#Unicode
ကျွန်တော် နဲ့ ခန့်ကို အသွားအလာ ဆင်ခြင်လိုက်ခြင်းကြောင့် ဘယ်သူမှ ကျွန်တော်တို့အကြောင်းသိပ်မပြောကြတော့။
ပြီးတော့ ကျွန်တော် သင်တန်းမှာ မမ တစ်ယောက်ကို crush နေသည်ဟု သော်တာယံ့ကို ပြောပြမိသည်မှစ၍ အတန်းထဲကသူအချို့ သိကုန်ကြသည် ။ ထို့ကြောင့်လည်း အတန်းထဲကသူတွေ ကျွန်တော် မိန်းကလေးတွေပဲသဘောကျ သည်ဟု မှတ်ယူသွားကြသည်ထင်။ ခုလိုအဆင်ပြေသွားတာပဲ တော်သေးသည်ဟုတွေးရမည်။
အင်္ဂလိပ်စာ သင်တန်းကို နွေရာသီတင်မက ပိတ်ရက်တိုင်း တက်ဖြစ်ခဲ့သည် ။
ပေါက်စကလည်းအခြားကျောင်းပြောင်းသွားပေမယ့်သင်တန်းတော့အတူလာတက်သည်။ အဲ့ဒီမှာ အခြားကျောင်းက ကျွန်တော့်ထက် တစ်နှစ်ကြီးသော မမ
စောယမုံ နဲ့ ခင်မင်ခဲ့ကြသည်။ မမက သဘောကောင်းသလို ပွင့်လင်းဖော်ရွေသည် ။
ဆန့်ကျင်တတ်တဲ့အရွယ်ရောက်လာသော ဂျစ်ကန်ကန် ဖြစ်ချင်နေတဲ့ ကျွန်တော်ဟာ ဖေဖေ၊မေမေတို့နဲ့မကြာခဏ စိတ်ဆိုးကာ ပေါက်ကွဲတတ်သည်။အစပိုင်းမှာ သင်တန်းမတက်ဘဲ ဂိမ်းဆိုင်မှာသွားဆော့နေဖြစ်သည် ။
နောက်တော့ မမ က သင်တန်းမှန်မှန်လာဖို့ ၊ကျွန်တော် တော်အောင် ကြိုးစားမှ တစ်ယောက်တည်းရပ်တည်လာနိုင်မယ်တဲ့။ ဒါဆို လူကြီးတွေက ကျွန်တော်လုပ်ချင်တာတွေ မတားတော့ဘူးပေါ့တဲ့။
ကျွန်တော် စိတ်ဆိုးလာတိုင်းလည်း စကားတွေပြောပြီး စနောက်ကာ စိတ်ဆိုးပြေအောင်လုပ်ပေးတတ်သည် ။
မမ က တကယ့်ကို ကျွန်တော့်တွက် နွေးထွေးမှု ပေးတဲ့ နေရောင်ခြည်လေးဆို တစ်ပြိုင်တည်းမှာပဲ အေးမြစေတဲ့ ညချမ်းရဲ့ အလင်းဆောင်ပေးတဲ့ လရောင်လေး ဖြစ်လာခဲ့တယ်။
ကျွန်တော်မမအပေါ် သံယောဇဥ် ရှိသည်။ ကျွန်တော့်ရဲ့ မမ အပေါ် ထားတဲ့တွယ်တာမှုလေးကို အချစ်လို့
ခေါင်းစဥ်တပ်ခဲ့သည်။ ဒီလိုနှင့်မမက ကျွန်တော့်ရဲ့ တိတ်တခိုးချစ်ရတဲ့ အိန်ဂျယ်လ်လေး ဖြစ်လာခဲ့သည်။
သို့ပေမယ့် ကျွန်တော် သူ့အပေါ် ထားတဲ့ ချစ်ခြင်းက သူပေးနိုင်တဲ့ ချစ်ခြင်းတွေနဲ့ အချိုးချလို့ မရနိုင်တဲ့
မညီမျှခြင်း ကိန်း တစ်ခု ဖြစ်နေခဲ့တယ်။
ဆောင်းမနက်ခင်းတစ်ခု မမ မလာသေးလို့ သင်တန်းရှေ့မှာစောင့်နေခဲ့တယ်။ဒီမနက်က ခါတိုင်းနေ့တွေထက်ပိုအေးနေသယောင်။ မမ လာမယ့် လမ်းလေးကို လှမ်းမျှော်ကာ လက်၀ါးနှစ်ဖက်ကို ပွတ်တိုက်ရင်း အပူငွေ့ရအောင်ကြိုးစားနေခဲ့တယ်။
ကောင်လေးတစ်ယောက် နင်းတဲ့ စက်ဘီးလေးပေါ်မှာ နောက်ကနေ ကောင်လေးရဲ့အကျီအိပ်ကပ်ထဲ လက်လေးထည့်ရင်း လိုက်လာတဲ့ကောင်မလေး။
ကြည်နူးစရာ ပုံရိပ်လေးက မြူနှင်းတွေကြား ဖြတ်ရင်း ကျွန်တော့်ဆီ ဦးတည်လာနေတယ်။ စက်ဘီးလေး အနီးရောက်လာလို့ မြူတွေမကွယ်နိုင်တော့တဲ့မြင်ကွင်းကြောင့် ရာသီဥတုက ရုတ်တရက် နွေလယ်ကောင် ဘောလုံးကွင်းထဲ ပတ်ပြေးနေရသလို ခံစားလိုက်ရတယ်။
မမရဲ့ စကားသံတွေက ကြားတစ်ချက်မကြားတစ်ချက်။
အစင်းရာပေါင်းများစွာနဲ့ဒီဗွီဒီခွေ ထစ်နေသလို အသံကပြတ်တောင်းပြတ်တောင်းပါပဲ။
" နှောင်း ဒါ မမ ချစ်သူ ကို...... တဲ့"
အဲ့တစ်ခွန်းတော့ နားရဲ့ လက်ခံနိုင်တဲ့အသံလှိုင်း အမြင့်ဆုံး နဲ့ကို ကြားလိုက်ရတာပါ ။
အသိပြန်၀င်လာတဲ့အချိန် မာနတစ်ခုကို မြဲစွာဆုပ်ကိုင်ပြီး
"မမ ကျွန်တော် သွားစရာရှိလို့ ခွင့်လာတိုင်တာ ဆရာ့ ၀င်မပြောတော့ဘူး မမပဲ ကျွန်တော့်အစား ခွင့်တိုင်ပေးပါအုံး"
လို့ဆိုကာ ကျွန်တော် မမရဲ့ တုံ့ပြန်သံတောင် နားမထောင်တော့ဘဲ စက်ဘီးကို အသားကုန်နင်းရင်း မမ နားကနေ ထွက်လာခဲ့လိုက်တယ်။
အဲ့နေ့က ကျွန်တော် ပထမဆုံး အသဲကွဲတယ် ပဲဆိုပါတော့။
ပထမဆုံး အချစ် ၊ ပထမဆုံး အသဲကွဲဒဏ်ရာ ။
ကျောင်းမှာသော်တာယံတို့ကို ထိုကိစ္စ ရင်ဖွင့်တော့ သူတို့လည်း စိတ်မကောင်းကြ ။ သို့ပေမယ့် ဒဏ်ရာ
ဆားပက် ကြသေးတယ်ဗျ။
"ငါ တို့မင်းကို အစကတည်းက သတိပေးသားပဲ။
မင်းမမက သူတို့ကျောင်းမှာ နာမည်ကြီး အသည်းခွဲတဲ့နေရာမှာလည်း အရမ်းတော်တယ်"
သော်တာယံ့ စကားကြောင့် ကျွန်တော်မှာ ခုပဲထိုင်ငိုရတော့မလိုလို။
"နောက်ဆုံးတော့လည်း မင်းကို ဘယ်သူမှမကြိုက်ဘူးပဲ။ မင်းလို ကလေးနို့နံ့ မစင်တဲ့ ပုံစံ ဘယ်ကြိုက်ကြမလဲ။ ဒါနဲ့တောင် ငါ့အစ်မ လာ ကြောင်ချင်နေသေးတယ် ။"
ခုံပေါ် ခေါင်းမှောက်ထားရာကနေ နောက်သို့လှည့်လိုက်တော့ နှစ်ခါတောင်စဥ်းစားစရာမလိုတဲ့ ဒန့်သလွန်သီး
ဆောင်းဒီခေတ် ပင်။
" ကျစ်စ် .....ဆောင်းဒီခေတ် မင်းနဲ့ ငါ ရန်မဖြစ်ချင်သေးဘူး"
ကျွန်တော် စိတ်ပျက်နေတဲ့လေသံနဲ့လှည့်ကြည့်ပြီးပြောလိုက်တယ်။
အဲ့တာကို ထွက်မသွားသေးဘဲ သော်တာယံ့ဘေးခုံမှာ မှောက်အိပ်နေတဲ့ ကျွန်တော့်ရှေ့ လာထိုင်တယ် ။
ကျွန်တော်လည်း လုပ်ချင်တာသာလုပ်ဆိုပြီး လွတ်ထားလိုက်တယ်။
"ဒီခေတ် ငါဒီပုစ္ဆာလေးနားမလည်လို့ ရှင်းပြပါလားကွာ"
သော်တာယံကပဲ သူရန်မစနိုင်အောင် စာရှင်းပေးပါဆိုပြီး အလိုက်သင့် ထိန်းပေးထားသည်။ သူတို့စာရှင်းနေသံတွေကြောင့် အိပ်မရပါ အမှန်လည်း အိပ်ဖို့ဆန္ဒရှိမနေခဲ့တာလည်း ပါမှာပေါ့။
"နှောင်းရိပ်မာန် မင်းကိုလာရှာတယ်"
ကျွန်တော့်နာမည်ခေါ်သံကြောင့် အခန်းအပြင်လှမ်းကြည့်လိုက်တော့ မမ ရဲ့ မောင်၀မ်းကွဲလေး။
ကျွန်တော်လည်းအခန်းကော်ရစ်တာဘက်ထွက်ကာ
" ငါလာရှာတာလား ဘာကိစ္စရှိလို့လဲ"
လို့ မေးလိုက်သည်။
"ဟို ...အစ်မစောယမုံက အစ်ကို့ကိုပေးခိုင်းလိုက်လို့"
ဆိုကာ ထပ်ချိုးခေါက်ထားတဲ့ စာအိတ်လေးတစ်အိတ် ကမ်းပေးလာသည်။
ကျွန်တော်လှမ်းယူလိုက်တာနှင့် ဘာမှတောင်မေးချိန်မရလိုက် လှစ်ခနဲ ပြေးထွက်သွားပြီ။
အခန်းထဲစာအိတ်ကိုင်ပြီး၀င်လာတော့ သော်တာယံက ဘာလဲဆိုပြီးမေးနေလို့ စာအိတ်လေးထောင်ပြလိုက်သည် ။
"ဒီမှာ မမ ကပေးခိုင်းလို့တဲ့ စာတစ်စောင်"
တဲ့ ။
"ဒါဆိုလည်း မြန်မြန်ဖွင့်ဖတ်ကြည့်လေကွာ ဘာရေးထားလဲသိရအောင်"
သိချင်စိတ် ပြင်းပြနေတဲ့ မျက်လုံးတွေနဲ့ စပ်စုစိန် သော်တာယံကတော့ ကျွန်တော့်ထက်တောင် စိတ်လှုပ်ရှားနေသည်ထင်။
"အွန်း"
ကျွန်တော်လည်း ခေါင်းငြိမ့်ကာ လက်ထဲက စာအိတ်အပြာလေးကို စိတ်လှုပ်ရှားခြင်းတွေ လှိုင်းထန်စွာနဲ့ လက်ဖျားတွေက ချွေးစေးတွေနဲ့ အေးစက်လာနေပေမယ့် ကြိုးစားပမ်းစား ဖွင့်ဖောက်နေခဲ့တယ်။
သို့ပေမယ့် ကျွန်တော်စာအိတ်ဖောက်ပြီး စာရွက်ဖြန့်နေတုန်း စာလေးက လက်ထဲကနေ ပြတင်းက၀င်လာတဲ့လေပြေကြောင့် တလွင့်လွင့် လွင့်နေရင်း လုယူခြင်းခံလိုက်ရပါတော့တယ်။
#Zawgyi
ကၽြန္ေတာ္ နဲ႔ ခန္႔ကို အသြားအလာ ဆင္ျခင္လိုက္ျခင္းေၾကာင့္ ဘယ္သူမွ ကၽြန္ေတာ္တို႔အေၾကာင္းသိပ္မေျပာၾကေတာ့။
ၿပီးေတာ့ ကၽြန္ေတာ္ သင္တန္းမွာ မမ တစ္ေယာက္ကို crush ေနသည္ဟု ေသာ္တာယံ့ကို ေျပာျပမိသည္မွစ၍ အတန္းထဲကသူအခ်ိဳ႕ သိကုန္ၾကသည္ ။ ထို႔ေၾကာင့္လည္း အတန္းထဲကသူေတြ ကၽြန္ေတာ္ မိန္းကေလးေတြပဲသေဘာက် သည္ဟု မွတ္ယူသြားၾကသည္ထင္။ ခုလိုအဆင္ေျပသြားတာပဲ ေတာ္ေသးသည္ဟုေတြးရမည္။
အဂ္လိပ္စာ သင္တန္းကို ေႏြရာသီတင္မက ပိတ္ရက္တိုင္း တက္ျဖစ္ခဲ့သည္ ။
ေပါက္စကလည္းအျခားေက်ာင္းေျပာင္းသြားေပမယ့္သင္တန္းေတာ့အတူလာတက္သည္။ အဲ့ဒီမွာ အျခားေက်ာင္းက ကၽြန္ေတာ့္ထက္ တစ္ႏွစ္ႀကီးေသာ မမ
ေစာယမုံ နဲ႔ ခင္မင္ခဲ့ၾကသည္။ မမက သေဘာေကာင္းသလို ပြင့္လင္းေဖာ္ေရြသည္ ။
ဆန္႔က်င္တတ္တဲ့အရြယ္ေရာက္လာေသာ ဂ်စ္ကန္ကန္ ျဖစ္ခ်င္ေနတဲ့ ကၽြန္ေတာ္ဟာ ေဖေဖ၊ေမေမတို႔နဲ႔မၾကာခဏ စိတ္ဆိုးကာ ေပါက္ကြဲတတ္သည္။အစပိုင္းမွာ သင္တန္းမတက္ဘဲ ဂိမ္းဆိုင္မွာသြားေဆာ့ေနျဖစ္သည္ ။
ေနာက္ေတာ့ မမ က သင္တန္းမွန္မွန္လာဖို႔ ၊ကၽြန္ေတာ္ ေတာ္ေအာင္ ႀကိဳးစားမွ တစ္ေယာက္တည္းရပ္တည္လာနိုင္မယ္တဲ့။ ဒါဆို လူႀကီးေတြက ကၽြန္ေတာ္လုပ္ခ်င္တာေတြ မတားေတာ့ဘူးေပါ့တဲ့။
ကၽြန္ေတာ္ စိတ္ဆိုးလာတိုင္းလည္း စကားေတြေျပာၿပီး စေနာက္ကာ စိတ္ဆိုးေျပေအာင္လုပ္ေပးတတ္သည္ ။
မမ က တကယ့္ကို ကၽြန္ေတာ့္တြက္ ေႏြးေထြးမႈ ေပးတဲ့ ေနေရာင္ျခည္ေလးဆို တစ္ၿပိဳင္တည္းမွာပဲ ေအးျမေစတဲ့ ညခ်မ္းရဲ့ အလင္းေဆာင္ေပးတဲ့ လေရာင္ေလး ျဖစ္လာခဲ့တယ္။
ကၽြန္ေတာ္မမအေပၚ သံေယာဇဥ္ ရွိသည္။ ကၽြန္ေတာ့္ရဲ့ မမ အေပၚ ထားတဲ့တြယ္တာမႈေလးကို အခ်စ္လို႔
ေခါင္းစဥ္တပ္ခဲ့သည္။ ဒီလိုႏွင့္မမက ကၽြန္ေတာ့္ရဲ့ တိတ္တခိုးခ်စ္ရတဲ့ အိန္ဂ်ယ္လ္ေလး ျဖစ္လာခဲ့သည္။
သို႔ေပမယ့္ ကၽြန္ေတာ္ သူ႔အေပၚ ထားတဲ့ ခ်စ္ျခင္းက သူေပးနိုင္တဲ့ ခ်စ္ျခင္းေတြနဲ႔ အခ်ိဳးခ်လို႔ မရနိုင္တဲ့
မညီမၽွျခင္း ကိန္း တစ္ခု ျဖစ္ေနခဲ့တယ္။
ေဆာင္းမနက္ခင္းတစ္ခု မမ မလာေသးလို႔ သင္တန္းေရွ႕မွာေစာင့္ေနခဲ့တယ္။ဒီမနက္က ခါတိုင္းေန႔ေတြထက္ပိုေအးေနသေယာင္။ မမ လာမယ့္ လမ္းေလးကို လွမ္းေမၽွာ္ကာ လက္၀ါးႏွစ္ဖက္ကို ပြတ္တိုက္ရင္း အပူေငြ႕ရေအာင္ႀကိဳးစားေနခဲ့တယ္။
ေကာင္ေလးတစ္ေယာက္ နင္းတဲ့ စက္ဘီးေလးေပၚမွာ ေနာက္ကေန ေကာင္ေလးရဲ့အက်ီအိပ္ကပ္ထဲ လက္ေလးထည့္ရင္း လိုက္လာတဲ့ေကာင္မေလး။
ၾကည္ႏူးစရာ ပုံရိပ္ေလးက ျမဴႏွင္းေတြၾကား ျဖတ္ရင္း ကၽြန္ေတာ့္ဆီ ဦးတည္လာေနတယ္။ စက္ဘီးေလး အနီးေရာက္လာလို႔ ျမဴေတြမကြယ္ိိနိုင္ေတာ့တဲ့ျမင္ကြင္းေၾကာင့္ ရာသီဥတုက ႐ုတ္တရက္ ေႏြလယ္ေကာင္ ေဘာလုံးကြင္းထဲ ပတ္ေျပးေနရသလို ခံစားလိုက္ရတယ္။
မမရဲ့ စကားသံေတြက ၾကားတစ္ခ်က္မၾကားတစ္ခ်က္။
အစင္းရာေပါင္းမ်ားစြာနဲ႔ဒီဗြီဒီေခြ ထစ္ေနသလို အသံကျပတ္ေတာင္းျပတ္ေတာင္းပါပဲ။
" နှောင်း ဒါ မမ ခ်စ္သူ ကို...... တဲ့"
အဲ့တစ္ခြန္းေတာ့ နားရဲ့ လက္ခံနိုင္တဲ့အသံလွိုင္း အျမင့္ဆုံး နဲ႔ကို ၾကားလိုက္ရတာပါ ။
အသိျပန္၀င္လာတဲ့အခ်ိန္ မာနတစ္ခုကို ျမဲစြာဆုပ္ကိုင္ၿပီး
"မမ ကၽြန္ေတာ္ သြားစရာရွိလို႔ ခြင့္လာတိုင္တာ ဆရာ့ ၀င္မေျပာေတာ့ဘူး မမပဲ ကၽြန္ေတာ့္အစား ခြင့္တိုင္ေပးပါအုံး"
လို႔ဆိုကာ ကၽြန္ေတာ္ မမရဲ့ တုံ႔ျပန္သံေတာင္ နားမေထာင္ေတာ့ဘဲ စက္ဘီးကို အသားကုန္နင္းရင္း မမ နားကေန ထြက္လာခဲ့လိုက္တယ္။
အဲ့ေန႔က ကၽြန္ေတာ္ ပထမဆုံး အသဲကြဲတယ္ ပဲဆိုပါေတာ့။
ပထမဆုံး အခ်စ္ ၊ ပထမဆုံး အသဲကြဲဒဏ္ရာ ။
ေက်ာင္းမွာေသာ္တာယံတို႔ကို ထိုကိစၥ ရင္ဖြင့္ေတာ့ သူတို႔လည္း စိတ္မေကာင္းၾက ။ သို႔ေပမယ့္ ဒဏ္ရာ
ဆားပက္ ၾကေသးတယ္ဗ်။
"ငါ တို႔မင္းကို အစကတည္းက သတိေပးသားပဲ။
မင္းမမက သူတို႔ေက်ာင္းမွာ နာမည္ႀကီး အသည္းခြဲတဲ့ေနရာမွာလည္း အရမ္းေတာ္တယ္"
ေသာ္တာယံ့ စကားေၾကာင့္ ကၽြန္ေတာ္မွာ ခုပဲထိုင္ငိုရေတာ့မလိုလို။
"ေနာက္ဆုံးေတာ့လည္း မင္းကို ဘယ္သူမွမႀကိဳက္ဘူးပဲ။ မင္းလို ကေလးနို႔နံ့ မစင္တဲ့ ပုံစံ ဘယ္ႀကိဳက္ၾကမလဲ။ ဒါနဲ႔ေတာင္ ငါ့အစ္မ လာ ေၾကာင္ခ်င္ေနေသးတယ္ ။"
ခုံေပၚ ေခါင္းေမွာက္ထားရာကေန ေနာက္သို႔လွည့္လိုက္ေတာ့ ႏွစ္ခါေတာင္စဥ္းစားစရာမလိုတဲ့ ဒန္႔သလြန္သီး
ေဆာင္းဒီေခတ္ ပင္။
" က်စ္စ္ .....ေဆာင္းဒီေခတ္ မင္းနဲ႔ ငါ ရန္မျဖစ္ခ်င္ေသးဘူး"
ကၽြန္ေတာ္ စိတ္ပ်က္ေနတဲ့ေလသံနဲ႔လွည့္ၾကည့္ၿပီးေျပာလိုက္တယ္။
အဲ့တာကို ထြက္မသြားေသးဘဲ ေသာ္တာယံ့ေဘးခုံမွာ ေမွာက္အိပ္ေနတဲ့ ကၽြန္ေတာ့္ေရွ႕ လာထိုင္တယ္ ။
ကၽြန္ေတာ္လည္း လုပ္ခ်င္တာသာလုပ္ဆိုၿပီး လြတ္ထားလိုက္တယ္။
"ဒီေခတ္ ငါဒီပုစၧာေလးနားမလည္လို႔ ရွင္းျပပါလားကြာ"
ေသာ္တာယံကပဲ သူရန္မစနိုင္ေအာင္ စာရွင္းေပးပါဆိုၿပီး အလိုက္သင့္ ထိန္းေပးထားသည္။ သူတို႔စာရွင္းေနသံေတြေၾကာင့္ အိပ္မရပါ အမွန္လည္း အိပ္ဖို႔ဆႏၵရွိမေနခဲ့တာလည္း ပါမွာေပါ့။
"။ နှောင်းရိပ္မာန္ မင္းလာရွာတယ္"
ကၽြန္ေတာ့္နာမည္ေခၚသံေၾကာင့္ အခန္းအျပင္လွမ္းၾကည့္လိုက္ေတာ့ မမ ရဲ့ ေမာင္၀မ္းကြဲေလး။
ကၽြန္ေတာ္လည္းအခန္းေကာ္ရစ္တာဘက္ထြက္ကာ
" ငါလာရွာတာလား ဘာကိစၥရွိလို႔လဲ"
လို႔ ေမးလိုက္သည္။
"ဟို ...အစ္မေစာယမုံက အစ္ကို႔ကိုေပးခိုင္းလိုက္လို႔"
ဆိုကာ ထပ္ခ်ိဳးေခါက္ထားတဲ့ စာအိတ္ေလးတစ္အိတ္ ကမ္းေပးလာသည္။
ကၽြန္ေတာ္လွမ္းယူလိုက္တာႏွင့္ ဘာမွေတာင္ေမးခ်ိန္မရလိုက္ လွစ္ခနဲ ေျပးထြက္သြားၿပီ။
အခန္းထဲစာအိတ္ကိုင္ၿပီး၀င္လာေတာ့ ေသာ္တာယံက ဘာလဲဆိုၿပီးေမးေနလို႔ စာအိတ္ေလးေထာင္ျပလိုက္သည္ ။
"ဒီမွာ မမ ကေပးခိုင္းလို႔တဲ့ စာတစ္ေစာင္"
တဲ့ ။
"ဒါဆိုလည္း ျမန္ျမန္ဖြင့္ဖတ္ၾကည့္ေလကြာ ဘာေရးထားလဲသိရေအာင္"
သိခ်င္စိတ္ ျပင္းျပေနတဲ့ မ်က္လုံးေတြနဲ႔ စပ္စုစိန္ ေသာ္တာယံကေတာ့ ကၽြန္ေတာ့္ထက္ေတာင္ စိတ္လႈပ္ရွားေနသည္ထင္။
"အြန္း"
ကၽြန္ေတာ္လည္း ေခါင္းၿငိမ့္ကာ လက္ထဲက စာအိတ္အျပာေလးကို စိတ္လႈပ္ရွားျခင္းေတြ လွိုင္းထန္စြာနဲ႔ လက္ဖ်ားေတြက ေခၽြးေစးေတြနဲ႔ ေအးစက္လာေနေပမယ့္ ႀကိဳးစားပမ္းစား ဖြင့္ေဖာက္ေနခဲ့တယ္။
သို႔ေပမယ့္ ကၽြန္ေတာ္စာအိတ္ေဖာက္ၿပီး စာရြက္ျဖန္႔ေနတုန္း စာေလးက လက္ထဲကေန ျပတင္းက၀င္လာတဲ့ေလေျပေၾကာင့္ တလြင့္လြင့္ လြင့္ေနရင္း လုယူျခင္းခံလိုက္ရပါေတာ့တယ္။