မမသည်သာ ကလေးအချစ်ဆုံးလူသား❣️

Por LaMin_Aein

503K 24.2K 965

ကလေး တခြားဟာ ဘာမှမသိဘူး သိလည်း မသိချင်ဘူး ကလေး သိတာ ကလေး မမကိုချစ်တာ တစ်ခုပဲ။ ... Mais

Ep.1💖
Ep.2💖
Ep.3💖
Ep.4💖
Ep.5💖
Ep.6💖
Ep.7💖
Ep.8💖
Ep.9💖
Ep.10💖
Ep.11💖
Ep.12💖
Ep.13💖
Ep.14💖
Ep.15💖
Ep.16💖
Ep.17💖
✨Characters💫
Ep.18💖
Ep.19💖
Ep.20💖
Ep.21💖
✨Characters part-2🙄💛
👀✨
Ep.22💖
Ep.23💖
Ep.24💖
Ep.25💖
Ep.26💖
Ep.27💖
Ep.28💖
Ep.29💖
Ep.30💖
Ep.31💖
Ep.32💖
Ep.33💖
Ep.34💖
Ep.35💖
Ep.36💖
Ep.37💖
Ep.38💖(⚠️)
Ep.39💖
Ep.40💖(🚨)
Ep.41💖
Ep.42💖
Ep.43💖
Ep.44💖
Ep.45💖
Ep.46💖
Ep.47💖(🔥)
Ep.48💖
Ep.49💖
Ep.50💖
Ep.51(💔)
Ep.52(😢)
Ep.53(🥀)
Ep.55❤️
Ep.56🧡
Ep.57(final)🤍🖤
Extra-1💛
New GL Fic
Extra-2💙
Extra-3💜
Extra-4❣️
Season-2😍💝
Extra(Happy Family👩‍👩‍👧‍👧💖)
Thingyan Present

Ep.54

6.6K 340 22
Por LaMin_Aein

( Unicode )

ကလေး ထွက်သွားမှစ၍ လမင်း နှလုံးသားမရှိတော့တဲ့ လူတစ်ယောက်လို ဖြစ်သွားလေသည်။
သို့မဟုတ် အမြဲ ဆွဲထားလေ့ရှိတဲ့ ဆွဲကြိုးလေးလို နှလုံးသားက်ို သော့ခတ်ထားပုံ။

သော့ပိုင်ရှင်လေးကရော ဘယ်သူများလဲ။အရင်က သတင်းထွက်ဖူးတဲ့ Cloudrevel Companyရဲ့ မြေးဖြစ်သူလား။သူက အခု ဘယ်ရောက်နေတာလဲ။စသည့် မေးခွန်းပေါင်းမြောက်မြားစွာ သတင်းစာရှင်းလင်းပွဲတွေမှာရော ကုမ္ပဏီပွဲတွေမှာရော လိုင်းပေါ်မှာတွေရော မေးနေကြပေမဲ့ ကာယကံရှင်က ဖြေရှင်းချက်တစ်ခုမှ မထုတ်ပြန်ခဲ့။

လမင်းသည် သရုပ်ဆောင်၊အဆိုတော် celebrities များထက်ပင် ကမ္ဘာကျော်အောင် နာမည်ကြီးသေး။နာမည်က ကြီးလည်း ကြီးချင်စရာပဲလေ။

World of businessမှာ Top 5ဝင်တဲ့ Blue Moon Company ရဲ့ သမီးအငယ်ဖြစ်သူသည် မိန်းကလေးဆိုပါသော်လည်း အဖေနှင့် အကိုထက်ပင် ထူးချွန်ထက်မြက်ကာ Top 3ထဲ စာရင်းဝင်သူဖြစ်သည်။

စီးပွါးရေးလုပ်ငန်းရှင်များတင်မက အနုပညာရှင်၊လူအများစုများပါ Gold-palace Companyကို အတော်အများ သိကြသည်။

စီးပွါးရေးကို ဘက်မျိုးစုံကနေ အောင်မြင်မှုရော၊အကျိုးအမြတ်ရော၊ပြည်သူလူထုအတွက် အထောက်အကူရှိမည့်အရာများကို အများဆုံး လုပ်ကိုင်ပြီး ဂရုတစိုက်နှင့် သေသေချာချာမို့ လူအများက သူတို့အတွက် Angelတစ်ပါးအဖြစ်လို့ တင်စားခေါ်ဝေါ်တတ်ကြသည်။

သို့သော် အသွင်အပြင်၊အနေအထားကတော့ Devilတစ်ယောက်လိုပါပဲ။မျက်နှာက အပြုံးအရယ်မရှိ၊အေးစက်စက်ဖြင့် အလွန်ပြတ်သားလှသည်။

ဝတ်စားဆင်ယင်ပုံ၊အသုံးအဆောင်တွေဆိုလည်း အမည်းတစ်မျိုးတည်းသာ သုံးတတ်သည်။
ဘယ်လောက်တောင် blackကို crazyဖြစ်လဲဆို အိမ်ကအစ အမည်းရောင်ပင်။

Half of angel-half of devilဆိုတာမျိုးရဲ့ ဥပမာ ဆိုပြီးလည်း ပြောတတ်ကြသည်။

သို့ပေမဲ့ မုန်းတီးခြင်းကို မရရှိဘဲ ချစ်ခင်ခြင်းကိုသာ ခံရသူဖြစ်ပေသည်။

ယောက်ျားလေးအတွက် Cool typeဖြစ်သလို
မိန်းကလေးအတွက်ကလည်း Sugar mommyလိုဖြစ်တာမို့ လူကြိုက်များလှသည်။ချွေးမတော်ချင်သူလည်း များလှသည်။

သို့သော် ရေမြောင်းလာခင်းသမျှ သူတွေအကုန်လုံးကို နောက်ထပ်မလုပ်ရဲတော့အောင်လို့ ခါးခါးသီးသီးပြောပစ်တတ်သည်။
ထိုသို့ ပြုလုပ်သည်ကို သိရက်နဲ့ ကြိုးစားပြီး ချဉ်းကပ်သူတွေကလည်း ရှိသေး။

အခုလည်း လက်တွဲလုပ်ကိုင်သူတစ်ဦးရဲ့ ပွဲကို ဖိတ်လို့ ခဏတဖြုတ် သွားထိုင်ပေးဖို့ ပြင်ဆင်နေခြင်း။Blue Moon Company လည်း အဖိတ်ခံရတယ်ဆိုလို့ ကိုကို့ကို စောင့်နေရသေး။

"မပြီးနိုင်သေးဘူးလား"

"ပြီးပါပြီဗျာ ဖဲကြိုးဟာ စည်းနေလို့ပါ"

မင်းကောင်းစစ် ပြောပြနေလည်း အဖတ်မလုပ်။ထွက်သွားချေသည်။

မင်းကောင်းစစ် ဒီလိုမျိုး ခံရတာ ၄နှစ်ရှိပြီမို့ အထူးတလည်မဟုတ်တော့။

ညီမလေး ပြောင်းလဲတာကို မြင်ရတာ သူ့အတွက်ဆို ဒါနဲ့ဆို နှစ်ခါရှိပြီမဟုတ်လား။

ငယ်ငယ်လေးတုန်းက ရေခဲတုံးတောင် အရှုံးပေးရလောက်အောင် အေးစက်တာ အခုက အဲ့တုန်းကတောင် ပိုဆိုးနေတာ မြောက်ဝင်ရိုးစွန်းဘက်က အအေးဓာတ် အရှုံးပေးနေရတဲ့ အလှည့်ဖြစ်နေတော့သည်။

ကားပေါ် ရောက်တာနဲ့ အကိုစည်သူက မောင်းထွက်လာသည်။
အကိုစည်သူရဲ့ ဘေးနားမှာလည်း သဲသဲလေးက ထိုင်နေသည်။

သဲသဲလေးတို့ မောင်နှမနှစ်ယောက်လုံးသည် ငယ်ငယ်လေးနဲ့ ထူးချွန်ထက်မြက်သည်။သင်ပေးရင် တတ်မြောက်လွယ်သည်။

အခုဆို သဲစုပြည့်က လမင်းရဲ့ အတွင်းရေးမှူးဖြစ်တဲ့အပြင် သူ့အမလို ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်လုပ်နိုင်တဲ့ ဇွဲထက်လေးက လမင်းရဲ့ လူယုံ၊ကိုယ်ရံတော်အကိုစည်သူလို မင်းကောင်းစစ်ရဲ့ လူယုံ၊ကိုယ်ရံတော် ဖြစ်လို့ နေသည်။

"သဲသဲ ဘာထူးခြားလဲ"

"မမလေး အဲ့ဒါက အခုထိ အစအန ရှာလို့မတွေ့ဘူးဖြစ်နေတယ်ရှင်"

"အင်းး"

လမင်း သက်ပြင်းသာ ချနေမိသည်။

"အချိန်တန်ရင် သူပြန်လာမှာပါ သခင်မလေးလည်း သိနေတယ်မဟုတ်လားဗျာ"

အက်ိုစည်သူက ပြောလာတော့ လမင်း နှုတ်ခမ်းတစ်ဖက်သာ ကော့တက်ရုံမျှသာ ပြုံးပြီး အပြင်ဘက်ကို ငေးကြည့်နေမိသည်။

*အချိန်တန်ရင် အင်း အချိန်တန်ရင်ပေါ့ အချိန်က ဘယ်တော့မှ တန်တော့မှာလဲ အခုဆို ၄နှစ်ရှိနေပြီ*

ပွဲနေရာဆီ ရောက်တော့ သဲသဲလေးနဲ့အကိုစည်သူက အရင်ဆင်းသွားပြီး အကိုစည်သူက လမင်းဘက်ကို တံခါးလာဖွင့်ပေးသည်။

ဘောင်းဘီအမည်းအပြောင်သားအရှည်ကို အမည်းကော်လံလက်ရှည်နဲ့ပဲ ရိုးရိုးရှင်းရှင်း ဝတ်ထားပါသော်လည်း လမင်းပုံစံသည် လုံးဝ ခပ်မိုက်မိုက် ကြွေချင်စရာကို ဖြစ်နေလေသည်။
ကြယ်သီး ၂လုံး၊၃လုံးလောက် ဖြုတ်ထားတော့ ထင်းနေတဲ့ ရင်ညှက်ရိုးနဲ့ လည်တိုင်ကလည်း sexyဆန်စွာ ဆွဲဆောင်မှုရှိလှသည်။


(ဒီပုံလေးတွေ့တာ လမင်းနဲ့ လိုက်လောက်မယ်ဆိုပြီး သိမ်းထားတာ အခု အတော်ပဲ ဖြစ်သွားတယ် 😍🖤)

လမင်း ကားပေါ်က ဆင်းပြီး ခဏရပ်နေတော့ နောက်ကားကနေ မင်းကောင်းစစ် ဆင်းလာပြီး လမင်းအနားကို ရောက်လာသည်။

မောင်နှမနှစ်ယောက် အတူ ဘေးချင်းကပ်လျှောက်လာတာ ကင်မရာမီးများက တဖျတ်ဖျတ်။
လမင်းတို့အနောက်မှာ အတွင်းရေးမှူးနှစ်ယောက် ဖြစ်သူ သဲစုပြည့်နဲ့ မင်းခန့်။သူတို့နဲ့ထပ်ကြပ်မကွာ လိုက်လာကြတာ အကိုစည်သူနဲ့ ဇွဲထက်။

ပွဲထဲရောက်တော့ မောင်နှမနှစ်ယောက်ဆီ အကြည့်များက စတင် ရောက်လို့လာသည်။

ထိုအချိန် စီးပွါးရေးရှင်တစ်ယောက်က ကိုကို့ဆီ လာနေတာမို့ လမင်း အနားကနေ ထွက်လာပြီး စားပွဲအလွတ်မှာ ဝင်ထိုင်လိုက်သည်နှင့် သဲသဲလေးက ဘေးနားမှာ။အကိုစည်သူကတော့ အဝေးတစ်နေရာမှာ စောင့်ကြည့်နေလျက်။

"မမလေး သောက်စရာတစ်ခုခု ယူမလားရှင့်"

"Champagne"

"ဟုတ်ကဲ့"

သဲစုပြည့် မမလေး မှာတာ ယူဖို့ သောက်စရာတွေ ထားထားတဲ့ ဖက်ကို လျှောက်လာခဲ့သည်။

ရှန်ပိန်ခွက်ကို ယူမည့်အချိန် လက်ကောက်ဝတ်ကနေ အချုပ်ခံလိုက်ရသည်။

"ဇွဲထက် ဘာလုပ်တာ လွှတ်ပေး"

"မသောက်နိုင်ဘဲ မသောက်ရဘူးလို့ ပြောထားတယ်လေ မပြည့်ရာ"

ဇွဲထက်သည် သဲစုပြည့်ထက် ၂နှစ်ငယ်ပြီး ၁၆နှစ်သာ ရှိပါသော်လည်း ခန္ဓာကိုယ်သည် ကိုယ်ရံတော်တစ်ယောက် ရှိသင့်သည့် ကြွက်သားအပြည့်ဖြင့် အရပ်သည်လည်း အကိုစည်သူနဲ့ သိပ်မကွာ။အကိုစည်သူက 6'4"။ဇွဲထက်က6'1"။တစ်ကယ်ကို ထန်းပင်၊အုန်းပင်နဲ့ အမျိုးတော်ကြသလား အောက်မေ့ရတယ်။နှစ်ယောက်စလုံး ရှည်မျောမျောတွေ။သို့သော် နှစ်ယောက်လုံး စော်/ဘဲကတော့ အရမ်းကြည်။တစ်ခါတလေဆို ဖွေးဖွေးဥဥကောင်လေးတွေရဲ့ သွေးဆောင်ဖြားယောင်းခြင်းတောင် ခံရသေး။ထိုအခါမျိုးဆို နှစ်ယောက်လုံး သခင်မလေးလို သွေးအေးတတ်သည်။

အကိုစည်သူ ၃၀ကျော် ၄၀နီးနေပြီဆိုပေမဲ့ ဇွဲထက်နဲ့အတူ ညီအစ်ကိုလို ထင်ရလောက်အောင် ၂၀ကျော်လိုမျိုး ခန့်ချောလေသည်။

"ငါ သောက်မှာမဟုတ်ဘူး မမလေး မှာလိုက်တာ"

"အာ အဲ့ဒါဆို ရော့ သွားပေးလိုက်အုန်း"

မမလေးဆိုတော့မှ လက်ထဲ ခွက်လေးထည့်ပေးကာ ပြန်လွှတ်ပေးသည်။

"မမလေး ရပါပြီရှင့်"

"ဇွဲထက်က လာတားသေးတယ်မလား"

"ရှင်! ဘယ်လိုသိ"

"ကြာနေပုံကိုထောက်ကြည့်ရင်ပေါ့"

"ဟီးဟီး အဲ့လိုလား"

"ညီမသဲစုပြည့်"

ကိုကိုရဲ့ အတွင်းရေးမှူးဖြစ်တဲ့ မင်းခန့် လာခေါ်တာမို့ လမင်း ခွင့်ပြုလိုက်တော့ နှစ်ယောက်အတူ ထွက်သွားကြတာ။သူတို့နှစ်ယောက်ကလည်း တစ်ကယ့်ကို အလုပ်ဂျပိုးတွေ။ပွဲတွေ ဘာတွေမှာလည်း အလုပ်အကြောင်း ဆွေးနွေးတတ်ကြသည်။အစက နှစ်ယောက်သား ထွက်ထွက်သွားတတ်လို့ ခိုးdateနေကြတယ်ထင်တာ။ဘယ်ဟုတ်မလဲ။အလုပ်တွေ ခိုးလုပ်နေကြတာ။

လမင်း ရှန်ပိန်သောက်ရင်း ထိုင်နေတုန်း အရှုပ်တွေ အနားရောက်လို့လာသည်။

"ဟယ်လို တစ်ယောက်တည်းလား မပျင်းရအောင် တို့နဲ့ အတူမရှိချင်ဘူးလား"

"စိတ်ရှုပ်တယ် ထွက်သွား"

"အဲ့လို နှင်မထုတ်လိုက်ပါနဲ့ကွယ် တို့က ရင်းနှီးချင်လို့ကို"

"ငါ စကားကို နှစ်ခါမပြောချင်ဘူး!"

တဖြည်းဖြည်း အသံမာလာတာမို့ မိန်းကလေးလည်း ကြောက်ကြောက်လန့်လန့်နဲ့ ထွက်သွားလေသည်။

မိန်းကလေး ထွက်သွားပြီးမကြာ ကိုကို ရောက်လာလေသည်။

"ငြင်းနေရတာ ညောင်းနေပြီထင်တယ်"

"..ကိုကိုကရော ဘာထူးလို့လဲ.."

"ကိုကို့အကောင်ပေါက်က အကုန်ရှင်းထုတ်ပေးပြီးသားလေ"

ဘယ်ဘက်လက်သူကြွယ်က လက်ထပ်လက်စွပ်ကို ပိုမြင်သာအောင် လုပ်ပြနေတဲ့ ကိုကို့ကို အမြင်ကပ်ပုဒ်မနဲ့ မျက်စောင်းထိုးလိုက်တော့ စပ်ဖြီးဖြီး ရီလာပြသည်။

"ညီမလေးလည်း ရှင်းထုတ်ပေးမယ့်သူ မလိုချင်ဘူးလား"

"မလိုဘူး သူပြန်လာရင် အကုန်ရှင်းပြီးသားဖြစ်သွားအောင် လုပ်မှာ"

"အကြံအစည်တွေနဲ့"

"Just being professionalဖြစ်နေရုံပါ"

လမင်းစကားကြောင့် နှစ်ယောက်သား ရီမိသည်။လမင်း ရီနေရင်း အမှတ်မထင် မီးရောင်အောက်က ဖြူဖြူလေး တစ်ခုကို ဖျက်ခနဲ မြင်လိုက်ရသည်။

"ဟင်?"

လမင်း ထိုအဖြူလေးကို ရှာဖို့ ချက်ချင်းထလာပေမဲ့ ဘယ်ရောက်သွားမှန်းမသိ။အပြင်ကို ထွက်လာပြီး ပတ်ပတ်လည်ကို eagle eyeနဲ့ ရှာပါသော်လည်း အရိပ်အယောင်မတွေ့။

မင်းကောင်းစစ် ရုတ်တရက် ထသွားပြီး တစ်စုံတစ်ရာကို အသည်းအသန်ရှာနေတဲ့ ညီမလေးအနောက်ကို လိုက်လာခဲ့တာ အပေါက်နားမှာ ရပ်သွားတာနဲ့ ညီမလေး ဘေးနားကို သွားလိုက်သည်။

"ဘာရှာနေတာလဲ ညီမလေး"

"အဖြူရောင်လေး"

"ဟမ်?"

"မျက်နှာမမြင်လိုက်ရပေမဲ့ နောက်ကျောက သူဆိုတာ သေချာတယ် ဒီနိုင်ငံထဲ ပြန်ရောက်နေပြီလား နောက်ဆုံးတော့ ပြန်လာခဲ့ပြီပေါ့"

ထို့နောက် လမင်းတို့ ပွဲတော်က ပြန်လာခဲ့သည်။

အရင် နေရာမဟုတ်တော့ပါဘဲ ဘေးပတ်ပတ်လည် မြေကွက်ကို ဝယ်ကာ မောင်နှမနှစ်ယောက် ခွဲနေဖြစ်သည်။

အရင်က သူလေးနဲ့ အိမ်ကတော့ အလယ်မှာ တည်ရှိနေလျက်။

ဘယ်ဘက်မှာတော့ လမင်း သပ်သပ် အမည်းရောင်နဲ့ပဲသီးသန့် အိမ်တစ်လုံး ထပ်ဆောက်နေခဲ့တာ ကလေး ထွက်သွားပြီး လအနည်းငယ်လောက်မှာတင်။

ကိုကိုကလည်း တစ်ဖက်လွတ်တဲ့မြေကွက်အခြမ်းမှာပေါ့။မောင်နှမနှစ်ယောက်နဲ့အကိုစည်သူကိုလည်း အရင်အိမ်လေးရဲ့ အနောက်ဘက်ခြမ်းမှာ သက်သက်ဆောက်ပေးခဲ့သည်။

ထိုသို့ မြေကွက်ပတ်ပတ်လည် အကျယ်ကြီး ဝယ်လိုက်တယ်ဆိုတာ လိုင်းပေါ်မှာ တော်တော်လေး နာမည်ကြီးသွားသေး။

မေမေဆို သွေးပါတက်ခါနီး။ညည်း ဦးနှောက်ချောင်သွားတာလားလို့လည်း အပြောခံလိုက်ရသေးသည်။

လမင်းကို အိမ်အပေါက်ဝ ချပေးခဲ့သည်နှင့် အကိုစည်သူနဲ့ သဲသဲလေးတို့ အိမ်အနောက်က လမ်းလေးကနေ သူတို့အိမ်ဆီ မောင်းသွားသည်။

၄အိမ်လုံးကို မြေကွက်အကျယ်ကြီးထဲမှာပဲမို့လို့ပေ။

လမင်း အိမ်ထဲဝင်လာတာနဲ့ သူလေးကြိုက်တယ်ဆိုတဲ့သီချင်းကို ဖွင့်ကာ ရေမိုးချိုးသန့်စင်လိုက်သည်။

သီချင်းစာသားလေးတိုင်းက သူလေးဆန္ဒကိုဖော်ညွှန်းနေသလို ကိုယ်တိုင်လည်း ဖြည့်ဆည်းပေးချင်မိသည်။

ရေခဲရေခွက်လေးကိုင်လာပြီး မှန်စားပွဲခုံအပုလေးပေါ် တင်ကာ ဧည့်ခန်းက TVရှေ့ ဆိုဖာခုံပေါ် ပစ်လှဲထိုင်ချလိုက်သည်။

ပြီးနောက် မျက်လုံးမှိတ်ကာ အမြင်အာရုံက်ို အမှောင်ဖုံးလွှမ်းစေလိုက်သည်။

သီချင်းစာသားလေးက်ို ပါးစပ်ဖျားက လိုက်ဆိုနေမိရင်း သူလေးရဲ့ အပြုံးတွေကို စိတ်ထဲ မြင်ယောင်အောင် ပုံဖော်နေမိသည်။

~Baby take my hand
I want you to be my husband
Cause you're my Iron Man
And I love you 3000
Baby , take a chance
'Cause I want this to be something
Straight out of a Hollywood movie
No spoilers please
No spoilers please~

လမင်း မျက်လုံးထောင့်လေးကနေ မျက်ရည်လေးတွေ စီးကျလာသည်။
မေ့နိုင်ဖို့ မကြိုးစားတဲ့အပြင် မေ့နိုင်စွမ်းလည်းမရှိပေ။

အတိတ်မှာ ဖြစ်တည်လာခဲ့တဲ့ အခုလောက်ဆို နှလုံးသားမှာ အမြစ်တွယ်နေလောက်ပြီဖြစ်တဲ့ အချစ်တွေနဲ့အတူ နာကျင်ခြင်းကို လစ်လျူကာ တစ်စတစ်စ ကြီးမားလာတဲ့ အချိန်ကြာမြင့်စွာ သယ်ဆောင်လာခဲ့သည့် အလွမ်းတွေကြောင့် မွန်းကြပ်မှုကို မခံနိုင်တော့သည့်အဆုံး မနေနိုင်စွာ အမှတ်တရများ ပြည့်လျှံနေသော နေရာဆီသို့ အမှောင်ထုကြီးကို ခွဲထွက်စေတဲ့ လမ်းသွယ်မီးလေးတွေအောက် လျှောက်လှမ်းလာခဲ့သည်။

ခြေလှမ်းတိုင်းက အလွမ်းဇာတ်ကို ပိုအားဖြည့်နေသယောင်။

အိမ်လေးထဲ ဝင်လာတာနဲ့ ဝမ်းနည်းစိတ်က ပိုလို့ပင် ကြီးစိုးသွားလေသည်။

နေရာလေးတိုင်းက ဖြစ်ရပ်လေးတွေ မြင်ယောင်လာသည်။

အိပ်ခန်းထဲ ဝင်လာတော့ စားကြည့်စားပွဲလေးမှာ ညမအိပ်ခင် စာထိုင်လုပ်နေတတ်တဲ့သူလေးလည်း မရှိ။
စာမလုပ်ရင် အိပ်ရာပေါ်မှာ ဖုန်းသုံးနေတတ်တဲ့သူလေး။

လမင်း အိပ်ရာအစွန်မှာ ဘေးတစ်စောင်း ထိုင်လိုက်သည်။

မွေ့ရာက အနွေးဓာတ်ကင်းမဲ့နေလျက်။
လမင်းနှလုံးသားလိုပဲ အအေးဓာတ်ကို ဖယ်ရှားပေးမယ့်သူ ရှိမနေ။

မနွေးသည့် အိပ်ရာပေါ် လဲလှောင်းလိုက်သည်။

မျက်ရည်တွေ တားစီးမရ။ခေါင်းအုံးလေးသာ လူဆို မေးနေလောက်ပြီ။
သူ့ကို မျက်ရည်တွေ စိုရွှဲကုန်ပြီလို့ပေါ့။

အအေးဓာတ်များနေတဲ့ ကုတင်နဲ့ အိပ်ခန်းလေးထဲ လမင်း အချမ်းဓာတ်ကို အံတုကာ မျက်လုံးကို အတင်းမှိတ် အိပ်ဖို့ ကြိုးစားနေမိသည်။

အရင်လို ရင်ခွင်ထဲ တိုးဝင်နေသည့် သူလေးမရှိတော့သလို ပြန်ဖက်တွယ်ထားစရာခန္ဓာကိုယ်လေးလည်း မရှိတာမို့ ချမ်းအေးတဲ့ ညပေါင်းများစွာကို ဖြတ်သန်းရပေါင်းလည်းများလှပြီ။

နောက်ဆုံး လမင်း ငိုနေရင်းနဲ့ပဲ ပင်ပန်းကာ အိပ်​ပျော်သွားလေသည်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"မမလေး မမလေး"

လမင်း နားထဲ ခေါ်သံကြားတာမို့ မျက်လုံးကို ဖွင့်ကြည့်ပေမဲ့ မနေ့ညက ငိုထားတဲ့အရှိန်နဲ့ မျက်လုံးအစ်နေကာ သေချာမမြင်ရ။

မျက်လုံးပွတ်ပြီး သေချာကြည့်တော့မှ သဲသဲလေး။

"မမလေး ကုမ္ပဏီသွားဖို့ ပြင်ဆင်ရတော့မယ်ရှင့်"

"အင်း အင်း"

လမင်း ထထိုင်လိုက်တဲ့အချိန် ခေါင်းထဲ ခံစားလိုက်ရတဲ့ မူးဝေခြင်းဝေဒနာ။

သို့သော် ရင်းနှီးနေပြီဖြစ်တာမို့ ဖြေးဖြေးချင်းသာ လှုပ်ရှားလိုက်သည်။

"မမလေး အခုထိ ဧည့်ခန်းထဲမှာ လက်ဆောင်တွေ ဖြည့်ပေးတုန်းလား"

လမင်း သူ့အိမ်တော်ကို ပြန်လာမည့်အချိန် အရင်ထက် များလာတဲ့ လက်ဆောင်တွေကို သဲသဲ တွေ့လိုက်ရတာမို့ မေးလိုက်ခြင်းပင်။

"...."

"မမလေး ကိုယ့်ကိုယ်ကို ခံစားရအောင် မလုပ်ပါနဲ့လား သူပြန်လာမှာဆိုလည်း ပျော်ပျော်နေပြီး စောင့်နေသင့်တယ်မဟုတ်လား"

"သဲသဲ ပြောသလို ပျော်အောင် လုပ်တယ်လေ သူအတွက်ဆိုပြီး လက်ဆောင်တွေ ဝယ်ပေးနေရတာ ပျော်စေတယ်လေ"

"မမလေးရယ်"

"ဟိုဘက်အိမ်ကို ပြန်မယ် မနက်ပိုင်း အစည်းအဝေးတစ်ခု ရှိတယ်မဟုတ်လား"

"ဟုတ်ကဲ့ ရှိပါတယ်ရှင့်"

"အင်း"

လမင်းနဲ့ သဲသဲ အတူ ထွက်လာပြီး လမင်း ရေချိုးနေချိန် သဲသဲက အဝတ်အစားထုတ်ပေး၊အဆင်သင့်လုပ်ပေးသည်။

ထွက်လာတာနဲ့ လမင်း တစ်ခါတည်း ဝတ်လိိုက်ရုံပဲ။

ပြင်ဆင်ပြီးလို့ အိမ်ပြင်ထွက်လာတော့ အကိုစည်သူက ကားနားမှာ စောင့်နေသည်။

"သခင်မလေး"

လမင်း အကိုစည်သူပေးတဲ့ အထုပ်ကို ယူလိုက်တော့ chocolateကော်ဖီပူပူးလေးနဲ့ hotdog ဘူးလေးတွေထဲ သေချာထည့်ထားသည်။

"မလိုပါဘူးဆို နေ့တိုင်း ပြင်ပြင်လာတယ်"

"သခင်မလေး အရင်က မနက်စာစားလေးမရှိပေမဲ့ အခုကျ နေ့လည်စာ စားချိန် နောက်ကျတတ်လို့ အစာရှိအောင် စားစေချင်လို့ပါဗျာ မဟုတ်ရင် အစာအိမ်နာလိမ့်မယ်"

"အစာအိမ်နာလိမ့်မယ် ပြောနေတာ ၄နှစ်ရှိပြီ ဖြစ်လာတာလည်း မဟုတ်ပဲနဲ့"

"ပြောလို့မရဘူးလေ ဖြစ်ရင်လည်း ဖြစ်လာနိုင်တာမို့ စားလိုက်ပါဗျာ ချောကလက်လည်း ယူလာတယ်"

လမင်းလည်း အထုပ်ယူပြီး ကားပေါ်ရောက်တာနဲ့ ဖြစ်စေချင်တဲ့အတိုင်း ကုန်အောင် စားပေးလိုက်သည်။

"သခင်မလေး ဒီနေ့နေ့လည် မိသားစုအတူ စားကြဖို့ ပြောထားတာ မှတ်မိပါတယ်နော်"

"မှတ်တာတော့ မမှတ်မိပေမဲ့ မေ့ချင်ယောင်ဆောင်လိုက်တော့မယ်"

"သခင်မလေး အဲ့လိုလုပ်လို့ မရဘူးလေ"

"သွားရင် မေမေက ပွါးတာ သိရဲ့သားနဲ့ အကိုစည်သူရာ"

လမင်း မျက်နှာမဲ့ပြီး ပြောလိုက်တော့ သဲသဲလေးရော အကိုစည်သူရောက ပြုံးစိစိနဲ့။လမင်းက သူတို့လေးတွေနဲ့ဆိုရင်တော့ စိတ်ခံစားချက်အတိုက်း ပြုမူလေ့ရှိသည်လေ။

ကုမ္ပဏီရောက်တော့ ချက်ချင်း မျက်နှာက တည်သွားလေတော့သည်။

လမ်းတစ်လျှောက်လည်း ဝန်ထမ်းတွေက နှုတ်ဆက်ကြသည်။
လမင်းကတော့ ခေါင်းသာ ညိတ်ပြပြီး ရုံးခန်းဆီ တက်လာခဲ့သည်။

အစည်းအဝေးကို ရောက်တော့ အချိန်မရောက်သေးပေမဲ့ အကုန်လုံးရောက်နေကြပြီမို့ စလိုက်သည်။

စားပွဲကြီးထိပ်မှာ ခြေတစ်ဖက်ချိတ်ကာ တည်တည်တံ့တံ့ထိုင်နေပုံက အရှိန်အဝါကြီးမားစွာ။

လမင်းရဲ့ ရဲ့ရင့်ပြတ်သားမှုကို အတုယူကာ မိန်းကလေးတွေလည်း ကြောက်ရွံ့မနေကြတော့ဘဲ ရဲလာခဲ့ကြသည်။
Power of womenကို နှိမ်မကြည့်ကြရဲတော့ပေ။

တင်ပြစရာတွေ အကုန်တင်ပြပြီးတာနဲ့ လမင်း အရှုပ်တွေက်ို ရှင်းပစ်လေသည်။

"ဒါနဲ့ သတင်းကြားထားတာ ရှယ်ယာတွေကို လုယူချင်နေတဲ့သူ ရှိတယ်ဆိုတာ တစ်ကယ်များလား"

လမင်းက မေးခွန်းလိုမျိုး မေးလိုက်ပေမဲ့ တစ်ကယ်တော့ သူ ဘယ်သူဘယ်ဝါဆိုတာကအစ အတိအကျ သိတာမို့ အကုန်လုံး လန့်နေကြသည်။
အပြစ်လုပ်ထားသူတွေကလည်း ခေါင်းမဖော်ရဲ။

ဝန်ထမ်းအငယ်လေးတွေကလည်း လမင်းရဲ့ စကားကြောင့် အေးစက်တဲ့လေထုကို ခံစားနေရတာမို့ အသံမထွက်ရဲ။

လမင်းသည် လူတိုင်းကို အခွင့်အရေးတန်းတူပေးတတ်သည်။ဘက်မလိုက်တတ်။

ရှယ်ယာရှင်တွေနဲ့ ရာထူးကြီးသူတွေ ဆွေးနွေးပွဲဆို ဝန်ထမ်းအငယ်လေးတွေကိုလည်း အစည်းအဝေးက်ို တက်ချင်ရင် တက်ခွင့်ပေးသည်။

ရာထူးနိမ့်သော်လည်း ကိုယ်ပိုင် အကြံဉာဏ်ကို အစည်းအဝေး၌ ထုတ်ဖော်ပြခွင့်ပေးသည်။

အကြံဉာဏ်မထုတ်ပြနိုင်ပါသော်လည်း အခုအခြေအနေထက် ပိုထူးချွန်အောင် ရာထူးမြင့်သူတွေရဲ့ စဉ်စားပုံ၊စဉ်းစားနည်းတွေကို သင်ယူကာ အသိပညာယူနိုင်သည်။

ထို့ကြောင့်လည်း Gold-palaceဆိုတဲ့ နာမည်နဲ့ အမြင့်မှာ ရပ်တည်နေနိုင်တာလေ။

"ကြံစည်နေတဲ့သူတွေ ရပ်တန်းက ရပ်တာ ကောင်းမယ်လို့ အကြံပေးချင်တယ် ကြိုးစားမှုအတွက် အခွင့်အလမ်း၊အကျိုးအမြတ်တွေ ရနေပြီးသားကို သူတစ်ပါးထိခိုက်အောင် လောဘတက်မယ်ဆိုရင်ရော အဲ့လူရဲ့ ရှေ့ရေးအတွက် အာမမခံဘူး"

လမင်းပြောလိုက်တော့ လုယူဖို့ ကြိုးစားနေတဲ့သူတွေထဲက အကြံစပေးသူက အနောက်က အာယောင်လိုက်လာသည်။

"ဘယ်သူကများ အခုလို လုပ်ရဲတာပါလိမ့် ဦးနှောက်မရှိလိုက်တာဗျာ"

"အင်းး ဆက်လုပ်လာရင်တော့ ဦးနှောက်မသုံးမယ့်အတူ ဦးခေါင်းပါ ဖယ်ပေးမယ်"

လမင်းရဲ့ ခြိမ်းခြောက်စကားကြောင့် ခုကလူလည်း အသံမထွက်ရဲတော့။အစည်းအဝေးအခန်းကြီးက အပ်ကျသံပင် ကြားရနိုင်လောက်အောင် တ်ိတ်ဆိတ်လို့နေတော့သည်။

"အဲ့ဒါဆို တင်ပြစရာကုန်ပြီဆိုတော့ အစည်းအဝေး ဒီမှာပဲ သိမ်းမယ်"

"ဟုတ်ကဲ့ပါ"

လမင်း ထွက်လာတာနဲ့ သဲသဲက နောက်မှ လိုက်လာလျက်။

လုယူဖို့ ကြံစည်နေကြတဲ့ သူတွေက စတောင် မလှုပ်ရှားရသေး မိသွားတာမို့ မလုပ်ရဲတော့ပေ။

သဲသဲလေးက အပြင်မှာ ကျန်နေခဲ့ပြီး လမင်း ရုံးခန်းထဲ ရောက်တော့ ပြတင်းပေါက်မှန်တစ်ချက်ကို ဖွင့်ကာ အံဆွဲထဲက ဆေးလိပ်ဘူးကို ယူပြီး တစ်လိပ် ပါးစပ်နား တေ့လိုက်သည်။

မီးခြစ်နဲ့ မီးညှိ့ဖို့ လုပ်တဲ့အချိန် ဆေးလိပ် အယူခံလိုက်ရသည်။

"မမလေး အထဲမှာ ဆေးလိပ်မသောက်ရဘူးလေ"

"ပြတင်းပေါက်ဖွင့်ထားတာပဲကို သောက်တော့ရော ဘယ်သူ သိမှာမို့လို့လဲ"

"သဲသဲ သိတယ်လေ"

"တစ်ယောက်တည်းပဲ သိတာ ရပါတယ်"

"ကျွန်တော်လည်း သိတယ်"

အကိုစည်သူက တံခါးနားမှာ ရောက်နေမှန်းတောင်
မသိ။အသံကြားမှ သိရသည်။

"တစ်ကယ်ပါပဲ ခေါင်မိုးထပ်ကို မတက်ချင်တော့လို့ပါဆိုနေမှ"

"အဲ့ဒါဆို မသောက်ပါနဲ့တော့"

"မဟုတ် ဟူးး သွားမယ် ပေး"

"ကျွန်တော် လိုက်ခဲ့ပေးပါ့မယ်"

လမင်း ခေါင်မိုးထပ်ကို တက်လာတော့ အပေါ်စီးကနေ မြို့ရဲ့ အလှကို မြင်နေရလေသည်။

လမင်းတို့ ကုမ္ပဏီက တိုက်အမြင့်ကြီး သုံးတိုက်ဖြစ်ပြီး တချို့အထပ်တွေမှာ တစ်တိုက်နဲ့ တစ်တိုက် လျှောက်လမ်းဖြင့် ဆက်ထားလေသည်။

လမင်းရုံးခန်းရှိတဲ့ တိုက်က အလယ်မှာ အမြင့်ဆုံးပေ။

တိုက်တစ်ခုစီတိုင်းမှာလည်း အထပ်၂၀၌ ဥယျာဉ်လို လုပ်ထားပြီး အပန်းဖြေလို့ရအောင်လည်း မီးပုံလေးတွေနဲ့ ပျော်ပွဲစားထွက်ကြသလိုလည်း ခံစားရအောင် လုပ်ပေးထားသည်။

အထဲ၌လည်း လေ့ကျင့်ခန်းလိုက်စားတတ်သူတွေအတွက် gym၊အားကစားနှစ်သက်သူတွေအတွက်လည်း sportမျိုးစုံ၊ရေကူးကန်လည်း ရှိသည်။အဆင့်မြင့် အနှိပ်ခုံများဖြင့်လည်း stressတွေ ဖြေလျော့ဖို့လုပ်ပေးထားသည်။

ထို့ကြောင့်လည်း လူအများ မျက်စိကျ အလုပ်ဝင်သူ များပြားလှသည်။နိုင်ငံခြားနေရာအနှံ့၌လည်း ရုံးခွဲတွေ ရှိပါသော်လည်း မြန်မာနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်သူတွေလည်း ရှိပေသည်။

လမင်း သူကြိုးစား၍ ရတဲ့ အောင်မြင်မှုကို ကြည့်ရင်း ဆေးလိပ်သောက်ကာ ကျေနပ်နေမိသည်။

"သခင်မလေး ကျေနပ်နေပြန်ပြီမလားဗျာ"

"အင်းလို့ပဲ ပြောရမှာပေါ့"

"သခင်မလေး တစ်ကယ် တော်ပါပေတယ် အဖေနဲ့ အကိုထက်တောင် ထူးချွန်တာ ကျွန်တော်လေးစားလို့ မဆုံးဘူး"

"လမင်းကတော့ အကိုစည်သူကို အားကျတယ်"

"ဗျာ ဘာကိုလဲဗျ"

"ရုပ်နုလို့လေ"

"အာ မဟုတ်တာဗျာ သခင်မလေးလည်း အဲ့လိုဖြစ်မှာပါ"

"အကိုလောက်တော့ မဟုတ်ပါဘူး ဒီရုပ်ရည်က ၃၆လို့ ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး ၂၆လို့ ပြောရင်သာ ယုံကြလိမ့်မှာ"

"သခင်မလေးကတော့ နောက်ပြီဗျာ"

"မနောက်ရပါဘူး"

"သခင်လေးတို့နဲ့ နေ့လည်စာ အတူမစားခင် Mallတစ်ခုလို အခြေအနေ သွားကြည့်ရအုန်းမယ်မဟုတ်လားဗျာ"

"အင်း ဟုတ်တယ် အခု သွားကြမယ်လေ"

"ဟုတ်ကဲ့ပါဗျ"

လမင်း အကိုစည်သူနဲ့အတူ အောက်ကို ပြန်ဆင်းလာခဲ့သည်။
လမင်း ရုံးခန်းမှာ ဖုန်းပြန်ယူပြီး ဆေးလိပ်ဘူး ပြန်ထားရမှာမို့ အကိုစည်သူက အရင်သွားနှင့်ပြီး ကားသွားထုတ်လေသည်။

"သဲသဲ mallတစ်ခုက်ို သွားစစ်ရမှာ အခုသွားကြမယ်"

"ဟုတ်ကဲ့ မမလေး"

လမင်းနဲ့သဲသဲ ရုံးခန်းက ထွက်လာတာ အောက်ရောက်တာ အကိုစည်သူက ကုမ္ပဏီအရှေ့ ကားထဲစောင့်နေလျက်။

ထို့နောက် သုံးယောက် အသစ်ဆောက်ထားတာ မကြာသေးတဲ့ Mallတစ်ခုကို အခြေအနေ စစ်ဆေးဖို့ ထွက်လာခဲ့သည်။

မန်နေဂျာလည်း CEOလာမည်ဆို၍ အလောတကြီး။ဆိုင်ဝန်ထမ်းတိုင်းလည်း အမှားမလုပ်မိအောင် ဂရုစိုက်ဖို့ သတိထားနေကြရသည်။

လမင်း ရောက်လာတာနဲ့ မန်နေဂျာက တံခါးဖွင့်ကာ နှုတ်ဆက်သည်။

"CEO ရောက်လာပြီလားဗျ"

"အင်း အကုန်လုံး အဆင်ပြေနေတယ်မလား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်ဗျ"

"အင်း အထဲ လိုက်ကြည့်မယ်"

ဟုတ်ကဲ့ပါဗျ"

လမင်း လမ်းတစ်လျှောက် သေချာ စိစစ်ပြီး လိုက်ကြည့်နေသည်။မန်နေဂျာကလည်း ဘေးနားမှ mallဖွင့်လိုက်ကတည်းက လာရောက်ဝယ်ယူသူ များပြားနေဆဲဖြစ်ကြောင်း၊နာမည်ကောင်းတွေချည်း ထွက်လာကြောင်း ပြောနေလေရဲ့။

"အင်း အကုန် အဆင်ပြေနေတော့ ကောင်းပါတယ် နောက်လည်း အဆင်ပြေနေစေဖို့ မျှော်လင့်တယ်"

"ဟုတ်ကဲ့ပါဗျ ကျွန်တော် ပိုကြိုးစားမှာပါဗျ"

"အင်း"

လမင်း မန်နေဂျာနဲ့ ပြောပြီး မျက်လုံးကို ဝေ့ဝိုက်ကြည့်လိုက်ချိန် မြင်လိုက်တဲ့ အဖြူရောင်လေးက အမြင်အာရုံကို ဆွဲညိသွားစေသည်။

လမင်း မနေ့ညပွဲတုန်းကနဲ့ တွေ့တဲ့ အဖြူရောင်လေးနဲ့ နောက်ကျောက အတော်တူတာမို့ အမြန် အနားကို လျှောက်သွားသည်။

သဲစုပြည့်နဲ့ အကိုစည်သူလည်း ပြာယာခတ်နေသလို ဖြစ်နေတဲ့ လမင်းအနောက်ကို လိုက်လာခဲ့သည်။လမင်း အဖြူရောင်လေးနဲ့ သူကို ပုခုံးကနေ ဆွဲလှည့်လိုက်တာ မြင်လိုက်ရတဲ့ မျက်နှာလေးကြောင့် အကိုစည်သူရော သဲစုပြည့်ပါ ပါးစပ်အဟောင်းသားနဲ့ အံ့ဩနေတော့သည်။

လမင်းလည်း လှည့်ကြည့်လာတဲ့ မျက်နှာပိုင်ရှင်လေးက်ို ကြည့်ရင်း မျက်ရည်တွေ ဝဲလာကာ ပါးစပ်ကနေ နာမ်စားလေးတစ်ခု ထွက်ကျလာခဲ့သည်။

"ကလေး!"

🌺 🌺 🌺 🌺 🌺 🌺 🌺 🌺 🌺

U.S.Aရဲ့ Los Angeles၌ Oliviaဆိုတဲ့ Designerကောင်မလေးတစ်ယောက် ငယ်ငယ်လေးနဲ့ ထူးချွန်လှပြီး နာမည်ကြီးအနုပညာရှင်အများက သူတို့ ကိုယ်ပိုင်designများက်ို တာဝန်ယူဖန်တီးပေးဖို့ လျှောက်လှမ်းပါသော်လည်း လက်မခံ။ကိုယ်တိုင်သာ limitedဖြင့် ဒီဇိုင်းရေးဆွဲ ဖန်တီးတတ်သည်။

"Olivia  will you be leaving the office early because you will be back home tomorrow?"

"Amm yeah I'll
And I'll also settle in my homeland"

"Really!? ohh we'll miss you"

"Thanks✨ if you travel to Myanmar ,to my hometown Yangon
Come and Visit to me"

"We'll"

"Olivia your boyfriend is waiting for you"

"He's not my boyfriend
Just like my brother"

"Ok ok we believe it"

"Bye guys"

"Bye"

နှုတ်ဆက်ပြီး အပြင်ကို ထွက်လာတော့ နောက်ကျောပေးကာ ရပ်နေတဲ့ လူတစ်ယောက်။

"William"

လှမ်းခေါ်လိုက်တော့ လှည့်ကြည့်လာပြီး အနားကို လျှောက်လာသည်။

"ကိုစိုင်း မဟုတ်တော့ပါလား"

"ဟီးဟီး အဲ့ဒါ ရုံးက လူတွေက သူတို့ မသိတဲ့ဘာသာစကားနဲ့ ကောင်လေးကို ခေါ်တယ်ဆိုပြီး ထင်နေကြလို့ပါရှင့်"

"ဟုတ်ပါပြီဗျာ"

စိုင်းမာန်ဦး ခေါင်းလေးကို ပုတ်ပေးတော့ ခဏတော့ ငြိမ်ခံသည်။နောက်တော့ လက်ကို မြှောက်ကိုင်လိုက်တာမို့ မေးလိုက်သည်။

"ဘာလို့ အကိုလက်ကို မြှောက်တာ"

"အကို အဲ့လို လုပ်လို့ ရုံးက လူတွေ အထင်လွှဲကြတာလေ အခုလည်း ကြည့် ဘေးနားက ကြည့်နေကြပြီ"

စိုင်းမာန်ဦး ကြည့်တော့ တစ်ကယ်လည်း ကြည့်ပြီး တီးတိုးပြောနေကြလေသည်။

အရှေ့ကလူသားလေးက အထင်လွှဲမှာစိုးလို့ မလုပ်နဲ့လို့ ပြောပေမဲ့ ဒီလို ချစ်သူကောင်လေးဆိုပြီး အထင်လွှဲကြတာလေးကို ပျော်နေမိတာ ရူးသွားတာများလား။

"ဟုတ်ပါပြီဗျာ မလုပ်တော့ဘူး ဟုတ်ပြီလား နှုတ်ခမ်းကထော်ထားတာ အကို့လည်း လာထိုးမိအုန်းမယ်"

စိုင်းမာန်ဦး ပါးလေးကို ညစ်ပြီး ပြောလိုက်တော့ မျက်စောင်းက ဒိုင်းခနဲ။

"တော် သွားမယ် အထုပ်တွေ သိမ်းရအုန်းမယ်"

"ဟုတ်ကဲ့ပါဗျ"

စိုင်းမာန်ဦး ကားမောင်းကာ နှစ်ယောက်အတူ အိမ်ပြန်လာခဲ့ပြီး ရောက်တော့ မွေးရပ်မြေ ပြန်မှာမို့ လိုအပ်တာတွေ သိမ်းဆည်းနေလေသည်။

ဖူး နိုင်ငံခြားကို ရောက်လာကတည်းက တစ်ချိန်ကျ ပြန်ဖြစ်မှာဆိုတာ သိတာမို့။ဘာပစ္စည်းမှ များများစားစား မဝယ်ခဲ့ဖူး။သို့သော် ဒီဇီုင်းနာတစ်ယောက်ဖြစ်တဲ့အပြင် မိန်းကလေးတစ်ယောက်ဖြစ်သူမို့ အင်္ကျီအဝတ်အစားတွေ အကုန်ထည့်တာ luggageအကြီး၃အိတ်လောက် ထည့်ရသည်။

"အိမ်ကြီးပါ မသွားလိုက်ပါတော့လားကွာ"

တံခါးကို မှီကာ နောက်ပြောင်သလို ပြောလာတဲ့ ကိုစိုင်းကို အရုပ်ကြီးနဲ့ လှမ်းပစ်လိုက်သည်။

"အိမ်တော့ မသွားစရာလား ကိုစိုင်းရယ်"

"ဟားဟား မသိဘူးလေ အကုန်ထည့်​နေတာ အိမ်လည်း ပြောင်နေပြီ"

"ပစ္စည်းလေးတွေက မရှိပါဘူး အဝတ်အစားတွေကသာ အကုန်ကြိုက်တာမို့ ထည့်နေတာ"

"ဟုတ်ပါတယ်လေ အရင်ကဆို hoodieတွေသာ ဝတ်တတ်တဲ့ကလေးမလေးက အခုကျ designerဖြစ်လာပြီဆိုတော့ အမိုက်စားတွေဘဲ ဝတ်တော့တယ်"

"မိုက်တာတွေ ဝတ်လည်း ချစ်ဖို့ကောင်းတယ်ဘဲ ပြောနေကြတာပါ ဟိုတစ်ယောက်လို ဘာဝတ်ဝတ် မိမိုက်နေတာမှမဟုတ်တာ"

ဖူး ပြောပြီး မျက်နှာလေးညိုးသွားတော့ စိုင်းမာန်ဦး အနားသွားလိုက်ပြီး ပုခုံးကို ကိုင်ကာ မေးလိုက်သည်။

"တစ်ကယ်ရော ပြန်လို့ အဆင်ပြေမှာလား"

"မေ့လို့ မရမယ့်အတူတူ အဝေးကနေ မြင်ရရုံလေးပဲ"

"အခု သတင်းတွေထဲမှာလည်း မြင်နေရတာပဲကို"

"လူကိုမှမဟုတ်တာ ဖုန်းscreenကြီးကိုလေ ကိုစိုင်းရာ"

"ဟုတ်ပါပြီ အဆင်ပြေတယ်ဆိုရင်လည်း ဆက်သိမ်း အိမ်နံရံတွေပါ ထည့်သွားအုန်းမလား ဖူးလေး"

"ကိုစိုင်း!!"

"ဟားဟား စတာ စတာ သိမ်းဆည်းပြီးရင် စောစော ဝင်အိပ်လိုက်တော့ မနက်ဖြန်လေယာဉ်ချိန်က  အစောကြီးမို့"

"ဟုတ် ကိုစိုင်း"

ဖူး သိမ်းဆည်းပြီးတာနဲ့ ဝင်အိပ်ပါသော်လည်း မနက်ဖြန် မွေးရပ်မြေပြန်ရမှာကို ရင်တွေခုန်နေမိသည်။ညဉ့်နက်ခါနီးမှသာ အိပ်ပျော်ခဲ့လေသည်။

မနက်ကျ ကိုစိုင်းက လာနှိုးပေးသည်။ပြီးနောက် ပြင်ဆင်ကာ လေယာဉ်ကွင်းဆီသို့ ထွက်လာခဲ့သည်။

ကိုစိုင်းက ရောက်ရောက်ချင်းက ဒီက ကုမ္ပဏီတစ်ခုမှာ လုပ်ပြီး မနှစ်ကျ ကုမ္ပဏီတစ်ခုကို ပြောင်းလုပ်သွားသည်။

ဘာလို့လဲ မေးတော့ မြန်မာနိုင်ငံက ရုံးခန်းမို့ပြန်ရင်လည်း ဟိုမှာ ဆက်လု့်နေလို့ ရတယ်လေတဲ့။

ဘယ်ကုမ္ပဏီလဲတော့ မပြောဘူး။ဖူးလည်း မမေးဘူး။

လေယာဉ်အချိန်တော်ကြာ စီးရမှာမို့ လေယာဉ်ပေါ်ရောက်တာနဲ့ ဖူး အိပ်ချင်နေတာနဲ့ အိပ်လိုက်တော့သည်။

စိုင်းမာန်ဦးလည်း နေရာမရွေး အိပ်တတ်တဲ့ သူလေးကို အနွေးထည်ခြုံပေးကာ ဇက်နာမှာစိုးလို့ သက်တောင့်သက်သာ အိပ်ရအောင် တစ်လမ်းလုံး သူ့ပုခုံးပေါ်သာ မှီထားစေလိုက်သည်။

ရောက်တော့ နေက်တစ်နေ့မနက်ဖြစ်ကာ အပြင်မှာ လင်းထိန်နေလေသည်။

ဖူးလေယာဉ်ထဲက ထွက်လာတာနဲ့ မွေးရပ်မြေရဲ့ အနံ့အသက်လေးကအစ ထူးခြားဆန်းပြားနေသလိုပင်။

မျက်မှန်အမည်းကို ဟန်ပါပါ တပ်ကာ အရှေ့ကလျှောက်ပြီး အနောက်မှာ ကိုစိုင်းက အထုပ်တွေနဲ့ပေါ့။ကူသယ်ပေးမယ်ဆိုတာကို မဟုတ်။

ကိုစိုင်းလည်း လုံးဝခန့်ချောကြီး။
ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း အရပ်ကလည်း အရှည်ကြီး။6'2"လောက် ရှိသည်။ဖူးလည်း အရပ်ထွက်လာပါတယ်။၁လက်မ။5'4"ဖြစ်သွားသည်။

Airportထဲက ထွက်လာချင်းချင်း အရှေ့ကို အဖြူရောင် ကားတစ်စီး ရပ်လာလေသည်။

ကားထဲကနေ ထွက်လာတဲ့သူကြောင့် ဖူး မဍအပြေးသွားဖက်မိသည်။

"ဘွားဘွား"

"မြေးလေး အောင်မလေး ကြည့်ပါအုန်း လှလာလိုက်တာ"

"ဘွားမြေးပဲ ဒီလောက်တော့ ရှိရမှာပေါ့ ဘွားဘွားရဲ့"

"ဒီကလေးမလေးကတော့"

"ဒါနဲ့ ဘွားက ဘယ်လိုသိ ဖူးပြန်လာတာကို"

"အာ အဲ့ဒါက"

"တစ်ကယ်ကြီးကိုပဲ ကိုစိုင်း တောက်လျှောက် အဆက်အသွယ်ရှိနေတာမလား"

"အကိုက အကို့အမေနဲ့ပဲ အဆက်အသွယ်ရှိတာပါ"

"ဘာကွာသွားလို့လဲ"

"ဘာမှတော့ မကွာသလိုပဲနော် ဟဲဟဲ"

"မြေးလေးရယ် ထားလိုက်ပါ လာ သွားကြမယ်"

"ဘွား ဖူး အရင်လို အတူမနေဘူးနော်"

"ဟင်"

"ဖူး ကြိုက်လို့ တိုက်ခန်း ရှာထားပြီးသား"

"ဟုတ်ပါပြီကွယ်"

ဖူး ဘွားဘွားနဲ့ ကားပေါ်တက်သွားပြီး ဘွားဘွားက တိုက်ခန်းထဲအထိ လိုက်ပို့ပေးသည်။

ဖူးလည်း ရောက်သည်နှင့် အထုပ်တွေ အကုန်ဖြည်။တိုက်ခန်းတစ်ခုလုံး သန့်ရှင်း ပြင်ဆင် အလှဆင်တော့သည်။

နေ့လည်စာလည်း မှာစားလိုက်ပြီး ညနေလောက်ပြီးသွားတော့ အပြင် ထွက်လာခဲ့သည်။

ထိုအချိန် အနားက ဖြတ်လျှောက်သွားတဲ့ မိန်းကလေးတွေ တော်တော်များများ တစ်စုံတစ်ယောက်နာမည် ပြောပြောသွားတာ ကြားလိုက်ရသည်။
"လမင်း"တဲ့။

ဖူး သတင်းမကြည့်ပါသော်လည်း ရောက်တဲ့နေရာတိုင်း မမ နာမည်ကို ကြားနေရပြီး သတင်းတွေလည်း သိနေရသည်မို့ မေ့ပစ်ဖို့ ခက်ခဲနေခဲ့သည်။

၄နှစ်တောင် ကြာခဲ့ပြီ။တိမ်းရှောင်နေခဲ့တာ။အခုတော့ ရှောင်မပြေးနိုင်တော့ဘူး။မွေးရပ်မြေကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့သည်။

နောက်နေ့ကျ ဘွားဘွားက သူနဲ့ အတူ ပွဲတစ်ခုကို တက်စေချင်သည်မို့ လိုက်လာခဲ့သည်။

ပွဲထဲရောက်ကတည်းက ဘွားဘွားက လုပ်ငန်းရှင်တွေနဲ့ စကားပြောနေတာမို့ သူလည်း တစ်ယောက်တည်း လိုက်ကြည့်နေတုန်း အကိုစည်သူနဲ့ တခြားယောက်ျားလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သေချာကြည့်တော့ သေးသေးလေးနဲ့ သွားကြိုးလေး ဇွဲထက်က အက်ုစည်သူနဲ့အပြိုင် ချောမောနေသည်ကြောင့် ဖူး အံ့ဩသွားသည်။

တစ်ချိန်တည်းမှာပဲ သူတို့ရှိတယ်ဆို မမလည်း ရှိနေတယ်ဆိုတာ သတိရသွားတာမို့ ရင်မဆိုင်နိုင်ရဲသေးတာကြောင့် ဘွားဘွားကို ပြန်နှင့်မယ်ပြောပြီး ပြေးထွက်လာခဲ့သည်။

တိုက်ခန်းပြန်ရောက်တော့ မမဆီက ပထမဦးဆုံး ရခဲ့တဲ့ အရုပ်လေးကို ဖက်ကာငိုနေမိရင်း အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ကျ ပျင်းတာနဲ့ ကိုစိုင်းကို အဖော်အဖြစ် shoppingထွက်တာ လိုက်ခဲ့ပေးဖို့ ပြောတော့ လိုက်ပေးမယ်ပြောတာမို့ ပြင်ဆင်လိုက်သည်။

အဖြူရောင် အင်္ကျီအရှည်ကို ဂါဝန်လို ဝတ်ကာ ခါးမှာ ခါးပတ်စည်းလိုက်ပြီး ကိုယ်လုံးပေါ် မှန်မှာ ကြည့်ပြီး ကိုယ့်ကိုယ်ကို လှတယ်ဆိုကာ တစ်ယောက်တည်း ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေချိန် တံခါးဘဲလ်တီးသံ ကြားတာမို့ အိတ်အသေးနဲ့ ဖုန်းလေးယူကာ အကိုစိုင်းမာန်ဦးနဲ့ နာမည်ကြီးmallတစ်ခုဆီသို့ထွက်လာခဲ့သည်။


(ဖူးလေး ဝတ်တာ ဒီလိုလေး အရင်က ရိုးရိုးလေးတွေ ဝတ်ပေမဲ့ အခု ဒီဇိုင်းနာတစ်ယောက်အနေနဲ့ လမင်း သဝန်တိုအောင် အစွမ်းကုန် ဝတ်ပြပါတော့မယ် 😌😛)

ဖူး အိမ်ကို ဖြည့်ဖို့ အလှပစ္စည်းလေးတွေ၊လိုအပ်တဲ့ အိမ်တွင်းပစ္စည်းတွေ၊မီးဆိုင်းတွေ၊အရုပ်တွေကအစ လိုက်ကြည့်၊ကြိုက်တာတွေ့ ဝယ်နေတော့သည်။

စိုင်းမာန်ဦးလည်း ဟိုမှာကတည်းက အထုပ်သယ်ရတာ အကျင့်ဖြစ်နေပြီ။
ဝယ်ပြီးသွားတော့ အထုပ်သယ်ပေးရတာ ပင်ပန်းသွားစေလို့ ကျေးဇူးတင်တဲ့အနေနဲ့ နေ့လည်စာဝယ်ကျွေးမယ်ဆိုလို့ စိုင်းမာန်ဦး အထုပ်တွေ ကားထဲ အရင်သွားထည့်လိုက်မယ်ဆိုပြီး ထွက်လာခဲ့သည်။

ဖူး ကိုစိုင်းကို စောင့်ရင်း အရင်က မမနဲ့ အတူစားခဲ့ဖူးတဲ့ ရေခဲမုန့်ဆိုင် တွေ့တာမို့ ဝယ်ပြီး ခုနနေရာကို ပြန်သွားပြီး စောင့်ဖို့ လုပ်ချိန် ပုခုံးကနေ ဆွဲလှည့်ခံလိုက်ရသည်။

ပြီးနောက် မရင်ဆိုင်ရဲဖြစ်နေပါသော လူကို မျက်နှာချင်းဆိုင် မြင်လိုက်ရသည်။
စိတ်ထဲ၌လည်း နမ်စားကို ထပ်ခါ ထပ်ခါ ရွတ်နေမိသည်။

*မမ တစ်ကယ်ကြီး မမလား ဘယ်လိုလုပ် ဒီမှာ အခုလို တွေ့ရတာ*

ဖူး အတွေးတွေ များနေတုန်း ရှေ့က လူက မျက်ရည်တွေဝဲကာ ပြောလာတဲ့စကားလုံးကြောင့် ရင်ထဲ လှုပ်ခတ်သွားစေသည်။

"ကလေး!"

လမင်းရှေ့က လူသားလေးတွေ ဆွဲဖက်လိုက်သည်။

မန်နေဂျာတို့ ဝန်ထမ်းတို့လည်း လမင်းရဲ့ မမြင်ဖူးတဲ့ ပုံစံကို မြင်လိုက်ရတာမို့ ပါးစပ်အဟောင်းသားဖြင့်။

ဖူး မမနဲ့ အခုလို ပြန်တွေ့ချင်နေခဲ့တာ၊နွေးထွေးလုံခြုံမှုအပြည့်ရှိတဲ့ မမရင်ခွင်က်ို လွမ်းနေခဲ့တာဆိုပေမဲ့ အခုလို ထိပ်တိုက်မရင်ဆိုင်ရဲသေးတာမို့ ရုန်းကန်လိုက်သည်။

"လူ..လူမှားနေတယ်ထင်တယ်"

"မမှားဘူး မှန်တယ်"

မမရဲ့ ပြတ်သားတဲ့ စကားကြောင့် ဖူးမှာ လန့်ပါ လန့်လာမိသည်။ခေါင်းကို အတင်းငုံ့ပြီး ဆက်သာငြင်းဆန်နေလိုက်သည်။

"တစ်ကယ် လူမှားနေတယ်ရှင့်"

ဖူး ပြောပြီးတဲ့အချိန် နှုတ်ခမ်းကို အသိမ်းပိုက်ခံလိုက်ရသည်။ရုတ်တရက်ဆန်တဲ့ အနမ်းတစ်ပွင့်နဲ့ပေါ့။

အကုန်လုံးလည်း မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဖြစ်ကုန်သည်။စျေးဝယ်သူ၊လျှောက်လည်ကြသူ လူအများလည်း လမင်းတို့ကို ဓာတ်ပုံတွေ ရိုက်ကြ၊သတင်းတွေတင်ကြနဲ့ ဖြစ်နေချိန် အေးစက်လွန်းတယ်ဆိုတဲ့ လမင်းက အရှေ့က ဖြူရောင်လေးနဲ့ ကောင်မလေးကို ဆွဲနမ်းလိုက်တာမို့ အံ့ဩကြတဲ့သူနဲ့ တဝိုးဝိုးနဲ့ရော အားဆိုပြီး ထအော်ကြတဲ့သူနဲ့ရော အနီးတစ်ဝိုက် ဆူသွားလေသည်။

လမင်း နမ်းပြီးတော့ မေးစေ့လေးက ကိုင်ကာ မော့နေလိုက်ပြီး အကြည့်ချင်းစုံလိုက်စေသည်။

"သူမတူတဲ့ ဒီနှုတ်ခမ်းလေးရဲ့ အရသာနဲ့ ချစ်ရတဲ့ တစ်ယောက်တည်းသော လူသားလေးက်ို မှားစရာလား"

လမင်း ပြောလိုက်တော့ ကလေးက
ပါးလေးရော နားရွက်ဖျားလေးတွေပါ နီရဲသွားလေသည်။

"သခင်မလေး လူတွေ တဖြေးဖြေးများလာတာမို့ ဒီက သွားရမယ်ဗျ"

အကိုစည်သူ လာပြောတော့ လမင်း ခေါင်းတစ်ချက်ညိတိပြလိုက်ပြီး မန်နေဂျာက mallကို ဂရုစိုက်ဖို့ မှာကြားပြီးတာနဲ့ ကလေးက်ို ရင်ခွင်ထဲ ဆွဲထည့်ဖက်ကာ ထွက်လာခဲ့သည်။

လမင်းကလည်း ဘာမှမပြောမဆိုနဲ့ ကားထဲအထိ ခေါ်လာခဲ့သလို ဖူးကလည်း ဘာမသိ ညာမသိနဲ့ မမခေါ်တဲ့ အတိုင်းသာ ပါသွားလေသည်။

ကားမောင်းထွက်လာတော့ လမင်း ကလေးက်ိုပဲ လှည့်ကြည့်နေမိသည်။ကလေးက ကြာလာတော့ နေရခက်လို့ထင်။ချောင်းတွေဟန့်ပြီး လှုပ်လှုပ်ရွရွ ဖြစ်ကာ အပြင်ဘက်ကို ငေးကြည့်လိုက်၊ရှေ့က်ို လှမ်းကြည့်သလို လုပ်လိုက်နဲ့ အငြိမ်မနေ။

အကိုစည်သူနဲ့ သဲစုပြည့်လည်း သခင်မလေးပုံစံက်ို ကြည့်ပြီး ပြုံးမိသည်။သူတို့လည်း ပျော်နေမိသည်လေ။

ထိုအချိန် ဖူးရဲ့ ဖုန်း မြည်လာခဲ့သည်။contactက်ု ကိုစိုင်း။

ထိုအခါမှ ဖူး တစ်ယောက်တည်း ချန်ခဲ့မိမှန်း သတိရသွားပြီး ချက်ချင်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို ဖူးလေး ဘယ်ရောက်သွားတာလဲ"

"ဟို က်ိုစိုင်းက်ို စောင့်နေရင်း အသိတစ်ယောက်ခေါ်တဲ့အနောက် ပါသွားတာ ကိုစိုင်းကို မပြောဘဲ တစ်ယောက်တည်း ထားခဲ့မိလို့ ဆောရီးပါနော်"

ဖူးလေးက အသိတစ်ယောက်လို့ ပြောနေပေမဲ့ လိုင်းပေါ်မှာ ပုံတွေ၊သတင်းတွေ ပျံ့နေတာက်ို မသိဘူးထင်ပါတယ်။

စိုင်းမာန်ဦးလည်း ပုံတွေ တွေ့ပြီးပြီဆိုပေမဲ့ မသိသလို ဖုန်းဆက်မေးကြည့်ခြင်းပင်။

လမင်း ဖုန်းဝင်လာကတည်းက လမင်းက်ို အာရုံမထားတော့ဘဲ တစ်ဖက်က ကိုစိုင်းဆိုတဲ့ သူနဲ့ပဲညပြောနေတာမို့ ဒေါပွလာတာကြောင့် ဖုန်းကို လှမ်းယူလိုက်သည်။

"အို လန့်တာ"

လမင်း ကလေး လန့်သွားတာ သိပေမဲ့ ဂရုမစိုက်နိုင်။တစ်ဖက်က ကိုစိုင်းဆိုတဲ့သူကို အပီကောချင်နေတော့သည်။

"ဟယ်လို ဖူးလေး ဘာဖြစ်လို့လဲ"

"...."

လမင်း ဘာမှ မပြောသေး။အသံကို ရင်းနှီးနေတာမို့ ဘယ်သူလဲ ပြန်စဉ်းစားနေချိန် တစ်ဖက်က ရီသံနံ့ အတူ ဆက်ပြောလာခဲ့သည်။

"အခုဖုန်းကိုင်ထားတာ အမလမင်းမလား ဟားဟား"

"...."

"ဟုတ်ပါတယ် အမလမင်းဆိုတာ ကျွန်တော် စိုင်းမာန်ဦးပါ အရင်က uniတူတူ တက်ခဲ့ဖူးတယ်လေ"

ထိုအခါ လမင်း မှတ်မိသွားသည်။ကလေးနဲ့အတူ Kingနိုင်သွားတဲ့ တစ်ယောက်။

"အော စိုင်းမာန်ဦး"

"မှတ်မိတယ်မလား ဟီး"

"ဒါနဲ့ ဘာလို့ မင်းက ကလေးနဲ့"

"အာ အဲ့ဒါက ဖူးလေးက်ိုပဲ မေးကြည့်လိုက်ပါလားဗျာ ဒါနဲ့ ကျွန်တော်က Los Angelesက ပြောင်းလာတယ်တိုတဲ့ မန်နေဂျာချုပ်နော်"

"William ဆိုတဲ့တစ်ယောက်လား"

"ဟုတ်တယ်ဗျ အဲ့ဒါ ကျွန်တော်ပါ"

"အင်း နောက်ကျမှ ဆုံကြတာပေါ့ အခုတော့ ကလေးနဲ့ သွားစရာလေးရှိလို့"

"ဟုတ်ကဲ့ပါဗျာ ဖူးလေးက်ု အမလမင်းလက်ထဲ ပြန်ထည့်လိုက်ပြီနော် ဂရုစိုက်ပေးပါဗျ"

"အင်း"

လမင်း ဖုန်းပြောပြီးတော့ ကလေးကို လှည့်ကြည့်တော့ ခုနက ဖုန်းပြောနေတုန်း သူ့က်ို ပြူးပြူးလေး ကြည့်နေရာကနေ အခု သူမဟုတ်သလို အကြည့်လွှဲသွားလေသည်။

"ပြောပါအုန်း ဘာလို့ နိုင်ငံခြား ထွက်သွားရတာ"

ဖူး အဲ့အကြောင်းတွေကို နှစ်ယောက်တည်း ပြောရမယ်လို့ ထင်ထားတာ အခု အရှေ့မှာ အကိုစည်သူနဲ့ ကောင်မလေးတစ်ယောက် ရှိနေတဲ့အချိန် ပြောရမှာတဲ့လား။

အကိုစည်သူက ဘာမှမဖြစ်ပေမဲ့ ဘေးက ကောင်မလေးကို မသိတာမို့ ဖူး မမကို လှမ်းကြည့်ပြီး ကောင်မလေးကို မေးငေ့ပြလိုက်သည်။

"အကိုစည်သူတို့ ရှိလည်း ဘာမှမဖြစ်ဘူ ပြောလို့ရတယ် သူတို့လည်း ဖြစ်ခဲ့တာတွ အကုန်သိကြတာမို့"

"မမ လိုက်လျှောက်ပြောထားတာလား ပါးစပ်လုံမယ်လို့ ထင်ထားခဲ့တာ မဟုတ်ပါလား"

စွာသလိုလို ပြောလာတဲ့ ကလေးကြောင့် လမင်း အသံထွက် အော်ရီမိသည်။

လမင်း ဒီလို မရီရတာ တော်တော်ပင် ကြာခဲ့ပြီလေ။

"ဟားဟား ကလေးရယ် မမက ဘာလို့ လိုက်ပြောရမှာ အကိုစည်သူနဲ့ သဲသဲက နဂိုကတည်းက သိကြပြီးသားပဲကို"

"ဟင် သဲသဲ ဘယ်လို တစ်ကယ်ကြီး သဲသဲလေးလား"

ဖူး အံ့ဩတကြီး မေးလိုက်တော့ မမကလည်း ခေါင်းညိတ်ပြပြီး ကောင်မလေးက လှည့်ပြောလာသည်။

"မဖူး သဲသဲကို မမှတ်မိဘူးပေါ့လေ"

"အဲ အာ အဲ့ဒါ တော်တော်လှလာလို့ စိတ်မဆိုးပါနဲ့နော်"

"မဆိုးပါဘူး မဖူးရာ သဲသဲကိုတောင် မမှတ်မိတာ
ဇွဲထက်က်ိုဆို ပိုဆိုးလောက်တယ်"

"ဇွဲထက်ကို မဖူး မြင်ဖူးပြီးပြီ မနေ့ညက ပွဲတစ်ခုမှာ"

"ဟင် တစ်ကယ်လား မဖူး"

"အင်း"

လမင်း ကလေးရဲ့ စကားကြောင့် မနေ့ညက သူ ကလေးလို့ ထင်ခဲ့တဲ့ အဖြူရောင်လေးကညတစ်ကယ်လည်း ကလေးပဲကို။

"အဖြူရောင်နဲ့မလား မနေ့ညက"

"မမ ဘယ်လိုသိ"

"မနေ့ညပွဲကတည်းက အဖြူရောင်လေးက ကလေးနဲ့ တူတယ်ဆိုပြီး ပြေးလိုက်ရှာခဲ့တယ် ဒါပေမဲ့ ပျောက်သွားတယ် ဒီနေ့လည်း မနေ့ကတွေ့ခဲ့တဲ့ အဖြူရောင်လေးနဲ့ တူတယ်ဆိုပြီး ဆွဲလှည့်ကြည့်လိုက်တာ တစ်ကယ် ကလေးဖြစ်နေတယ်"

လမင်း ပြောရင်း ကလေးလက်လေးနှစ်ဖက်ကို ပူးကိုင်ကာ ခါးနည်းနည်းကိုင်းလိုက်ပြီး နဖူးနဲ့ ထိကာ မျင်ရည်ကျမိသည်။

ဖူး လက်က စိုလာတာ ခံစားနေရတာမို့ မမ ငိုနေမှန်း သိသည်မို့ တခြားအကြောင်း ပြောလိုက်သည်။

"အခု ဘယ်ကို သွားနေတာလဲလည်း မပြောကြပါလား"

ဖူးမေးတော့ သဲသဲလေးက ဖြေလာသည်။

"ဒီနေ့ နေ့လည် မမလေး မိသားစုနဲ့ နေ့လည်စာ စားကြဖို့ ပြောထားကြတာ အခု အဲ့ကို သွားနေတာ"

"ဘယ်..ဘယ်လို မေ"

ဖူး ပါးစပ်ကနေ အရင်ကခေါ်သလို မေမေဆိုပြီး လွှတ်ခနဲ ထွက်သွားတော့မယ့်အချိန် မနည်းရပ်လိုက်ရသည်။

"ကိုကိုလည်း ပါတယ်"

"ကိုကြီးရော မတွေ့တာတောင် ကြာပြီ"

"ကိုကို့ ခင်ပွန်းနဲ့လည်း တွေ့ရလိမ့်မယ်"

"ခင်ပွန်း?"

ဖူး နားမလည်သလ်ို မေးလိုက်တော့ ပြုံးသာပြုံးပြသည်။

နေရာကိုရောက်တော့ နှစ်ယောက်အတူ ဝင်လာခဲ့သည်။

သဲသဲလေးနဲ့ အကိုစည်သူကိုတော့ မမက အရင်ရုံးဆင်းချင် ရုံးဆင်းကြနှင့်ဆိုပြီး ပြောခဲ့လေသည်။

Restaurantက ဟိုတယ်နဲ့တောင် တူလှသည်။မီးဆိုင်းကြီးတွေ ထည်ထည်ဝါဝါဖြင့်။

"ကလေး လာ"

မမ လက်ကိုတွဲကာ ခေါ်တော့ ရင်ထဲ ကြည်နူးမိသည်။

မမနဲ့အတူသွားရင်း မိန်းကလေးက ဒီအခန်းဆိုပြီး တံခါးဖွင့်ပေးတာမို့ ဖူးလည်း မမနဲ့ အတူ ဝင်လာခဲ့သည်။

ဖူး ဝင်လာတော့ မမရဲ့ ဖေဖေ၊မေမေ၊ကိုကြီးနဲ့ ဘေးက ကိုခန့်။

ဖူးတို့ ဝင်လာတော့ ကြည့်လာကြတာ ဖူးကို မြင်သွားလို့ထင် မျက်လုံးအပြူးတွေနဲ့ ကြည့်နေကြသည်။

"ဖူးလေး"

မေမေက ကလေးကို တွေ့လိုက်ရတော့ အရမ်းပျော်သွားမှန်း လမင်း သိတာပေါ့။ကလေးကို ပြေးဖက်သည်။

"သမီး ဖူးလေး ပြန်လာခဲ့ပြီပေါ့"

"ဟုတ်"

"လာလာ ဖူးလေး မေမေ့အနားမှာ ထိုင် အယ် မေမေဖြစ်လို့ရသေးတယ်မလား"

"ဟုတ် မေမေ ဟီးဟီး"

"ဖူးလေးက အရင်လို ချစ်ဖို့ကောင်းတုန်းပဲ"

"ဖေဖေ နေကောင်းပါ့ရဲ့လားရှင့်"

ဖူး ဦးစိုင်းမာန်ထွန်းဦးက်ိုနှုတ်ဆက်တော့ အရင်လို နွေးထွေးတဲ့ အပြုံး ပြုံးပြီး ပြန်ပြောလေသည်။

"ကောင်းပါတယ် သမီးရယ် ကြည့်ပါအုန်း အရွယ်ရောက်လာတော့ ချောလာလိုက်တာ"

"အဲ့လောက်လည်း မဟုတ်ပါဘူးရှင့်"

"ဖူးလေး"

"ကိုကြီး မတွေ့ရတာ တောင် ကြာပြီနော် ကိုခန့်ျရာပဲ အိုမို"

"ဘာဖြစ်လို့လဲ ဖူးလေး"

မင်းကောင်းစစ်တို့ မေးလိုက်တော့ ဖူးလေးက အားကြိုးမာန်တက် ပြန်ဖြေလာသည်။

"ဘာဖြစ်ရမှာလဲလို့ နှစ်ယောက်က လက်ထပ်ပြီးကြတာ ဖူးလေးတောင် မသိမိပါလား"

"အော် ဘာများလဲလို့ ဖူးလေးရယ် လန့်သွားတာပါ"

"ဖူးလေးလည်း လန့်သွားပါတယ်ရှင် ကားပေါ်မှာ မမက ကိုကို့ခင်ပွန်းဆိုလို့ နားမလည်ဖြစ်နေတ အခုမှပဲ ရှင်းသွားတော့တယ်"

"ဟုတ်ပါပြီဗျာ ညီမလေး ဖူးလေးနဲ့ ပြန်တွေ့တာတောင် မပြောပါလား"

"ခုနကမှ တွေ့လို့ ဆွဲခေါ်လာတာ"

"ညည်းကတော့လေ"

"ဘာဖြစ်လို့လဲ ဆက်ပြောလေ မေမေ"

"ဒီတစ်ခါတော့ တော်တယ်လို့"

"ဟွန့် ပြီးတာပဲ"

ဒီလိုနဲ့ နေ့လည်စာလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ လမင်း ဖြတ်သန်းနိုင်ခဲ့သည်။
ပျောက်ဆုံးသွားပြီလို့ ထင်ထားတဲ့ အပြုံးတွေလည်း ပြန်ဖြစ်ပေါ်လာခဲ့သည်။

မင်းကောင်းစစ်နဲ့ ခန့်မင်းသန့်လည်း ညီမလေး အခုလို ပြန်ပြုံးနေတာ တွေ့ရတော့ ပျော်နေမိသည်။

ဒေါ်နန်းအိန္ဒြေသွင်တို့လည်း မိဘအနေနဲ့ သားသမီးတွေ ပျော်ရွှင်နေကြတာ ပြန်မြင်ရတော့ မျက်ရည်ဝဲမတတ် ပျော်ရွှင်နေမိတော့သည်။

🤍🌤💛🌤🤍🌤💛🌤🤍🌤💛🌤🤍🌤💛

မုန်တိုင်းက ရှေ့တစ်ပိုင်းမှာ ပြောခဲ့သလို ပြီးသွားပါပြီနော်
အခု နေသာလာပါတော့မည် 🌞☁️
နှစ်ယောက် ပြန်ပြေလည်ကြသေးတာမဟုတ်ဘဲ ဖူးလေးကို စိတ်ကောက်ခွင့်ပေးပါရစေ
ဒါပေမဲ့ အချိုတွေကြီးပါပဲ 😉

ဒါနဲ့လေ သာသာ လမင်းနဲ့ ဖူးတို့နှစ်ယောက်လုံး ပုံစံတွေကို Glow up versionမြှင့်ပေးရမလားကွယ် 🤓💝

Gold-palaceဆိုတဲ့ နာမည် ရှေ့မှာ တစ်ခါ ပါခဲ့ဖူးတာ မှတ်မိလားရှင့် 🤔

လက်ဖ်ယူပါရှင်😙❤️

( Zawgyi )

ကေလး ထြက္သြားမွစ၍ လမင္း ႏွလုံးသားမရွိေတာ့တဲ့ လူတစ္ေယာက္လို ျဖစ္သြားေလသည္။
သို႔မဟုတ္ အၿမဲ ဆြဲထားေလ့ရွိတဲ့ ဆြဲႀကိဳးေလးလို ႏွလုံးသားက္ို ေသာ့ခတ္ထားပုံ။

ေသာ့ပိုင္ရွင္ေလးကေရာ ဘယ္သူမ်ားလဲ။အရင္က သတင္းထြက္ဖူးတဲ့ Cloudrevel Companyရဲ႕ ေျမးျဖစ္သူလား။သူက အခု ဘယ္ေရာက္ေနတာလဲ။စသည့္ ေမးခြန္းေပါင္းေျမာက္ျမားစြာ သတင္းစာရွင္းလင္းပြဲေတြမွာေရာ ကုမၸဏီပြဲေတြမွာေရာ လိုင္းေပၚမွာေတြေရာ ေမးေနၾကေပမဲ့ ကာယကံရွင္က ေျဖရွင္းခ်က္တစ္ခုမွ မထုတ္ျပန္ခဲ့။

လမင္းသည္ သ႐ုပ္ေဆာင္၊အဆိုေတာ္ celebrities မ်ားထက္ပင္ ကမာၻေက်ာ္ေအာင္ နာမည္ႀကီးေသး။နာမည္က ႀကီးလည္း ႀကီးခ်င္စရာပဲေလ။

World of businessမွာ Top 5ဝင္တဲ့ Blue Moon Company ရဲ႕ သမီးအငယ္ျဖစ္သူသည္ မိန္းကေလးဆိုပါေသာ္လည္း အေဖႏွင့္ အကိုထက္ပင္ ထူးခြၽန္ထက္ျမက္ကာ Top 3ထဲ စာရင္းဝင္သူျဖစ္သည္။

စီးပြါးေရးလုပ္ငန္းရွင္မ်ားတင္မက အႏုပညာရွင္၊လူအမ်ားစုမ်ားပါ Gold-palace Companyကို အေတာ္အမ်ား သိၾကသည္။

စီးပြါးေရးကို ဘက္မ်ိဳးစုံကေန ေအာင္ျမင္မႈေရာ၊အက်ိဳးအျမတ္ေရာ၊ျပည္သူလူထုအတြက္ အေထာက္အကူရွိမည့္အရာမ်ားကို အမ်ားဆုံး လုပ္ကိုင္ၿပီး ဂ႐ုတစိုက္ႏွင့္ ေသေသခ်ာခ်ာမို႔ လူအမ်ားက သူတို႔အတြက္ Angelတစ္ပါးအျဖစ္လို႔ တင္စားေခၚေဝၚတတ္ၾကသည္။

သို႔ေသာ္ အသြင္အျပင္၊အေနအထားကေတာ့ Devilတစ္ေယာက္လိုပါပဲ။မ်က္ႏွာက အၿပဳံးအရယ္မရွိ၊ေအးစက္စက္ျဖင့္ အလြန္ျပတ္သားလွသည္။

ဝတ္စားဆင္ယင္ပုံ၊အသုံးအေဆာင္ေတြဆိုလည္း အမည္းတစ္မ်ိဳးတည္းသာ သုံးတတ္သည္။
ဘယ္ေလာက္ေတာင္ blackကို crazyျဖစ္လဲဆို အိမ္ကအစ အမည္းေရာင္ပင္။

Half of angel-half of devilဆိုတာမ်ိဳးရဲ႕ ဥပမာ ဆိုၿပီးလည္း ေျပာတတ္ၾကသည္။

သို႔ေပမဲ့ မုန္းတီးျခင္းကို မရရွိဘဲ ခ်စ္ခင္ျခင္းကိုသာ ခံရသူျဖစ္ေပသည္။

ေယာက္်ားေလးအတြက္ Cool typeျဖစ္သလို
မိန္းကေလးအတြက္ကလည္း Sugar mommyလိုျဖစ္တာမို႔ လူႀကိဳက္မ်ားလွသည္။ေခြၽးမေတာ္ခ်င္သူလည္း မ်ားလွသည္။

သို႔ေသာ္ ေရေျမာင္းလာခင္းသမွ် သူေတြအကုန္လုံးကို ေနာက္ထပ္မလုပ္ရဲေတာ့ေအာင္လို႔ ခါးခါးသီးသီးေျပာပစ္တတ္သည္။
ထိုသို႔ ျပဳလုပ္သည္ကို သိရက္နဲ႔ ႀကိဳးစားၿပီး ခ်ဥ္းကပ္သူေတြကလည္း ရွိေသး။

အခုလည္း လက္တြဲလုပ္ကိုင္သူတစ္ဦးရဲ႕ ပြဲကို ဖိတ္လို႔ ခဏတျဖဳတ္ သြားထိုင္ေပးဖို႔ ျပင္ဆင္ေနျခင္း။Blue Moon Company လည္း အဖိတ္ခံရတယ္ဆိုလို႔ ကိုကို႔ကို ေစာင့္ေနရေသး။

"မၿပီးႏိုင္ေသးဘူးလား"

"ၿပီးပါၿပီဗ်ာ ဖဲႀကိဳးဟာ စည္းေနလို႔ပါ"

မင္းေကာင္းစစ္ ေျပာျပေနလည္း အဖတ္မလုပ္။ထြက္သြားေခ်သည္။

မင္းေကာင္းစစ္ ဒီလိုမ်ိဳး ခံရတာ ၄ႏွစ္ရွိၿပီမို႔ အထူးတလည္မဟုတ္ေတာ့။

ညီမေလး ေျပာင္းလဲတာကို ျမင္ရတာ သူ႔အတြက္ဆို ဒါနဲ႔ဆို ႏွစ္ခါရွိၿပီမဟုတ္လား။

ငယ္ငယ္ေလးတုန္းက ေရခဲတုံးေတာင္ အရႈံးေပးရေလာက္ေအာင္ ေအးစက္တာ အခုက အဲ့တုန္းကေတာင္ ပိုဆိုးေနတာ ေျမာက္ဝင္႐ိုးစြန္းဘက္က အေအးဓာတ္ အရႈံးေပးေနရတဲ့ အလွည့္ျဖစ္ေနေတာ့သည္။

ကားေပၚ ေရာက္တာနဲ႔ အကိုစည္သူက ေမာင္းထြက္လာသည္။
အကိုစည္သူရဲ႕ ေဘးနားမွာလည္း သဲသဲေလးက ထိုင္ေနသည္။

သဲသဲေလးတို႔ ေမာင္ႏွမႏွစ္ေယာက္လုံးသည္ ငယ္ငယ္ေလးနဲ႔ ထူးခြၽန္ထက္ျမက္သည္။သင္ေပးရင္ တတ္ေျမာက္လြယ္သည္။

အခုဆို သဲစုျပည့္က လမင္းရဲ႕ အတြင္းေရးမႉးျဖစ္တဲ့အျပင္ သူ႔အမလို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အလုပ္လုပ္ႏိုင္တဲ့ ဇြဲထက္ေလးက လမင္းရဲ႕ လူယုံ၊ကိုယ္ရံေတာ္အကိုစည္သူလို မင္းေကာင္းစစ္ရဲ႕ လူယုံ၊ကိုယ္ရံေတာ္ ျဖစ္လို႔ ေနသည္။

"သဲသဲ ဘာထူးျခားလဲ"

"မမေလး အဲ့ဒါက အခုထိ အစအန ရွာလို႔မေတြ႕ဘူးျဖစ္ေနတယ္ရွင္"

"အင္းး"

လမင္း သက္ျပင္းသာ ခ်ေနမိသည္။

"အခ်ိန္တန္ရင္ သူျပန္လာမွာပါ သခင္မေလးလည္း သိေနတယ္မဟုတ္လားဗ်ာ"

အက္ိုစည္သူက ေျပာလာေတာ့ လမင္း ႏႈတ္ခမ္းတစ္ဖက္သာ ေကာ့တက္႐ုံမွ်သာ ၿပဳံးၿပီး အျပင္ဘက္ကို ေငးၾကည့္ေနမိသည္။

*အခ်ိန္တန္ရင္ အင္း အခ်ိန္တန္ရင္ေပါ့ အခ်ိန္က ဘယ္ေတာ့မွ တန္ေတာ့မွာလဲ အခုဆို ၄ႏွစ္ရွိေနၿပီ*

ပြဲေနရာဆီ ေရာက္ေတာ့ သဲသဲေလးနဲ႔အကိုစည္သူက အရင္ဆင္းသြားၿပီး အကိုစည္သူက လမင္းဘက္ကို တံခါးလာဖြင့္ေပးသည္။

ေဘာင္းဘီအမည္းအေျပာင္သားအရွည္ကို အမည္းေကာ္လံလက္ရွည္နဲ႔ပဲ ႐ိုး႐ိုးရွင္းရွင္း ဝတ္ထားပါေသာ္လည္း လမင္းပုံစံသည္ လုံးဝ ခပ္မိုက္မိုက္ ေႂကြခ်င္စရာကို ျဖစ္ေနေလသည္။
ၾကယ္သီး ၂လုံး၊၃လုံးေလာက္ ျဖဳတ္ထားေတာ့ ထင္းေနတဲ့ ရင္ညႇက္႐ိုးနဲ႔ လည္တိုင္ကလည္း sexyဆန္စြာ ဆြဲေဆာင္မႈရွိလွသည္။

(ဒီပုံေလးေတြ႕တာ လမင္းနဲ႔ လိုက္ေလာက္မယ္ဆိုၿပီး သိမ္းထားတာ အခု အေတာ္ပဲ ျဖစ္သြားတယ္ 😍🖤)

လမင္း ကားေပၚက ဆင္းၿပီး ခဏရပ္ေနေတာ့ ေနာက္ကားကေန မင္းေကာင္းစစ္ ဆင္းလာၿပီး လမင္းအနားကို ေရာက္လာသည္။

ေမာင္ႏွမႏွစ္ေယာက္ အတူ ေဘးခ်င္းကပ္ေလွ်ာက္လာတာ ကင္မရာမီးမ်ားက တဖ်တ္ဖ်တ္။
လမင္းတို႔အေနာက္မွာ အတြင္းေရးမႉးႏွစ္ေယာက္ ျဖစ္သူ သဲစုျပည့္နဲ႔ မင္းခန္႔။သူတို႔နဲ႔ထပ္ၾကပ္မကြာ လိုက္လာၾကတာ အကိုစည္သူနဲ႔ ဇြဲထက္။

ပြဲထဲေရာက္ေတာ့ ေမာင္ႏွမႏွစ္ေယာက္ဆီ အၾကည့္မ်ားက စတင္ ေရာက္လို႔လာသည္။

ထိုအခ်ိန္ စီးပြါးေရးရွင္တစ္ေယာက္က ကိုကို႔ဆီ လာေနတာမို႔ လမင္း အနားကေန ထြက္လာၿပီး စားပြဲအလြတ္မွာ ဝင္ထိုင္လိုက္သည္ႏွင့္ သဲသဲေလးက ေဘးနားမွာ။အကိုစည္သူကေတာ့ အေဝးတစ္ေနရာမွာ ေစာင့္ၾကည့္ေနလ်က္။

"မမေလး ေသာက္စရာတစ္ခုခု ယူမလားရွင့္"

"Champagne"

"ဟုတ္ကဲ့"

သဲစုျပည့္ မမေလး မွာတာ ယူဖို႔ ေသာက္စရာေတြ ထားထားတဲ့ ဖက္ကို ေလွ်ာက္လာခဲ့သည္။

ရွန္ပိန္ခြက္ကို ယူမည့္အခ်ိန္ လက္ေကာက္ဝတ္ကေန အခ်ဳပ္ခံလိုက္ရသည္။

"ဇြဲထက္ ဘာလုပ္တာ လႊတ္ေပး"

"မေသာက္ႏိုင္ဘဲ မေသာက္ရဘူးလို႔ ေျပာထားတယ္ေလ မျပည့္ရာ"

ဇြဲထက္သည္ သဲစုျပည့္ထက္ ၂ႏွစ္ငယ္ၿပီး ၁၆ႏွစ္သာ ရွိပါေသာ္လည္း ခႏၶာကိုယ္သည္ ကိုယ္ရံေတာ္တစ္ေယာက္ ရွိသင့္သည့္ ႂကြက္သားအျပည့္ျဖင့္ အရပ္သည္လည္း အကိုစည္သူနဲ႔ သိပ္မကြာ။အကိုစည္သူက 6'4"။ဇြဲထက္က6'1"။တစ္ကယ္ကို ထန္းပင္၊အုန္းပင္နဲ႔ အမ်ိဳးေတာ္ၾကသလား ေအာက္ေမ့ရတယ္။ႏွစ္ေယာက္စလုံး ရွည္ေမ်ာေမ်ာေတြ။သို႔ေသာ္ ႏွစ္ေယာက္လုံး ေစာ္/ဘဲကေတာ့ အရမ္းၾကည္။တစ္ခါတေလဆို ေဖြးေဖြးဥဥေကာင္ေလးေတြရဲ႕ ေသြးေဆာင္ျဖားေယာင္းျခင္းေတာင္ ခံရေသး။ထိုအခါမ်ိဳးဆို ႏွစ္ေယာက္လုံး သခင္မေလးလို ေသြးေအးတတ္သည္။

အကိုစည္သူ ၃၀ေက်ာ္ ၄၀နီးေနၿပီဆိုေပမဲ့ ဇြဲထက္နဲ႔အတူ ညီအစ္ကိုလို ထင္ရေလာက္ေအာင္ ၂၀ေက်ာ္လိုမ်ိဳး ခန္႔ေခ်ာေလသည္။

"ငါ ေသာက္မွာမဟုတ္ဘူး မမေလး မွာလိုက္တာ"

"အာ အဲ့ဒါဆို ေရာ့ သြားေပးလိုက္အုန္း"

မမေလးဆိုေတာ့မွ လက္ထဲ ခြက္ေလးထည့္ေပးကာ ျပန္လႊတ္ေပးသည္။

"မမေလး ရပါၿပီရွင့္"

"ဇြဲထက္က လာတားေသးတယ္မလား"

"ရွင္! ဘယ္လိုသိ"

"ၾကာေနပုံကိုေထာက္ၾကည့္ရင္ေပါ့"

"ဟီးဟီး အဲ့လိုလား"

"ညီမသဲစုျပည့္"

ကိုကိုရဲ႕ အတြင္းေရးမႉးျဖစ္တဲ့ မင္းခန္႔ လာေခၚတာမို႔ လမင္း ခြင့္ျပဳလိုက္ေတာ့ ႏွစ္ေယာက္အတူ ထြက္သြားၾကတာ။သူတို႔ႏွစ္ေယာက္ကလည္း တစ္ကယ့္ကို အလုပ္ဂ်ပိုးေတြ။ပြဲေတြ ဘာေတြမွာလည္း အလုပ္အေၾကာင္း ေဆြးေႏြးတတ္ၾကသည္။အစက ႏွစ္ေယာက္သား ထြက္ထြက္သြားတတ္လို႔ ခိုးdateေနၾကတယ္ထင္တာ။ဘယ္ဟုတ္မလဲ။အလုပ္ေတြ ခိုးလုပ္ေနၾကတာ။

လမင္း ရွန္ပိန္ေသာက္ရင္း ထိုင္ေနတုန္း အရႈပ္ေတြ အနားေရာက္လို႔လာသည္။

"ဟယ္လို တစ္ေယာက္တည္းလား မပ်င္းရေအာင္ တို႔နဲ႔ အတူမရွိခ်င္ဘူးလား"

"စိတ္ရႈပ္တယ္ ထြက္သြား"

"အဲ့လို ႏွင္မထုတ္လိုက္ပါနဲ႔ကြယ္ တို႔က ရင္းႏွီးခ်င္လို႔ကို"

"ငါ စကားကို ႏွစ္ခါမေျပာခ်င္ဘူး!"

တျဖည္းျဖည္း အသံမာလာတာမို႔ မိန္းကေလးလည္း ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ထြက္သြားေလသည္။

မိန္းကေလး ထြက္သြားၿပီးမၾကာ ကိုကို ေရာက္လာေလသည္။

"ျငင္းေနရတာ ေညာင္းေနၿပီထင္တယ္"

"..ကိုကိုကေရာ ဘာထူးလို႔လဲ.."

"ကိုကို႔အေကာင္ေပါက္က အကုန္ရွင္းထုတ္ေပးၿပီးသားေလ"

ဘယ္ဘက္လက္သူႂကြယ္က လက္ထပ္လက္စြပ္ကို ပိုျမင္သာေအာင္ လုပ္ျပေနတဲ့ ကိုကို႔ကို အျမင္ကပ္ပုဒ္မနဲ႔ မ်က္ေစာင္းထိုးလိုက္ေတာ့ စပ္ၿဖီးၿဖီး ရီလာျပသည္။

"ညီမေလးလည္း ရွင္းထုတ္ေပးမယ့္သူ မလိုခ်င္ဘူးလား"

"မလိုဘူး သူျပန္လာရင္ အကုန္ရွင္းၿပီးသားျဖစ္သြားေအာင္ လုပ္မွာ"

"အႀကံအစည္ေတြနဲ႔"

"Just being professionalျဖစ္ေန႐ုံပါ"

လမင္းစကားေၾကာင့္ ႏွစ္ေယာက္သား ရီမိသည္။လမင္း ရီေနရင္း အမွတ္မထင္ မီးေရာင္ေအာက္က ျဖဴျဖဴေလး တစ္ခုကို ဖ်က္ခနဲ ျမင္လိုက္ရသည္။

"ဟင္?"

လမင္း ထိုအျဖဴေလးကို ရွာဖို႔ ခ်က္ခ်င္းထလာေပမဲ့ ဘယ္ေရာက္သြားမွန္းမသိ။အျပင္ကို ထြက္လာၿပီး ပတ္ပတ္လည္ကို eagle eyeနဲ႔ ရွာပါေသာ္လည္း အရိပ္အေယာင္မေတြ႕။

မင္းေကာင္းစစ္ ႐ုတ္တရက္ ထသြားၿပီး တစ္စုံတစ္ရာကို အသည္းအသန္ရွာေနတဲ့ ညီမေလးအေနာက္ကို လိုက္လာခဲ့တာ အေပါက္နားမွာ ရပ္သြားတာနဲ႔ ညီမေလး ေဘးနားကို သြားလိုက္သည္။

"ဘာရွာေနတာလဲ ညီမေလး"

"အျဖဴေရာင္ေလး"

"ဟမ္?"

"မ်က္ႏွာမျမင္လိုက္ရေပမဲ့ ေနာက္ေက်ာက သူဆိုတာ ေသခ်ာတယ္ ဒီႏိုင္ငံထဲ ျပန္ေရာက္ေနၿပီလား ေနာက္ဆုံးေတာ့ ျပန္လာခဲ့ၿပီေပါ့"

ထို႔ေနာက္ လမင္းတို႔ ပြဲေတာ္က ျပန္လာခဲ့သည္။

အရင္ ေနရာမဟုတ္ေတာ့ပါဘဲ ေဘးပတ္ပတ္လည္ ေျမကြက္ကို ဝယ္ကာ ေမာင္ႏွမႏွစ္ေယာက္ ခြဲေနျဖစ္သည္။

အရင္က သူေလးနဲ႔ အိမ္ကေတာ့ အလယ္မွာ တည္ရွိေနလ်က္။

ဘယ္ဘက္မွာေတာ့ လမင္း သပ္သပ္ အမည္းေရာင္နဲ႔ပဲသီးသန္႔ အိမ္တစ္လုံး ထပ္ေဆာက္ေနခဲ့တာ ကေလး ထြက္သြားၿပီး လအနည္းငယ္ေလာက္မွာတင္။

ကိုကိုကလည္း တစ္ဖက္လြတ္တဲ့ေျမကြက္အျခမ္းမွာေပါ့။ေမာင္ႏွမႏွစ္ေယာက္နဲ႔အကိုစည္သူကိုလည္း အရင္အိမ္ေလးရဲ႕ အေနာက္ဘက္ျခမ္းမွာ သက္သက္ေဆာက္ေပးခဲ့သည္။

ထိုသို႔ ေျမကြက္ပတ္ပတ္လည္ အက်ယ္ႀကီး ဝယ္လိုက္တယ္ဆိုတာ လိုင္းေပၚမွာ ေတာ္ေတာ္ေလး နာမည္ႀကီးသြားေသး။

ေမေမဆို ေသြးပါတက္ခါနီး။ညည္း ဦးေႏွာက္ေခ်ာင္သြားတာလားလို႔လည္း အေျပာခံလိုက္ရေသးသည္။

လမင္းကို အိမ္အေပါက္ဝ ခ်ေပးခဲ့သည္ႏွင့္ အကိုစည္သူနဲ႔ သဲသဲေလးတို႔ အိမ္အေနာက္က လမ္းေလးကေန သူတို႔အိမ္ဆီ ေမာင္းသြားသည္။

၄အိမ္လုံးကို ေျမကြက္အက်ယ္ႀကီးထဲမွာပဲမို႔လို႔ေပ။

လမင္း အိမ္ထဲဝင္လာတာနဲ႔ သူေလးႀကိဳက္တယ္ဆိုတဲ့သီခ်င္းကို ဖြင့္ကာ ေရမိုးခ်ိဳးသန္႔စင္လိုက္သည္။

သီခ်င္းစာသားေလးတိုင္းက သူေလးဆႏၵကိုေဖာ္ၫႊန္းေနသလို ကိုယ္တိုင္လည္း ျဖည့္ဆည္းေပးခ်င္မိသည္။

ေရခဲေရခြက္ေလးကိုင္လာၿပီး မွန္စားပြဲခုံအပုေလးေပၚ တင္ကာ ဧည့္ခန္းက TVေရွ႕ ဆိုဖာခုံေပၚ ပစ္လွဲထိုင္ခ်လိုက္သည္။

ၿပီးေနာက္ မ်က္လုံးမွိတ္ကာ အျမင္အာ႐ုံက္ို အေမွာင္ဖုံးလႊမ္းေစလိုက္သည္။

သီခ်င္းစာသားေလးက္ို ပါးစပ္ဖ်ားက လိုက္ဆိုေနမိရင္း သူေလးရဲ႕ အၿပဳံးေတြကို စိတ္ထဲ ျမင္ေယာင္ေအာင္ ပုံေဖာ္ေနမိသည္။

~Baby take my hand
I want you to be my husband
Cause you're my Iron Man
And I love you 3000
Baby , take a chance
'Cause I want this to be something
Straight out of a Hollywood movie
No spoilers please
No spoilers please~

လမင္း မ်က္လုံးေထာင့္ေလးကေန မ်က္ရည္ေလးေတြ စီးက်လာသည္။
ေမ့ႏိုင္ဖို႔ မႀကိဳးစားတဲ့အျပင္ ေမ့ႏိုင္စြမ္းလည္းမရွိေပ။

အတိတ္မွာ ျဖစ္တည္လာခဲ့တဲ့ အခုေလာက္ဆို ႏွလုံးသားမွာ အျမစ္တြယ္ေနေလာက္ၿပီျဖစ္တဲ့ အခ်စ္ေတြနဲ႔အတူ နာက်င္ျခင္းကို လစ္လ်ဴကာ တစ္စတစ္စ ႀကီးမားလာတဲ့ အခ်ိန္ၾကာျမင့္စြာ သယ္ေဆာင္လာခဲ့သည့္ အလြမ္းေတြေၾကာင့္ မြန္းၾကပ္မႈကို မခံႏိုင္ေတာ့သည့္အဆုံး မေနႏိုင္စြာ အမွတ္တရမ်ား ျပည့္လွ်ံေနေသာ ေနရာဆီသို႔ အေမွာင္ထုႀကီးကို ခြဲထြက္ေစတဲ့ လမ္းသြယ္မီးေလးေတြေအာက္ ေလွ်ာက္လွမ္းလာခဲ့သည္။

ေျခလွမ္းတိုင္းက အလြမ္းဇာတ္ကို ပိုအားျဖည့္ေနသေယာင္။

အိမ္ေလးထဲ ဝင္လာတာနဲ႔ ဝမ္းနည္းစိတ္က ပိုလို႔ပင္ ႀကီးစိုးသြားေလသည္။

ေနရာေလးတိုင္းက ျဖစ္ရပ္ေလးေတြ ျမင္ေယာင္လာသည္။

အိပ္ခန္းထဲ ဝင္လာေတာ့ စားၾကည့္စားပြဲေလးမွာ ညမအိပ္ခင္ စာထိုင္လုပ္ေနတတ္တဲ့သူေလးလည္း မရွိ။
စာမလုပ္ရင္ အိပ္ရာေပၚမွာ ဖုန္းသုံးေနတတ္တဲ့သူေလး။

လမင္း အိပ္ရာအစြန္မွာ ေဘးတစ္ေစာင္း ထိုင္လိုက္သည္။

ေမြ႕ရာက အေႏြးဓာတ္ကင္းမဲ့ေနလ်က္။
လမင္းႏွလုံးသားလိုပဲ အေအးဓာတ္ကို ဖယ္ရွားေပးမယ့္သူ ရွိမေန။

မေႏြးသည့္ အိပ္ရာေပၚ လဲေလွာင္းလိုက္သည္။

မ်က္ရည္ေတြ တားစီးမရ။ေခါင္းအုံးေလးသာ လူဆို ေမးေနေလာက္ၿပီ။
သူ႔ကို မ်က္ရည္ေတြ စို႐ႊဲကုန္ၿပီလို႔ေပါ့။

အေအးဓာတ္မ်ားေနတဲ့ ကုတင္နဲ႔ အိပ္ခန္းေလးထဲ လမင္း အခ်မ္းဓာတ္ကို အံတုကာ မ်က္လုံးကို အတင္းမွိတ္ အိပ္ဖို႔ ႀကိဳးစားေနမိသည္။

အရင္လို ရင္ခြင္ထဲ တိုးဝင္ေနသည့္ သူေလးမရွိေတာ့သလို ျပန္ဖက္တြယ္ထားစရာခႏၶာကိုယ္ေလးလည္း မရွိတာမို႔ ခ်မ္းေအးတဲ့ ညေပါင္းမ်ားစြာကို ျဖတ္သန္းရေပါင္းလည္းမ်ားလွၿပီ။

ေနာက္ဆုံး လမင္း ငိုေနရင္းနဲ႔ပဲ ပင္ပန္းကာ အိပ္​ေပ်ာ္သြားေလသည္။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"မမေလး မမေလး"

လမင္း နားထဲ ေခၚသံၾကားတာမို႔ မ်က္လုံးကို ဖြင့္ၾကည့္ေပမဲ့ မေန႔ညက ငိုထားတဲ့အရွိန္နဲ႔ မ်က္လုံးအစ္ေနကာ ေသခ်ာမျမင္ရ။

မ်က္လုံးပြတ္ၿပီး ေသခ်ာၾကည့္ေတာ့မွ သဲသဲေလး။

"မမေလး ကုမၸဏီသြားဖို႔ ျပင္ဆင္ရေတာ့မယ္ရွင့္"

"အင္း အင္း"

လမင္း ထထိုင္လိုက္တဲ့အခ်ိန္ ေခါင္းထဲ ခံစားလိုက္ရတဲ့ မူးေဝျခင္းေဝဒနာ။

သို႔ေသာ္ ရင္းႏွီးေနၿပီျဖစ္တာမို႔ ေျဖးေျဖးခ်င္းသာ လႈပ္ရွားလိုက္သည္။

"မမေလး အခုထိ ဧည့္ခန္းထဲမွာ လက္ေဆာင္ေတြ ျဖည့္ေပးတုန္းလား"

လမင္း သူ႔အိမ္ေတာ္ကို ျပန္လာမည့္အခ်ိန္ အရင္ထက္ မ်ားလာတဲ့ လက္ေဆာင္ေတြကို သဲသဲ ေတြ႕လိုက္ရတာမို႔ ေမးလိုက္ျခင္းပင္။

"...."

"မမေလး ကိုယ့္ကိုယ္ကို ခံစားရေအာင္ မလုပ္ပါနဲ႔လား သူျပန္လာမွာဆိုလည္း ေပ်ာ္ေပ်ာ္ေနၿပီး ေစာင့္ေနသင့္တယ္မဟုတ္လား"

"သဲသဲ ေျပာသလို ေပ်ာ္ေအာင္ လုပ္တယ္ေလ သူအတြက္ဆိုၿပီး လက္ေဆာင္ေတြ ဝယ္ေပးေနရတာ ေပ်ာ္ေစတယ္ေလ"

"မမေလးရယ္"

"ဟိုဘက္အိမ္ကို ျပန္မယ္ မနက္ပိုင္း အစည္းအေဝးတစ္ခု ရွိတယ္မဟုတ္လား"

"ဟုတ္ကဲ့ ရွိပါတယ္ရွင့္"

"အင္း"

လမင္းနဲ႔ သဲသဲ အတူ ထြက္လာၿပီး လမင္း ေရခ်ိဳးေနခ်ိန္ သဲသဲက အဝတ္အစားထုတ္ေပး၊အဆင္သင့္လုပ္ေပးသည္။

ထြက္လာတာနဲ႔ လမင္း တစ္ခါတည္း ဝတ္လိိုက္႐ုံပဲ။

ျပင္ဆင္ၿပီးလို႔ အိမ္ျပင္ထြက္လာေတာ့ အကိုစည္သူက ကားနားမွာ ေစာင့္ေနသည္။

"သခင္မေလး"

လမင္း အကိုစည္သူေပးတဲ့ အထုပ္ကို ယူလိုက္ေတာ့ chocolateေကာ္ဖီပူပူးေလးနဲ႔ hotdog ဘူးေလးေတြထဲ ေသခ်ာထည့္ထားသည္။

"မလိုပါဘူးဆို ေန႔တိုင္း ျပင္ျပင္လာတယ္"

"သခင္မေလး အရင္က မနက္စာစားေလးမရွိေပမဲ့ အခုက် ေန႔လည္စာ စားခ်ိန္ ေနာက္က်တတ္လို႔ အစာရွိေအာင္ စားေစခ်င္လို႔ပါဗ်ာ မဟုတ္ရင္ အစာအိမ္နာလိမ့္မယ္"

"အစာအိမ္နာလိမ့္မယ္ ေျပာေနတာ ၄ႏွစ္ရွိၿပီ ျဖစ္လာတာလည္း မဟုတ္ပဲနဲ႔"

"ေျပာလို႔မရဘူးေလ ျဖစ္ရင္လည္း ျဖစ္လာႏိုင္တာမို႔ စားလိုက္ပါဗ်ာ ေခ်ာကလက္လည္း ယူလာတယ္"

လမင္းလည္း အထုပ္ယူၿပီး ကားေပၚေရာက္တာနဲ႔ ျဖစ္ေစခ်င္တဲ့အတိုင္း ကုန္ေအာင္ စားေပးလိုက္သည္။

"သခင္မေလး ဒီေန႔ေန႔လည္ မိသားစုအတူ စားၾကဖို႔ ေျပာထားတာ မွတ္မိပါတယ္ေနာ္"

"မွတ္တာေတာ့ မမွတ္မိေပမဲ့ ေမ့ခ်င္ေယာင္ေဆာင္လိုက္ေတာ့မယ္"

"သခင္မေလး အဲ့လိုလုပ္လို႔ မရဘူးေလ"

"သြားရင္ ေမေမက ပြါးတာ သိရဲ႕သားနဲ႔ အကိုစည္သူရာ"

လမင္း မ်က္ႏွာမဲ့ၿပီး ေျပာလိုက္ေတာ့ သဲသဲေလးေရာ အကိုစည္သူေရာက ၿပဳံးစိစိနဲ႔။လမင္းက သူတို႔ေလးေတြနဲ႔ဆိုရင္ေတာ့ စိတ္ခံစားခ်က္အတိုက္း ျပဳမူေလ့ရွိသည္ေလ။

ကုမၸဏီေရာက္ေတာ့ ခ်က္ခ်င္း မ်က္ႏွာက တည္သြားေလေတာ့သည္။

လမ္းတစ္ေလွ်ာက္လည္း ဝန္ထမ္းေတြက ႏႈတ္ဆက္ၾကသည္။
လမင္းကေတာ့ ေခါင္းသာ ညိတ္ျပၿပီး ႐ုံးခန္းဆီ တက္လာခဲ့သည္။

အစည္းအေဝးကို ေရာက္ေတာ့ အခ်ိန္မေရာက္ေသးေပမဲ့ အကုန္လုံးေရာက္ေနၾကၿပီမို႔ စလိုက္သည္။

စားပြဲႀကီးထိပ္မွာ ေျခတစ္ဖက္ခ်ိတ္ကာ တည္တည္တံ့တံ့ထိုင္ေနပုံက အရွိန္အဝါႀကီးမားစြာ။

လမင္းရဲ႕ ရဲ႕ရင့္ျပတ္သားမႈကို အတုယူကာ မိန္းကေလးေတြလည္း ေၾကာက္႐ြံ႕မေနၾကေတာ့ဘဲ ရဲလာခဲ့ၾကသည္။
Power of womenကို ႏွိမ္မၾကည့္ၾကရဲေတာ့ေပ။

တင္ျပစရာေတြ အကုန္တင္ျပၿပီးတာနဲ႔ လမင္း အရႈပ္ေတြက္ို ရွင္းပစ္ေလသည္။

"ဒါနဲ႔ သတင္းၾကားထားတာ ရွယ္ယာေတြကို လုယူခ်င္ေနတဲ့သူ ရွိတယ္ဆိုတာ တစ္ကယ္မ်ားလား"

လမင္းက ေမးခြန္းလိုမ်ိဳး ေမးလိုက္ေပမဲ့ တစ္ကယ္ေတာ့ သူ ဘယ္သူဘယ္ဝါဆိုတာကအစ အတိအက် သိတာမို႔ အကုန္လုံး လန္႔ေနၾကသည္။
အျပစ္လုပ္ထားသူေတြကလည္း ေခါင္းမေဖာ္ရဲ။

ဝန္ထမ္းအငယ္ေလးေတြကလည္း လမင္းရဲ႕ စကားေၾကာင့္ ေအးစက္တဲ့ေလထုကို ခံစားေနရတာမို႔ အသံမထြက္ရဲ။

လမင္းသည္ လူတိုင္းကို အခြင့္အေရးတန္းတူေပးတတ္သည္။ဘက္မလိုက္တတ္။

ရွယ္ယာရွင္ေတြနဲ႔ ရာထူးႀကီးသူေတြ ေဆြးေႏြးပြဲဆို ဝန္ထမ္းအငယ္ေလးေတြကိုလည္း အစည္းအေဝးက္ို တက္ခ်င္ရင္ တက္ခြင့္ေပးသည္။

ရာထူးနိမ့္ေသာ္လည္း ကိုယ္ပိုင္ အႀကံဉာဏ္ကို အစည္းအေဝး၌ ထုတ္ေဖာ္ျပခြင့္ေပးသည္။

အႀကံဉာဏ္မထုတ္ျပႏိုင္ပါေသာ္လည္း အခုအေျခအေနထက္ ပိုထူးခြၽန္ေအာင္ ရာထူးျမင့္သူေတြရဲ႕ စဥ္စားပုံ၊စဥ္းစားနည္းေတြကို သင္ယူကာ အသိပညာယူႏိုင္သည္။

ထို႔ေၾကာင့္လည္း Gold-palaceဆိုတဲ့ နာမည္နဲ႔ အျမင့္မွာ ရပ္တည္ေနႏိုင္တာေလ။

"ႀကံစည္ေနတဲ့သူေတြ ရပ္တန္းက ရပ္တာ ေကာင္းမယ္လို႔ အႀကံေပးခ်င္တယ္ ႀကိဳးစားမႈအတြက္ အခြင့္အလမ္း၊အက်ိဳးအျမတ္ေတြ ရေနၿပီးသားကို သူတစ္ပါးထိခိုက္ေအာင္ ေလာဘတက္မယ္ဆိုရင္ေရာ အဲ့လူရဲ႕ ေရွ႕ေရးအတြက္ အာမမခံဘူး"

လမင္းေျပာလိုက္ေတာ့ လုယူဖို႔ ႀကိဳးစားေနတဲ့သူေတြထဲက အႀကံစေပးသူက အေနာက္က အာေယာင္လိုက္လာသည္။

"ဘယ္သူကမ်ား အခုလို လုပ္ရဲတာပါလိမ့္ ဦးေႏွာက္မရွိလိုက္တာဗ်ာ"

"အင္းး ဆက္လုပ္လာရင္ေတာ့ ဦးေႏွာက္မသုံးမယ့္အတူ ဦးေခါင္းပါ ဖယ္ေပးမယ္"

လမင္းရဲ႕ ၿခိမ္းေျခာက္စကားေၾကာင့္ ခုကလူလည္း အသံမထြက္ရဲေတာ့။အစည္းအေဝးအခန္းႀကီးက အပ္က်သံပင္ ၾကားရႏိုင္ေလာက္ေအာင္ တ္ိတ္ဆိတ္လို႔ေနေတာ့သည္။

"အဲ့ဒါဆို တင္ျပစရာကုန္ၿပီဆိုေတာ့ အစည္းအေဝး ဒီမွာပဲ သိမ္းမယ္"

"ဟုတ္ကဲ့ပါ"

လမင္း ထြက္လာတာနဲ႔ သဲသဲက ေနာက္မွ လိုက္လာလ်က္။

လုယူဖို႔ ႀကံစည္ေနၾကတဲ့ သူေတြက စေတာင္ မလႈပ္ရွားရေသး မိသြားတာမို႔ မလုပ္ရဲေတာ့ေပ။

သဲသဲေလးက အျပင္မွာ က်န္ေနခဲ့ၿပီး လမင္း ႐ုံးခန္းထဲ ေရာက္ေတာ့ ျပတင္းေပါက္မွန္တစ္ခ်က္ကို ဖြင့္ကာ အံဆြဲထဲက ေဆးလိပ္ဘူးကို ယူၿပီး တစ္လိပ္ ပါးစပ္နား ေတ့လိုက္သည္။

မီးျခစ္နဲ႔ မီးညႇိ႔ဖို႔ လုပ္တဲ့အခ်ိန္ ေဆးလိပ္ အယူခံလိုက္ရသည္။

"မမေလး အထဲမွာ ေဆးလိပ္မေသာက္ရဘူးေလ"

"ျပတင္းေပါက္ဖြင့္ထားတာပဲကို ေသာက္ေတာ့ေရာ ဘယ္သူ သိမွာမို႔လို႔လဲ"

"သဲသဲ သိတယ္ေလ"

"တစ္ေယာက္တည္းပဲ သိတာ ရပါတယ္"

"ကြၽန္ေတာ္လည္း သိတယ္"

အကိုစည္သူက တံခါးနားမွာ ေရာက္ေနမွန္းေတာင္
မသိ။အသံၾကားမွ သိရသည္။

"တစ္ကယ္ပါပဲ ေခါင္မိုးထပ္ကို မတက္ခ်င္ေတာ့လို႔ပါဆိုေနမွ"

"အဲ့ဒါဆို မေသာက္ပါနဲ႔ေတာ့"

"မဟုတ္ ဟူးး သြားမယ္ ေပး"

"ကြၽန္ေတာ္ လိုက္ခဲ့ေပးပါ့မယ္"

လမင္း ေခါင္မိုးထပ္ကို တက္လာေတာ့ အေပၚစီးကေန ၿမိဳ႕ရဲ႕ အလွကို ျမင္ေနရေလသည္။

လမင္းတို႔ ကုမၸဏီက တိုက္အျမင့္ႀကီး သုံးတိုက္ျဖစ္ၿပီး တခ်ိဳ႕အထပ္ေတြမွာ တစ္တိုက္နဲ႔ တစ္တိုက္ ေလွ်ာက္လမ္းျဖင့္ ဆက္ထားေလသည္။

လမင္း႐ုံးခန္းရွိတဲ့ တိုက္က အလယ္မွာ အျမင့္ဆုံးေပ။

တိုက္တစ္ခုစီတိုင္းမွာလည္း အထပ္၂၀၌ ဥယ်ာဥ္လို လုပ္ထားၿပီး အပန္းေျဖလို႔ရေအာင္လည္း မီးပုံေလးေတြနဲ႔ ေပ်ာ္ပြဲစားထြက္ၾကသလိုလည္း ခံစားရေအာင္ လုပ္ေပးထားသည္။

အထဲ၌လည္း ေလ့က်င့္ခန္းလိုက္စားတတ္သူေတြအတြက္ gym၊အားကစားႏွစ္သက္သူေတြအတြက္လည္း sportမ်ိဳးစုံ၊ေရကူးကန္လည္း ရွိသည္။အဆင့္ျမင့္ အႏွိပ္ခုံမ်ားျဖင့္လည္း stressေတြ ေျဖေလ်ာ့ဖို႔လုပ္ေပးထားသည္။

ထို႔ေၾကာင့္လည္း လူအမ်ား မ်က္စိက် အလုပ္ဝင္သူ မ်ားျပားလွသည္။ႏိုင္ငံျခားေနရာအႏွံ႔၌လည္း ႐ုံးခြဲေတြ ရွိပါေသာ္လည္း ျမန္မာႏိုင္ငံကို လာေရာက္အလုပ္လုပ္ကိုင္သူေတြလည္း ရွိေပသည္။

လမင္း သူႀကိဳးစား၍ ရတဲ့ ေအာင္ျမင္မႈကို ၾကည့္ရင္း ေဆးလိပ္ေသာက္ကာ ေက်နပ္ေနမိသည္။

"သခင္မေလး ေက်နပ္ေနျပန္ၿပီမလားဗ်ာ"

"အင္းလို႔ပဲ ေျပာရမွာေပါ့"

"သခင္မေလး တစ္ကယ္ ေတာ္ပါေပတယ္ အေဖနဲ႔ အကိုထက္ေတာင္ ထူးခြၽန္တာ ကြၽန္ေတာ္ေလးစားလို႔ မဆုံးဘူး"

"လမင္းကေတာ့ အကိုစည္သူကို အားက်တယ္"

"ဗ်ာ ဘာကိုလဲဗ်"

"႐ုပ္ႏုလို႔ေလ"

"အာ မဟုတ္တာဗ်ာ သခင္မေလးလည္း အဲ့လိုျဖစ္မွာပါ"

"အကိုေလာက္ေတာ့ မဟုတ္ပါဘူး ဒီ႐ုပ္ရည္က ၃၆လို႔ ေျပာရင္ ဘယ္သူမွ ယုံမွာမဟုတ္ဘူး ၂၆လို႔ ေျပာရင္သာ ယုံၾကလိမ့္မွာ"

"သခင္မေလးကေတာ့ ေနာက္ၿပီဗ်ာ"

"မေနာက္ရပါဘူး"

"သခင္ေလးတို႔နဲ႔ ေန႔လည္စာ အတူမစားခင္ Mallတစ္ခုလို အေျခအေန သြားၾကည့္ရအုန္းမယ္မဟုတ္လားဗ်ာ"

"အင္း ဟုတ္တယ္ အခု သြားၾကမယ္ေလ"

"ဟုတ္ကဲ့ပါဗ်"

လမင္း အကိုစည္သူနဲ႔အတူ ေအာက္ကို ျပန္ဆင္းလာခဲ့သည္။
လမင္း ႐ုံးခန္းမွာ ဖုန္းျပန္ယူၿပီး ေဆးလိပ္ဘူး ျပန္ထားရမွာမို႔ အကိုစည္သူက အရင္သြားႏွင့္ၿပီး ကားသြားထုတ္ေလသည္။

"သဲသဲ mallတစ္ခုက္ို သြားစစ္ရမွာ အခုသြားၾကမယ္"

"ဟုတ္ကဲ့ မမေလး"

လမင္းနဲ႔သဲသဲ ႐ုံးခန္းက ထြက္လာတာ ေအာက္ေရာက္တာ အကိုစည္သူက ကုမၸဏီအေရွ႕ ကားထဲေစာင့္ေနလ်က္။

ထို႔ေနာက္ သုံးေယာက္ အသစ္ေဆာက္ထားတာ မၾကာေသးတဲ့ Mallတစ္ခုကို အေျခအေန စစ္ေဆးဖို႔ ထြက္လာခဲ့သည္။

မန္ေနဂ်ာလည္း CEOလာမည္ဆို၍ အေလာတႀကီး။ဆိုင္ဝန္ထမ္းတိုင္းလည္း အမွားမလုပ္မိေအာင္ ဂ႐ုစိုက္ဖို႔ သတိထားေနၾကရသည္။

လမင္း ေရာက္လာတာနဲ႔ မန္ေနဂ်ာက တံခါးဖြင့္ကာ ႏႈတ္ဆက္သည္။

"CEO ေရာက္လာၿပီလားဗ်"

"အင္း အကုန္လုံး အဆင္ေျပေနတယ္မလား"

"ဟုတ္ကဲ့ အဆင္ေျပပါတယ္ဗ်"

"အင္း အထဲ လိုက္ၾကည့္မယ္"

ဟုတ္ကဲ့ပါဗ်"

လမင္း လမ္းတစ္ေလွ်ာက္ ေသခ်ာ စိစစ္ၿပီး လိုက္ၾကည့္ေနသည္။မန္ေနဂ်ာကလည္း ေဘးနားမွ mallဖြင့္လိုက္ကတည္းက လာေရာက္ဝယ္ယူသူ မ်ားျပားေနဆဲျဖစ္ေၾကာင္း၊နာမည္ေကာင္းေတြခ်ည္း ထြက္လာေၾကာင္း ေျပာေနေလရဲ႕။

"အင္း အကုန္ အဆင္ေျပေနေတာ့ ေကာင္းပါတယ္ ေနာက္လည္း အဆင္ေျပေနေစဖို႔ ေမွ်ာ္လင့္တယ္"

"ဟုတ္ကဲ့ပါဗ် ကြၽန္ေတာ္ ပိုႀကိဳးစားမွာပါဗ်"

"အင္း"

လမင္း မန္ေနဂ်ာနဲ႔ ေျပာၿပီး မ်က္လုံးကို ေဝ့ဝိုက္ၾကည့္လိုက္ခ်ိန္ ျမင္လိုက္တဲ့ အျဖဴေရာင္ေလးက အျမင္အာ႐ုံကို ဆြဲညိသြားေစသည္။

လမင္း မေန႔ညပြဲတုန္းကနဲ႔ ေတြ႕တဲ့ အျဖဴေရာင္ေလးနဲ႔ ေနာက္ေက်ာက အေတာ္တူတာမို႔ အျမန္ အနားကို ေလွ်ာက္သြားသည္။

သဲစုျပည့္နဲ႔ အကိုစည္သူလည္း ျပာယာခတ္ေနသလို ျဖစ္ေနတဲ့ လမင္းအေနာက္ကို လိုက္လာခဲ့သည္။လမင္း အျဖဴေရာင္ေလးနဲ႔ သူကို ပုခုံးကေန ဆြဲလွည့္လိုက္တာ ျမင္လိုက္ရတဲ့ မ်က္ႏွာေလးေၾကာင့္ အကိုစည္သူေရာ သဲစုျပည့္ပါ ပါးစပ္အေဟာင္းသားနဲ႔ အံ့ဩေနေတာ့သည္။

လမင္းလည္း လွည့္ၾကည့္လာတဲ့ မ်က္ႏွာပိုင္ရွင္ေလးက္ို ၾကည့္ရင္း မ်က္ရည္ေတြ ဝဲလာကာ ပါးစပ္ကေန နာမ္စားေလးတစ္ခု ထြက္က်လာခဲ့သည္။

"ကေလး!"

🌺 🌺 🌺 🌺 🌺 🌺 🌺 🌺 🌺

U.S.Aရဲ႕ Los Angeles၌ Oliviaဆိုတဲ့ Designerေကာင္မေလးတစ္ေယာက္ ငယ္ငယ္ေလးနဲ႔ ထူးခြၽန္လွၿပီး နာမည္ႀကီးအႏုပညာရွင္အမ်ားက သူတို႔ ကိုယ္ပိုင္designမ်ားက္ို တာဝန္ယူဖန္တီးေပးဖို႔ ေလွ်ာက္လွမ္းပါေသာ္လည္း လက္မခံ။ကိုယ္တိုင္သာ limitedျဖင့္ ဒီဇိုင္းေရးဆြဲ ဖန္တီးတတ္သည္။

"Olivia  will you be leaving the office early because you will be back home tomorrow?"

"Amm yeah I'll
And I'll also settle in my homeland"

"Really!? ohh we'll miss you"

"Thanks✨ if you travel to Myanmar ,to my hometown Yangon
Come and Visit to me"

"We'll"

"Olivia your boyfriend is waiting for you"

"He's not my boyfriend
Just like my brother"

"Ok ok we believe it"

"Bye guys"

"Bye"

ႏႈတ္ဆက္ၿပီး အျပင္ကို ထြက္လာေတာ့ ေနာက္ေက်ာေပးကာ ရပ္ေနတဲ့ လူတစ္ေယာက္။

"William"

လွမ္းေခၚလိုက္ေတာ့ လွည့္ၾကည့္လာၿပီး အနားကို ေလွ်ာက္လာသည္။

"ကိုစိုင္း မဟုတ္ေတာ့ပါလား"

"ဟီးဟီး အဲ့ဒါ ႐ုံးက လူေတြက သူတို႔ မသိတဲ့ဘာသာစကားနဲ႔ ေကာင္ေလးကို ေခၚတယ္ဆိုၿပီး ထင္ေနၾကလို႔ပါရွင့္"

"ဟုတ္ပါၿပီဗ်ာ"

စိုင္းမာန္ဦး ေခါင္းေလးကို ပုတ္ေပးေတာ့ ခဏေတာ့ ၿငိမ္ခံသည္။ေနာက္ေတာ့ လက္ကို ေျမႇာက္ကိုင္လိုက္တာမို႔ ေမးလိုက္သည္။

"ဘာလို႔ အကိုလက္ကို ေျမႇာက္တာ"

"အကို အဲ့လို လုပ္လို႔ ႐ုံးက လူေတြ အထင္လႊဲၾကတာေလ အခုလည္း ၾကည့္ ေဘးနားက ၾကည့္ေနၾကၿပီ"

စိုင္းမာန္ဦး ၾကည့္ေတာ့ တစ္ကယ္လည္း ၾကည့္ၿပီး တီးတိုးေျပာေနၾကေလသည္။

အေရွ႕ကလူသားေလးက အထင္လႊဲမွာစိုးလို႔ မလုပ္နဲ႔လို႔ ေျပာေပမဲ့ ဒီလို ခ်စ္သူေကာင္ေလးဆိုၿပီး အထင္လႊဲၾကတာေလးကို ေပ်ာ္ေနမိတာ ႐ူးသြားတာမ်ားလား။

"ဟုတ္ပါၿပီဗ်ာ မလုပ္ေတာ့ဘူး ဟုတ္ၿပီလား ႏႈတ္ခမ္းကေထာ္ထားတာ အကို႔လည္း လာထိုးမိအုန္းမယ္"

စိုင္းမာန္ဦး ပါးေလးကို ညစ္ၿပီး ေျပာလိုက္ေတာ့ မ်က္ေစာင္းက ဒိုင္းခနဲ။

"ေတာ္ သြားမယ္ အထုပ္ေတြ သိမ္းရအုန္းမယ္"

"ဟုတ္ကဲ့ပါဗ်"

စိုင္းမာန္ဦး ကားေမာင္းကာ ႏွစ္ေယာက္အတူ အိမ္ျပန္လာခဲ့ၿပီး ေရာက္ေတာ့ ေမြးရပ္ေျမ ျပန္မွာမို႔ လိုအပ္တာေတြ သိမ္းဆည္းေနေလသည္။

ဖူး ႏိုင္ငံျခားကို ေရာက္လာကတည္းက တစ္ခ်ိန္က် ျပန္ျဖစ္မွာဆိုတာ သိတာမို႔။ဘာပစၥည္းမွ မ်ားမ်ားစားစား မဝယ္ခဲ့ဖူး။သို႔ေသာ္ ဒီဇီုင္းနာတစ္ေယာက္ျဖစ္တဲ့အျပင္ မိန္းကေလးတစ္ေယာက္ျဖစ္သူမို႔ အက်ႌအဝတ္အစားေတြ အကုန္ထည့္တာ luggageအႀကီး၃အိတ္ေလာက္ ထည့္ရသည္။

"အိမ္ႀကီးပါ မသြားလိုက္ပါေတာ့လားကြာ"

တံခါးကို မွီကာ ေနာက္ေျပာင္သလို ေျပာလာတဲ့ ကိုစိုင္းကို အ႐ုပ္ႀကီးနဲ႔ လွမ္းပစ္လိုက္သည္။

"အိမ္ေတာ့ မသြားစရာလား ကိုစိုင္းရယ္"

"ဟားဟား မသိဘူးေလ အကုန္ထည့္​ေနတာ အိမ္လည္း ေျပာင္ေနၿပီ"

"ပစၥည္းေလးေတြက မရွိပါဘူး အဝတ္အစားေတြကသာ အကုန္ႀကိဳက္တာမို႔ ထည့္ေနတာ"

"ဟုတ္ပါတယ္ေလ အရင္ကဆို hoodieေတြသာ ဝတ္တတ္တဲ့ကေလးမေလးက အခုက် designerျဖစ္လာၿပီဆိုေတာ့ အမိုက္စားေတြဘဲ ဝတ္ေတာ့တယ္"

"မိုက္တာေတြ ဝတ္လည္း ခ်စ္ဖို႔ေကာင္းတယ္ဘဲ ေျပာေနၾကတာပါ ဟိုတစ္ေယာက္လို ဘာဝတ္ဝတ္ မိမိုက္ေနတာမွမဟုတ္တာ"

ဖူး ေျပာၿပီး မ်က္ႏွာေလးညိဳးသြားေတာ့ စိုင္းမာန္ဦး အနားသြားလိုက္ၿပီး ပုခုံးကို ကိုင္ကာ ေမးလိုက္သည္။

"တစ္ကယ္ေရာ ျပန္လို႔ အဆင္ေျပမွာလား"

"ေမ့လို႔ မရမယ့္အတူတူ အေဝးကေန ျမင္ရ႐ုံေလးပဲ"

"အခု သတင္းေတြထဲမွာလည္း ျမင္ေနရတာပဲကို"

"လူကိုမွမဟုတ္တာ ဖုန္းscreenႀကီးကိုေလ ကိုစိုင္းရာ"

"ဟုတ္ပါၿပီ အဆင္ေျပတယ္ဆိုရင္လည္း ဆက္သိမ္း အိမ္နံရံေတြပါ ထည့္သြားအုန္းမလား ဖူးေလး"

"ကိုစိုင္း!!"

"ဟားဟား စတာ စတာ သိမ္းဆည္းၿပီးရင္ ေစာေစာ ဝင္အိပ္လိုက္ေတာ့ မနက္ျဖန္ေလယာဥ္ခ်ိန္က  အေစာႀကီးမို႔"

"ဟုတ္ ကိုစိုင္း"

ဖူး သိမ္းဆည္းၿပီးတာနဲ႔ ဝင္အိပ္ပါေသာ္လည္း မနက္ျဖန္ ေမြးရပ္ေျမျပန္ရမွာကို ရင္ေတြခုန္ေနမိသည္။ညဥ့္နက္ခါနီးမွသာ အိပ္ေပ်ာ္ခဲ့ေလသည္။

မနက္က် ကိုစိုင္းက လာႏႈိးေပးသည္။ၿပီးေနာက္ ျပင္ဆင္ကာ ေလယာဥ္ကြင္းဆီသို႔ ထြက္လာခဲ့သည္။

ကိုစိုင္းက ေရာက္ေရာက္ခ်င္းက ဒီက ကုမၸဏီတစ္ခုမွာ လုပ္ၿပီး မႏွစ္က် ကုမၸဏီတစ္ခုကို ေျပာင္းလုပ္သြားသည္။

ဘာလို႔လဲ ေမးေတာ့ ျမန္မာႏိုင္ငံက ႐ုံးခန္းမို႔ျပန္ရင္လည္း ဟိုမွာ ဆက္လု႔္ေနလို႔ ရတယ္ေလတဲ့။

ဘယ္ကုမၸဏီလဲေတာ့ မေျပာဘူး။ဖူးလည္း မေမးဘူး။

ေလယာဥ္အခ်ိန္ေတာ္ၾကာ စီးရမွာမို႔ ေလယာဥ္ေပၚေရာက္တာနဲ႔ ဖူး အိပ္ခ်င္ေနတာနဲ႔ အိပ္လိုက္ေတာ့သည္။

စိုင္းမာန္ဦးလည္း ေနရာမေ႐ြး အိပ္တတ္တဲ့ သူေလးကို အေႏြးထည္ၿခဳံေပးကာ ဇက္နာမွာစိုးလို႔ သက္ေတာင့္သက္သာ အိပ္ရေအာင္ တစ္လမ္းလုံး သူ႔ပုခုံးေပၚသာ မွီထားေစလိုက္သည္။

ေရာက္ေတာ့ ေနက္တစ္ေန႔မနက္ျဖစ္ကာ အျပင္မွာ လင္းထိန္ေနေလသည္။

ဖူးေလယာဥ္ထဲက ထြက္လာတာနဲ႔ ေမြးရပ္ေျမရဲ႕ အနံ႔အသက္ေလးကအစ ထူးျခားဆန္းျပားေနသလိုပင္။

မ်က္မွန္အမည္းကို ဟန္ပါပါ တပ္ကာ အေရွ႕ကေလွ်ာက္ၿပီး အေနာက္မွာ ကိုစိုင္းက အထုပ္ေတြနဲ႔ေပါ့။ကူသယ္ေပးမယ္ဆိုတာကို မဟုတ္။

ကိုစိုင္းလည္း လုံးဝခန္႔ေခ်ာႀကီး။
ခႏၶာကိုယ္ ေတာင့္ေတာင့္တင္းတင္း အရပ္ကလည္း အရွည္ႀကီး။6'2"ေလာက္ ရွိသည္။ဖူးလည္း အရပ္ထြက္လာပါတယ္။၁လက္မ။5'4"ျဖစ္သြားသည္။

Airportထဲက ထြက္လာခ်င္းခ်င္း အေရွ႕ကို အျဖဴေရာင္ ကားတစ္စီး ရပ္လာေလသည္။

ကားထဲကေန ထြက္လာတဲ့သူေၾကာင့္ ဖူး မဍအေျပးသြားဖက္မိသည္။

"ဘြားဘြား"

"ေျမးေလး ေအာင္မေလး ၾကည့္ပါအုန္း လွလာလိုက္တာ"

"ဘြားေျမးပဲ ဒီေလာက္ေတာ့ ရွိရမွာေပါ့ ဘြားဘြားရဲ႕"

"ဒီကေလးမေလးကေတာ့"

"ဒါနဲ႔ ဘြားက ဘယ္လိုသိ ဖူးျပန္လာတာကို"

"အာ အဲ့ဒါက"

"တစ္ကယ္ႀကီးကိုပဲ ကိုစိုင္း ေတာက္ေလွ်ာက္ အဆက္အသြယ္ရွိေနတာမလား"

"အကိုက အကို႔အေမနဲ႔ပဲ အဆက္အသြယ္ရွိတာပါ"

"ဘာကြာသြားလို႔လဲ"

"ဘာမွေတာ့ မကြာသလိုပဲေနာ္ ဟဲဟဲ"

"ေျမးေလးရယ္ ထားလိုက္ပါ လာ သြားၾကမယ္"

"ဘြား ဖူး အရင္လို အတူမေနဘူးေနာ္"

"ဟင္"

"ဖူး ႀကိဳက္လို႔ တိုက္ခန္း ရွာထားၿပီးသား"

"ဟုတ္ပါၿပီကြယ္"

ဖူး ဘြားဘြားနဲ႔ ကားေပၚတက္သြားၿပီး ဘြားဘြားက တိုက္ခန္းထဲအထိ လိုက္ပို႔ေပးသည္။

ဖူးလည္း ေရာက္သည္ႏွင့္ အထုပ္ေတြ အကုန္ျဖည္။တိုက္ခန္းတစ္ခုလုံး သန္႔ရွင္း ျပင္ဆင္ အလွဆင္ေတာ့သည္။

ေန႔လည္စာလည္း မွာစားလိုက္ၿပီး ညေနေလာက္ၿပီးသြားေတာ့ အျပင္ ထြက္လာခဲ့သည္။

ထိုအခ်ိန္ အနားက ျဖတ္ေလွ်ာက္သြားတဲ့ မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ား တစ္စုံတစ္ေယာက္နာမည္ ေျပာေျပာသြားတာ ၾကားလိုက္ရသည္။
"လမင္း"တဲ့။

ဖူး သတင္းမၾကည့္ပါေသာ္လည္း ေရာက္တဲ့ေနရာတိုင္း မမ နာမည္ကို ၾကားေနရၿပီး သတင္းေတြလည္း သိေနရသည္မို႔ ေမ့ပစ္ဖို႔ ခက္ခဲေနခဲ့သည္။

၄ႏွစ္ေတာင္ ၾကာခဲ့ၿပီ။တိမ္းေရွာင္ေနခဲ့တာ။အခုေတာ့ ေရွာင္မေျပးႏိုင္ေတာ့ဘူး။ေမြးရပ္ေျမကို ျပန္လာဖို႔ ဆုံးျဖတ္ခဲ့သည္။

ေနာက္ေန႔က် ဘြားဘြားက သူနဲ႔ အတူ ပြဲတစ္ခုကို တက္ေစခ်င္သည္မို႔ လိုက္လာခဲ့သည္။

ပြဲထဲေရာက္ကတည္းက ဘြားဘြားက လုပ္ငန္းရွင္ေတြနဲ႔ စကားေျပာေနတာမို႔ သူလည္း တစ္ေယာက္တည္း လိုက္ၾကည့္ေနတုန္း အကိုစည္သူနဲ႔ တျခားေယာက္်ားေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။

ေသခ်ာၾကည့္ေတာ့ ေသးေသးေလးနဲ႔ သြားႀကိဳးေလး ဇြဲထက္က အက္ုစည္သူနဲ႔အၿပိဳင္ ေခ်ာေမာေနသည္ေၾကာင့္ ဖူး အံ့ဩသြားသည္။

တစ္ခ်ိန္တည္းမွာပဲ သူတို႔ရွိတယ္ဆို မမလည္း ရွိေနတယ္ဆိုတာ သတိရသြားတာမို႔ ရင္မဆိုင္ႏိုင္ရဲေသးတာေၾကာင့္ ဘြားဘြားကို ျပန္ႏွင့္မယ္ေျပာၿပီး ေျပးထြက္လာခဲ့သည္။

တိုက္ခန္းျပန္ေရာက္ေတာ့ မမဆီက ပထမဦးဆုံး ရခဲ့တဲ့ အ႐ုပ္ေလးကို ဖက္ကာငိုေနမိရင္း အိပ္ေပ်ာ္သြားခဲ့သည္။

ေနာက္တစ္ေန႔က် ပ်င္းတာနဲ႔ ကိုစိုင္းကို အေဖာ္အျဖစ္ shoppingထြက္တာ လိုက္ခဲ့ေပးဖို႔ ေျပာေတာ့ လိုက္ေပးမယ္ေျပာတာမို႔ ျပင္ဆင္လိုက္သည္။

အျဖဴေရာင္ အက်ႌအရွည္ကို ဂါဝန္လို ဝတ္ကာ ခါးမွာ ခါးပတ္စည္းလိုက္ၿပီး ကိုယ္လုံးေပၚ မွန္မွာ ၾကည့္ၿပီး ကိုယ့္ကိုယ္ကို လွတယ္ဆိုကာ တစ္ေယာက္တည္း ဟိုဘက္ေလွ်ာက္လိုက္ ဒီဘက္ေလွ်ာက္လိုက္ လုပ္ေနခ်ိန္ တံခါးဘဲလ္တီးသံ ၾကားတာမို႔ အိတ္အေသးနဲ႔ ဖုန္းေလးယူကာ အကိုစိုင္းမာန္ဦးနဲ႔ နာမည္ႀကီးmallတစ္ခုဆီသို႔ထြက္လာခဲ့သည္။

(ဖူးေလး ဝတ္တာ ဒီလိုေလး အရင္က ႐ိုး႐ိုးေလးေတြ ဝတ္ေပမဲ့ အခု ဒီဇိုင္းနာတစ္ေယာက္အေနနဲ႔ လမင္း သဝန္တိုေအာင္ အစြမ္းကုန္ ဝတ္ျပပါေတာ့မယ္ 😌😛)

ဖူး အိမ္ကို ျဖည့္ဖို႔ အလွပစၥည္းေလးေတြ၊လိုအပ္တဲ့ အိမ္တြင္းပစၥည္းေတြ၊မီးဆိုင္းေတြ၊အ႐ုပ္ေတြကအစ လိုက္ၾကည့္၊ႀကိဳက္တာေတြ႕ ဝယ္ေနေတာ့သည္။

စိုင္းမာန္ဦးလည္း ဟိုမွာကတည္းက အထုပ္သယ္ရတာ အက်င့္ျဖစ္ေနၿပီ။
ဝယ္ၿပီးသြားေတာ့ အထုပ္သယ္ေပးရတာ ပင္ပန္းသြားေစလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ေန႔လည္စာဝယ္ေကြၽးမယ္ဆိုလို႔ စိုင္းမာန္ဦး အထုပ္ေတြ ကားထဲ အရင္သြားထည့္လိုက္မယ္ဆိုၿပီး ထြက္လာခဲ့သည္။

ဖူး ကိုစိုင္းကို ေစာင့္ရင္း အရင္က မမနဲ႔ အတူစားခဲ့ဖူးတဲ့ ေရခဲမုန္႔ဆိုင္ ေတြ႕တာမို႔ ဝယ္ၿပီး ခုနေနရာကို ျပန္သြားၿပီး ေစာင့္ဖို႔ လုပ္ခ်ိန္ ပုခုံးကေန ဆြဲလွည့္ခံလိုက္ရသည္။

ၿပီးေနာက္ မရင္ဆိုင္ရဲျဖစ္ေနပါေသာ လူကို မ်က္ႏွာခ်င္းဆိုင္ ျမင္လိုက္ရသည္။
စိတ္ထဲ၌လည္း နမ္စားကို ထပ္ခါ ထပ္ခါ ႐ြတ္ေနမိသည္။

*မမ တစ္ကယ္ႀကီး မမလား ဘယ္လိုလုပ္ ဒီမွာ အခုလို ေတြ႕ရတာ*

ဖူး အေတြးေတြ မ်ားေနတုန္း ေရွ႕က လူက မ်က္ရည္ေတြဝဲကာ ေျပာလာတဲ့စကားလုံးေၾကာင့္ ရင္ထဲ လႈပ္ခတ္သြားေစသည္။

"ကေလး!"

လမင္းေရွ႕က လူသားေလးေတြ ဆြဲဖက္လိုက္သည္။

မန္ေနဂ်ာတို႔ ဝန္ထမ္းတို႔လည္း လမင္းရဲ႕ မျမင္ဖူးတဲ့ ပုံစံကို ျမင္လိုက္ရတာမို႔ ပါးစပ္အေဟာင္းသားျဖင့္။

ဖူး မမနဲ႔ အခုလို ျပန္ေတြ႕ခ်င္ေနခဲ့တာ၊ေႏြးေထြးလုံၿခဳံမႈအျပည့္ရွိတဲ့ မမရင္ခြင္က္ို လြမ္းေနခဲ့တာဆိုေပမဲ့ အခုလို ထိပ္တိုက္မရင္ဆိုင္ရဲေသးတာမို႔ ႐ုန္းကန္လိုက္သည္။

"လူ..လူမွားေနတယ္ထင္တယ္"

"မမွားဘူး မွန္တယ္"

မမရဲ႕ ျပတ္သားတဲ့ စကားေၾကာင့္ ဖူးမွာ လန္႔ပါ လန္႔လာမိသည္။ေခါင္းကို အတင္းငုံ႔ၿပီး ဆက္သာျငင္းဆန္ေနလိုက္သည္။

"တစ္ကယ္ လူမွားေနတယ္ရွင့္"

ဖူး ေျပာၿပီးတဲ့အခ်ိန္ ႏႈတ္ခမ္းကို အသိမ္းပိုက္ခံလိုက္ရသည္။႐ုတ္တရက္ဆန္တဲ့ အနမ္းတစ္ပြင့္နဲ႔ေပါ့။

အကုန္လုံးလည္း မ်က္လုံးျပဴး မ်က္ဆံျပဴးနဲ႔ ျဖစ္ကုန္သည္။ေစ်းဝယ္သူ၊ေလွ်ာက္လည္ၾကသူ လူအမ်ားလည္း လမင္းတို႔ကို ဓာတ္ပုံေတြ ႐ိုက္ၾက၊သတင္းေတြတင္ၾကနဲ႔ ျဖစ္ေနခ်ိန္ ေအးစက္လြန္းတယ္ဆိုတဲ့ လမင္းက အေရွ႕က ျဖဴေရာင္ေလးနဲ႔ ေကာင္မေလးကို ဆြဲနမ္းလိုက္တာမို႔ အံ့ဩၾကတဲ့သူနဲ႔ တဝိုးဝိုးနဲ႔ေရာ အားဆိုၿပီး ထေအာ္ၾကတဲ့သူနဲ႔ေရာ အနီးတစ္ဝိုက္ ဆူသြားေလသည္။

လမင္း နမ္းၿပီးေတာ့ ေမးေစ့ေလးက ကိုင္ကာ ေမာ့ေနလိုက္ၿပီး အၾကည့္ခ်င္းစုံလိုက္ေစသည္။

"သူမတူတဲ့ ဒီႏႈတ္ခမ္းေလးရဲ႕ အရသာနဲ႔ ခ်စ္ရတဲ့ တစ္ေယာက္တည္းေသာ လူသားေလးက္ို မွားစရာလား"

လမင္း ေျပာလိုက္ေတာ့ ကေလးက
ပါးေလးေရာ နား႐ြက္ဖ်ားေလးေတြပါ နီရဲသြားေလသည္။

"သခင္မေလး လူေတြ တေျဖးေျဖးမ်ားလာတာမို႔ ဒီက သြားရမယ္ဗ်"

အကိုစည္သူ လာေျပာေတာ့ လမင္း ေခါင္းတစ္ခ်က္ညိတိျပလိုက္ၿပီး မန္ေနဂ်ာက mallကို ဂ႐ုစိုက္ဖို႔ မွာၾကားၿပီးတာနဲ႔ ကေလးက္ို ရင္ခြင္ထဲ ဆြဲထည့္ဖက္ကာ ထြက္လာခဲ့သည္။

လမင္းကလည္း ဘာမွမေျပာမဆိုနဲ႔ ကားထဲအထိ ေခၚလာခဲ့သလို ဖူးကလည္း ဘာမသိ ညာမသိနဲ႔ မမေခၚတဲ့ အတိုင္းသာ ပါသြားေလသည္။

ကားေမာင္းထြက္လာေတာ့ လမင္း ကေလးက္ိုပဲ လွည့္ၾကည့္ေနမိသည္။ကေလးက ၾကာလာေတာ့ ေနရခက္လို႔ထင္။ေခ်ာင္းေတြဟန္႔ၿပီး လႈပ္လႈပ္႐ြ႐ြ ျဖစ္ကာ အျပင္ဘက္ကို ေငးၾကည့္လိုက္၊ေရွ႕က္ို လွမ္းၾကည့္သလို လုပ္လိုက္နဲ႔ အၿငိမ္မေန။

အကိုစည္သူနဲ႔ သဲစုျပည့္လည္း သခင္မေလးပုံစံက္ို ၾကည့္ၿပီး ၿပဳံးမိသည္။သူတို႔လည္း ေပ်ာ္ေနမိသည္ေလ။

ထိုအခ်ိန္ ဖူးရဲ႕ ဖုန္း ျမည္လာခဲ့သည္။contactက္ု ကိုစိုင္း။

ထိုအခါမွ ဖူး တစ္ေယာက္တည္း ခ်န္ခဲ့မိမွန္း သတိရသြားၿပီး ခ်က္ခ်င္းကိုင္လိုက္သည္။

"ဟယ္လို"

"ဟယ္လို ဖူးေလး ဘယ္ေရာက္သြားတာလဲ"

"ဟို က္ိုစိုင္းက္ို ေစာင့္ေနရင္း အသိတစ္ေယာက္ေခၚတဲ့အေနာက္ ပါသြားတာ ကိုစိုင္းကို မေျပာဘဲ တစ္ေယာက္တည္း ထားခဲ့မိလို႔ ေဆာရီးပါေနာ္"

ဖူးေလးက အသိတစ္ေယာက္လို႔ ေျပာေနေပမဲ့ လိုင္းေပၚမွာ ပုံေတြ၊သတင္းေတြ ပ်ံ႕ေနတာက္ို မသိဘူးထင္ပါတယ္။

စိုင္းမာန္ဦးလည္း ပုံေတြ ေတြ႕ၿပီးၿပီဆိုေပမဲ့ မသိသလို ဖုန္းဆက္ေမးၾကည့္ျခင္းပင္။

လမင္း ဖုန္းဝင္လာကတည္းက လမင္းက္ို အာ႐ုံမထားေတာ့ဘဲ တစ္ဖက္က ကိုစိုင္းဆိုတဲ့ သူနဲ႔ပဲညေျပာေနတာမို႔ ေဒါပြလာတာေၾကာင့္ ဖုန္းကို လွမ္းယူလိုက္သည္။

"အို လန္႔တာ"

လမင္း ကေလး လန္႔သြားတာ သိေပမဲ့ ဂ႐ုမစိုက္ႏိုင္။တစ္ဖက္က ကိုစိုင္းဆိုတဲ့သူကို အပီေကာခ်င္ေနေတာ့သည္။

"ဟယ္လို ဖူးေလး ဘာျဖစ္လို႔လဲ"

"...."

လမင္း ဘာမွ မေျပာေသး။အသံကို ရင္းႏွီးေနတာမို႔ ဘယ္သူလဲ ျပန္စဥ္းစားေနခ်ိန္ တစ္ဖက္က ရီသံနံ႔ အတူ ဆက္ေျပာလာခဲ့သည္။

"အခုဖုန္းကိုင္ထားတာ အမလမင္းမလား ဟားဟား"

"...."

"ဟုတ္ပါတယ္ အမလမင္းဆိုတာ ကြၽန္ေတာ္ စိုင္းမာန္ဦးပါ အရင္က uniတူတူ တက္ခဲ့ဖူးတယ္ေလ"

ထိုအခါ လမင္း မွတ္မိသြားသည္။ကေလးနဲ႔အတူ Kingႏိုင္သြားတဲ့ တစ္ေယာက္။

"ေအာ စိုင္းမာန္ဦး"

"မွတ္မိတယ္မလား ဟီး"

"ဒါနဲ႔ ဘာလို႔ မင္းက ကေလးနဲ႔"

"အာ အဲ့ဒါက ဖူးေလးက္ိုပဲ ေမးၾကည့္လိုက္ပါလားဗ်ာ ဒါနဲ႔ ကြၽန္ေတာ္က Los Angelesက ေျပာင္းလာတယ္တိုတဲ့ မန္ေနဂ်ာခ်ဳပ္ေနာ္"

"William ဆိုတဲ့တစ္ေယာက္လား"

"ဟုတ္တယ္ဗ် အဲ့ဒါ ကြၽန္ေတာ္ပါ"

"အင္း ေနာက္က်မွ ဆုံၾကတာေပါ့ အခုေတာ့ ကေလးနဲ႔ သြားစရာေလးရွိလို႔"

"ဟုတ္ကဲ့ပါဗ်ာ ဖူးေလးက္ု အမလမင္းလက္ထဲ ျပန္ထည့္လိုက္ၿပီေနာ္ ဂ႐ုစိုက္ေပးပါဗ်"

"အင္း"

လမင္း ဖုန္းေျပာၿပီးေတာ့ ကေလးကို လွည့္ၾကည့္ေတာ့ ခုနက ဖုန္းေျပာေနတုန္း သူ႔က္ို ျပဴးျပဴးေလး ၾကည့္ေနရာကေန အခု သူမဟုတ္သလို အၾကည့္လႊဲသြားေလသည္။

"ေျပာပါအုန္း ဘာလို႔ ႏိုင္ငံျခား ထြက္သြားရတာ"

ဖူး အဲ့အေၾကာင္းေတြကို ႏွစ္ေယာက္တည္း ေျပာရမယ္လို႔ ထင္ထားတာ အခု အေရွ႕မွာ အကိုစည္သူနဲ႔ ေကာင္မေလးတစ္ေယာက္ ရွိေနတဲ့အခ်ိန္ ေျပာရမွာတဲ့လား။

အကိုစည္သူက ဘာမွမျဖစ္ေပမဲ့ ေဘးက ေကာင္မေလးကို မသိတာမို႔ ဖူး မမကို လွမ္းၾကည့္ၿပီး ေကာင္မေလးကို ေမးေင့ျပလိုက္သည္။

"အကိုစည္သူတို႔ ရွိလည္း ဘာမွမျဖစ္ဘူ ေျပာလို႔ရတယ္ သူတို႔လည္း ျဖစ္ခဲ့တာတြ အကုန္သိၾကတာမို႔"

"မမ လိုက္ေလွ်ာက္ေျပာထားတာလား ပါးစပ္လုံမယ္လို႔ ထင္ထားခဲ့တာ မဟုတ္ပါလား"

စြာသလိုလို ေျပာလာတဲ့ ကေလးေၾကာင့္ လမင္း အသံထြက္ ေအာ္ရီမိသည္။

လမင္း ဒီလို မရီရတာ ေတာ္ေတာ္ပင္ ၾကာခဲ့ၿပီေလ။

"ဟားဟား ကေလးရယ္ မမက ဘာလို႔ လိုက္ေျပာရမွာ အကိုစည္သူနဲ႔ သဲသဲက နဂိုကတည္းက သိၾကၿပီးသားပဲကို"

"ဟင္ သဲသဲ ဘယ္လို တစ္ကယ္ႀကီး သဲသဲေလးလား"

ဖူး အံ့ဩတႀကီး ေမးလိုက္ေတာ့ မမကလည္း ေခါင္းညိတ္ျပၿပီး ေကာင္မေလးက လွည့္ေျပာလာသည္။

"မဖူး သဲသဲကို မမွတ္မိဘူးေပါ့ေလ"

"အဲ အာ အဲ့ဒါ ေတာ္ေတာ္လွလာလို႔ စိတ္မဆိုးပါနဲ႔ေနာ္"

"မဆိုးပါဘူး မဖူးရာ သဲသဲကိုေတာင္ မမွတ္မိတာ
ဇြဲထက္က္ိုဆို ပိုဆိုးေလာက္တယ္"

"ဇြဲထက္ကို မဖူး ျမင္ဖူးၿပီးၿပီ မေန႔ညက ပြဲတစ္ခုမွာ"

"ဟင္ တစ္ကယ္လား မဖူး"

"အင္း"

လမင္း ကေလးရဲ႕ စကားေၾကာင့္ မေန႔ညက သူ ကေလးလို႔ ထင္ခဲ့တဲ့ အျဖဴေရာင္ေလးကညတစ္ကယ္လည္း ကေလးပဲကို။

"အျဖဴေရာင္နဲ႔မလား မေန႔ညက"

"မမ ဘယ္လိုသိ"

"မေန႔ညပြဲကတည္းက အျဖဴေရာင္ေလးက ကေလးနဲ႔ တူတယ္ဆိုၿပီး ေျပးလိုက္ရွာခဲ့တယ္ ဒါေပမဲ့ ေပ်ာက္သြားတယ္ ဒီေန႔လည္း မေန႔ကေတြ႕ခဲ့တဲ့ အျဖဴေရာင္ေလးနဲ႔ တူတယ္ဆိုၿပီး ဆြဲလွည့္ၾကည့္လိုက္တာ တစ္ကယ္ ကေလးျဖစ္ေနတယ္"

လမင္း ေျပာရင္း ကေလးလက္ေလးႏွစ္ဖက္ကို ပူးကိုင္ကာ ခါးနည္းနည္းကိုင္းလိုက္ၿပီး နဖူးနဲ႔ ထိကာ မ်င္ရည္က်မိသည္။

ဖူး လက္က စိုလာတာ ခံစားေနရတာမို႔ မမ ငိုေနမွန္း သိသည္မို႔ တျခားအေၾကာင္း ေျပာလိုက္သည္။

"အခု ဘယ္ကို သြားေနတာလဲလည္း မေျပာၾကပါလား"

ဖူးေမးေတာ့ သဲသဲေလးက ေျဖလာသည္။

"ဒီေန႔ ေန႔လည္ မမေလး မိသားစုနဲ႔ ေန႔လည္စာ စားၾကဖို႔ ေျပာထားၾကတာ အခု အဲ့ကို သြားေနတာ"

"ဘယ္..ဘယ္လို ေမ"

ဖူး ပါးစပ္ကေန အရင္ကေခၚသလို ေမေမဆိုၿပီး လႊတ္ခနဲ ထြက္သြားေတာ့မယ့္အခ်ိန္ မနည္းရပ္လိုက္ရသည္။

"ကိုကိုလည္း ပါတယ္"

"ကိုႀကီးေရာ မေတြ႕တာေတာင္ ၾကာၿပီ"

"ကိုကို႔ ခင္ပြန္းနဲ႔လည္း ေတြ႕ရလိမ့္မယ္"

"ခင္ပြန္း?"

ဖူး နားမလည္သလ္ို ေမးလိုက္ေတာ့ ၿပဳံးသာၿပဳံးျပသည္။

ေနရာကိုေရာက္ေတာ့ ႏွစ္ေယာက္အတူ ဝင္လာခဲ့သည္။

သဲသဲေလးနဲ႔ အကိုစည္သူကိုေတာ့ မမက အရင္႐ုံးဆင္းခ်င္ ႐ုံးဆင္းၾကႏွင့္ဆိုၿပီး ေျပာခဲ့ေလသည္။

Restaurantက ဟိုတယ္နဲ႔ေတာင္ တူလွသည္။မီးဆိုင္းႀကီးေတြ ထည္ထည္ဝါဝါျဖင့္။

"ကေလး လာ"

မမ လက္ကိုတြဲကာ ေခၚေတာ့ ရင္ထဲ ၾကည္ႏူးမိသည္။

မမနဲ႔အတူသြားရင္း မိန္းကေလးက ဒီအခန္းဆိုၿပီး တံခါးဖြင့္ေပးတာမို႔ ဖူးလည္း မမနဲ႔ အတူ ဝင္လာခဲ့သည္။

ဖူး ဝင္လာေတာ့ မမရဲ႕ ေဖေဖ၊ေမေမ၊ကိုႀကီးနဲ႔ ေဘးက ကိုခန္႔။

ဖူးတို႔ ဝင္လာေတာ့ ၾကည့္လာၾကတာ ဖူးကို ျမင္သြားလို႔ထင္ မ်က္လုံးအျပဴးေတြနဲ႔ ၾကည့္ေနၾကသည္။

"ဖူးေလး"

ေမေမက ကေလးကို ေတြ႕လိုက္ရေတာ့ အရမ္းေပ်ာ္သြားမွန္း လမင္း သိတာေပါ့။ကေလးကို ေျပးဖက္သည္။

"သမီး ဖူးေလး ျပန္လာခဲ့ၿပီေပါ့"

"ဟုတ္"

"လာလာ ဖူးေလး ေမေမ့အနားမွာ ထိုင္ အယ္ ေမေမျဖစ္လို႔ရေသးတယ္မလား"

"ဟုတ္ ေမေမ ဟီးဟီး"

"ဖူးေလးက အရင္လို ခ်စ္ဖို႔ေကာင္းတုန္းပဲ"

"ေဖေဖ ေနေကာင္းပါ့ရဲ႕လားရွင့္"

ဖူး ဦးစိုင္းမာန္ထြန္းဦးက္ိုႏႈတ္ဆက္ေတာ့ အရင္လို ေႏြးေထြးတဲ့ အၿပဳံး ၿပဳံးၿပီး ျပန္ေျပာေလသည္။

"ေကာင္းပါတယ္ သမီးရယ္ ၾကည့္ပါအုန္း အ႐ြယ္ေရာက္လာေတာ့ ေခ်ာလာလိုက္တာ"

"အဲ့ေလာက္လည္း မဟုတ္ပါဘူးရွင့္"

"ဖူးေလး"

"ကိုႀကီး မေတြ႕ရတာ ေတာင္ ၾကာၿပီေနာ္ ကိုခန္႔်ရာပဲ အိုမို"

"ဘာျဖစ္လို႔လဲ ဖူးေလး"

မင္းေကာင္းစစ္တို႔ ေမးလိုက္ေတာ့ ဖူးေလးက အားႀကိဳးမာန္တက္ ျပန္ေျဖလာသည္။

"ဘာျဖစ္ရမွာလဲလို႔ ႏွစ္ေယာက္က လက္ထပ္ၿပီးၾကတာ ဖူးေလးေတာင္ မသိမိပါလား"

"ေအာ္ ဘာမ်ားလဲလို႔ ဖူးေလးရယ္ လန္႔သြားတာပါ"

"ဖူးေလးလည္း လန္႔သြားပါတယ္ရွင္ ကားေပၚမွာ မမက ကိုကို႔ခင္ပြန္းဆိုလို႔ နားမလည္ျဖစ္ေနတ အခုမွပဲ ရွင္းသြားေတာ့တယ္"

"ဟုတ္ပါၿပီဗ်ာ ညီမေလး ဖူးေလးနဲ႔ ျပန္ေတြ႕တာေတာင္ မေျပာပါလား"

"ခုနကမွ ေတြ႕လို႔ ဆြဲေခၚလာတာ"

"ညည္းကေတာ့ေလ"

"ဘာျဖစ္လို႔လဲ ဆက္ေျပာေလ ေမေမ"

"ဒီတစ္ခါေတာ့ ေတာ္တယ္လို႔"

"ဟြန္႔ ၿပီးတာပဲ"

ဒီလိုနဲ႔ ေန႔လည္စာေလးက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ လမင္း ျဖတ္သန္းႏိုင္ခဲ့သည္။
ေပ်ာက္ဆုံးသြားၿပီလို႔ ထင္ထားတဲ့ အၿပဳံးေတြလည္း ျပန္ျဖစ္ေပၚလာခဲ့သည္။

မင္းေကာင္းစစ္နဲ႔ ခန္႔မင္းသန္႔လည္း ညီမေလး အခုလို ျပန္ၿပဳံးေနတာ ေတြ႕ရေတာ့ ေပ်ာ္ေနမိသည္။

ေဒၚနန္းအိေျႏၵသြင္တို႔လည္း မိဘအေနနဲ႔ သားသမီးေတြ ေပ်ာ္႐ႊင္ေနၾကတာ ျပန္ျမင္ရေတာ့ မ်က္ရည္ဝဲမတတ္ ေပ်ာ္႐ႊင္ေနမိေတာ့သည္။

🤍🌤💛🌤🤍🌤💛🌤🤍🌤💛🌤🤍🌤💛

မုန္တိုင္းက ေရွ႕တစ္ပိုင္းမွာ ေျပာခဲ့သလို ၿပီးသြားပါၿပီေနာ္
အခု ေနသာလာပါေတာ့မည္ 🌞☁️
ႏွစ္ေယာက္ ျပန္ေျပလည္ၾကေသးတာမဟုတ္ဘဲ ဖူးေလးကို စိတ္ေကာက္ခြင့္ေပးပါရေစ
ဒါေပမဲ့ အခ်ိဳေတြႀကီးပါပဲ 😉

ဒါနဲ႔ေလ သာသာ လမင္းနဲ႔ ဖူးတို႔ႏွစ္ေယာက္လုံး ပုံစံေတြကို Glow up versionျမႇင့္ေပးရမလားကြယ္ 🤓💝

Gold-palaceဆိုတဲ့ နာမည္ ေရွ႕မွာ တစ္ခါ ပါခဲ့ဖူးတာ မွတ္မိလားရွင့္ 🤔

လက္ဖ္ယူပါရွင္😙❤️

Continuar a ler

Também vai Gostar

255K 17.4K 50
LGBTဖခင်နှစ်ဦးမှမွေးဖွားလာခဲ့တဲ့အမွှာမောင်နှမနှစ်ယောက်သူတို့ရဲ့အချစ်စစ်တွေကိုဘလိုရှာတွေ့ကြမလဲ... BlကောGlကောပါတဲ့ficလေးပါနော်❣️ LGBTဖခင္္နွစ္ဦးမွေမြ...
545K 24.5K 28
ကိုယ္ crushေနတဲ့ ေကာင္မေလးက ကိုယ့္ကို ခ်စ္ေၾကာင္းဖြင့္ေျပာေသာအခါ (Both Zawgyi amd Unicode)
First And Last Love Por

Ficção Adolescente

26.3K 758 9
ဒီficမွာ​ေရးတာ​ေလး​ေတြရဲ႕ ၈၀%ကtrueပါ​ေနာ္​ က်န္​တာ​ေတြက ဇာတ္​လမ္​း​ေလးျဖစ္​​ေအာင္​ နည္​းနည္​းပါးပါး​ပဲျဖည္​့ထားတာပါ