တရုတ်ဆရာဝန်အိုကြီးတွေကို emoj...

By LuciousKim

133K 27.7K 1.9K

Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါေလးကေပါ့ေပ... More

Description
Chapter (1.1)
Chapter (1.2)
Chapter (2.1)
Chapter (2.2)
Chapter (3.1)
Chapter (3.2)
Chapter (3.3)
Chapter (4.1)
Chapter (4.2)
Chapter (4.3)
Chapter (5.1)
Chapter (6.1)
Chapter (6.2)
Chapter (7.1)
Chapter (7.2)
Chapter (8.1)
Chapter (8.2)
Chapter (9.1)
Chapter (9.2)
Chapter (10.1)
Chapter (10.2)
Chapter (11)(Final)
extra

Chapter (5.2)

4.3K 1K 176
By LuciousKim

Zawgyi

30.

ငါ Wang Dequan ဆီကိုသြားျပီးေျပာလိုက္တယ္
"ခင္ဗ်ား က်ြန္ေတာ့္အေမေျပာသမ်ွစကားေတြကို ျပန္ေျပာေပးေနစရာမလိုပါဘူး သူက ပ်င္းေနလို႔ေတြ႕သမ်ွကို လိုက္ျပီးပို႔ေပးေနတာ က်ြန္ေတာ္ သူ႕ကိုခဏခဏေျပာခဲ့ေပမယ့္ ဘယ္ေတာ့မွနားမေထာင္ဘူး ..သူက ခင္ဗ်ားျပန္ေျပာေျပာ မေျပာေျပာဂရုစိုက္ေနမွာမဟုတ္ပါဘူး "

" သူမ ပ်င္းေနတယ္ဆိုတာကို မင္းသိေနရဲ႕နဲ႕ ဘာလို႔အေဖာ္ျပဳျပီးစကားမေျပာေပးတာလဲ "

ဒီလိုသေဘာေပါက္မႈမ်ိဳးက ..

ၾကည့္ရတာ ငါ့အေမက Wang Dequan ကိုေအာင္ေအာင္ျမင္ျမင္ brainwash လိုက္နိုင္ျပီး ငါက အခု Wang Dequanဆီမွာ brainwash ခံလိုက္ရတယ္ထင္တယ္။ ငါ Wechat နဲ႕ QQ အေကာင့္ေတြထဲမွာ လူအိုၾကီးေတြသံုးတဲ့ emojiေတြကို စုေဆာင္းခဲ့ရျပီး အသက္ၾကီးတဲ့လူေတြနဲ႕စကားေျပာတဲ့ေနရာမွာလဲ ေတာ္ေတာ္ေလးက်ြမ္းက်င္လာျပီ။

ရလဒ္အေနနဲ႔ကေတာ့ ငါရဲ႕အလုပ္ထဲမွာ မေက်မနပ္ျဖစ္တဲ့စကားေတြအမ်ားၾကီးကို လက္ခံရရိွေတာ့တာပဲ။ ငါတာဝန္ယူထားတဲ့ စာေရးဆရာတစ္ေယာက္ဆိုရင္ စိတ္ရွည္မႈေတြေပ်ာက္ဆံုးသြားျပီး တကယ္လို႔ငါသာ အသက္ၾကီးတဲ့လူေတြသံုးတဲ့ emojiကိုထပ္ပို႔မယ္ဆိုရင္ သူ႕ရဲ႕ ညဏ္ကြန္႔ျမဴးျခင္းကို တမင္ေနွာင့္ယွက္တာျဖစ္တဲ့အတြက္ သူ႔ရဲ႕စာမူကို အခ်ိန္မွီလာေပးနိုင္မွာမဟုတ္ဘူးလို႔ေျပာခဲ့တယ္။

ငါသူ႕ကို သူ႕ရဲ႕သနားစရာေကာင္းတဲ့ေခါင္းေဆာင္ရဲ႕အေျခအေနကို ေသေသခ်ာခ်ာေလးရွင္းျပခဲ့တယ္ ။ ေနာက္ျပီး သူက သူ႕ရဲ႕စာမူကိုေပးဖို႕အတြက္အျမဲတမ္းလိုလိုအခ်ိန္ဆြဲေနက်ျဖစ္ျပီး ငါ့အေပၚမွာအျပစ္ပံုခ်သြားခဲ့တာ (ငါ့ရဲ႕ လူအိုျကီးေတြသံုးတဲ့ emojiေတြအေပၚမွာေကာေပါ့ )
သူက အျမဲတမ္းသူလုပ္ခ်င္သလိုပဲလုပ္ေနတဲ့လူေလ !

ဌာနအစည္းအေဝးလုပ္ျပီး ရာထူးျမင့္တဲ့သူေတြက မဲေပးျပီးတဲ့ေနာက္မွာေတာ့ အက္ဒီတာဌာနထဲက အဖြဲ႕ဝင္ေတြအကုန္လံုးက တစ္စိတ္တစ္ဝမ္းထဲသေဘာတူခဲ့ၾကတဲ့အတြက္ ငါ...

တရားဝင္ေတာင္းပန္စာတင္ခဲ့ရတယ္ !

31.

အခ်ိန္ဆြဲတတ္တဲ့စာေရးဆရာကေတာ့ ေအာင္ျမင္မႈကိုရရိွသြားခဲ့ျပီး ေဒါသထြက္စရာေကာင္းေလာက္ေအာင္ group chatထဲမွာ comic emoji ေတြကိုတေပ်ာ္တပါးၾကီးတန္းစီပို႔ေတာ့တယ္။ ေသးငယ္တဲ့အမ်ိဳးသားရဲ႕မ်က္နွာက စြမ္းအင္ေတြျပည့္ဝေနကာ မူးယစ္ေနဟန္ရိွျပီး သမိုင္းဝင္ေက်ာက္တိုင္ကို ေလွာင္ေျပာင္ေနတာေၾကာင့္ လူေတြကဖမ္းစီးလိုက္ၾကတဲ့ပံုပဲ ။ (emoji ပံုစံကိုေျပာတာထင္တယ္)

ဆံပင္ေတြ မီးခိုးေရာင္သန္းေနျပီျဖစ္တဲ့ ဥကၠဌကေျပာလာတယ္ ။
"Xiao Du.. မင္းရဲ႕အရသာခံစားနိုင္စြမ္းမွာျပသနာရိွေနျပီထင္တယ္။ ငါေတာင္မွ အဲလို emojiမ်ိဳးကိုမသံုးဘူးေလ . . ငါတို႔လိုစာေပပိုင္းဆိုင္ရာအလုပ္သမားေတြက နည္းလမ္းေဟာင္းေတြကိုပဲမေတြးေတာသင့္ဘူး ငါတို႔ေတြက တက္ၾကြျမဴးတူးတဲ့အခ်ိန္ေတြကိုထိန္းသိမ္းသင့္တာ "

ငါအရမ္းကိုေဒါသထြက္တယ္ေနာ္

ငါလံုးဝေပ်ာ္မေနေတာ့ဘူး !

ဒါတြအားလံုးရဲ႕အဓိကလက္သည္တရားခံက Wang Dequanပဲ ။ မင္းတို႔ပဲေတြးၾကည့္ေလ .. ငါသူ႕ကို ဆန္းသစ္တဲ့ emoji ေတြအသံုးျပဳတတ္ေအာင္မသင္ေပးခဲ့ဘူးလား !

ငါ Wechat အေကာင့္ကို ေဒါသတၾကီးဖြင့္လိုက္ေတာ့ မၾကာခင္က ငါသိမ္းဆည္းလိုက္တဲ့ emoji တစံုကိုေတြ႕လိုက္ရတယ္။ အဲဒီထဲကတစ္ခုက "ေဘဘီေလး နာက်င္ေနတယ္" ဆိုျပီးေျပာထားတာကိုေတြ႕လိုက္တာေၾကာင့္ ငါ အဲဒီတစ္ခုကိုပဲ Wang Dequanဆီကိုေပးပို႔လိုက္တယ္။

အခ်ိန္သိပ္မၾကာလိုက္ပဲ ျပန္ပို႔လာတဲ့စာကို ငါလက္ခံရရိွလိုက္တယ္။

Wang Dequan: ဘာျဖစ္လို႔လဲ ?

Normcore: က်ြန္ေတာ္ မေပ်ာ္ေတာ့ဘူး

Wang Dequan: ဘာျဖစ္လို႔မေပ်ာ္ရတာလဲ ?

Normcore: ဒီေန႔ ေဘဘီအဆူခံရတယ္ေလ အခုအရမ္းဝမ္းနည္းေနျပီ !

အထင္မလြဲၾကပါနဲ႕ ။ ဒါက ငါပံုမွန္စကားေျပာတဲ့ပံုစံ မဟုတ္ပါဘူး ။ ငါ အမွန္တကယ္စိတ္ဆိုးေနတာလည္း မဟုတ္ဘူး။ မင္းတို႔က ငါ့ကို ရိုးသားတဲ့လူေတြအေပၚမွာ လိမ္ညာအျမတ္ထုတ္ေနတဲ့လူဆိုျပီး ထင္ခ်င္ထင္ေနလိမ့္မယ္ ။ ေနာက္ျပီး ငါကပိုျပီးေကာင္းေကာင္းမလုပ္နိုင္တဲ့အခ်ိန္မွာ ငါ့ရဲ႕ေပ်ာ္ရႊင္မႈအတြက္ျပဳလုပ္တဲ့နည္းလမ္းေတြက မွားယြင္းေနတာလားလို႔ ငါ့ကိုယ္ငါေတာင္သံသယရိွတယ္။ ဒါက ကုသဖို႔နည္းလမ္းမရိွဘူး။

ဒါေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ Wang Dequan က ငါ့ကိုစကားျပန္မေျပာလာေတာ့ဘူး ။

ေဟး.. သူက ဘယ္တုန္းကမွဒီလိုမ်ိဳးမလုပ္ခဲ့ပါဘူး ? ငါဘာလို႔ အဆူခံရလဲဆိုတာ သူဘာေၾကာင့္ေမးခြန္းျပန္မေမးတာလဲ ? အနည္းဆံုးေတာ့ ငါဘာလို႔ဒီေန႕က်မွ ကြဲျပားေနရတာလဲဆိုတာကို ျပန္ေမးသင့္တယ္ေလ။

ဒါက သူအရမ္းကိုေနမေကာင္းျဖစ္ေနခဲ့တာမ်ိဳးသာ မဟုတ္ခဲ့ဘူးဆိုရင္ သူငါ့ကိုလ်စ္လ်ဴရႈေနတာပဲ ဟုတ္တယ္မလား ?

သူပို႔ေနက်ပံုစံအတိုင္း " ငါမင္းကိုေနတိုင္းေပ်ာ္ရႊင္ပါေစလို႔ဆုေတာင္းေပးပါတယ္" ဆိုတဲ့လူအိုၾကီးေတြသံုးတတ္တဲ့ emoji ပို႔ေပးတာေလာက္ေတာင္ ေနသားတက်ျဖစ္မေနဘူး !

မဟုတ္ေသးဘူး ။ သူငါ့ကိုခ်စ္ေနေသးတယ္ဆိုတာေသခ်ာပါတယ္ ။ ဒါမွမဟုတ္ လူနာေတြဘာေတြမ်ား ရုတ္တရက္ၾကီးေရာက္လာလို႔လား ။ ဒီေတာ့ ငါသူ႕ကိုထပ္ျပီးအေနွာင့္အယွက္မေပးတာ ပိုေကာင္းလိမ့္မယ္။

အဲဒီေနာက္ မဂၢဇင္းအတြက္ေခါင္းစဥ္ေရြးခ်ယ္မယ့္ အစည္းအေဝးစတင္ဖို႔ ေၾကညာလိုက္တယ္။

32.

အလုပ္သိမ္းျပီး ျပန္ဖို႔လုပ္တဲ့အခ်ိန္မွာေတာ့ ဧည္ၾကိဳေကာင္တာမွာရိွတဲ့အမ်ိဳးသမီးမွ တစ္ေယာက္ေယာက္က ငါ့ကိုေစာင့္ေနေၾကာင္းေျပာလာခဲ့တယ္။

ငါထြက္လာတဲ့အခ်ိန္မွာေတာ့ မဂၢဇင္းအဖြဲ႔အစည္းရဲ႕ဧည့္သည့္ေဆာင္မွာ တျခားသူေတြနဲ႔ ကြဲထြက္စြာရိွေနတဲ့ Wang Dequanကိုျမင္လိုက္ရတယ္။ ငါအံ့ၾသဖို႔အခ်ိန္မရလိုက္ခင္မွာပဲ သူကငါ့ရဲ႕လက္ကို လာျပီးဆြဲေခၚသြားခဲ့တယ္။

သူက အျပင္ဘက္က လူေတြမျမင္နိုင္ေလာက္တဲ့ ေထာင့္ခ်ိဳးအထိ ငါ့ကိုဆြဲေခၚသြားခဲ့တယ္ ။ ဒါက သူ႕ရဲ႕မ်က္နွာေပၚမွာတည္ျငိမ္မႈေတြေပ်ာက္ဆံုးေနတာကို ငါပထမဆံုးအၾကိမ္ ျမင္ဖူးတာပဲ ။

"ကိုယ္ အဲဒီအေၾကာင္းကိုေတြးၾကည့္ျပီးျပီ"
သူက ငါ့ရဲ႕လက္ကို ခိုင္ျမဲစြာဆုတ္ကိုင္ထားျပီး နက္ရိႈင္းျပီးအဓိပၸာယ္အမ်ားၾကီးပါဝင္တဲ့ မ်က္ဝန္းေတြနဲ႕စိုက္ၾကည့္ေနခဲ့တယ္။ အဲဒီေနာက္ ခိုင္ခိုင္မာမာဆံုးျဖတ္ထားတဲ့ပံုစံနဲ႕ဆက္ေျပာလာတယ္။

"မင္းအတိတ္မွာဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ ကိစၥမရိွဘူး ကိုယ္မင္းကိုၾကိဳက္ေနတုန္းပဲ "

"Huh?"

" အဲဒီကေလးက ဘယ္လိုပဲျဖစ္ေနပါေစ ကိုယ္တို႔ရဲ႕ကေလးျဖစ္လာရင္ ကိုယ္အမ်ားၾကီးခ်စ္ေပးမွာပါ "

"... ဘယ္လို ?"

" မင္းေျပာခဲ့တဲ့ အဲဒီ"ကေလး" ေလ"
သူက ၾကင္နာျပီးေႏြးေထြးမႈေတြပါဝင္ေနတဲ့ေလသံနဲ႕ဆက္ျပီးေမးခဲ့တယ္
" သူတို႔က ဘယ္အရြယ္ေလးေတြလဲ ? နာမည္ေတြကေရာ ? ေယာက်္ားေလးလား မိန္းကေလးလား? ကိုယ္သူတို႕နဲ႕ေတြ႕လို႔ရမလား ? "

(T/N - မရယ္ၾကနဲ႕ မရယ္ၾကနဲ႕ )

33.

ဘာလဲ? ဘာကိုသစ္လြန္ဆန္းသစ္တဲ့emojiေတြလဲ ?

ဘယ္သူမွဂရုစိုက္မေနဘူး okay?

ငါလံုးဝကိုဆံုးျဖတ္ခ်က္ခ်လိုက္ျပီကြ ။ အခုကစျပီး လူအိုၾကီးေတြသံုးတဲ့ emojiေတြကိုပဲ ပို႔ေတာ့မယ္ !

34.

အဲဒီမေတာ္တဆျဖစ္ရပ္ျပီးသြားတဲ့ေနာက္မွာ Wang Dequanနဲ႕ငါ့ၾကားထဲက ခံစားခ်က္ေတြက သိသိသာသာၾကီးတိုးတက္လာခဲ့တယ္။ ေနာက္ဆံုးေတာ့ ငါတို႔ေတြက ေရွးရိုးစြဲ ခ်ိန္းေတြ႕တဲ့နည္းလမ္းေတြျဖစ္တဲ့ ညစာစားျခင္း ပန္းျခံတစ္ဝိုက္မွာ လမ္းေလ်ွာက္ျခင္းဆိုတဲ့ အရာေတြကိုေက်ာ္ျဖတ္နိုင္ခဲ့ျပီ။ ငါတို႕ေတြက တစ္ျခားတစ္ေယာက္ရဲ႕ဘဝေနထိုင္မႈထဲကို ေနာက္တစ္ေယာက္ကဝင္ေရာက္နိုင္တဲ့အေျခအေနကိုစတင္လာခဲ့ျပီ။

ဥပမာေျပာရင္ သူက ငါကို ငါတို႕ျမိဳ႕မွာက်င္းပျပဳလုပ္တဲ့ XXၾကိမ္ေျမာက္ နိုင္ငံတကာေဆးဝါးသိပၸံဖိုရမ္ကို ေႏြးေထြးစြာဖိတ္ၾကားခဲ့တာမ်ိဳးေပါ့ ။ ငါပရိသတ္ေတြၾကားထဲမွာထိုင္ျပီးေတာ့ သူ႕ရဲ႕တစ္နွစ္ပတ္လံုးစာ အစီရင္ခံစာျဖစ္တဲ့ " တရုတ္ေဆးဝါးပညာျဖင့္ အသည္းပ်က္စီးျခင္းလကၡဏာကို သုေသသနျပဳျခင္း နွင့္ ဖူယန္း ကုသျခင္းနည္းပညာကို စနစ္တက်ေဝဖန္ဆန္းစစ္ျခင္းကို ေလ့လာျခင္း " ကိုအေလးအနက္ထားျပီးနားေထာင္ခဲ့တယ္။

အရမ္းကိုထက္ျမတ္လြန္းတဲ့ တရုတ္လူမ်ိဳးေတြနဲ႕ နိုင္ငံျခားသားေတြရိွေနတဲ့ ဂုဏ္သေရရိွဧည့္သည္ေတာ္ေတြရဲ႕ၾကားထဲမွာ Wang Dequanက တည္ျငိမ္ေအးေဆးစြာ ၊ ယဥ္ေက်းစြာ ၊ ခန္႕ညားစြာ ၊ ေၾကာ့ရွင္းစြာရိွေနခဲ့ျပီး ဆံပင္ပံုစံကိုလည္း စြဲျမဲစြာထားတတ္ေသးတယ္။ ဒါက အစစ္အမွန္အလွအပျမင္ကြင္းမ်ိဳးပဲ ။

တကယ္လို႔ ပရိသတ္ေတြအတြက္ခ်ထားတဲ့ထိုင္ခံုရဲ႕ေနာက္မွီက ဒီထက္နည္းနည္းေလးပိုျမင့္ရင္ေတာ့ ပိုျပီးေကာင္းသြားလိမ့္မယ္။ ငါအိပ္ေပ်ာ္သြားတဲ့အခ်ိန္မွာ ငါ့ေခါင္းက ဟိုဘက္ဒီဘက္ကို ယိုင္က်မသြားေအာင္လို႔ေပါ့ ။

35.

မ်က္ေတာင္တစ္ခတ္စာအခ်ိန္ေလးမွာပဲ နွစ္ကုန္ခါနီးကိုေရာက္လာခဲ့ျပီ။ ရံုးခ်ဳပ္က နွစ္ကုန္စည္းေဝးလုပ္ဖို႔ ငါတို႔ကိုသတိေပးလာခဲ့ျပီး မိသားစုဝင္ေတြကိုပါ ေခၚလာနိုင္ေၾကာင္းေျပာခဲ့တယ္။

ဒီတစ္ေခါက္ကေတာ့ Wang Dequanက ငါ့ေနာက္ကိုလိုက္ရမယ့္အလွည့္ပဲ။

ရွင္ရွင္းလင္းလင္းျဖစ္ေစဖို႔အတြက္ ငါတို႔ရဲ႕မဂၢဇင္းေအဂ်င္စီက ရယ္စရာေကာင္းေလာက္တဲ့ နံပါတ္ေတြကိုစီစဥ္ေပးခဲ့ျပီး ငါတို႔ဟာ က႑စံုတဲ့သတင္းစာေတြနဲ႕ ဖက္ရွင္မဂၢဇင္းေတြထုတ္လုပ္တဲ့ က်ယ္ျပန္တဲ့မီဒီယာလုပ္ငန္းစုရဲ႕ အဖြဲ႕ဝင္ေတြျဖစ္ေၾကာင္း ေဖာ္ျပခိုင္းခဲ့တယ္။ ဒါေပမယ့္ ယေန႕ေခတ္မွာ စာေပမီဒီယာက႑ေတြ က်ဆင္းလာခဲ့ျပီး အတိုအထြာေလးေတြကိုဖတ္ရႈမႈက ျမင့္မားလာခဲ့တယ္။ ငါတို႔ရဲ႕စာတိုက္က ထုတ္ေဝေနဆဲျဖစ္တဲ့ ေနာက္ဆံုးစာတိုက္ထဲကတစ္ခုပဲေလ။

(E-trans note - အတိုအထြာေလးေတြဖတ္တယ္ဆိုတာက social mediaေတြကသတင္းေတြ ဒါမွမဟုတ္ blog ေတြမွာတင္တဲ့ဟာမ်ိဳးေတြကို ဖတ္တာကိုရည္ညႊန္းတာပါတဲ့)

ဘယ္လိုေနရာမ်ိဳးမွာမဆို ကေလကေခ်ေတြကရိွေနတတ္တာပဲ။ ဖက္ရွင္ဌာနက လူအုပ္စုေတြက ငါတို႕ရဲ့အက္ဒီတာဌာနကို အျမဲတမ္းပိတ္ဆို႔ထားခဲ့တာ။ သူတို႕က ငါတို႔ေတြကိုအျမဲတမ္းေလွာင္ေျပာင္ခဲ့ၾကျပီး အိုေဟာင္းေနတဲ့စာေပပညာရွင္ေတြ ၊ အတိတ္ကိုလြမ္းေဆြးဖို႕ေရာင္းေနတာကလြဲျပီး ဘာမွအသံုးမဝင္တဲ့လူေတြ စတဲ့ စကားေတြကိုေျပာဆိုခဲ့ၾကတယ္။

အက္ဒီတာေခါင္းေဆာင္ကေတာ့ စိတ္အေနွာင့္အယွက္အျဖစ္ရဆံုးလူပဲ ။ သူတို႕ေတြက အဆိပ္ျပင္းတဲ့လ်ွာေတြကိုပိုင္ဆိုင္ထားၾကေပမယ့္ (EQ)ကေတာ့ အရမ္းကိုနိမ့္ပါးလြန္းတယ္။ အဲဒီထဲက တစ္ေယာက္ရဲ႕ နာမည္ေျပာင္က "T"ျဖစ္ျပီး သူ႔ရဲ႕ တစ္ဖက္သားအေပၚေလွာင္ရယ္တတ္တဲ့ အရည္အခ်င္းေၾကာင့္ သူ႔ကို လူေတြပိုျပီးမုန္းတီးလာေစလိမ့္မယ္။

သူက ငါ့ကိုတစ္ခါေျပာဖူးတယ္။
"ေျခဆံုးေခါင္းဆံုးၾကည့္ရင္ သူရဲ႕ပံုစံက Gayကလြဲျပီးတျခားမျဖစ္နိုင္ဘူး ေနာက္ျပီးဝတ္ပံုစားပံုဖက္ရွင္အရ ဘယ္လိုမွ Singleမျဖစ္နိုင္ဘူး "

အိုး.. ဒါေပမယ့္ ဒီည ညစာစားပြဲျပီးရင္ ငါတို႔အက္ဒီတာဌာနက ကာရာအိုေကသြားဆိုဦးမွာေလ။ Wang Dequan ရဲ႕ လူအိုၾကီးေတြစီးတတ္တဲ့ electric Sedan ကားေလးကို အဲဒီေကာင္ျမင္လိုက္တဲ့အခ်ိန္မွာ ျဖစ္သြားတဲ့ပံုစံကိုျမင္ေတာ့ ငါေနာက္တစ္ေခါက္ ဖက္ရွင္နဲ႕ပတ္သက္ျပီးအေျပာခံရမယ္ဆိုတာကို ၾကိဳျပီး ျမင္ေယာင္ေနျပီ ။

***
Unicode

30.

ငါ Wang Dequan ဆီကိုသွားပြီးပြောလိုက်တယ်
"ခင်ဗျား ကျွန်တော့်အမေပြောသမျှစကားတွေကို ပြန်ပြောပေးနေစရာမလိုပါဘူး သူက ပျင်းနေလို့တွေ့သမျှကို လိုက်ပြီးပို့ပေးနေတာ ကျွန်တော် သူ့ကိုခဏခဏပြောခဲ့ပေမယ့် ဘယ်တော့မှနားမထောင်ဘူး ..သူက ခင်ဗျားပြန်ပြောပြော မပြောပြောဂရုစိုက်နေမှာမဟုတ်ပါဘူး "

" သူမ ပျင်းနေတယ်ဆိုတာကို မင်းသိနေရဲ့နဲ့ ဘာလို့အဖော်ပြုပြီးစကားမပြောပေးတာလဲ "

ဒီလိုသဘောပေါက်မှုမျိုးက ..

ကြည့်ရတာ ငါ့အမေက Wang Dequan ကိုအောင်အောင်မြင်မြင် brainwash လိုက်နိုင်ပြီး ငါက အခု Wang Dequanဆီမှာ brainwash ခံလိုက်ရတယ်ထင်တယ်။ ငါ Wechat နဲ့ QQ အကောင့်တွေထဲမှာ လူအိုကြီးတွေသုံးတဲ့ emojiတွေကို စုဆောင်းခဲ့ရပြီး အသက်ကြီးတဲ့လူတွေနဲ့စကားပြောတဲ့နေရာမှာလဲ တော်တော်လေးကျွမ်းကျင်လာပြီ။

ရလဒ်အနေနဲ့ကတော့ ငါရဲ့အလုပ်ထဲမှာ မကျေမနပ်ဖြစ်တဲ့စကားတွေအများကြီးကို လက်ခံရရှိတော့တာပဲ။ ငါတာဝန်ယူထားတဲ့ စာရေးဆရာတစ်ယောက်ဆိုရင် စိတ်ရှည်မှုတွေပျောက်ဆုံးသွားပြီး တကယ်လို့ငါသာ အသက်ကြီးတဲ့လူတွေသုံးတဲ့ emojiကိုထပ်ပို့မယ်ဆိုရင် သူ့ရဲ့ ညဏ်ကွန့်မြူးခြင်းကို တမင်နှောင့်ယှက်တာဖြစ်တဲ့အတွက် သူ့ရဲ့စာမူကို အချိန်မှီလာပေးနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်။

ငါသူ့ကို သူ့ရဲ့သနားစရာကောင်းတဲ့ခေါင်းဆောင်ရဲ့အခြေအနေကို သေသေချာချာလေးရှင်းပြခဲ့တယ် ။ နောက်ပြီး သူက သူ့ရဲ့စာမူကိုပေးဖို့အတွက်အမြဲတမ်းလိုလိုအချိန်ဆွဲနေကျဖြစ်ပြီး ငါ့အပေါ်မှာအပြစ်ပုံချသွားခဲ့တာ (ငါ့ရဲ့ လူအိုကြီးတွေသုံးတဲ့ emojiတွေအပေါ်မှာကောပေါ့ )
သူက အမြဲတမ်းသူလုပ်ချင်သလိုပဲလုပ်နေတဲ့လူလေ !

ဌာနအစည်းအဝေးလုပ်ပြီး ရာထူးမြင့်တဲ့သူတွေက မဲပေးပြီးတဲ့နောက်မှာတော့ အက်ဒီတာဌာနထဲက အဖွဲ့ဝင်တွေအကုန်လုံးက တစ်စိတ်တစ်ဝမ်းထဲသဘောတူခဲ့ကြတဲ့အတွက် ငါ...

တရားဝင်တောင်းပန်စာတင်ခဲ့ရတယ် !

31.

အချိန်ဆွဲတတ်တဲ့စာရေးဆရာကတော့ အောင်မြင်မှုကိုရရှိသွားခဲ့ပြီး ဒေါသထွက်စရာကောင်းလောက်အောင် group chatထဲမှာ comic emoji တွေကိုတပျော်တပါးကြီးတန်းစီပို့တော့တယ်။ သေးငယ်တဲ့အမျိုးသားရဲ့မျက်နှာက စွမ်းအင်တွေပြည့်ဝနေကာ မူးယစ်နေဟန်ရှိပြီး သမိုင်းဝင်ကျောက်တိုင်ကို လှောင်ပြောင်နေတာကြောင့် လူတွေကဖမ်းစီးလိုက်ကြတဲ့ပုံပဲ ။ (emoji ပုံစံကိုပြောတာထင်တယ်)

ဆံပင်တွေ မီးခိုးရောင်သန်းနေပြီဖြစ်တဲ့ ဥက္ကဌကပြောလာတယ် ။
"Xiao Du.. မင်းရဲ့အရသာခံစားနိုင်စွမ်းမှာပြသနာရှိနေပြီထင်တယ်။ ငါတောင်မှ အဲလို emojiမျိုးကိုမသုံးဘူးလေ . . ငါတို့လိုစာပေပိုင်းဆိုင်ရာအလုပ်သမားတွေက နည်းလမ်းဟောင်းတွေကိုပဲမတွေးတောသင့်ဘူး ငါတို့တွေက တက်ကြွမြူးတူးတဲ့အချိန်တွေကိုထိန်းသိမ်းသင့်တာ "

ငါအရမ်းကိုဒေါသထွက်တယ်နော်

ငါလုံးဝပျော်မနေတော့ဘူး !

ဒါတွအားလုံးရဲ့အဓိကလက်သည်တရားခံက Wang Dequanပဲ ။ မင်းတို့ပဲတွေးကြည့်လေ .. ငါသူ့ကို ဆန်းသစ်တဲ့ emoji တွေအသုံးပြုတတ်အောင်မသင်ပေးခဲ့ဘူးလား !

ငါ Wechat အကောင့်ကို ဒေါသတကြီးဖွင့်လိုက်တော့ မကြာခင်က ငါသိမ်းဆည်းလိုက်တဲ့ emoji တစုံကိုတွေ့လိုက်ရတယ်။ အဲဒီထဲကတစ်ခုက "ဘေဘီလေး နာကျင်နေတယ်" ဆိုပြီးပြောထားတာကိုတွေ့လိုက်တာကြောင့် ငါ အဲဒီတစ်ခုကိုပဲ Wang Dequanဆီကိုပေးပို့လိုက်တယ်။

အချိန်သိပ်မကြာလိုက်ပဲ ပြန်ပို့လာတဲ့စာကို ငါလက်ခံရရှိလိုက်တယ်။

Wang Dequan: ဘာဖြစ်လို့လဲ ?

Normcore: ကျွန်တော် မပျော်တော့ဘူး

Wang Dequan: ဘာဖြစ်လို့မပျော်ရတာလဲ ?

Normcore: ဒီနေ့ ဘေဘီအဆူခံရတယ်လေ အခုအရမ်းဝမ်းနည်းနေပြီ !

အထင်မလွဲကြပါနဲ့ ။ ဒါက ငါပုံမှန်စကားပြောတဲ့ပုံစံ မဟုတ်ပါဘူး ။ ငါ အမှန်တကယ်စိတ်ဆိုးနေတာလည်း မဟုတ်ဘူး။ မင်းတို့က ငါ့ကို ရိုးသားတဲ့လူတွေအပေါ်မှာ လိမ်ညာအမြတ်ထုတ်နေတဲ့လူဆိုပြီး ထင်ချင်ထင်နေလိမ့်မယ် ။ နောက်ပြီး ငါကပိုပြီးကောင်းကောင်းမလုပ်နိုင်တဲ့အချိန်မှာ ငါ့ရဲ့ပျော်ရွှင်မှုအတွက်ပြုလုပ်တဲ့နည်းလမ်းတွေက မှားယွင်းနေတာလားလို့ ငါ့ကိုယ်ငါတောင်သံသယရှိတယ်။ ဒါက ကုသဖို့နည်းလမ်းမရှိဘူး။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ Wang Dequan က ငါ့ကိုစကားပြန်မပြောလာတော့ဘူး ။

ဟေး.. သူက ဘယ်တုန်းကမှဒီလိုမျိုးမလုပ်ခဲ့ပါဘူး ? ငါဘာလို့ အဆူခံရလဲဆိုတာ သူဘာကြောင့်မေးခွန်းပြန်မမေးတာလဲ ? အနည်းဆုံးတော့ ငါဘာလို့ဒီနေ့ကျမှ ကွဲပြားနေရတာလဲဆိုတာကို ပြန်မေးသင့်တယ်လေ။

ဒါက သူအရမ်းကိုနေမကောင်းဖြစ်နေခဲ့တာမျိုးသာ မဟုတ်ခဲ့ဘူးဆိုရင် သူငါ့ကိုလျစ်လျူရှုနေတာပဲ ဟုတ်တယ်မလား ?

သူပို့နေကျပုံစံအတိုင်း " ငါမင်းကိုနေတိုင်းပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်" ဆိုတဲ့လူအိုကြီးတွေသုံးတတ်တဲ့ emoji ပို့ပေးတာလောက်တောင် နေသားတကျဖြစ်မနေဘူး !

မဟုတ်သေးဘူး ။ သူငါ့ကိုချစ်နေသေးတယ်ဆိုတာသေချာပါတယ် ။ ဒါမှမဟုတ် လူနာတွေဘာတွေများ ရုတ်တရက်ကြီးရောက်လာလို့လား ။ ဒီတော့ ငါသူ့ကိုထပ်ပြီးအနှောင့်အယှက်မပေးတာ ပိုကောင်းလိမ့်မယ်။

အဲဒီနောက် မဂ္ဂဇင်းအတွက်ခေါင်းစဉ်ရွေးချယ်မယ့် အစည်းအဝေးစတင်ဖို့ ကြေညာလိုက်တယ်။

32.

အလုပ်သိမ်းပြီး ပြန်ဖို့လုပ်တဲ့အချိန်မှာတော့ ဧည်ကြိုကောင်တာမှာရှိတဲ့အမျိုးသမီးမှ တစ်ယောက်ယောက်က ငါ့ကိုစောင့်နေကြောင်းပြောလာခဲ့တယ်။

ငါထွက်လာတဲ့အချိန်မှာတော့ မဂ္ဂဇင်းအဖွဲ့အစည်းရဲ့ဧည့်သည့်ဆောင်မှာ တခြားသူတွေနဲ့ ကွဲထွက်စွာရှိနေတဲ့ Wang Dequanကိုမြင်လိုက်ရတယ်။ ငါအံ့သြဖို့အချိန်မရလိုက်ခင်မှာပဲ သူကငါ့ရဲ့လက်ကို လာပြီးဆွဲခေါ်သွားခဲ့တယ်။

သူက အပြင်ဘက်က လူတွေမမြင်နိုင်လောက်တဲ့ ထောင့်ချိုးအထိ ငါ့ကိုဆွဲခေါ်သွားခဲ့တယ် ။ ဒါက သူ့ရဲ့မျက်နှာပေါ်မှာတည်ငြိမ်မှုတွေပျောက်ဆုံးနေတာကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ ။

"ကိုယ် အဲဒီအကြောင်းကိုတွေးကြည့်ပြီးပြီ"
သူက ငါ့ရဲ့လက်ကို ခိုင်မြဲစွာဆုတ်ကိုင်ထားပြီး နက်ရှိုင်းပြီးအဓိပ္ပာယ်အများကြီးပါဝင်တဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်နေခဲ့တယ်။ အဲဒီနောက် ခိုင်ခိုင်မာမာဆုံးဖြတ်ထားတဲ့ပုံစံနဲ့ဆက်ပြောလာတယ်။

"မင်းအတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိစ္စမရှိဘူး ကိုယ်မင်းကိုကြိုက်နေတုန်းပဲ "

"Huh?"

" အဲဒီကလေးက ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်တို့ရဲ့ကလေးဖြစ်လာရင် ကိုယ်အများကြီးချစ်ပေးမှာပါ "

"... ဘယ်လို ?"

" မင်းပြောခဲ့တဲ့ အဲဒီ"ကလေး" လေ"
သူက ကြင်နာပြီးနွေးထွေးမှုတွေပါဝင်နေတဲ့လေသံနဲ့ဆက်ပြီးမေးခဲ့တယ်
" သူတို့က ဘယ်အရွယ်လေးတွေလဲ ? နာမည်တွေကရော ? ယောက်ျားလေးလား မိန်းကလေးလား? ကိုယ်သူတို့နဲ့တွေ့လို့ရမလား ? "

(T/N - မရယ်ကြနဲ့ မရယ်ကြနဲ့ )

33.

ဘာလဲ? ဘာကိုသစ်လွန်ဆန်းသစ်တဲ့emojiတွေလဲ ?

ဘယ်သူမှဂရုစိုက်မနေဘူး okay?

ငါလုံးဝကိုဆုံးဖြတ်ချက်ချလိုက်ပြီကွ ။ အခုကစပြီး လူအိုကြီးတွေသုံးတဲ့ emojiတွေကိုပဲ ပို့တော့မယ် !

34.

အဲဒီမတော်တဆဖြစ်ရပ်ပြီးသွားတဲ့နောက်မှာ Wang Dequanနဲ့ငါ့ကြားထဲက ခံစားချက်တွေက သိသိသာသာကြီးတိုးတက်လာခဲ့တယ်။ နောက်ဆုံးတော့ ငါတို့တွေက ရှေးရိုးစွဲ ချိန်းတွေ့တဲ့နည်းလမ်းတွေဖြစ်တဲ့ ညစာစားခြင်း ပန်းခြံတစ်ဝိုက်မှာ လမ်းလျှောက်ခြင်းဆိုတဲ့ အရာတွေကိုကျော်ဖြတ်နိုင်ခဲ့ပြီ။ ငါတို့တွေက တစ်ခြားတစ်ယောက်ရဲ့ဘဝနေထိုင်မှုထဲကို နောက်တစ်ယောက်ကဝင်ရောက်နိုင်တဲ့အခြေအနေကိုစတင်လာခဲ့ပြီ။

ဥပမာပြောရင် သူက ငါကို ငါတို့မြို့မှာကျင်းပပြုလုပ်တဲ့ XXကြိမ်မြောက် နိုင်ငံတကာဆေးဝါးသိပ္ပံဖိုရမ်ကို နွေးထွေးစွာဖိတ်ကြားခဲ့တာမျိုးပေါ့ ။ ငါပရိသတ်တွေကြားထဲမှာထိုင်ပြီးတော့ သူ့ရဲ့တစ်နှစ်ပတ်လုံးစာ အစီရင်ခံစာဖြစ်တဲ့ " တရုတ်ဆေးဝါးပညာဖြင့် အသည်းပျက်စီးခြင်းလက္ခဏာကို သုသေသနပြုခြင်း နှင့် ဖူယန်း ကုသခြင်းနည်းပညာကို စနစ်တကျဝေဖန်ဆန်းစစ်ခြင်းကို လေ့လာခြင်း " ကိုအလေးအနက်ထားပြီးနားထောင်ခဲ့တယ်။

အရမ်းကိုထက်မြတ်လွန်းတဲ့ တရုတ်လူမျိုးတွေနဲ့ နိုင်ငံခြားသားတွေရှိနေတဲ့ ဂုဏ်သရေရှိဧည့်သည်တော်တွေရဲ့ကြားထဲမှာ Wang Dequanက တည်ငြိမ်အေးဆေးစွာ ၊ ယဉ်ကျေးစွာ ၊ ခန့်ညားစွာ ၊ ကြော့ရှင်းစွာရှိနေခဲ့ပြီး ဆံပင်ပုံစံကိုလည်း စွဲမြဲစွာထားတတ်သေးတယ်။ ဒါက အစစ်အမှန်အလှအပမြင်ကွင်းမျိုးပဲ ။

တကယ်လို့ ပရိသတ်တွေအတွက်ချထားတဲ့ထိုင်ခုံရဲ့နောက်မှီက ဒီထက်နည်းနည်းလေးပိုမြင့်ရင်တော့ ပိုပြီးကောင်းသွားလိမ့်မယ်။ ငါအိပ်ပျော်သွားတဲ့အချိန်မှာ ငါ့ခေါင်းက ဟိုဘက်ဒီဘက်ကို ယိုင်ကျမသွားအောင်လို့ပေါ့ ။

35.

မျက်တောင်တစ်ခတ်စာအချိန်လေးမှာပဲ နှစ်ကုန်ခါနီးကိုရောက်လာခဲ့ပြီ။ ရုံးချုပ်က နှစ်ကုန်စည်းဝေးလုပ်ဖို့ ငါတို့ကိုသတိပေးလာခဲ့ပြီး မိသားစုဝင်တွေကိုပါ ခေါ်လာနိုင်ကြောင်းပြောခဲ့တယ်။

ဒီတစ်ခေါက်ကတော့ Wang Dequanက ငါ့နောက်ကိုလိုက်ရမယ့်အလှည့်ပဲ။

ရှင်ရှင်းလင်းလင်းဖြစ်စေဖို့အတွက် ငါတို့ရဲ့မဂ္ဂဇင်းအေဂျင်စီက ရယ်စရာကောင်းလောက်တဲ့ နံပါတ်တွေကိုစီစဉ်ပေးခဲ့ပြီး ငါတို့ဟာ ကဏ္ဍစုံတဲ့သတင်းစာတွေနဲ့ ဖက်ရှင်မဂ္ဂဇင်းတွေထုတ်လုပ်တဲ့ ကျယ်ပြန်တဲ့မီဒီယာလုပ်ငန်းစုရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်း ဖော်ပြခိုင်းခဲ့တယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ စာပေမီဒီယာကဏ္ဍတွေ ကျဆင်းလာခဲ့ပြီး အတိုအထွာလေးတွေကိုဖတ်ရှုမှုက မြင့်မားလာခဲ့တယ်။ ငါတို့ရဲ့စာတိုက်က ထုတ်ဝေနေဆဲဖြစ်တဲ့ နောက်ဆုံးစာတိုက်ထဲကတစ်ခုပဲလေ။

(E-trans note - အတိုအထွာလေးတွေဖတ်တယ်ဆိုတာက social mediaတွေကသတင်းတွေ ဒါမှမဟုတ် blog တွေမှာတင်တဲ့ဟာမျိုးတွေကို ဖတ်တာကိုရည်ညွှန်းတာပါတဲ့)

ဘယ်လိုနေရာမျိုးမှာမဆို ကလေကချေတွေကရှိနေတတ်တာပဲ။ ဖက်ရှင်ဌာနက လူအုပ်စုတွေက ငါတို့ရဲ့အက်ဒီတာဌာနကို အမြဲတမ်းပိတ်ဆို့ထားခဲ့တာ။ သူတို့က ငါတို့တွေကိုအမြဲတမ်းလှောင်ပြောင်ခဲ့ကြပြီး အိုဟောင်းနေတဲ့စာပေပညာရှင်တွေ ၊ အတိတ်ကိုလွမ်းဆွေးဖို့ရောင်းနေတာကလွဲပြီး ဘာမှအသုံးမဝင်တဲ့လူတွေ စတဲ့ စကားတွေကိုပြောဆိုခဲ့ကြတယ်။

အက်ဒီတာခေါင်းဆောင်ကတော့ စိတ်အနှောင့်အယှက်အဖြစ်ရဆုံးလူပဲ ။ သူတို့တွေက အဆိပ်ပြင်းတဲ့လျှာတွေကိုပိုင်ဆိုင်ထားကြပေမယ့် (EQ)ကတော့ အရမ်းကိုနိမ့်ပါးလွန်းတယ်။ အဲဒီထဲက တစ်ယောက်ရဲ့ နာမည်ပြောင်က "T"ဖြစ်ပြီး သူ့ရဲ့ တစ်ဖက်သားအပေါ်လှောင်ရယ်တတ်တဲ့ အရည်အချင်းကြောင့် သူ့ကို လူတွေပိုပြီးမုန်းတီးလာစေလိမ့်မယ်။

သူက ငါ့ကိုတစ်ခါပြောဖူးတယ်။
"ခြေဆုံးခေါင်းဆုံးကြည့်ရင် သူရဲ့ပုံစံက Gayကလွဲပြီးတခြားမဖြစ်နိုင်ဘူး နောက်ပြီးဝတ်ပုံစားပုံဖက်ရှင်အရ ဘယ်လိုမှ Singleမဖြစ်နိုင်ဘူး "

အိုး.. ဒါပေမယ့် ဒီည ညစာစားပွဲပြီးရင် ငါတို့အက်ဒီတာဌာနက ကာရာအိုကေသွားဆိုဦးမှာလေ။ Wang Dequan ရဲ့ လူအိုကြီးတွေစီးတတ်တဲ့ electric Sedan ကားလေးကို အဲဒီကောင်မြင်လိုက်တဲ့အချိန်မှာ ဖြစ်သွားတဲ့ပုံစံကိုမြင်တော့ ငါနောက်တစ်ခေါက် ဖက်ရှင်နဲ့ပတ်သက်ပြီးအပြောခံရမယ်ဆိုတာကို ကြိုပြီး မြင်ယောင်နေပြီ ။

***

Continue Reading

You'll Also Like

12.2K 1K 27
{Unicode} ချစ်စရာကောင်းတဲ့ BJYX Fanart လေးတွေ Short story လေးတွေ ဝေမျှမယ် *********** {Zawgyi} ခ်စ္စရာေကာင္းတဲ့ BJYX Fanart ေလးေတြ Short story ေဝမ်ွ...
474K 81.8K 115
MC က ခွေးတစ်ကောင်အဖြစ် ပြောင်းသွားပြီးတဲ့နောက် သူ့ပြိုင်ဘက် ML ရဲ့အိမ်မှာ လိုက်နေရတယ်။ MC က ေခြးတစ္ေကာင္အျဖစ္ ေျပာင္းသြားၿပီးတဲ့ေနာက္ သူ႔ၿပိဳင္ဘက္ M...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
120K 19.4K 32
汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.