္ျပအိမ္ေထာင္ေရးေပမယ့္ဒီလိုအခ်ိန္ေတြမ်ိဳးဆိုရင္ေတာ့က်ီစယ္ေနၾကတဲ့အခ်စ္ငွက္ေလးေတြလိုပါပဲ။
"မင္းကိုယ့္ကိုခ်စ္ခဲ့ပါတယ္ေမာင္ရယ္"
ဂ်ီမင္းကေတာ့သူ႕ကိုနမ္းၿပီးရယ္ေနတဲ့ဂြၽန္ေဂ်ာင္ကုကိုျမတ္နိုးျခင္းအျပည့္နဲ႕သာ႐ႊန္း႐ႊန္းေဝေဝ
ၾကည့္ေနေတာ့သည္။
ေျပာသားပဲေမာင္ကပင္လယ္ႀကီးနဲ႕တူပါတယ္လို႔...။
အမုန္းမီးေတာက္ အၿငိဳးအာဃာတေတြကို
ခဏေလာက္ျဖစ္ျဖစ္ ေဘးဖယ္ထားၿပီး
မင္းရင္ခြင္ထဲ အိပ္စက္ပါရေစလား
မာယာႂကြယ္လြန္းတဲ့
ကိုယ့္ရဲ႕ သမုဒၵရာငယ္.....။
____________________~___________________
ေနေရာင္ကမ်က္ႏွာေပၚကထိုးက်လာခ်ိန္မွာေတာ့မ်က္လုံးႏွစ္လုံးကသူ႕အလိုလိုပြင့္လာသည္။
ေဘးဘက္ကိုလက္နဲ႕ဘာရယ္မဟုတ္စမ္းမိေတာ့ေနရာလြတ္ေလးကိုသာေတြ႕လိုက္ရသည္။
တစ္ဆက္တည္းေရခ်ိဳးခန္းထဲကေရသံၾကားလိုက္ရေတာ့...
"ဟင္..ေဂ်ာင္ကု႐ုံးမသြားေသးဘူးလား"
ဒီေန႕သူနိုးတာေစာသြားတာကိုး။ခါတိုင္းသူနိုးတဲ့အခ်ိန္ဆိုေဂ်ာင္ကုမရွိေတာ့ေခ်။အိပ္မႈန္စုံမႊားျဖင့္ထိုင္ေနစဥ္ေရခ်ိဳးခန္းတံခါးဖြင့္သံၾကားလိုက္ရ၍လွည့္ၾကည့္လိုက္ေတာ့...ဂြၽန္ေဂ်ာင္ကု...။
ခါးေအာက္ပိုင္းကိုသဘက္တစ္ထည္ထဲပတ္ၿပီးထြက္လာတဲ့သူ႕ရဲ႕အိမ္ဦးနတ္ကိုေသခ်ာၾကည့္ေနမိသည္။
23ႏွစ္အ႐ြယ္နဲ႕လိုက္ဖက္စြာခႏၶာကိုယ္ကစြဲေဆာင္မႈရွိလွသည္။ေဘးတေစာင္းျမင္ရတဲ့Jaw lineကလဲေယာက်ာ္းပီသမႈကိုေထာက္ပံ့ေပးေနသေယာင္..။လက္ဖ်ံကေနအထင္းသားျမင္ေနရတဲ့ေသြးေၾကာစိမ္းစိမ္းေတြကလဲအၾကည့္မလႊဲနိုင္ေအာင္ဆြဲေဆာင္မႈရွိလွသည္..။
ၿခဳံငုံေျပာရရင္ဂြၽန္ေဂ်ာင္ကုဆိုတာေလာဘတက္ခ်င္စရာေကာင္းေလာက္ေအာင္ၿပီးျပည့္စုံတဲ့ေယာက်ာ္း။
တစ္ခုပဲ...ညာဘက္လက္တစ္ေလွ်ာက္လုံးအျပည့္ထိုးထားသည့္tattooေတြကိုေတာ့မႀကိဳက္ပါ...။သူ႕ကို႐ြဲ႕၍ထိုးထားျခင္းတဲ့။
ကိုယ္ဟာtattooမႀကိဳက္ေပမယ့္မင္းထိုးထားတဲ့tattooမို႔လို႔ျမတ္နိုးတယ္။ေလာကႀကီးရဲ႕အက်ည္းအတန္ဆုံးအရာကိုေတာင္မင္းေၾကာင့္နဲ႕အလွပဆုံးအရာအျဖစ္သတ္မွတ္ေပးတယ္ဆိုတာကိုမင္းေမ့ေနသလားေမာင္...။
ကိုယ္ဟာအဲ့လိုလူပါ.....။ပူေလာင္မွန္းသိတာေတာင္အဲ့ပူေလာင္မႈဟာမင္းဆိုတဲ့အသိတစ္ခုတည္းနဲ႕လြတ္မထြက္ေအာင္တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားမယ့္လူ....။ေမတၱာဆိုတာအသြားအျပန္ရွိတယ္တဲ့ေမာင္.....
ဒါေပမယ့္ကိုယ့္အတြက္ေတာ့မဟုတ္ဘူး...။ရွိခဲ့ရင္ေတာင္ကိုယ္ကပဲေမတၱာေတြေပးပါ့မယ္...။ေမာင္ကအခ်စ္ေတြနဲ႕ထိုက္တန္တာမို႔လို႔...။
"ခင္ဗ်ားနိုးေနတာလား"
ထိုလူသားရဲ႕အသံခ်ိဳခ်ိဳကသူ႕ကိုအေတြးကမၻာထဲကျပန္လြတ္ေျမာက္ေစခဲ့သည္။
"အင္း...ဒီေန႕ေစာေစာနိုးသြားတာ ဒါနဲ႕႐ုံးကိုထမင္းဗူးလာပို႔ေပးရမလား"
ပို႔လိုက္တဲ့ထမင္းဗူးတိုင္းအမွိုက္ပုံးထဲခစားခဲ့ရတာကိုသိေပမယ့္အမွတ္မရွိတဲ့သူကအရဲစြန႔္ကာေမးလိုက္ေသးသည္။
"ပို႔ေပးလည္းစားျဖစ္တာမွမဟုတ္တာအလကားျဖဳန္းတီးေနတာ"
"အာ...အဲ့တာဆိုလဲမပို႔ေတာ့ပါဘူး ဒါနဲ႕ေဂ်ာင္ကုငါေလဒီေန႕ထယ္ေယာင္းနဲ႕ခ်ိန္ထားတာေလးရွိလို႔...အဲ့တာ..."
"သြားေပါ့ကြၽန္ေတာ္နဲ႕ဘာဆိုင္လို႔လဲ"
"ငါကဒီတိုင္းမင္းသိသင့္တယ္ထင္လို႔ေျပာျပတာပါ"
"ခင္ဗ်ားကိစၥေတြကကြၽန္ေတာ္နဲ႕ဘာမွမဆိုင္ဘူးအဲ့ေတာ့အဲ့တာနဲ႕ပတ္သက္ၿပီးကြၽန္ေတာ့္ကိုေခါင္းထဲမထည့္နဲ႕"
ေခါင္းထဲမထည့္နဲ႕တဲ့လားေမာင္..။မင္းကကိုယ့္ႏွလုံးသားမွာေနရာအျပည့္ယူထားသူပါ။
"မင္းနဲ႕ဆိုင္တာေပါ့..မင္းက..မင္းကငါ့ေယာက်ာ္းေလ"
သူ႕အားအပီအျပင္ထိုင္ၾကည့္ေနသည့္ကုတင္ေပၚကက်က္သေရအားလ်စ္လ်ဴရႉၿပီးတည္တည္ၿငိမ္ၿငိမ္နဲ႕အက်ီ္လဲလာသမွ်တစ္ေလွ်ာက္လုံးထို ေယာက်ာ္း ဟူသည့္အေခၚအေဝၚက်မွေခါင္းေတြခ်ာလပတ္လည္ၿပီးမ်က္လုံးပါျပာလာရသည္။
"ကြၽန္ေတာ္ကခင္ဗ်ားေယာက်ာ္း...ဟုတ္လား"
"ဟုတ္တယ္ေလ..မင္းကငါယူထားတဲ့ငါ့ေယာက်ာ္းငါ့ရဲ႕အိမ္ေထာင္ဦးစီးေလ"
"ဟက္...ပိုင္စိုးပိုင္နင္းလုပ္ခ်က္ကေတာ့လြန္ခဲ့တဲ့သုံးႏွစ္က ကြၽန္ေတာ့္ကိုႀကိဳးရွည္ရွည္နဲ႕လွန္ထားခဲ့တဲ့ပတ္ဂ်ီမင္းအတိုင္းပဲ"
"ေဂ်ာင္ကု!!!"
သူသာအလန့္တၾကားေအာ္လိုက္ေပမယ့္ထိုလူသားကေတာ့နည္းနည္းမွလွည့္ၾကည့္မလာပါ။
"မင္းနာက်င္ေနမယ္ဆိုတာသိပါတယ္....မင္းခ်စ္လြန္းလို႔မိဘနဲ႕ပတ္ဝန္းက်င္ကိုတြန္းလွန္ၿပီးေ႐ြးခ်ယ္ခဲ့တဲ့ငါကမင္းအေဖေသဆုံးမႈနဲ႕ပတ္သက္ေနတဲ့သူရဲ႕သားျဖစ္ေနလို႔ေတာင္းပန္ပါတယ္..."
တုံ႕ျပန္မႈကိုမရရွိေပမယ့္စကားဆက္ေနမိသည္။
"ငါတို႔အရမ္းခ်စ္ခဲ့ၾကတာပဲေလေဂ်ာင္ကုရယ္...ဘာေတြကမင္းကိုအေရာင္ဆိုးလိုက္တာလဲ"
"ခ်စ္ခဲ့ၾကတယ္....ဟုတ္တာေပါ့ကြၽန္ေတာ့္ဘက္ကခ်စ္ခဲ့တာ ခင္ဗ်ားကေတာ့ခါးခါးသီးသီးကိုျဖစ္ခဲ့တာေလ...ဒီဇာတ္လမ္းတစ္ေလွ်ာက္လုံးမွာကြၽန္ေတာ္ကအနာက်င္ရဆုံးသူျဖစ္ခဲ့တာေလ ဘာလို႔ခင္ဗ်ားကအခုမွလာၿပီးဇာတ္နာသလိုလာလုပ္ေနရတာလဲပတ္ဂ်ီမင္း"
"ေၾကာက္လို႔ပါ...ငါအရမ္းေၾကာက္ခဲ့တာ ငါခ်စ္တဲ့သူကမင္းဆိုတဲ့အမွန္တရားကိုငါရင္မဆိုင္ရဲခဲ့ဘူးေလ မင္းကေတာ့ငါ့ထက္ငယ္ၿပီးရင့္က်က္ခဲ့ေပမယ့္ငါကေတာ့အဲ့လိုမဟုတ္ခဲ့ဘူးေလ"
သူကသာစကားေတြအမ်ားႀကီးေျပာလိုက္ေပ
မယ့္ေျပာသမွ်စကားတို႔ကိုအဖက္မလုပ္ဘဲအခန္းထဲကထြက္ခြာသြားသည့္ေက်ာျပင္က်ယ္ကိုသာလက္ခံရရွိလိုက္သည္။တစ္ခါေလာက္ေတာ့ထိုေက်ာျပင္က်ယ္ႀကီးကိုဖက္ကာခ်ဳပ္တီးသမွ်ေတြကိုလႊတ္ခ်ၿပီးေအာ္ငိုလိုက္ခ်င္ပါရဲ႕။
မနက္ေစာေစာကေတာ့ရန္ျဖစ္သံေတြနဲ႕အသက္ဝင္ခဲ့ၿပီ။
သူမွားတာပါသူသာအပိုေတြမေျပာခဲ့ရင္ေမာင္လဲေစာေစာစီးစီးပင္ပန္းရမွာမဟုတ္ဘူး။
အာ႐ုံကိုျပန္စုၿပီးထယ္ေယာင္းနဲ႕ခ်ိန္းထားတဲ့cafeကိုသြားဖို႔ျပင္ဆင္ရေတာ့သည္။
"ဂ်ီမင္းရာ မင္းပိန္သြားလိုက္တာကြာ"
ေရာက္ေရာက္ခ်င္းဝိဉာဥ္ဖက္ဆီမွၾကားလိုက္ရေသာက႐ုဏာေဒါသသံစြက္သည့္္စကား...
"ထင္လို႔ပါကြာငါကဒီအတိုင္းပါပဲ"
"ဂြၽန္ေဂ်ာင္ကုနဲ႕အဆင္ေျပရဲ႕လား"
"ဒီလိုပါပဲကြာ သူကသာငါ့ကိုမုန္းတယ္ေျပာေနေပမယ့္တစ္ခ်ိန္ကငါ့ကိုအရမ္းခ်စ္ခဲ့တာပဲမဟုတ္လား ငါနဲ႕ပတ္သက္တဲ့သံေယာဇဥ္ေတာ့က်န္ဦးမွာပါ..ဒါနဲ႕မင္းအခ်စ္ေရးေရာအဆင္ေျပရဲ႕လား"
ထိုစကားတြင္ေတာ့ကင္ထယ္ေယာင္းတစ္ေယာက္ပတ္ဝန္းက်င္ႏွင့္ခဏအဆက္အသြယ္ျပတ္သြားသည္။သၾကားခဲေလးအေၾကာင္းေတြးမိလိုက္၍ေပါ့ ...။
"အခ်ိဳ႕ကအခ်စ္ကပန္းပြင့္ေလးနဲ႕တူတယ္တဲ့
အခ်ိဳ႕ကအခ်စ္ကမီးလိုပဲတဲ့
ဒါေပမယ့္ငါ့အတြက္အခ်စ္ကအရိုင္းဆန္တဲ့ေၾကာင္ေလးနဲ႕တူတယ္"
____________________~___________________
မင္ယြန္းဂီ......
ကင္ထယ္ေယာင္းျမတ္နိုးရတဲ့တစ္ဦးတည္းေသာလူသား..။ေအးတိေအးစက္ျဖဴဖတ္ျဖဴေရာ္နဲ႕ဂြက်က်လဴသားကိုခ်စ္မိသူဆိုလို႔ဇမၺဴတစ္ဝွမ္းတြင္ကင္ထယ္ေယာင္းတစ္ေယာက္ပဲရွိပါလိမ့္မည္။
ခ်စ္ရသူကအျပင္ပန္းပုံစံနဲ႕လိုက္ဖက္စြာႏွလုံးသားကလည္းေအးစက္လြန္းပါတယ္။သူ႕ကိုျမင္တဲ့အခါျဖဴစင္တဲ့မ်က္ဝန္းေလးေတြကေနရန္လိုတဲ့ေၾကာင္ရိုင္းတစ္ေကာင္အျဖစ္ေျပာင္းသြားေပမယ့္ထိုမ်က္ဝန္းေတြကိုပဲသူ႐ူးေနေအာင္စြဲလမ္းမိပါသည္။
အခုေတာ့ရွိပါေစေတာ့...ခ်စ္သူျဖစ္မွသူ႕အသက္ဝိဉာဥ္တည္ရွိရာျဖစ္တဲ့အဲ့မ်က္ဝန္းေတြကိုဖိဖိနမ္းပစ္မည္။
"ငါတို႔ထယ္ေယာင္းလဲခ်စ္တတ္ေနၿပီပဲ"
"မင္းေလာက္ေတာ့ေဆးမမွီဝါးမမွီမဟုတ္ပါဘူးကြာ"
တစ္ေယာက္နဲ႕တစ္ေယာက္စေနာက္ရင္းၿပိဳင္တူရယ္မိၾကသည္။
"ဟင္..ဂ်ီမင္းဟိုမွာမင္းေယာက်ာ္းမလား"
ထယ္ေယာင္းၫႊန္ျပတဲ့ေနရာကိုၾကည့္မိေတာ့ႏွစ္ေယာက္မရွိတဲ့သူ႕ရဲ႕ဂြၽန္ပါ။ သူ႕အတြင္းေရးမႉးရဲ႕သားေလးကိုက်ီစယ္ေနေလရဲ႕။ထိုယုန္သြားေလးေတြေပၚေအာင္ၿပဳံးတိုင္းလြန္ခဲ့တဲ့ငါးႏွစ္ကသူ႕ရဲ႕ကေလးေလး
ဂြၽန္ေဂ်ာင္ကုကိုျပန္ရတယ္လို႔ခံစားရစၿမဲ။
ကေလးခ်စ္တတ္လြန္းတဲ့ေမာင္ဟာ အၿမဲလိုလိုသူ႕အတြင္းေရးမႉးအေဟာင္းရဲ႕ သားေလးကိုသြားၾကည့္ေနၾက။
"အဲ့တာသူ႕အတြင္းေရးမႉးရဲ႕သားေလးေလေယာင္းရဲ႕ေမာင္က ကေလးအရမ္းခ်စ္တာသိလား ကုမၸဏီကေနတကူးတကအိမ္အထိလာၾကည့္တာကိုပဲၾကည့္ေတာ့"
ဂ်ီမင္းရဲ႕စကားအေပၚထယ္ေယာင္းအေျဖျပန္မေပးမိပါ။ဘာလို႔လဲဆိုပတ္ဂ်ီမင္းဟာဂြၽန္ေဂ်ာင္ကုကိုေငးေနရခ်ိန္ဆိုအကန္းတစ္ေယာက္လိုျဖစ္ေနတတ္တာကိုး။
ေမာင့္ရဲ႕ကားေလးထြက္သြားတဲ့အခ်ိန္ထိသူျပတင္းေပါက္ကေနလက္ေထာက္ၿပီးေငးေနမိတယ္။
ေသခ်ာတာကေတာ့သူၿပဳံးေနမယ္ဆိုတာပါပဲ။
ဂြၽန္ေဂ်ာင္ကုကသူ႕အေပၚအဲ့ေလာက္လႊမ္းမိုးနိုင္တာပါ။
ကိုယ္....ေမာင့္ကိုခ်စ္တယ္
ကိုယ္....ေမာင့္ကိုေငးတယ္
ေနာက္ၿပီး.......
ကိုယ္.....ေမာင့္ကိုထပ္ခ်စ္တယ္
အဲ့လိုပဲ...ေမာင့္ကိုေငးရတာကိုလဲကိုယ္ခ်စ္တယ္.....။