Unicode
နန်းတော်တမျှ ခမ်းနားထယ်ဝါလှသော
စံအိမ်တော်ကြီးတခုအတွင်း အစေခံများအားလုံး
ပျားများသဖွယ် အလုပ်များလျှက်ရှိကြသည်။ အိမ်တော်ကြီး အရှင်သခင်များဖြစ်ကြသော ဝမ်သခင်ကြီးနှင့် ဝမ်သခင်မကြီးတို့၏ ချစ်သည်းသက်ညှာလေး ..ဝမ်သခင်လေး၏ ၅နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲဖြစ်သောကြောင့် စံအိမ်ဝင်းအတွင်းမှာပဲ အခမ်းနားဆုံးဖြစ်အောင်ပြင်ဆင်နေကြခြင်းဖြစ်တယ်။ တရုတ်နိုင်ငံတခုလုံး၏ အချမ်းသာ အကြွယ်ဝဆုံး အိမ်တော်ဖြစ်တာမို့ တကယ့်ကို မင်းစိုးရာဇာအခမ်းအနားတခုသဖွယ် ပြင်ဆင်နေရတာကြောင့် ညနေ ပိုင်းမှကျင်းပမယ့်ပွဲကို မနက်မိုးလင်း
ကတည်းကပင် ပြင်ဆင်နေကြရခြင်းဖြစ်သည်။
တနေကုန် ပြင်ဆင်လို့ပြီးသွားတဲ့အခါ မွေးနေ့ပွဲချိန်ခါရောက်လာခဲ့ပြီ။ အသိုင်းကြီး အဝိုင်းကြီးကပွဲမို့ ဧည့်သည်တွေကလည်း တကယ့်ဒိတ်ဒိတ်ကျဲတွေ
ကြည့်ပဲ။ ဒီနေ့ပွဲရဲ့ အဓိက ဇာတ်လိုက်မင်းသားလေးကတော့ အနီရောင် suit ကို သေသပ်စွာဝတ်ဆင်ထားပြီး ထိုင်ခုံတခုပေါ်မှာ ငြိမ်သက်စွာပဲထိုင်နေတယ်။ ဖြူဝင်းတဲ့အသားရည်နဲ့ ဖောင်းကားနေတဲ့ပါးမို့မို့နှစ်ဖက်က ကိုက်ဆွဲချင်စရာပဲ။ ဒါပေမယ့် အသက်၅နှစ်နဲ့မလိုက်အောင် တည်တင်းနေတဲ့မျက်နှာလေးကြောင့် ဧည့်သည်တွေက လက်ကလေးတောင်မထိရဲဘူး။ ဝမ်သခင်လေးက အရွယ်နဲ့
မလိုက်အောင် အရှိန်ဝါကြီးလွန်းတယ်မလား။
ခမ်းနားလွန်းတဲ့မွေးနေ့ပါတီ ပြီးတဲ့အချိန်က ည၉နာရီတောင်ကျော်ပေါ့။ ရိပေါ်လေး အိမ်ထဲဝင်လာတော့ ဧည့်ခန်းက ဆိုဖာတွေနားမှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ကိုကိုတယောက်ကိုတွေ့လိုက်ရသည်။
*ဒီကိုကိုက ယုန်ကလေးနဲ့တူလိုက်တာ*
ရိပေါ်က လက်လေး၂ဖက်ကိုနောက်ပစ်ရင်း စူးစူးရဲရဲကြည့်ကာ စူးစမ်းနေလေရဲ့။
ရှောင်းကျန့်လေး ဒီအိမ်ကိုရောက်တာ ၁၂နာရီလောက်ရှိပြီ။ မနက်ကတည်းကရောက်ပေမယ့်
အန်တီရှင်းက အလုပ်အရမ်းရှုပ်နေတာမို့ အလုပ်သမားတန်းလျားမှာပဲထားခဲ့တာ။ တနေကုန်ထိုင်စောင့်နေပေမယ့်, နေ့လယ်က ပေါက်စီလေးတလုံးလာပို့သွားပြီး ဘယ်မှမသွားဖို့မှာကာ ပြန်ထွက်သွားတယ်။ ည၉နာရီထိုးခါနီး ရှောင်းကျန့်လေးငိုက်နေတဲ့အချိန်ကျမှ သခင်မကြီးခေါ်နေတယ်ဆိုပြီးလာခေါ်လို့ ဒီအိမ်ထဲရောက်နေတာ။ အိမ်ကလည်း ကြီးလွန်းလို့ နန်းတော်ကြီးလားအောက်မေ့ရသည်။
ရှောင်းကျန့်လေး ဒီနေရာမှာထိုင်နေတာမိနစ်၂၀လောက်တော့ရှိပြီ။ ဒီအိမ်ရဲ့ ခုံပေါ်တွေမှာ ရှောင်းကျန့်တို့လို အလုပ်သမားတွေကထိုင်ခွင့်မရှိဘူးတဲ့, အန်တီရှင်းကမှာထားတာ။ ဒါကြောင့် အောက်မှာပဲ သူကျုံ့ကျုံ့လေးထိုင်နေတာ။သူခြေထောက်တွေကျဥ်လို့ လက်လေးနဲ့ခြေထောက်ကို ထုနေတုန်း အိမ်ထဲကို ကလေးလေးတယောက်ဝင်လာသည်။သေချာပေါက်ကို ဝမ်သခင်ဆိုတာပဲနေမှာ။ နီနီရဲရဲဝတ်စုံလေးဝတ်ထားပြီး လည်ပင်းမှာလည်း ဖဲပြားနီနီလေးနဲ့။ ကလေးလေးက လက်နှစ်ဘက်ကိုနောက်ပစ်လို့ လူကြီးပုံဖမ်းကာ သူ့ကိုပြူးကြည့်နေသည်။ အသားလေးဆိုတာများဖြူဝင်အိနေတာပဲ၊ ပါးနှစ်ဘက်ကလည်း ပေါက်စီလုံးလေးကြနေတာပဲ။ အဲ့ပါးမို့မို့ကြီးတွေကို ဆွဲကိုက်ခွင့်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်ရချည်ရဲ့။
ရှောင်းကျန့်လေးအတွေးကမ္ဘာထဲ ခြာခြာလည်နေတုန်းမှာပဲ..
" သားငယ်လေး, လာထိုင်ပါဦး.."
အိမ်ထဲကို အန်တီလှလှတယောက်က ဝင်လာရင်း ပေါက်စီလုံးလေးကိုကြည့်ကာပြောလိုက်သောကြောင့် ဒါဟာဝမ်သခင်မကြီးမှန် တန်းသိလိုက်သည်။ သူမနောက်မှာတော့ အန်တီရှင်းက ခပ်ရို့ရို့လေးပါလာသည်။ ကလေးငယ်နဲ့သူမ နှစ်ယောက်လုံးဆိုဖာမှာ ဝင်ထိုင်တဲ့အချိန်မှာပဲ နောက်ထပ် ဦးဦးချောချောတယောက်က ဝင်လာပြန်သည်။
"ဖေကြီးရေ, ခဏလောက်လာထိုင်လို့ရမလား"
"အင်း, လာပြီ မေရေ".....
ပြောပြောဆိုဆိုပဲ ထိုသူက ဝင်ထိုင်လာတယ်။ အန်တီရှင်းတို့ကလည်း ရှောင်းကျန့်ထိုင်သလို အောက်မှာကျုံ့ကျုံ့လေးဝင်ထိုင်သည်။
ရှောင်းကျန့်လေး နည်းနည်းတော့ ကြောက်သလိုလိုဖြစ်နေပေမယ့်, အားတင်းပြီး ထိုင်နေရသည်။
"သားငယ်လေး,..ဒီတယောက်က သားငယ်လေးအတွက် ခေါ်ထားတဲ့အစေခံပဲ, .. ဒီနေ့ကစပြီးသားငယ်လေးရဲ့ ဝေရာဝတ်စ တွေကို မေမေနဲ့ အန်တီရှင်းက မလုပ်ပေးတော့ဘူး, သူကလုပ်ပေးလိမ့်မယ်"
"ဒီကိုကိုကလား?"
"ကိုကိုလို့မခေါ်ရဘူး , သူက သားငယ်လေးရဲ့အစေခံပဲ။ ရှောင်းကျန့် လို့ပဲခေါ်"
မေမေရဲ့စကားကြောင့် "ရှောင်းကျန့်"လို့ သူဖွဖွလေးရွတ်ကြည့်သည်။
"သားငယ်လေးသဘောမကျရင် .. နောက်တယောက်ထပ်ရှာပေးရမလား?"
သခင်မကြီးစကားကြားတော့ ရှောင်းကျန့်မျက်လုံးလေးပြူးလို့မော့ကြည့်မိသည်။ ဒီအိမ်ကမှ လက်မခံရင် သူ့မှာသွားစရာမရှိဘူးလေ။ ဒါပေမယ် အိမ်ရှင်တွေရဲ့မျက်နှာကို စိုက်မကြည့်ရဘူးလို့ အန်တီရှင်းမှာထားတာမို့ ချက်ခြင်းအောက်ပြန်ငုံ့လိုက်သည်။
ရိပေါ်လေးက သူ့ရှေ့က ကိုကို ကိုလှမ်းကြည့်လိုက်ရင်း..
" ရပါတယ် မေမေ, သူ့ကိုပဲခန့်လိုက်ပါ"
ပေါက်စီလုံးလေးရဲ့စကားကိုကြားမှ သူသက်ပြင်းလေးချနိုင်သည်။ သူ့မှာနေစရာရှိသွားပြီ။
" ရှင်းရှင်း"
"ဟုတ်ကဲ့, သခင်မကြီး"
"သူ့ကိုခေါ်သွားတော့, လိုအပ်တာတွေသင်ပေးထားလိုက်"
"ဟုတ်ကဲ့ပါ, သခင်မကြီး"
..................................
ရှောင်းကျန့်တို့တန်းလျားကိုပြန်ရောက်တော့ ညစာစားရင်နဲ့ပဲ အန်တီရှင်းက အိမ်ရဲ့စည်းကမ်းတွေကိုပြောပြသည်။ အိမ်ကြီးတင် နန်းတော်နဲ့တူတာမဟုတ်ဘူး။ လူတွေကလည် မင်းမျိုးမင်းနွယ်တွေကျနေတာပဲ၊ အစည်းကမ်းချက်တွေ များမှများပဲ။
ရှောင်းကျန့်အလုပ်ကတော့ ဝမ်သခင်လေးရဲ့အနားမှာအမြဲနေပြီး ဝေရာဝတ်စ လုပ်ပေးဖို့ပဲ။ သူ့ထက်၅နှစ်တောင်ငယ်တဲ့ကလေးလေးဆီက
"ရှောင်းကျန့်" လို့ခေါ်ခံရမှာကို မကြိုက်ပေမယ့်လည်း, သူ့ဘဝပေးအခြေနေကြောင့် သည်းခံရမှာပေါ့။
ရှောင်းကျန့်ရဲ့မိဘနှစ်ပါးလုံး ရှေ့ဆင့် နောက်ဆင့် ဆုံပါးသွားတာမို့ တဦးတည်းသော သွေးသားဖြစ်တဲ့ အန်တီရှင်းက အလုပ်ရှင်တွေကိုခွင့်တောင်းပြီးခေါ်လာတာ။ ကံကောင်းချင်တော့ ဝမ်သခင်မကြီးကလည်း သခင်ငယ်လေးအတွက် စိတ်ချရတဲ့အစေခံရှာနေတာမို့ ရှောင်းကျန့်ကိုလာနေဖို့ခွင့်ပြုလိုက်တာ။ အန်တီရှင်းရဲ့ တူ မို့လို့လည်း ဒီလိုနေရာမျိုးမှာ လုပ်ခွင့်ရတာပေါ့၊
ရှောင်းကျန့်လေးအိပ်နေရင်းနဲ့ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ ခပ်ဝေးဝေးက စံအိမ်ကြီးဆီ
တွေတွေလေး ငေးနေရင်း....ခဏအကြာမှာပဲ
အိမ်စက်ခြင်းဆီရောက်သွားတော့သည်။
####
Leo
27.7.2021
Zawgyi
Unicode
နန္းေတာ္တမ်ွ ခမ္းနားထယ္ဝါလွေသာ
စံအိမ္ေတာ္ႀကီးတခုအတြင္း အေစခံမ်ားအားလံုး
ပ်ားမ်ားသဖြယ္ အလုပ္မ်ားလ်ွက္ရိွၾကသည္။ အိမ္ေတာ္ႀကီး အရွင္သခင္မ်ားျဖစ္ၾကေသာ ဝမ္သခင္ႀကီးႏွင့္ ဝမ္သခင္မႀကီးတို႔၏ ခ်စ္သည္းသက္ၫွာေလး ..ဝမ္သခင္ေလး၏ ၅ႏွစ္ျပည့္ ေမြးေန့မဂၤလာပြဲျဖစ္ေသာေၾကာင့္ စံအိမ္ဝင္းအတြင္းမွာပဲ အခမ္းနားဆံုးျဖစ္ေအာင္ျပင္ဆင္ေနၾကျခင္းျဖစ္တယ္။ တရုတ္ႏိုင္ငံတခုလံုး၏ အခ်မ္းသာ အႂကြယ္ဝဆံုး အိမ္ေတာ္ျဖစ္တာမို႔ တကယ့္ကို မင္းစိုးရာဇာအခမ္းအနားတခုသဖြယ္ ျပင္ဆင္ေနရတာေၾကာင့္ ညေန ပိုင္းမွက်င္းပမယ့္ပြဲကို မနက္မိုးလင္း
ကတည္းကပင္ ျပင္ဆင္ေနၾကရျခင္းျဖစ္သည္။
တေနကုန္ ျပင္ဆင္လို႔ၿပီးသြားတဲ့အခါ ေမြးေန့ပြဲခ်ိန္ခါေရာက္လာခဲ့ၿပီ။ အသိုင္းႀကီး အဝိုင္းႀကီးကပြဲမို႔ ဧည့္သည္ေတြကလည္း တကယ့္ဒိတ္ဒိတ္က်ဲေတြ
ၾကည့္ပဲ။ ဒီေန့ပြဲရဲ့ အဓိက ဇာတ္လိုက္မင္းသားေလးကေတာ့ အနီေရာင္ suit ကို ေသသပ္စြာဝတ္ဆင္ထားၿပီး ထိုင္ခံုတခုေပၚမွာ ၿငိမ္သက္စြာပဲထိုင္ေနတယ္။ ျဖဴဝင္းတဲ့အသားရည္နဲ႔ ေဖာင္းကားေနတဲ့ပါးမို႔မို႔ႏွစ္ဖက္က ကိုက္ဆြဲခ်င္စရာပဲ။ ဒါေပမယ့္ အသက္၅ႏွစ္နဲ႔မလိုက္ေအာင္ တည္တင္းေနတဲ့မ်က္ႏွာေလးေၾကာင့္ ဧည့္သည္ေတြက လက္ကေလးေတာင္မထိရဲဘူး။ ဝမ္သခင္ေလးက အရြယ္နဲ႔
မလိုက္ေအာင္ အရိွန္ဝါႀကီးလြန္းတယ္မလား။
ခမ္းနားလြန္းတဲ့ေမြးေန့ပါတီ ၿပီးတဲ့အခ်ိန္က ည၉နာရီေတာင္ေက်ာ္ေပါ့။ ရိေပၚေလး အိမ္ထဲဝင္လာေတာ့ ဧည့္ခန္းက ဆိုဖာေတြနားမွာ က်ံဳ႔က်ံဳ႔ေလးထိုင္ေနတဲ့ ကိုကိုတေယာက္ကိုေတြ့လိုက္ရသည္။
*ဒီကိုကိုက ယုန္ကေလးနဲ႔တူလိုက္တာ*
ရိေပၚက လက္ေလး၂ဖက္ကိုေနာက္ပစ္ရင္း စူးစူးရဲရဲၾကည့္ကာ စူးစမ္းေနေလရဲ့။
ေရွာင္းက်န္႔ေလး ဒီအိမ္ကိုေရာက္တာ ၁၂နာရီေလာက္ရိွၿပီ။ မနက္ကတည္းကေရာက္ေပမယ့္
အန္တီရွင္းက အလုပ္အရမ္းရႈပ္ေနတာမို႔ အလုပ္သမားတန္းလ်ားမွာပဲထားခဲ့တာ။ တေနကုန္ထိုင္ေစာင့္ေနေပမယ့္, ေန့လယ္က ေပါက္စီေလးတလံုးလာပို႔သြားၿပီး ဘယ္မွမသြားဖို႔မွာကာ ျပန္ထြက္သြားတယ္။ ည၉နာရီထိုးခါနီး ေရွာင္းက်န္႔ေလးငိုက္ေနတဲ့အခ်ိန္က်မွ သခင္မႀကီးေခၚေနတယ္ဆိုၿပီးလာေခၚလို႔ ဒီအိမ္ထဲေရာက္ေနတာ။ အိမ္ကလည္း ႀကီးလြန္းလို႔ နန္းေတာ္ႀကီးလားေအာက္ေမ့ရသည္။
ေရွာင္းက်န္႔ေလး ဒီေနရာမွာထိုင္ေနတာမိနစ္၂၀ေလာက္ေတာ့ရိွၿပီ။ ဒီအိမ္ရဲ့ ခံုေပၚေတြမွာ ေရွာင္းက်န္႔တို႔လို အလုပ္သမားေတြကထိုင္ခြင့္မရိွဘူးတဲ့, အန္တီရွင္းကမွာထားတာ။ ဒါေၾကာင့္ ေအာက္မွာပဲ သူက်ံဳ႔က်ံဳ႔ေလးထိုင္ေနတာ။သူေျခေထာက္ေတြက်ဥ္လို႔ လက္ေလးနဲ႔ေျခေထာက္ကို ထုေနတုန္း အိမ္ထဲကို ကေလးေလးတေယာက္ဝင္လာသည္။ေသခ်ာေပါက္ကို ဝမ္သခင္ဆိုတာပဲေနမွာ။ နီနီရဲရဲဝတ္စံုေလးဝတ္ထားၿပီး လည္ပင္းမွာလည္း ဖဲျပားနီနီေလးနဲ႔။ ကေလးေလးက လက္ႏွစ္ဘက္ကိုေနာက္ပစ္လို႔ လူႀကီးပံုဖမ္းကာ သူ႔ကိုျပဴးၾကည့္ေနသည္။ အသားေလးဆိုတာမ်ားျဖဴဝင္အိေနတာပဲ၊ ပါးႏွစ္ဘက္ကလည္း ေပါက္စီလံုးေလးၾကေနတာပဲ။ အဲ့ပါးမို႔မို႔ႀကီးေတြကို ဆြဲကိုက္ခြင့္ရရင္ျဖင့္ အာဂပါးစပ္ လူျဖစ္က်ိဳးနပ္ရခ်ည္ရဲ့။
ေရွာင္းက်န္႔ေလးအေတြးကမ႓ာထဲ ျခာျခာလည္ေနတုန္းမွာပဲ..
" သားငယ္ေလး, လာထိုင္ပါၪီး.."
အိမ္ထဲကို အန္တီလွလွတေယာက္က ဝင္လာရင္း ေပါက္စီလံုးေလးကိုၾကည့္ကာေျပာလိုက္ေသာေၾကာင့္ ဒါဟာဝမ္သခင္မႀကီးမွန္ တန္းသိလိုက္သည္။ သူမေနာက္မွာေတာ့ အန္တီရွင္းက ခပ္ရို႔ရို႔ေလးပါလာသည္။ ကေလးငယ္နဲ႔သူမ ႏွစ္ေယာက္လံုးဆိုဖာမွာ ဝင္ထိုင္တဲ့အခ်ိန္မွာပဲ ေနာက္ထပ္ ၪီးၪီးေခ်ာေခ်ာတေယာက္က ဝင္လာျပန္သည္။
"ေဖႀကီးေရ, ခဏေလာက္လာထိုင္လို႔ရမလား"
"အင္း, လာၿပီ ေမေရ".....
ေျပာေျပာဆိုဆိုပဲ ထိုသူက ဝင္ထိုင္လာတယ္။ အန္တီရွင္းတို႔ကလည္း ေရွာင္းက်န္႔ထိုင္သလို ေအာက္မွာက်ံဳ႔က်ံဳ႔ေလးဝင္ထိုင္သည္။
ေရွာင္းက်န္႔ေလး နည္းနည္းေတာ့ ေၾကာက္သလိုလိုျဖစ္ေနေပမယ့္, အားတင္းၿပီး ထိုင္ေနရသည္။
"သားငယ္ေလး,..ဒီတေယာက္က သားငယ္ေလးအတြက္ ေခၚထားတဲ့အေစခံပဲ, .. ဒီေန့ကစၿပီးသားငယ္ေလးရဲ့ ေဝရာဝတ္စ ေတြကို ေမေမနဲ႔ အန္တီရွင္းက မလုပ္ေပးေတာ့ဘူး, သူကလုပ္ေပးလိမ့္မယ္"
"ဒီကိုကိုကလား?"
"ကိုကိုလို႔မေခၚရဘူး , သူက သားငယ္ေလးရဲ့အေစခံပဲ။ ေရွာင္းက်န္႔ လို႔ပဲေခၚ"
ေမေမရဲ့စကားေၾကာင့္ "ေရွာင္းက်န္႔"လို႔ သူဖြဖြေလးရြတ္ၾကည့္သည္။
"သားငယ္ေလးသေဘာမက်ရင္ .. ေနာက္တေယာက္ထပ္ရွာေပးရမလား?"
သခင္မႀကီးစကားၾကားေတာ့ ေရွာင္းက်န္႔မ်က္လံုးေလးျပဴးလို႔ေမာ့ၾကည့္မိသည္။ ဒီအိမ္ကမွ လက္မခံရင္ သူ႔မွာသြားစရာမရိွဘူးေလ။ ဒါေပမယ္ အိမ္ရွင္ေတြရဲ့မ်က္ႏွာကို စိုက္မၾကည့္ရဘူးလို႔ အန္တီရွင္းမွာထားတာမို႔ ခ်က္ျခင္းေအာက္ျပန္ငံု႔လိုက္သည္။
ရိေပၚေလးက သူ႔ေရ႔ွက ကိုကို ကိုလွမ္းၾကည့္လိုက္ရင္း..
" ရပါတယ္ ေမေမ, သူ႔ကိုပဲခန္႔လိုက္ပါ"
ေပါက္စီလံုးေလးရဲ့စကားကိုၾကားမွ သူသက္ျပင္းေလးခ်ႏိုင္သည္။ သူ႔မွာေနစရာရိွသြားၿပီ။
" ရွင္းရွင္း"
"ဟုတ္ကဲ့, သခင္မႀကီး"
"သူ႔ကိုေခၚသြားေတာ့, လိုအပ္တာေတြသင္ေပးထားလိုက္"
"ဟုတ္ကဲ့ပါ, သခင္မႀကီး"
..................................
ေရွာင္းက်န္႔တို႔တန္းလ်ားကိုျပန္ေရာက္ေတာ့ ညစာစားရင္နဲ႔ပဲ အန္တီရွင္းက အိမ္ရဲ့စည္းကမ္းေတြကိုေျပာျပသည္။ အိမ္ႀကီးတင္ နန္းေတာ္နဲ႔တူတာမဟုတ္ဘူး။ လူေတြကလည္ မင္းမ်ိဳးမင္းႏြယ္ေတြက်ေနတာပဲ၊ အစည္းကမ္းခ်က္ေတြ မ်ားမွမ်ားပဲ။
ေရွာင္းက်န္႔အလုပ္ကေတာ့ ဝမ္သခင္ေလးရဲ့အနားမွာအၿမဲေနၿပီး ေဝရာဝတ္စ လုပ္ေပးဖို႔ပဲ။ သူ႔ထက္၅ႏွစ္ေတာင္ငယ္တဲ့ကေလးေလးဆီက
"ေရွာင္းက်န္႔" လို႔ေခၚခံရမွာကို မႀကိဳက္ေပမယ့္လည္း, သူ႔ဘဝေပးအေျခေနေၾကာင့္ သည္းခံရမွာေပါ့။
ေရွာင္းက်န္႔ရဲ့မိဘႏွစ္ပါးလံုး ေရ႔ွဆင့္ ေနာက္ဆင့္ ဆံုပါးသြားတာမို႔ တၪီးတည္းေသာ ေသြးသားျဖစ္တဲ့ အန္တီရွင္းက အလုပ္ရွင္ေတြကိုခြင့္ေတာင္းၿပီးေခၚလာတာ။ ကံေကာင္းခ်င္ေတာ့ ဝမ္သခင္မႀကီးကလည္း သခင္ငယ္ေလးအတြက္ စိတ္ခ်ရတဲ့အေစခံရွာေနတာမို႔ ေရွာင္းက်န္႔ကိုလာေနဖို႔ခြင့္ျပဳလိုက္တာ။ အန္တီရွင္းရဲ့ တူ မို႔လို႔လည္း ဒီလိုေနရာမ်ိဳးမွာ လုပ္ခြင့္ရတာေပါ့၊
ေရွာင္းက်န္႔ေလးအိပ္ေနရင္းနဲ႔ ျပတင္းေပါက္ကေန လွမ္းျမင္ေနရတဲ့ ခပ္ေဝးေဝးက စံအိမ္ႀကီးဆီ
ေတြေတြေလး ေငးေနရင္း....ခဏအၾကာမွာပဲ
အိမ္စက္ျခင္းဆီေရာက္သြားေတာ့သည္။
####
Leo
27.7.2021
Zawgyi