ေတာင္ေျခရြာကေလးကို မေရာက္ခင္ လြန္ခဲ့တဲ့ (၁၀)နာရီက။
ဝူး....ဝူး.....ဝူးးးးးး ကၽြီ!!!!
ကားတစ္စီးဟာ လူးဝစ္ကုမၸဏီပိုင္ရွင္၏ ျခံထဲကို ကတိုက္က႐ိုက္ ေမာင္းဝင္လာသည္။
ဒုန္း!!!!
ကားရပ္ၿပီးခ်င္းကို ကားေပၚက လူရြယ္ေလးသည္ ကားေပၚကဆင္းၿပီး တံခါးကို ကားတစ္စီးလံုး တုန္ခါသြားေလာက္ေအာင္ကို ပိတ္ပစ္လိုက္သည္။
"Tay...Tay..."
အိမ္ႀကီးထဲကို ေျပးဝင္သြားသည့္ေနာက္ သူရွာေဖြခ်င္ေသာသူကို ေအာ္ေခၚေနလိုက္သည္။
"ေရွ႕ေနႀကီးဗ် အတင္းမဝင္ခ်င္ပါနဲ႔ သူေဌး မအားလို႔ပါ"
အေနာက္တိုင္းဝတ္စံု အထက္ေအာက္အနက္ေရာင္တို႔ျဖင့္ လူတခ်ိဳ႕သည္ Off ကို ဝင္လည္း မဆြဲရဲဘဲ အိမ္ထဲထပ္မဝင္ေအာင္သာ တားဆီးေနေလေတာ့သည္။
"A'Tay.... A'Tay"
Offသည္လည္း ေခၚၿမဲေခၚေနေလသည္။
"သခင္ေလးOff ဗ်... သူေဌးက ခဏေစာင့္ေပးပါတဲ့"
ထိုစဥ္မွာပဲ Armသည္ အိမ္အေပၚထပ္မွ ဆင္းလာကာ Offကို ဧည့္ခန္းထဲသို႔ ဦးေဆာင္ေခၚသြားေလသည္။
ထိုစဥ္ Tay၏ အခန္းထဲတြင္ေတာ့ ေစာင္ကို တစ္ကိုယ္လံုးပတ္ျခံဳထားသည့္ ေကာင္ေလးကို Tayသည္ စေနေလသည္။
နားရြက္နီနီေလးေတြကို တတိတိကိုက္ရင္း Tayသည္ ဆံစတို႔ကို နမ္းရွိဳက္လိုက္သည္။
"ကိုယ္ အေဖာ္မလုပ္ေပးႏိုင္ေတာ့ဘူး အခ်စ္ ခဏအိပ္ခ်င္အိပ္ေလ"
"အင္း"
ေစာင္ကို မ်က္ႏွာအထိ ဆြဲျခံဳလိုက္သည့္ Newသည္ ရွက္ရြ႕ံျခင္းေလေျပကို ေရွာင္တိမ္းလိုက္ဟန္ေပၚသည္။
" အလိုက္ကန္းဆိုး မသိတဲ့ အတန္းေဖာ္ဆီ ခဏသြားလိုက္အံုးမယ္၊ (၆)လေလာက္ ေပ်ာက္ေနျပီး ကိုယ့္ဆီေပၚလာပံုေထာက္ရင္ တစ္ခုခုျဖစ္လာၿပီထင္တယ္"
"အင္း ငါ ခဏအိပ္လိုက္အံုးမယ္"
" ဗိုက္ဆာရင္ တစ္ေယာက္ေယာက္ကို ေခၚလိုက္ေနာ္"
"ဟုတ္..."
Newသည္ တစ္ဖက္ကိုလွည့္ၿပီး အိပ္လိုက္ေလသည္။
သူ၏ေန႔ရက္ေတြသည္ ယခုလအေစာပိုုင္းကတည္းက သာယာခဲ့သည္ဟု ဆိုရမည္။
ေထာင္က်ေနသည့္ ဖခင္ျဖစ္သူႏွင့္ သြားေရာက္ေတြ႕ဆံုခဲ့ကာ ဖခင္ျဖစ္သူကို ေတာင္းပန္ခဲ့သည္။
သူက Daddyရဲ႕ သားျဖစ္ေနတုန္းပဲမလား။ သူလုပ္ခဲ့တဲ့အရာက ဖခင္ကို ေဂ်ာင္ပိတ္ဖမ္းပြဲတြင္ သြားေရာက္အသိေပးခဲ့ျခင္းမရွိဘဲ ႏွဳတ္ဆိတ္ေနခဲ့ျခင္းျဖစ္သည္။
Daddyကလည္း ေနာင္တေတြ ရေနပါတယ္။
"သားကို Daddy ေတာင္းပန္ပါတယ္ကြာ၊ ငါ့သားေလးကို မ်က္ႏွာငယ္ေအာင္ လုပ္မိၿပီ"
"သားကလည္း ေတာင္းပန္ပါတယ္ Daddy"
"မင္း Mommyကို ေသခ်ာေစာင့္ေရွာက္ပါ"
သားအဖ ႏွစ္ေယာက္ေျပာၾကေသာ စကားေတြက အမ်ားႀကီးျဖစ္ခဲ့ကာ ဘယ္ေတာ့မွ မတည့္ခဲ့သည့္ သားအဖက အခုမွ ရင္ဘတ္ခ်င္း နီးခဲ့ေလသည္။
Offႏွင့္ Tayကိုလည္း Daddyက ေသခ်ာေတာင္းပန္ေလသည္။
"ငါ့သားေလးကို မႏွိပ္စက္ပါဘူးလို႔ ကတိေပးပါ ခြန္Tay"
မွန္ကာရံထားသည့္ေနာက္က အခန္းငယ္ထဲတြင္ တစ္ခ်ိန္က နာမည္ႀကီးခဲ့သည့္ ေရွ႕ေနခ်ဳပ္လည္းျဖစ္၊ ျပည္သူေထာက္ခံတဲ့ အမတ္ေလာင္းႀကီးသည္ အရင္ကထက္ကို ပို၍အိုစာသြားပံုေပၚသည္။
"Daddy!!!"
Newက အလန္႔တၾကား ေခၚမိသည္။
"စိတ္ခ်ပါ ဦးေလး၊ ကၽြန္ေတာ္ရဲ႕ ကလဲ့စားေခ်ျခင္းက ဦးေလးနဲ႔တင္ ေက်ပါၿပီ၊ ကၽြန္ေတာ္ရဲ႕ က်န္ရွိေနတဲ့ သက္တမ္းအကုန္လံုးမွာ Newကို ေပးဆပ္ရင္း ကုန္ဆံုးသြားမွာပါ၊ ကၽြန္ေတာ္သူ႔ကို အဖမဲ့ေအာင္ လုပ္မိခဲ့တယ္မလား"
Tayကေတာ့ အပိုအလိုမရွိ ကတိစကားတစ္ခုကို ေပးေလသည္။
"ဦးေလး ေက်နပ္ပါၿပီ ခြန္Tay"
အမတ္ေလာင္းႀကီးက လူငယ္ႏွစ္ေယာက္ကိုၾကည့္ၿပီး ေက်နပ္သြားဟန္တူသည္။
အစက Mommyနဲ႔ အတူတူျပန္ေနမယ့္ Newက Tayက ခြင့္မျပုေတာ့ဘဲ Newကို ေသခ်ာေလး ဂရုစိုက္ခဲ့သည္။
Newကိုယ္တိုင္ကလည္း သူ႔ကိုအၿမဲ မၾကင္နာခဲ့သည့္ Tayကို လြန္ခဲ့တဲ့အခ်ိန္ေတြကတည္းက ႏွစ္သက္ေနခဲ့ျပီ ျဖစ္ေလသည္။
ဤသို႔ျဖင့္ သူတို႔ႏွစ္ေယာက္သည္ ေရွ႕ဆက္ျဖစ္ခဲ့သည္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Tay ေအာက္ထပ္ကို ဆင္းသြားေလေတာ့ Offသည္ မေတြ႕ရသည့္ လေတြအတြင္း ပိန္က်သြားေလသည္။
"ဘယ္က အပူသည္က ငါ့အိမ္ကို လမ္းမွားလာတာလဲ"
ေခါင္းငိုက္စိုက္က်ကာ ထိုင္ေနသည့္Offကို Tayက လွမ္းႏွဳတ္ဆက္လိုက္ေလသည္။
"မင္း သိတယ္မလား၊ ငယ္ ဘယ္မွာလဲဆိုတာ"
Offအသံက အေလာတႀကီးျဖင့္ သံသယသံေပါက္ေနေလသည္။
"ဘာလဲ မင္းအရည္အခ်င္းေတြ ကုန္ၿပီလား၊ ပုန္းေနတဲ့ကေလးကိုေတာင္ မင္းက မေတြ႕ႏိုင္ေတာ့ဘူးေပါ့"
Tay၏ ခနဲ႔တဲ့တဲ့ ရြဲ႔တဲ့တဲ့ ေလသံကိုလည္း Offမနာႏိုင္ေတာာ့ေပ။
"Tay ငါ တကယ္ကို လြမ္းေနၿပီ"
Offလြမ္းလြမ္းေဆြးေဆြး ေျပာေလသည္။
"အြီးးးး မင္း အဲ့ေလသံနဲ႔ လာေျပာမေနနဲ႔ေနာ္ ငါ က ငယ္ေလးမဟုတ္ဘူး"
Tayၾကက္သီးထဟန္ျဖင့္ လက္ေမာင္းႏွစ္ဖက္ကို လက္ဖဝါးမ်ားျဖင့္ ပြတ္ကာ ေျပာေလသည္။
"ငါ overseaအထိကို လူလႊတ္ရွာထားၿပီးၿပီ၊ သူသြားတတ္တဲ့ေနရာေတြ၊ သူႀကိဳက္တဲ့ေဒသေတြ အကုန္လံုး ငါ ရွာၿပီးၿပီ၊ ငါ ငါ မေတြ႕ဘူး"
လက္ဖဝါးႏွစ္ဖက္ကို မ်က္ႏွာတြင္ အုပ္ကိုင္ကာ ခႏၶာကိုယ္ကို ငု႔ံကိုင္းလိုက္သည္။
"မင္းက တကယ္ႀကီးလား"
Tay သည္ Off၏ ယခုပံုကို မယံုၾကည္ႏိုင္သလိုမ်ိဳး ထပ္မံေမးခြန္းထုတ္ေလသည္။
"A'Tay ငါ ငယ္မရွိဘဲ မေနႏိုင္ေတာ့ဘူး ထင္တယ္၊ ဘယ္ကိုသြားသြား၊ ဘာပဲလုပ္လုပ္၊ ဘာပဲစားစား ငယ့္ကိုပဲ ျမင္ေယာင္ေနတာ"
Offသည္ ခ်စ္ရသူ၏အကိုကိုလည္း ရွက္မေနအားေတာ့ေပ။
"Arm... ငယ္ေလးရဲ႕ တည္ေနရာကို ရွာလိုက္"
ေနာက္နားတြင္ ရပ္ေနသည့္ Armကို Tayက လွမ္းေျပာလိုက္သည္။
Armသည္ Laptopကိုဖြင့္ကာ (၁၅)မိနစ္ခန႔္ keyboardေပၚ လက္ေခ်ာင္းေလးေတြ ေျပးလႊားၿပီးသြားသည့္ေနာက္ ...။
"နန္းေဘာင္ရြာမွာ သခင္ေလး ရွိပါတယ္"
Armသည္ Laptop screenထပ္က ရွဳတ္ရွပ္ခတ္ေနတဲ့ ေျမပံုလမ္းေၾကာင္းေတြပါဝင္သည့္ ေနရာတစ္ခုကို Tay၏အေရွ႕တြင္ လာေရာက္ျပသသည္။
"ေကာင္းၿပီ ငါတို႔ အဲ့ဒီကို လိုက္သြားၾကတာေပါ့"
Tayက ႀကိဳသိေနသည့္အလား ဖ်ပ္ကနဲသာၾကည့္ၿပီး ျပန္ေျဖေလသည္။
"ဒါပဲလား"
Offသည္ ေအာက္ေမး႐ိုးတစ္ခုလံုး ျပဳတ္က်သြားသည့္အလား ခံစားလိုက္ရသည္။ သူတေလ်ာက္လံုး ရွာေဖြေနခဲ့သည့္ ငယ္က သူ႔အကိုရွာေတာ့လည္း (၁၅)မိနစ္ေတာင္ မၾကာပါလားဟူသည့္ အေတြးက ေခါင္းထဲဝင္လာသည္။ သူသည္ ဘယ္ေသာအခါမွ ငယ္ကို နားလည္ခဲ့ဟန္မတူ။ ငယ့္စိတ္ကို သိေအာင္မႀကိဳးသားခဲ့ဘဲ အသံုးခ်ခံသပ္သပ္သာ ခ်ည္းကပ္ခဲ့မိသည္။
"ေအးေလ မင္းက ဘယ္ေလာက္ၾကာေစခ်င္လို႔လဲ"
Tay ကလည္း Offအေတြးေတြကို သိေနဟန္ျဖင့္ ျပန္ေျဖေလသည္။
"မင္းကိုေမးေတာ့ မင္းမသိပါဘူးဆို"
Offသိခ်င္ေသးသည္။ မည္သို႔ေသာ အေၾကာင္းေၾကာင့္ ဒီေကာင္ကို ႏွိပ္စက္ရသနည္းဟု ထကန္ပစ္ခ်င္သည္။
"ေအးေလ ငါမသိဘူးေလ၊ ငါရွာမေတြ႕ဘူးလို႔ ေျပာတာမွ မဟုတ္တာ၊ ငယ္ေလးကို ရွာခ်င္ရင္ နာရီပိုင္းေတာင္မၾကာဘူး ငါရွာလို႕ရတယ္၊ ငယ္ေလး ဆံုးျဖတ္သြားတဲ့ကိစၥရပ္ကို ငါေလးစားလို႔၊ ငယ္ေလးတစ္ေယာက္တည္း သီးသန္႔ေနခ်င္တဲ့စိတ္ကို အေလးေပးလိုက္တာ ၊ ငါမရွာလို႔ ငါမသိတာေလကြာ၊ ငါမရွာႏိုင္ပါဘူးလို႔ ေျပာလို႔လား"
Tayသည္ ေနာက္ဆံုးအခ်ိန္ထိ စကားကို မာထန္စြာပငါ ေျပာခဲ့သည္။
"A'Tay!!!"
Off၏ ေအာ္သံက်ယ္ႀကီးသည္ ဧည့္ခန္းထဲတြင္ ဟိန္းဟိန္းထသြားပါေတာ့သည္။
_______________________________________
ထိုေန႔က ေကာင္းကင္မွာ ၾကည္လင္ၿပီး ရာသီဥတု သာယာခဲ့ေလသည္။
ေတာင္ေျခရြာေလးမို႔ အပူခ်ိန္အေနေတာ္ျဖစ္ကာ အနီးနားက ကူညီတတ္တဲ့ နယ္ခံေတြေၾကာင့္ Gunေနရတာ ေပ်ာ္လာသည္။
"ငယ္!!!!"
Nikkyကို ေပြ႕ပိုက္ထားရင္း ပန္းပင္ေတြၾကားထဲ ေရေလာင္းေနခဲ့သည့္ Gunသည္ ေခၚသံေၾကာင့္ ေက်ာျပင္ငယ္သည္ တုန္ကနဲ ျဖစ္သြားေတာ့သည္။
မၾကားရတာ ၾကာခဲ့ေပမယ့္လည္း ဒီေလသံ ဒီနာမ္စားက ႏွစ္ေယာက္မရွိေပ။ အၿမဲတမ္း မစိမ္းသက္သြားမယ့္ Gun ၏ ႏွလံုးသားအရွင္သခင္ပင္ ျဖစ္ေလေတာ့သည္။
"ငယ္!!!"
ေဘာင္းဘီဒူးမေရာက္တေရာက္ျဖင့္ ဂ်ိဳင္းက်ယ္အက်ႌကို ဝတ္ထားသည့္ Gunသည္ ေျခၫွပ္ဖိနပ္အႀကီးႀကီးကို စီးထားေလသည္။
ေနာက္ေက်ာေလးကို ျမင္လိုက္ရသည့္အခိုက္ ငယ္သည္ အရင္ကထက္ကို ပိန္သြယ္ေနခဲ့သည္။
"ဘုတ္!!!"
ေရပိုက္သည္ ေျမခသြားသည့္ေနာက္ ျဖဴလြလြပံုရိပ္ေလးက ေခြးျဖဴေလးကိုပိုက္ကာ အိမ္ေပၚသို႔ လွည့္မၾကည့္စတမ္း ထြက္သြားေလေတာ့သည္။
"ငယ္ တံခါးဖြင့္ပါအံုး၊ ဒုတ္ ဒုတ္... ငယ္ တံခါးေလး ဖြင့္ပါကြာ၊ ကိုယ္တို႔ စကားေျပာရေအာင္ ေနာ္"
"_____"
"ကိုယ္ ငယ့္ကို အမ်ားႀကီး လြမ္းေနခဲ့တာ၊ ငယ္၊ ငယ္၊ ကိုယ့္ကို ေတာင္းပန္ခြင့္ေလးေတာ့ေပးပါ ငယ္ရယ္"
Offသည္ စကားတို႔ကို အဆက္မျပတ္ေျပာေနခဲ့ေသာ္လည္း ပိတ္ထားသည့္ တံခါးခ်ပ္သည္ ဖြင့္မလာခဲ့ေခ်။
"ကေလး... တံခါးဖြင့္ပါအံုး ကိုကိုတို႔ စကားေျပာရေအာင္"
Tayသည္လည္း ေနာက္ဆံုးေတာ့ သူပါလာသည္ ဆိုသည့္အေၾကာင္း အသံေပးလိုက္ရသည္။ မဟုတ္လွ်င္ ညမိုးခ်ဳပ္သြားတဲ့အထိ အိမ္ထဲဝင္ရကိန္း မျမင္။
"ေဂ်ာက္!!!"
တံခါးခ်ပ္သည္ ပြင့္လာခဲ့သည့္ေနာက္ အိမ္ထဲကို ဝင္သြားႏွင့္ၿပီျဖစ္တဲ့ ငယ္၏ ေက်ာျပင္ကိုသာ ျမင္ေတြ႕လိုက္ရသည္။
"တံခါးေလး ဖြင့္ေအာင္ေတာင္ မေျပာႏိုင္ဘူး၊ ဟိုက ခြင့္လႊတ္ပါအံုးမယ္၊ ဖယ္"
Tayသည္ Offကို မ်က္ခံုးတစ္ဖက္ပင့္ကာ ၾကည့္လိုက္ၿပီး အိမ္ထဲသို႔ လိုက္ဝင္သြားေလေတာ့သည္။
ထို႔ေနာက္ Newႏွင့္ Offတို႔သည္လည္း ေနာက္ကေန အသီးသီး လိုက္ဝင္သြားေလေတာ့တယ္။
🍀🍀🍀🍀🍀🍀🍀🍀🍀
"ငယ္ေလး"
"ကိုကို"
Tayသည္ Gunကို တင္းၾကပ္စြာ ဖက္ထားခဲ့သည္။
သူ႔ကေလးေလးက မေတြ႕ရတဲ့အေတာအတြင္း အေတာ္ကို ပိန္ေသးသြားတာပဲ။
"ငယ္ေလးကို ကိုကိုလႊတ္ထားေပးတာ ၾကာၿပီ၊ အိမ္ျပန္ခဲ့ေတာ့၊ ငယ္ေလးကို ခ်စ္တဲ့သူေတြရွိတဲ့အရပ္ကို ျပန္ခဲ့ဖို႔သင့္ၿပီေနာ္"
"Gun...Gun....!"
"ကိုကို ဘယ္သူ႔ကိုေခၚလာလဲ ငယ္ေလးေတြ႕ျပီဟုတ္၊ ျပႆနာက ဒီအတိုင္း ေရွာင္ေျပးလို႔ မရဘူးဆိုတာ ငယ္ေလးသိတယ္ဟုတ္၊ ကိုကိုက ငယ္ေလး ဆံုးျဖတ္ခ်က္ေတြကို ေလးစားမွာပါ၊ ကို႔ကိုကို ယံုတယ္မလား၊ ငယ္ေလး ႏွလံုးသားထဲကအတိုင္း ငယ္ေလးလုပ္ခ်င္တဲ့ ဆႏၵအတိုင္း လုပ္၊ ဟုတ္လား၊ ကိုကိုက အၿမဲတမ္း ငယ္ေလးရဲ႕ ေထာက္ခံသူပဲ "
Tayသည္ တအင့္အင့္ရွိဳက္ေနသည့္ ကိုယ္ငယ္ေလးကို ဖက္ထားရာက နီးရာခံုေပၚ ထိုင္ခိုင္းလိုက္သည္။
"အင့္....!"
"မငိုနဲ့ မငိုနဲ႔ ႐ုပ္ႀကီးဆိုးလာမယ္"
Tay သည္ သူ၏ညီငယ္ေလးကို စေနာက္လိုက္ေလသည္။
"အြန္းးးး"
ေနာက္ဆံုးေတာ့ သေဘာတူသြားသည့္ ကေလးငယ္ကို အခန္းထဲထားခဲ့ကာ အျပင္က တေမွ်ာ္ေမွ်ာ္ျဖစ္ေနသည့္သူကို အခန္းထဲ သြင္းလိုက္သည္။
"သြား၊ ဟိုမွာေစာင့္ေနတယ္ အခ်ိဳးေျပေျပ ေျပာခဲ့ေနာ္၊ မဟုတ္လို႔ကေတာ့ ငါလည္း မတတ္ႏိုင္ဘူး"
Offကို အခန္းထဲ သြင္းလိုက္ကာ တံခါးကို ဆြဲပိတ္လိုက္ေလသည္။
"အခ်စ္၊ ကိုယ္တို႔ေရာ ဟိုနားဒီနား ေလွ်ာက္ပတ္ၾကည့္မလား"
ဧည့္ခန္းထဲမွာ က်န္ခဲ့သည့္ Newဆီသြားကာ လက္ကမ္းလိုက္သည္။
အမုန္းတရားေတြ ရွင္းထုတ္ၿပီး ကိုယ့္စိတ္ဆႏၵကို ရွင္းရွင္းလင္းလင္း ေဖာ္ထုတ္ကာ ႏွစ္ဦးသား အဆင္ေျပသြားေစဖို႔က Tay၏ ဆႏၵျဖစ္ေလသည္။
________________________________________
Offအခန္းထဲဝင္သြားေတာ့ ျပတင္းေပါက္နားက ခံုေပၚတြင္ အျပင္ဘက္ကိုေငးကာ ထိုင္ေနသည့္ ငယ့္ကို ေတြ႕လိုက္ရသည္။
ေနာက္ေက်ာျပင္ေလးကိုၾကည့္ရင္း လြမ္းသည့္စိတ္က တိုးလာရသည္။ ငယ့္ကို သူတကယ္ခ်စ္ေနခဲ့တာပဲ။
"ငယ္...!"
ငယ္ေနထိုင္ရာအခန္းငယ္သည္ ယခင္က သခင္ေလးဆိုသည့္ ဟန္ပန္ကို ေပ်ာက္ေစသည္။
လူးဝစ္အိမ္ေတာ္က သခင္ေလးသည္ အပူအေအးစက္မရွိဘဲ ကုတင္တစ္လံုး စားပြဲကုလားထိုင္ တစ္စံုသာရွိျပီး အခန္းအျပင္ဆင္ရယ္လို႔ ဘာမွမရွိဘဲ ေနထိုင္မွဳက ႐ိုးရွင္းလွသည္။
အစားေသာက္၊ ေနထိုင္ေရး အကုန္ အကုန္ ငယ္ကိုယ္တိုင္ လုပ္ေနရဟန္တူသည္။
ထိုသို႔ေသာ ေနရာတြင္ ကၽြန္ေတာ္ခ်စ္ရေသာ ငယ္က ဆင္းရဲဒုကၡေရာက္စြာ ေနရသည္။
အားလံုးဟာ ကၽြန္ေတာ္မေကာင္းလို႔ ကၽြန္ေတာ္ေၾကာင့္။
"ငယ့္ကို စိတ္ေျပေအာင္ အမ်ားႀကီး ကိုယ္ႀကိဳးစားရမယ္ဆိုတာ ကိုယ္သိပါတယ္ငယ္၊ ကိုယ္..ကိုယ္ အတိတ္ထဲမွာပဲ နစ္ျမဳပ္ေနခဲ့တာမို႔ ကိုယ္ခ်စ္တဲ့သူကို ကိုယ္မျမင္ႏိုင္ေလာက္တဲ့အထိ အတၱေတြ ဖံုးေနခဲ့တာ၊ ကိုယ့္ကို ခြင့္လႊတ္ပါလို႔ မေတာင္းဆိုပါဘူး၊ ငယ္ ဒီမွာအခုလို ေနေနရတာကိုက ကိုယ့္အျပစ္ေတြပါပဲ၊ ကိ္ုယ္ ေတာင္းပန္ပါတယ္ ငယ္"
Off၏ စကားလံုး တစ္လံုးခ်င္းတိုင္းသည္ ေက်ာခိုင္းထားသူထံ ညင္သာစြာ ေရာက္ရွိလို႔သြားသည္။
တကယ္ကို တိုးၫွင္းၿပီး အခန္းတြင္းက ေလကိုျဖတ္ကာ Gun၏နားစည္ထံ ျဖတ္သန္းစီးဝင္လာသည့္ အကိုOff၏ စကားတို႔သည္ Gunႏွလံုးသားေလးကို နာက်င္ေစသည္။
အခုလို ေရာက္လာတာကိုပဲ ေက်းဇူးတင္ရပါတယ္ အကိုOffရယ္။
ကၽြန္ေတာ္လည္း လြမ္းေနခဲ့တာ။ ကၽြန္ေတာ္က ဘယ္ေသာအခါမွ ဘယ္သူ႔အေပၚကို အျပစ္မတင္ခဲ့တဲ့သူပါ။
ဒါေပမဲ့...........!
"Gunက ဘာအတြက္ ယံုၾကည္ေပးရမွာလဲ ဟင္"
"ငယ္...ကိုယ္က!"
"Gun နာက်င္ေနရတဲ့အခ်ိန္တုန္းက ခြန္Offက ဘယ္ေရာက္ေနခဲ့တာလဲ ... ဟင္"
Gunသည္ ခ်စ္ရသူကို စိမ္းကားတဲ့ဟန္အျပည့္ျဖင့္ ေျပာဆိုလိုက္သည္။
"......."
ငယ္က အရင္ကလိုေတာင္ အကိုOffလို႔ေတာင္ မေခၚေတာ့ဘူးပဲ။
"ေျပာေလ... အမွန္တရားကို သိလိုက္ရတဲ့ေန႔က Gunစိတ္ကူးအိပ္မက္ေတြ အကုန္လဲၿပိဳခဲ့ရတာ၊ Gunခ်စ္တဲ့သူက Gunမိသားစုကို ကလဲ့စားေခ်ဖို႔ Gunကို ခ်ည္းကပ္ခဲ့တယ္ဆိုတဲ့ အမွန္တရားက Gunကို Gun...ဟားး ခြန္Offက မ်က္ေတာင္တစ္ခ်က္ေတာင္ မခတ္တမ္း လိမ္ညာႏိုင္ခဲ့တာပဲ၊ ေလးစားပါတယ္ဗ်ာ"
ထိုစကားေတြကေတာ့ ခ်စ္ရသူကို စကားနာထိုးသည္ဆိုတာထက္ တခ်ိန္က မိမိမည္သို႔ ခံစားခဲ့ရသည္ကို ေဖာ္ျပရံုသပ္သပ္သာျဖစ္သည္။
"...."
"Gun အနားကို အခုကေရာ ဘာလာျပန္လုပ္တာလဲ၊ ခြန္Off မုန္းတာေတြ မခံႏိုင္ေတာ့ဘူးဗ်၊ Gunႏွလံုးသားက တစ္ခုပဲရွိတာ၊ ကြဲၿပီးတဲ့ႏွလံုးသားက ထပ္ကြဲဖို႔အားအင္လည္း မရွိေတာ့ပါဘူးဗ်၊ ေတာင္းပန္ပါတယ္ Gun တစ္ေယာက္တည္း ေနပါရေစ"
Gunတစ္ခါေလာက္ ဟန္ေဆာင္ပါရေစ အကိုOffရယ္။
အကိုOffရဲ႕ Gunအေပၚ ခ်စ္တယ္ဆိုတာက ဘယ္အတိုင္းတာထိလဲ။
Gunကို သနားလို႔ Gunနားျပန္လာတာကို လက္မခံႏိုင္ဘူး။
Gunမွာ ဒီတစ္နည္းပဲ ရွိလို႔ပါ။
အခ်ိန္တန္လို႔ အကိုOff ျပန္မလာရင္သာ Gunတို႔ အဆံုးသတ္လို႔ပဲ သတ္မွတ္ၾကတာေပါ့။
အခုေတာ့ Gunနဲ႔အတူတူ Gunေရးတဲ့ ဇာတ္ကို လိုက္ကေပးပါလား။
Gun ကံေကာင္းပါရေစ အကိုOff။ တစ္ႀကိမ္ခံစားဖူးတဲ့သူက လြယ္လြယ္မယံုတတ္ဘူးဆိုတာ တကယ္မွန္တာပဲ။
ေလးေလးနက္နက္ခ်စ္တဲ့ ခံစားခ်က္ကို Gunတကယ္ခံစားႏိုင္တဲ့အထိ အကိုOffဘက္က သေဘာထား အစစ္မွန္ကို Gun ခံစားဖူးခ်င္လို႔ Gunကို ဒီခဏေလးေတာ့ လႊတ္ေပးပါ Please....!
Offသည္ ငယ္ေျပာတဲ့ စကားေျကာင့္ ရင္ကြဲမတက္ နာက်င္သြားရသည္။ သူခ်စ္ရတဲ့ငယ္က ကြဲစရာႏွလံုးသားတစ္ခုေတာင္ မရွိေတာ့လို႔ တစ္ေယာက္တည္း ေနပါရေစလို႔ေတာင္ ေတာင္းပန္တိုးလ်ိဳးေနရတယ္။ Off၏ မ်က္ႏွာက ထိန္းမရေအာင္ နီရဲသြားသည္။
သို႔ေပမယ့္လည္း ဒီကိုလာကတည္းက ငယ္ ခြင့္လႊတ္မယ္လို႔မွ သူမေမ်ွာ္မွန္းခဲ့တာပဲ။ သူခံႏိုင္ရည္ ရွိပါတယ္။
"ငယ္ စိတ္ခ်မ္းသာဖို႔က အဓိကပါ၊ ကိုယ္ကေတာ့ ငယ္ ကိုယ့္ကို ခြင့္မလႊတ္မခ်င္း၊ ကိုယ့္အခ်စ္ေတြကို ငယ္မခံစားရေသးသ၍ ကိုယ့္ဘက္က ဆက္ခ်စ္သြားမယ္၊ ငယ္ျမင္ႏိုင္တဲ့တစ္ေန့ကို ကိုယ္ေစာင့္ေနမယ္။ ေနာ္ ... ငယ္"
"...."
"ငယ့္ကို တစ္ေယာက္တည္း ကိုယ္မလႊတ္ထားပါဘူး၊ ငယ့္ေနာက္မွာ ကိုယ္တစ္ခ်ိန္လံုး ရွိေနမယ္၊ ငယ္က ကိုယ့္အေပၚ စိတ္ႀကိဳက္ဆိုးလို႔ရတယ္၊ ကိုယ္ ႀကိဳးစားမယ္"
"...."
"အခုေတာ့ ငယ့္ကို အိမ္ျပန္လိုက္ေစခ်င္တယ္၊ ဒီမွာဆို ကိုယ္ေရာ ငယ့္ကိုကိုေရာ စိတ္ပူရတယ္"
"..."
"ခ်စ္တယ္...ငယ္၊ ကိုယ္ ငယ့္ကိုခ်စ္တယ္"
ခ်စ္ရသူကို ထိုစကားေျပာၿပီးေနာက္ ေပြ႕ဖက္ခ်င္သည့္စိတ္ကို Offထိန္းလိုက္သည္။
"..."
"ငယ့္ကို ပထမဆံုး ေျပာဖူးတဲ့ စကားေပမယ့္ ကိုယ္ေလးနက္စြာနဲ႔ ဖြင့္ေျပာတာပါ ငယ္။ကိုယ္တို႔ ဘန္ေကာက္ေရာက္မွ ေတြ႕ၾကတာေပါ့"
ႏွဳတ္ဆက္ၿပီးသာ Off သူခ်စ္ရေသာငယ္ကို ခ်န္ထားႏွင့္ခဲ့ေလသည္။ သို႔ေပမယ့္လည္း သူ႔ႏွလံုးသားသည္လည္း ခ်စ္ရသူထံက်န္ခဲ့ေလသည္။
ထိုသူကေတာ့ အခန္းထဲက ထြက္သြားႏွင့္ေလၿပီျဖစ္သည္။
Gunမွာသာ ရင္ခုန္ျခင္းအတိျဖင့္ မလွဳပ္အယွက္ ေနရာကေတာင္ မထႏိုင္ဘဲ က်န္ခဲ့ရသည္။
အကိုOffက တကယ္ႀကီး ဖြင့္ေျပာသြားတာပဲ။ Gun ႏွလံုးသားေလးက တဆတ္ဆတ္ခုန္ေနတာမ်ား ပုစြန္ဆိတ္ေလးလိုပဲ။ Gun တကယ္ကို ေပ်ာ္ပါသည္။ သို႔ေပမယ့္ ေပ်ာ္ရႊင္တာကို တဖက္လူမသိေစဘဲ ဟန္ေဆာင္ေနရလို႔လည္း စိတ္မသက္မသာမျဖစ္ဘဲ ပို၍သာ ေပ်ာ္ရပါသည္။
** Gunေမွ်ာ္လင့္ေနပါ့မယ္ အကိုOff... Gunတို႔ ဘန္ေကာက္ေရာက္ရင္ ေတြ႕ၾကမယ္**
_________________________________________
(AN...အရွည္ႀကီးေရးေပးလိုက္ပါတယ္။ မေန႔က ေသြးေပါင္က်ေနလို႔ စာ႐ိုက္ဖို႔အဆင္မေျပလို႔ updateနားလိုက္ရတာ အားနာပါတယ္ readernim တို႔)
BLOOM
23.6.2021
1:47PM
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
တောင်ခြေရွာကလေးကို မရောက်ခင် လွန်ခဲ့တဲ့ (၁၀)နာရီက။
ဝူး....ဝူး.....ဝူးးးးးး ကျွီ!!!!
ကားတစ်စီးဟာ လူးဝစ်ကုမ္ပဏီပိုင်ရှင်၏ ခြံထဲကို ကတိုက်ကရိုက် မောင်းဝင်လာသည်။
ဒုန်း!!!!
ကားရပ်ပြီးချင်းကို ကားပေါ်က လူရွယ်လေးသည် ကားပေါ်ကဆင်းပြီး တံခါးကို ကားတစ်စီးလုံး တုန်ခါသွားလောက်အောင်ကို ပိတ်ပစ်လိုက်သည်။
"Tay...Tay..."
အိမ်ကြီးထဲကို ပြေးဝင်သွားသည့်နောက် သူရှာဖွေချင်သောသူကို အော်ခေါ်နေလိုက်သည်။
"ရှေ့နေကြီးဗျ အတင်းမဝင်ချင်ပါနဲ့ သူဌေး မအားလို့ပါ"
အနောက်တိုင်းဝတ်စုံ အထက်အောက်အနက်ရောင်တို့ဖြင့် လူတချို့သည် Off ကို ဝင်လည်း မဆွဲရဲဘဲ အိမ်ထဲထပ်မဝင်အောင်သာ တားဆီးနေလေတော့သည်။
"A'Tay.... A'Tay"
Offသည်လည်း ခေါ်မြဲခေါ်နေလေသည်။
"သခင်လေးOff ဗျ... သူဌေးက ခဏစောင့်ပေးပါတဲ့"
ထိုစဉ်မှာပဲ Armသည် အိမ်အပေါ်ထပ်မှ ဆင်းလာကာ Offကို ဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားလေသည်။
ထိုစဉ် Tay၏ အခန်းထဲတွင်တော့ စောင်ကို တစ်ကိုယ်လုံးပတ်ခြုံထားသည့် ကောင်လေးကို Tayသည် စနေလေသည်။
နားရွက်နီနီလေးတွေကို တတိတိကိုက်ရင်း Tayသည် ဆံစတို့ကို နမ်းရှိုက်လိုက်သည်။
"ကိုယ် အဖော်မလုပ်ပေးနိုင်တော့ဘူး အချစ် ခဏအိပ်ချင်အိပ်လေ"
"အင်း"
စောင်ကို မျက်နှာအထိ ဆွဲခြုံလိုက်သည့် Newသည် ရှက်ရွ့ံခြင်းလေပြေကို ရှောင်တိမ်းလိုက်ဟန်ပေါ်သည်။
" အလိုက်ကန်းဆိုး မသိတဲ့ အတန်းဖော်ဆီ ခဏသွားလိုက်အုံးမယ်၊ (၆)လလောက် ပျောက်နေပြီး ကိုယ့်ဆီပေါ်လာပုံထောက်ရင် တစ်ခုခုဖြစ်လာပြီထင်တယ်"
"အင်း ငါ ခဏအိပ်လိုက်အုံးမယ်"
" ဗိုက်ဆာရင် တစ်ယောက်ယောက်ကို ခေါ်လိုက်နော်"
"ဟုတ်..."
Newသည် တစ်ဖက်ကိုလှည့်ပြီး အိပ်လိုက်လေသည်။
သူ၏နေ့ရက်တွေသည် ယခုလအစောပိုင်းကတည်းက သာယာခဲ့သည်ဟု ဆိုရမည်။
ထောင်ကျနေသည့် ဖခင်ဖြစ်သူနှင့် သွားရောက်တွေ့ဆုံခဲ့ကာ ဖခင်ဖြစ်သူကို တောင်းပန်ခဲ့သည်။
သူက Daddyရဲ့ သားဖြစ်နေတုန်းပဲမလား။ သူလုပ်ခဲ့တဲ့အရာက ဖခင်ကို ဂျောင်ပိတ်ဖမ်းပွဲတွင် သွားရောက်အသိပေးခဲ့ခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။
Daddyကလည်း နောင်တတွေ ရနေပါတယ်။
"သားကို Daddy တောင်းပန်ပါတယ်ကွာ၊ ငါ့သားလေးကို မျက်နှာငယ်အောင် လုပ်မိပြီ"
"သားကလည်း တောင်းပန်ပါတယ် Daddy"
"မင်း Mommyကို သေချာစောင့်ရှောက်ပါ"
သားအဖ နှစ်ယောက်ပြောကြသော စကားတွေက အများကြီးဖြစ်ခဲ့ကာ ဘယ်တော့မှ မတည့်ခဲ့သည့် သားအဖက အခုမှ ရင်ဘတ်ချင်း နီးခဲ့လေသည်။
Offနှင့် Tayကိုလည်း Daddyက သေချာတောင်းပန်လေသည်။
"ငါ့သားလေးကို မနှိပ်စက်ပါဘူးလို့ ကတိပေးပါ ခွန်Tay"
မှန်ကာရံထားသည့်နောက်က အခန်းငယ်ထဲတွင် တစ်ချိန်က နာမည်ကြီးခဲ့သည့် ရှေ့နေချုပ်လည်းဖြစ်၊ ပြည်သူထောက်ခံတဲ့ အမတ်လောင်းကြီးသည် အရင်ကထက်ကို ပို၍အိုစာသွားပုံပေါ်သည်။
"Daddy!!!"
Newက အလန့်တကြား ခေါ်မိသည်။
"စိတ်ချပါ ဦးလေး၊ ကျွန်တော်ရဲ့ ကလဲ့စားချေခြင်းက ဦးလေးနဲ့တင် ကျေပါပြီ၊ ကျွန်တော်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းအကုန်လုံးမှာ Newကို ပေးဆပ်ရင်း ကုန်ဆုံးသွားမှာပါ၊ ကျွန်တော်သူ့ကို အဖမဲ့အောင် လုပ်မိခဲ့တယ်မလား"
Tayကတော့ အပိုအလိုမရှိ ကတိစကားတစ်ခုကို ပေးလေသည်။
"ဦးလေး ကျေနပ်ပါပြီ ခွန်Tay"
အမတ်လောင်းကြီးက လူငယ်နှစ်ယောက်ကိုကြည့်ပြီး ကျေနပ်သွားဟန်တူသည်။
အစက Mommyနဲ့ အတူတူပြန်နေမယ့် Newက Tayက ခွင့်မပြုတော့ဘဲ Newကို သေချာလေး ဂရုစိုက်ခဲ့သည်။
Newကိုယ်တိုင်ကလည်း သူ့ကိုအမြဲ မကြင်နာခဲ့သည့် Tayကို လွန်ခဲ့တဲ့အချိန်တွေကတည်းက နှစ်သက်နေခဲ့ပြီ ဖြစ်လေသည်။
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ရှေ့ဆက်ဖြစ်ခဲ့သည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Tay အောက်ထပ်ကို ဆင်းသွားလေတော့ Offသည် မတွေ့ရသည့် လတွေအတွင်း ပိန်ကျသွားလေသည်။
"ဘယ်က အပူသည်က ငါ့အိမ်ကို လမ်းမှားလာတာလဲ"
ခေါင်းငိုက်စိုက်ကျကာ ထိုင်နေသည့်Offကို Tayက လှမ်းနှုတ်ဆက်လိုက်လေသည်။
"မင်း သိတယ်မလား၊ ငယ် ဘယ်မှာလဲဆိုတာ"
Offအသံက အလောတကြီးဖြင့် သံသယသံပေါက်နေလေသည်။
"ဘာလဲ မင်းအရည်အချင်းတွေ ကုန်ပြီလား၊ ပုန်းနေတဲ့ကလေးကိုတောင် မင်းက မတွေ့နိုင်တော့ဘူးပေါ့"
Tay၏ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ လေသံကိုလည်း Offမနာနိုင်တောာ့ပေ။
"Tay ငါ တကယ်ကို လွမ်းနေပြီ"
Offလွမ်းလွမ်းဆွေးဆွေး ပြောလေသည်။
"အွီးးးး မင်း အဲ့လေသံနဲ့ လာပြောမနေနဲ့နော် ငါ က ငယ်လေးမဟုတ်ဘူး"
Tayကြက်သီးထဟန်ဖြင့် လက်မောင်းနှစ်ဖက်ကို လက်ဖဝါးများဖြင့် ပွတ်ကာ ပြောလေသည်။
"ငါ overseaအထိကို လူလွှတ်ရှာထားပြီးပြီ၊ သူသွားတတ်တဲ့နေရာတွေ၊ သူကြိုက်တဲ့ဒေသတွေ အကုန်လုံး ငါ ရှာပြီးပြီ၊ ငါ ငါ မတွေ့ဘူး"
လက်ဖဝါးနှစ်ဖက်ကို မျက်နှာတွင် အုပ်ကိုင်ကာ ခန္ဓာကိုယ်ကို ငု့ံကိုင်းလိုက်သည်။
"မင်းက တကယ်ကြီးလား"
Tay သည် Off၏ ယခုပုံကို မယုံကြည်နိုင်သလိုမျိုး ထပ်မံမေးခွန်းထုတ်လေသည်။
"A'Tay ငါ ငယ်မရှိဘဲ မနေနိုင်တော့ဘူး ထင်တယ်၊ ဘယ်ကိုသွားသွား၊ ဘာပဲလုပ်လုပ်၊ ဘာပဲစားစား ငယ့်ကိုပဲ မြင်ယောင်နေတာ"
Offသည် ချစ်ရသူ၏အကိုကိုလည်း ရှက်မနေအားတော့ပေ။
"Arm... ငယ်လေးရဲ့ တည်နေရာကို ရှာလိုက်"
နောက်နားတွင် ရပ်နေသည့် Armကို Tayက လှမ်းပြောလိုက်သည်။
Armသည် Laptopကိုဖွင့်ကာ (၁၅)မိနစ်ခန့် keyboardပေါ် လက်ချောင်းလေးတွေ ပြေးလွှားပြီးသွားသည့်နောက် ...။
"နန်းဘောင်ရွာမှာ သခင်လေး ရှိပါတယ်"
Armသည် Laptop screenထပ်က ရှုတ်ရှပ်ခတ်နေတဲ့ မြေပုံလမ်းကြောင်းတွေပါဝင်သည့် နေရာတစ်ခုကို Tay၏အရှေ့တွင် လာရောက်ပြသသည်။
"ကောင်းပြီ ငါတို့ အဲ့ဒီကို လိုက်သွားကြတာပေါ့"
Tayက ကြိုသိနေသည့်အလား ဖျပ်ကနဲသာကြည့်ပြီး ပြန်ဖြေလေသည်။
"ဒါပဲလား"
Offသည် အောက်မေးရိုးတစ်ခုလုံး ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရသည်။ သူတလျောက်လုံး ရှာဖွေနေခဲ့သည့် ငယ်က သူ့အကိုရှာတော့လည်း (၁၅)မိနစ်တောင် မကြာပါလားဟူသည့် အတွေးက ခေါင်းထဲဝင်လာသည်။ သူသည် ဘယ်သောအခါမှ ငယ်ကို နားလည်ခဲ့ဟန်မတူ။ ငယ့်စိတ်ကို သိအောင်မကြိုးသားခဲ့ဘဲ အသုံးချခံသပ်သပ်သာ ချည်းကပ်ခဲ့မိသည်။
"အေးလေ မင်းက ဘယ်လောက်ကြာစေချင်လို့လဲ"
Tay ကလည်း Offအတွေးတွေကို သိနေဟန်ဖြင့် ပြန်ဖြေလေသည်။
"မင်းကိုမေးတော့ မင်းမသိပါဘူးဆို"
Offသိချင်သေးသည်။ မည်သို့သော အကြောင်းကြောင့် ဒီကောင်ကို နှိပ်စက်ရသနည်းဟု ထကန်ပစ်ချင်သည်။
"အေးလေ ငါမသိဘူးလေ၊ ငါရှာမတွေ့ဘူးလို့ ပြောတာမှ မဟုတ်တာ၊ ငယ်လေးကို ရှာချင်ရင် နာရီပိုင်းတောင်မကြာဘူး ငါရှာလို့ရတယ်၊ ငယ်လေး ဆုံးဖြတ်သွားတဲ့ကိစ္စရပ်ကို ငါလေးစားလို့၊ ငယ်လေးတစ်ယောက်တည်း သီးသန့်နေချင်တဲ့စိတ်ကို အလေးပေးလိုက်တာ ၊ ငါမရှာလို့ ငါမသိတာလေကွာ၊ ငါမရှာနိုင်ပါဘူးလို့ ပြောလို့လား"
Tayသည် နောက်ဆုံးအချိန်ထိ စကားကို မာထန်စွာပငါ ပြောခဲ့သည်။
"A'Tay!!!"
Off၏ အော်သံကျယ်ကြီးသည် ဧည့်ခန်းထဲတွင် ဟိန်းဟိန်းထသွားပါတော့သည်။
_______________________________________
ထိုနေ့က ကောင်းကင်မှာ ကြည်လင်ပြီး ရာသီဥတု သာယာခဲ့လေသည်။
တောင်ခြေရွာလေးမို့ အပူချိန်အနေတော်ဖြစ်ကာ အနီးနားက ကူညီတတ်တဲ့ နယ်ခံတွေကြောင့် Gunနေရတာ ပျော်လာသည်။
"ငယ်!!!!"
Nikkyကို ပွေ့ပိုက်ထားရင်း ပန်းပင်တွေကြားထဲ ရေလောင်းနေခဲ့သည့် Gunသည် ခေါ်သံကြောင့် ကျောပြင်ငယ်သည် တုန်ကနဲ ဖြစ်သွားတော့သည်။
မကြားရတာ ကြာခဲ့ပေမယ့်လည်း ဒီလေသံ ဒီနာမ်စားက နှစ်ယောက်မရှိပေ။ အမြဲတမ်း မစိမ်းသက်သွားမယ့် Gun ၏ နှလုံးသားအရှင်သခင်ပင် ဖြစ်လေတော့သည်။
"ငယ်!!!"
ဘောင်းဘီဒူးမရောက်တရောက်ဖြင့် ဂျိုင်းကျယ်အကျႌကို ဝတ်ထားသည့် Gunသည် ခြေညှပ်ဖိနပ်အကြီးကြီးကို စီးထားလေသည်။
နောက်ကျောလေးကို မြင်လိုက်ရသည့်အခိုက် ငယ်သည် အရင်ကထက်ကို ပိန်သွယ်နေခဲ့သည်။
"ဘုတ်!!!"
ရေပိုက်သည် မြေခသွားသည့်နောက် ဖြူလွလွပုံရိပ်လေးက ခွေးဖြူလေးကိုပိုက်ကာ အိမ်ပေါ်သို့ လှည့်မကြည့်စတမ်း ထွက်သွားလေတော့သည်။
"ငယ် တံခါးဖွင့်ပါအုံး၊ ဒုတ် ဒုတ်... ငယ် တံခါးလေး ဖွင့်ပါကွာ၊ ကိုယ်တို့ စကားပြောရအောင် နော်"
"_____"
"ကိုယ် ငယ့်ကို အများကြီး လွမ်းနေခဲ့တာ၊ ငယ်၊ ငယ်၊ ကိုယ့်ကို တောင်းပန်ခွင့်လေးတော့ပေးပါ ငယ်ရယ်"
Offသည် စကားတို့ကို အဆက်မပြတ်ပြောနေခဲ့သော်လည်း ပိတ်ထားသည့် တံခါးချပ်သည် ဖွင့်မလာခဲ့ချေ။
"ကလေး... တံခါးဖွင့်ပါအုံး ကိုကိုတို့ စကားပြောရအောင်"
Tayသည်လည်း နောက်ဆုံးတော့ သူပါလာသည် ဆိုသည့်အကြောင်း အသံပေးလိုက်ရသည်။ မဟုတ်လျှင် ညမိုးချုပ်သွားတဲ့အထိ အိမ်ထဲဝင်ရကိန်း မမြင်။
"ဂျောက်!!!"
တံခါးချပ်သည် ပွင့်လာခဲ့သည့်နောက် အိမ်ထဲကို ဝင်သွားနှင့်ပြီဖြစ်တဲ့ ငယ်၏ ကျောပြင်ကိုသာ မြင်တွေ့လိုက်ရသည်။
"တံခါးလေး ဖွင့်အောင်တောင် မပြောနိုင်ဘူး၊ ဟိုက ခွင့်လွှတ်ပါအုံးမယ်၊ ဖယ်"
Tayသည် Offကို မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်ပြီး အိမ်ထဲသို့ လိုက်ဝင်သွားလေတော့သည်။
ထို့နောက် Newနှင့် Offတို့သည်လည်း နောက်ကနေ အသီးသီး လိုက်ဝင်သွားလေတော့တယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀
"ငယ်လေး"
"ကိုကို"
Tayသည် Gunကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။
သူ့ကလေးလေးက မတွေ့ရတဲ့အတောအတွင်း အတော်ကို ပိန်သေးသွားတာပဲ။
"ငယ်လေးကို ကိုကိုလွှတ်ထားပေးတာ ကြာပြီ၊ အိမ်ပြန်ခဲ့တော့၊ ငယ်လေးကို ချစ်တဲ့သူတွေရှိတဲ့အရပ်ကို ပြန်ခဲ့ဖို့သင့်ပြီနော်"
"Gun...Gun....!"
"ကိုကို ဘယ်သူ့ကိုခေါ်လာလဲ ငယ်လေးတွေ့ပြီဟုတ်၊ ပြဿနာက ဒီအတိုင်း ရှောင်ပြေးလို့ မရဘူးဆိုတာ ငယ်လေးသိတယ်ဟုတ်၊ ကိုကိုက ငယ်လေး ဆုံးဖြတ်ချက်တွေကို လေးစားမှာပါ၊ ကို့ကိုကို ယုံတယ်မလား၊ ငယ်လေး နှလုံးသားထဲကအတိုင်း ငယ်လေးလုပ်ချင်တဲ့ ဆန္ဒအတိုင်း လုပ်၊ ဟုတ်လား၊ ကိုကိုက အမြဲတမ်း ငယ်လေးရဲ့ ထောက်ခံသူပဲ "
Tayသည် တအင့်အင့်ရှိုက်နေသည့် ကိုယ်ငယ်လေးကို ဖက်ထားရာက နီးရာခုံပေါ် ထိုင်ခိုင်းလိုက်သည်။
"အင့်....!"
"မငိုနဲ့ မငိုနဲ့ ရုပ်ကြီးဆိုးလာမယ်"
Tay သည် သူ၏ညီငယ်လေးကို စနောက်လိုက်လေသည်။
"အွန်းးးး"
နောက်ဆုံးတော့ သဘောတူသွားသည့် ကလေးငယ်ကို အခန်းထဲထားခဲ့ကာ အပြင်က တမျှော်မျှော်ဖြစ်နေသည့်သူကို အခန်းထဲ သွင်းလိုက်သည်။
"သွား၊ ဟိုမှာစောင့်နေတယ် အချိုးပြေပြေ ပြောခဲ့နော်၊ မဟုတ်လို့ကတော့ ငါလည်း မတတ်နိုင်ဘူး"
Offကို အခန်းထဲ သွင်းလိုက်ကာ တံခါးကို ဆွဲပိတ်လိုက်လေသည်။
"အချစ်၊ ကိုယ်တို့ရော ဟိုနားဒီနား လျှောက်ပတ်ကြည့်မလား"
ဧည့်ခန်းထဲမှာ ကျန်ခဲ့သည့် Newဆီသွားကာ လက်ကမ်းလိုက်သည်။
အမုန်းတရားတွေ ရှင်းထုတ်ပြီး ကိုယ့်စိတ်ဆန္ဒကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ကာ နှစ်ဦးသား အဆင်ပြေသွားစေဖို့က Tay၏ ဆန္ဒဖြစ်လေသည်။
________________________________________
Offအခန်းထဲဝင်သွားတော့ ပြတင်းပေါက်နားက ခုံပေါ်တွင် အပြင်ဘက်ကိုငေးကာ ထိုင်နေသည့် ငယ့်ကို တွေ့လိုက်ရသည်။
နောက်ကျောပြင်လေးကိုကြည့်ရင်း လွမ်းသည့်စိတ်က တိုးလာရသည်။ ငယ့်ကို သူတကယ်ချစ်နေခဲ့တာပဲ။
"ငယ်...!"
ငယ်နေထိုင်ရာအခန်းငယ်သည် ယခင်က သခင်လေးဆိုသည့် ဟန်ပန်ကို ပျောက်စေသည်။
လူးဝစ်အိမ်တော်က သခင်လေးသည် အပူအအေးစက်မရှိဘဲ ကုတင်တစ်လုံး စားပွဲကုလားထိုင် တစ်စုံသာရှိပြီး အခန်းအပြင်ဆင်ရယ်လို့ ဘာမှမရှိဘဲ နေထိုင်မှုက ရိုးရှင်းလှသည်။
အစားသောက်၊ နေထိုင်ရေး အကုန် အကုန် ငယ်ကိုယ်တိုင် လုပ်နေရဟန်တူသည်။
ထိုသို့သော နေရာတွင် ကျွန်တော်ချစ်ရသော ငယ်က ဆင်းရဲဒုက္ခရောက်စွာ နေရသည်။
အားလုံးဟာ ကျွန်တော်မကောင်းလို့ ကျွန်တော်ကြောင့်။
"ငယ့်ကို စိတ်ပြေအောင် အများကြီး ကိုယ်ကြိုးစားရမယ်ဆိုတာ ကိုယ်သိပါတယ်ငယ်၊ ကိုယ်..ကိုယ် အတိတ်ထဲမှာပဲ နစ်မြုပ်နေခဲ့တာမို့ ကိုယ်ချစ်တဲ့သူကို ကိုယ်မမြင်နိုင်လောက်တဲ့အထိ အတ္တတွေ ဖုံးနေခဲ့တာ၊ ကိုယ့်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး၊ ငယ် ဒီမှာအခုလို နေနေရတာကိုက ကိုယ့်အပြစ်တွေပါပဲ၊ ကိ်ုယ် တောင်းပန်ပါတယ် ငယ်"
Off၏ စကားလုံး တစ်လုံးချင်းတိုင်းသည် ကျောခိုင်းထားသူထံ ညင်သာစွာ ရောက်ရှိလို့သွားသည်။
တကယ်ကို တိုးညှင်းပြီး အခန်းတွင်းက လေကိုဖြတ်ကာ Gun၏နားစည်ထံ ဖြတ်သန်းစီးဝင်လာသည့် အကိုOff၏ စကားတို့သည် Gunနှလုံးသားလေးကို နာကျင်စေသည်။
အခုလို ရောက်လာတာကိုပဲ ကျေးဇူးတင်ရပါတယ် အကိုOffရယ်။
ကျွန်တော်လည်း လွမ်းနေခဲ့တာ။ ကျွန်တော်က ဘယ်သောအခါမှ ဘယ်သူ့အပေါ်ကို အပြစ်မတင်ခဲ့တဲ့သူပါ။
ဒါပေမဲ့...........!
"Gunက ဘာအတွက် ယုံကြည်ပေးရမှာလဲ ဟင်"
"ငယ်...ကိုယ်က!"
"Gun နာကျင်နေရတဲ့အချိန်တုန်းက ခွန်Offက ဘယ်ရောက်နေခဲ့တာလဲ ... ဟင်"
Gunသည် ချစ်ရသူကို စိမ်းကားတဲ့ဟန်အပြည့်ဖြင့် ပြောဆိုလိုက်သည်။
"......."
ငယ်က အရင်ကလိုတောင် အကိုOffလို့တောင် မခေါ်တော့ဘူးပဲ။
"ပြောလေ... အမှန်တရားကို သိလိုက်ရတဲ့နေ့က Gunစိတ်ကူးအိပ်မက်တွေ အကုန်လဲပြိုခဲ့ရတာ၊ Gunချစ်တဲ့သူက Gunမိသားစုကို ကလဲ့စားချေဖို့ Gunကို ချည်းကပ်ခဲ့တယ်ဆိုတဲ့ အမှန်တရားက Gunကို Gun...ဟားး ခွန်Offက မျက်တောင်တစ်ချက်တောင် မခတ်တမ်း လိမ်ညာနိုင်ခဲ့တာပဲ၊ လေးစားပါတယ်ဗျာ"
ထိုစကားတွေကတော့ ချစ်ရသူကို စကားနာထိုးသည်ဆိုတာထက် တချိန်က မိမိမည်သို့ ခံစားခဲ့ရသည်ကို ဖော်ပြရုံသပ်သပ်သာဖြစ်သည်။
"...."
"Gun အနားကို အခုကရော ဘာလာပြန်လုပ်တာလဲ၊ ခွန်Off မုန်းတာတွေ မခံနိုင်တော့ဘူးဗျ၊ Gunနှလုံးသားက တစ်ခုပဲရှိတာ၊ ကွဲပြီးတဲ့နှလုံးသားက ထပ်ကွဲဖို့အားအင်လည်း မရှိတော့ပါဘူးဗျ၊ တောင်းပန်ပါတယ် Gun တစ်ယောက်တည်း နေပါရစေ"
Gunတစ်ခါလောက် ဟန်ဆောင်ပါရစေ အကိုOffရယ်။
အကိုOffရဲ့ Gunအပေါ် ချစ်တယ်ဆိုတာက ဘယ်အတိုင်းတာထိလဲ။
Gunကို သနားလို့ Gunနားပြန်လာတာကို လက်မခံနိုင်ဘူး။
Gunမှာ ဒီတစ်နည်းပဲ ရှိလို့ပါ။
အချိန်တန်လို့ အကိုOff ပြန်မလာရင်သာ Gunတို့ အဆုံးသတ်လို့ပဲ သတ်မှတ်ကြတာပေါ့။
အခုတော့ Gunနဲ့အတူတူ Gunရေးတဲ့ ဇာတ်ကို လိုက်ကပေးပါလား။
Gun ကံကောင်းပါရစေ အကိုOff။ တစ်ကြိမ်ခံစားဖူးတဲ့သူက လွယ်လွယ်မယုံတတ်ဘူးဆိုတာ တကယ်မှန်တာပဲ။
လေးလေးနက်နက်ချစ်တဲ့ ခံစားချက်ကို Gunတကယ်ခံစားနိုင်တဲ့အထိ အကိုOffဘက်က သဘောထား အစစ်မှန်ကို Gun ခံစားဖူးချင်လို့ Gunကို ဒီခဏလေးတော့ လွှတ်ပေးပါ Please....!
Offသည် ငယ်ပြောတဲ့ စကားကြောင့် ရင်ကွဲမတက် နာကျင်သွားရသည်။ သူချစ်ရတဲ့ငယ်က ကွဲစရာနှလုံးသားတစ်ခုတောင် မရှိတော့လို့ တစ်ယောက်တည်း နေပါရစေလို့တောင် တောင်းပန်တိုးလျိုးနေရတယ်။ Off၏ မျက်နှာက ထိန်းမရအောင် နီရဲသွားသည်။
သို့ပေမယ့်လည်း ဒီကိုလာကတည်းက ငယ် ခွင့်လွှတ်မယ်လို့မှ သူမမျှော်မှန်းခဲ့တာပဲ။ သူခံနိုင်ရည် ရှိပါတယ်။
"ငယ် စိတ်ချမ်းသာဖို့က အဓိကပါ၊ ကိုယ်ကတော့ ငယ် ကိုယ့်ကို ခွင့်မလွှတ်မချင်း၊ ကိုယ့်အချစ်တွေကို ငယ်မခံစားရသေးသ၍ ကိုယ့်ဘက်က ဆက်ချစ်သွားမယ်၊ ငယ်မြင်နိုင်တဲ့တစ်နေ့ကို ကိုယ်စောင့်နေမယ်။ နော် ... ငယ်"
"...."
"ငယ့်ကို တစ်ယောက်တည်း ကိုယ်မလွှတ်ထားပါဘူး၊ ငယ့်နောက်မှာ ကိုယ်တစ်ချိန်လုံး ရှိနေမယ်၊ ငယ်က ကိုယ့်အပေါ် စိတ်ကြိုက်ဆိုးလို့ရတယ်၊ ကိုယ် ကြိုးစားမယ်"
"...."
"အခုတော့ ငယ့်ကို အိမ်ပြန်လိုက်စေချင်တယ်၊ ဒီမှာဆို ကိုယ်ရော ငယ့်ကိုကိုရော စိတ်ပူရတယ်"
"..."
"ချစ်တယ်...ငယ်၊ ကိုယ် ငယ့်ကိုချစ်တယ်"
ချစ်ရသူကို ထိုစကားပြောပြီးနောက် ပွေ့ဖက်ချင်သည့်စိတ်ကို Offထိန်းလိုက်သည်။
"..."
"ငယ့်ကို ပထမဆုံး ပြောဖူးတဲ့ စကားပေမယ့် ကိုယ်လေးနက်စွာနဲ့ ဖွင့်ပြောတာပါ ငယ်။ကိုယ်တို့ ဘန်ကောက်ရောက်မှ တွေ့ကြတာပေါ့"
နှုတ်ဆက်ပြီးသာ Off သူချစ်ရသောငယ်ကို ချန်ထားနှင့်ခဲ့လေသည်။ သို့ပေမယ့်လည်း သူ့နှလုံးသားသည်လည်း ချစ်ရသူထံကျန်ခဲ့လေသည်။
ထိုသူကတော့ အခန်းထဲက ထွက်သွားနှင့်လေပြီဖြစ်သည်။
Gunမှာသာ ရင်ခုန်ခြင်းအတိဖြင့် မလှုပ်အယှက် နေရာကတောင် မထနိုင်ဘဲ ကျန်ခဲ့ရသည်။
အကိုOffက တကယ်ကြီး ဖွင့်ပြောသွားတာပဲ။ Gun နှလုံးသားလေးက တဆတ်ဆတ်ခုန်နေတာများ ပုစွန်ဆိတ်လေးလိုပဲ။ Gun တကယ်ကို ပျော်ပါသည်။ သို့ပေမယ့် ပျော်ရွှင်တာကို တဖက်လူမသိစေဘဲ ဟန်ဆောင်နေရလို့လည်း စိတ်မသက်မသာမဖြစ်ဘဲ ပို၍သာ ပျော်ရပါသည်။
** Gunမျှော်လင့်နေပါ့မယ် အကိုOff... Gunတို့ ဘန်ကောက်ရောက်ရင် တွေ့ကြမယ်**
_________________________________________
(AN...အရှည်ကြီးရေးပေးလိုက်ပါတယ်။ မနေ့က သွေးပေါင်ကျနေလို့ စာရိုက်ဖို့အဆင်မပြေလို့ updateနားလိုက်ရတာ အားနာပါတယ် readernim တို့)
BLOOM
23.6.2021
1:47PM