မုန္း၍ခ်စ္ခဲ့သည္ ( မုန်း၍ချစ်...

By Tokebloom

16.5K 1.1K 131

OFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021 More

အပိုင္း(၁)
အပိုင္း (၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
The end

အပိုင္း(၁၈)

525 44 0
By Tokebloom

လူးဝစ္အိမ္ေတာ္တြင္ သခင္ေလးGun အိမ္ျပန္ေရာက္သည့္အတြက္ ေပ်ာ္ပြဲရႊင္ပြဲျဖင့္ ႀကိဳဆိုရင္ ျပင္ဆင္်နၾကသည္။

ျခံက်ယ္ႀကီးထဲတြင္ စားပြဲရွည္မ်ားကို တည္ခင္းထားၿပီး ထိုစားပြဲေပၚတို႔တြင္ မိုးျပာေရာင္ စားပြဲခင္းမ်ား ခင္းက်င္းထားၿပီး တစ္ပြင့္တည္းေသာ ႏွင္းဆီပန္းျဖဴကို ေႂကြအိုးလွလွေလးမ်ားတြင္ ထိုးစိုက္ကာ စားပြဲေပၚတြင္ တင္ထားသည္။

ထိုေန႔ပြဲကို နီးစပ္ရာ လူးဝစ္ကုမၸဏီ၏ လုပ္ငန္းပါတနာမ်ားႏွင့္ Gun၏ ရင္းနီးတဲ့ သူငယ္ခ်င္းမ်ားလည္း တက္ေရာက္ၾကသည္။

"Gun..........GunGunGun"

Tulipသည္ ပန္းေရာင္ဂါဝန္ေပါင္လည္ေလာက္ျဖင့္ လွလွပပျပင္ဆင္ထားသည္။

သူမသည္ ကနဦးက အတန္းထဲက သူငယ္ခ်င္းေတြျဖင့္ စားပြဲရွည္တစ္ခု၏ ပတ္ပတ္လည္တြင္ ဝိုင္းဖြဲ႕စားေသာက္ေနျခင္းျဖစ္သည္။

အိမ္ႀကီးထဲက ထြက္လာသည့္ Gunကို ျမင္သည့္အခါ ေသာက္လက္စ countail ခြက္ကို စားပြဲေပၚတင္ခဲ့ရင္း Gunကို ေျပးဖက္ကာ ငိုေလသည္။

"နင္ နင္ ငါ့ကိုေတာင္ မေျပာမဆိုဘဲ ထြက္သြားႏိုင္တယ္၊ ငါက နင့္သူငယ္ခ်င္း မဟုတ္လို႔လား၊ ငါနဲ့ (၆)လေက်ာ္ေတာင္ မေတြ႔ဘဲ ငါ့ကိုပစ္ထားႏိုင္တယ္ေပါ့...ဟင့္"

"အို႔ တိတ္ တိတ္ တိတ္ မငိုပါနဲ့ဟာ ငါ ေတာင္းပန္ပါတယ္၊ ေနာက္တစ္ခါ မလုပ္ေတာ့ဘူး ငါကတိေပးတယ္"

"တကယ္လား"

"အင္း မငိုနဲ႔ေတာ့"

"အဟမ္း!!!! အဟမ္း!!!!"

ဖက္ငိုေနသည့္ႏွစ္ေယာက္ကို Offသည္ ေခ်ာင္းေျခာက္ျကီး လုပ္ဆိုးကာ အသံေပးလိုက္ရသည္။

"အဲ အကိုOff ဘယ္တုန္းက ေရာက္လဲ"

Tulipသည္ Offအသံကိုၾကားသည့္အခါ လွည့္ေမးလိုက္ၿပီး Gunကို ဖက္ထားရာမွ ဖယ္ခြာလိုက္ကာ မ်က္ရည္စီးေၾကာင္းေတြကို လက္ဖမိုးျဖင့္ ပြတ္ေနေလသည္။

"မပြတ္နဲ႔ေလ ေရာ့ ဒါနဲ႔သုတ္"

နီးရာ စားပြဲေပၚက Tissueတစ္ခုကို ဆြဲထုတ္ရင္ Tulipကို ကမ္းေပးလက္သည္။

Gunသည္ အျဖဴေရာင္T_shirt ကို အေပၚထပ္ အသားေရာင္ကုတ္အက်ႌ ခပ္ပြပြျဖင့္ ဝတ္ဆင္ထားပံုက သခင္ေလးဆန္ေနေလသည္။

အခုလည္း သူေရာက္လာသည္ကို အသိအမွတ္မျပဳဘဲ သူငယ္ခ်င္းမကိုသာ ဂ႐ုစိုက္ေနေလသည္။

"A'Gun"

Tulipသည္ Gun ကိုသတိေပးဟန္ လက္ကုတ္လိုက္ျပီး အနားကေန တစ္ဖက္ဝိုင္းက သူငယ္ခ်င္းမ်ားဆီ ထြက္သြားေလသည္။

"ငယ္"

အနားတြင္ မည္သူတစ္ဦးတစ္ေယာက္မွ် မရွိေတာ့သည့္အခ်ိန္တြင္မွ Offသည္ သူ၏ေကာင္ေလးကို ေခၚျဖစ္ခဲ့သည္။

"ဟုတ္"

"ငယ္ ျပန္လာတာ ဝမ္းသာပါတယ္"

"အကိုNew နဲ႔ ေတြ႕မလို႔ဆိုရင္ ခဏေနကိုကိုနဲ႔ လာလိမ့္မယ္"

ေျပာၿပီး လွည့္ထြက္သြားသည့္ ကေလးငယ္၏လက္ကို ဖမ္းဆြဲလိုက္ကာ ေထာင့္စြန္းက်သည့္ ဝိုင္းဘက္ကို ဆြဲေခၚသြားသည္။

ထို႔ေနာက္....!

"အင့္!!! ခင္ဗ်ား လႊတ္!!!"

အေမွာင္ရိပ္ဘက္နားေရာက္ေတာ့ ကိုယ္ေသးေလးကို တင္းၾကပ္စြာ ေပြ႕ဖက္ထားေလသည္။

"ခဏေလးပါပဲ ခဏေလးပဲငယ္ ကိုယ္ငယ့္ကို ျမင္ေနရတာေတာင္ လြမ္းေနတုန္းပဲ"

သိမ္းက်ံဳးဖက္ထားကာ ညေလအေဝွ႕ျဖင့္ တဖ်ပ္ဖ်ပ္လြင့္ေနသည့္ ဆံစေလးေတြကို မထိတထိ ခိုးနမ္းလိုက္သည္။

"အင့္ဟယ္!!!"

ခပ္တင္းတင္းဖက္ထားေသာ ထိုသူ၏ ၫွိဳ႕သက်ီးေပၚသို႔ Gunေျခတစ္ဖက္ေျမႇာက္ကာ ခပ္ဆတ္ဆတ္ ကန္လိုက္သည္။

"အ!!! ငယ္"

Offသည္ ေျခေထာက္ကို ဖိကိုင္လိုက္ ခုန္လိုက္ျဖင့္ နာက်င္တာကို ေအာင့္ခံေနသည္။

" ခြန္Offကို Gunက ခြင့္လႊတ္ပါတယ္ ေျပာလို႔လား၊ Gunနဲ႔ေဝးေဝးေနပါ"

ထိုႏွလံုးသားမာဟန္ေဆာင္ထားေသာ ကေလးေပါက္သည္ Offကိုေက်ာခိုင္းသြားၿပီးေနာက္ သူငယ္ခ်င္းမ်ားရွိရာသို႔ ထြက္ခြာသြားေလေတာ့သည္။

"A'Gun နင္ကို လြမ္းေနတာ၊ ေက်ာင္းတက္ရင္ ေနာက္က်တဲ့စာေတြ ငါတို႔ကူးေပးထားတယ္၊ ေက်ာင္းေရာက္ရင္ယူ"

"ေက်းဇူးပါပဲ Pop"

"အမေလး ေျပာစရာလား သူငယ္ခ်င္း အခ်င္းခ်င္းကို"

ထိုလူငယ္ေလးေတြ၏ စကားဝိုင္းမွာေတာ့ တစ္ေယာက္တစ္ေပါက္သံေတြျဖင့္ ဆူညံေနေတာ့သည္။

____________________________

"သား ေသခ်ာ ဆံုးျဖတ္ၿပီးၿပီလား"

အေနာက္တိုင္းဆန္ဆန္ အိမ္အျပင္အဆင္ျဖင့္ ဖြဲ႕စည္းထားေသာ အခန္းက်ယ္ထဲတြင္ အမ်ိဳးသမီးႀကီးႏွစ္ေယာက္ ထိုင္ေနကာ သူတို႔၏ မ်က္ႏွာခ်င္းဆိုင္တြင္ သားျဖစ္သူက ထိုင္ေနေလသည္။

"ဟုတ္ကဲ့၊ ကၽြန္ေတာ္ စကတည္းက ဒီအလုပ္ကို ေဖေဖေၾကာင့္ လုပ္ကိုင္ခဲ့တာမို႔ ခုလည္း ကၽြန္ေတာ္ရဲ႕ရည္မွန္းခ်က္ျပည့္ဝသြားၿပီဆိုေတာ့ ရံုးခန္းပိတ္လိုက္ၿပီ "

"အမေလး ေကာင္းလိုက္တာ၊ ငါလည္း စိတ္ေအးေအးနဲ႔ အလည္ထြက္လို႔ရၿပီ ကိုယ့္ဆိုင္ကိုယ္ ျပန္ဦးစီးေတာ့"

အေဒၚျဖစ္သူကလည္း ဘယ္ကတည္းက ဆိုင္ကို Offလက္ထဲျပန္ထည့္ခ်င္ေနလဲမသိ။ သူမသည္ အရမ္းကို တက္ႂကြေနေလသည္။

"ဟုတ္တယ္ ေမေမလည္း အသက္ႀကီးၿပီး ေမေမရဲ႕ လုပ္ငန္းေတြလည္း သားကိုပဲ အၿပီးလႊဲေပးမယ္"

မိခင္ျဖစ္သူမွာေတာ့ သားျဖစ္သူကို အသိေပးသလိုေျပာလာသည္။

"ဟို းဟိုး ေမေမနဲ႔ တီေလး ကၽြန္ေတာ္ ေျပာစရာ ရွိေသးတယ္"

"..."

"ကၽြန္ေတာ္ လုပ္ငန္းေတြကို ဦးစီးမွာပါ၊ ဒါေပမဲ့ ကၽြန္ေတာ္ ခဏေလာက္ ခရီးထြက္ခ်င္ေသးတယ္၊ (၆)လေလာက္ေပါ့၊ ဒီႏွစ္ထဲမွာ ကၽြန္ေတာ္ အရမ္းကို စိတ္ပင္ပန္း လူပင္ပန္းျဖစ္ခဲ့တာမို႔"

Off စိတ္ကူးကေတာ့ သူ႔ေကာင္ေလးနဲ့ အဆင္ေျပကာမွ အိမ္ကေမေမတို႔ကို ဖြင့္ေျပာျပီး လိုက္ေတာင္းခိုင္းမည္ဟု ေတြးထားေလသည္။

"ဘယ္ကို သြားမယ္စိတ္ကူးလဲ"

ေမေမက Offကိုေမးေလသည္။

"သူငယ္ခ်င္းေတြနဲ႔ တိုင္ပင္ထားတယ္၊ သူတို႔နဲ႔လည္း မေတြ႕တာၾကာၿပီဆိုေတာ့"

Offသည္ ဆိုဖာေပၚထိုင္ေနရင္း စားပြဲေပၚက ေရခြက္ထဲကို ေရျဖည့္လိုက္သည္။ ၿပီးေနာက္ ေရကိုျဖည္းျဖည္းခ်င္း ေသာက္ေနလိုက္သည္။

"ဘာလဲ Newဆိုတဲ့ ဟိုေကာင္ေလးေရာ ပါတယ္လား"

ေဖေဖ့ညီမ တီေလးကေတာ့ မေက်နပ္သလိုဝင္ေျပာေလသည္။

"လိုက္လည္း ဘာျဖစ္လဲ အမရယ္ သူတို႔က ငယ္ကတည္းက သူငယ္ခ်င္းမဟုတ္လား၊ ခုကိစၥကလည္း ကေလးေတြနဲ႔ မဆိုင္ပါဘူးရွင္၊ စိတ္မဆိုးေတာ့နဲ႔ ဟုတ္ၿပီလား"

ေမေမကေတာ့ ငယ္ငယ္ကတည္းက Offနဲ႔ Newကို New Mommy ႏွင့္ တလွည့္စီထိန္းေနတဲ့ သူမို႔ သံေယာဇဥ္ႀကီးရွာသည္။

"မင္းအေမက ေျပာလိုက္ရင္ ဒီအတိုင္းပဲ ညည္းငါ့အကိုကို တကယ္ခ်စ္ရဲ႕လားေအ၊ စိတ္ဆိုးသင့္လည္းမဆိုး သေဘာထားျပည့္ဝေနတာမ်ား ငါ႐ိုက္ခ်င္လိုက္တာ"

တီေလးကေတာ့ မေက်မနပ္ျဖင့္ ေမေမ့ကို ရန္ေတြ႕ ေနျပန္ပါသည္။

"အမရယ္ စိတ္ဆိုးသင့္တာလည္း ဆိုးေပါ့၊ ကၽြန္မတို႔က ငယ္တဲ့အရြယ္ေတြမွ မဟုတ္ေတာ့တာ၊ Newရဲ႕ အေမကိုယ္တိုင္လည္း အိမ္အထိ လာေတာင္းပန္သြားတယ္ မဟုတ္လား၊ အခုဆို ကၽြန္မတို႔ႏွစ္ေယာက္ မုဆိုးမျဖစ္တာျခင္း အတူတူပဲမို႔ အခ်င္းခ်င္းေစာင့္ေရွာက္ရမွာေပါ့ရွင္၊ သူလည္း ခင္ပြန္းက ေထာင္က်သြားတာ မလား"

ေမေမသည္ သူမႏွင့္ New၏ေမေမကို ႏွိဳင္းယွဥ္ျပကာ ဂ႐ုဏာသက္စြာျဖင့္ ေျပာေလသည္။

"အမေလး ငါေသြးတက္!!! ညည္းဘာသာ ေစာင့္ေရွာက္ ငါ့အေရွ႕ေတာ့ အဲ့ဒီသားအမိ မေရာက္လာေစနဲ႔"

တီေလးသည္ ဆိုဖာလက္တင္ေပၚ တံေတာင္ေထာက္ရင္း နားထင္ေၾကာတို႔ကို ဖိႏွိပ္ကာ ေသြးတက္သြားဟန္ျဖင့္ေျပာေလသည္။

"ေကာင္းပါၿပီ အမရယ္၊ သားလည္း ခရီးကို ဂ႐ုစိုက္သြား၊ သူငယ္ခ်င္းနဲ႔ အတူေနမယ္ဆုိလည္း လူႀကီးမိဘရွိရင္ ဂ႐ုစိုက္ေနေနာ္ ေမေမ့သားက လူႀကီးျဖစ္ၿပီမို႔ မမွာေတာ့ဘူး၊ က်နး္မာေရး ဂ႐ုစိုက္"

"ဟုတ္ကဲ့ ေမေမ၊ သားညေနသြားမွာ"

Offသည္ ထိုင္ေနရာမွ ထကာေျဖေတာ့...

"ဟဲ့ ခ်က္ခ်င္းႀကီးလား"

တီေလးကလည္း အလန္႔တၾကားေမးေလသည္။

"ဟုတ္တယ္ တီေလးေရ၊ ေႏွးေနလို႔ မရဘူး ဟဲ ဟဲ"

Offသည္ ဧည့္ခန္းအဝင္အထြက္ ေထာင့္နားတြင္ ထားထားသည့္ Luggageကို ဆြဲကာ အိမ္ကေန ထြက္လာခဲ့သည္။

သူ၏ႀကိဳးစားမႈ အရာထင္ပါရေစ။

_________________________________________

"ကိုကို ဘာလုပ္ေနတာလဲ"

Gunသည္ ယေန႔နံနက္ခင္ကတည္းက Gun၏ ေဘးခန္းကို အိမ္ရွိဝန္ထမ္းမ်ား ဝင္လိုက္ထြက္လိုက္ လုပ္ေနၾကသည္ကို ေတြ႕ရသည္။

အခုလည္း ကိုကိုကပါ အခန္းထဲ ဝင္ၾကည့္ေနတာ ေတြ႕လိုက္သည္မို႔ Gunမွာ ေမးလိုက္ရသည္။

Gun၏ ညာဘက္တြင္ ကိုကိုနဲ႔ အကိုNew၏ အခန္းျဖစ္ၿပီး ဘယ္ဘက္အခန္းက ပိတ္ထားသည့္အခန္း ျဖစ္ေလသည္။

ထိုအခန္းထဲတြင္ ပန္းခ်ီကားေဟာင္းမ်ား အသံုးမျပဳသည့္ စားပြဲခံုမ်ား ပန္းအိုးစသည္ျဖင့္ ထားထားျခင္း ျဖစ္သည္။

အခုေတာ့ လိုအပ္သည္တို႔ကို သံုးစြဲၿပီး က်န္ပစၥည္းမ်ားကို ေျမေအာက္ စတိုခန္းကို သယ္ေဆာင္သြားၾကသည္မို႔ တစ္ေယာက္ေယာက္မ်ား လာေလမလား Gunစိတ္ထဲ ထင္ေနမိသည္။

"A'Tay... ငါေရာက္ၿပီ"

ေအာက္ထပ္ဧည့္ခန္းကို Gunရပ္ေနရာမွ ျမင္ေနရၿပီး ဧည့္ခန္းထဲတြင္ေတာ့ Luggageတစ္လံုးႏွင့္အတူ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။

" ေနာက္က်ေနလို႔ ငါက မလာဘူးေတာင္ ထင္ေနတာ"

Tayကလည္း သိႏွင့္ၿပီးသည့္ပံုျဖင့္ ႏွဳတ္ဆက္စကား ေျပာေနေလသည္။

"အမ္ ကိုကို ဒါက ဘာလဲ...ၿပီးေတာ့ ကိုကိုတို႔က ဘယ္တုန္းက ဒီေလာက္ ရင္းနီးသြားၾကတာလဲ"

Gunေမးသည္ကို ႏွစ္ေယာက္လံုး အဖက္မလုပ္။ Offသည္လည္း Gunနေဘးက ျဖတ္ကာ အခန္းသစ္ထဲသို႔ ဝင္ေရာက္သြားေလေတာ့သည္။

"ကိုကို အဲ့ဒီလူႀကီးက ဘာလာလုပ္တာလဲ"

Gunသည္ အကိုျဖစ္သူနားကို ကပ္သြားကာ ေမးလိုက္သည္။ Gunဒီတိုင္းေလး ေမးတာကို ကိုကိုက လူကို လာဆူေနေသးတယ္။ အကိုOff တကယ္လာေနတာဆိုရင္ Gunေပ်ာ္ပါသည္။

"မဆိုးရဘူး Gun... ကိုကို႔သူငယ္ခ်င္းက ဒီအိမ္မွာ (၆)လတန္သည္ တစ္ႏွစ္တန္သည္ ေနလိမ့္မယ္"

ထိုစဥ္ အခန္းထဲ ပစၥည္းေတြ ေနရာခ်ၿပီး ျပန္ထြက္လာသည့္ Offသည္ Gunကို လြမ္းဆြတ္တမ္းတေနသည့္အၾကည့္နက္ျဖင့္ ၾကည့္ေနခဲ့ေလသည္။

"Tayေျပာသလိုပဲ ကိုယ္ဒီမွာ ေနမလို႔၊ ငယ္ စိတ္မဆိုးဘူးမလား"

Offသည္ ကမ႓ာတစ္ခုလံုး အေမွာင္က်ေနၿပီး Gunတစ္ေယာက္စာေလးသာ ကြက္ၿပီး အလင္းေရာင္စဥ္တန္းေတြ ရွိေနသလိုကို Gunဆီကိုသာ ဦးတည္ၿပီး စူးနစ္စြာ စိုက္ၾကည့္ေနေလသည္။

"Gunနဲ႔ဘာဆိုင္တာမွတ္လို႔ အကို...အဲ... ခြန္Offဘာသာေနတာပဲ ေနေပါ့ ဟမ့္"

Gunသည္ စကားမွားသြားသည္ကို ရွက္ရြ႕ံသြားသည္ထင္။

"ဘမ္းးး!!!!"

အခန္းထဲ လွစ္ကနဲ ဝင္သြားၿပီး တံခါးကို အသံက်ယ္ႀကီးျမင္ေအာင္ပိတ္သြားေလေတာ့သည္။

"Off က်န္တာက မင္းအပိုင္းပဲ၊ ငါကေတာ့ မ်က္ႏွာပူပူနဲ႔ အိမ္ေပၚေခၚတင္ထားၿပီးၿပီ၊ ဒါကိုမွ မလုပ္ႏိုင္ရင္လဲ ေဂ်ာင္းေပါ့ကြာ "

Tayသည္ အခန္းထဲဝင္သြားသည့္ ညီျဖစ္သူကိုၾကည့္ၿပီး သေဘာက်စြာ ၿပံဳးေနေလသည္။

"ေက်းဇူးတင္ပါတယ္ကြာ"

Offသည္ Tayလက္ေမာင္းကို လက္သီးစုပ္ျဖင့္ ဖြဖြထိုးကာ ေျပာလိုက္သည္။

ဤသို႔ျဖင့္ Offသည္ ခ်စ္သူရွိရာအရပ္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ရွိလာၿပီး အခ်စ္ကိုရရန္ ႀကိဳးစားအားထုတ္ေတာ့မည္ျဖစ္သည္။

_________________________________________

BLOOM
24.6.2021
(6:56)pm




🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀






လူးဝစ်အိမ်တော်တွင် သခင်လေးGun အိမ်ပြန်ရောက်သည့်အတွက် ပျော်ပွဲရွှင်ပွဲဖြင့် ကြိုဆိုရင် ပြင်ဆင်ျနကြသည်။

ခြံကျယ်ကြီးထဲတွင် စားပွဲရှည်များကို တည်ခင်းထားပြီး ထိုစားပွဲပေါ်တို့တွင် မိုးပြာရောင် စားပွဲခင်းများ ခင်းကျင်းထားပြီး တစ်ပွင့်တည်းသော နှင်းဆီပန်းဖြူကို ကြွေအိုးလှလှလေးများတွင် ထိုးစိုက်ကာ စားပွဲပေါ်တွင် တင်ထားသည်။

ထိုနေ့ပွဲကို နီးစပ်ရာ လူးဝစ်ကုမ္ပဏီ၏ လုပ်ငန်းပါတနာများနှင့် Gun၏ ရင်းနီးတဲ့ သူငယ်ချင်းများလည်း တက်ရောက်ကြသည်။

"Gun..........GunGunGun"

Tulipသည် ပန်းရောင်ဂါဝန်ပေါင်လည်လောက်ဖြင့် လှလှပပပြင်ဆင်ထားသည်။

သူမသည် ကနဦးက အတန်းထဲက သူငယ်ချင်းတွေဖြင့် စားပွဲရှည်တစ်ခု၏ ပတ်ပတ်လည်တွင် ဝိုင်းဖွဲ့စားသောက်နေခြင်းဖြစ်သည်။

အိမ်ကြီးထဲက ထွက်လာသည့် Gunကို မြင်သည့်အခါ သောက်လက်စ countail ခွက်ကို စားပွဲပေါ်တင်ခဲ့ရင်း Gunကို ပြေးဖက်ကာ ငိုလေသည်။

"နင် နင် ငါ့ကိုတောင် မပြောမဆိုဘဲ ထွက်သွားနိုင်တယ်၊ ငါက နင့်သူငယ်ချင်း မဟုတ်လို့လား၊ ငါနဲ့ (၆)လကျော်တောင် မတွေ့ဘဲ ငါ့ကိုပစ်ထားနိုင်တယ်ပေါ့...ဟင့်"

"အို့ တိတ် တိတ် တိတ် မငိုပါနဲ့ဟာ ငါ တောင်းပန်ပါတယ်၊ နောက်တစ်ခါ မလုပ်တော့ဘူး ငါကတိပေးတယ်"

"တကယ်လား"

"အင်း မငိုနဲ့တော့"

"အဟမ်း!!!! အဟမ်း!!!!"

ဖက်ငိုနေသည့်နှစ်ယောက်ကို Offသည် ချောင်းခြောက်ကြီး လုပ်ဆိုးကာ အသံပေးလိုက်ရသည်။

"အဲ အကိုOff ဘယ်တုန်းက ရောက်လဲ"

Tulipသည် Offအသံကိုကြားသည့်အခါ လှည့်မေးလိုက်ပြီး Gunကို ဖက်ထားရာမှ ဖယ်ခွာလိုက်ကာ မျက်ရည်စီးကြောင်းတွေကို လက်ဖမိုးဖြင့် ပွတ်နေလေသည်။

"မပွတ်နဲ့လေ ရော့ ဒါနဲ့သုတ်"

နီးရာ စားပွဲပေါ်က Tissueတစ်ခုကို ဆွဲထုတ်ရင် Tulipကို ကမ်းပေးလက်သည်။

Gunသည် အဖြူရောင်T_shirt ကို အပေါ်ထပ် အသားရောင်ကုတ်အကျႌ ခပ်ပွပွဖြင့် ဝတ်ဆင်ထားပုံက သခင်လေးဆန်နေလေသည်။

အခုလည်း သူရောက်လာသည်ကို အသိအမှတ်မပြုဘဲ သူငယ်ချင်းမကိုသာ ဂရုစိုက်နေလေသည်။

"A'Gun"

Tulipသည် Gun ကိုသတိပေးဟန် လက်ကုတ်လိုက်ပြီး အနားကနေ တစ်ဖက်ဝိုင်းက သူငယ်ချင်းများဆီ ထွက်သွားလေသည်။

"ငယ်"

အနားတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့သည့်အချိန်တွင်မှ Offသည် သူ၏ကောင်လေးကို ခေါ်ဖြစ်ခဲ့သည်။

"ဟုတ်"

"ငယ် ပြန်လာတာ ဝမ်းသာပါတယ်"

"အကိုNew နဲ့ တွေ့မလို့ဆိုရင် ခဏနေကိုကိုနဲ့ လာလိမ့်မယ်"

ပြောပြီး လှည့်ထွက်သွားသည့် ကလေးငယ်၏လက်ကို ဖမ်းဆွဲလိုက်ကာ ထောင့်စွန်းကျသည့် ဝိုင်းဘက်ကို ဆွဲခေါ်သွားသည်။

ထို့နောက်....!

"အင့်!!! ခင်ဗျား လွှတ်!!!"

အမှောင်ရိပ်ဘက်နားရောက်တော့ ကိုယ်သေးလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။

"ခဏလေးပါပဲ ခဏလေးပဲငယ် ကိုယ်ငယ့်ကို မြင်နေရတာတောင် လွမ်းနေတုန်းပဲ"

သိမ်းကျုံးဖက်ထားကာ ညလေအဝှေ့ဖြင့် တဖျပ်ဖျပ်လွင့်နေသည့် ဆံစလေးတွေကို မထိတထိ ခိုးနမ်းလိုက်သည်။

"အင့်ဟယ်!!!"

ခပ်တင်းတင်းဖက်ထားသော ထိုသူ၏ ညှို့သကျီးပေါ်သို့ Gunခြေတစ်ဖက်မြှောက်ကာ ခပ်ဆတ်ဆတ် ကန်လိုက်သည်။

"အ!!! ငယ်"

Offသည် ခြေထောက်ကို ဖိကိုင်လိုက် ခုန်လိုက်ဖြင့် နာကျင်တာကို အောင့်ခံနေသည်။

" ခွန်Offကို Gunက ခွင့်လွှတ်ပါတယ် ပြောလို့လား၊ Gunနဲ့ဝေးဝေးနေပါ"

ထိုနှလုံးသားမာဟန်ဆောင်ထားသော ကလေးပေါက်သည် Offကိုကျောခိုင်းသွားပြီးနောက် သူငယ်ချင်းများရှိရာသို့ ထွက်ခွာသွားလေတော့သည်။

"A'Gun နင်ကို လွမ်းနေတာ၊ ကျောင်းတက်ရင် နောက်ကျတဲ့စာတွေ ငါတို့ကူးပေးထားတယ်၊ ကျောင်းရောက်ရင်ယူ"

"ကျေးဇူးပါပဲ Pop"

"အမလေး ပြောစရာလား သူငယ်ချင်း အချင်းချင်းကို"

ထိုလူငယ်လေးတွေ၏ စကားဝိုင်းမှာတော့ တစ်ယောက်တစ်ပေါက်သံတွေဖြင့် ဆူညံနေတော့သည်။

____________________________

"သား သေချာ ဆုံးဖြတ်ပြီးပြီလား"

အနောက်တိုင်းဆန်ဆန် အိမ်အပြင်အဆင်ဖြင့် ဖွဲ့စည်းထားသော အခန်းကျယ်ထဲတွင် အမျိုးသမီးကြီးနှစ်ယောက် ထိုင်နေကာ သူတို့၏ မျက်နှာချင်းဆိုင်တွင် သားဖြစ်သူက ထိုင်နေလေသည်။

"ဟုတ်ကဲ့၊ ကျွန်တော် စကတည်းက ဒီအလုပ်ကို ဖေဖေကြောင့် လုပ်ကိုင်ခဲ့တာမို့ ခုလည်း ကျွန်တော်ရဲ့ရည်မှန်းချက်ပြည့်ဝသွားပြီဆိုတော့ ရုံးခန်းပိတ်လိုက်ပြီ "

"အမလေး ကောင်းလိုက်တာ၊ ငါလည်း စိတ်အေးအေးနဲ့ အလည်ထွက်လို့ရပြီ ကိုယ့်ဆိုင်ကိုယ် ပြန်ဦးစီးတော့"

အဒေါ်ဖြစ်သူကလည်း ဘယ်ကတည်းက ဆိုင်ကို Offလက်ထဲပြန်ထည့်ချင်နေလဲမသိ။ သူမသည် အရမ်းကို တက်ကြွနေလေသည်။

"ဟုတ်တယ် မေမေလည်း အသက်ကြီးပြီး မေမေရဲ့ လုပ်ငန်းတွေလည်း သားကိုပဲ အပြီးလွှဲပေးမယ်"

မိခင်ဖြစ်သူမှာတော့ သားဖြစ်သူကို အသိပေးသလိုပြောလာသည်။

"ဟို းဟိုး မေမေနဲ့ တီလေး ကျွန်တော် ပြောစရာ ရှိသေးတယ်"

"..."

"ကျွန်တော် လုပ်ငန်းတွေကို ဦးစီးမှာပါ၊ ဒါပေမဲ့ ကျွန်တော် ခဏလောက် ခရီးထွက်ချင်သေးတယ်၊ (၆)လလောက်ပေါ့၊ ဒီနှစ်ထဲမှာ ကျွန်တော် အရမ်းကို စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့တာမို့"

Off စိတ်ကူးကတော့ သူ့ကောင်လေးနဲ့ အဆင်ပြေကာမှ အိမ်ကမေမေတို့ကို ဖွင့်ပြောပြီး လိုက်တောင်းခိုင်းမည်ဟု တွေးထားလေသည်။

"ဘယ်ကို သွားမယ်စိတ်ကူးလဲ"

မေမေက Offကိုမေးလေသည်။

"သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတယ်၊ သူတို့နဲ့လည်း မတွေ့တာကြာပြီဆိုတော့"

Offသည် ဆိုဖာပေါ်ထိုင်နေရင်း စားပွဲပေါ်က ရေခွက်ထဲကို ရေဖြည့်လိုက်သည်။ ပြီးနောက် ရေကိုဖြည်းဖြည်းချင်း သောက်နေလိုက်သည်။

"ဘာလဲ Newဆိုတဲ့ ဟိုကောင်လေးရော ပါတယ်လား"

ဖေဖေ့ညီမ တီလေးကတော့ မကျေနပ်သလိုဝင်ပြောလေသည်။

"လိုက်လည်း ဘာဖြစ်လဲ အမရယ် သူတို့က ငယ်ကတည်းက သူငယ်ချင်းမဟုတ်လား၊ ခုကိစ္စကလည်း ကလေးတွေနဲ့ မဆိုင်ပါဘူးရှင်၊ စိတ်မဆိုးတော့နဲ့ ဟုတ်ပြီလား"

မေမေကတော့ ငယ်ငယ်ကတည်းက Offနဲ့ Newကို New Mommy နှင့် တလှည့်စီထိန်းနေတဲ့ သူမို့ သံယောဇဉ်ကြီးရှာသည်။

"မင်းအမေက ပြောလိုက်ရင် ဒီအတိုင်းပဲ ညည်းငါ့အကိုကို တကယ်ချစ်ရဲ့လားအေ၊ စိတ်ဆိုးသင့်လည်းမဆိုး သဘောထားပြည့်ဝနေတာများ ငါရိုက်ချင်လိုက်တာ"

တီလေးကတော့ မကျေမနပ်ဖြင့် မေမေ့ကို ရန်တွေ့ နေပြန်ပါသည်။

"အမရယ် စိတ်ဆိုးသင့်တာလည်း ဆိုးပေါ့၊ ကျွန်မတို့က ငယ်တဲ့အရွယ်တွေမှ မဟုတ်တော့တာ၊ Newရဲ့ အမေကိုယ်တိုင်လည်း အိမ်အထိ လာတောင်းပန်သွားတယ် မဟုတ်လား၊ အခုဆို ကျွန်မတို့နှစ်ယောက် မုဆိုးမဖြစ်တာခြင်း အတူတူပဲမို့ အချင်းချင်းစောင့်ရှောက်ရမှာပေါ့ရှင်၊ သူလည်း ခင်ပွန်းက ထောင်ကျသွားတာ မလား"

မေမေသည် သူမနှင့် New၏မေမေကို နှိုင်းယှဉ်ပြကာ ဂရုဏာသက်စွာဖြင့် ပြောလေသည်။

"အမလေး ငါသွေးတက်!!! ညည်းဘာသာ စောင့်ရှောက် ငါ့အရှေ့တော့ အဲ့ဒီသားအမိ မရောက်လာစေနဲ့"

တီလေးသည် ဆိုဖာလက်တင်ပေါ် တံတောင်ထောက်ရင်း နားထင်ကြောတို့ကို ဖိနှိပ်ကာ သွေးတက်သွားဟန်ဖြင့်ပြောလေသည်။

"ကောင်းပါပြီ အမရယ်၊ သားလည်း ခရီးကို ဂရုစိုက်သွား၊ သူငယ်ချင်းနဲ့ အတူနေမယ်ဆိုလည်း လူကြီးမိဘရှိရင် ဂရုစိုက်နေနော် မေမေ့သားက လူကြီးဖြစ်ပြီမို့ မမှာတော့ဘူး၊ ကျနး်မာရေး ဂရုစိုက်"

"ဟုတ်ကဲ့ မေမေ၊ သားညနေသွားမှာ"

Offသည် ထိုင်နေရာမှ ထကာဖြေတော့...

"ဟဲ့ ချက်ချင်းကြီးလား"

တီလေးကလည်း အလန့်တကြားမေးလေသည်။

"ဟုတ်တယ် တီလေးရေ၊ နှေးနေလို့ မရဘူး ဟဲ ဟဲ"

Offသည် ဧည့်ခန်းအဝင်အထွက် ထောင့်နားတွင် ထားထားသည့် Luggageကို ဆွဲကာ အိမ်ကနေ ထွက်လာခဲ့သည်။

သူ၏ကြိုးစားမှု အရာထင်ပါရစေ။

_________________________________________

"ကိုကို ဘာလုပ်နေတာလဲ"

Gunသည် ယနေ့နံနက်ခင်ကတည်းက Gun၏ ဘေးခန်းကို အိမ်ရှိဝန်ထမ်းများ ဝင်လိုက်ထွက်လိုက် လုပ်နေကြသည်ကို တွေ့ရသည်။

အခုလည်း ကိုကိုကပါ အခန်းထဲ ဝင်ကြည့်နေတာ တွေ့လိုက်သည်မို့ Gunမှာ မေးလိုက်ရသည်။

Gun၏ ညာဘက်တွင် ကိုကိုနဲ့ အကိုNew၏ အခန်းဖြစ်ပြီး ဘယ်ဘက်အခန်းက ပိတ်ထားသည့်အခန်း ဖြစ်လေသည်။

ထိုအခန်းထဲတွင် ပန်းချီကားဟောင်းများ အသုံးမပြုသည့် စားပွဲခုံများ ပန်းအိုးစသည်ဖြင့် ထားထားခြင်း ဖြစ်သည်။

အခုတော့ လိုအပ်သည်တို့ကို သုံးစွဲပြီး ကျန်ပစ္စည်းများကို မြေအောက် စတိုခန်းကို သယ်ဆောင်သွားကြသည်မို့ တစ်ယောက်ယောက်များ လာလေမလား Gunစိတ်ထဲ ထင်နေမိသည်။

"A'Tay... ငါရောက်ပြီ"

အောက်ထပ်ဧည့်ခန်းကို Gunရပ်နေရာမှ မြင်နေရပြီး ဧည့်ခန်းထဲတွင်တော့ Luggageတစ်လုံးနှင့်အတူ ရပ်နေသည်ကို တွေ့လိုက်ရသည်။

" နောက်ကျနေလို့ ငါက မလာဘူးတောင် ထင်နေတာ"

Tayကလည်း သိနှင့်ပြီးသည့်ပုံဖြင့် နှုတ်ဆက်စကား ပြောနေလေသည်။

"အမ် ကိုကို ဒါက ဘာလဲ...ပြီးတော့ ကိုကိုတို့က ဘယ်တုန်းက ဒီလောက် ရင်းနီးသွားကြတာလဲ"

Gunမေးသည်ကို နှစ်ယောက်လုံး အဖက်မလုပ်။ Offသည်လည်း Gunနဘေးက ဖြတ်ကာ အခန်းသစ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။

"ကိုကို အဲ့ဒီလူကြီးက ဘာလာလုပ်တာလဲ"

Gunသည် အကိုဖြစ်သူနားကို ကပ်သွားကာ မေးလိုက်သည်။ Gunဒီတိုင်းလေး မေးတာကို ကိုကိုက လူကို လာဆူနေသေးတယ်။ အကိုOff တကယ်လာနေတာဆိုရင် Gunပျော်ပါသည်။

"မဆိုးရဘူး Gun... ကိုကို့သူငယ်ချင်းက ဒီအိမ်မှာ (၆)လတန်သည် တစ်နှစ်တန်သည် နေလိမ့်မယ်"

ထိုစဉ် အခန်းထဲ ပစ္စည်းတွေ နေရာချပြီး ပြန်ထွက်လာသည့် Offသည် Gunကို လွမ်းဆွတ်တမ်းတနေသည့်အကြည့်နက်ဖြင့် ကြည့်နေခဲ့လေသည်။

"Tayပြောသလိုပဲ ကိုယ်ဒီမှာ နေမလို့၊ ငယ် စိတ်မဆိုးဘူးမလား"

Offသည် ကမ်ဘာတစ်ခုလုံး အမှောင်ကျနေပြီး Gunတစ်ယောက်စာလေးသာ ကွက်ပြီး အလင်းရောင်စဉ်တန်းတွေ ရှိနေသလိုကို Gunဆီကိုသာ ဦးတည်ပြီး စူးနစ်စွာ စိုက်ကြည့်နေလေသည်။

"Gunနဲ့ဘာဆိုင်တာမှတ်လို့ အကို...အဲ... ခွန်Offဘာသာနေတာပဲ နေပေါ့ ဟမ့်"

Gunသည် စကားမှားသွားသည်ကို ရှက်ရွ့ံသွားသည်ထင်။

"ဘမ်းးး!!!!"

အခန်းထဲ လှစ်ကနဲ ဝင်သွားပြီး တံခါးကို အသံကျယ်ကြီးမြင်အောင်ပိတ်သွားလေတော့သည်။

"Off ကျန်တာက မင်းအပိုင်းပဲ၊ ငါကတော့ မျက်နှာပူပူနဲ့ အိမ်ပေါ်ခေါ်တင်ထားပြီးပြီ၊ ဒါကိုမှ မလုပ်နိုင်ရင်လဲ ဂျောင်းပေါ့ကွာ "

Tayသည် အခန်းထဲဝင်သွားသည့် ညီဖြစ်သူကိုကြည့်ပြီး သဘောကျစွာ ပြုံးနေလေသည်။

"ကျေးဇူးတင်ပါတယ်ကွာ"

Offသည် Tayလက်မောင်းကို လက်သီးစုပ်ဖြင့် ဖွဖွထိုးကာ ပြောလိုက်သည်။

ဤသို့ဖြင့် Offသည် ချစ်သူရှိရာအရပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီး အချစ်ကိုရရန် ကြိုးစားအားထုတ်တော့မည်ဖြစ်သည်။

_________________________________________

BLOOM
24.6.2021
(6:56)pm

Continue Reading

You'll Also Like

655K 33.1K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
34.3K 1.7K 55
Mew ငါ့မင္းကို မုန္းတယ္ ဒါေပမဲ့ လွည့္စားတတ္တဲ့ ငါ့ႏွလုးံသားကို ငါ့ပိုမုန္းတယ္ Gulf အကိုရဲ႕ခ်စ္တယ္ဆိုတဲ့ စကားနဲ႔တင္ကြၽန္ေတာ္ႏွလုးံသား စုတ္ျပတ္သတ္ေနၿပ...
951K 21.8K 49
In wich a one night stand turns out to be a lot more than that.
214K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...