{ Unicode Version }
Highway လမ်းမထက်တွင် Super Custom ကားလေးတစ်စီးဟာ အရှိန်အဟုန်နဲ့ လေဟုန်ကိုခွင်းကာ ခရီးနှင်လေနေ၏။
ခရီးသည်ဟူ၍ လူခြောက်ယောက်မျှသာပါပြီး သူအာရုံနှင့်သူ ရှိနေကြသည်။
ကားမောင်းသူနေရာမှာ နေရာယူထားသူက ဘုန်းသာလျှံ။
သူ့ဘေးတွင်တော့ နေကောင်းခါစဖြစ်သည့် သံစဥ်မောင် ကလိုက်ပါလာ၏။
နေကောင်းခါစဖြစ်သည့်အတွက် တစ်ပတ်လောက်နားပါဦးဟု ပြောထားသော်လည်း ပေးထားသောကတိအတိုင်း မလွှဲမရှောင်သာဘဲ ပင်လယ်ကမ်းခြေဘက်သို့ခရီးထွက်ပေးရလေသည်။
မနက်ဝေလီဝေလင်းကတည်းက ထလာခဲ့ရသည့်အတွက် ကားဘောင်ကိုမှီကာ အိပ်မောကျနေလေသည်။
နောက်တန်းတွင်တော့ တစ်ဦးကိုတစ်ဦးမှီကာ အိပ်မောကျနေကြသည့် သွေးသစ်နှင့်သလင်းတို့ အတွဲရှိကြလေ၏။
သူတို့နောက်မှာတော့ ဂိမ်းဆော့နေသည့် မင်းသန့်ကိုကို၏ပေါင်ပေါ်တွင် ခေါင်းတင်ကာအိပ်နေသည့် နေ့သစ်တို့က နေရာယူထားကြပြီ။
ဘုန်းသာလျှံ ကားလေးကို တဖြေးဖြေးမောင်းလာရင်း လက်ဖက်ရည်ဆိုင်တစ်ခုရှေ့တွင် ကားထိုးရပ်လိုက်သည်။
'' ကဲ...အားလုံး ထကြတော့ ''
ဟု အောင်မြင်ခန့်ညားသော အသံနှင့် ဆော်သြလိုက်သော်လည်း ကားပေါ်မှသကောင့်သားတို့က တုပ်တုပ်မှမလှုပ်။
မအိပ်ဘဲကျန်နေသော ဂိမ်းကစားနေသည့် မင်းသန့်ကိုကိုကပင် ဘုန်းသာလျှံ၏စကားအား ကြားဟန်မပြု။
ဘုန်းသာလျှံ ကားပေါ်မှ အသာဆင်းကား တစ်ဖက်မှကားတံခါးဆီသွားကား တံခါးဖွင့်လိုက်ပြီး သံစဥ့် ပခုံးနှစ်ဖက်အား လှုပ်ကာနှိုးလိုက်၏။
'' သံစဥ်..သံစဥ်...ထတော့၊ ခဏထဦး.....''
လေသံတိုးတိုးလေးနှင့် နှိုးလိုက်တော့ အိမ်မောကျနေသည့် ကလေးက တွန့်ကာလူးကာနှင့် မျက်စိဖွင့်ကြည့်လာ၏။
'' ဝါး...ဟင်...ဦး ရောက်ပြီလား ''
ကားပေါ်မှမဆင်းသေးဘဲ ဘေးပတ်ဝန်းကျင်အား ကြည့်ကာ မေးလာသည်။
'' မရောက်သေးပါဘူး၊ မနက်စာ,စားရအောင် ခဏနားတာ၊ ကားလည်းအနားပေးရင်းနဲ့....လာ၊ ဖြေးဖြေးဆင်း ''
ဘုန်းသာလျှံ လက်ကမ်းပေးလိုက်တော့ သံစဥ်က ညင်သာစွာဖြင့် အားကိုးတကြီးဆုပ်ကိုင်လိုက်ပြီး ကားပေါ်မှဆင်းလိုက်၏။
'' ခဏလေး သံစဥ်၊ ဦး ဟိုကောင်တွေကိုနှိုးလိုက်ဦးမယ် ''
'' ဟုတ် ''
ဒေသစိမ်းဖြစ်သောကြောင့် လေစိမ်းတိုက်လျှင် ပြန်ဖျားမည်စိုးသည့်အတွက် သံစဥ်ဝတ်ထားသည့် ဂျင်းဂျာကင်လေးအား ကြယ်သီးတပ်ပေးလိုက်သည်။
'' ဟေ့ကောင်တွေ...ထဦးဟ...ထ ထ ''
ဟုဆိုကာ ကားတံခါးအား ဝုန်းခနဲ့ ဖွင့်လိုက်ပိတ်လိုက် နှစ်ချက်ခန့်ပြုကာ နှိုးလိုက်တော့၏။
'' ဟာ..''
'' အမလေး...''
မင်းသန့်ကိုကို အပါအဝင် ကားပေါ်မှလူအားလုံး အလန့်တကြားနိုးလာကြပြီစ လန့်ဖြန့်အော်ကုန်ကြလေသည်။
'' ဘာဖြစ်တာလဲ ဦးဘုန်းသာလျှံရ၊ အလန့်တကြား တိုးတိုးသာသာ နှိုးလည်းရပါတယ် ''
'' သြော်....အေး၊ မင်းတို့က ငါတိုးတိုးသာသာ နှိုးနေတော့ နိုးတာကျလို့၊ သလင်းရောပဲ ခါတိုင်းခရီးထွက်ရင် မအိပ်တတ်တဲ့လူက အခုတော့အိပ်နေလိုက်တာများ၊ ထကြ... လက်ဖက်ရည်ဆိုင်ရောက်နေပြီ၊ ခဏနားရင်း မနက်စာစားကြမယ် ''
ဘုန်းသာလျှံ သွေးသစ်ရဲ့စကားကို ချေပလိုက်ရင်း သလင်းကိုပါဆွဲထည့်လိုက်၏။
'' ကိုဘုန်းကလည်း အဲ့ဒါက ဧည့်သည်တွေပါတော့ အိပ်လို့ ဘယ်ကောင်းမလဲ၊ အခုဟာ ကိုယ့်လူတွေချည်းပဲမလို့လေ၊ မနက်ကလည်း အစောကြီးထခဲ့ရတဲ့ဟာ ''
သလင်း အညံ့မခံဘဲ ပြန်ပြောလိုက်လေသည်။
'' သြော် အခုတော့ ဒီလိုပြန်ပြောနေပြီပေါ့၊ 'ဟုတ်ကဲ့ ဘော့စ်' ဆိုတဲ့ အရင်က သလင်းနွေက ဘယ်ရောက်သွားပြီလဲ ''
'' မလိုတာတွေ မပြောပါနဲ့တော့ဗျာ၊ အထဲဝင်ကြရအောင် ''
သွေးသစ်က ကြားဖြတ်ဝင်ပြောလိုက်၏။
'' နေ့သစ်တို့ရော ဘယ်ရောက်သွားတာလဲ ''
ဟု သလင်းက မေးလိုက်တော့မှ မင်းသန့်ကိုကိုနှင့် နေ့သစ်တို့အား သတိရသွားတော့၏။
ချက်ချင်းဆိုသလို ဆိုင်အတွင်းမှ ' ဟေး.....' ဟူသည့် အသံရှည်ကြီးနှင့်အတူ လက်ပြနေသော မင်းသန့်ကိုကိုတို့အတွဲအား တွေ့လိုက်ရသည်။
'' ဒီကောင်ကတော့ သွက်လိုက်တာ ''
သွေးသစ် သလင်းလက်အားဆွဲကာ ဆိုင်အတွင်းမှ မင်းသန့်ကိုကိုတို့ဝိုင်းတွင် ဝင်ထိုင်လိုက်၏။
ဘုန်းသာလျှံတို့လည်း နောက်ကပါလာလေသည်။
'' ကဲ အေးဆေးစားကြ၊ နာရီဝက်လောက်တော့နားကြတာပေါ့ ''
ဘုန်းသာလျှံ၏စကားကို အားလုံးကထောက်ခံကြလေသည်။
.
.
.
နာရီဝက်ခန့်ကြာတော့ ကားလေးက ခရီးဆက်ဖို့ အဆင်သင့်ဖြစ်နေလေ၏။
အားလုံးလည်း ကားပေါ်တွင်နေရာယူလိုက်ကြပေမယ့် ဒီတစ်ခေါက်မောင်းမယ့်သူက သွေးသစ်ဖြစ်ပြီး သွေးသစ်ရဲ့ဘေးတွင်တော့ သူ၏ စ်တ်ဝိညာဥ်တစ်ပါးအဖြစ် အရေးပါလှသည့် သလင်းနွေ ဖြစ်သည်။
အိမ်ကထွက်ကတည်းကပင် ဘုန်းသာလျှံတစ်ဦးတည်းသာ မောင်းခဲ့ရသဖြင့် အနားယူခိုင်းလိုက်ပြီး သွေးသစ်က ကားမောင်းရန် တာဝန်ယူလိုက်ခြင်းပင်။
ကြားထဲက မင်းသန့်ကိုကိုနှင့်နေ့သစ်တို့ကတော့ အေးဆေးပင်ဖြစ်လေရဲ့။
တစ်မနက်လုံးမအိပ်ဘဲ ဂိမ်းဆော့နေခဲ့သည့် မင်းသန့်ကိုကိုသည် အခုတော့ နေ့သစ်အားမှီကာ အိပ်သွားလေပြီ။
သလင်းကတော့ ဖုန်းဖွင့်လိုက်ပြီး facebook မှ video များကိုကြည့်ဖို့အတွက်သာ အာရုံစုလိုက်လေသည်။
ဖုန်းထဲသာ အာရုံစိုက်လိုက်ပေမယ့် မိမိအား မကြာခဏလှည့်ကြည့်နေသည့် သွေးသစ်အား မျက်လုံးထောင့်မှ မြင်နေရလေ၏။
သလင်း သွေးသစ်အားပြန်ကြည့်လိုက်တော့ သူကပြုံးပြလာသည်။
အနည်းငယ် ပန်းရောင်သန်းခါစနှုတ်ခမ်းပါးပါးလေးသည် နက်မှောင်လွန်းလှသည့် မျက်ခုံးတစ်စုံအောက်မှ နေကာမျက်မှန်နှင့် လိုက်ဖတ်လွန်းလှ၏။
'' ကားကို ဂရုစိုက်မောင်း၊ ကိုယ့်ကိုပဲ ကြည့်မနေနဲ့ ''
'' ဘာဖြစ်လို့လဲ အချစ်က မောင့်ရဲ့ချစ်သူလေ၊ ကိုယ့်ချစ်သူကိုယ်ကြည့်တာ၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ ''
သလင်း ပြောချင်ရာသာပြောတော့ဟု သက်ပြင်းချလိုက်၏။
'' သက်ပြင်းခဏခဏချနေရင် မြန်မြန်အိုစာသွားလိမ့်မယ်နော် ''
'' အို,အို ''
'' ဟားဟား...၊ အချစ်သိလား၊ မောင်လေ အချစ်နဲ့အတူ ခရီးတွေအများကြီးထွက်ချင်တာ ''
'' အခုလည်း ခရီးထွက်နေတာပဲလေ ''
'' မဟုတ်ဘူးလေ၊ မောင်ပြောတာက အချစ်ရယ် မောင်ရယ် နှစ်ယောက်တည်း ''
ဟု ဆိုကာ လက်နှစ်ချောင်းထောင်ပြနေလေသည်။
'' ကိုယ်ကတော့ ပျင်းတယ်၊ လူအများကြီးပါမှ ပျော်ဖို့ကောင်းတာ ''
'' ဒါဆို ဟန်းနီးမွန်းထွက်ရင်ရော ဘယ်သူတွေခေါ်ဦးမှာလဲ ''
ခပ်ငေါ့ငေါ့ မေးလာသည့်အတွက် သလင်း မျက်နှာကိုတည်ထားလိုက်ပြီး
'' ဟန်းနီးမွန်းလည်း မထွက်ဘူး၊ ဒါလင်မွန်းလည်း မထွက်ဘူး၊ စကားဆက်မပြောနဲ့တော့ အိပ်မလို့ ''
ဟုဆိုကာ တစ်ဖက်လှည့်ပြီး မျက်လွှာချသွားသည့်အတွက် သွေးသစ် နားကြပ်တပ်လိုက်ကာ သီချင်းနားထောင်းရင်းသာ ကားဆက်မောင်းနေလိုက်သည်။
.
.
.
'' ဝါး.....နောက်ဆုံးတော့ ရောက်ပြီကွ ''
ပင်လယ်ကမ်းခြေတစ်လျှောက်ရှိကားလမ်းပေါ်မောင်းနေရာမှ သွေးသစ်သည် ကားမှန်ကိုချကာပြောလိုက်သည်။
သလင်းကပါ ကားအတွင်းမှတစ်ဆင့် အပြင်လှမ်းကြည့်လိုက်ပြီး
'' ပင်လယ်ရနံ့တွေတောင် ခံစားမိနေသလိုပဲ ''
'' ဟုတ်တယ်နော်၊ ဒါပေမယ့် ပင်လယ်ရနံ့ထက် သလင်းရဲ့ရနံ့က မောင့်ကို ပိုဆွဲဆောင်နိုင်တယ်၊ စိတ်ကိုနှိုးဆော်နိုင်တယ်ဗျ ''
သွေးသစ်ရဲ့စကားအတွက် ဆုလာဘ်အဖြစ် သလင်းရဲ့မျက်စောင်းတစ်ချက်။
'' အားယားနေတဲ့ ပါးစပ်ကို ပိတ်ထားလိုက် ''
'' တော်တော်အပြောကြမ်းနေတာပဲ၊ ဟိုတစ်နေ့ကလို အပြစ်ပေးရမှာလား၊ လူကြားထဲလဲ မရှောင်ဘူးနော် ''
'' အေး ထပ်လုပ်ရင် အပြတ်ပဲနော်၊ သွေးသစ်ဉာဏ် ''
'' တစ်လမ်းလုံး တကျက်ကျက်နဲ့ နားညည်းတယ်ဟေ့ ''
ဘုန်းသာလျှံက ဝင်ပြောလိုက်တော့ သွေးသစ်က ပခုံးတွန့်ပြလိုက်ရုံသာ။
ညအိပ်တည်းမည့်ဟိုတယ်ရှေ့ရောက်မှ ကားကိုရပ်လိုက်သည်။
'' အားလုံး ဒီမှာပဲဆင်းကြတော့၊ ကျွန်တော်တို့ ပါကင်သွားထိုးလိုက်ဦးမယ် ''
သွေးသစ်စကားအတိုင်း အကုန်လုံးက ကိုယ့် luggage ကိုယ်ဆွဲကာ ကားပေါ်မှ အသီးသီးဆင်းသွားကြ၏။
ဘုန်းသာလျှံသည် သံစဥ်မောင့် luggage ကိုရော၊ သူ့ luggage ကိုပါ တစ်ဖက်တည်းက ပေါင်းကိုင်ကာ ဆွဲလာပြီး တစ်ဖက်က သံစဥ့်လက်အား ဆုပ်ကိုင်ထားလေသည်။
နေ့သစ်နှင့်မင်းသန့်ကိုကိုတို့ကတော့ ကိုယ့် luggage ကိုယ်ဆွဲကာ ဟိုတယ်အတွင်းသို့ ဝင်သွားကြတော့၏။
အားလုံးနဲ့အတူ သလင်းကပါ ဆင်းမည်ပြုတော့ သွေးသစ်က လက်ကိုလှမ်းဆွဲထားလိုက်၏။
လူကုန်ဆင်းသွားပြီဆိုကာမှ သွေးသစ် ကားကို ကားကိုကားပါကင်ဘက်သို့ မောင်းလာခဲ့သည်။
ကားကို နေရာတကျပါကင်ထိုးပြီး ကားပေါ်မှကျန်နေသည့် luggage နှစ်လုံးအား ကားပေါ်မှချလိုက်သည်။
'' သွားရအောင် အချစ် ''
သွေးသစ် သလင်းလက်အားဆွဲကာ ကားပါကင်မှထွက်လာခဲ့သည်။
'' အချစ်....''
'' အွန်း.....''
'' နားဦးမှာလား၊ ရေတန်းဆော့မှာလား ''
'' ရေတန်းဆော့ရင် အပူရှပ်မှာပေါ့၊ နားဦးမယ်၊ ရေချိုး ထမင်းစားပြီးမှ ဆော့မယ် ''
'' အွန်း..အခန်းထဲကျ မောင်ပြစရာရှိတယ် ''
မျက်စိမှိတ်ပြကာ ပြောလာသည့် သွေးသစ်ရဲ့အပြုံးတွေကို သလင်းသဘောမကျ။
ထူးဆန်းကောက်ကျစ်သည့် အငွေ့အသက်များကို ခံစားမိပုံရ၏။
ထိုအကြောင်းကို သွေးသစ်လည်း သတိထားမိပုံရ၏။
နဂိုကထက်ကို ပို၍ပြုံးလာလေသည်။
.
.
.
ဟိုတယ်မှာ အခန်းယူထားသည်က အစဥ်လိုက်ပင်ဖြစ်သည်။
တစ်ခန်းနှင့်တစ်ခန်း ကပ်လျက်အခန်းကိုယူထားကြလေ၏။
သွေးသစ်နှင့်သလင်းတို့က တစ်ခန်း၊ နေ့သစ်နှင့်မင်းသန့်ကိုကိုတို့က တစ်ခန်း၊ ဘုန်းသာလျှံနှင့်သံစဥ်တို့က တစ်ခန်းဖြင့် စုစုပေါင်း သုံးခန်းယူလိုက်ကြသည်။
အားလုံး၏သဘောတူညီမှုအတိုင်း ခဏနားပြီး ရေမိုးချိုးကြမည်ဖြစ်သည်။
ပြီးလျှင် နေ့လည်စာ,စားပြီး ညနေပိုင်းလောက်တွင်ပင်လယ်ထဲရေဆင်းဆော့ကြမည်။
ညရောက်လျှင် ကမ်းခြေတွင် မီးဖို,ဖိုပြီး အကင်ကင်စားကြကာ မီးပုံပွဲ ကျင်းပကြမည်ဟု စီစဥ်ထားကြသည်။
'' အချစ်...ဒီမှာကြည့် ''
အခန်းထဲရောက်ရောက်ချင်း ကုတင်ပေါ် ပက်လက်လှဲနေသည့် သလင်းအားဆွဲထူလိုက်ပြီး ဖုန်းကိုရှေ့တိုးပြလိုက်၏။
'' ဟာ....ဘယ်လိုလုပ်..''
ဖုန်းထဲမှာတော့ ဟိုတစ်ခေါက် ကားပေါ်တွင် အဝတ်အစားလဲနေသည့် သလင်းအား ရှေ့တည့်တည့်မှ ရိုက်ထားသည့် video ပင်ဖြစ်၏။
မျက်နှာလေးနီကာ အရှက်သည်းနေသည့် အချစ်ရဲ့မျက်နှာလေးက မောင့်အတွက်တော့ ချစ်စဖွယ်အတိရှိလှသည်။
မောင့်ရဲ့ အင်မတန် မြတ်နိုးရပါသော တစ်ဦးတည်းသော ချစ်ရသူလေးလည်းဖြစ်ပါ၏။
'' မရည်ရွယ်ပါဘူး...၊မောင် ဖုန်းကို တွေ့ရာနေရာပစ်ထားမိလိုက်လို့ပါ ''
'' လာလိမ်မနေနဲ့၊ အဲ့တုန်းက ဖုန်းထားလိုက်တာတော့ မြင်တယ်၊ ဒီအတိုင်း သာမန်ကာလျှံကာ ထားလိုက်လို့၊ အကျင့်မကောင်းတဲ့ကောင် ''
သလင်း အနီးမှာရှိသည့် ခေါင်းအုံးကို ယူကာ သွေးသစ်အား အားကုန်လွှဲရိုက်နေတော့၏။
သွေးသစ်လည်း သလင်း၏ အားပါသော ခေါင်အုံးရိုက်ချက်များကို ရှောင်ရှားလိုက်ပြီး သလင်း၏ခါးကို အမိအရ ကလိလိုက်ထိုးနေသည်။
တစ်ချက်တစ်ချက်ထိမိသွားသည့် ကလိထိုးချက်တွေကြောင့် သလင်းမှာ တွန့်တွန့်သွားရသည်။
'' ဒေါက်.....ဒေါက်......ဒေါက်....''
'' ကျွတ်စ်...ဘယ်သူလဲကွာ ''
နှစ်ဦးသားကြည်နူးနေကြသည့်အချိန်တွင် ကြားလိုက်ရသည့် တံခါးခေါက်သံ တိုးတိုးလေးက သွေးသစ်အတွက် ကမ္ဘာပေါ်တွင် အကျယ်လောင်ဆုံးဟု ခံစားလိုက်ရသည်။
စိတ်ရှုပ်ရှုပ်နှင့် အိပ်ရာပေါ်မှဆင်းကာ တံခါးသွားဖွင့်လိုက်တော့ သွား ၃၂ ချောင်းမျှပေါ်စေလောက်သည့် အပြုံးဖြင့် အပေါက်တွင်ရပ်နေသည့် မင်းသန့်ကိုကို။
'' ဘာလာလုပ်တာလဲ ''
ဤအချိန်တွင် ယဥ်ကျေးပျူငှာမနေနိုင်ဘဲ ဘောက်ဆတ်ဆတ်မေးလိုက်သည်။
'' ဟီး... ငါ့ကို အားသွင်းကြိုးလေး ငှားပါဦး၊ ဟဲဟဲ...ငါမေ့လာခဲ့လို့ ''
'' ယူပေးမယ်၊ ခဏစောင့်နေ၊ အထဲမဝင်ခဲ့နဲ့ ''
ဟုဆိုကာ တံခါးအားဆောင့်ပိတ်လိုက်၏။
ကုတင်ခြေရင်းတွင်ထားထားသော luggage အတွင်းတွင်းမှ ဖုန်းအားသွင်းကြိုးအားယူလိုက်ကာ တံခါးကိုလက်တစ်ချောင်းစာခန့်သာဖွင့်ပြီး အားသွင်းကြိုးထုတ်ပေးလိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်၏။
တံခါး၏အပြင်ဘက်တွင်တော့ ဖုန်းအားသွင်းကြိုးကို ကိုင်ကာ အကြောင်းသားရပ်နေသည့် လူတစ်ယောက်ရှိနေလေ၏။
သွေးသစ် သလင်းကိုဆီလျှောက်သွားတော့ သလင်းက ကုတင်ပေါ်တွင်မှောက်လျက်အနေအထားဖြင့် သွေးသစ်ဖုန်းအား ကလိနေလေ၏။
သေချာတာကတော့ ခဏတုန်းက video အား လိုက်ရှာနေသည့်ပုံရ၏။
သွေးသစ် ဖုန်း screen ကို တစ်ချက်လှမ်းကြည့်ပြီး အချိုသာဆုံးပြုံးလိုက်သည်။
အကြောင်းကတော့ သလင်းသည် video ဖျက်ရန်ရှာနေခြင်းမဟုတ်ဘဲ သူတို့နှစ်ဦးစတွေ့တုန်းက ရိုက်ခဲ့သည့် ကျိုက်ထီးရိုးမှဓာတ်ပုံများကို ပြန်ကြည့်နေခြင်းကြောင့်ပင်။
'' ပုံတွေကြည့်ပြီး ဘာတွေစဥ်းစားနေတာလဲ ''
ဆိုသည့်အသံနှင့်အတူ အသံပိုင်ရှင်ဟာလည်း သလင်းပေါ်အုပ်မိုးလိုက်ပြီး သလင်းရဲ့ဂုတ်သားလေးတွေအား နမ်းရှိုက်နေလေသည်။
'' ကိုယ်တို့စတွေ့ခဲ့တဲ့ပုံလေးတွေ အခုထိသိမ်းထားသေးတာလား ''
'' အင်းပေါ့..အခုထိရော၊ နောင်အဆုံးမရှိနှစ်ပေါင်းများစွာထိပါ၊ သိမ်းထားဦးမှာ ''
မိမိပေါ်မှ ထပ်အိပ်နေသည့် သွေးသစ်ရဲ့ခန္ဓာကိုယ်အား ခါချလိုက်ကာ ပက်လက်လှန်လျက်သားဖြစ်သွားသည့် သွေးသစ်၏ လက်မောင်းကိုခေါင်းခုကာ အိပ်လိုက်သည်။
'' ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ ဘာလို့ ကိုယ့်ကိုမှ လာချစ်ရတာလဲ ''
'' ချစ်တယ်ဆိုတဲ့ စကားလုံးတစ်လုံးကို ထုတ်ဖော်ပြောဖို့ဆိုတာ ခံယူချက်မတူကြဘူးဗျာ၊ အများစုက ချစ်တယ်ဆိုတာကို အကြောင်းပြချက်တွေများစွာနဲ့ အမွှန်းတင်တတ်ကြသလို တစ်ချို့ကလည်း ချစ်တဲ့နေရာမှာ အကြောင်းပြချက်မလိုဘူးလို့ ခံယူထားကြတယ် ''
'' ............. ''
'' မောင်အတွက်ကလည်း အချစ်တစ်ခု ပေါက်ဖွားလာဖို့ အကြောင်းပြချက်မလိုဘူးဆိုတာကို ပိုလက်ခံတယ်လေ၊ မောင် အချစ်ကိုချစ်တယ်ဆိုတာ အကြောင်းပြချက်မရှိဘဲကို ချစ်တာ၊ အကြောင်းပြချက်မရှိဘူးဆိုတာ ပေါ့ပေါ့တန်တန် သဘောထားတာကို ပြောတာမဟုတ်ဘူးနော်....
.....အချစ်သိလား၊ အချစ်နဲ့ စဆုံတဲ့နေ့က ကားပေါ်မှာလေ၊ မောင်ရခဲ့တဲ့ ဒဏ်ရာတွေက လမ်းမှာ လူနှစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တာကွာ၊ ဒေါသတွေအရမ်းထွက်နေတဲ့အချိန် ကားပေါ်မှာတွေ့လိုက်ရတဲ့ အချစ်ရဲ့မျက်နှာလေးက မောင့်ကို ဒေါသတွေပျောက်သွားစေပြီး ရင်ထဲမှာ အမောပြေသွားတာပဲ.....
.....မောင် အချစ်နားဝင်ထိုင်လိုက်မိတော့ မောင့်ရင်ခုန်နှုန်းတွေက ထိန်းမရအောင်ခုန်နေလို့ အချစ်ကြားသွားမှာတောင် စိုးရိမ်မိတယ်၊ အချစ်ကို မှီအိပ်လိုက်တဲ့ အချိန်ခဏလေးအတွင်းမှာပဲ မောင့်ရင်ထဲ အေးချမ်းသွားခဲ့သလို ကြည်နူးမှုတွေကလည်း အတိုင်းထက်အလွန်ပဲ၊ အဲ့ဒီအချိန်ကစပြီး မောင် အချစ်ကို ပိုင်ဆိုင်ချင်ခဲ့တာ၊ ကျေးဇူးပါနော်အချစ်၊ မောင့်ကို ပိုင်ဆိုင်ခွင့်ပေးလို့......''
'' မဟုတ်တာပဲ မောင်ရယ်၊ မောင်လုပ်ပေးခဲ့တာတွေနဲ့ နှိုင်းယှဥ်ကြည့်လိုက်ရင် ကိုယ်လုပ်ပေးခဲ့တာတွေက ဘာမှမပြောပလောက်ပါဘူး...''
'' သိပ်ချစ်တာပဲ အချစ်ရာ ''
သွေးသစ် စကားကိုအဆုံးသတ်ကာ သလင်းရဲ့နှုတ်ခမ်းတွေကို တရှိုက်မက်မက် စုပ်ယူလိုက်၏။
သလင်းရုန်းချင်ပေမယ့် ဒီတစ်ခေါက်တော့ မောင့်ရဲ့ဆန္ဒကို လိုက်လျောဖို့ဆုံးဖြတ်ထားလိုက်သည်။
ဘာဖြစ်လို့လဲဆိုတော့ ' မောင်လည်းလေ လောကီသားပေမို့ ' ဟူသော အတွေးကြောင့်ပင်။
မောင့်ရဲ့အနမ်းတွေကို ညင်သာစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
မောင်ဟာလည်း နှုတ်ခမ်းတွေကို အလုပ်ပေးထားရုံမျှမက သလင်းရဲ့ရင်ဘက်တွေကိုလည်း ဆုပ်နှယ်ပေးနေ၏။
တစ်ချက်တစ်ချက် အားပါပါဖြင့် ဆုပ်ကိုင်လိုက်တိုင်း အနမ်းပေးနေသည့် သလင်းရဲ့နှုတ်ခမ်းသားတွေက ခပ်ဟဟဖြစ်သွားရသည်။
နာကျင်၍တော့မဟုတ် ခံစားမှုကောင်းလွန်း၍ဖြစ်၏။
စိတ်ဆန္ဒပြင်းပျလာပြီဖြစ်သော မောင်သည် နမ်းနေရာမှရပ်ကာ သလင်း၏အင်္ကျီကို ချွတ်ပစ်လိုက်ပြီး
သလင်း၏ပိုင်ဆိုင်မှုဖြစ်သည့် ရင်ဘက်မှ အသီးလေးအား ငုံထွေးလိုက်တော့သည်။
ကျန်တစ်ဖက်ကိုလည်း အလွတ်မပေးဘဲ လက်ဖြင့် ဖွဖွလေး ချေပေးနေလေ၏။
စိတ်ပါလာပုံရသည့် သလင်းဟာလည်း အံကြိတ်ကာ မောင့်ရဲ့ဆံပင်တွေကို ပွတ်သပ်ဆွပေးနေလေသည်။
ရင်ဘက်မှ အသီးလေးအား စိတ်ကျေနပ်သလောက် ပွတ်ချေပြီးသွားတော့ မောင့်ရဲ့ဦးတည်ရာဟာ သလင်းရဲ့အရှက်သည်းဆုံးနေရာသို့...။
သလင်းရဲ့ဘောင်းဘီကြားထဲသို့ လက်လျှိုဝင်ကာ သလင်းရဲ့ငယ်ပါလေးအား ဆွပေးလိုက်သည်။
မိမိရဲ့ နေရာနှစ်နေရာလုံးအား တပြိုင်နက်ထဲ ပြုစုပေးနေသည့်အတွက် သလင်းရဲ့ခံစားမှုတွေက တကယ့်အထွတ်အထိပ်ဆီမှာ ရောက်နေတော့၏။
မောင်သည် သလင်းအား ပက်လက်လှန်စေလိုက်ကာ ဘောင်းဘီကိုအဆုံးထိချွတ်စေလိုက်ပြီး လည်ပင်းနှင့်ရင်ညွှန့်တို့ကို နမ်းရှိုက်နေလေသည်။
လက်ကလည်း အလွတ်မပေးဘဲ သလင်းရဲ့အငယ်ကောင်အား ဆွပေးနေဆဲ။
'' အာ့...အင့်..ပြီး...ပြီးသွားလိမ့်မယ် ''
'' အင်း....မောင်သိတယ် ''
သွေးသစ် သူ့အင်္ကျီနှင့် ဘောင်းဘီကိုပါ ချွတ်ပစ်လိုက်ပြီး သလင်းရဲ့ဘေးတွင် ဝင်လှဲလိုက်သည်။
အခြေအနေကိုသဘောပေါက်နားလည်သည့် သလင်းသည် အနည်းငယ်ထနေသည့် မောင့်ရဲ့အငယ်ကောင်အား ဆုပ်ကိုင်လိုက်ကာ ပွတ်သပ်ပေးလိုက်၏။
မိမိရဲ့ချစ်သူက ပြုလုပ်ပေးနေသည် ဆိုသည့်အသိက မောင့်အား ပိုစိတ်ပါလာစေသည်။
အတန်ကြာအောင် ဆွဲပေးပြီးသွားတော့ အနည်းငယ်ထနေပြီဖြစ်သည့် အငယ်ကောင်အား ငုံထွေးရန်ပြင်လိုက်တော့
'' အင်း...ချစ်..ဒါတော့ လုပ်မပေးပါနဲ့တော့...မောင်ငရဲကြီးလိမ့်မယ်..ဟူး...ရှီး...''
'' ရတယ်...ကိုယ်လုပ်ပေးချင်လို့ ''
ဟုဆိုကာ အဆုံးထိငုံထွေးလိုက်သည်။
'' အိုး..အား...ချစ် ''
နာမည်ကိုခေါ်ပြီး ညည်းပေးနေသည့် မောင့်အား စိတ်ကျေနပ်မှုအပြည့်ရစေရန် သလင်းအတတ်နိုင်ဆုံး ပြုစုပေးနေမိသည်။
သလင်း အနည်းငယ်မောဟိုက်သွားချိန်လောက်မှာ သွေးသစ်ထလာပြီး သလင်းအား ပက်လက်လှန်စေလိုက်ပြီး အပေါ်မှအုပ်မိုးကာ နေရာယူလိုက်၏။
အငယ်ကောင်အား သလင်း၏ အဝလေးတွင် တေ့လိုက်တော့ သလင်းက မောင့်ရဲ့ လက်ဖျံနှစ်ဖက်အား ကြောက်အားလန့်အားဖြင့် တွယ်ဖက်လာ၏။
'' မောင်....ကိုယ်..ကိုယ်ကြောက်တယ် ''
'' မကြောက်နဲ့နော်...၊စိတ်လျှော့ထား၊ တင်းမထားနဲ့ ''
ဟုဆိုကာ သလင်းရဲ့ပါးပြင်အား ကုန်းနမ်းလိုက်သည်။
ထိုသို့ကုန်းနမ်းလိုက်ခြင်းနှင့်အတူ ခါးကိုပါလှုပ်ရှားပေးလိုက်တော့ မောင့်အငယ်ကောင်ဟာ သလင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းတွင် နေရာယူပြီးသွားပြီ။
''. .အာ့.. မောင်...ဖြည်းဖြည်း..အင့် ''
'' အင်း..ချစ် ခဏပဲ၊ ကောင်းလာလိမ့်မယ် ''
မောင်သည် သလင်းအား နမ်းရှိုက်နေရင်းမှ ခါးကို စည်းချက်ကျကျ လှုပ်ရှားပေးနေသည်။
နာကျင်နေသော်လည်း ခဏကြာတော့ နာကျင်မှုအစား သာယာမှုတို့က အစားဝင်လာကြ၏။
'' အင့်...မောင်..အာ့ ''
သလင်းက နာမည်ထွက်ကာ ညည်းပေးလေ သွေးသစ်က လှုပ်ရှားမှုမြန်ဆန်လာလေနေမိသည်။
သလင်း၏ နာကျင်မှုတွေကြားမှ ညည်းညူနေသည့် မျက်နှားလေဟာ မောင့်အတွက်တော့ ပိုပြီးစိတ်ထန်လာစေသည်။
စိတ်ရှိလက်ရှိပွဲကြမ်းလိုက်ချင်ပေမယ့် သလင်းရဲ့ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် အတတ်နိုင်ဆုံး ညင်သာစွာ ဆက်ဆံပေးနေရ၏။
အစပိုင်းကြမ်းတမ်းလိုက်လျှင် နောက်တစ်ခါဆိုတာမျိုး ရဖို့အခွင့်အေရးက မလွယ်တော့ဘူးဆိုတာ သိထားသည်။
နှစ်ယောက်လုံးက သာယာမှုရဲ့ အရသာကို အပြည့်အဝခံစားမိနေကြပြီ။
အပေါ်မှအုပ်မိုးနေရာမှ ဘေးသို့ လှဲချလိုက်တော့ သလင်း ရင်ထဲဟာသွားရ၏။
ထို့နောက် မောင်သည် သလင်း၏ကျောဘက်တွင်နေရာယူကာ ဆက်ပြီးအရှိန်ကောင်းကောင်းဖြင့် ခါးကိုလှုပ်ရှားနေဆဲ။
'' ဟာ့...အင့်..''
လက်ကလည်း သလင်း၏အငယ်ကောင်းလေးအား ပွတ်တိုက်ပေးနေသည်။
'' အင့်...မောင်....အာ့...ကိုယ်..ပြီး...ပြီးတော့မယ် ''
'' အင်း ခဏ...အား...အတူတူပြီးမယ် ''
ပြောလည်းပြော ခါးရဲ့လှုပ်ရှားမှုကို အရှိန်တင်လိုက်ပြီး မကြာခင်မှာပဲ နှစ်ယောက်စလုံး ခံစားမှုအထွတ်အထိပ်ကိုကျော်ကာ ပြီးဆုံးခြင်းသို့ရောက်သွားခဲ့ပြီ။
ရင်ဖိုလှိုက်မောနေပုံရသည့် သလင်းရဲ့ကျောပြင်လေးကို မောင်ကအနမ်းတစ်ချက်ပေးလိုက်ပြီး
'' ခဏနားလိုက်ဦး အချစ်၊ ခဏနေ ရေချိုးပြီး နေ့လယ်စာသွားစားကြမယ် ''
စကားပြန်မဖြေသော်လည်း လက်ခံလိုက်သည်ဟု သွေးသစ်မှတ်ယူလိုက်ပြီး သလင်းအားတင်းနေအောင် ဖက်ထားလိုက်သကဲ့သို့ သလင်းဟာလည်း သွေးသစ်ရင်ခွင်ထဲသို့ အတင်းတိုးဝင်နေလေရဲ့...။
( ဘယ်အချိန်ဖြစ်ဖြစ် ချစ်သူ့ရင်ခွင်ထက်မှာ ခိုဝင်မှေးစက်လိုက်ရတဲ့ အချိန်ခဏတာလေးဟာ ရင်ခုန်ရဆုံးနှင့် ကြည်နူးရဆုံးအချိန်ပင်ဖြစ်လေသည်။ )
------------------------------------------------------------------------
ညနေ နေဝင်ရီတရော အချိန်လေးမှာ ကျယ်ပြန့်လှသည့် ပင်လယ်ပြင်ကြီးကို ဖြတ်သန်းတိုက်ခတ်လာသည့် လေညှင်းသဲ့သဲ့က လတ်ဆတ်မှုအပြည့်ရှိလှသည်။
ထိုလေညှင်းတို့လာရာဘက်ကို မျက်နှာမူကာ ကမ်းစပ်နားတွင် ထိုင်နေကြသည့် သွေးသစ်နှင့်သလင်းတို့မှာလည်း ရင်ခုန်ကြည်နူးမှုအပြည့်နှင့်။
သူတို့နှစ်ဦးလုံး၏ ပထမဆုံးသော ချစ်သူနှင့်အတူထွက်ရသည့်ခရီးဖြစ်လေသည်။
'' သလင်း...လာလေ၊ ရေထဲမဆင်းဘူးလား ''
ဘုန်းသာလျှံက ရေထဲမှနေကာ လက်ဝှေ့ရမ်းပြရင်း လှမ်းခေါ်နေ၏။
' အလိုက်ကမ်းဆိုး မသိဘဲ လှမ်းခေါ်နေသေးတယ် ' ဟု စိတ်ထဲမှ ပြောလိုက်ပေမယ့် အပြင်မှာတော့
'' ခဏနေမှ ဆင်းတော့မယ် '' ဟု ပြောရင်း လက်လှမ်းပြလိုက်ရသည်။
'' ဆင်းမလား အချစ် ''
ဟု ဘေးမှာထိုင်နေသည့် သွေးသစ်က ရယ်ကျဲကျဲဖြင့်ပြောလိုက်တော့ သလင်းက တံတောင်ဖြင့်တွတ်လိုက်သည်။
'' သူမခံစားရတိုင်း...''
'' ဟမ် ဘာပြောတာ ''
ဟုဆိုကာ သွေးသစ်က ထရပ်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ပြေးသွားကာ
'' အချစ် ဘာဖြစ်တာ၊ နာနေတာ ဟုတ်လား ''
ဟု အော်မေးနေလေ၏။
သလင်း ဒေါသစိတ်ဖြင့် ရှက်ကိုးရှက်ကမ်းထလာပြီး သွေးသစ်နောက်ပြေးလိုက်လေသည်။
သိပ်မပြေးလိုက်ရဘဲ ခပ်လှမ်းလှမ်းအရောက် သဲထဲခြေကျွံကာ ခြေခေါက်လဲလေသည်။
သွေးသစ်လည်း အမြန်ပြေးလာပြီး သလင်းအား ပွေ့သယ်လိုက်ပြီး ရေထဲပြေးဆင်းလေ၏။
ပွေ့ချီခံထားရသည့်သလင်းကတော့ ရေထဲမဆင်းဘူးဟု အသည်းအသန်ရုန်းကန်နေ၏။
ခါးထိရောက်သော ရေနက်ပိုင်းလောက်တွင် ရပ်လိုက်ပြီး သလင်းအားရေထဲဆင်းခိုင်းတော့ သလင်းက ရေထဲမဆင်းသည့်အပြင် လက်နှစ်ဖက်ရော၊ ခြေနှစ်ဖက်လုံးပါ အသုံးပြုပြီး သွေးသစ်အား တွယ်ဖက်ထားလိုက်သည်။
မတတ်နိုင်တော့တဲ့အဆုံး သွေးသစ်သည် သလင်းအားချီလျက်သားဖြင့် ရေထဲဒူးထောက်ထိုင်ချလိုက်၏။
ခါးလောက်ရောက်သောရေက အခုလိုထိုင်ချလိုက်တော့ နှစ်ယောက်စလုံး၏ လည်ပင်းနားထိတိုင်ရောက်သွားသည်။
သလင်းလည်း မထူးတော့ဘူးဟုဆိုကာ ဆင်းလိုက်ရတော့၏။
သွေးသစ် သလင်း၏ကျောဘက်မှနေရာယူကာ သလင်းရဲ့ပခုံးပေါ် မေးတင်လိုက်ပြီး နားနားကပ်ကာ
'' ဘယ်လိုလဲ စပ်လား ''
ဟု မေးလိုက်တော့ ခေါင်းခါပြသည်။
'' ပြောသားပဲ၊ မစပ်ပါဘူးလို့ ''
'' ပင်လယ်ရေက ဆားငန်ရေတွေလေ၊ ကိုယ်က ဟိုဟာဖြစ်ထားတော့ စပ်မယ်ထင်တာပေါ့ ''
'' ဟုတ်လား၊ ဘယ်ဟာဖြစ်ထားတာလဲ ''
'' သိရဲ့သားနဲ့ လာမေးမနေနဲ့ ''
'' သိပေမယ့် အချစ်ပြောတာလေး၊ ကြားချင်လို့ပါ ''
'' -င်ကွဲနေတာဟေ့ သိပြီလား ''
'' ဟားဟား...''
လှောင်ရယ်,ရယ်နေသည့် သွေးသစ်၏ နှုတ်ခမ်းကို သလင်းက ကုန်းကိုက်လိုက်၏။
အခွင့်အရေးကိုအမိအရယူကာ သွေးသစ်က ပြန်နမ်းလိုက်တော့ သလင်းက ရပ်လိုက်ပြီး
'' လူတွေရှိတယ် ''
'' ဘယ်သူက မောင်တို့ကို ဂရုစိုက်နေလို့လဲ ''
သွေးသစ်ပြောလိုက်သည့် စကားကြောင့် သလင်း ပတ်ဝန်းကျင်အား အကဲခတ်လိုက်၏။
မလှမ်းမကမ်းတွင် နေ့သစ်နှင့်မင်းသန့်ကိုကိုတို့က တစ်ယောက်ကိုဘောကွင်းတစ်ခုစီနှင့် သာသာယာယာရှိနေကြ၏။
နောက်တစ်နေရာမှာတော့ ဘောကွင်းပေါ်မှ သံစဥ့်အား ရေထဲမှ ဘုန်းသာလျှံက ဘာတွေပြောနေလဲမသိ။
'' တွေ့လား...မောင်တို့ကို ဘယ်သူမှ သတိမထားမိပါဘူး ''
'' အဲ့တော့.....''
'' အဲ့တော့.......နမ်းရမှာပေါ့ဗျာ ''
သွေးသစ် သလင်းရဲ့ဒူးလောက်ကနေကောက်ချီကာ မတ်တပ်ရပ်လိုက်တော့ သလင်းရဲ့လက်က သွေးသစ်ပခုံးတွေပေါ်ထောက်ထားလိုက်သည်။
'' မောင့်ကို ကိုယ့်အသက်ထက်မက ချစ်တယ်၊ ဒါကိုယ့်ရဲ့ အရိုးရှင်းဆုံး ချစ်စကားပဲ၊ မောင့်တစ်ယောက်ထဲအတွက် ''
'' အချစ် ဆီကကြားရတဲ့ စကားလုံးမှန်သမျှက မောင့်အတွက်တော့ မရိုးရှင်းဘူး၊ တစ်မျိုးမဟုတ်တစ်မျိုး ဆန်းပြားနေတတ်တယ်၊ အချစ်ရဲ့အာနိသင်တွေနေမှာပေါ့ဗျာ....''
'' တော်တော်တတ်နေတာပေါ့လေ ''
'' တတ်တာပေါ့ဗျာ ''
'' အတတ်လွန်နေတဲ့သူကို အပြစ်ပေးရမှာပေါ့ ''
'' ဘယ်လိုအပြစ်လဲ ''
'' ဒီလိုလေ...''
သလင်း သွေးသစ်ပေါ်မှ ဆင်းလိုက်ပြီး သွေးသစ်ရဲ့လည်ပင်းကိုသိုင်းဖက်လိုက်ပြီး နှုတ်ခမ်းချင်းထပ်လိုက်၏။
နှလုံးသားဆီမှ ထွက်ပေါ်လာသည့် ရင်ခုန်သံ တဒုံးဒုံးနှင့်လိုက်ဖက်စွာ ပင်လယ်ကြီးဆီမှ ထွက်ပေါ်နေသည့် လှိုင်းပုတ်သံ တဝုန်းဝုန်းတို့က စည်းချက်ညီညီ ထွက်ပေါ်နေလေရဲ့...........။
~~~~~~~~~~~~~~~~~~<<<>>>~~~~~~~~~~~~~~~~~~~~~
( 27.6.2021 )
{ Zawgyi Version }
'' ကဲ...အားလုံး ထကြတော့ ''
'' ဝါး...ဟင်...ဦး ရောက်ပြီလား ''
'' ဟုတ် ''
'' ဟေ့ကောင်တွေ...ထဦးဟ...ထ ထ ''
'' ဟာ..''
'' အမလေး...''
'' သြော် အခုတော့ ဒီလိုပြန်ပြောနေပြီပေါ့၊ 'ဟုတ်ကဲ့ ဘော့စ်' ဆိုတဲ့ အရင်က သလင်းနွကေ ဘယ်ရောက်သွားပြီလဲ ''
.
.
.
'' အို,အို ''
.
.
.
'' သွားရအောင် အချစ် ''
'' အချစ်....''
'' အွန်း.....''
.
.
.
'' အချစ်...ဒီမှာကြည့် ''
'' ဟာ....ဘယ်လိုလုပ်..''
'' ဒေါက်.....ဒေါက်......ဒေါက်....''
'' ကျွတ်စ်...ဘယ်သူလဲကွာ ''
'' ဘာလာလုပ်တာလဲ ''
'' ............. ''
'' သိပ်ချစ်တာပဲ အချစ်ရာ ''
'' အင်း....မောင်သိတယ် ''
'' အိုး..အား...ချစ် ''
'' အင့်...မောင်..အာ့ ''
အစပိုင်းကြမ်းတမ်းလိုက်လျှင် နောက်တစ်ခါဆိုတာမျိုး ရဖို့အခွင့်အရေးက မလွယ်တော့ဘူးဆိုတာ သိထားသည်။
'' ဟာ့...အင့်..''
------------------------------------------------------------------------
'' ဆင်းမလား အချစ် ''
'' သူမခံစားရတိုင်း...''
'' ဟမ် ဘာပြောတာ ''
ဟု အော်မေးနေလေ၏။
'' ဘယ်လိုလဲ စပ်လား ''
'' ဟားဟား...''
'' လူတွေရှိတယ် ''
'' အဲ့တော့.....''
'' တတ်တာပေါ့ဗျာ ''
'' ဘယ်လိုအပြစ်လဲ ''
'' ဒီလိုလေ...''
နှလုံးသားဆီမှ ထွက်ပေါ်လာသည့် ရင်ခုန်သံ တဒုံးဒုံးနှင့်လိုက်ဖက်စွာ ပင်လယ်ကြီးဆီမှ ထွက်ပေါ်နေသည့် လှိုင်းပုတ်သံ တဝုန်းဝုန်းတို့က စည်းချက်ညီညီ ထွက်ပေါ်နေလေရေဲ့......။
~~~~~~~~~~~~~~~~~~<<<>>>~~~~~~~~~~~~~~~~~~~~~