#Unicode
မုန့်စားကျောင်းဆင်းဖြစ်၍ ခန့်ကိုနိုင် ဆီသွားကာ မုန့်စျေးတန်းမုန့်အတူသွားစား ၊
သူ့အခန်းရှေ့ကော်ရစ်တာမှာgame အကြောင်းပြောပြီး ကျောင်းပြန်တက်တော့မှာမို့ အခန်းဆီပြန်လာခဲ့လိုက်သည်။
ဒီနေ့တွင်ထူးဆန်းစွာ လူတွေကျွန်တော့်ကို လိုက်ကြည့်နေသလို ခံစားရသည် ။
ခန့်ကို နဲ့စကားပြောနေကတည်းက တောက်လျှောက် လိုက်ကြည့်နေကြသလိုပင်။
ကျွန်တော်မလုံမလဲ ကိုယ့်ခန္ဓါကိုယ်ကိုတစ်ချက်ပြန်စစ်မိသည် ။အကျီပြောင်းပြန်တွေဘာတေများ၀တ်ထားမိသလားလို့ ။
ဘာမှလည်းမှားယွင်းမနေပါ။ဘာလို့ လိုက်ကြည့်နေကြပါလိမ့် လို့ စဥ်းစားမရဖြစ်နေခဲ့သည်။
အခန်းထဲ၀င်တော့လည်း အတန်းထဲကသူတွေပါ
ကျွန်တော့်ကြည့်လိုက် ပြောလိုက်နဲ့။
သေချာပြီ ကျွန်တော့်အကြောင်းပြောနေကြသည်ဆိုတာ။
ကျွန်တော့်ခုံမှာ၀င်ထိုင်ပြီးတာနဲ့ နောက်ခုံမှာစာကုန်းရေးနေသော ရှိုင်းသူဘက်လှည့်ကာ မေးရတော့သည် ။
"ရှိုင်းသူ အတန်းထဲမှာဘာတွေဖြစ်နေတာလဲ။
အကုန်လုံးလည်း ငါ့ကြည့်နေကြသလိုပဲ
ကိစ္စတစ်ခုခုရှိနေတာလား"
သူ့သာမေးရတာ သူကစာကလွဲစိတ်မ၀င်စား ဘာဆိုဘာမှမသိ။
ရှိုင်းသူကကျွန်တော့်ကြည့်ကာ
"ငါလည်းမသိဘူး သူတို့ဘာတွေပြောနေမှန်း"
လို့ ပြောကာ စာသာ ပြန်ကုန်းရေးနေသည်။
"မင်းအကြောင်းပြောနေကြတာကွ"
တစ်ဖက်ခုံက "ထက်အာကာ"ကထလာကာ ပြောလိုက်သည်။
"အမ် ငါ့အကြောင်း ငါ့အကြောင်းဘာပြောစရာရှိလို့လဲ"
ကျွန်တော်နားမလည်စွာမေးလိုက်တော့
"မင်းနဲ့ Dခန်းကတစ်ယောက် အကြောင်းလေ။
ငါလည်းမေးချင်နေတာ မင်းက သူနဲ့ရည်းစားတွေဆို "
လို့ မေးလာသည်။
"ဘာ......"
ကျွန်တော်ကြားရသည်ကိုမယုံနိုင်သလိုဒေါသတကြီးအော်မိသည် ။
အတန်းထဲကသူတွေလည်းကျွန်တော့်အသံကြောင့် ၀ိုင်းကြည့်ကုန်ကြသည် ။
"အကုန်လုံးပြောနေကြတာပဲ မင်းကလည်းသူနဲ့ပဲမုန့်စျေးတန်းသွားကြ စကားပြောကြဆိုတော့ ..."
လို့ထက်အာကာပဲ ဆက်ပြောလာခဲ့သည်။
"တောက်.. မဟုတ်ဘူး ဘယ်သူတွေစပြောမှန်းမသိပေမယ့် လုံး၀မဟုတ်ဘူး ငါတို့က ငယ်သူငယ်ချင်းတွေကွ "
လို့ ကျွန်တော် ထက်အာကာကို ပြန်ဖြေရုံတင်မက တစ်တန်းလုံးကြားအောင် အော်ပြောလိုက်သည်။
သော်တာယံကအပြင်က၀င်လာကာ
"နှောင်းရိပ် ဘာတွေဖြစ်နေတာလဲ ဘယ်သူမင်းပြသနာရှာလို့ ဒေါသထွက်နေတာလဲ"
ကျွန်တော့်မျက်နှာကိုကြည့်ရင်းစိုးရိမ်တကြီးမေးလာသည်။
ထိုချိန်ထိုင်နေတဲ့ ရှိုင်းသူက သော်တာယံကိုလက်ဆွဲကာ ထိုင်ခိုင်းလိုက်သည်။မျက်နှာရိပ်မျက်နှာကဲ ပြပြီး ဆက်မမေးနဲ့ဆိုတဲ့သဘောပါပြလိုက်သည် ။
အတန်းတက်ခေါင်းလောင်းမြည်သွား၍ အကုန်ကိုယ့်နေရာကိုယ်ထိုင်ကာ ဆရာမကိုနှုတ်ဆက်ကြသည်။
စာသာသင်နေရသည် လူကလုံး၀ကိုစိတ်မပါတော့။
ကြားခဲ့ရသော ကိစ္စသာ ခေါင်းထဲရောက်ပြီး
ရှက်မိသည့်စိတ်နှင့်အတူဒေါသထွက်တာပါထွက်ရသည်။
ကျောင်းဖွင့်သည်မှနှစ်လရှိသေးသည် ကိုယ့်အကြောင်းလူတွေပြောနေကြပြီ ၊ဒီလိုကိစ္စဆို သတင်းကအရမ်း
ပြန့်လွယ်သည် ။
ဘယ်သူတွေသိပြီးကြပြီလဲ နောက်ရက်ကျောင်းဘယ်လိုလာရမလဲ စသည်ဖြင့် အတွေးများစွာ ကြီးစိုးလျက်။
သူကမဟုတ်ပါဘူးငြင်းနေတော့ရော ယုံပေးကြပါ့မလား ။
ယုံပေးတယ်ဆိုအုံး ကိုယ့်သိတဲ့သူတွေသာ ကိုယ်ငြင်းလို့ရမည် အခြားသူတွေကို ဘယ်လိုရှင်းပြလို့ရမလဲ။
ကျောင်းဆင်းခေါင်းလောင်းသံကြားသည်နှင့် ဆရာမနှုတ်ဆက်ကာ ပစ္စည်းတွေ အမြန်ထိုးထည့်ပြီး အတန်းထဲမှအရင်ဆုံးပြေးထွက်မိသည်။
သူက gay တစ်ယောက်မဟုတ်ဘူး ၊လူတွေသူ့ကိုအဲ့လိုထင်မှာလည်းကြောက်မိသည် ။
အခုချိန်ဘာမှမစဥ်းစားချင်လောက်အောင် ပူထူနေပြီဖြစ်၍ ကျောင်းဂိတ်နားက ဖုန်းဆိုင်ကနေ
နေမကောင်း၍ကျူရှင်မသွားတော့ဘူးဟုလိမ်ကာဖုန်းဆက်ပြီးအမေ့ကိုလာကြိုခိုင်းလိုက်သည်။
အတန်းထဲကလူတွေမတွေ့အောင်လည်း ချောင်နားက သစ်ပင်မှာ ကွယ်ရပ်နေမိသည်။
"ဒီနေ့ကျူရှင်မလာဘူးလား......"
အသံကြားလို့လှည့်ကြည့်လိုက်တော့ ဆောင်းဒီခေတ်။
"အွန်း မလာဘူး "
လို့သာ ခပ်ပြတ်ပြတ် အဖြေပေးလိုက်သည်။
ဘယ်သူနဲ့မှမတွေ့ချင်ပါ။အထူးသဖြင့် သူနှင့်မတွေ့ချင်။
သူကျွန်တော့်ကို Gay ဆိုပြီးလှောင်ပြောင်နေမလား ၊
အခုရော သူ ကျွန်တော့်ကိုအခြားသူတွေပြောနေကြတဲ့ကိစ္စကိုမေးမှာလား ၊ကျွန်တော် ထိတ်လန့်နေမိသည်။
သူ့လည်းမကြည့်ရဲလို့ လမ်းဘက်သာမျက်နှာမူပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ထားလိုက်မိသည်။
"မင်းနေမကောင်းဘူးထင်တယ် နဖူးမှာချွေးစေးတွေနဲ့
ငါ ဆရာမဆီခွင့်တိုင်ထားပေးမယ် "
လို့ သူက ပြောလာသည်ကို ကျွန်တော် ခေါင်းသာ ပြန်ငြိမ့်ပြလိုက်မိသည်ထင်။
"...."
သူလှည့်ထွက်သွားပြီးမှ အသံတိုးတိုးလေးနဲ့ ပြောလိုက်တာကိုကြားလိုက်ရသည်။
"ဂရုစိုက် ငါ့အစ်မကိုမလိုက်ရသေးခင် သေနေမယ်"တဲ့
ကျွန်တော်လည်းသူ့ကိုပြန်စချင်လာ၍
"ဟားးး ယောက်ဖက စိတ်ပူနေတာလား"
လို့ ပြန်ပြောလိုက်တော့
"ဆုတောင်းနေလိုက် ငါစိတ်တိုစရာခွေးပေါက်မရှိလို့ ငါပျင်းနေမှာစိုးလို့ ....ဟားးး....သွားပြီ ခွေးပေါက်"
လို့ ရှေ့ကလာကြိုတဲ့ဆိုင်ကယ်ပေါ် တက်ခွထိုင်ရင်းအော်ပြောကာထွက်သွားသည် ။
"ကောင်စုတ် ဒန့်သလွန်သီး ဒီတစ်သက်အရပ်ထွပ်မလာပါစေနဲ့ ?%^&*@$^&*"
ကျွန်တော်လည်း ပြန်လည်ကာမေတ္တာ ပို့သပေးလိုက်ပါတယ်။
စိတ်ထဲရှုပ်ထွေးနောက်ကျိနေတာတွေပင် ပျောက်သွားရသည် ။
ကျွန်တော့်ကိုပြောနေကြတာတွေသူမသိသေး၍လား။
မဖြစ်နိုင် တစ်ခန်းလုံးပြောနေကြတာ သူလည်းကြားမှာပေါ့။
သူဘေးနားထိုင်နေတဲ့ကောင်ကလည်းတကယ့်
စ သုံးလုံး ၊ နိုင်ငံတကာသတင်းလွှင့်တဲ့ရုပ်သံလိုင်းထက်တောင် အဲ့ကောင်က သတင်းတွေမြန်သေး။
ဘာပဲဖြစ်ဖြစ် အဲ့ကိစ္စတွေမေးမသွားသည့်အပြင် စိတ်ပြေပျောက်မှု ခဏရသွား၍ကျေးဇူးတင်မိသည် ။
ခဏနေတော့အမေလာကြို၍ကျွန်တော်လည်း အိမ်ပြန်လာခဲ့သည် ။
တစ်ခါတစ်လေမှာကိုယ့်ရဲ့ ရန်သူထင်ထားတဲ့သူတစ်ယောက်ဟာ ကိုယ့်အတွက်စိတ်ပူပေးတဲ့သူတစ်ယောက်
ကိုယ့်ရဲ့စိုးရိမ်ပူပန်ရမှုတွေကို ခေတ္တခဏဖြစ်ဖြစ်
ပြေပျောက်အောင် ဖန်တီးပေးတတ်သူလည်း
ဖြစ်လာနိုင်ပါတယ် .........
#Zawgyi
မုန္႔စားေက်ာင္းဆင္းျဖစ္၍ ခန္႔ကိုနိုင္ ဆီသြားကာ မုန္႔ေစ်းတန္းမုန္႔အတူသြားစား ၊
သူ႔အခန္းေရွ႕ေကာ္ရစ္တာမွာgame အေၾကာင္းေျပာၿပီး ေက်ာင္းျပန္တက္ေတာ့မွာမို႔ အခန္းဆီျပန္လာခဲ့လိုက္သည္။
ဒီေန႔တြင္ထူးဆန္းစြာ လူေတြကၽြန္ေတာ့္ကို လိုက္ၾကည့္ေနသလို ခံစားရသည္ ။
ခန္႔ကို နဲ႔စကားေျပာေနကတည္းက ေတာက္ေလၽွာက္ လိုက္ၾကည့္ေနၾကသလိုပင္။
ကၽြန္ေတာ္မလုံမလဲ ကိုယ့္ခႏၶါကိုယ္ကိုတစ္ခ်က္ျပန္စစ္မိသည္ ။အက်ီေျပာင္းျပန္ေတြဘာေတမ်ား၀တ္ထားမိသလားလို႔ ။
ဘာမွလည္းမွားယြင္းမေနပါ။ဘာလို႔ လိုက္ၾကည့္ေနၾကပါလိမ့္ လို႔ စဥ္းစားမရျဖစ္ေနခဲ့သည္။
အခန္းထဲ၀င္ေတာ့လည္း အတန္းထဲကသူေတြပါ
ကၽြန္ေတာ့္ၾကည့္လိုက္ ေျပာလိုက္နဲ႔။
ေသခ်ာၿပီ ကၽြန္ေတာ့္အေၾကာင္းေျပာေနၾကသည္ဆိုတာ။
ကၽြန္ေတာ့္ခုံမွာ၀င္ထိုင္ၿပီးတာနဲ႔ ေနာက္ခုံမွာစာကုန္းေရးေနေသာ ရွိုင္းသူဘက္လွည့္ကာ ေမးရေတာ့သည္ ။
"ရွိုင္းသူ အတန္းထဲမွာဘာေတြျဖစ္ေနတာလဲ။
အကုန္လုံးလည္း ငါ့ၾကည့္ေနၾကသလိုပဲ
ကိစၥတစ္ခုခုရွိေနတာလား"
သူ႔သာေမးရတာ သူကစာကလြဲစိတ္မ၀င္စား ဘာဆိုဘာမွမသိ။
ရွိုင္းသူကကၽြန္ေတာ့္ၾကည့္ကာ
"ငါလည္းမသိဘူး သူတို႔ဘာေတြေျပာေနမွန္း"
လို႔ ေျပာကာ စာသာ ျပန္ကုန္းေရးေနသည္။
"မင္းအေၾကာင္းေျပာေနၾကတာကြ"
တစ္ဖက္ခုံက "ထက္အာကာ"ကထလာကာ ေျပာလိုက္သည္။
"အမ္ ငါ့အေၾကာင္း ငါ့အေၾကာင္းဘာေျပာစရာရွိလို႔လဲ"
ကၽြန္ေတာ္နားမလည္စြာေမးလိုက္ေတာ့
"မင္းနဲ႔ Dခန္းကတစ္ေယာက္ အေၾကာင္းေလ။
ငါလည္းေမးခ်င္ေနတာ မင္းက သူနဲ႔ရည္းစားေတြဆို "
လို႔ ေမးလာသည္။
"ဘာ......"
ကၽြန္ေတာ္ၾကားရသည္ကိုမယုံနိုင္သလိုေဒါသတႀကီးေအာ္မိသည္ ။
အတန္းထဲကသူေတြလည္းကၽြန္ေတာ့္အသံေၾကာင့္ ၀ိုင္းၾကည့္ကုန္ၾကသည္ ။
"အကုန္လုံးေျပာေနၾကတာပဲ မင္းကလည္းသူနဲ႔ပဲမုန္႔ေစ်းတန္းသြားၾက စကားေျပာၾကဆိုေတာ့ ..."
လို႔ထက္အာကာပဲ ဆက္ေျပာလာခဲ့သည္။
"ေတာက္.. မဟုတ္ဘူး ဘယ္သူေတြစေျပာမွန္းမသိေပမယ့္ လုံး၀မဟုတ္ဘူး ငါတို႔က ငယ္သူငယ္ခ်င္းေတြကြ "
လို႔ ကၽြန္ေတာ္ ထက္အာကာကို ျပန္ေျဖ႐ုံတင္မက တစ္တန္းလုံးၾကားေအာင္ ေအာ္ေျပာလိုက္သည္။
ေသာ္တာယံကအျပင္က၀င္လာကာ
"ေႏွာင္းရိပ္ ဘာေတြျဖစ္ေနတာလဲ ဘယ္သူမင္းျပသနာရွာလို႔ ေဒါသထြက္ေနတာလဲ"
ကၽြန္ေတာ့္မ်က္ႏွာကိုၾကည့္ရင္းစိုးရိမ္တႀကီးေမးလာသည္။
ထိုခ်ိန္ထိုင္ေနတဲ့ ရွိုင္းသူက ေသာ္တာယံကိုလက္ဆြဲကာ ထိုင္ခိုင္းလိုက္သည္။မ်က္ႏွာရိပ္မ်က္ႏွာကဲ ျပၿပီး ဆက္မေမးနဲ႔ဆိုတဲ့သေဘာပါျပလိုက္သည္ ။
အတန္းတက္ေခါင္းေလာင္းျမည္သြား၍ အကုန္ကိုယ့္ေနရာကိုယ္ထိုင္ကာ ဆရာမကိုႏႈတ္ဆက္ၾကသည္။
စာသာသင္ေနရသည္ လူကလုံး၀ကိုစိတ္မပါေတာ့။
ၾကားခဲ့ရေသာ ကိစၥသာ ေခါင္းထဲေရာက္ၿပီး
ရွက္မိသည့္စိတ္ႏွင့္အတူေဒါသထြက္တာပါထြက္ရသည္။
ေက်ာင္းဖြင့္သည္မွႏွစ္လရွိေသးသည္ ကိုယ့္အေၾကာင္းလူေတြေျပာေနၾကၿပီ ၊ဒီလိုကိစၥဆို သတင္းကအရမ္း
ျပန္႔လြယ္သည္ ။
ဘယ္သူေတြသိၿပီးၾကၿပီလဲ ေနာက္ရက္ေက်ာင္းဘယ္လိုလာရမလဲ စသည္ျဖင့္ အေတြးမ်ားစြာ ႀကီးစိုးလ်က္။
သူကမဟုတ္ပါဘူးျငင္းေနေတာ့ေရာ ယုံေပးၾကပါ့မလား ။
ယုံေပးတယ္ဆိုအုံး ကိုယ့္သိတဲ့သူေတြသာ ကိုယ္ျငင္းလို႔ရမည္ အျခားသူေတြကို ဘယ္လိုရွင္းျပလို႔ရမလဲ။
ေက်ာင္းဆင္းေခါင္းေလာင္းသံၾကားသည္ႏွင့္ ဆရာမႏႈတ္ဆက္ကာ ပစၥည္းေတြ အျမန္ထိုးထည့္ၿပီး အတန္းထဲမွအရင္ဆုံးေျပးထြက္မိသည္။
သူက gay တစ္ေယာက္မဟုတ္ဘူး ၊လူေတြသူ႔ကိုအဲ့လိုထင္မွာလည္းေၾကာက္မိသည္ ။
အခုခ်ိန္ဘာမွမစဥ္းစားခ်င္ေလာက္ေအာင္ ပူထူေနၿပီျဖစ္၍ ေက်ာင္းဂိတ္နားက ဖုန္းဆိုင္ကေန
ေနမေကာင္း၍က်ဴရွင္မသြားေတာ့ဘူးဟုလိမ္ကာဖုန္းဆက္ၿပီးအေမ့ကိုလာႀကိဳခိုင္းလိုက္သည္။
အတန္းထဲကလူေတြမေတြ႕ေအာင္လည္း ေခ်ာင္နားက သစ္ပင္မွာ ကြယ္ရပ္ေနမိသည္။
"ဒီေန႔က်ဴရွင္မလာဘူးလား......"
အသံၾကားလို႔လွည့္ၾကည့္လိုက္ေတာ့ ေဆာင္းဒီေခတ္။
"အြန္း မလာဘူး "
လို႔သာ ခပ္ျပတ္ျပတ္ အေျဖေပးလိုက္သည္။
ဘယ္သူနဲ႔မွမေတြ႕ခ်င္ပါ။အထူးသျဖင့္ သူႏွင့္မေတြ႕ခ်င္။
သူကၽြန္ေတာ့္ကို Gay ဆိုၿပီးေလွာင္ေျပာင္ေနမလား ၊
အခုေရာ သူ ကၽြန္ေတာ့္ကိုအျခားသူေတြေျပာေနၾကတဲ့ကိစၥကိုေမးမွာလား ၊ကၽြန္ေတာ္ ထိတ္လန္႔ေနမိသည္။
သူ႔လည္းမၾကည့္ရဲလို႔ လမ္းဘက္သာမ်က္ႏွာမူၿပီး လက္သီးကိုက်စ္က်စ္ဆုပ္ထားလိုက္မိသည္။
"မင္းေနမေကာင္းဘူးထင္တယ္ နဖူးမွာေခၽြးေစးေတြနဲ႔
ငါ ဆရာမဆီခြင့္တိုင္ထားေပးမယ္ "
လို႔ သူက ေျပာလာသည္ကို ကၽြန္ေတာ္ ေခါင္းသာ ျပန္ၿငိမ့္ျပလိုက္မိသည္ထင္။
"...."
သူလွည့္ထြက္သြားၿပီးမွ အသံတိုးတိုးေလးနဲ႔ ေျပာလိုက္တာကိုၾကားလိုက္ရသည္။
"ဂ႐ုစိုက္ ငါ့အစ္မကိုမလိုက္ရေသးခင္ ေသေနမယ္"တဲ့
ကၽြန္ေတာ္လည္းသူ႔ကိုျပန္စခ်င္လာ၍
"ဟားးး ေယာက္ဖက စိတ္ပူေနတာလား"
လို႔ ျပန္ေျပာလိုက္ေတာ့
"ဆုေတာင္းေနလိုက္ ငါစိတ္တိုစရာေခြးေပါက္မရွိလို႔ ငါပ်င္းေနမွာစိုးလို႔ ....ဟားးး....သြားၿပီ ေခြးေပါက္"
လို႔ ေရွ႕ကလာႀကိဳတဲ့ဆိုင္ကယ္ေပၚ တက္ခြထိုင္ရင္းေအာ္ေျပာကာထြက္သြားသည္ ။
"ေကာင္စုတ္ ဒန္႔သလြန္သီး ဒီတစ္သက္အရပ္ထြပ္မလာပါေစနဲ႔ ?%^&*@$^&*"
ကၽြန္ေတာ္လည္း ျပန္လည္ကာေမတၱာ ပို႔သေပးလိုက္ပါတယ္။
စိတ္ထဲရႈပ္ေထြးေနာက္က်ိေနတာေတြပင္ ေပ်ာက္သြားရသည္ ။
ကၽြန္ေတာ့္ကိုေျပာေနၾကတာေတြသူမသိေသး၍လား။
မျဖစ္နိုင္ တစ္ခန္းလုံးေျပာေနၾကတာ သူလည္းၾကားမွာေပါ့။
သူေဘးနားထိုင္ေနတဲ့ေကာင္ကလည္းတကယ့္
စ သုံးလုံး ၊ နိုင္ငံတကာသတင္းလႊင့္တဲ့႐ုပ္သံလိုင္းထက္ေတာင္ အဲ့ေကာင္က သတင္းေတြျမန္ေသး။
ဘာပဲျဖစ္ျဖစ္ အဲ့ကိစၥေတြေမးမသြားသည့္အျပင္ စိတ္ေျပေပ်ာက္မႈ ခဏရသြား၍ေက်းဇူးတင္မိသည္ ။
ခဏေနေတာ့အေမလာႀကိဳ၍ကၽြန္ေတာ္လည္း အိမ္ျပန္လာခဲ့သည္ ။
တစ္ခါတစ္ေလမွာကိုယ့္ရဲ့ ရန္သူထင္ထားတဲ့သူတစ္ေယာက္ဟာ ကိုယ့္အတြက္စိတ္ပူေပးတဲ့သူတစ္ေယာက္
ကိုယ့္ရဲ့စိုးရိမ္ပူပန္ရမႈေတြကို ေခတၱခဏျဖစ္ျဖစ္
ေျပေပ်ာက္ေအာင္ ဖန္တီးေပးတတ္သူလည္း
ျဖစ္လာနိုင္ပါတယ္ .........