Love is Blind ( Completed )
Par November_venus
208K 20.3K 573
Pity is akin to love 💜 Plus
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra
Chapter - 11
4.8K 537 9
Par November_venus
Zawgyi
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" မင်း ဘယ်မှာလဲ "
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" ဝမ်ရိပေါ် မင်းလား "
" ဟုတ်ကဲ့ခင်ဗျ "
............
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" မင်း ဘာလုပ်တက်လည်း "
" ဗျာ "!!!
" ဟုတ်ကဲ့ "
" ဟင့်အင့် "
" အလုပ်သင်း..."
" ဟုတ်ကဲ့ "
" ဟုတ်ကဲ့ ရပါတယ် ကိုကို "
" ဟုတ်ကဲ့ "
" ဟုတ်ကဲ့ ကိုကို "
#Novembervenus
.
.
.
Unicode
" ဝမ်ရိပေါ် မင်းကို ငါယုံကြည်လို့ရမလား "!!
ဝမ်ရိပေါ်ဘက်လှည့်ကာ မေးလာတဲ့စကားလေးကြောင့် ဝမ်ရိပေါ် မျက်လုံးလေးများဝိုင်းအောင် ပြူးကျယ်ကာ အံ့သြသွားရသည်။ ဒါဟာ ကိုကိုက ရိပေါ်ကို ယုံကြည်ပေးခြင်းလား။ အခွင့်အရေးပေးခြင်းလား။ ဝမ်ရိပေါ် ကိုကိုရှိရာဘက် လှည့်ကြည့်မိတော့ သူရှိရာဘက်လှည့်ထိုင်နေသည့်ကိုကိုသည် သူ့ကိုပဲ ငေးကြည့်နေသလို။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့အတွေးနဲ့ ရိပေါ်ခေါင်းခါမိသည်။ မျက်စိမမြင်ရလို့ ဖုံးကွယ်ထားတဲ့ မျက်မှန်မဲကြီးအောက်မှာ ရှိနေမှာက လှုပ်ရှားမရနိုင်တော့တဲ့ မျက်ဝန်းညိုတွေလေ။
" ဖြေပေးပါ မစ္စတာဝမ်ရိပေါ် "
သတင်းထောက်တွေကပါ ရိပေါ်စကားသံကို စိတ်ဝင်စားစွာ နားစွန်းနေကြသည်။
ဝမ်ရိပေါ်သည် ရှောင်းကျန့်မျက်နှာကိုကြည့်ရင်း ရှောင်းကျန့်ရှေ့ကို တစ်လှမ်းခြင်း လျှောက်သွားခဲ့သည်။ ရှောင်းကျန့်ကလည်း ဝမ်ရိပေါ် သူ့နားရောက်လာသည့်အချိန်ကို စောင့်ကြည့်နေသလိုပင်။ ဝမ်ရိပေါ်နှင့် ရှောင်းကျန့်ကြားထဲမှာ ခြေလှမ်း ၁၀ လှမ်းလောက်အကွာမှာ သူတို့နှစ်ယောက်ကြားထဲ ဝင်ရောက်လာတဲ့ ဝမ်ချင်းကြောင့် ဝမ်ရိပေါ်ခြေလှမ်းတွေ ရပ်တန့်သွားရသလို မျက်မှန်မဲကြီးအောက်က ရှောင်းကျန့်မျက်ဝန်းတွေလည်း စူးရဲသွားသည်။ သတင်းထောက်တွေကလည်း သူတို့ သုံးယောက်ရဲ့ အပြုအမူတွေကို စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ကြသည်။ ထိုအချိန်မှာ ထိုအခြေအနေကြီးကို စတင်ပြီး ပြန်လည်လှုပ်ရှားလာစေတဲ့ ရှောင်းကျန့်
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" မင်း ဘယ်မှာလဲ "
" ကျွန်တော် ကိုကို့ရှေ့မှာပါ "
" မင်း ငါ့နားကို ရောက်လာဖို့ ခက်ခဲနေတာလား..."
" မဟုတ်ပါဘူးကိုကို ဒါပေမယ့် ကျွန်တော့အတွက် ကိုကို့နားကိုရောက်ဖို့က အတားအစီးတွေက များလွန်းနေတာပါ... "
" ငါ မင်းကို ယုံကြည်စေချင်တယ်မလား။ အဲ့ဒါဆို ဘယ်လောက်ခက်ခဲနေပါစေ အဲ့ဒီအတားအစီးတွေကို မင်းကျော်ဖြတ်လာနိုင်ရမှာပေါ့..."
" ဘယ်လောက်ခက်ခဲနေပါစေ ကိုကို့ယုံကြည်မှုကိုရဖို့အတွက်ဆို ကျွန်တော် ကိုကို့နားကို ရောက်အောင်လှမ်းလာခဲ့မှာပါ "
ဝမ်ရိပေါ် အဖြေကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးသည် ပြုံးသွားရသည်။ ရှောင်းကျန့်မြင်ကွင်းထဲမှာတော့ မျက်နှာချင်းဆိုင် တည်ရှိနေကြတဲ ဝမ်ရိပေါ်နဲ့ ဝမ်ချင်းနှစ်ယောက်အနေအထားမှာ သူ့ကို ကျောခိုင်းထားတဲ့ ဝမ်ချင်းရဲ့ မျက်ဝန်းတွေကိုတော့ သူမမြင်ရပေမယ့် သူနဲ့မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ ဝမ်ရိပေါ်ရဲ့ စူးရဲနေတဲ့ မျက်ဝန်းတွေကို မြင်နေရသည်လေ။
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" ငါ မင်းကို စောင့်ကြည့်နေမယ် "
ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်လက်တွေဟာ ဝီးချဲတွေပေါ်ရွေ့လျားလိုက်တော့ ဝမ်ရိပေါ်သည် ဝမ်ချင်းကိုအမြန်ကျော်ပြီး ရှောင်းကျန့် ဝီးချဲလက်ကိုင်တွေနား ရောက်သွားသည်။
" ဝမ်ရိပေါ် မင်းလား "
" ဟုတ်ကဲ့ ကျွန်တော်ပါ ကိုကို "
" အင်း ငါ့ရုံးခန်းကိုသွားမယ် "
" ဟုတ်ကဲ့ခင်ဗျ "
ကိုကိုစကားသံအဆုံး ဝမ်ရိပေါ်သည် ရှောင်းကျန့်ရဲ့ ဝီးချဲလက်ကိုင်လေးကို ကုမ္ပဏီအတွင်းပိုင်းဘက် တွန်းယူခဲ့ပေးခဲ့လိုက်တော့သည်။
သတင်းထောက်များနဲ့အတူ ရှောင်းကျန့်တို့ ထွက်သွားရာဘက် ငေးကြည့်ပြီး ကျန်နေခဲ့ရသည့် ဝမ်ချင်း၏ မျက်ဝန်းလေးများသည် စူးရဲနေခဲ့သည်။
ရှောင်းနင်က အပြောနဲ့ အလုပ်တစ်ကယ်မညီဘူး။
ဝမ်ချင်းသည် ရှောင်းကျန့်၏ ငယ်ပေါင်းသူငယ်ချင်းဖြစ်ပြီး ကျောင်းကတည်းက ရည်းစားမကျ သူငယ်ချင်းမက နေခဲ့သူလည်းဖြစ်ပါသည်။ ကျောင်းတွေပြီးလို့ အလုပ်တွေဝင်တဲ့အချိန်မှာ ဝမ်ချင်းဟာ နိုင်ငံခြားကိုထွက်သွားပြီး အလုပ်လုပ်တာကြောင့် အနည်းငယ်ဝေးကွာသွားကြတဲ့ သူတို့ဆက်ဆံရေးဟာ နိုင်ငံခြားမှာ ဆေးလာကုတဲ့ ရှောင်းကျန့်ကြောင့် အနည်းငယ်ပြန်လည်နွေးထွေးလာခဲ့သည်။
အဲ့ဒီနေ့က ဝမ်ချင်းဟာ အသိတစ်ယောက်ဆေးရုံတက်သည်ကို သွားကြည့်စဉ် အထူးခန်းထဲမှာထိုင်နေတဲ့ ရှောင်းကျန့်ကိုတွေ့လို့ ပြုံးပြနှုတ်ဆက်ခဲ့ပေမယ့် ရှောင်းကျန့်ဟာ သူ့မကို တစ်ချက်လေးတောင် မပြုံးပြခဲ့ပေ။ ဒါကြောင့် သူမဟာ ရှောင်းကျန့်နားထိသွားကာ နှုတ်ဆက်ခဲ့မှ သိလိုက်ရတာက ရှောင်းကျန့်မျက်လုံးတွေမမြင်ရတော့ဘူး။ ပြီးတော့ ခြေထောက်တွေ လှုပ်ရှားမရတော့ဘူးတဲ့ ။ ပြီးတော့ ဒါတွေရဲ့ တရားခံဟာ သူ့ပါပါးရဲ့ မယားပါသားကြောင့်ဆိုပြီး မုန်းတီးမှုတွေနဲ့ပြောလာတဲ့ ရှောင်းကျန့်ကို သူအသနားပိုပြီး ချစ်ခဲ့ရတယ်။ ဒါကြောင့် နိုင်ငံခြားမှာ တစ်ယောက်တည်း ဆေးလာကုနေတဲ့ ရှောင်းကျန့်အတွက် ဝမ်ချင်းဆိုသည့် သူမသည်သာ တစ်ဦးတည်း မိသားစုဝင်တစ်ယောက်။
ရှောင်းကျန့်မျက်လုံးတွေပြန်ကောင်းသည်အထိ စိတ်နာနေတဲ့ ရှောင်းကျန့်ဟာ သူ့မိသားစုဝင်တွေကို လုံးဝ မဆက်သွယ်ခဲ့။ အရာအားလုံး အနည်းငယ် အသားကျချိန်မှသာ ရှောင်းကျန့်ဟာ ဝမ်ချင်းကို တိုင်ပင်တယ်။ သူ တရုတ်ကိုပြန်တော့မယ်တဲ့။ အဲ့ဒါဆို သူမကရော ။ သူမက နိုင်ငံခြားမှာ တစ်ယောက်တည်း ပြန်နေခဲ့ရမှာလား ။ လုံးဝမနေခဲ့နိုင်ပါဘူး။ ဒါကြောင့် ရှိသမျှ အလုပ်တွေကို ထားခဲ့ပြီး ရှောင်းကျန့်နဲ့အတူ လိုက်ပြန်ခဲ့သည်။ ဒီရောက်မှ ကုမ္ပဏီကိုပြန်ဦးစီးမယ့် ရှောင်းကျန့်ရဲ့ အနီးဆုံးမှာနေမယ်တွေးရင်းပေါ့။
ရှောင်းကျန့်က ဝမ်ရိပေါ်ကိုမုန်းတယ် ။ ဒါကြောင့် သူမ သူနဲ့အတူလိုက်မယ်ဆိုတာကို ခွင့်ပြုပေးခဲ့သည်။ ပြီးတော့ သူ့ကို တစ်ခုကူညီပေးဖို့ပြောခဲ့သည်။ သူမျက်စိပြန်မြင်နေတာ မည်သူကိုမျှ မပြောပဲ သူ့နားမှာ နေပြီး သူ့လုပ်ငန်းတွေကို ကူညီပေးဖို့အတွက်ပေါ့။ ဝမ်ချင်းခေါင်းငြိမ့်သည် ရှောင်းကျန့်အတွက် တစ်ဦးတည်သော ယုံကြည်ရာက သူမလေ ။ ဒါကြောင့် ရှောင်းကျန့်ရဲ့ အနီးဆုံးမှာနေရင်း ရှောင်းကျန့်ကိုကူပြီး ရှောင်းကျန့်အချစ်ကိုရဖို့ ကြိုးစားမယ်။ ဒါပေမယ့် အထင်အမြင်လွဲမှားစွာ ရှောင်းကျန့်သည် သူ့အပြောနဲ့မညီစွာ ဝမ်ရိပေါ်ကိုအလေးပေးလွန်းသည်။ ဒါကြောင့် သူမမှာ ရှောင်းကျန့်နားကပ်ဖို့ပင် အချိန်မရှိ။ ဒါကြောင့် သူမရှောင်းကျန့်ကို တစ်ကယ် စိတ်ဆိုးမိပါသည်။
............
" ဝမ်ရိပေါ် "
" ဗျာ ကိုကို "
" မင်း ဘာလုပ်တက်လည်း "
" ဗျာ "!!!
" မင်းကျောင်းပြီးပြီမလား "
" ဟုတ်ကဲ့ "
" အဲ့ဒီတော့ လုပ်တက်တာလေးများရှိမလားလို့... "
" ဟင့်အင့် "
ဝမ်ရိပေါ်ခေါင်းလေးခါသည်။ သူ့မှာတက်ကျွမ်းတာဆိုလို့ ဘားမှမရှိသေး။ ကျောင်းပြီးတော့ မာမားနားရောက်လာသည်။ ပြီးတော့ ကိုကို့နားမှာပဲ ရှိနေခဲ့ရသည်။
" ဒါပေမယ့် ကိုကို ။ ကိုကို နိုင်ငံခြားမှာ ဆေးကုနေတုန်း အန်ကယ်က ကျွန်တော့ကို ကုမ္ပဏီမှာ အလုပ်သင်အဖြစ်တော့ သင်ခိုင်းထားပါတယ်..."
" အလုပ်သင်း..."
" ဟုတ်ကဲ့ "
" အင်း အဆင်ပြေတာပဲ ။ အဲ့မှာပဲ အလုပ်ဆက်ဝင်ပြီး လုပ်ငန်းအကြောင်းတွေ လေ့လားဦးပေါ့ ။ နောက်မှ ငါမင်းကို နေရာတစ်နေရာပေးမယ် "
" ဟုတ်ကဲ့ ရပါတယ် ကိုကို "
" အင်း အဲ့ဒါဆို မင်းထွက်သွားတော့ "
" ဟုတ်ကဲ့ "
" မင်းထွက်သွားရင် အပြင်ကနေ တံခါးလော့ချပေးသွား.."
" ဟုတ်ကဲ့ ကိုကို "
ဝမ်ရိပေါ်အခန်းအပြင်ဘက်ထွက်သွားမှ ရှောင်းကျန့်သည် သူ့မျက်လုံးရှေ့မှာ ဖုံးကွယ်ထားသည် မျက်မှန်မဲကြီးကို ဖြုတ်ချလိုက်သည်။
တစ်မနက်လုံး မျက်မှန်မဲကြီးနဲ့ ဟန်ဆောင်နေရတာ ပင်ပန်းလိုက်တာ ။
ရှောင်းကျန့်သည် ဝီးချဲကိုနေရာရွေ့ပြီး အလုပ်စာပွဲနားကပ်လိုက်သည်။ သူ၏ ရုံးခန်းသည် မှန်များပတ်လည်ကာထားပေမယ့် အပြင်ဘက်ကနေ ထွင်းဖောက်မမြင်နိုင်သည် မှန်များသာဖြစ်သည်။ ရုံးခန်းအတွင်းက ကြည့်မယ်ဆိုရင်တော့ အပြင်ဘက်ကလုပ်သမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်နေရပါသည်။
ရှောင်းကျန့် အလုပ်မလုပ်ခင် ကုမ္ပဏီထဲ သွားလာနေတဲဘ လူများကို တစ်ချက်ကြည့်လိုက်သည်။ မျက်ဝန်းအကြည့်ရဲ့ တစ်နေရာ အရောက်မှာတော့.....
ဝမ်ရိပေါ်..... ။ ဟုတ်ပါတယ် အဲ့ဒီကောင်လေးသည် မျက်လုံးဝိုင်းလေးများ မှေးမှိတ်အောင်အထိ ။ နှုတ်ခမ်းလုံးလုံးလေးက အသည်ပုံလေးပေါ်နေတဲ့အထိ ကျေနပ်အားရစွာ ပြုံးရယ်နေခဲ့သည်။
ရှောင်းကျန့် ထိုပြုံးရယ်နေတဲ့ မျက်နှာလေးကိုကြည့်ရင်း မရည်ရွယ်ပဲ လက်တွေက ဝီးချဲကို မှန်တွေနား တိုးကပ်သွားမိသည်။
သူနဲ့တွေ့ရင် ဟုတ်ကဲ့ ကိုကိုကလွဲ၍ သူမေးမှ ပြန်ဖြေတက်သည့် သိပ်စကားမပြောတဲ့ ကောင်းလေးက ဝန်ထမ်းကောင်မလေးတွေနဲ့ဆို စကားတွေများစွာပြောတက်ပါလားဆိုတာလည်း သိသွားရသည်။
ဝမ်ရိပေါ် ဒါက ငါမမြင်နိုင်သေးတဲ့ မင်းရဲ့ အခြားတစ်ဖက်ပဲလား ။
ရှောင်းကျန့်နဲ့ ပထမဆုံး စတွေ့တဲ့ ဝမ်ရိပေါ်သည် သူ့မာမားနောက်မှာ ပုန်းနေတဲ့ ကောင်းလေးတစ်ယောက်သာဖြစ်သည်။
ရှောင်းကျန့်နဲ့ ဒုတိယ တွေ့ရတဲ့ ဝမ်ရိပေါ်သည် သူ့ကို မျက်ကန်း ၊ ခြေကျိုး ၊ ဒုက္ခတလို့အကြိမ်ကြိမ်ပြောပြီး သူ့အားနည်းချက်ကို စကားနာထိုးနေသူတစ်ယောက်သာဖြစ်သည်။
ရှောင်းကျန့်နဲ့ တတိယ တွေ့ရတဲ့ ဝမ်ရိပေါ်သည် သူပြောသမျှ ဟုတ်ကဲ့ ကိုကိုဆိုပြီး သူ့လိုအပ်ချက်မှန်သမျှ အနှစ်နာခံကာ လိုက်လုပ်ပေးနေတဲ့ လူတစ်ယောက်သာဖြစ်သည်။
အခု ရှောင်းကျန့် မျက်စိရှေ့မှာ တွေ့နေရတဲ့ ဝမ်ရိပေါ်သည် ကလေးဆန်လွန်းတဲ့ မျက်နှာလေးနဲ့ ပြုံးရယ်နေတက်ပြီး စကားများစွာပြောနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်နေပြန်သည်။
ဝမ်ရိပေါ် မင်းက ဘာလေးလဲကွာ.....။
#Novembervenus
A/N မနက်ဖန် တစ်ရက် updated နားပါ့မည်။
.
.
.
Continuer la Lecture
Vous Aimerez Aussi
2.6K 194 4
New Year Collection 💚❤️
5K 263 13
ကိုယ်တော့်ဘဝမှာ မင်းကသာ ကိုယ်တော့်ရဲ့အရာရာမို့ မင်းကို ထိတဲ့သူမှန်သမျှ တယောက်မှ အသက်မရှင်စေရဘူး။ #Wang Yibo အရှင် ကျနော်တို့ နှစ်ယောက်က ဘယ်လိုမှမပေါင...
257K 19.2K 39
[BJYX Myanmar fanfiction]