အဖြူရောင်လိုက်ကာများတလွင့်လွင့်နှင့်ဆေးရုံအခန်းတွင်းမှကောင်လေးတယောက်သည် တံတောင်ဆစ်တွင်ဆေးပိုက်များသွယ်တန်းလျက်အိပ်စက်အနားယူနေသည်။ဖြူဖွေးဥနေသည့်အသားအရေတို့နှင့်မျက်နှာပြင်ပေါ်တွင် အနတ်ရောင်ဆံသားတို့ကနဖူးအထက်၌တလွင့်လွင့်ဖြစ်လို့ရယ်။
ထို့နောက် မျက်ခွံလေးများလှုပ်ခက်လာကာမျက်၀န်းအိမ်လေးကိုဖြေးညှင်းစွာဖွင့်ယူသည်။မြက်လိုက်ရသည့်အဖြူရောက်မျက်နှာကျက်ကြောင့်သူရောက်နေသာ့်နေရာကိုမသိပုံထင်သည် မျက်၀န်အိမ်များပြူးကျယ်လာလျက်အခန်းအားဝေ့ဝဲကြည့်နေစဉ် သူ၏အခန်း၀မှဂျူတီကုတ်ဖြင့်၀င်လာသူ Jiminကိုတွေ့လိုက်ရသည်။
ထိုအခါ ဂျူတီကုက်အဖြူဖြင့်Jiminကကောင်လေး၏အနားသို့ရောက်လာပြီး...
" နိုးပြီလား ... နှလုံးကနေလို့အဆင်ပြေရဲ့လား ?"
" အင်း အဆင်ပြေပါတယ် ။ ကျနော်ကဘာလို့ဆေးရုံကိုရောက်နေတာလဲ ?"
" မင်းဆေးရုံမှအိပ်ပျော်နေတာ၃ရက်ရှိပြီ ။ မင်းမေ့လဲနေတယ်ဆိုပြီး Taehyungကဖုန်းဆက်လို့ ငါမင်းကိုဒီကိုခေါ်လာတာ "
" အော် !"
စိတ်ပျက်သွားသည့်လေယူလေသိမ်းနှင့်အတူ "အော်" ဆိုပြီးအာမေဍိတ်လေးသာ ကောင်လေး၏ပါးစပ်ဖျားမှထွက်ကျလာခဲ့သည်။သေရေးရှင်ရအခြေနေနှင့် အမှန်တကယ်သေရပါတော့မည်ဆိုရင်တောင် အဲ့ဒီ့လူသားကသူ့အားမညှာနိုင်တဲ့အထိမုန်းနေခဲ့သည်လား။
" အခုလောလောဆယ် သူဘူဆန်မှာမရှိဘူး ... မနေ့ကပဲဆိုးလ်ကိုသွားတယ် "
" ဘာလို့လဲ ?"
Jimin၏စကားကြောင့်အံ့ဩသွားသည့်ကောင်လေးက ပြူးကျယ်ကျယ်မျက်၀န်းလေးများနှင့်အတူ Jiminကိုမော့ကြည့်ကာမေးလာခဲ့သည်။
" ဆေးရုံကိစ္စလို့ပြောတယ် ။ ဘူဆန်မှာတာ၀န်ကျတဲ့ရက်ပြည့်သွားလို့ ဆိုးလ်ကဆေးရုံးကခေါ်တာ "
" အပြီးပြန်သွားတာလား ?"
" မသေချာသေးဘူးလေကွာ ... အဲ့လဲလောက်ထိအမြန်ကြီးစိတ်ဓာတ်မကျစမ်းပါနဲ့ မင်းကိုယ်မင်းအရင်ဂရုစိုတ်အုံး !"
ပုခုံးကိုဖိနှပ်ကာပြောလာသည့်Jiminကြောင့် ကောင်လက၀မ်းနည်းစိတ်ပိုတိုးလာကာ တရှုတ်ရှုတ်ဖြင့်ငိုနေရင်းမှပိုလို့ပင်ငိုချလာခဲ့သည်။ပြီးနော် စောင်ကိုခေါင်းအထိအုပ်အောင်ဆွဲခြုံလိုက်ပြီး ရှိုက်သံထွက်သည်အထိငိုနေခဲ့သည်။ဤသည်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေသည့်Jiminမှာတော့ နှစ်သိမ့်ပေးနိုင်စွမ်းတောင်မရှိတော့ဘူးထင်ပါရဲ့ အားနာသည့်မျက်၀န်းလေးနှင့်သာကောင်လေး၏အပြုမူတို့ကိုငေးကြည့်နေခဲ့သည်။
အစကထဲကနီးစပ်ဖို့မဖြစ်နိုင်ခဲ့ရင် အနားခေါ်ထားခဲ့ပြီးဘာလို့ညှင်းပန်းခဲ့သေးလဲ။ကိုယ့်ကိုယ်ကိုစိတ်ပျက်ရအောင်အထိ အပြစ်တွေအကုန်လုံးခံယူခဲ့ပြီးကာမှ နောက်ဆုံးတော့ထားခဲ့ခံရတော့မှာလား။
သူ၏ချစ်ရသူရဲ့နှလုံးသားကိုလွှဲပြောင်းယူခဲ့ခြင်း၏အပြစ်...
သူ၏ချစ်ရသူကိုအသက်မဲ့သွားစေသည့်အပြစ်...
သူ၏အလိုအပါပဲသူရဲ့ချစ်ရသူကိုသူနှင့်ကွဲကွာစေသည့်အပြစ်...
သူ၏အချစ်နှင့်ရှင်သန်ရာပျော်ရွှင်စရာနေ့ရက်များကို ဖျက်စီးမိခြင်း၏အပြစ်...
သူ၏နောက်ဆုံးအချစ်ကဲ့သို့ပေးဆပ်ချစ်ခဲ့သည့်အချစ်များဟာ သူမအပေါ်မသက်ရောက်စေနိုင်တော့သည့်အပြစ်...
သူ၏အနမ်းချိုချိုများကိုသူမမရရှိနိုင်တော့သည့အပြစ်...
သူ၏နူးညံ့သည့်လက်ဖဝါးနှင့်အတူ သူမ၏လက်ဖဝါးနုနုတို့အားမဆုပ်ကိုင်နိုင်တော့သည့်အပြစ်...
နောက်ဆုံး
သူ၏အနားကိုရောက်လာခဲ့သည့် ကောင်လေး၏အပြစ်...
ထိုအပြစ်ပေါင်းများစွာနှင့်ထိုကောင်လေးကိုဘယ်သောအခါမှမသက်ညှာပေးခဲ့ပါဘူး။သူ၏စိတ်အလိုရပေးပ်ေဆေးခိုင်းပြီးမှမကျေအေးပေးသည့်အပြင်ထားသွားမည်တဲ့လား...
အသည်းနှလုံးမရှိလိုက်လေခြင်း
~•~
Jungkookဆေးရုံဆင်းပြီး၁ပက်အကြာဖြစ်ပြီး ... Taehyungဆိုးလ်ကိုထွက်သွားသည့်၁၀ရက်မြောက်နေ့ဖြစ်သည်။
" Jungkookkie ! နင်ဒီလိုပဲနေတော့မှာလား ?"
ခြံထဲမှခုံတန်းလေးပေါ်တွင်ငူငိုင်စွာနှင့်ထိုင်နေသည့်ကောင်လေးကြောင့်ဗြောလေးကစိတ်မရှည်တော့ဘူးထင်သည် ကောင်လေး၏ဘေးနား၀င်ထိုင်ရင်း ထိုကဲ့သို့အော်ဟစ်ကာမေးလာခဲ့သည်။
" ငါသူ့ကိုလွမ်းတယ် "
" အမှတ်မရှိလိုက်တာ ... နင်သူ့ကိုလက်လွှတ်လိုက်ပါတော့လား ။ သူ့အတွက်နဲ့နင်ဒီလိုခံစားဖို့တန်လို့လား ? သူတောင်နင့်ကိုထားသွားခဲ့ပြီးပြီပဲ "
" မဟုတ်ဘူး သူပြန်လာမှာ ... ပြီးတော့ Naeun noonaရဲ့နှလုံးကငါ့ဆီမှာလေ ။ သူ့အစားငါ့သူ့ကိုဆက်ချစ်ပေးရမှာပေါ့ "
" ငါနင့်ကိုအရမ်းစိတ်ပျက်မိတယ် Jungkook ! နင့်ကိုရော နင့်လူကိုရာ "
ထိုသို့ငြူစူစွာပြောကာဗြောလေးကခုံတန်းလေးမှထသွားရန်ပြင်သည်။ညှိုးငယ်သည့်မျက်နှာလေးနှင့်ကောင်လေးကတော့ခေါင်းငိုက်စိုက်ကာထိုင်နေစဲပင်။သူငယ်ချင်းဖြစ်သူဆီကပါစိတ်ပျက်သည်ဟုကြားရသည့်အခါအနည်းငယ်ခံစားခက်ပါသည်။
ပြိုလဲဖို့မဖြစ်နိုင်တဲ့အခြေနေမှာ ရှိသမျှအားအင်နှင့်ထိန်းချုပ်ထားရတာဘယ်လောက်ပင်ပန်းလိုက်သလဲ။အနည်းငယ်တော့စာနာစေချင်ပါသည်။
In Seoul ...
" ဘူဆန်မှာတာ၀န်ကျတဲ့ရက်ပြည့်သွားပြီ Seoulကိုပြန်လာတော့ Kim Taehyung !"
ဆေးရုံ၏ဒုဥက္ကထထံမှအမိန့်ဖြစ်သည်။
ခပ်ထန်လွန်းသည့်ဆေးရုံဒုဥက္ကထ၏အသံဟာသမီးဖြစ်သူကိုဆုံးရှုံးရ၍သူ့အားမကျေနပ်သည့်လေသံများပါနေခဲ့သည်။
" ကျနော်ဘူဆန်ကိုအပြီးပြောင်းတော့မယ် "
" ဘာလို့လဲ ... မင်းယောကျာ်းကြောင့်လား ? မင်းကငါ့သမီးမရှိတော့တာနဲ့ နောက်တယောက်ကောက်ယူတာကရော ဘာသဘောလဲ "
" ကျနော့်ကိစ္စပါ ... "
နီဆွေးဆွေးမျက်၀န်းတို့နှင့်အတူပြန်ပြောလာသည့်လူသားလေးမှာမျက်နှာပြက်အထက်တွင် သွေးအေးမှုတို့ပြည့်နှပ်လို့ရယ်။နူးညံ့ပါလျက်နှင့်ကြမ်းတမ်းခိင်ယောင်ဆောင်ဆောင်နေစည့်ဒီလူသားကလည်းပြိုလဲဖို့မဖြစ်နိုင်တဲ့နောက်ဆံတင်းမှုတွေကြုံနေရတယ်လို့ပြောရင်ရော ယုံကြပါ့မလေလား...။
" မင်းရဲ့အခြေနေကရောတဖြေးဖြေးဆိုးလာတော့မှာသိရက်သားနဲ့ ဆေးကုသဖို့ငြင်းနေတုန်းပဲလား Kim Taehyung !"
" အားလုံးကိုမေ့ပျောက်သွားတာ ကောင်းတဲ့အခြေနေတစ်ခုပဲလေ ။ ကျနော်ဆေးကုသဖို့အတွင်ငြင်းနေအုန်းမှာပဲ "
" မင်းကိစ္စကို မင်းယောကျာ်းကရောသိလား ?"
" သူမသိလည်းဖြစ်တဲ့ကိစ္စပါ "
" ကောင်းပြီလေ ... ဘူဆန်ကိုပြန်ဖို့အတွက်တာ၀န်ကိုထပ်ဆိုင်းပေးလိုက်မယ် ။ မင်းရဲ့အခြေနေဆိုးမလာခင် ဆေးကုသမှုခံယူရမယ် ... ဒီမှာစာရွက်စာတမ်း "
" ကျနော်ဆေးမကုဘူးလို့ပြောပြီးပြီလေ "
" မင်းသွားလို့ရပြီ ... ငါအစည်းအဝေးရှိသေးတယ် "
အဖြူရောင်စက္ကူစာအိတ်လေးကိုကျစ်နေအောင်ဆုတ်ကိုင်ထားပြီး မျက်၀န်းတို့ကမတည်ငြိမ်စွာလှုပ်ခက်လို့နေသည်။မည်သူ့ဆီကအသာနားမခံချင်သည့်စိတ်ကြောင့်မေ့ဖျောက်ထားခဲ့သည့်ရောဂါတစ်ခုကို အစဖော်ကာပြောလာသည့်ဒုဥက္ကထကြောင့်စိတ်အခြေနေတို့ကပါဆောက်တည်ရာမရပျက်ပျားရပါတော့သည်။
အခန်းထဲဒုဥက္ကထွက်သွားပြီးအတော်ကြာသည်အထိ ရုံးခန်းဖြစ်သည့်ထိုအခန်းကျဉ်းလေးထဲတွင်အတော်ကြာသည်အထိထိုင်နေခဲ့ပြီး ရှိုက်သံထွက်သည်အထိပါငိုနေခဲ့သည်။မျက်၀န်းအိမ်များဖောင်တက်လာသည်အထိ တော်တော်ကြာကြာငိုပြီးစိတ်ဖြေကာ ထိုအခန်းထဲမှထွက်လာခဲ့၏။တံ့ဆိုင်းနေသည့်ခြေလှမ်းတို့ကယိုင်နေပေမဲ့လို့ သူအားအစွမ်းကုန်ချစ်ပေးနေသည့်ကောင်ငယ်ဆီသို့ပြန်ရအုံးမည်မဟုတ်ပါလား...။
ယနေ့မှသိလိုက်ရသည့်သူ၏ရောဂါအခြေနေတစ်ခုအားသိလိုက်ရသည့်အခါမှာတော့ အနည်းငယ်ကြောက်ရွံ့မိပေမဲ့ ဖြတ်သန်းခဲ့သည့်နေ့ရက်တို့ဟာ အမှတ်ရနေလောက်တဲ့အထိနေ့ရက်တွေမဟုတ်ခဲ့တာကြောင့်မှတ်ဉာဏ်တွေအပြီးတိုင်ပျောက်ကွယ်မည်ဆိုပါလျှင် ပိုလို့ပင်ကောင်းပါသေးသည်။
အစကတည်းက
ကိုယ်ကဖြစ်တည်မလာသင့်တဲ့
လူသားပါ...။
• • • • •
Suit၀တ်စုံအပြည့်နှင့်လူတစ်ယောက်ဟာဧည့်ခန်းထဲမှဆိုဖာပေါ်တွင်ခြေချိတ်ထိုင်လျက်ဆေးလိပ်တစ်လိပ်အား အငွေ့တထောင်ထောင်းထွက်နေအောင်ဖွာရှိုက်နေ၏။ထိုလူရှိရာသို့တန်းတန်းမတ်မတ်လျှောက်လာပြီး မျက်နှာချင်းဆိုင်ဆိုဖာတွင်၀င်ထိုင်လာသည့်ကောင်လေးကထိုသို့ဆိုလာသည်။
" ခင်များနဲ့တွေ့စရာအကြောင်းမရှိတော့ဘူးလေ ထပ်ပြီးတော့ကျနော့်ဆီဘာလာလုပ်တာလဲ ?"
" ကိုယ့်ချစ်သူရှိရာအရပ်ကိုလွမ်းလို့လာတာလေ "
" ဘယ်သူကခင်များချစ်မို့လို့သူလဲ ။ နေစမ်းပါအုံး ကျနော့်အိမ်လာပြီး ခင်များဘာလို့ဆေးလိပ်သောက်နေရတာလဲ ?"
" Kim Taehyungကဆိုးလ်ကိုအပြီးပြောင်းသွားတာဆို ?"
" အဲ့ကိစ္စကခင်များနဲ့မဆိုင်ဘူး ။ ကျေးဇူးပြုပြီး ဆေးလိပ်ကိုမီးသိတ်လိုက်ပါ Min Yoongi shii !"
အနတ်ရောင်မျက်၀န်းများနှင့်အံကြိတ်လျက်ပြောဆိုနေသည့်ကောင်လေးက ဒေါသတို့အထွဍ်ထိပ်ရောက်နေပုံပါပဲ။ဆေးလိပ်အနံ့ကိုပေးများစွာအကွာကတောင်မခံနိုင်သည့်ကောင်လေးက ယခုလိုအနီးကပ်ရနေသည့်ဆေးလိပ်အနံ့တို့ကိုသေလောက်အောင်မုန်းပါသည်။
" မင်းလေးကအစွာလေးကွာ ... "
ဆေးလိပ်ကိုဇိမ်ပြေတပြေဖွာရှိုတ်လျက်ထိုလူကထိုင်နေရာမှထသည်။ပြီးနောက် ကောင်လေးရှိသည့်ဘက်အခြမ်းသို့လျှောက်လာခဲ့ပြီး ကောင်လေး၏ဘေးနာတွင်၀င်ထိုင်၏။ထိုအခါကကောင်လေးကကြောက်အားလန့်အားနှင့်ထပြေးမည်ကြံသည့်အခါကောင်လေး၏လက်ကောက်၀တ်နားဆွဲချ၏။
" အာ့ ... ခင်များဘာလုပ်တာလဲ ?"
" ငြိမ်ငြိမ်နေပါ ကောင်လေးရာ ။ ကိုယ့်ချစ်သူရဲ့နှလုံးသားလေးကို ကိုယ်ကထိကိုင်ပါရစေအုံး "
ထိုသို့ဆိုကာ ကောင်လေး၏နှလုံးရှိသည့်ရင်ဘက်နေရာသို့ထိုလူ၏လက်ကရောတင်းကြပ်စွာဆုပ်ကိုင်သည်။နားမလည်ပဲကြောင်အနေသည့်ကောင်လေးမှာတော့ ထိုလူ၏လုပ်ရက်တို့အားမျက်၀န်းအပြူးသားလေးနှင့်သာကြောင်ကြည့်နေမိသည်။
သူတို့နှစ်ဦး၏အနေအထားမှာတော့တခြားသူမြင်လျှင်ချစ်သူစုံတွဲတို့ကြည်နူးနေသည့်မြင်ကွင်းအနေအထားနှင့်မခြားနားပါပေ။
" တွေ့လား ကိုယ့်ချစ်သူကနှလုံးကတဒုတ်ဒုတ်ခုန်နေတာကြည့်ပါအုံး !"
ထပ်မံပြီးတော့ကောင်လေး၏နှလုံးနေရာသို့ထိုလူ၏မျက်နှာတိုးကပ်လာပြီးနားနှင့်ကပ်ကာနှလုံးခုန်သံတို့ကိုနားထောင်နေ၏။တဒုတ်ဒုတ်ခုန်နေသည့်ကောင်လေး၏နှလုံးခုန်သံတို့ကြိအတိုင်းသားကြားနေရသည့်လူကြီးကတော့ပြုံးလို့ရယ်။
" အဲ့ဒါဘာလုပ်နေတာလဲ Jeon Jungkook ?"
ဧည့်ခန်း၀မှထွက်လာသည့်အသံကြောင့်လန့်ဖြန့်သွားသည့်ကောင်လေးကအကူအညီရသွားသကဲ့သို့ သူ၏ကိုယ်ပေါ်မှလူကိုတွန်းထုပ်ကာ ဧည့်ခန်း၀မှလူသားဆီသို့အပြေးသွားသည်...
" ခင်များထင်သလိုမဟုတ်ဘူးနော် ... ကျနော်ရှင်းပြမယ် "
" တောစမ်းပါ ! မင်းကအရမ်းကိုစိတ်ပျက်ဖို့ကောင်းတဲ့လူစားပဲ Jeon Jungkook ။ ငါအိမ်မှာမရှိတဲ့ရက်ပိုင်းလေးကို မင်းကမင်းရဲ့ရည်းစားဟောင်းကိုအိမ်ကိုခေါ်ပြီးဖြစ်ချင်တိုင်းဖြစ်နေတာပေါ့ ... ? ရွံစရာ "
ထိုသို့ပြောကာကျောခိုင်းပြီးအိမ်မှပြန်လည်ထွက်သွားသူလူသားကိုကောင်လေးကခခယယတောင်းပန်နေပေမဲ့လည်းအရာမရောက်ဘူးထင်ပါရဲ့ လျှင်မြန်လွန်းသည့်လူသား၏ခြေလှမ်းတို့ကကားပေါ်တက်သွားပြီးကားစက်နှိုးနေပြီဖြစ်သည်။ထို့နောက် လီဗာတဆုံးနင်းကာခြံထဲမှထိုလူသား၏ကားလေးကအရှိန်ပြင်းစွာဖြင့်တရှိန်ထိုးထွက်သွားခဲ့၏။
" မဟုတ်ဘူး ... ခင်များထင်သလိုမဟုတ်ဘူးလို့ !"
အိမ်အ၀၌အော်ဟစ်ကာငိုပြီးကျန်ခဲ့သည့်ကောင်လေးမှာတော့အိပ်၀၌ဒူးထောက်လျက်ပင်။ထိုအခါ ဧည့်ခန်းထဲတွင့်ကျန်ခဲ့သည့်လူကကောင်လေး၏အနားသို့ရောက်လာပြီးပခုံအားဖိနှပ်ပြီးကိုင်လိုက်သည့်အခါမှာတော့ ဒူထောက်ပီ့းခေါင်းငုံ့နေသည့်ကောင်လေးကမျက်၀န်းနတ်နတ်တို့ဖြင့်မော့ကြည့်လာပြီး...
" ခင်များထွက်သွား ! ခင်များကိုမမြင်ချင်ဘူး ။ ခင်များကရွံဖို့အရမ်းကောင်တယ် "
" ဒါကအစပဲရှိသေးတယ် ကောင်လေးရ ။ Kim Naeunနှလုံးနဲ့အသက်ရှင်နေသရွေ့ မင်းအတွက်အမြဲတမ်းပူလောင်နေအုံးမှာပဲ "
ထိုကဲ့သို့ကြိမ်းဝါးသည့်လူကြီးကကောင်လေးကိုမျက်၀န်းအနတ်ရောင်တို့ဖြင့်သတိပေးစကားဆိုပြီးထွက်သွားခဲ့၏။
၀၌ကြွေးအရပေးဆပ်နေရသည့်ကောင်လေးမှာတော့
နာကြင်ပြီးရင်း နာကြင်ရရုံသာ ။
~•~
♥ BLACK LOTUS ♥
@leryunar (July 2,2021)
#Noona
Note :: နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်။:'(
Coverလေးလှရဲ့လားဟင် ? အရင်ဟာတွေစိတ်တိုင်းမကျလို့အသစ်လုပ်လိုက်တာ။