(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ်...

By Wine-Y

1.9M 267K 24.9K

I'm not own this novel . I credit to the original author and Eng translator who allow me to translate this no... More

အခန်း(၁) ဒီအခန်းထဲကို ဝင်လာဖို့ မင်းမှာ ဘာအခွင့်ရှိလို့လဲ။
အခန်း(၂) မင်းကတကယ်ကို စိတ်တိုစရာကောင်းတယ်။
အခန်း(၃) မင်းကို မယုံဘူးလို့ ငါမပြောခဲ့ဘူးလား။
အခန်း(၄) သူတကယ်ပဲ ပြန်လာပြီလား။
အခန်း(၅) ကွာရှင်းစာချုပ်
အခန်း(၆) ငါ့ရဲ့ သည်းခံနိုင်မှုအတိုင်းအတာကို မစမ်းသင့်ဘူး။
အခန်း(၇) သူက မင်းရဲ့ကြင်နာမှုနဲ့ထိုက်တန်တဲ့သူပဲ ။
Black Lotus (ဒီဝတ္ထုလေးထဲက ချစ်တတ်သူတွေ အကြောင်း)
အခန်း(၈)နဖူးကဒဏ်ရာ
အခန်း(၉) ဒါ ဖက်လိုက်တာလား။
အခန်း(၁၀) ချန်းလုံအမ်းနဲ့ ထပ်မံတွေ့ဆုံခြင်း
အခန်း(၁၁) အကုန်လုံးက ငါ့အပိုင်ပဲ
အခန်း(၁၂) သူထပ်ပြီး ဂရုမစိုက်ပြန်ဘူး။
အခန်း(၁၃) ဂီတပွဲတွင်တွေ့ဆုံခြင်း
အခန်း(၁၄) အရင်က လှည့်စားမှုများအကြောင်း
အခန်း(၁၅) မင်းက တကယ်ကို ရွံစရာကောင်းတယ်
အခန်း(၁၆) ငါ့ကို မရှက်ပါနဲ့
အခန်း(၁၇) စိတ်မဆိုးပါဘူး။ကျေးဇူးပဲ
အခန်း(၁၈) မင်း ငါ့ကိုကြောက်နေတာလား။
အခန်း(၁၉) အစာအိမ်ရောဂါ
အခန်း(၂၀) ဒဏ်ရာကိုကာကွယ်ဖို့
အခန်း(၂၁) ဖွဖွလေး ပွတ်ပေးမယ်
အခန်း(၂၂) ငါ အရမ်းနာကျင်တယ်။
အခန်း(၂၃) သားကောင်းတစ်ယောက်
အခန်း(၂၄) ကွာရှင်းတော့မယ့် ဆက်ဆံရေး
အခန်း(၂၅) ငါ့ကိုချစ်တဲ့ တစ်ယောက်သော သူအတွက်
အခန်း(၂၆) သဘောကောင်းတဲ့ ငါ့အကို
အခန်း(၂၇) သူပြုံးပျော်နေတာပဲ မြင်ချင်တယ်
အခန်း(၂၈) အပေါ်မှာဘယ်သူလဲ။
အခန်း(၂၉) မင်းနဲ့ မတန်ဘူး
အခန်း(၃၀) ထျန်ရှုံး၏အဖြူရောင်ဝတ်စုံနှင့်ကောင်လေး
အခန်း(၃၁) မင်းပြောတာ ဒီအတွက်လား
အခန်း(၃၂) မင်းမှတ်မိသေးတာပဲ
အခန်း(၃၃) ပျက်စီးအောင် မလုပ်လိုက်ပါနဲ့
အခန်း(၃၄) ကျွန်တော့်ကို နောက်တစ်ခါလောက် ဖက်ထားစေချင်တယ်
အခန်း(၃၅) ချန်းလုံအန်းက အပေါ်ထပ်မှာ နေနေတယ်
အခန်း(၃၆) မီးလင်းနေတဲ့ အခန်းငယ်လေး
အပိုင်း(၃၇) မွေးနေ့ပွဲ စတင်ခြင်း
အခန်း(၃၈) ဧည့်ခံပွဲ၏ ဂီတအဖွဲ့
အခန်း(၃၉) ဒီသံစဉ်ဘယ်ကရတာလဲ
အခန်း(၄၀) ဧည့်ခန်ပွဲ၏ အပေးအယူ
အခန်း(၄၁) အစာအိမ် သွေးယိုခြင်း
အခန်း(၄၂) ဗီဒီယို ပျံ့နှံ့သွားခြင်း
အခန်း(၄၃) ကုယျန်ရှန်းနဲ့ မတန်ဘူး
အခန်း(၄၄) ပြင်းထန်သော စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု၏ နောက်ကြောင်း
အခန်း(၄၅) သေသေရှင်ရှင် သူ့ကိုဘယ်သူက ဂရုစိုက်မှာလဲ
အခန်း(၄၆) ငါ ဆေးရုံကဆင်းတော့မယ်
အခန်း(၄၇) သူ ပြန်လာပြီလား
အခန်း(၄၈)
အခန်း(၄၉) သူက သခင်လေးကို အရမ်းချစ်တာပါ
အခန်း(၅၀) နက်ရှိုင်းတဲ့ခံစားချက်နဲ့လား
အခန်း(၅၁) ငါ ပြန်လာပြီ
အခန်း(၅၂) ထင်ထင်ရှားရှားပြလာသည့် ဓာတ်ပုံများ
အခန်း(၅၃) ငါက ဘာလို့ တောင်းပန်ရမှာလဲ
အခန်း(၅၄) ကုယျန်ရှန်း ... ငါ မင်းကို မုန်းတယ်
အခန်း(၅၅) မင်းမချီဘူးလား။ ငါက ချီရမှာလား။
အခန်း(၅၆) ငါ မင်းကိုကယ်မယ်
အခန်း(၅၇) သူ့ယောက်ျားနဲ့အတူ အိမ်မှာနေနေတယ်
အခန်း(၅၈) သူ့ကို ဝမ်နျဲ့နန်အနား ထပ်မလာပါစေနဲ့
အခန်း(၅၉) မင်းငါ့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား
အခန်း(၆၀) တင်းမာသောဆက်ဆံရေး
အခန်း(၆၁) မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်း
ရှေ့ဆက်လာမည့် ဇာတ်လမ်းနှင့်ပတ်သတ်သမျှ
အခန်း(၆၂) ရည်ရွယ်ချက်ရှိရှိ ဖန်းတီးထားသော အစီအစဉ်
အခန်း(၆၃) နောက်ဆုံးတော့ သူပြန်နိုးလာခဲ့ပြီ။
အခန်း(၆၄) ကျွန်တော် ကွာရှင်းချင်တယ်
အပိုင်း(၆၅) နျဲ့နျန်ကို စွပ်ပြုတ်သွားတိုက်လိုက်
အခန်း(၆၆) ကျွန်တော်က သူ့နဲ့နေရမယ်?
အခန်း(၆၇)ဝမ်နျဲ့နျန် မင်းဖျားနေပြန်ပြီ ဟုတ်တယ်မလား။
အခန်း(၆၈) နျဲ့နျန် .... နာနေမှာပေါ့
အခန်း(၆၉) အကယ်၍မင်းကွာရှင်ပြီးရင် ငါအခွင့်အရေးရနိုင်မလား
အခန်း(၇၀) လူယုတ်မာကြီး ဆိုတော့ မင်းက လူယုတ်မာလေးလား။
အခန်း(၇၁) သာမန်ခင်ပွန်းအဖြစ်။
အခန်း(၇၂) သတိလစ်မေ့မျောခြင်းမတိုင်ခင်က အတိတ်နေ့
အခန်း(၇၂) မှ ဆက်၍ ကြွေသော
အခန်း(၇၃) သူ့အပေါ်ဂရုစိုက်မှုတွေ ရှိနေပြီ
အခန်း(၇၄)နျဲ့နျန်ရဲ့ လစ်လျူရှူမှုကိုခံနေရတာလား။
အခန်း(၇၅)ရွံ့တွေပေသွားတော့ ဘယ်လိုခံစားရလဲ။
အခန်း(၇၆) စလိုက်မီးရောင်အောက်က စန္ဒရားတီးနေသော ကောင်လေး
အခန်း(၇၇) အဖြူရောင်လက်အိတ်အောက်က ဒဏ်ရာ
အခန်း(၇၈)ပြင်းရှသော ရှာလကာရည် အရသာ
နေခြည်ဖြာလို့ နွေးမယ့်နေ့ဆီ
အခန်း(၇၉)မင်းက ငါ့ကိုကိုက်ရဲတယ်ပေါ့
အပိုင်း(၇၉)မင်းကငါ့ကို ကိုက်ရဲတယ်ပေါ့
အခန်း(၈၀) လက်တွဲပြီးလမ်းဖြတ်ရအောင် နော်
အခန်း(၈၁) ကုယျန်ရှန်းက စိတ်မလုံမလဲဖြစ်နေတဲ့ တစ်ယောက်တည်းသောသူပဲ
အခန်း(၈၂) ပျက်စီးခြင်း၏သက်သေ
အခန်း(၈၃) မင်းကိုယ်မင်း ငါမှားနေတယ်ဆိုပြီး တွေးကြည့်ဖူးလား။
အခန်း(၈၄) ဘာလို့ မစ္စတာဝမ်ကို ထွက်သွားခွင့်မပေးတာလဲ
အခန်း(၈၅) မင်းတို့သာ တွန်းအားမပေးခဲ့ရင် ငါအခုလိုရူးသွားမှာ မဟုတ်ဘူး။
အခန်း(၈၆) ခံစားချက်တို့ မပါ၀င်သော လက်ထပ်လက်စွပ်
အခန်း(၈၇) ကုယျန်ရှန်း မင်း သဝန်တိုနေတာလား။
အခန်း(၈၈) လက်ဝယ်ပိုင်ဆိုင်မိသော ကောင်းမွန်သည့် ခံစားမှု
အခန်း(၈၉) ငါတို့သာ မဆုံဖြစ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
အခန်း(၉၀) ငါ့ကိုမကြောက်ပါနဲ့ ... ငါမင်းကို ကာကွယ်ပေးမှာပါ။
လက်မလွှတ်ခင်လေး ... တစ်ခန
အခန်း(၉၁) 'ထာဝရ' လို့အမည်တွင်တဲ့ လက်ထပ်လက်စွပ်က အတုဖြစ်နေတယ်။
မပျောက်ကွယ်ခင်လေး တဒင်္ဂ
အခန်း(၉၂) ဝမ်နျဲ့နျန် နဲ့ ကျွန်တော်... တစ်ယောက်ကိုရွေး။
အခန်း(၉၃) ချန်းလုံအန်းကို သူတကယ်ခေါ်လာတယ်
အခန်း(၉၄) မေ့လို့မရခဲ့သော အဖြူရောင်နောက်ကျော
အပိုင်း(၉၅) မင်းသေသွားတာနဲ့ ..မင်းလွတ်လပ်ပြီ။
အခန်း(၉၆) သူ့၏လက်ထဲက သွေးစွန်းနေသော လက်စွပ်
Are u Wait? NoNoNo ... Don't wait
အခန်း(၉၇)သူ သေသေရှင်ရှင် ငါ ဂရုမစိုက်ဘူး။
အခန်း(၉၈) သွေးစွန်းသွားသော အဖြူရောင်ဝတ်စုံက အနီအဖြစ်သို့ပြောင်းခဲ့ပြီ။
အခန်း(၉၉) အသက်ရှင်ရတာ .... နာကျင်တယ်
အခန်း(၁၀၀) မင်းမှာ ... ခံစားချက်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး ကုယျန်ရှန်း...
အခန်း(၁၀၁) ငါ သူ့ကိုမုန်းတယ်... အဲ့ဒါသူငါ့ကိုတင်နေတဲ့အကြွေးပဲ
အခန်း(၁၀၂)စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတယ်?
အခန်း(၁၀၃) အရူး .... ဘာလို့ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ထပ်လုပ်တာလဲ။
အခန်း(၁၀၄) ဒီတစ်ကြိမ်တော့ ငါမင်းကိုကာကွယ်ဖို့ အနားမှာရှိနေမယ်..
အခန်း(၁၀၅) ဒေါက်တာလီရဲ့ ကုသမှုက အကျိုးသက်ရောက်မှု ရှိတယ်။
အခန်း(၁၀၆) သူကအရင်ကနဲ့ ဘယ်လိုမှ မတူတော့ဘူး။
အခန်း(၁၀၈) မင်းမိန်းမက တခြားယောက်ျားနောက် လိုက်သွားလို့လား...
အခန်း(၁၀၉) လက်ခံဖို့ရန် ခဲယဉ်းသော ခါးသက်လွန်းသည့် အမှန်တရား
အခန်း(၁၁၀) ငါ ဘယ်သူ့ကိုပဲ ဖျားယောင်းသွေးဆောင်ပါစေ မင်းနဲ့ မဆိုင်ဘူး။
အခန်း(၁၁၁) ကြီးကျယ်မြင့်မြတ်တဲ့ ကုယျန်ရှန်းက အစိမ်းရောင်ဦးထုပ်ကြီး ဆောင်းထားတယ်
အခန်း(၁၁၂)ကြာမြင့်နေပြီဖြစ်တဲ့ ကွာရှင်းခြင်းကို ဘယ်လိုရှင်းလင်းမှာလဲ။
အခန်း(၁၁၃) စန္ဒရားတီးတာကို လက်မလျော့လိုက်ပါနဲ့...
အခန်း(၁၁၄) ချန်းလုံအန်းက သူ့ကိုယ်သူ WE'လို့ပြောလာတယ်။
အခန်း(၁၁၅) နောက်ယောင်ခံလိုက်နေသော ကုယျန်ရှန်းအားဖမ်းမိခြင်း။
အခန်း(၁၁၆) WE' ကို live လွှင့်စေချင်တယ်
အခန်း(၁၁၇) မင်း.... မင်းက WE လား နျဲ့နျန် ?!
အခန်း(၁၁၈) မင်း ငါ့ကို အမြဲတမ်း လိမ်ခဲ့တာလား။
အခန်း(၁၁၉) မင်းပျောက်သွားတဲ့ အဲ့ဒီသုံးရက်မှာ ဘာတွေလုပ်ခဲ့တာလဲ။
အခန်း(၁၂၀)အထက်တန်းကျောင်းတုန်းက သီချင်းကို ဘယ်သူက ပိုင်ဆိုင်သလဲ။
အခန်း(၁၂၁) ထျန်ရှုံးနှင့်နျဲ့နျန်၏ ဂီတဖျော်ဖြေပွဲ
အခန်း(၁၂၂) ပျောက်ဆုံးခဲ့သော ဂီတနုတ်ပုံလည်ဆွဲ
အခန်း(၁၂၃) နျဲ့နျန် မင်းရဲ့အမူအရာက အရမ်းချစ်ဖို့ကောင်းတယ်
အခန်း(၁၂၄) တိုက်ရိုက်ထုတ်လွှင့်မှုက ဆင်တူသော့ချိတ်များ
အခန်း(၁၂၅) အိမ်တွင် တိုက်ခိုက်ခံရသော ညတစ်ည
အခန်း(၁၂၆) ငါ တောင်းပန်ပါတယ် ....
အခန်း(၁၂၇) ထျန်ရှုံးက မင်းထက်အဆတစ်ရာ ပိုကောင်းတယ်
အခန်း(၁၂၈) ကွာရှင်းခဲ့တာကို မင်းနောင်တရနေပြီဆိုတာ သေချာသွားပြီ။
အခန်း(၁၂၉) ငါက လူညစ်တစ်ယောက်လို ကစားတာကို မင်းကြိုက်တာလား။
အခန်း(၁၃၀) မင်းသေသွားရင် ... ငါ ခွင့်လွှတ်မယ်
အခန်း(၁၃၁) ငါ နားလည်ပါပြီ...ဒါကြောင့် ငါ့ကို ဆေးထည့်ပေးပါနော်။
အခန်း(၁၃၂) မင်းက ငါ့ကိုရွံမုန်းရအောင် လုပ်တယ်
အခန်း(၁၃၃) မင်းက ဘယ်သူလဲ။ သူ့မိသားစုဝင်လား။
အခန်း(၁၃၄) ထျန်ရှုံးက မင်းသူ့ဆီပြန်လာမှာကို စောင့်နေတယ်
အခန်း(၁၃၅) မင်း အရင်ယောက်ျားရဲ့ ချစ်သူအသစ်
အခန်း(၁၃၆) မင်း ... စိတ်ရောဂါအထူးကုနဲ့ တွေ့နေတာလား။
အခန်း(၁၃၇) ကုယျန်ရှန်း မင်း ငါ့ကို ပြန်ပေးဆွဲလာတာလား။
အခန်း(၁၃၈) ချန်းလုံးအန်း၏ လည်ဆွဲကို ပြန်ပေးခြင်း။
အခန်း(၁၃၉) မင်း သူ့ကို ချစ်ခွင့်ပန်မယ့်ကိစ္စကို ငါတားမယ်
အခန်း(၁၄၀) ထူးဆန်းသော ဖုန်းခေါ်ဆိုမှု
အခန်း(၁၄၁) စန္ဒရားပြိုင်ပွဲမှာ ဘာတွေဖြစ်ခဲ့သလဲ
အခန်း(၁၄၂) ငါ့မှာ အကို' ဆိုတာ မရှိတော့ဘူး
အခန်း(၁၄၃) အကိုက်ခံလိုက်ရတဲ့ ကုယျန်ရှန်း။
အခန်း(၁၄၄) ငါ့ကိုကယ်တင်ခဲ့တဲ့သူက မင်းဖြစ်နေတာလား။
အခန်း(၁၄၅) ကျွန်တော်က သူ့အတွက်သိပ်ကို ဆိုးလွန်းနေတာလား။
အခန်း(၁၄၆) အပျက်ကောင် ချန်းလုံအန်းအား ဖမ်းဆီးခြင်း။
အခန်း(၁၄၇) သူ့ရဲ့ခြေထောက်ကို ရိုက်ချိုးခြင်း။
အခန်း(၁၄၈) ငါ မင်းကိုချစ်တယ် ... ကွာရှင်းခဲ့တာကို ငါနောင်တရနေပြီ ဝမ်နျဲ့နျန်
အခန်း(၁၄၉) 'ထာဝရ' လက်ထပ်လက်စွပ် အတု၊အစစ်‌ ပေါ်ထွက်လာခြင်း။
အခန်း(၁၅၀)ကွာရှင်းတဲ့နေ့က ပျောက်သွားခဲ့တဲ့ လက်စွပ်ကိုပြန်ရှာဖွေခြင်း။
အခန်း(၁၅၁) ငါ့လူက ငါ့ကိုဖက်ခွင့်ပြုတယ်။
အခန်း(၁၅၂) ဧည့်ခံပွဲ၏ စင်္ကြန်လမ်း၌ ပွေ့ဖက်ခဲ့ခြင်း။
အခန်း(၁၅၃) မင်းက ကုယျန်ရှန်းရဲ့ သားလား။
အခန်း(၁၅၄) ကျိုးယွမ်ဖုန်း မင်း တကယ်ပဲ ချစ်သူရှိနေတာလား။
အခန်း(၁၅၅) မြေအောက်ခန်းထဲမှာဖမ်းပြီး ထာဝရပိတ်လှောင်ထားမယ်
အခန်း(၁၅၆) ကုယျန်ရှန်းက နျဲ့နျန်ရဲ့ live မှာ ပါဝင်ခဲ့တယ်
အခန်း(၁၅၇) ငါက သူ့အမေရဲ့ စန္ဒရားကို ဖျက်စီးခဲ့တယ်။
အချစ်တို့ရေ

အခန်း(၁၀၇)အိပ်ခန်းထဲက ဝမ်နျဲ့နျန်ရဲ့ ကိုယ်သင်းနံ့

18.6K 2.3K 359
By Wine-Y

နောက်တစ်နေ့မနက်၌ ကုမ္ပဏီသွားဖို့ အမြဲတမ်းမနက်စောစောဆင်းလာတတ်တဲ့ ကုယျန်ရှန်းက သူ့နှင့်မတူပဲ အချိန်နောက်ကျသည်အထိ အိမ်ပေါ်ထပ်မှ ဆင်းမလာသေးပေ။

စားပွဲပေါ်က အေးစက်တော့မည့် စွပ်ပြုတ်ပန်းကန်ကိုကြည့်ပြီး အန်တီလန် သက်ပြင်းချလိုက်သည်။

အိမ်ပေါ်ထပ်၏အိပ်ခန်းထဲ၌ ကြီးမားသောအိပ်ရာပေါ်တွင် အဖြူရောင်ညအိပ်ဝတ်စုံနဲ့ ယောက်ျားတစ်ယောက်က ငြိမ်သက်စွာ အိပ်ပျော်နေသည်။ အနည်းငယ်ထိုးထောင်ပွယောင်းနေတဲ့ ဆံပင်တွေက ထက်မြက်သိမ့်မွေ့ပြီး သုံးဖက်သုံးတန်မှ ရှုထောင့်စုံအောင်ကြည့်ရင်တောင် ပြောင်းလဲသွားခြင်းမရှိဘဲ တည်ကြည်နေမြဲဖြစ်သည့် မျက်နှာထားကို အပြစ်ကင်းစင်မှုအနည်းငယ်ပေါင်းထည့်ကာ ပိုလို့ ဆွဲဆောင်မှု ရှိနေစေသည်။

အပြင်ဘက်ကအလင်းရောင်က အခန်းထဲသို့ ဖြာကျနေပြီး မှေးမှိတ်နေတဲ့မျက်ဝန်းတွေလည်း ပုတ်ခတ်ပုတ်ခတ်နှင့် ပွင့်ဟလာသည်။ အိပ်ရာပေါ်ရှိလူက ဖြည်းဖြည်းချင်းထလာပြီး သူ့မျက်ဝန်းတွေက စူးရှမှုများဖြင့်ပြည့်နှက်နေကာ ပုံဖော်မိတဲ့ အလှတရားကို ချက်ချင်းပဲ ဖျက်စီးပစ်လိုက်သည်။

ကုယျန်ရှန်းက သူ့ခေါင်းကိုပွတ်သပ်ရင်း အိပ်ရာပေါ်မှာထိုင်နေသည်။
' သူမနေ့ညက အိမ်မက်ဆိုးတွေ မမက်ခဲ့ဘူး။ အဲ့ဒီအပြင် မိုးသောက်ချိန် အာရုဏ်ဦးအထိ အိပ်ပျော်သွားခဲ့တဲ့ သူ့ရဲ့ အဖြစ်ကိုပြန်တွေးပြီး ခနမျှ မှင်သက်သွားခဲ့သည်။
နရံပေါ်က နာရီကို သူ မော့ကြည့်လိုက်တော့ အချိန်က တကယ်ကို နောက်ကျနေပြီ။ ကုယျန်ရှန်းက သူ့ကိုယ်ပေါ်က စောင်ကိုဖယ်ပြီး အိပ်ရာပေါ်မှ ဆင်းဖို့ ပြင်လိုက်သည်။

ထိုအချိန်၌ သူ့ခန္ဓာကိုယ်ပေါ်ကနေ ရင်းနှီနေတဲ့ အနံ့လေးတစ်ခုကို ခံစားမိလိုက်သည်။

ကုယျန်ရှန်းက သူ့ခေါင်းကိုငုံ့ပြီး သူ့လက်ထဲကိုင်ထားတဲ့ စောင်ရဲ့အနံ့ကို နမ်းကြည့်လိုက်သည်။

'ဘုရားရေ ... သူ့ရဲ့ညအိပ်ဝတ်စုံပေါ်မှာလည်း ဒီလိုအနံ့ပဲ'

ရုတ်တရက်ဆိုသလို သူ့အတွေးထဲသို့ ဝင်လာသည်က ဝမ်နျဲ့နျန်။ ဝမ်နျဲ့နျန်နဲ့ အတူနေခဲ့တဲ့ ပထမဦးဆုံးသော အချိန်တွေကို သူသတိရသွားသည်။
ဒီလိုအနံ့မျိုး ... နို့နံ့လိုပဲ သင်းသင်းလေးဖြစ်နေပြီး ချိုမြတဲ့ ရေမွှေးနံ့လို ဒီလိုရနံ့မျိုးကို ဝမ်နျဲ့နျန်ဆီက သူမကြာခန ရခဲ့သည်။

သူ့တစ်ကိုယ်လုံးက ဝမ်နျဲ့နျန်ရဲ့ ရနံ့တွေနဲ့ ဖုံးလွှမ်းနေတာကို ကုယျန်ရှန်းသတိထားမိလိုက်ပြီး သူ့မျက်ဝန်းတွေက တုန်လှုပ်သွားသည်။

'သူ အိမ်မက်ဆိုးတွေမမက်ဘဲ အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တာ ... ဝမ်နျဲ့နျန်ရဲ့အခန်းမှာ ရှိနေခဲ့လို့လား..'

အဝတ်ဗီဒိုထဲက ဝမ်နျဲ့နျန်ရဲ့ အဝတ်အစားတွေမရှိတော့တဲ့ နေရာလွတ်ကိုကြည့်ပြီး မှိုင်တွေသွားတဲ့ မျက်ဝန်းတွေနဲ့ ကုယျန်ရှန်း အိပ်ရာပေါ်မှ ထကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

မီးဖိုချောင်ထဲ၌ အန်တီလန်က အေးစက်နေတဲ့ စွပ်ပြုတ်ပန်းကန်ကိုနွေးပြီး စားပွဲပေါ်ပြန်တင်ထားလိုက်သည်။
မကြာလိုက် ကုယျန်ရှန်းလည်း အိမ်ပေါ်ထပ်မှ ဆင်းလာသည်။
တည်တင်းနေတဲ့ မျက်နှာထားနဲ့ ဘာစကားမှလည်း မဆိုဘဲ ထမင်းစားပွဲတွင်၀င်ထိုင်လိုက်သည်။ တိတ်ဆိတ်စွာနဲ့ ထမင်းစားခန်းမှ ပြန်မထွက်သွားခင်အထိ ကုယျန်ရှန်းစားခဲ့သည်က စွပ်ပြုတ်အနည်းငယ်မျှသာ။

"ဆရာ"

အန်တီလန်က ကုမ္ပဏီသွားတော့မယ့် ကုယျန်ရှန်းကို လှမ်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကုယျန်ရှန်းက အန်တီလန်ဘက်ပြန်လှည့်ပြီး စိတ်မရှည်စွာပြန်မေးလိုက်သည်။

"ဟို မဒမ်က ဘယ်ဆေးရုံမှာရှိနေတာလဲ ဟင်။ အန်တီလန် မဒမ်ကို သွားကြည့်ချင်လို့ပါ။ မဒမ်ကို စိုးရိမ်နေလို့..."

"ကျွန်တော် သူ့နဲ့ ကွာရှင်းပြီးပြီ။ သူက ကုမိသားစုနဲ့ ဘာမှမပတ်သတ်တော့ဘူး။ သူ့အတွက် စိတ်ပူပေးစရာလည်း မလိုဘူး။"

"ဒါပေမယ့် ဆရာ ..."

"အန်တီလန် ကိုယ်လုပ်သင့်တာပဲလုပ်ပါ။ မမေးသင့်တဲ့ ကိစ္စတွေကို မမေးနဲ့။ ပြီးတော့ ဝမ်နျဲ့နျန်က ကျွန်တော်နဲ့ ကွာရှင်းပြီး ကုမိသားစုနဲ့ ဘာမှမပတ်သတ်တော့ဘူးဆိုတာ မမေ့နဲ့။ သူ့ကို မဒမ်လို့လည်း ခေါ်ပိုင်ခွင့်မရှိတော့ဘူး။ "

ကုယျန်ရှန်းက ပိုပြီးလေးနက်သွားတဲ့မျက်ဝန်းအကြည့်တွေနဲ့ အန်တီလန်ကို ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ ထို့နောက် အိမ်အပြင်သို့ထွက်သွားပြီး ကားထဲ၀င်ထိုင်ကာ ကုမ္ပဏီသို့ မောင်းထွက် သွားခဲ့သည်။

ထမင်းစားခန်းထဲ၌ သက်ပြင်းတွေတွေချနေတဲ့ အန်တီလန်တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။
စားပွဲပေါ်က လက်ရာမယွင်းတဲ့ စွပ်ပြုတ်ပန်းကန်ကို ကြည့်ပြီး ရင်မောလာရသည်။
ဒီနေ့ မဒမ်ကြိုက်တဲ့ ဟင်းတွေအများကြီး သူချက်ထားခဲ့ပြီး ထမင်းစားပွဲပေါ်မှာ ဟင်းပွဲတွေစုံလင်နေပေမယ့် ထိုဟင်းပွဲတွေကို စားသောက်ဖို့ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။

***

ကုအဖွဲ့အစည်း၏ အဆောက်အဦး၌

ကြီးမားသော စားပွဲပေါ်တွင် စာရွက်စာတမ်းဖိုင်များက သေသပ်စွာ စီရီထားခြင်းမရှိဘဲ ဟိုဒီပြန့်ကျဲကာ စားပွဲတစ်ခုလုံးပြည့်နေသည်။
အခုလေးတင် အစည်းအဝေးလုပ်ပြီးသွားတဲ့ ကုယျန်ရှန်းက မှန်ပြတင်းပေါက်ကြီး၏ အရှေ့တွင်ရပ်ကာ အပြင်ဘက်သို့ ငေးကြည့်နေသည်။

ဒီတစ်မနက်လုံး သူ့အတွေးတွေအားလုံးက ဝမ်နျဲ့နျန်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းပြီလား ဒါမှမဟုတ် မကောင်းသေးဘူးလား ဆိုသည့် သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
သူ့ခေါင်းထဲမှာ ပတ်တီးတွေနဲ့ ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ ပုံရိပ်တွေကိုပဲ မြင်ယောင်နေရပြီး အစည်းအဝေးကိုတောင် သေချာအာရုံမစိုက်နိုင်ပဲ ဖြစ်နေခဲ့သည်။

တစ်ကိုယ်လုံးဒဏ်ရာတွေအပြည့်နဲ့ ဘေးမှာစောင့်ရှောက်ပေးမယ့်သူလည်း မရှိဘဲ ဆေးရုံကုတင်မှာ လဲလျောင်းနေရတဲ့ ဝမ်နျဲ့နျန်ရဲ့ ပုံရိပ်ကို သူအမြဲတမ်း မှတ်မိနေပြီး ထိုအဖြစ်က ပြန်ပေးဆွဲခံရပြီး ဆေးရုံမှာနေခဲ့တုန်းက သူ့အမေလာကြည့်မလားဆိုသည့် အတွေးနဲ့ နေ့တိုင်းငေးမျှော်နေခဲ့တဲ့ သူ့အဖြစ်ကို ပြန်ပြီး အမှတ်ရစေသည်။

ကုယျန်ရှန်းရဲ့ မျက်ဝန်းတွေက မှိုင်းဖျနေပြီး သူကအကြည့်တွေကိုလွှဲကာ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်။

'ဝမ်နျဲ့နျန်ရဲ့ ဖုန်းက ကွဲသွားပြီ။ ဒါကြောင့် သူသေချာပေါက် မိသားစုကိုရော သူငယ်ချင်းကိုပါ အကြောင်းကြားရသေးမှာ မဟုတ်။ အကယ်၍ သူ့ဖုန်းမကွဲခဲ့ဘူး ဆိုရင်တောင် ဝမ်နျဲ့နျန်က ဝမ်အဖေကိုဖုန်းခေါ်ပြီး အကြောင်းကြားမှာ မဟုတ်ပေ။ '
သူက အမြဲတမ်း တစ်ခြားသူတွေ အခက်တွေ့စေမှာကို မလိုလားတာကြောင့် ဖုန်းဆက်ပြောမယ်ဆိုတာ ဘာလိုမှ မဖြစ်နိုင်ပေ။'

ဝမ်နျဲ့နျန်ရဲ့ စိတ်က ဘယ်လိုဆိုတာ ကုယျန်ရှန်းသိသည်။ သူ အခုလိုမျိုး ဆေးရုံတက်နေရတာကို ဝမ်အဖေဆီဖုန်းဆက်ပြီး စိတ်ပူစေမှာမျိုး လုပ်ဖို့က တကယ်ကို မဖြစ်နိုင်တဲ့ ကိစ္စဖြစ်လေသည်။

"မင်းကုမ္ပဏီကိုလာတာ ဖုန်းကို စိုက်ကြည့်နေဖို့ပဲလား။ လုပ်စရာ ဘာမှမရှိဘူးလား။
ငါ့ကိုပဲ ဥက္ကဌနေရာ လွှဲပေးလိုက်တော့"

ထိုစဉ်ကျိုးယွမ်ဖုန်းက လက်ထဲ ဖိုင်စာအုပ်ပိုက်ကာ အခန်းထဲဝင်လာပြီး ဥက္ကဌကု၏ ထိုင်ခုံတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။

ကုယျန်ရှန်းကတော့ ကျိုးယွမ်ဖုန်း ပြောသမျှကိုလစ်လျူရှုပြီး သူ့လက်ထဲက ဖုန်းကိုသာ စိုက်ကြည့်နေသည်။

"မင်း သူ့ကို တွေ့ချင်ပြီး စိတ်ပူနေရင် သွားတွေ့လိုက်။ ဒီလိုပုံစံနဲ့ နေ့တိုင်းအလုပ်လုပ်နေတာ ကုအဖွဲ့အစည်းကို ဒေဝါလီခံသွားတာ ဖြစ်စေချင်လို့လား။"

ကျိုးယွမ်ဖုန်းက အခုထိ ဖုန်းကို အကြည့်မပြတ်ဖြစ်‌နေသေးတဲ့ ကုယျန်ရှန်းကို စိုက်ကြည့်ပြီး အေးစက်သော လေသံဖြင့် မေးလိုက်သည်။

"ငါ သူ့ကို စိတ်ပူနေတယ်လို့ ဘယ်သူက ပြောလဲ။"

အမှန်ကိုပြောမိလို့ လက်မခံနိုင်ဘဲ ဆူပုပ်ပုပ်ဖြစ်သွားတဲ့ သူတစ်ယောက်လို ရုပ်ဆိုးဆိုး မျက်နှာထားကြီးနဲ့ ကုယျန်ရှန်းက သူ့ခံစားချက်မှန်သမျှကို ပြန်လည်သိမ်းဆည်းပြီး ပြတင်းပေါက်အရှေ့မှာ ရပ်နေရာမှ တစ်ဖက်သို့ လှည့်ထွက်သွားသည်။

ဖိုင်စာရွက်တွေလှန်နေတဲ့ ကျိုးယွမ်ဖုန်းရဲ့ လက်တွေက ရပ်တန့်သွားပြီး သူက ကုယျန်ရှန်းကို မော့ကြည့်လိုက်သည်။

"မင်းက ဘယ်သူ့ရှေ့မှာ လာဟန်ဆောင်နေတာလဲ။ ငါနဲ့ ဘယ်အချိန်ကတည်းက ရင်းနှီးနေခဲ့လဲ ဆိုတာ မေ့သွားတာလား။ နှစ်တွေဒီလောက်ကြာနေပြီ ကုယျန်ရှန်းရဲ့ စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ တခြားသူတွေထက် ငါက ပိုသိတယ်။"

"သူ့ဖုန်းကွဲပြီး မရှိတော့ဘူးဆိုတာ မင်းမသိဘူးလား။ အဲ့တာကို ဖုန်းဆက်ချင်နေတာလား။ သူ မင်းဆီဖုန်းဆီလာဖို့ မျှော်နေသေးတာလား။
မင်း အိမ်မက်မက်နေတာလား။ နျဲ့နျန်က အခု မင်းကို သတ်ချင်နေတာ...."

" ငါ ...."

ကျိုးယွမ်ဖုန်းက လက်ထဲမှာဖုန်းကိုကိုင်ထားရင်း ညှိုးကျသွားတဲ့ ကုယျန်ရှန်းရဲ့မျက်နှာအမူအရာကိုကြည့်ပြီး သက်ပြင်းချကာ ထပ်ပြောလိုက်သည်။

"အားရှန်း... နျဲ့နျန်ပျောက်သွားပြီးတော့ အဲ့ဒီရက်တွေမှာ ဘာကြောင့်ဆိုတာ ရှာဖွေကြည့်ဖို့ မင်းတွေးခဲ့မိလား။ သုံးရက်တိတိပျောက်သွားပြီး အိမ်ပြန်ရောက်လာတဲ့ အချိန်မှာ သူ့တစ်ကိုယ်လုံးက ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သွေးတွေရွှဲနစ်နေခဲ့တာ။ သူ ဘယ်လို ဒဏ်ရာရခဲ့လဲ၊ အဲ့ဒီရက်တွေတုန်းက သူဘယ်ရောက်နေခဲ့လဲ ဆိုပြီး တစ်ခါမှ မတွေးကြည့်ဖူးလား။

"သူ ငါ့ကို မပြောဘဲနဲ့ ငါက ဘယ်လိုသိမလဲ။ ငါ သူ့ကို ဆေးရုံပို့ပေးပြီး အကောင်းဆုံးအခန်းမှာ အတော်ဆုံးဆုံးဆရာဝန်တွေနဲ့ ကုသပေးဖို့ စီစဉ်ပေးခဲ့တယ်လေ။ အခုဆို သူ ...."

"အဲ့ဒီနောက်တော့ရော ..။ မင်း သူ့ကို ဆေးရုံမှာ တစ်ယောက်တည်းထားခဲ့ပြီး အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့တာပဲ မဟုတ်ဘူးလား။"

ခနတာ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည့် ကုယျန်ရှန်း၏အဖြေကို ကျိုးယွမ်ဖုန်းက ဖြတ်မေးလိုက်သည်။ သူ့အရှေ့မှာ ဘာမှပြန်မဖြေဘဲ ငေးငိုင်သွားပြန်တဲ့ ကုယျန်ရှန်းကိုကြည့်ပြီး ကျိုးယွမ်ဖုန်းက စကားကို ထပ်ဆက်လိုက်သည်။

"နျဲ့နျန်က တကယ်ကို စွန့်လွှတ်လိုက်ပြီ။ မင်းကို ကွာရှင်းဖို့အတွက် သူစိတ်ပိုင်းဖြတ်ခဲ့တာ။ အဲ့တာက စွန့်လွှတ်ခြင်းသက်သက်ပဲမဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ သူတကယ်ကို နာကျင်သွားခဲ့တာ။
ဒါတွေကို မင်းကိုယ်တိုင်ပဲ လုပ်နိုင်မယ်....
ငါ ပြောတာ မှန်လား။"

"မင်းမှာ ဖိုင်‌တွေ ကြည့်ဖို့ အချိန်မရှိဘူးဆိုလည်း ငါ့အလုပ်ခန်းထဲယူသွားပြီး ငါပဲ ကြည့်လိုက်မယ်။"

ကျိုးယွမ်ဖုန်းက ကုယျန်ရှန်းကို ပြောပြီးနောက် စားပွဲပေါ်က ဖိုင်စာအုပ်ကိုယူပြီး ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။

အခန်းထဲမှာ ကျန်နေခဲ့တဲ့ ကုယျန်ရှန်းက သူ့ဖုန်းထဲက ဖုန်းနံပါတ်တစ်ခုကို စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်သည်။

ကုယျန်ရှန်းရုံးခန်းထဲမှ ထွက်လာပြီးနောက် ကျိုးယွမ်ဖုန်းက သူ့ရုံးခန်းထဲမဝင်ခင် ကော်ဖီတစ်ခွက်အရင်ယူလိုက်သေးသည်။
လက်ထဲမှာ ကော်ဖီခွက်ကိုင်ပြီး အခန်းထဲဝင်ဖို့ လုပ်မှ မလှမ်းမကမ်းက ဓာတ်လှေကား၏အရှေ့တွင်ရပ်နေသည့် လူတစ်ယောက်ကို ရုတ်တရက် လှမ်းမြင်သွားသည်။

ထိုသူက ကုယျန်ရှန်းဖြစ်နေပြီး ဓာတ်လှေကားတံခါးပွင့်သည်နှင့် အနည်းငယ်အလျင်လိုနေသည့်ပုံစံဖြင့် ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့ပြီး အထပ်နံပါတ်များစွာထဲမှာ ပထမထပ်ကိုနှိပ်လိုက်သည်။
ကျိုးယွမ်ဖုန်းက ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး ခုံမှာမထိုင်သေးဘဲ မှန်ပြတင်းပေါက်နားသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ သူ့လက်ထဲရှိ ကော်ဖီခွက်မှ ကော်ဖီတစ်ငုံသောက်လိုက်ပြီး ကုအဆောက်အဦး၏အောက်ဘက်တွင်ရပ်ထားသည့် ကားကို ငုံ့ကြည့်လိုက်သည်။

လျင်မြန်လွန်းသောအရှိန်ဖြင့် ထိုကားက မြန်ဆန်စွာပဲ မောင်းထွက်သွားသည်။

"ဒီကောင်တော့ .... တကယ် ကိုပါပဲ .... "

ကုယျန်ရှန်းရဲ့ ကားက ဆေးရုံသို့ဦးတည်နေပြီး လမ်းတစ်လျှောက်လုံးမှာလည်း သူ့အိမ်မက်ထဲက သွေးတွေနဲ့ မျက်ရည်တွေရောထွေးကာ ကျနေတဲ့ ဝမ်နျဲ့နျန်ရဲ့ မျက်နှာကိုပဲ တွေးနေခဲ့ပြီး တည်တန်းနေတဲ့ မျက်ခုံးနှစ်ဖက်သည်လည်း ထိစပ်လုမတတ် ဖြစ်နေသည်။

' ဝမ်နျဲ့နျန်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာတာကို သူမြင်ချင်သည်။ ဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ဒီသုံးရက်မှာ ဘယ်တွေရောက်နေခဲ့ပြီး ဘာဖြစ်လို့ ဒီလောက်များတဲ့ ဒဏ်ရာနဲ့ အိမ်ပြန်ရောက်လာတာလဲ ဆိုတာကို မေးကြည့်ချင်သည်။ '

လမ်းဆုံမှာ မီးနီကြောင့် ကုယျန်ရှန်းရဲ့ ကားကဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ကားမှန်မှတစ်ဆင့် ဘေးဘက်ကို အမှတ်မထင်ငေးကြည့်ရင်း ဖုန်းကြော်ငြာစာရွက်တွေ လိုက်ဝေနေတဲ့ လူတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရသည်။ ထို့နောက် ကုယျန်ရှန်းက ထိုသူနဲ့ သိပ်မဝေးလှတဲ့ နေရာမှာရှိတဲ့ ဖုန်းဆိုင်ကို မျက်လုံးပင့်ပြီး ကြည့်လိုက်သည်။

ကုယျန်ရှန်းက သူ့လက်ထဲက ဖုန်းကို ပြန်ပြီးငုံ့ကြည့်လိုက်ပြီး တဆက်တည်းမှာပဲ ထူးဆန်းသည့် အရိပ်အယောင်များက သူ့မျက်ဝန်းတွင် ထင်ဟပ်လာသည်။

"ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။"

ကုယျန်ရှန်းက လက်ထဲမှာ အိတ်တစ်လုံးဆွဲပြီး ကားဆီသို့ ပြန်ရောက်လာသည်။ အိတ်ထဲက အသစ်စက်စက်ဖုန်းကိုကြည့်ပြီး အနည်းငယ်တော့ ကြောင်အနေသယောင်ရှိနေသည်။

သူဘာလို့ ရုတ်တရက်ကြီး ဖုန်းဆိုင်ထဲဝင်ပြီး ဝမ်နျဲ့နျန်အတွက် ဖုန်းဝယ်ပေးဖို့ စိတ်ကူးမိသလဲ သူမသိ။
ဒါမှမဟုတ် ဝမ်နျဲ့နျန်ကို ဆေးရုံမှာ တစ်ယောက်တည်း ထားခဲ့မိတာကြောင့် အပြစ်ရှိသလို ခံစားရလို့လား။ ဒါမှမဟုတ် ဝမ်နျဲ့နျန်မှာလည်း ဆက်သွယ်ဖို့ ဖုန်းမရှိနေတာနဲ့ သူလည်း ဖုန်းဆိုင်ရှေ့ဖြတ်မိရင်း လမ်းကြုံသွားတာကြောင့် ဝယ်မိတာလား။
သေချာတာတော့ မှားယွင်းနေတာမျိုး ဘာမှ ရှိမနေပေ။ '

ကုယျန်က သူ့မျက်ဝန်းထဲက ထင်ထင်ရှားရှားဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို ဖုံးဖိပြီး အသက်ဖြည်းဖြည်းရှူလိုက်ကာ ကားစက်နှိုးလိုက်သည်။

ဆေးရုံကိုရောက်တဲ့အခါ ကုယျန်ရှန်းက မြေအောက်ထပ်က ကားထားတဲ့ နေရာမှာ ကားရပ်လိုက်ကာ သူဝယ်လာတဲ့ ဖုန်းအသစ်လေးကိုလည်း လက်ထဲကိုင်ပြီး ဓာတ်လှေကားဆီသို့ သွားလိုက်သည်။ ထိုစဉ် သူ့မျက်လုံးထဲသို့ တွေ့ဖူးနေကျဖြစ်တဲ့ မနီးမဝေးတွင်ရပ်ထားသည့် off-road ကားတစ်စီးကို သတိထားမိလိုက်သည်။ သို့ပေမယ့် ထိုကားကို သူဘယ်မှာတွေ့ဖူးလဲ မမှတ်မိချေ။ ဒါကြောင့် ထပ်ပြီးစဉ်းစားမနေတော့ဘဲ ဓာတ်လှေကားထဲသို့သာ ဝင်သွားလိုက်သည်။

ဓာတ်လှေကားထဲမှာလည်း ကုယျန်ရှန်းက သူ့လက်ထဲက အိတ်ကိုပဲ အမြဲမပြတ်စိုက်ကြည့်နေပြီး သူ့မျက်ဝန်းတွေက တဖောက်ဖောက်နဲ့ လင်းလက်နေတဲ့ မီးပန်းလေးလို အရောင်တွေ လင်းနေသည်။

ဒီဖုန်းက နောက်ဆုံးထွက်ထားတဲ့ ဖုန်းအမျိုးအစားဆိုပြီး ဖုန်းဆိုင်က ဝန်ထမ်းက သူ့ကိုညွှန်းပေးခဲ့တာဖြစ်သည်။ သိပ်ကိုလည်း နာမည်ကြီးပြီး လူကြိုက်လည်းများနေတာတဲ့။ ထို့အပြင် ဝန်ထမ်းက သူ့ကို အမဲရောင်လေးယူဖို့လည်း ပြောခဲ့သေးသည်။ သို့ပေမယ့် သူကတော့ အဖြူရောင်လေးကိုပိုကြိုက်လို့ အဖြူလေးကိုပဲ ဝယ်ခဲ့ပြီး သူ့အတွေးထဲမှာတော့ အဖြူရောင်က ဝမ်နျဲ့နျန်နဲ့ ပိုပြီးလိုက်ဖက်မယ်လို့ ခံစားမိတာကြောင့်ပင်ဖြစ်သည်။

"ဒင်း ...."

ဓာတ်လှေကားတံခါးပွင့်သွားပြီး ကုယျန်ရှန်းလည်း ဓာတ်လှေကားထဲမှ ထွက်လာသည်။ နူးညံ့သည့်အမူအရာများဖြင့် သူက အခန်း(၂၁၁)ရှိရာသို့ ဦးတည်သွားနေသည်။ တဖြည်းဖြည်းနဲ့ သူ့ခြေလှမ်းတွေက အခန်း(၂၁၁)နဲ့ နီးကပ်လာတဲ့အခါ အနည်းငယ်ပျာယာခတ်လာတဲ့ သူ့အဖြစ်ကိုတောင် သူခံစားမိနေသည်။

အခန်းတံခါးအရှေ့မှာရပ်ပြီး ကုယျန်ရှန်းက နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်သည်။ တံခါးကိုဖွင့်ဖို့ သူ့လက်ကို မြှောက်လိုက်ပေမယ့် အခန်းတံခါးက ပိတ်မနေဘဲ အနည်းငယ်ပွင့်နေတာကြောင့် တံခါးလက်ကိုင်ဘုကို ဆုပ်ကိုင်လိုက်ပြီး တံခါးကိုဆွဲဖွင့်ဖို့ ကြိုးစားလိုက်သည်။ သို့ပေမယ့် အခန်းထဲက တောက်ပစွာပြုံးနေတဲ့ ထျန်ရှုံးကို သူ ရုတ်တရက်မြင်လိုက်ရသည်။

သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားပြီး သူ့ခြေလှမ်းတွေလည်း ရပ်တန့်သွားသည်။

'ဘာလို့ ထျန်ရှုံးက ဒီမှာ ရှိနေတာလဲ။'

ချက်ချင်းဆိုသလို ခက်ထန်သွားသည့် မျက်နှာထားနှင့် ဒေါသတွေလည်း ထွက်လာသည့်အလျောက် ကုယျန်ရှန်းက ခြေလှမ်းကိုအရှေ့တိုးပြီး တံခါးကိုတွန်းဖွင့်ကာ အခန်းထဲဝင်ဖို့ ပြင်လိုက်သည်။
သို့ပေမယ့် သူ့ရဲ့ ခံစားချက်နဲ့ လှုပ်ရှားမှုအားလုံးကို ရုတ်တရက် တိုးဝင်လာသည့် မေးခွန်းက ဖျက်စီးပစ်လိုက်ပြီး နှင်းတောထဲပစ်ချခံလိုက်ရသလို သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားခဲ့သည်။

'ငါ .... ငါ က ဘာလို့ စိတ်တိုနေတာလဲ။ ငါ သူ့နဲ့ ကွာရှင်းပြီးပြီး မဟုတ်ဘူးလား။ ငါက ဘယ်လို သက်ဆိုင်မှုမျိုးနဲ့ အခန်းထဲဝင်ပြီး ဝမ်နျဲ့နျန်ကို မေးခွန်းထုတ်လို့ ရမှာလဲ။'

ကုယျန်ရှန်းက တံခါးလက်ကိုင်ဘုကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ကို ပြန်လွှတ်ပြီး ဖြစ်ပေါ်လာသမျှမျက်ဝန်းထဲက ခံစားချက်တွေကို ပြန်လည်ဖုံးဖိကာ အခန်းထဲက စကားပြောနေတဲ့ သူနှစ်ယောက်ကို ငေးကြည့်လိုက်သည်။
အခန်းထဲ၌ ထျန်ရှုံးက ဝမ်နျဲ့နျန်ကို တစ်ခုခုပြောပြီး ထိုင်ရာမှထကာ စားပွဲပေါ်က ရေခွက်ကိုယူပြီး တံခါးနားသို့ လျှောက်လာသည်။
နာကျင်မှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းများနဲ့ ကုယျန်ရှန်းက သူ့ခြေလှမ်းတွေကို အနောက်ဆုတ်လိုက်ပြီး သူတောင် သတိမထားမိပါဘဲ သူ့ခန္ဓာကိုယ်က အကွယ်တစ်ခုမှာ ပုန်းလို့နေခဲ့ပြီ။

"ဟယ်လို ? အကို ရောက်နေပြီလား။ လာရင်းနဲ့ ကျွန်တော်ကားထဲမှာ ကျန်နေခဲ့တဲ့ အိတ်လေးယူခဲ့ပေးပါလား။ ဒီမနက် ကျွန်တော် ပစ္စည်းတစ်ခုဝယ်ပြီး ကားထဲမေ့ကျန်ခဲ့လို့။ အင်း ဟုတ်တယ် (၂၁)ထပ်မှာ။ ကျွန်တော် ဓာတ်လှေကားအဝင်ဝမှာ စောင့်နေမယ်။ "

ဖုန်းပြောပြီးနောက် ထျန်ရှုံးက အခန်းထဲမှ ထွက်လာပြီး တံခါးကို ဖြည်းဖြည်းချင်းပြန်ပိတ်ကာ တစ်ဖက်က ကော်ရစ်တာဘက်သို့ သွားလိုက်သည်။

ကုယျန်ရှန်းက တဖြည်းဖြည်းအဝေးရောက်သွားတဲ့ ထျန်ရှုံးရဲ့ကျောပြင်ကို စိုက်ကြည့်ပြီး ညှိုးငယ်နေတဲ့ မျက်နှာနဲ့ ပုံးနေရာမှ ပြန်ထွက်လာသည်။ အခန်းတံခါးအရှေ့မှာ တစ်ခါပြန်ရပ်လိုက်ပြီး ဆေးရုံကုတင်ပေါ်က ဝမ်နျဲ့နျန်ကို လှမ်းကြည့်လိုက်သည်။

ကုတင်ပေါ်မှာ ရှိတဲ့ ခံစားလွယ်သလို အထိအခိုက်လည်းလွယ်ကာ ပိန်ပါးနေတဲ့ သူကိုကြည့်ပြီး တုန်လှုပ်ချောက်ချားမှုကို ရုတ်တရက်ခံစားလိုက်ရသည်။

'ဝမ်နျဲ့နျန်က ပိန်သွားတယ်။ သူ အရမ်းကို ပိန်သွားတယ် ။ သူ့မျက်နှာက ဖြူဖျော့နေပြီး ပိုပြီးခံစားလွယ်သလို ဖြစ်နေသည်။ အရင်ကထက်လည်း ပိုပြီး စိတ်အားငယ်နေတယ်လို့ ထင်ရသည်။ '

ဝမ်နျဲ့နျန်က ဆေးရုံကုတင်ပေါ်မှာ တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ပြတင်းပေါက် အပြင်ဘက်က နှင်းပွင့်တွေကို ငေးကြည့်နေသည်။
နဖူးကဒဏ်ရာက သွေးဆို့နေသေးတာကြောင့် ကြည့်ရဆိုးနေသေးသည်။ ခေါင်းကို စည်းပတ်ထားသည့် ပိတ်ကျဲစကို ဖြည်လိုက်ပြီး ဖြစ်ပေမယ့် အမာရွတ်ရာ မှိန်မှိန်လေးတော့ ကျန်နေသေးပြီး ဂွမ်းစနဲ့တော့ အုပ်ထားသေးသည်။ သူ့လည်ပင်းကဒဏ်ရာကတော့ အများကြီး သက်သာနေခဲ့ပြီ။

ကုယျန်ရှန်းက ဝမ်နျဲ့နျန်ရဲ့ ခြေထောက်မှာ စည်းထားတုန်းဖြစ်တဲ့ ပတ်တီးစကိုကြည့်ပြီး သူ့မျက်ဝန်းအကြည့်တွေက ပိုလို့ နက်ရှိုင်းသွားသည်။

'သူ့အကြည့်တွေကို လွှဲလိုက်မိသည်။'

ထျန်ရှုံးရဲ့အသံက မလှမ်းမကမ်းကနေ ပြန်ပြီး ကြားလာရပြီး ကြည့်ရတာ သူတစ်ယောက်ယောက်နဲ့ စကားပြောနေတာ ဖြစ်မည်။ ထျန်ရှုံးရဲ့ စကားသံကို ကြားသည်နှင့် ကုယျန်ရှန်းက သူ့နှုတ်ခမ်းပါးကို ဖိကိုက်ပြီး အကွယ်တစ်ဖက်သို့ စောင်းကာ ပုန်းလိုက်သည်။

"မင်းကတော့ အမြဲတမ်း ပစ္စည်းတွေကို ချန်ချန်နေတော့တာပဲ။ ဒီလို အရေးကြီးတဲ့ပစ္စည်းကို ဘယ်လိုများ မေ့ကျန်နိုင်ရတာလဲ။ မင်းကားသော့အပိုကို ငါ့ဆီပေးထားတာကလဲ မင်းကျန်ခဲ့တဲ့ ပစ္စည်းတွေ ယူခိုင်းဖို့ပဲလား။"

ထျန်လွမ်ရွှန်းက သူ့လက်မောင်းနဲ့ ပုခုံးတင်ပွေ့ဖက်ထားတဲ့ ညီဖြစ်သူထျန်ရှုံးကိုကြည့်ပြီး မေးလိုက်သည်။ ထျန်ရှုံးကတော့ အခန်းရှိရာသို့အလျင်အမြန်သွားနေပြီး ပြုံးနေခဲ့သည်။

"အကို ... အကိုက နျဲ့နျန်ကို တွေ့ချင်လို့လာတာပဲမလား။ ပစ္စည်းပါ ယူခိုင်းမိတာက မကောင်းဘူးဆိုပေမယ့် ဝမ်နျဲ့နန်က တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူးလေ။ သူအိပ်နေတဲ့ အချိန်မှာ ဒါကို အပြေးသွားဝယ်ထားရတာ။ ကျွန်တော်ပြန်မရောက်ခင် သူနိုးသွားမှာ စိတ်ပူနေတာနဲ့ မေ့သွားတာ"

"အကို... . မြန်မြန်လာ !"

ထျန်ရှုံးက သူ့အကို ထျန်လွမ်ရွှန်းကို ဆွဲခေါ်ပြီး အခန်းရှိရာသို့ မြန်မြန်လျှောက်လာကာ တံခါးဖွင့်ပြီး အခန်းထဲသို့ ဝင်သွားခဲ့သည်။
ထျန်ရှုံးတံခါးကို ပြန်ပိတ်လိုက်ပေမယ့် အလျင်လိုနေတဲ့ သူ့စိတ်ကြောင့် တံခါးက အပြည့်မပိတ်ဘဲ အနည်းငယ်ဟပြီး ကျန်နေခဲ့သည်။

ထျန်ရှုံးအခန်းထဲ ဝင်သွားသည်နှင့် ကုယျန်ရှန်းက မှုန်ကုပ်ပြီး ကြောက်လန့်စရာကောင်းသည့် မျက်နှာထားဖြင့် အခန်းဝနားသို့ လျှောက်သွားပြီး အထဲက လူတွေကို စိုက်ကြည့်ကာ သူ့လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

အခန်းထဲမှာ ထျန်ရှုံးက ဝမ်နျဲ့နျန်ကို စကားပြောနေပြီး ရုတ်တရက် သူယူလာတဲ့ အိတ်ထဲက ဗူးနှစ်ဗူးကို ဆွဲထုတ်လိုက်သည်။

အခန်းအပြင်ဘက်ရှိ ကုယျန်ရှန်းက ထျန်ရှုံးလက်ထဲ ဘာရှိတယ် ဆိုတာကို မြင်ပြီးနောက် ထိတ်လန့်သွားတဲ့ မျက်ဝန်းတွေနဲ့ မှင်သက်သွားခဲ့သည်။
သူတောင် သတိမထားမိခင်မှာပဲ သူ့ခြေလှမ်းတွေက အခန်းဝနားသို့ လှမ်းနေပြီး ရုတ်တရက်ဆိုသလို ကျယ်လောင်သည့်အသံတစ်ခု ဖြစ်ပေါ်သွားသည်အထိ တံခါးကို ဆွဲဖွင့်လိုက်သည်။

_____________🌻____________

Black 🌻 Lotus
Words-4810
Jun/29/2021
Wine.

_____________🌻____________

For my lovely zawgyi readers.

_____________🌻____________

ေနာက္တစ္ေန႕မနက္၌ ကုမၸဏီသြားဖို႔ အၿမဲတမ္းမနက္ေစာေစာဆင္းလာတတ္တဲ့ ကုယ်န္ရွန္းက သူ႕ႏွင့္မတူပဲ အခ်ိန္ေနာက္က်သည္အထိ အိမ္ေပၚထပ္မွ ဆင္းမလာေသးေပ။

စားပြဲေပၚက ေအးစက္ေတာ့မည့္ စြပ္ျပဳတ္ပန္းကန္ကိုၾကည့္ၿပီး အန္တီလန္ သက္ျပင္းခ်လိဳက္သည္။

အိမ္ေပၚထပ္၏အိပ္ခန္းထဲ၌ ႀကီးမားေသာအိပ္ရာေပၚတြင္ အျဖဴေရာင္ညအိပ္ဝတ္စုံနဲ႕ ေယာက္်ားတစ္ေယာက္က ၿငိမ္သက္စြာ အိပ္ေပ်ာ္ေနသည္။ အနည္းငယ္ထိုးေထာင္ပြေယာင္းေနတဲ့ ဆံပင္ေတြက ထက္ျမက္သိမ့္ေမြ႕ၿပီး သုံးဖက္သုံးတန္မွ ရႈေထာင့္စုံေအာင္ၾကည့္ရင္ေတာင္ ေျပာင္းလဲသြားျခင္းမရွိဘဲ တည္ၾကည္ေနၿမဲျဖစ္သည့္ မ်က္ႏွာထားကို အျပစ္ကင္းစင္မႈအနည္းငယ္ေပါင္းထည့္ကာ ပိုလို႔ ဆြဲေဆာင္မႈ ရွိေနေစသည္။

အျပင္ဘက္ကအလင္းေရာင္က အခန္းထဲသို႔ ျဖာက်ေနၿပီး ေမွးမွိတ္ေနတဲ့မ်က္ဝန္းေတြလည္း ပုတ္ခတ္ပုတ္ခတ္ႏွင့္ ပြင့္ဟလာသည္။ အိပ္ရာေပၚရွိလူက ျဖည္းျဖည္းခ်င္းထလာၿပီး သူ႕မ်က္ဝန္းေတြက စူးရွမႈမ်ားျဖင့္ျပည့္ႏွက္ေနကာ ပုံေဖာ္မိတဲ့ အလွတရားကို ခ်က္ခ်င္းပဲ ဖ်က္စီးပစ္လိုက္သည္။

ကုယ်န္ရွန္းက သူ႕ေခါင္းကိုပြတ္သပ္ရင္း အိပ္ရာေပၚမွာထိုင္ေနသည္။
' သူမေန႕ညက အိမ္မက္ဆိုးေတြ မမက္ခဲ့ဘူး။ အဲ့ဒီအျပင္ မိုးေသာက္ခ်ိန္ အာ႐ုဏ္ဦးအထိ အိပ္ေပ်ာ္သြားခဲ့တဲ့ သူ႕ရဲ႕ အျဖစ္ကိုျပန္ေတြးၿပီး ခနမွ် မွင္သက္သြားခဲ့သည္။
နရံေပၚက နာရီကို သူ ေမာ့ၾကည့္လိုက္ေတာ့ အခ်ိန္က တကယ္ကို ေနာက္က်ေနၿပီ။ ကုယ်န္ရွန္းက သူ႕ကိုယ္ေပၚက ေစာင္ကိုဖယ္ၿပီး အိပ္ရာေပၚမွ ဆင္းဖို႔ ျပင္လိုက္သည္။

ထိုအခ်ိန္၌ သူ႕ခႏၶာကိုယ္ေပၚကေန ရင္းႏွီေနတဲ့ အနံ႕ေလးတစ္ခုကို ခံစားမိလိုက္သည္။

ကုယ်န္ရွန္းက သူ႕ေခါင္းကိုငုံ႕ၿပီး သူ႕လက္ထဲကိုင္ထားတဲ့ ေစာင္ရဲ႕အနံ႕ကို နမ္းၾကည့္လိုက္သည္။

'ဘုရားေရ ... သူ႕ရဲ႕ညအိပ္ဝတ္စုံေပၚမွာလည္း ဒီလိုအနံ႕ပဲ'

႐ုတ္တရက္ဆိုသလို သူ႕အေတြးထဲသို႔ ဝင္လာသည္က ဝမ္န်ဲ့န်န္။ ဝမ္န်ဲ့န်န္နဲ႕ အတူေနခဲ့တဲ့ ပထမဦးဆုံးေသာ အခ်ိန္ေတြကို သူသတိရသြားသည္။
ဒီလိုအနံ႕မ်ိဳး ... နို႔နံ႕လိုပဲ သင္းသင္းေလးျဖစ္ေနၿပီး ခ်ိဳျမတဲ့ ေရေမႊးနံ႕လို ဒီလိုရနံ႕မ်ိဳးကို ဝမ္န်ဲ့န်န္ဆီက သူမၾကာခန ရခဲ့သည္။

သူ႕တစ္ကိုယ္လုံးက ဝမ္န်ဲ့န်န္ရဲ႕ ရနံ႕ေတြနဲ႕ ဖုံးလႊမ္းေနတာကို ကုယ်န္ရွန္းသတိထားမိလိုက္ၿပီး သူ႕မ်က္ဝန္းေတြက တုန္လႈပ္သြားသည္။

'သူ အိမ္မက္ဆိုးေတြမမက္ဘဲ အခ်ိန္အၾကာႀကီး အိပ္ေပ်ာ္သြားခဲ့တာ ... ဝမ္န်ဲ့န်န္ရဲ႕အခန္းမွာ ရွိေနခဲ့လို႔လား..'

အဝတ္ဗီဒိုထဲက ဝမ္န်ဲ့န်န္ရဲ႕ အဝတ္အစားေတြမရွိေတာ့တဲ့ ေနရာလြတ္ကိုၾကည့္ၿပီး မွိုင္ေတြသြားတဲ့ မ်က္ဝန္းေတြနဲ႕ ကုယ်န္ရွန္း အိပ္ရာေပၚမွ ထကာ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားခဲ့သည္။

မီးဖိုေခ်ာင္ထဲ၌ အန္တီလန္က ေအးစက္ေနတဲ့ စြပ္ျပဳတ္ပန္းကန္ကိုေႏြးၿပီး စားပြဲေပၚျပန္တင္ထားလိုက္သည္။
မၾကာလိုက္ ကုယ်န္ရွန္းလည္း အိမ္ေပၚထပ္မွ ဆင္းလာသည္။
တည္တင္းေနတဲ့ မ်က္ႏွာထားနဲ႕ ဘာစကားမွလည္း မဆိုဘဲ ထမင္းစားပြဲတြင္၀င္ထိုင္လိုက္သည္။ တိတ္ဆိတ္စြာနဲ႕ ထမင္းစားခန္းမွ ျပန္မထြက္သြားခင္အထိ ကုယ်န္ရွန္းစားခဲ့သည္က စြပ္ျပဳတ္အနည္းငယ္မွ်သာ။

"ဆရာ"

အန္တီလန္က ကုမၸဏီသြားေတာ့မယ့္ ကုယ်န္ရွန္းကို လွမ္းေခၚလိုက္သည္။

"ဘာျဖစ္လို႔လဲ"

ကုယ်န္ရွန္းက အန္တီလန္ဘက္ျပန္လွည့္ၿပီး စိတ္မရွည္စြာျပန္ေမးလိုက္သည္။

"ဟို မဒမ္က ဘယ္ေဆး႐ုံမွာရွိေနတာလဲ ဟင္။ အန္တီလန္ မဒမ္ကို သြားၾကည့္ခ်င္လို႔ပါ။ မဒမ္ကို စိုးရိမ္ေနလို႔..."

"ကြၽန္ေတာ္ သူ႕နဲ႕ ကြာရွင္းၿပီးၿပီ။ သူက ကုမိသားစုနဲ႕ ဘာမွမပတ္သတ္ေတာ့ဘူး။ သူ႕အတြက္ စိတ္ပူေပးစရာလည္း မလိုဘူး။"

"ဒါေပမယ့္ ဆရာ ..."

"အန္တီလန္ ကိုယ္လုပ္သင့္တာပဲလုပ္ပါ။ မေမးသင့္တဲ့ ကိစၥေတြကို မေမးနဲ႕။ ၿပီးေတာ့ ဝမ္န်ဲ့န်န္က ကြၽန္ေတာ္နဲ႕ ကြာရွင္းၿပီး ကုမိသားစုနဲ႕ ဘာမွမပတ္သတ္ေတာ့ဘူးဆိုတာ မေမ့နဲ႕။ သူ႕ကို မဒမ္လို႔လည္း ေခၚပိုင္ခြင့္မရွိေတာ့ဘူး။ "

ကုယ်န္ရွန္းက ပိုၿပီးေလးနက္သြားတဲ့မ်က္ဝန္းအၾကည့္ေတြနဲ႕ အန္တီလန္ကို ျပတ္သားစြာ ျပန္ေျဖလိုက္သည္။ ထို႔ေနာက္ အိမ္အျပင္သို႔ထြက္သြားၿပီး ကားထဲ၀င္ထိုင္ကာ ကုမၸဏီသို႔ ေမာင္းထြက္ သြားခဲ့သည္။

ထမင္းစားခန္းထဲ၌ သက္ျပင္းေတြေတြခ်ေနတဲ့ အန္တီလန္တစ္ေယာက္တည္းသာ က်န္ေနခဲ့သည္။
စားပြဲေပၚက လက္ရာမယြင္းတဲ့ စြပ္ျပဳတ္ပန္းကန္ကို ၾကည့္ၿပီး ရင္ေမာလာရသည္။
ဒီေန႕ မဒမ္ႀကိဳက္တဲ့ ဟင္းေတြအမ်ားႀကီး သူခ်က္ထားခဲ့ၿပီး ထမင္းစားပြဲေပၚမွာ ဟင္းပြဲေတြစုံလင္ေနေပမယ့္ ထိုဟင္းပြဲေတြကို စားေသာက္ဖို႔ မည္သူတစ္ဦးတစ္ေယာက္မွ် ရွိမေနေပ။

***

ကုအဖြဲ႕အစည္း၏ အေဆာက္အဦး၌

ႀကီးမားေသာ စားပြဲေပၚတြင္ စာ႐ြက္စာတမ္းဖိုင္မ်ားက ေသသပ္စြာ စီရီထားျခင္းမရွိဘဲ ဟိုဒီျပန႔္က်ဲကာ စားပြဲတစ္ခုလုံးျပည့္ေနသည္။
အခုေလးတင္ အစည္းအေဝးလုပ္ၿပီးသြားတဲ့ ကုယ်န္ရွန္းက မွန္ျပတင္းေပါက္ႀကီး၏ အေရွ႕တြင္ရပ္ကာ အျပင္ဘက္သို႔ ေငးၾကည့္ေနသည္။

ဒီတစ္မနက္လုံး သူ႕အေတြးေတြအားလုံးက ဝမ္န်ဲ့န်န္ရဲ႕ ဒဏ္ရာေတြ ျပန္ေကာင္းၿပီလား ဒါမွမဟုတ္ မေကာင္းေသးဘူးလား ဆိုသည့္ သိခ်င္စိတ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။
သူ႕ေခါင္းထဲမွာ ပတ္တီးေတြနဲ႕ ကုတင္ေပၚမွာလဲေလ်ာင္းေနတဲ့ ပုံရိပ္ေတြကိုပဲ ျမင္ေယာင္ေနရၿပီး အစည္းအေဝးကိုေတာင္ ေသခ်ာအာ႐ုံမစိုက္နိုင္ပဲ ျဖစ္ေနခဲ့သည္။

တစ္ကိုယ္လုံးဒဏ္ရာေတြအျပည့္နဲ႕ ေဘးမွာေစာင့္ေရွာက္ေပးမယ့္သူလည္း မရွိဘဲ ေဆး႐ုံကုတင္မွာ လဲေလ်ာင္းေနရတဲ့ ဝမ္န်ဲ့န်န္ရဲ႕ ပုံရိပ္ကို သူအၿမဲတမ္း မွတ္မိေနၿပီး ထိုအျဖစ္က ျပန္ေပးဆြဲခံရၿပီး ေဆး႐ုံမွာေနခဲ့တုန္းက သူ႕အေမလာၾကည့္မလားဆိုသည့္ အေတြးနဲ႕ ေန႕တိုင္းေငးေမွ်ာ္ေနခဲ့တဲ့ သူ႕အျဖစ္ကို ျပန္ၿပီး အမွတ္ရေစသည္။

ကုယ်န္ရွန္းရဲ႕ မ်က္ဝန္းေတြက မွိုင္းဖ်ေနၿပီး သူကအၾကည့္ေတြကိုလႊဲကာ အိတ္ကပ္ထဲက ဖုန္းကို ထုတ္လိုက္သည္။

'ဝမ္န်ဲ့န်န္ရဲ႕ ဖုန္းက ကြဲသြားၿပီ။ ဒါေၾကာင့္ သူေသခ်ာေပါက္ မိသားစုကိုေရာ သူငယ္ခ်င္းကိုပါ အေၾကာင္းၾကားရေသးမွာ မဟုတ္။ အကယ္၍ သူ႕ဖုန္းမကြဲခဲ့ဘူး ဆိုရင္ေတာင္ ဝမ္န်ဲ့န်န္က ဝမ္အေဖကိုဖုန္းေခၚၿပီး အေၾကာင္းၾကားမွာ မဟုတ္ေပ။ '
သူက အၿမဲတမ္း တစ္ျခားသူေတြ အခက္ေတြ႕ေစမွာကို မလိုလားတာေၾကာင့္ ဖုန္းဆက္ေျပာမယ္ဆိုတာ ဘာလိုမွ မျဖစ္နိုင္ေပ။'

ဝမ္န်ဲ့န်န္ရဲ႕ စိတ္က ဘယ္လိုဆိုတာ ကုယ်န္ရွန္းသိသည္။ သူ အခုလိုမ်ိဳး ေဆး႐ုံတက္ေနရတာကို ဝမ္အေဖဆီဖုန္းဆက္ၿပီး စိတ္ပူေစမွာမ်ိဳး လုပ္ဖို႔က တကယ္ကို မျဖစ္နိုင္တဲ့ ကိစၥျဖစ္ေလသည္။

"မင္းကုမၸဏီကိုလာတာ ဖုန္းကို စိုက္ၾကည့္ေနဖို႔ပဲလား။ လုပ္စရာ ဘာမွမရွိဘူးလား။
ငါ့ကိုပဲ ဥကၠဌေနရာ လႊဲေပးလိုက္ေတာ့"

ထိုစဥ္က်ိဳးယြမ္ဖုန္းက လက္ထဲ ဖိုင္စာအုပ္ပိုက္ကာ အခန္းထဲဝင္လာၿပီး ဥကၠဌကု၏ ထိုင္ခုံတြင္ ဝင္ထိုင္ကာ ေျပာလိုက္သည္။

ကုယ်န္ရွန္းကေတာ့ က်ိဳးယြမ္ဖုန္း ေျပာသမွ်ကိုလစ္လ်ဴရႈၿပီး သူ႕လက္ထဲက ဖုန္းကိုသာ စိုက္ၾကည့္ေနသည္။

"မင္း သူ႕ကို ေတြ႕ခ်င္ၿပီး စိတ္ပူေနရင္ သြားေတြ႕လိုက္။ ဒီလိုပုံစံနဲ႕ ေန႕တိုင္းအလုပ္လုပ္ေနတာ ကုအဖြဲ႕အစည္းကို ေဒဝါလီခံသြားတာ ျဖစ္ေစခ်င္လို႔လား။"

က်ိဳးယြမ္ဖုန္းက အခုထိ ဖုန္းကို အၾကည့္မျပတ္ျဖစ္‌ေနေသးတဲ့ ကုယ်န္ရွန္းကို စိုက္ၾကည့္ၿပီး ေအးစက္ေသာ ေလသံျဖင့္ ေမးလိုက္သည္။

"ငါ သူ႕ကို စိတ္ပူေနတယ္လို႔ ဘယ္သူက ေျပာလဲ။"

အမွန္ကိုေျပာမိလို႔ လက္မခံနိုင္ဘဲ ဆူပုပ္ပုပ္ျဖစ္သြားတဲ့ သူတစ္ေယာက္လို ႐ုပ္ဆိုးဆိုး မ်က္ႏွာထားႀကီးနဲ႕ ကုယ်န္ရွန္းက သူ႕ခံစားခ်က္မွန္သမွ်ကို ျပန္လည္သိမ္းဆည္းၿပီး ျပတင္းေပါက္အေရွ႕မွာ ရပ္ေနရာမွ တစ္ဖက္သို႔ လွည့္ထြက္သြားသည္။

ဖိုင္စာ႐ြက္ေတြလွန္ေနတဲ့ က်ိဳးယြမ္ဖုန္းရဲ႕ လက္ေတြက ရပ္တန႔္သြားၿပီး သူက ကုယ်န္ရွန္းကို ေမာ့ၾကည့္လိုက္သည္။

"မင္းက ဘယ္သူ႕ေရွ႕မွာ လာဟန္ေဆာင္ေနတာလဲ။ ငါနဲ႕ ဘယ္အခ်ိန္ကတည္းက ရင္းႏွီးေနခဲ့လဲ ဆိုတာ ေမ့သြားတာလား။ ႏွစ္ေတြဒီေလာက္ၾကာေနၿပီ ကုယ်န္ရွန္းရဲ႕ စိတ္ထဲမွာ ဘာေတြရွိလဲဆိုတာ တျခားသူေတြထက္ ငါက ပိုသိတယ္။"

"သူ႕ဖုန္းကြဲၿပီး မရွိေတာ့ဘူးဆိုတာ မင္းမသိဘူးလား။ အဲ့တာကို ဖုန္းဆက္ခ်င္ေနတာလား။ သူ မင္းဆီဖုန္းဆီလာဖို႔ ေမွ်ာ္ေနေသးတာလား။
မင္း အိမ္မက္မက္ေနတာလား။ န်ဲ့န်န္က အခု မင္းကို သတ္ခ်င္ေနတာ...."

" ငါ ...."

က်ိဳးယြမ္ဖုန္းက လက္ထဲမွာဖုန္းကိုကိုင္ထားရင္း ညွိုးက်သြားတဲ့ ကုယ်န္ရွန္းရဲ႕မ်က္ႏွာအမူအရာကိုၾကည့္ၿပီး သက္ျပင္းခ်ကာ ထပ္ေျပာလိုက္သည္။

"အားရွန္း... န်ဲ့န်န္ေပ်ာက္သြားၿပီးေတာ့ အဲ့ဒီရက္ေတြမွာ ဘာေၾကာင့္ဆိုတာ ရွာေဖြၾကည့္ဖို႔ မင္းေတြးခဲ့မိလား။ သုံးရက္တိတိေပ်ာက္သြားၿပီး အိမ္ျပန္ေရာက္လာတဲ့ အခ်ိန္မွာ သူ႕တစ္ကိုယ္လုံးက ျပင္းထန္တဲ့ ဒဏ္ရာေတြေၾကာင့္ ေသြးေတြ႐ႊဲနစ္ေနခဲ့တာ။ သူ ဘယ္လို ဒဏ္ရာရခဲ့လဲ၊ အဲ့ဒီရက္ေတြတုန္းက သူဘယ္ေရာက္ေနခဲ့လဲ ဆိုၿပီး တစ္ခါမွ မေတြးၾကည့္ဖူးလား။

"သူ ငါ့ကို မေျပာဘဲနဲ႕ ငါက ဘယ္လိုသိမလဲ။ ငါ သူ႕ကို ေဆး႐ုံပို႔ေပးၿပီး အေကာင္းဆုံးအခန္းမွာ အေတာ္ဆုံးဆုံးဆရာဝန္ေတြနဲ႕ ကုသေပးဖို႔ စီစဥ္ေပးခဲ့တယ္ေလ။ အခုဆို သူ ...."

"အဲ့ဒီေနာက္ေတာ့ေရာ ..။ မင္း သူ႕ကို ေဆး႐ုံမွာ တစ္ေယာက္တည္းထားခဲ့ၿပီး အလုပ္ကိစၥနဲ႕ ခရီးထြက္ခဲ့တာပဲ မဟုတ္ဘူးလား။"

ခနတာ တိတ္ဆိတ္သြားၿပီးမွ ျပန္ေျဖလာသည့္ ကုယ်န္ရွန္း၏အေျဖကို က်ိဳးယြမ္ဖုန္းက ျဖတ္ေမးလိုက္သည္။ သူ႕အေရွ႕မွာ ဘာမွျပန္မေျဖဘဲ ေငးငိုင္သြားျပန္တဲ့ ကုယ်န္ရွန္းကိုၾကည့္ၿပီး က်ိဳးယြမ္ဖုန္းက စကားကို ထပ္ဆက္လိုက္သည္။

"န်ဲ့န်န္က တကယ္ကို စြန႔္လႊတ္လိုက္ၿပီ။ မင္းကို ကြာရွင္းဖို႔အတြက္ သူစိတ္ပိုင္းျဖတ္ခဲ့တာ။ အဲ့တာက စြန႔္လႊတ္ျခင္းသက္သက္ပဲမဟုတ္ဘူး။ ဒီတစ္ႀကိမ္မွာ သူတကယ္ကို နာက်င္သြားခဲ့တာ။
ဒါေတြကို မင္းကိုယ္တိုင္ပဲ လုပ္နိုင္မယ္....
ငါ ေျပာတာ မွန္လား။"

"မင္းမွာ ဖိုင္‌ေတြ ၾကည့္ဖို႔ အခ်ိန္မရွိဘူးဆိုလည္း ငါ့အလုပ္ခန္းထဲယူသြားၿပီး ငါပဲ ၾကည့္လိုက္မယ္။"

က်ိဳးယြမ္ဖုန္းက ကုယ်န္ရွန္းကို ေျပာၿပီးေနာက္ စားပြဲေပၚက ဖိုင္စာအုပ္ကိုယူၿပီး ႐ုံးခန္းထဲမွ ထြက္သြားခဲ့သည္။

အခန္းထဲမွာ က်န္ေနခဲ့တဲ့ ကုယ်န္ရွန္းက သူ႕ဖုန္းထဲက ဖုန္းနံပါတ္တစ္ခုကို စိုက္ၾကည့္ေနၿပီး သူ႕ႏႈတ္ခမ္းေတြကို တင္းတင္းေစ့လိုက္သည္။

ကုယ်န္ရွန္း႐ုံးခန္းထဲမွ ထြက္လာၿပီးေနာက္ က်ိဳးယြမ္ဖုန္းက သူ႕႐ုံးခန္းထဲမဝင္ခင္ ေကာ္ဖီတစ္ခြက္အရင္ယူလိုက္ေသးသည္။
လက္ထဲမွာ ေကာ္ဖီခြက္ကိုင္ၿပီး အခန္းထဲဝင္ဖို႔ လုပ္မွ မလွမ္းမကမ္းက ဓာတ္ေလွကား၏အေရွ႕တြင္ရပ္ေနသည့္ လူတစ္ေယာက္ကို ႐ုတ္တရက္ လွမ္းျမင္သြားသည္။

ထိုသူက ကုယ်န္ရွန္းျဖစ္ေနၿပီး ဓာတ္ေလွကားတံခါးပြင့္သည္ႏွင့္ အနည္းငယ္အလ်င္လိုေနသည့္ပုံစံျဖင့္ ဓာတ္ေလွကားထဲသို႔ ဝင္သြားခဲ့ၿပီး အထပ္နံပါတ္မ်ားစြာထဲမွာ ပထမထပ္ကိုႏွိပ္လိုက္သည္။
က်ိဳးယြမ္ဖုန္းက ႐ုံးခန္းတံခါးကို တြန္းဖြင့္ၿပီး ခုံမွာမထိုင္ေသးဘဲ မွန္ျပတင္းေပါက္နားသို႔ ျဖည္းျဖည္းခ်င္းေလွ်ာက္သြားလိုက္သည္။ သူ႕လက္ထဲရွိ ေကာ္ဖီခြက္မွ ေကာ္ဖီတစ္ငုံေသာက္လိုက္ၿပီး ကုအေဆာက္အဦး၏ေအာက္ဘက္တြင္ရပ္ထားသည့္ ကားကို ငုံ႕ၾကည့္လိုက္သည္။

လ်င္ျမန္လြန္းေသာအရွိန္ျဖင့္ ထိုကားက ျမန္ဆန္စြာပဲ ေမာင္းထြက္သြားသည္။

"ဒီေကာင္ေတာ့ .... တကယ္ ကိုပါပဲ .... "

ကုယ်န္ရွန္းရဲ႕ ကားက ေဆး႐ုံသို႔ဦးတည္ေနၿပီး လမ္းတစ္ေလွ်ာက္လုံးမွာလည္း သူ႕အိမ္မက္ထဲက ေသြးေတြနဲ႕ မ်က္ရည္ေတြေရာေထြးကာ က်ေနတဲ့ ဝမ္န်ဲ့န်န္ရဲ႕ မ်က္ႏွာကိုပဲ ေတြးေနခဲ့ၿပီး တည္တန္းေနတဲ့ မ်က္ခုံးႏွစ္ဖက္သည္လည္း ထိစပ္လုမတတ္ ျဖစ္ေနသည္။

' ဝမ္န်ဲ့န်န္ရဲ႕ ဒဏ္ရာေတြ ျပန္ေကာင္းလာတာကို သူျမင္ခ်င္သည္။ ဘာေတြျဖစ္ခဲ့တာလဲ။ အဲ့ဒီသုံးရက္မွာ ဘယ္ေတြေရာက္ေနခဲ့ၿပီး ဘာျဖစ္လို႔ ဒီေလာက္မ်ားတဲ့ ဒဏ္ရာနဲ႕ အိမ္ျပန္ေရာက္လာတာလဲ ဆိုတာကို ေမးၾကည့္ခ်င္သည္။ '

လမ္းဆုံမွာ မီးနီေၾကာင့္ ကုယ်န္ရွန္းရဲ႕ ကားကျဖည္းျဖည္းခ်င္း ရပ္တန႔္သြားသည္။ ကားမွန္မွတစ္ဆင့္ ေဘးဘက္ကို အမွတ္မထင္ေငးၾကည့္ရင္း ဖုန္းေၾကာ္ျငာစာ႐ြက္ေတြ လိုက္ေဝေနတဲ့ လူတစ္ေယာက္ကို အမွတ္မထင္ ေတြ႕လိုက္ရသည္။ ထို႔ေနာက္ ကုယ်န္ရွန္းက ထိုသူနဲ႕ သိပ္မေဝးလွတဲ့ ေနရာမွာရွိတဲ့ ဖုန္းဆိုင္ကို မ်က္လုံးပင့္ၿပီး ၾကည့္လိုက္သည္။

ကုယ်န္ရွန္းက သူ႕လက္ထဲက ဖုန္းကို ျပန္ၿပီးငုံ႕ၾကည့္လိုက္ၿပီး တဆက္တည္းမွာပဲ ထူးဆန္းသည့္ အရိပ္အေယာင္မ်ားက သူ႕မ်က္ဝန္းတြင္ ထင္ဟပ္လာသည္။

"ဝယ္ယူအားေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။"

ကုယ်န္ရွန္းက လက္ထဲမွာ အိတ္တစ္လုံးဆြဲၿပီး ကားဆီသို႔ ျပန္ေရာက္လာသည္။ အိတ္ထဲက အသစ္စက္စက္ဖုန္းကိုၾကည့္ၿပီး အနည္းငယ္ေတာ့ ေၾကာင္အေနသေယာင္ရွိေနသည္။

သူဘာလို႔ ႐ုတ္တရက္ႀကီး ဖုန္းဆိုင္ထဲဝင္ၿပီး ဝမ္န်ဲ့န်န္အတြက္ ဖုန္းဝယ္ေပးဖို႔ စိတ္ကူးမိသလဲ သူမသိ။
ဒါမွမဟုတ္ ဝမ္န်ဲ့န်န္ကို ေဆး႐ုံမွာ တစ္ေယာက္တည္း ထားခဲ့မိတာေၾကာင့္ အျပစ္ရွိသလို ခံစားရလို႔လား။ ဒါမွမဟုတ္ ဝမ္န်ဲ့န်န္မွာလည္း ဆက္သြယ္ဖို႔ ဖုန္းမရွိေနတာနဲ႕ သူလည္း ဖုန္းဆိုင္ေရွ႕ျဖတ္မိရင္း လမ္းႀကဳံသြားတာေၾကာင့္ ဝယ္မိတာလား။
ေသခ်ာတာေတာ့ မွားယြင္းေနတာမ်ိဳး ဘာမွ ရွိမေနေပ။ '

ကုယ်န္က သူ႕မ်က္ဝန္းထဲက ထင္ထင္ရွားရွားျဖစ္ေနတဲ့ စိတ္ခံစားခ်က္ေတြကို ဖုံးဖိၿပီး အသက္ျဖည္းျဖည္းရႉလိုက္ကာ ကားစက္ႏွိုးလိုက္သည္။

ေဆး႐ုံကိုေရာက္တဲ့အခါ ကုယ်န္ရွန္းက ေျမေအာက္ထပ္က ကားထားတဲ့ ေနရာမွာ ကားရပ္လိုက္ကာ သူဝယ္လာတဲ့ ဖုန္းအသစ္ေလးကိုလည္း လက္ထဲကိုင္ၿပီး ဓာတ္ေလွကားဆီသို႔ သြားလိုက္သည္။ ထိုစဥ္ သူ႕မ်က္လုံးထဲသို႔ ေတြ႕ဖူးေနက်ျဖစ္တဲ့ မနီးမေဝးတြင္ရပ္ထားသည့္ off-road ကားတစ္စီးကို သတိထားမိလိုက္သည္။ သို႔ေပမယ့္ ထိုကားကို သူဘယ္မွာေတြ႕ဖူးလဲ မမွတ္မိေခ်။ ဒါေၾကာင့္ ထပ္ၿပီးစဥ္းစားမေနေတာ့ဘဲ ဓာတ္ေလွကားထဲသို႔သာ ဝင္သြားလိုက္သည္။

ဓာတ္ေလွကားထဲမွာလည္း ကုယ်န္ရွန္းက သူ႕လက္ထဲက အိတ္ကိုပဲ အၿမဲမျပတ္စိုက္ၾကည့္ေနၿပီး သူ႕မ်က္ဝန္းေတြက တေဖာက္ေဖာက္နဲ႕ လင္းလက္ေနတဲ့ မီးပန္းေလးလို အေရာင္ေတြ လင္းေနသည္။

ဒီဖုန္းက ေနာက္ဆုံးထြက္ထားတဲ့ ဖုန္းအမ်ိဳးအစားဆိုၿပီး ဖုန္းဆိုင္က ဝန္ထမ္းက သူ႕ကိုၫႊန္းေပးခဲ့တာျဖစ္သည္။ သိပ္ကိုလည္း နာမည္ႀကီးၿပီး လူႀကိဳက္လည္းမ်ားေနတာတဲ့။ ထို႔အျပင္ ဝန္ထမ္းက သူ႕ကို အမဲေရာင္ေလးယူဖို႔လည္း ေျပာခဲ့ေသးသည္။ သို႔ေပမယ့္ သူကေတာ့ အျဖဴေရာင္ေလးကိုပိုႀကိဳက္လို႔ အျဖဴေလးကိုပဲ ဝယ္ခဲ့ၿပီး သူ႕အေတြးထဲမွာေတာ့ အျဖဴေရာင္က ဝမ္န်ဲ့န်န္နဲ႕ ပိုၿပီးလိုက္ဖက္မယ္လို႔ ခံစားမိတာေၾကာင့္ပင္ျဖစ္သည္။

"ဒင္း ...."

ဓာတ္ေလွကားတံခါးပြင့္သြားၿပီး ကုယ်န္ရွန္းလည္း ဓာတ္ေလွကားထဲမွ ထြက္လာသည္။ ႏူးညံ့သည့္အမူအရာမ်ားျဖင့္ သူက အခန္း(၂၁၁)ရွိရာသို႔ ဦးတည္သြားေနသည္။ တျဖည္းျဖည္းနဲ႕ သူ႕ေျခလွမ္းေတြက အခန္း(၂၁၁)နဲ႕ နီးကပ္လာတဲ့အခါ အနည္းငယ္ပ်ာယာခတ္လာတဲ့ သူ႕အျဖစ္ကိုေတာင္ သူခံစားမိေနသည္။

အခန္းတံခါးအေရွ႕မွာရပ္ၿပီး ကုယ်န္ရွန္းက ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားလိုက္သည္။ တံခါးကိုဖြင့္ဖို႔ သူ႕လက္ကို ျမႇောက္လိုက္ေပမယ့္ အခန္းတံခါးက ပိတ္မေနဘဲ အနည္းငယ္ပြင့္ေနတာေၾကာင့္ တံခါးလက္ကိုင္ဘုကို ဆုပ္ကိုင္လိုက္ၿပီး တံခါးကိုဆြဲဖြင့္ဖို႔ ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ အခန္းထဲက ေတာက္ပစြာၿပဳံးေနတဲ့ ထ်န္ရႈံးကို သူ ႐ုတ္တရက္ျမင္လိုက္ရသည္။

သူ႕တစ္ကိုယ္လုံးက ေတာင့္တင္းသြားၿပီး သူ႕ေျခလွမ္းေတြလည္း ရပ္တန႔္သြားသည္။

'ဘာလို႔ ထ်န္ရႈံးက ဒီမွာ ရွိေနတာလဲ။'

ခ်က္ခ်င္းဆိုသလို ခက္ထန္သြားသည့္ မ်က္ႏွာထားႏွင့္ ေဒါသေတြလည္း ထြက္လာသည့္အေလ်ာက္ ကုယ်န္ရွန္းက ေျခလွမ္းကိုအေရွ႕တိုးၿပီး တံခါးကိုတြန္းဖြင့္ကာ အခန္းထဲဝင္ဖို႔ ျပင္လိုက္သည္။
သို႔ေပမယ့္ သူ႕ရဲ႕ ခံစားခ်က္နဲ႕ လႈပ္ရွားမႈအားလုံးကို ႐ုတ္တရက္ တိုးဝင္လာသည့္ ေမးခြန္းက ဖ်က္စီးပစ္လိုက္ၿပီး ႏွင္းေတာထဲပစ္ခ်ခံလိုက္ရသလို သူ႕ခႏၶာကိုယ္တစ္ခုလုံး ေအးစက္သြားခဲ့သည္။

'ငါ .... ငါ က ဘာလို႔ စိတ္တိုေနတာလဲ။ ငါ သူ႕နဲ႕ ကြာရွင္းၿပီးၿပီး မဟုတ္ဘူးလား။ ငါက ဘယ္လို သက္ဆိုင္မႈမ်ိဳးနဲ႕ အခန္းထဲဝင္ၿပီး ဝမ္န်ဲ့န်န္ကို ေမးခြန္းထုတ္လို႔ ရမွာလဲ။'

ကုယ်န္ရွန္းက တံခါးလက္ကိုင္ဘုကို ဆုပ္ကိုင္ထားတဲ့ သူ႕လက္ကို ျပန္လႊတ္ၿပီး ျဖစ္ေပၚလာသမွ်မ်က္ဝန္းထဲက ခံစားခ်က္ေတြကို ျပန္လည္ဖုံးဖိကာ အခန္းထဲက စကားေျပာေနတဲ့ သူႏွစ္ေယာက္ကို ေငးၾကည့္လိုက္သည္။
အခန္းထဲ၌ ထ်န္ရႈံးက ဝမ္န်ဲ့န်န္ကို တစ္ခုခုေျပာၿပီး ထိုင္ရာမွထကာ စားပြဲေပၚက ေရခြက္ကိုယူၿပီး တံခါးနားသို႔ ေလွ်ာက္လာသည္။
နာက်င္မႈေတြ ျပည့္ႏွက္ေနတဲ့ မ်က္ဝန္းမ်ားနဲ႕ ကုယ်န္ရွန္းက သူ႕ေျခလွမ္းေတြကို အေနာက္ဆုတ္လိုက္ၿပီး သူေတာင္ သတိမထားမိပါဘဲ သူ႕ခႏၶာကိုယ္က အကြယ္တစ္ခုမွာ ပုန္းလို႔ေနခဲ့ၿပီ။

"ဟယ္လို ? အကို ေရာက္ေနၿပီလား။ လာရင္းနဲ႕ ကြၽန္ေတာ္ကားထဲမွာ က်န္ေနခဲ့တဲ့ အိတ္ေလးယူခဲ့ေပးပါလား။ ဒီမနက္ ကြၽန္ေတာ္ ပစၥည္းတစ္ခုဝယ္ၿပီး ကားထဲေမ့က်န္ခဲ့လို႔။ အင္း ဟုတ္တယ္ (၂၁)ထပ္မွာ။ ကြၽန္ေတာ္ ဓာတ္ေလွကားအဝင္ဝမွာ ေစာင့္ေနမယ္။ "

ဖုန္းေျပာၿပီးေနာက္ ထ်န္ရႈံးက အခန္းထဲမွ ထြက္လာၿပီး တံခါးကို ျဖည္းျဖည္းခ်င္းျပန္ပိတ္ကာ တစ္ဖက္က ေကာ္ရစ္တာဘက္သို႔ သြားလိုက္သည္။

ကုယ်န္ရွန္းက တျဖည္းျဖည္းအေဝးေရာက္သြားတဲ့ ထ်န္ရႈံးရဲ႕ေက်ာျပင္ကို စိုက္ၾကည့္ၿပီး ညွိုးငယ္ေနတဲ့ မ်က္ႏွာနဲ႕ ပုံးေနရာမွ ျပန္ထြက္လာသည္။ အခန္းတံခါးအေရွ႕မွာ တစ္ခါျပန္ရပ္လိုက္ၿပီး ေဆး႐ုံကုတင္ေပၚက ဝမ္န်ဲ့န်န္ကို လွမ္းၾကည့္လိုက္သည္။

ကုတင္ေပၚမွာ ရွိတဲ့ ခံစားလြယ္သလို အထိအခိုက္လည္းလြယ္ကာ ပိန္ပါးေနတဲ့ သူကိုၾကည့္ၿပီး တုန္လႈပ္ေခ်ာက္ခ်ားမႈကို ႐ုတ္တရက္ခံစားလိုက္ရသည္။

'ဝမ္န်ဲ့န်န္က ပိန္သြားတယ္။ သူ အရမ္းကို ပိန္သြားတယ္ ။ သူ႕မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး ပိုၿပီးခံစားလြယ္သလို ျဖစ္ေနသည္။ အရင္ကထက္လည္း ပိုၿပီး စိတ္အားငယ္ေနတယ္လို႔ ထင္ရသည္။ '

ဝမ္န်ဲ့န်န္က ေဆး႐ုံကုတင္ေပၚမွာ တိတ္ဆိတ္စြာ လဲေလ်ာင္းေနၿပီး ျပတင္းေပါက္ အျပင္ဘက္က ႏွင္းပြင့္ေတြကို ေငးၾကည့္ေနသည္။
နဖူးကဒဏ္ရာက ေသြးဆို႔ေနေသးတာေၾကာင့္ ၾကည့္ရဆိုးေနေသးသည္။ ေခါင္းကို စည္းပတ္ထားသည့္ ပိတ္က်ဲစကို ျဖည္လိုက္ၿပီး ျဖစ္ေပမယ့္ အမာ႐ြတ္ရာ မွိန္မွိန္ေလးေတာ့ က်န္ေနေသးၿပီး ဂြမ္းစနဲ႕ေတာ့ အုပ္ထားေသးသည္။ သူ႕လည္ပင္းကဒဏ္ရာကေတာ့ အမ်ားႀကီး သက္သာေနခဲ့ၿပီ။

ကုယ်န္ရွန္းက ဝမ္န်ဲ့န်န္ရဲ႕ ေျခေထာက္မွာ စည္းထားတုန္းျဖစ္တဲ့ ပတ္တီးစကိုၾကည့္ၿပီး သူ႕မ်က္ဝန္းအၾကည့္ေတြက ပိုလို႔ နက္ရွိုင္းသြားသည္။

'သူ႕အၾကည့္ေတြကို လႊဲလိုက္မိသည္။'

ထ်န္ရႈံးရဲ႕အသံက မလွမ္းမကမ္းကေန ျပန္ၿပီး ၾကားလာရၿပီး ၾကည့္ရတာ သူတစ္ေယာက္ေယာက္နဲ႕ စကားေျပာေနတာ ျဖစ္မည္။ ထ်န္ရႈံးရဲ႕ စကားသံကို ၾကားသည္ႏွင့္ ကုယ်န္ရွန္းက သူ႕ႏႈတ္ခမ္းပါးကို ဖိကိုက္ၿပီး အကြယ္တစ္ဖက္သို႔ ေစာင္းကာ ပုန္းလိုက္သည္။

"မင္းကေတာ့ အၿမဲတမ္း ပစၥည္းေတြကို ခ်န္ခ်န္ေနေတာ့တာပဲ။ ဒီလို အေရးႀကီးတဲ့ပစၥည္းကို ဘယ္လိုမ်ား ေမ့က်န္နိုင္ရတာလဲ။ မင္းကားေသာ့အပိုကို ငါ့ဆီေပးထားတာကလဲ မင္းက်န္ခဲ့တဲ့ ပစၥည္းေတြ ယူခိုင္းဖို႔ပဲလား။"

ထ်န္လြမ္႐ႊန္းက သူ႕လက္ေမာင္းနဲ႕ ပုခုံးတင္ေပြ႕ဖက္ထားတဲ့ ညီျဖစ္သူထ်န္ရႈံးကိုၾကည့္ၿပီး ေမးလိုက္သည္။ ထ်န္ရႈံးကေတာ့ အခန္းရွိရာသို႔အလ်င္အျမန္သြားေနၿပီး ၿပဳံးေနခဲ့သည္။

"အကို ... အကိုက န်ဲ့န်န္ကို ေတြ႕ခ်င္လို႔လာတာပဲမလား။ ပစၥည္းပါ ယူခိုင္းမိတာက မေကာင္းဘူးဆိုေပမယ့္ ဝမ္န်ဲ့နန္က တစ္ေယာက္တည္း ထားခဲ့လို႔ မျဖစ္ဘူးေလ။ သူအိပ္ေနတဲ့ အခ်ိန္မွာ ဒါကို အေျပးသြားဝယ္ထားရတာ။ ကြၽန္ေတာ္ျပန္မေရာက္ခင္ သူနိုးသြားမွာ စိတ္ပူေနတာနဲ႕ ေမ့သြားတာ"

"အကို... . ျမန္ျမန္လာ !"

ထ်န္ရႈံးက သူ႕အကို ထ်န္လြမ္႐ႊန္းကို ဆြဲေခၚၿပီး အခန္းရွိရာသို႔ ျမန္ျမန္ေလွ်ာက္လာကာ တံခါးဖြင့္ၿပီး အခန္းထဲသို႔ ဝင္သြားခဲ့သည္။
ထ်န္ရႈံးတံခါးကို ျပန္ပိတ္လိုက္ေပမယ့္ အလ်င္လိုေနတဲ့ သူ႕စိတ္ေၾကာင့္ တံခါးက အျပည့္မပိတ္ဘဲ အနည္းငယ္ဟၿပီး က်န္ေနခဲ့သည္။

ထ်န္ရႈံးအခန္းထဲ ဝင္သြားသည္ႏွင့္ ကုယ်န္ရွန္းက မႈန္ကုပ္ၿပီး ေၾကာက္လန႔္စရာေကာင္းသည့္ မ်က္ႏွာထားျဖင့္ အခန္းဝနားသို႔ ေလွ်ာက္သြားၿပီး အထဲက လူေတြကို စိုက္ၾကည့္ကာ သူ႕လက္သီးကို တင္းတင္းၾကပ္ၾကပ္ဆုပ္လိုက္သည္။

အခန္းထဲမွာ ထ်န္ရႈံးက ဝမ္န်ဲ့န်န္ကို စကားေျပာေနၿပီး ႐ုတ္တရက္ သူယူလာတဲ့ အိတ္ထဲက ဗူးႏွစ္ဗူးကို ဆြဲထုတ္လိုက္သည္။

အခန္းအျပင္ဘက္ရွိ ကုယ်န္ရွန္းက ထ်န္ရႈံးလက္ထဲ ဘာရွိတယ္ ဆိုတာကို ျမင္ၿပီးေနာက္ ထိတ္လန႔္သြားတဲ့ မ်က္ဝန္းေတြနဲ႕ မွင္သက္သြားခဲ့သည္။
သူေတာင္ သတိမထားမိခင္မွာပဲ သူ႕ေျခလွမ္းေတြက အခန္းဝနားသို႔ လွမ္းေနၿပီး ႐ုတ္တရက္ဆိုသလို က်ယ္ေလာင္သည့္အသံတစ္ခု ျဖစ္ေပၚသြားသည္အထိ တံခါးကို ဆြဲဖြင့္လိုက္သည္။

_____________🌻____________

Black 🌻 Lotus
Words-4810
Jun/29/2021
Wine.

_____________🌻____________

Continue Reading

You'll Also Like

580K 36.6K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
267K 15.7K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
291K 10.5K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...