#Unicode
ခြောက်တန်းနှစ်တစ်နှစ်လုံး ကျူရှင်မှာ ဆောင်းဒီခေတ်ကို စနောက်ရင်း ပျော်ရွှင်စရာတစ်ခုရှာမိသလို
သူ့အစ်မကို စ တာမကြိုက်သော သူ့ကို မ စ ဖို့တွေးထားပေမယ့် သူရဲ့ဒေါပွကာ ကတ်ကတ်လန်ရန်ပြန်တွေ့ပုံကို မြင်ရသည်ကို သဘောကျ၍တမင်တကာ မကြာခဏ ရန်စမိသည်အထိ။
အခုနောက်ပိုင်း ကျွန်တော်သူ့အစ်မကို သဘောကျတယ်ပြောတိုင်း သူပြောတဲ့စကားတစ်ခွန်းရှိသေးတယ်။
"မင်းလိုကောင်နဲ့ငါ့အစ်မ ဘယ်တော့မှသဘောမတူဘူးတဲ့"
အဲ့လိုပြောတိုင်းလည်း မျက်နှာကြီးတစ်ခုလုံးနီပြီး ကျွန်တော့်ကို ဆွဲထိုးတော့မတတ် စိတ်ဆိုးတတ်သည်။
သူ့အစ်မ ခြူးဟေမန်က တကယ် လှသည်။
သို့ပေမယ့် ကျွန်တော်တို့အရွယ်က ဘာခံစားတတ်မှာမို့လဲ။ မင်းသမီးလေးလိုလှတယ် ချောတယ် ဒီလောက်ပဲခံစားတတ်သည်။
ဒါပေမယ့် အဲ့အစ်မကို အူတိုလွန်းတဲ့ ဆောင်းဒီခေတ်ကို စိတ်တိုစေချင်လို့ကို တမင်စနောက်နေမိခြင်း။
ကျွန်တော်ထိုသို့စနောက်တတ်၍သူကလည်းကျွန်တော့်ဆိုအမြင်မကြည်။
လပတ်ဖြေတိုင်းလည်း ဘယ်သူအဆင့်ကျသွားမလဲ စိတ်ယုတ်လေးတွေနဲ့ နှစ်ယောက်သားအလောင်းအစားတောင်လုပ်ပြီး ပြိုင်ခဲ့ကြသေးသည်။
ကျွန်တော်တို့နှစ်ယောက်လုံးအမြဲ အနိုင်အရှုံးမပေါ်ပေ။
ဥာဏ်ကောင်းသောသူက ကျွန်တော်လောက် စာမလုပ်ပေမယ့် အေးဆေးဖြေနိုင်သည်။
"မင်းသိလား နှောင်းရိပ်မာန် ငါက ဥာဏ်ကောင်းရုံမကဘူးလက်ရေးကလဲလှတယ်ကွ ဆရာမတွေကကိုချီးကျူးကြတာ ငါကမင်းသနားလို့ လက်ရေးမပြိုင်တာ ငါက မတရား မလုပ်ချင်လို့......ဟား....."
ကျွန်တော်ရဲ့ လက်ရေးစုတ်ချာသည်ကို သူကကောင်းကောင်းလှောင်ပြောင်နေကြပင်။
အဲ့ချိန်ကစ ကျွန်တော်လက်ရေးလှဖို့အစွမ်းကုန်ကြိုးစားသည်။ ဆရာမကလည်း လေးကြောင်းမျဥ်းသုံးခိုင်း
သူငယ်ချင်းတွေကပါ မှင်အရောင်ရင့်တာတွေမသုံးနဲ့ဆိုပြီး ဘောပင် အသစ်တွေ၀ယ်ပေးကြနဲ့ ကူညီကြသည်။
"မင်းကို ငါနိုင်ရမယ် ဆောင်းဒီခေတ်"
လို့ကြုံး၀ါးရင်းကြိုးစားခဲ့ရာ ခြောက်တန်းနှစ်ကုန်ခါနီးတွင် ကျွန်တော့်လက်ရေးအတော်ပင်လှလာခဲ့သည်။
ဒီဇင်ဘာလ နောက်ဆုံးလပတ်တွင် မြန်မာစာဆရာမကိုယ်တိုင်ကပင်
"သား နှောင်းရိပ်မာန် လက်ရေးတွေလှလာတယ်။ ဆက်ပြီးဒီလိုလေးပဲရေးနော်။
နောက်ဆို စာစီစာကုံးတွေ၀င်ပြိုင်လို့ရတယ် သားက လက်ရေးပဲလိုတာ အရေးသားကောင်းတယ်"
လို့ ပြောလာခဲ့သည်။
အတန်းထဲမှာ ချီးကျူးနေတာဖြစ်၍ထိုငနဲလည်းကြားမှာသေချာပင်။
ကျွန်တော်ခုံမှာပြန်၀င်ထိုင်ပြီး သူဘက်လှည့်ကာ မျက်နှာချီပြီး မာန်ပါပါပြုံးပြလိုက်သည်။
"မြင်ပြီလား ငါတော်တယ်မလား"ဆိုတဲ့အထာနဲ့ပေါ့။
ထိုအခါ အဲ့ဒန့်သလွန်သီးက ကျွန်တော့်မျက်နှာကြည့်ပြီး နှာခေါင်းရှုံ့ ကာတစ်ဖက်လှည့်သွားပါသည်။
ကလေးဆန်လိုက်တာလို့ တွေးရင်း ခေါင်းအသာရမ်းပြီး ရှေ့သာပြန်လှည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ့ကျေးဇူးပါတယ် မဟုတ်လား။ သူ့ကြောင့်သာ မခံချင်ဖြစ်ပြီး ကြိုးစားပြင်ခဲ့တာပေမို့။
ကျောင်းလည်းပိတ်ခါနီးလာသလို သူ့အစ်မကလည်း နောက်နှစ်ကိုးတန်း Private ကျောင်းတက်ဖို့ ကျောင်း၀င်ခွင့်ပြင်ဆင်နေရသည်မို့ လာမကြိုဖြစ်တော့ ။
ကျွန်တော်လည်း အရင်လိုမစနောက်ဖြစ်သည့်အပြင် စနေတနင်္ဂနွေ ကျူရှင်ပါ ပိတ်သွားသည့်အတွက်
ကျွန်တော်တို့တွေ စကားမပြောဖြစ်ကြ ။
သူနဲ့က အရင်ကတည်းက သိပ်မရင်းနှီးခဲ့ကြသူတွေဖြစ်တာမို့ ကျောင်းတွင်လည်း ပြောစရာမရှိခဲ့ပေ။
သူကအတန်းအလယ်roll နောက်ဆုံးခုံမှာထိုင်ပြီး ကျွန်တော်က ဆရာမစားပွဲနားရှေ့ဆုံးခုံမှာထိုင်သည့်အတွက် တစ်ယောက်နဲ့တစ်ယောက် သိပ်အဆက်စပ်မရှိကြ။
ကျွန်တော့်ဘေးမှာထိုင်တဲ့ သူငယ်ချင်း အတန်းခေါင်းဆောင်နဲ့ကတော့ ငယ်သူချင်းတွေဆိုပဲ။
ကျွန်တော့်သူငယ်ချင်းဆိုမှ ပြောရအုံးမယ်။
ကျွန်တော် ကျောင်းစတက်တက်ချင်းစိတ်ညစ်စရာတွေကြုံနေရပေမဲ့ သူငယ်ချင်းကောင်းတွေရလို့တော်သေးတယ်ပြောရမယ်။
သူ့နာမည်က သော်တာယံ
အတန်းခေါင်းဆောင် ၊စာတော်တယ်၊ ဆရာမတွေအချစ်တော် ၊အေးဆေးတည်ငြိမ်တယ်၊ စကားကိုလိုအပ်မှပြောတယ်။
ဒါပေမယ့် ကျွန်တော့်ကို ဆရာလည်းလုပ်တတ်သေးတယ်။
အစကဆရာကြီးအထာမို့အမြင်ကတ်ပေမယ့် နောက်တော့ ကိုယ့်ကိုတကယ်ခင်ကာ ကိုယ်ကောင်းဖို့ကိုကြိုးစားပေးမှန်းသိလာရတယ်။
နောက်တစ်ယောက်ကတော့ ပေါက်စ
လူကောင်က ကျွန်တော့်ထက်သေးလို့ အဲ့နာမည်ပေးထားတာ (နာမည်အရင်းက ထွန်းတောက်ကြယ် )
အဲ့ကောင်က ကျွန်တော့်အပေါ်အနွံတာအခံဆုံး။
ကျွန်တော့် စိတ်ဆင်းရဲမှုတွေကို ဝေမျှခံစားပေးတဲ့ကောင် ။
သူ့အဖွားကဒီကျောင်းရဲ့ကျောင်းအုပ်ဟောင်းတဲ့။
သူကတော့ စာဆိုလုံး၀မထိချင်ပေမယ့်
ဆရာမတွေ သူ့အဘွားပြန်တိုင်မှာကြောက်လို့တဲ့လေ။
သူနဲ့က ကျူရှင်မှာခင်တာ နောက်တော့ ဆရာမက ကျောင်းမှာပါ ကျွန်တော့်နောက်ခုံသူ့ရွှေ့ထားပေးတာ။
သွားအတူစားအတူပေါ့။
အခြားခင်ရတဲ့သူတွေလည်းရှိတယ်။
အတန်းကကျွန်တော့်ကိုနာမည်ပြောင်တောင်ပေးထားတာရှိတယ်။
"အာကျယ်ကောင်"တဲ့
အတန်းassembly စီတဲ့နေ့ဆို လူစုဖို့ ကျွန်တော်ကဆော်သြရတာမို့လေ။
စိတ်ညစ်စရာတွေနဲ့ အစပြုခဲ့ပေမယ့် ပျော်ရွှင်စရာအမှတ်တရတွေပိုင်ဆိုင်ခွင့်ရခဲ့သည်။
ဒီလိုနှင့်ပင် ကျွန်တော်ရဲ့ ကျောင်းသစ်ကြီးတွင် တစ်နှစ်တာပြီးဆုံးခဲ့သည်။ လပတ်အမှတ်တွေအရ နောက်နှစ် လည်းဒီသူငယ်ချင်းတွေနဲ့ပြန်ဆုံရမှာသေချာပါတယ်။
#Zawgyi
ေျခာက္တန္းႏွစ္တစ္ႏွစ္လုံး က်ဴရွင္မွာ ေဆာင္းဒီေခတ္ကို စေနာက္ရင္း ေပ်ာ္ရႊင္စရာတစ္ခုရွာမိသလို
သူ႔အစ္မကို စ တာမႀကိဳက္ေသာ သူ႔ကို မ စ ဖို႔ေတြးထားေပမယ့္ သူရဲ့ေဒါပြကာ ကတ္ကတ္လန္ရန္ျပန္ေတြ႕ပုံကို ျမင္ရသည္ကို သေဘာက်၍တမင္တကာ မၾကာခဏ ရန္စမိသည္အထိ။
အခုေနာက္ပိုင္း ကၽြန္ေတာ္သူ႔အစ္မကို သေဘာက်တယ္ေျပာတိုင္း သူေျပာတဲ့စကားတစ္ခြန္းရွိေသးတယ္။
"မင္းလိုေကာင္နဲ႔ငါ့အစ္မ ဘယ္ေတာ့မွသေဘာမတူဘူးတဲ့"
အဲ့လိုေျပာတိုင္းလည္း မ်က္ႏွာႀကီးတစ္ခုလုံးနီၿပီး ကၽြန္ေတာ့္ကို ဆြဲထိုးေတာ့မတတ္ စိတ္ဆိုးတတ္သည္။
သူ႔အစ္မ ျခဴးေဟမန္က တကယ္ လွသည္။
သို႔ေပမယ့္ ကၽြန္ေတာ္တို႔အရြယ္က ဘာခံစားတတ္မွာမို႔လဲ။ မင္းသမီးေလးလိုလွတယ္ ေခ်ာတယ္ ဒီေလာက္ပဲခံစားတတ္သည္။
ဒါေပမယ့္ အဲ့အစ္မကို အူတိုလြန္းတဲ့ ေဆာင္းဒီေခတ္ကို စိတ္တိုေစခ်င္လို႔ကို တမင္စေနာက္ေနမိျခင္း။
ကၽြန္ေတာ္ထိုသို႔စေနာက္တတ္၍သူကလည္းကၽြန္ေတာ့္ဆိုအျမင္မၾကည္။
လပတ္ေျဖတိုင္းလည္း ဘယ္သူအဆင့္က်သြားမလဲ စိတ္ယုတ္ေလးေတြနဲ႔ ႏွစ္ေယာက္သားအေလာင္းအစားေတာင္လုပ္ၿပီး ၿပိဳင္ခဲ့ၾကေသးသည္။
ကၽြန္ေတာ္တို႔ႏွစ္ေယာက္လုံးအျမဲ အနိုင္အရႈံးမေပၚေပ။
ဥာဏ္ေကာင္းေသာသူက ကၽြန္ေတာ္ေလာက္ စာမလုပ္ေပမယ့္ ေအးေဆးေျဖနိုင္သည္။
"မင္းသိလား ေႏွာင္းရိပ္မာန္ ငါက ဥာဏ္ေကာင္း႐ုံမကဘူးလက္ေရးကလဲလွတယ္ကြ ဆရာမေတြကကိုခ်ီးက်ဴးၾကတာ ငါကမင္းသနားလို႔ လက္ေရးမၿပိဳင္တာ ငါက မတရား မလုပ္ခ်င္လို႔......ဟား....."
ကၽြန္ေတာ္ရဲ့ လက္ေရးစုတ္ခ်ာသည္ကို သူကေကာင္းေကာင္းေလွာင္ေျပာင္ေနၾကပင္။
အဲ့ခ်ိန္ကစ ကၽြန္ေတာ္လက္ေရးလွဖို႔အစြမ္းကုန္ႀကိဳးစားသည္။ ဆရာမကလည္း ေလးေၾကာင္းမ်ဥ္းသုံးခိုင္း
သူငယ္ခ်င္းေတြကပါ မွင္အေရာင္ရင့္တာေတြမသုံးနဲ႔ဆိုၿပီး ေဘာပင္ အသစ္ေတြ၀ယ္ေပးၾကနဲ႔ ကူညီၾကသည္။
"မင္းကို ငါနိုင္ရမယ္ ေဆာင္းဒီေခတ္"
လို႔ၾကဳံး၀ါးရင္းႀကိဳးစားခဲ့ရာ ေျခာက္တန္းႏွစ္ကုန္ခါနီးတြင္ ကၽြန္ေတာ့္လက္ေရးအေတာ္ပင္လွလာခဲ့သည္။
ဒီဇင္ဘာလ ေနာက္ဆုံးလပတ္တြင္ ျမန္မာစာဆရာမကိုယ္တိုင္ကပင္
"သား ေႏွာင္းရိပ္မာန္ လက္ေရးေတြလွလာတယ္။ ဆက္ၿပီးဒီလိုေလးပဲေရးေနာ္။
ေနာက္ဆို စာစီစာကုံးေတြ၀င္ၿပိဳင္လို႔ရတယ္ သားက လက္ေရးပဲလိုတာ အေရးသားေကာင္းတယ္"
လို႔ ေျပာလာခဲ့သည္။
အတန္းထဲမွာ ခ်ီးက်ဴးေနတာျဖစ္၍ထိုငနဲလည္းၾကားမွာေသခ်ာပင္။
ကၽြန္ေတာ္ခုံမွာျပန္၀င္ထိုင္ၿပီး သူဘက္လွည့္ကာ မ်က္ႏွာခ်ီၿပီး မာန္ပါပါျပဳံးျပလိုက္သည္။
"ျမင္ၿပီလား ငါေတာ္တယ္မလား"ဆိုတဲ့အထာနဲ႔ေပါ့။
ထိုအခါ အဲ့ဒန္႔သလြန္သီးက ကၽြန္ေတာ့္မ်က္ႏွာၾကည့္ၿပီး ႏွာေခါင္းရႈံ႔ ကာတစ္ဖက္လွည့္သြားပါသည္။
ကေလးဆန္လိုက္တာလို႔ ေတြးရင္း ေခါင္းအသာရမ္းၿပီး ေရွ႕သာျပန္လွည့္လိုက္သည္။
ဘာပဲျဖစ္ျဖစ္ သူ႔ေက်းဇူးပါတယ္ မဟုတ္လား။ သူ႔ေၾကာင့္သာ မခံခ်င္ျဖစ္ၿပီး ႀကိဳးစားျပင္ခဲ့တာေပမို႔။
ေက်ာင္းလည္းပိတ္ခါနီးလာသလို သူ႔အစ္မကလည္း ေနာက္ႏွစ္ကိုးတန္း Private ေက်ာင္းတက္ဖို႔ ေက်ာင္း၀င္ခြင့္ျပင္ဆင္ေနရသည္မို႔ လာမႀကိဳျဖစ္ေတာ့ ။
ကၽြန္ေတာ္လည္း အရင္လိုမစေနာက္ျဖစ္သည့္အျပင္ စေနတနဂၤေႏြ က်ဴရွင္ပါ ပိတ္သြားသည့္အတြက္
ကၽြန္ေတာ္တို႔ေတြ စကားမေျပာျဖစ္ၾက ။
သူနဲ႔က အရင္ကတည္းက သိပ္မရင္းႏွီးခဲ့ၾကသူေတြျဖစ္တာမို႔ ေက်ာင္းတြင္လည္း ေျပာစရာမရွိခဲ့ေပ။
သူကအတန္းအလယ္roll ေနာက္ဆုံးခုံမွာထိုင္ၿပီး ကၽြန္ေတာ္က ဆရာမစားပြဲနားေရွ႕ဆုံးခုံမွာထိုင္သည့္အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္အဆက္စပ္မရွိၾက။
ကၽြန္ေတာ့္ေဘးမွာထိုင္တဲ့ သူငယ္ခ်င္း အတန္းေခါင္းေဆာင္နဲ႔ကေတာ့ ငယ္သူခ်င္းေတြဆိုပဲ။
ကၽြန္ေတာ့္သူငယ္ခ်င္းဆိုမွ ေျပာရအုံးမယ္။
ကၽြန္ေတာ္ ေက်ာင္းစတက္တက္ခ်င္းစိတ္ညစ္စရာေတြၾကဳံေနရေပမဲ့ သူငယ္ခ်င္းေကာင္းေတြရလို႔ေတာ္ေသးတယ္ေျပာရမယ္။
သူ႔နာမည္က ေသာ္တာယံ
အတန္းေခါင္းေဆာင္ ၊စာေတာ္တယ္၊ ဆရာမေတြအခ်စ္ေတာ္ ၊ေအးေဆးတည္ၿငိမ္တယ္၊ စကားကိုလိုအပ္မွေျပာတယ္။
ဒါေပမယ့္ ကၽြန္ေတာ့္ကို ဆရာလည္းလုပ္တတ္ေသးတယ္။
အစကဆရာႀကီးအထာမို႔အျမင္ကတ္ေပမယ့္ ေနာက္ေတာ့ ကိုယ့္ကိုတကယ္ခင္ကာ ကိုယ္ေကာင္းဖို႔ကိုႀကိဳးစားေပးမွန္းသိလာရတယ္။
ေနာက္တစ္ေယာက္ကေတာ့ ေပါက္စ
လူေကာင္က ကၽြန္ေတာ့္ထက္ေသးလို႔ အဲ့နာမည္ေပးထားတာ (နာမည္အရင္းက ထြန္းေတာက္ၾကယ္ )
အဲ့ေကာင္က ကၽြန္ေတာ့္အေပၚအႏြံတာအခံဆုံး။
ကၽြန္ေတာ့္ စိတ္ဆင္းရဲမႈေတြကို ေဝမၽွခံစားေပးတဲ့ေကာင္ ။
သူ႔အဖြားကဒီေက်ာင္းရဲ့ေက်ာင္းအုပ္ေဟာင္းတဲ့။
သူကေတာ့ စာဆိုလုံး၀မထိခ်င္ေပမယ့္
ဆရာမေတြ သူ႔အဘြားျပန္တိုင္မွာေၾကာက္လို႔တဲ့ေလ။
သူနဲ႔က က်ဴရွင္မွာခင္တာ ေနာက္ေတာ့ ဆရာမက ေက်ာင္းမွာပါ ကၽြန္ေတာ့္ေနာက္ခုံသူ႔ေရႊ႕ထားေပးတာ။
သြားအတူစားအတူေပါ့။
အျခားခင္ရတဲ့သူေတြလည္းရွိတယ္။
အတန္းကကၽြန္ေတာ့္ကိုနာမည္ေျပာင္ေတာင္ေပးထားတာရွိတယ္။
"အာက်ယ္ေကာင္"တဲ့
အတန္းassembly စီတဲ့ေန႔ဆို လူစုဖို႔ ကၽြန္ေတာ္ကေဆာ္ၾသရတာမို႔ေလ။
စိတ္ညစ္စရာေတြနဲ႔ အစျပဳခဲ့ေပမယ့္ ေပ်ာ္ရႊင္စရာအမွတ္တရေတြပိုင္ဆိုင္ခြင့္ရခဲ့သည္။
ဒီလိုႏွင့္ပင္ ကၽြန္ေတာ္ရဲ့ ေက်ာင္းသစ္ႀကီးတြင္ တစ္ႏွစ္တာၿပီးဆုံးခဲ့သည္။ လပတ္အမွတ္ေတြအရ ေနာက္ႏွစ္ လည္းဒီသူငယ္ခ်င္းေတြနဲ႔ျပန္ဆုံရမွာေသခ်ာပါတယ္။