ချည်မိ​နှောင်ကြိုး တည်တံ့​စေ(...

By pakahti1810

38K 1.1K 90

စစ်မှန်တဲ့ ချစ်ခြင်း​တွေဟာ ကမ္ဘာခြား​နေတဲ့ သူနှစ်ဦးကို​တောင် ဆုံစည်း​စေနိုင်တယ် ကိုယ်တို့ရဲ့ချစ်ခြင်းတရား​တွ... More

Prologue
Part -1
Part -2
Part -3
Part -5
Part-6
Part -7
Part-8
Part-9
Part-10
Epi-11
Epi-12
Part-13
Epi-14
Epi-15
Epi-16
Epi-17
Epi-18
Epi-19
Epi-20
Epi-21
Epi-22
colorless string
Epi-23
Epi-24
Epi-25
Epi-26
Epi 27
Epi 28
Epi 29
Epi-30
Final (Part-1)
Final (part-2)
နှောင်ကြိုးတစ်စ

Part -4

1K 32 0
By pakahti1810

#Unicode

နွေ​ကျောင်းပိတ်ရက်သည် ပုံမှန်လိုပင် ထူးဆန်းမှုမရှိ၊အလုပ်တစ်ခုပိုလာသည်မှလွဲ၍​။
အဲ့တာက​တော့ မာတာမိခင်ရဲ့ ​နောင်​ရေး​မျှော်​တွေးတဲ့ အစီစဥ်​ကြောင့် ​နွေရာသီအင်္ဂလိပ်စာ သင်တန်းတက်လိုက်ရခြင်းပင်။
   
ပုံမှန်​​နွေ​ကျောင်းပိတ်ရက်များလို ၉နာရီမှထ၍
မရ​တော့။
မနက်၇နာရီသင်တန်းမီရန် ၆နာရီခွဲ​လောက်ထရသည် ။
မျက်နှာသစ် မနက်စာစားကာ အ​ဖေ​မောင်းတဲ့
ဆိုင်ကယ်​နောက် အိပ်ငိုက်လိုက်ခြင်းသည် ​ဒီနှစ်​နွေရဲ့နေ့စဥ်လုပ်​ဆောင်မှုတစ်ခုဖြစ်လာရသည်။

များပြားလှ​သော ရွယ်တူ​ကျောင်းသားများ၊ အတန်းကြီးများ ၊အတန်းတစ်ချိန်ပြီးတာနှင့်​နောက်အတန်းတက်ဖို့လာကြနှင့်သင်တန်းအ​ပေါက်၀တွင် ပျားပန်းခတ်သလို၀င်ချည်ထွက်ချည် ရှုပ်​နေတတ်သည့် သင်တန်းသည် ကျွန်​တော့်အတွက်စိတ်ရှုပ်စရာ တစ်ခုပင်။

မနက်၈နာရီတန်းတွင် ​​ပေါက်စကတက်​နေသည်တဲ့။
သူက မနှစ်​နွေတည်းက တက်ဖူး​သော​ကြောင့် ဒီနှစ်​​နောက်တစ်ဆင့်အသစ်သင်ရမည်။
ကိုယ်က​တော့အခုမှ စတက်သူဖြစ်၍အ​ခြေခံကပင်
စရအုံးမည်။
မနက်​စော​စော မထရ​အောင် ခုလက်ရှိသင်လက်စ
အ​ခြေခံစာအုပ်မြန်မြန်ပြီး​အောင်ကြိုးစားရမည် ဟု​တွေးထားသည် ။
ခုသင်​နေရသည့်အ​ခြေခံ​တွေကလည်း
ကိုယ်သိပြီးသား​တွေများသည်။ဒီစာအုပ်ပိုင်နိုင်ရင် ​​နောက်အတန်းအမြန်ကူးလို့ရသည်ဟုဆိုသည်။

ဒီလိုနှင့်ပင် ​နွေပထမလမှာပင် အ​​ခြေခံစာအုပ်ပြီး၍​ပေါက်စတို့အတန်း​ပြောင်းတက်ခွင့်ရသည်
​ပေါက်စ တို့က စာ​တွေ​ရှေ့​ရောက်​နေ​သော်လည်း အဆင်​ပြေသည်။ ကိုယ်လည်းကိုယ့်စာကိုယ်လုပ် သူလည်းသူ့စာသူလုပ်နှင့် အတန်းမစမီ၁၅မိနစ်​လောက်​စောလာပြီးနှစ်​ယောက်သား ​ပေါက်စခိုးယူလာတဲ့Mp4​လေးကိုနားကြပ်တစ်ဖက်စီတပ်ရင်းCartoonကား​တွေကြည့်ကြ အာလူးဖုတ်ကြနဲ့ သာသာယာယာပင်။

​​​အောင်စာရင်းထွက်​သော​နေ့တွင် အ​​ပြေးအလွှား​အောင်စာရင်းသွားကြည့်စရာမလိုခဲ့​ပေမယ့် ၊ ​ကျောင်းစအပ်ရမည့်​နေ့တွင်​တော့ စိတ်လှုပ်ရှားစွာသွားခဲ့ရသည်။
အတန်းခွဲ​ကြေငြာထား​သောဘုတ်​ရှေ့ အ​ပြေးလွှားသွားကာ ကိုယ့်နာမည်ကို Aတန်းတွင်ပါမပါကြည့်မိသည်။
ဘယ်​လောက်ပဲ​သေချာ​ပေါက်​ဖြေနိုင်တယ်ဆို​စေကာမူ
စိုးရိမ်မှု​​တော့ရှိသည်။

​နောက်မှအခြားသူ​တွေနာမည်ရှာကြည့်​တော့ ​သော်တာယံက Roll 1၊ ​ပေါက်စက ကျွန်​တော့်၃​ယောက်​ကျော် နဲ့ ဟိုဒန့်သလွန်သီး​ကောင်က ကျွန်​တော့်နာမည်အ​ပေါ် တွင် ​တွေ့ရသည်။

"ငါကဘယ်လိုဖြစ်ဖြစ် မင်းထက်​တော်တာလက်ခံပြီမလား ​​နှောင်းရိပ်မာန် "

အသံကြားလို့​နောက်လှည့်ကြည့်မိ​တော့ ကျွန်​တော့်ကိုမျက်ခုံးတစ်ဖက်ပင့်ကာ ​အောင်နိုင်သူအပြုံးပြုံး​နေတဲ့ ဒန့်သလွန်သီး။

"​ဟုတ်ပါတယ် မင်း​တော်ပါတယ်"

လို့ ကျွန်​တော်လည်း အပြုံးတစ်ပွင့်နဲ့​ဖြေပြီးတာနဲ့​ကျောင်းအပ်ဖို့ထွက်လာခဲ့လိုက်တယ်။
အ​မေက​ပြောဖူးတယ် ​​အောင်မြင်မှုကို​မျှော်လင့်တယ်ဆို အရှုံးကိုလည်းလက်ခံတတ်ရမယ်တဲ့။

သူ့ထက် စာ​မေးပွဲအမှတ်နည်းလို့​တော့မဖြစ်နိုင်။ သူကအသင်း​ခေါင်း​ဆောင်ဖြစ်သည့်အပြင် စာစီစာကုံး ၊ Essay အစရှိသည့်ပြိုင်ပွဲတို့၀င်​ရောက်ပြိုင်​လေ့ရှိသလို တိုင်းအဆင့် မြို့နယ်အဆင့် ဆုရ​လေ့ရှိသည် ။
အဲ့ဒီအမှတ်​တွေကပဲကိုယ့်ထက်သာတာဖြစ်လိမ့်မည်။

ဒီလိုနှင့်ကျွန်​တော်၏​နွေရာသီကာလကြီးပြီးဆုံးကာ ၇တန်းနှစ် စသင်နှစ်အသစ် စတင်ခဲ့​တော့သည်။

ယခုနှစ်တွင် ​သော်တာယံက အခြားသူ့သူငယ်ချင်းနှစ်​ယောက်နှင့် ထိုင်ဖြစ်ပြီး ကျွန်​တော်က​​တော့ အခြားတန်းမှတက်လာ​သော သူများနှင့်သာထိုင်ဖြစ်သည်။
အဲ့​နေရာ​တောင် ​သော်တာယံကသူ့​ရှေ့ခုံဦး​ပေးထား၍ရခြင်း ၊မဟုတ်လို့က​တော့ နောက်ဆုံးတန်းမှာ တစ်ပင်တိုင်ကရလိမ့်မည်။

အတန်းပိုင်ဆရာမက သ​ဘော​ကောင်းသလို
သော်တာယံသူငယ်ချင်းနှစ်​ယောက်နဲ့ပါခင်​ပေမယ့်
အရင်လို​ပေါက်စမရှိ၍အဆင်​တော့မ​ပြေလှ။
​ပေါက်စက Private ​ကျောင်းသို့ သူ့အဘွားတိုက်တွန်းမှုဖြင့်​ပြောင်းသွားရ​လေပြီ။

​ဘေးနားက အတန်းသားအသစ်​တွေကလည်း တကယ့် အဆိုးအ​ပေ​တွေပင်။ စာသာ​တော်တာကလွဲ အကျင့်ကတစ်စက်မှမ​ကောင်း​ပေ။လူကို လူမထင်ဘဲဘယ်သူ့အနိုင်ကျင့်ရမလဲ​တွေး​နေသူများသာ ။
ကိုယ်နဲ့ အစကတည်းက အ​ဖော်ညှိမရ​တော့ ကိုယ့်ကိုပါ ရန်လိုချင်တယ်။
​ဒါ​တောင်တစ်ရက်က ရန်စလာတာကို ပြန်ဖြဲထား​လို့
ငြိမ်​နေကြသည်သာ။

ခု​​တော့ မုန့်​စျေးတန်းသွားရင်ဖြစ်ဖြစ် ဘယ်သွားသွားတစ်​ယောက်တည်းသွားလာ​နေရသည်။
အခြားသူငယ်ချင်း​​တွေက​ခေါ်​ပေမယ့်လည်း လူအများနဲ့ တရုန်းရုန်းသွားလာရမှာမကြိုက်၍မသွားဖြစ်။

ကျောင်းမှာလည်း အတန်းကြီး​တွေကစ ဂိုဏ်းအုပ်စု အ​သေးစား​လေး​တွေဖွဲ့တာလိုလိုဘာလိုလို နဲ့ သူ့အုပ်စုနဲ့သူ ဘာ​တွေမှန်းမသိ ရှုပ်ယှက်ခတ်​နေသည်။

အခုတစ်​လော ထူးဆန်းတဲ့ကိစ္စ​တွေလည်း ​ပေါ်လာ​​​​သေးတယ်။
​ယောကျ်ား​လေး​သီးသန့်ကျောင်းဖြစ်သည့် ​ကျောင်းတွင် ရည်းစားထားတာမိသည်ဆို​တော့ ဒီ​ကျောင်းကအစ်ကိုနဲ့အခြား​ကျောင်းကအစ်မတစ်​ယောက်​ လို့ ထင်ခဲ့မိတယ်။
အမှန်ကအဲ့လိုမဟုတ် ကိုးတန်း A ခန်းက ခပ်​ချော​ချော စာ​တော်တယ်လို့ နာမည်ကြီးတဲ့အစ်ကိုနဲ့ Cခန်းက တရုတ်ကပြား​လေး က ရည်းစား​တွေတဲ့။
အခြား​ကျောင်းက အစ်မ​တွေပါ​​​ကြွေကြတယ်လို့ သတင်းထွက်တဲ့အစ်ကိုကြီးက ​အခြားယောက်ျား​​လေး တစ်​ယောက်နဲ့ ချစ်သူ​တွေတဲ့။
ကျွန်​တော်ကြားကြားချင်းအံ့သြသွားရသည်။ အစ်ကို နှစ်​ယောက်လုံးကို​သေချာမြင်ဖူးပါသည်၊ ဘယ်သူမှ ကနွဲ့ကလျ ဖြစ်မ​နေကြ။

ကျောင်းတွင် အရပ်အ​​ခေါ် ​ ခြောက်​နေတယ် ဆို​သော အလှအပကြိုက်​သော သူ​တွေရှိတာ​တွေ့ ဖူးပါတယ်။
ထိုသူ​တွေနဲ့တချို့အစ်ကို​တွေအတွဲဖြစ်တာမြင်ဖူးသည် ၊ကြားဖူးသည် ။
သို့​သော် ထိုအစ်ကိုနှစ်​ယောက်လို ​ယောကျ်ားပီသ​​သောနှစ်​ယောက်က ချစ်သူ​တွေတဲ့ ကျွန်​တော်နားမလည်ခဲ့။
ထိုအစ်ကိုနှစ်​ယောက်ကို​ကျောင်းကမိဘ​ခေါ်သတိ​ပေးတာ​တွေလုပ်တယ်လို့ကြားသည် ။
သိပ်မကြာမီ Aခန်းမှအစ်ကိုသည်​ ကျောင်း​ပြောင်းသွားခဲ့သည်။

​ကျောင်းတွင်လည်း အဲ့ဇာတ်လမ်းမှအစပြုကာ နှစ်​ယောက်ပူးကပ်​နေတာမြင်ရင် စ​ကြနောက်ကြ နဲ့။
တချို့​တွေကလည်း အဲ့ကိစ္စ​တွေကို ပြစ်တင်ကဲ့ရဲ့ကာ ရှုံ့ချကြသည်။ ကျွန်​တော်က​တော့ ​ထောက်ခံတာလည်း မဟုတ်သလို ပြစ်တင်​ဝေဖန်ခြင်းလည်း မပြုပါ။
ထိုအရာသည်ကျွန်​တော်စိတ်မ၀င်စားသလို နားမလည်​သောဘာသာရပ်တစ်ခု​ပေမယ့် စူးစမ်းမနေဖြစ်ခဲ့။

တစ်​​ယောက်တည်း​သွားလာရ၍အနည်းငယ်အထီးကျန်​သော်လည်း အဆင်​​ပြေပါတယ် အခြားသူငယ်ချင်း​တွေနဲ့ပုံမှန်ဆက်ဆံ​နေတုန်းပါပဲ။

တစ်ခါတစ်​လေ နယ်​ကျောင်းက​ပြောင်းလာတဲ့ ကျွန်​​တော့်ငယ်သူငယ်ချင်း "ခန့်ကိုနိုင်"နှင့် ​စကားသွား​ပြော​နေလိုက်သည် ။
သူက အသစ်ဖြစ်၍Eခန်းသာတက်ရသည် ။
နယ်က​ပြောင်းလာခါစ​ ကျောင်းသားသစ်တစ်​ယောက်ရဲ့ခံစားချက်နားလည်၍သူ့ဆီမကြာခဏသွားကာ သူနဲ့မုန့်အတူသွားစား​ပေးဖြစ်သည်။
အရင်​ကျောင်းကတည်းကလည်း လည်ပင်းဖက်​ပေါင်းခဲ့သူများဖြစ်၍ ​အဆင်​​​ပြေသည်။

သို့​​သော်ကျွန်​တော်တို့သတိမထားမိခဲ့ကြ​သော မျက်လုံးများစွာရဲ့​​ကောက်ချက်ချ သတ်မှတ်လိုက်တဲ့ ​ခေါင်းစဥ်တစ်ခုက ကျွန်​တော်နားမလည်နိုင်​သော ဘာသာရပ် ဖြစ်​နေခဲ့သည်။

#Zawgyi

ေႏြ​ေက်ာင္းပိတ္ရက္သည္ ပုံမွန္လိုပင္ ထူးဆန္းမႈမရွိ၊အလုပ္တစ္ခုပိုလာသည္မွလြဲ၍​။
အဲ့တာက​ေတာ့ မာတာမိခင္ရဲ့ ​ေနာင္​ေရး​ေမၽွာ္​ေတြးတဲ့ အစီစဥ္​ေၾကာင့္ ​ေႏြရာသီအဂၤလိပ္စာ သင္တန္းတက္လိုက္ရျခင္းပင္။
   
ပုံမွန္​​ေႏြ​ေက်ာင္းပိတ္ရက္မ်ားလို ၉နာရီမွထ၍
မရ​ေတာ့။
မနက္၇နာရီသင္တန္းမီရန္ ၆နာရီခြဲ​ေလာက္ထရသည္ ။
မ်က္ႏွာသစ္ မနက္စာစားကာ အ​ေဖ​ေမာင္းတဲ့
ဆိုင္ကယ္​ေနာက္ အိပ္ငိုက္လိုက္ျခင္းသည္ ​ဒီႏွစ္​ေႏြရဲ့ေန႔စဥ္လုပ္​ေဆာင္မႈတစ္ခုျဖစ္လာရသည္။

မ်ားျပားလွ​ေသာ ရြယ္တူ​ေက်ာင္းသားမ်ား၊ အတန္းႀကီးမ်ား ၊အတန္းတစ္ခ်ိန္ၿပီးတာႏွင့္​ေနာက္အတန္းတက္ဖို႔လာၾကႏွင့္သင္တန္းအ​ေပါက္၀တြင္ ပ်ားပန္းခတ္သလို၀င္ခ်ည္ထြက္ခ်ည္ ရႈပ္​ေနတတ္သည့္ သင္တန္းသည္ ကၽြန္​ေတာ့္အတြက္စိတ္ရႈပ္စရာ တစ္ခုပင္။

မနက္၈နာရီတန္းတြင္ ​​ေပါက္စကတက္​ေနသည္တဲ့။
သူက မႏွစ္​ေႏြတည္းက တက္ဖူး​ေသာ​ေၾကာင့္ ဒီႏွစ္​​ေနာက္တစ္ဆင့္အသစ္သင္ရမည္။
ကိုယ္က​ေတာ့အခုမွ စတက္သူျဖစ္၍အ​ေျခခံကပင္
စရအုံးမည္။
မနက္​ေစာ​ေစာ မထရ​ေအာင္ ခုလက္ရွိသင္လက္စ
အ​ေျခခံစာအုပ္ျမန္ျမန္ၿပီး​ေအာင္ႀကိဳးစားရမည္ ဟု​ေတြးထားသည္ ။
ခုသင္​ေနရသည့္အ​ေျခခံ​ေတြကလည္း
ကိုယ္သိၿပီးသား​ေတြမ်ားသည္။ဒီစာအုပ္ပိုင္နိုင္ရင္ ​​ေနာက္အတန္းအျမန္ကူးလို႔ရသည္ဟုဆိုသည္။

ဒီလိုႏွင့္ပင္ ​ေႏြပထမလမွာပင္ အ​​ေျခခံစာအုပ္ၿပီး၍​ေပါက္စတို႔အတန္း​ေျပာင္းတက္ခြင့္ရသည္
​ေပါက္စ တို႔က စာ​ေတြ​ေရွ႕​ေရာက္​ေန​ေသာ္လည္း အဆင္​ေျပသည္။ ကိုယ္လည္းကိုယ့္စာကိုယ္လုပ္ သူလည္းသူ႔စာသူလုပ္ႏွင့္ အတန္းမစမီ၁၅မိနစ္​ေလာက္​ေစာလာၿပီးႏွစ္​ေယာက္သား ​ေပါက္စခိုးယူလာတဲ့Mp4​ေလးကိုနားၾကပ္တစ္ဖက္စီတပ္ရင္းCartoonကား​ေတြၾကည့္ၾက အာလူးဖုတ္ၾကနဲ႔ သာသာယာယာပင္။

​​​ေအာင္စာရင္းထြက္​ေသာ​ေန႔တြင္ အ​​ေျပးအလႊား​ေအာင္စာရင္းသြားၾကည့္စရာမလိုခဲ့​ေပမယ့္ ၊ ​ေက်ာင္းစအပ္ရမည့္​ေန႔တြင္​ေတာ့ စိတ္လႈပ္ရွားစြာသြားခဲ့ရသည္။
အတန္းခြဲ​ေၾကျငာထား​ေသာဘုတ္​ေရွ႕ အ​ေျပးလႊားသြားကာ ကိုယ့္နာမည္ကို Aတန္းတြင္ပါမပါၾကည့္မိသည္။
ဘယ္​ေလာက္ပဲ​ေသခ်ာ​ေပါက္​ေျဖနိုင္တယ္ဆို​ေစကာမူ
စိုးရိမ္မႈ​​ေတာ့ရွိသည္။

​ေနာက္မွအျခားသူ​ေတြနာမည္ရွာၾကည့္​ေတာ့ ​ေသာ္တာယံက Roll 1၊ ​ေပါက္စက ကၽြန္​ေတာ့္၃​ေယာက္​ေက်ာ္ နဲ႔ ဟိုဒန္႔သလြန္သီး​ေကာင္က ကၽြန္​ေတာ့္နာမည္အ​ေပၚ တြင္ ​ေတြ႕ရသည္။

"ငါကဘယ္လိုျဖစ္ျဖစ္ မင္းထက္​ေတာ္တာလက္ခံၿပီမလား ​​ေႏွာင္းရိပ္မာန္ "

အသံၾကားလို႔​ေနာက္လွည့္ၾကည့္မိ​ေတာ့ ကၽြန္​ေတာ့္ကိုမ်က္ခုံးတစ္ဖက္ပင့္ကာ ​ေအာင္နိုင္သူအျပဳံးျပဳံး​ေနတဲ့ ဒန္႔သလြန္သီး။

"​ဟုတ္ပါတယ္ မင္း​ေတာ္ပါတယ္"

လို႔ ကၽြန္​ေတာ္လည္း အျပဳံးတစ္ပြင့္နဲ႔​ေျဖၿပီးတာနဲ႔​ေက်ာင္းအပ္ဖို႔ထြက္လာခဲ့လိုက္တယ္။
အ​ေမက​ေျပာဖူးတယ္ ​​ေအာင္ျမင္မႈကို​ေမၽွာ္လင့္တယ္ဆို အရႈံးကိုလည္းလက္ခံတတ္ရမယ္တဲ့။

သူ႔ထက္ စာ​ေမးပြဲအမွတ္နည္းလို႔​ေတာ့မျဖစ္နိုင္။ သူကအသင္း​ေခါင္း​ေဆာင္ျဖစ္သည့္အျပင္ စာစီစာကုံး ၊ Essay အစရွိသည့္ၿပိဳင္ပြဲတို႔၀င္​ေရာက္ၿပိဳင္​ေလ့ရွိသလို တိုင္းအဆင့္ ၿမိဳ႕နယ္အဆင့္ ဆုရ​ေလ့ရွိသည္ ။
အဲ့ဒီအမွတ္​ေတြကပဲကိုယ့္ထက္သာတာျဖစ္လိမ့္မည္။

ဒီလိုႏွင့္ကၽြန္​ေတာ္၏​ေႏြရာသီကာလႀကီးၿပီးဆုံးကာ ၇တန္းႏွစ္ စသင္ႏွစ္အသစ္ စတင္ခဲ့​ေတာ့သည္။

ယခုႏွစ္တြင္ ​ေသာ္တာယံက အျခားသူ႔သူငယ္ခ်င္းႏွစ္​ေယာက္ႏွင့္ ထိုင္ျဖစ္ၿပီး ကၽြန္​ေတာ္က​​ေတာ့ အျခားတန္းမွတက္လာ​ေသာ သူမ်ားႏွင့္သာထိုင္ျဖစ္သည္။
အဲ့​ေနရာ​ေတာင္ ​ေသာ္တာယံကသူ႔​ေရွ႕ခုံဦး​ေပးထား၍ရျခင္း ၊မဟုတ္လို႔က​ေတာ့ ေနာက္ဆုံးတန္းမွာ တစ္ပင္တိုင္ကရလိမ့္မည္။

အတန္းပိုင္ဆရာမက သ​ေဘာ​ေကာင္းသလို
ေသာ္တာယံသူငယ္ခ်င္းႏွစ္​ေယာက္နဲ႔ပါခင္​ေပမယ့္
အရင္လို​ေပါက္စမရွိ၍အဆင္​ေတာ့မ​ေျပလွ။
​ေပါက္စက Private ​ေက်ာင္းသို႔ သူ႔အဘြားတိုက္တြန္းမႈျဖင့္​ေျပာင္းသြားရ​ေလၿပီ။

​ေဘးနားက အတန္းသားအသစ္​ေတြကလည္း တကယ့္ အဆိုးအ​ေပ​ေတြပင္။ စာသာ​ေတာ္တာကလြဲ အက်င့္ကတစ္စက္မွမ​ေကာင္း​ေပ။လူကို လူမထင္ဘဲဘယ္သူ႔အနိုင္က်င့္ရမလဲ​ေတြး​ေနသူမ်ားသာ ။
ကိုယ္နဲ႔ အစကတည္းက အ​ေဖာ္ညႇိမရ​ေတာ့ ကိုယ့္ကိုပါ ရန္လိုခ်င္တယ္။
​ဒါ​ေတာင္တစ္ရက္က ရန္စလာတာကို ျပန္ျဖဲထား​လို႔
ၿငိမ္​ေနၾကသည္သာ။

ခု​​ေတာ့ မုန္႔​ေစ်းတန္းသြားရင္ျဖစ္ျဖစ္ ဘယ္သြားသြားတစ္​ေယာက္တည္းသြားလာ​ေနရသည္။
အျခားသူငယ္ခ်င္း​​ေတြက​ေခၚ​ေပမယ့္လည္း လူအမ်ားနဲ႔ တ႐ုန္း႐ုန္းသြားလာရမွာမႀကိဳက္၍မသြားျဖစ္။

ေက်ာင္းမွာလည္း အတန္းႀကီး​ေတြကစ ဂိုဏ္းအုပ္စု အ​ေသးစား​ေလး​ေတြဖြဲ႕တာလိုလိုဘာလိုလို နဲ႔ သူ႔အုပ္စုနဲ႔သူ ဘာ​ေတြမွန္းမသိ ရႈပ္ယွက္ခတ္​ေနသည္။

အခုတစ္​ေလာ ထူးဆန္းတဲ့ကိစၥ​ေတြလည္း ​ေပၚလာ​​​​ေသးတယ္။
​ေယာက်္ား​ေလး​သီးသန္႔ေက်ာင္းျဖစ္သည့္ ​ေက်ာင္းတြင္ ရည္းစားထားတာမိသည္ဆို​ေတာ့ ဒီ​ေက်ာင္းကအစ္ကိုနဲ႔အျခား​ေက်ာင္းကအစ္မတစ္​ေယာက္​ လို႔ ထင္ခဲ့မိတယ္။
အမွန္ကအဲ့လိုမဟုတ္ ကိုးတန္း A ခန္းက ခပ္​ေခ်ာ​ေခ်ာ စာ​ေတာ္တယ္လို႔ နာမည္ႀကီးတဲ့အစ္ကိုနဲ႔ Cခန္းက တ႐ုတ္ကျပား​ေလး က ရည္းစား​ေတြတဲ့။
အျခား​ေက်ာင္းက အစ္မ​ေတြပါ​​​ေႂကြၾကတယ္လို႔ သတင္းထြက္တဲ့အစ္ကိုႀကီးက ​အျခားေယာက္်ား​​ေလး တစ္​ေယာက္နဲ႔ ခ်စ္သူ​ေတြတဲ့။
ကၽြန္​ေတာ္ၾကားၾကားခ်င္းအံ့ၾသသြားရသည္။ အစ္ကို ႏွစ္​ေယာက္လုံးကို​ေသခ်ာျမင္ဖူးပါသည္၊ ဘယ္သူမွ ကႏြဲ႕ကလ် ျဖစ္မ​ေနၾက။

ေက်ာင္းတြင္ အရပ္အ​​ေခၚ ​ ေျခာက္​ေနတယ္ ဆို​ေသာ အလွအပႀကိဳက္​ေသာ သူ​ေတြရွိတာ​ေတြ႕ ဖူးပါတယ္။
ထိုသူ​ေတြနဲ႔တခ်ိဳ႕အစ္ကို​ေတြအတြဲျဖစ္တာျမင္ဖူးသည္ ၊ၾကားဖူးသည္ ။
သို႔​ေသာ္ ထိုအစ္ကိုႏွစ္​ေယာက္လို ​ေယာက်္ားပီသ​​ေသာႏွစ္​ေယာက္က ခ်စ္သူ​ေတြတဲ့ ကၽြန္​ေတာ္နားမလည္ခဲ့။
ထိုအစ္ကိုႏွစ္​ေယာက္ကို​ေက်ာင္းကမိဘ​ေခၚသတိ​ေပးတာ​ေတြလုပ္တယ္လို႔ၾကားသည္ ။
သိပ္မၾကာမီ Aခန္းမွအစ္ကိုသည္​ ေက်ာင္း​ေျပာင္းသြားခဲ့သည္။

​ေက်ာင္းတြင္လည္း အဲ့ဇာတ္လမ္းမွအစျပဳကာ ႏွစ္​ေယာက္ပူးကပ္​ေနတာျမင္ရင္ စ​ၾကေနာက္ၾက နဲ႔။
တခ်ိဳ႕​ေတြကလည္း အဲ့ကိစၥ​ေတြကို ျပစ္တင္ကဲ့ရဲ့ကာ ရႈံ႔ခ်ၾကသည္။ ကၽြန္​ေတာ္က​ေတာ့ ​ေထာက္ခံတာလည္း မဟုတ္သလို ျပစ္တင္​ေဝဖန္ျခင္းလည္း မျပဳပါ။
ထိုအရာသည္ကၽြန္​ေတာ္စိတ္မ၀င္စားသလို နားမလည္​ေသာဘာသာရပ္တစ္ခု​ေပမယ့္ စူးစမ္းမေနျဖစ္ခဲ့။

တစ္​​ေယာက္တည္း​သြားလာရ၍အနည္းငယ္အထီးက်န္​ေသာ္လည္း အဆင္​​ေျပပါတယ္ အျခားသူငယ္ခ်င္း​ေတြနဲ႔ပုံမွန္ဆက္ဆံ​ေနတုန္းပါပဲ။

တစ္ခါတစ္​ေလ နယ္​ေက်ာင္းက​ေျပာင္းလာတဲ့ ကၽြန္​​ေတာ့္ငယ္သူငယ္ခ်င္း "ခန္႔ကိုနိုင္"ႏွင့္ ​စကားသြား​ေျပာ​ေနလိုက္သည္ ။
သူက အသစ္ျဖစ္၍Eခန္းသာတက္ရသည္ ။
နယ္က​ေျပာင္းလာခါစ​ ေက်ာင္းသားသစ္တစ္​ေယာက္ရဲ့ခံစားခ်က္နားလည္၍သူ႔ဆီမၾကာခဏသြားကာ သူနဲ႔မုန္႔အတူသြားစား​ေပးျဖစ္သည္။
အရင္​ေက်ာင္းကတည္းကလည္း လည္ပင္းဖက္​ေပါင္းခဲ့သူမ်ားျဖစ္၍ ​အဆင္​​​ေျပသည္။

သို႔​​ေသာ္ကၽြန္​ေတာ္တို႔သတိမထားမိခဲ့ၾက​ေသာ မ်က္လုံးမ်ားစြာရဲ့​​ေကာက္ခ်က္ခ် သတ္မွတ္လိုက္တဲ့ ​ေခါင္းစဥ္တစ္ခုက ကၽြန္​ေတာ္နားမလည္နိုင္​ေသာ ဘာသာရပ္ ျဖစ္​ေနခဲ့သည္။

Continue Reading

You'll Also Like

1.6M 128K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡
1.2M 91.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.5M 61.4K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
15.5K 554 23
ဘာေၾကာင့္ေဝးလဲ ဘာေၾကာင့္ျငင္းလဲ ငါဘာေၾကာင့္ေျပးခဲ့လဲ ဘာကြောင့်ဝေးလဲ ဘာကြောင့်ငြင်းလဲ ငါဘာကြောင့်ပြေးခဲ့လဲ Start date (Nov.2.2022) End date (Dec.30.20...