Believe ! I really fall in lo...

By Zuri-Ju

249K 20.1K 387

- Yizhan / BJYX - ~ဘယ်ချိန်တည်းကလဲဆိုတာ ငါမသိဘူးရှောင်းကျန့် ဒါပေမယ့် ငါမင်းကို တကယ်ချစ်မိသွားတာပါ ငါမင်းကိုတ... More

အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃) [Final]

အပိုင်း (၁)

24.2K 995 6
By Zuri-Ju

[Unicode]

ဥသြငှက်ရဲ့တွန်သံလေးတွေကတဖြေးဖြေးပျောက်ကွယ်လာပီ လေပွေလေရူးတွေရဲ့တိုက်ခတ်မှုကလျော့ရဲလာပြီ နွေရာသီကလည်းတဖြေးဖြေးကုန်ဆုံးလာပြီ
နွေကျောင်းပိတ်ရက်လေးတွေကိုတရွေ့ရွေ့ကုန်လွန်လို့ ကျောင်းဖွင့်ချိန်လေးကစောင့်ကြိုနေလေရဲ့
ဒီနေ့က ကျောင်းပြန်ဖွင့်တဲ့နေ့ ကျောင်းခန်းထဲမှာကျောင်းသားတွေကဟိုတစ်စု ဒီတစ်စုနဲ့ ကျောင်းပိတ်ရက်တွေကိုဘယ်လိုဘယ်ပုံဖြတ်သန်းခဲ့ကြကြောင်းကို အပြန်အလှန် ​ေ၀မျှနေကြတယ် စာသင်ခန်းလေးက လက်ပံပင်ဇရက်ကျဆိုသလို ပွက်လောရိုက်ဆူညံလို့ပေါ့
အဲ ~အဲ့ဒီစာကလေးတွေလိုတကျိကျိနဲ့မရပ်မနား မမောတမ်းစကားတွေပြောနေကြတဲ့ထဲမှာ '၀မ်ရိပေါ်'ဆိုတဲ့ မာနမင်းသားလေးတော့မပါဘူး
၀မ်ရိပေါ်က အထက်တန်းဒုတိယနှစ် ရုပ်ရည်ချောမောရုံမက စာလည်းတော် အားကစားဆိုလည်းထိပ်ဆုံးကရပ်တည်နေတဲ့ ကျောင်းရဲ့ကြယ်ပွင့်လေး အဲ့ဒီကျောင်းရဲ့ကြယ်ပွင့်လေးက သိပ်လည်းမာနကြီးသလို ချေတာလည်းလွန်ရော ပြိုင်ဆိုင်လိုစိတ်လည်းကြီးပြီး အရာရာသူသာနေမှကျေနပ်တယ် အပေါင်းအသင်းဆိုလည်း သူနဲ့တန်းတူလောက်သူမျိုးမှရွေးပေါင်းတတ်သေးတာ တစ်သီးတစ်သန့်လည်းနေတတ်သလို မျက်နှာထားကလည်း တစ်လောကလုံးက သူ့လုပ်စာထိုင်စားနေသလိုမျိုး

"ရိပေါ် မင်းရောကျောင်းပိတ်ရက်မှာဘာတွေလုပ်နေလဲ"

ရိပေါ်ရဲ့သူငယ်ချင်းအရင်းကြီးနှစ်ယောက်တည်းကတစ်ယောက်
ယွီပင်းက ဟောက်ရွှမ်းနဲ့ ကျောင်းပိတ်ရက်အကြောင်း​ေ၀မျှပြီးသွားပုံပဲ ခုတော့ရိပေါ်ဘက်လှည့်လာပီ ရိပေါ်မှာသူငယ်ချင်းဆိုလို့ အဲ့ဒီယွီပင်းနဲ့ဟောက်ရွှမ်းပဲရှိတယ်

"ဒီတိုင်းပဲ"

ရိပေါ်ကပြောပြီး လက်ထဲကphကိုအာရုံပြန်ပြုတယ်
ယွီပင်းနဲ့ဟောက်ရွှမ်းကတော့ ရိပေါ်ကို စိတ်လေတယ်ဆိုတဲ့အကြည့်နဲ့ကြည့်လို့ အကြောင်းမရှိအကြောင်းရှာပြီး ဟိုဟိုဒီဒီတွတ်ထိုးကြပြန်တယ်

ကျောပိုးအိတ်ကိုပုခုံးတစ်ဖက်တင်လွယ်လို့ ကပိုကရိုပုံစံနဲ့လူတစ်ယောက်က အတန်းထဲ၀င်လာတော့ ရိပေါ်တချက်လှမ်းကြည့်မိတယ် 'ဒီလူကို အမြင်ကပ်လိုက်တာ'
ဟုတ်တယ် ရိပေါ်အဲ့လူကိုအမြင်ကပ်တယ် မေးရိုးထင်းထင်း မျက်နှာထားတည်တည်နဲ့ နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားတဲ့အဲ့လူကို သူကြည့်မရဘူး အဲ့လူက အသားရည်ကြည်လင်ပြီးအညိုဘက်နည်းနည်းသမ်းတယ် မျက်တောင်စိပ်စိပ်တွေနဲ့မျက်လုံးကြည်ကြည်လေးတွေရှိတယ် အရပ်က အင်း အရင်ကထက်တော်တော်လေးပိုရှည်လာတယ် ရိပေါ်ကတစ်လောကလုံး သူ့လုပ်စာထိုင်စားနေသလိုရုပ်နဲ့ငချေဆို အဲ့လူကငါ့လာထိရင်မီးပွင့်သွားမယ်ဆိုတဲ့ပုံနဲ့ဂျစ်တစ်တစ်ငချေပဲ အဲ့လူကအပေါင်းသင်းလည်းရှိပုံမပေါ်ဘူး အဲ့လိုကပိုကရိုဂျစ်တစ်တစ်မျက်နှာထားနဲ့အမြဲတစ်ယောက်တည်း အဲ့လူနာမည်က ရှောင်းကျန့်တဲ့ ခပ်ချေချေမာနမင်းသားလေးက ဒီလိုလူတစ်ယောက်အကြောင်းကို ဘာလို့ဒီလောက်သိနေရတာလဲဆိုတာ နည်း"တော့တွေးတောစရာပဲ မူလတန်းကနေအထက်တန်းနောက်ဆုံးနှစ်ထိတစ်ခန်းထဲတူတူနေခဲ့ရတဲ့လူတစ်ယောက်အကြောင်းကို ဒီလောက်တော့သိသင့်တယ်မလား မူလတန်းတည်းကအဲ့လူနှုတ်ခမ်းအောက်က အမဲရောင်အစက်အပြောက်ကလေးကို စသတိထားမိတာကိုတော့မသိချင်ယောင်ဆောင်ထားမယ်
ပြီးတော့အဲ့လူက စာဆိုလည်းအမြဲနောက်ဆုံးမှာ ရိပေါ်နဲ့ဆန့်ကျင်ဘက်ပဲ ရိပေါ်ကအဲ့လိုလူတွေနဲ့အပေါင်းသင်းမလုပ်ချင်ဘူး ဂုဏ်တူအဆင့်တူတာမျိုးနဲ့ပဲ အပေါင်းသင်းလုပ်မယ့် အဆင့်တန်းခွဲတတ်တဲ့ကောင်လေး

ရှောင်းကျန့်အတန်းထဲ၀င်လာပြီး ထောင့်မှာရှိနေတဲ့နောက်ဆုံးခုံလေးကိုသွားထိုင်လိုက်တယ် သူကနှစ်တိုင်း ဒီလိုဂျောင်ကျကျထောင့်ခုံနေရာကိုပဲထိုင်နေကျ
ရှောင်းကျန့် ခုံပေါ်နေရာတကျထိုင်လိုက်ပြီး စာသင်ခုံပေါ်လက်နှစ်ဖက်ကိုယှက်လို့ အဲ့လက်နှစ်ဖက်ပေါ် ခေါင်းလေးစောင်းအိပ်လိုက်ရင်း တစ်စုံတစ်ယောက်ကို ခပ်ငေးငေးလှမ်းကြည့်မိတယ် သူငေးနေတဲ့တစ်စုံတစ်ယောက်ကတော့ အတန်းရဲ့အလယ်role ဒုတိယခုံမှာ စမတ်ကျကျထိုင်လို့phသုံးနေလေရဲ့
အင်း ပါးဖောင်းဖောင်းလေးတွေမရှိတော့ဘူး ဒီကျောင်းပိတ်ရက်အတွင်းတော်တော်လေးလည်းထွားလာတယ် အသားအရေကဖြူဥပြီး သွေးကြောစိမ်းစိမ်းတွေထောင်နေတာကိုတောင်မြင်နေရတယ် အရင်ကလိုပါးဖောင်းဖောင်းလေးတွေမရှိတော့ ပိုပြီးလူကြီးဆန်လာတယ် နှာခေါင်းလုံးလုံးလေးကတော့ အသည်းယားစရာကောင်းတုန်း လည်စိကလည်းထင်းနေရောပဲ
ရှောင်းကျန့်ငေးနေတဲ့ အဲ့ဒီတစ်စုံတစ်ယောက်ကတော့ ၀မ်ရိပေါ်ပါ ရှောင်းကျန့်ကရိပေါ်ကိုမူလတန်းစတက်တည်းကသတိထားမိပြီး သူငယ်ချင်းဖြစ်ချင်ခဲ့တာ ဒါပေမယ့် ရိပေါ်ကသူနဲ့သူငယ်ချင်းဖြစ်ချင်ပုံတော့မရဘူး အင်းလေ ရိပေါ်ကကျောင်းရဲ့ထိပ်ဆုံး သူကကျောင်းရဲ့ဘိတ်ဆုံး ခပ်တုံးတုံးကျောင်းသားကိုး ဘယ်ပေါင်းချင်မလဲလေ
'ရိပေါ်က ဒီပိတ်ရက်အတွင်း ယောကျာ်းဆန်ပြီး ထွားလာတယ် တကယ့်ကိုအားကိုးချင်စရာအကိုကြီးပဲ ဟိ'
ရှောင်းကျန့်သူ့အတွေးနဲ့သူ ယှက်ထားတဲ့လက်နှစ်ဖက်ပေါ် ခေါင်းမှောက်လို့ အသံတိတ်ရယ်မိတယ်
အခုသူ့မျက်လုံးထဲမှာ ရိပေါ်ကို တကယ့်အကိုကြီးတစ်ယောက်လို့မြင်နေမိတယ် သူကသာဖွံ့ဖြိုးမလာတဲ့ကလေးတစ်ယောက်လိုမျိုး ကလေးအရွယ်မှာရပ်နေသလိုပဲလို့လည်းခံစားမိသေး ရှောင်းကျန့်က မှန်မကြည့်မိဘူးထင်ပါရဲ့လေ ~

ကျောင်းဆင်းချိန်ရောက်တော့ ကျောင်းထဲကနေ ကျောင်းသားတွေဟိုတစ်စု ဒီတစ်စုထွက်လာကြတယ်
ရှောင်းကျန့်လည်း ရိပေါ်ကိုတစ်ချက်လှမ်းငေးပြီး ဦးလေးမု စောင့်နေမယ့်နေရာဆီလျှောက်လာလိုက်တယ်

"ဦးလေးမု"

"သားကျန့် ဘယ်၀င်စရာရှိသေးလဲ"

"မရှိဘူး ဦးလေးမု အိမ်ပဲတန်းပြန်မယ်"

"ဟုတ်ပြီ ဟုတ်ပြီ ကလေး"

ဦးလေးမုက ရှောင်းကျန့်ကို ကျောင်းအပို့အကြိုလုပ်ပေးတဲ့ driver
အိမ်ကdriverဆိုပြီးလည်း ရှောင်းကျန့်ကခွဲခြားတာမျိုးမရှိဘူး ခင်ခင်မင်မင်ပ​ဲ ရှောင်းကျန့်ရဲ့အိမ်မှာပြုမူနေထိုင်တဲ့ပုံနဲ့ ကျောင်းမှာပြုမှုပုံက လုံး၀တစ်ခြားစီ ရှောင်းကျန့်က ကားပေါ်ရောက်တာနဲ့ မျက်နှာဖုံးခွာချလိုက်သလိုပဲ တစ်ပြုံးပြုံးနဲ့ ယုန်သွားလေးတွေတောင်ပေါ်လို့

တစ်ဖက်ကရိပေါ်ကိုတော့ သူ့ပါးပါးနဲ့မားမားက ကိုယ်တိုင်လာကြိုသတဲ့ ရိပေါ်က၀မ်အိမ်ရဲ့အသည်းအသက်ကလေး ၀မ်ပါးပါးရောမားမားရောက ချစ်လိုက်တာမှတုန်လို့ စိတ်သဘောထားကလည်းကောင်းကြတယ် အဆင့်အတန်းလည်းမခွဲခြားတတ်ဖူး ၀မ်မားမားက ရိပေါ်ကို မာနမကြီးဖို့အမြဲပြောပေမယ့် ရိပေါ်ကတော့မရဘူး အဆင့်တူမှပေါင်းတတ်တယ်တဲ့လေ
၀မ်ရိပေါ်က အဆိုးလေး ~

[Zawgyi]

ဥၾသငွက္ရဲ႕တြန္သံေလးေတြကတေျဖးေျဖးေပ်ာက္ကြယ္လာပီ ေလေပြေလ႐ူးေတြရဲ႕တိုက္ခတ္မႈကေလ်ာ့ရဲလာၿပီ ေႏြရာသီကလည္းတေျဖးေျဖးကုန္ဆုံးလာၿပီ
ေႏြေက်ာင္းပိတ္ရက္ေလးေတြကိုတေ႐ြ႕ေ႐ြ႕ကုန္လြန္လို႔ ေက်ာင္းဖြင့္ခ်ိန္ေလးကေစာင့္ႀကိဳေနေလရဲ႕
ဒီေန႔က ေက်ာင္းျပန္ဖြင့္တဲ့ေန႔ ေက်ာင္းခန္းထဲမွာေက်ာင္းသားေတြကဟိုတစ္စု ဒီတစ္စုနဲ႔ ေက်ာင္းပိတ္ရက္ေတြကိုဘယ္လိုဘယ္ပုံျဖတ္သန္းခဲ့ၾကေၾကာင္းကို အျပန္အလွန္ ​ေ၀မွ်ေနၾကတယ္ စာသင္ခန္းေလးက လက္ပံပင္ဇရက္က်ဆိုသလို ပြက္ေလာ႐ိုက္ဆူညံလို႔ေပါ့
အဲ ~အဲ့ဒီစာကေလးေတြလိုတက်ိက်ိနဲ႔မရပ္မနား မေမာတမ္းစကားေတြေျပာေနၾကတဲ့ထဲမွာ '၀မ္ရိေပၚ'ဆိုတဲ့ မာနမင္းသားေလးေတာ့မပါဘူး
၀မ္ရိေပၚက အထက္တန္းဒုတိယႏွစ္ ႐ုပ္ရည္ေခ်ာေမာ႐ုံမက စာလည္းေတာ္ အားကစားဆိုလည္းထိပ္ဆုံးကရပ္တည္ေနတဲ့ ေက်ာင္းရဲ႕ၾကယ္ပြင့္ေလး အဲ့ဒီေက်ာင္းရဲ႕ၾကယ္ပြင့္ေလးက သိပ္လည္းမာနႀကီးသလို ေခ်တာလည္းလြန္ေရာ ၿပိဳင္ဆိုင္လိုစိတ္လည္းႀကီးၿပီး အရာရာသူသာေနမွေက်နပ္တယ္ အေပါင္းအသင္းဆိုလည္း သူနဲ႔တန္းတူေလာက္သူမ်ိဳးမွေ႐ြးေပါင္းတတ္ေသးတာ တစ္သီးတစ္သန္႔လည္းေနတတ္သလို မ်က္ႏွာထားကလည္း တစ္ေလာကလုံးက သူ႕လုပ္စာထိုင္စားေနသလိုမ်ိဳး

"ရိေပၚ မင္းေရာေက်ာင္းပိတ္ရက္မွာဘာေတြလုပ္ေနလဲ"

ရိေပၚရဲ႕သူငယ္ခ်င္းအရင္းႀကီးႏွစ္ေယာက္တည္းကတစ္ေယာက္
ယြီပင္းက ေဟာက္႐ႊမ္းနဲ႔ ေက်ာင္းပိတ္ရက္အေၾကာင္း​ေ၀မွ်ၿပီးသြားပုံပဲ ခုေတာ့ရိေပၚဘက္လွည့္လာပီ ရိေပၚမွာသူငယ္ခ်င္းဆိုလို႔ အဲ့ဒီယြီပင္းနဲ႔ေဟာက္႐ႊမ္းပဲ႐ွိတယ္

"ဒီတိုင္းပဲ"

ရိေပၚကေျပာၿပီး လက္ထဲကphကိုအာ႐ုံျပန္ျပဳတယ္
ယြီပင္းနဲ႔ေဟာက္႐ႊမ္းကေတာ့ ရိေပၚကို စိတ္ေလတယ္ဆိုတဲ့အၾကည့္နဲ႔ၾကည့္လို႔ အေၾကာင္းမ႐ွိအေၾကာင္း႐ွာၿပီး ဟိုဟိုဒီဒီတြတ္ထိုးၾကျပန္တယ္

ေက်ာပိုးအိတ္ကိုပုခုံးတစ္ဖက္တင္လြယ္လို႔ ကပိုက႐ိုပုံစံနဲ႔လူတစ္ေယာက္က အတန္းထဲ၀င္လာေတာ့ ရိေပၚတခ်က္လွမ္းၾကည့္မိတယ္ 'ဒီလူကို အျမင္ကပ္လိုက္တာ'
ဟုတ္တယ္ ရိေပၚအဲ့လူကိုအျမင္ကပ္တယ္ ေမး႐ိုးထင္းထင္း မ်က္ႏွာထားတည္တည္နဲ႔ ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့ထားတဲ့အဲ့လူကို သူၾကည့္မရဘူး အဲ့လူက အသားရည္ၾကည္လင္ၿပီးအညိဳဘက္နည္းနည္းသမ္းတယ္ မ်က္ေတာင္စိပ္စိပ္ေတြနဲ႔မ်က္လုံးၾကည္ၾကည္ေလးေတြ႐ွိတယ္ အရပ္က အင္း အရင္ကထက္ေတာ္ေတာ္ေလးပို႐ွည္လာတယ္ ရိေပၚကတစ္ေလာကလုံး သူ႕လုပ္စာထိုင္စားေနသလို႐ုပ္နဲ႔ငေခ်ဆို အဲ့လူကငါ့လာထိရင္မီးပြင့္သြားမယ္ဆိုတဲ့ပုံနဲ႔ဂ်စ္တစ္တစ္ငေခ်ပဲ အဲ့လူကအေပါင္းသင္းလည္း႐ွိပုံမေပၚဘူး အဲ့လိုကပိုက႐ိုဂ်စ္တစ္တစ္မ်က္ႏွာထားနဲ႔အၿမဲတစ္ေယာက္တည္း အဲ့လူနာမည္က ေ႐ွာင္းက်န္႔တဲ့ ခပ္ေခ်ေခ်မာနမင္းသားေလးက ဒီလိုလူတစ္ေယာက္အေၾကာင္းကို ဘာလို႔ဒီေလာက္သိေနရတာလဲဆိုတာ နည္း"ေတာ့ေတြးေတာစရာပဲ မူလတန္းကေနအထက္တန္းေနာက္ဆုံးႏွစ္ထိတစ္ခန္းထဲတူတူေနခဲ့ရတဲ့လူတစ္ေယာက္အေၾကာင္းကို ဒီေလာက္ေတာ့သိသင့္တယ္မလား မူလတန္းထဲကအဲ့လူႏႈတ္ခမ္းေအာက္က အမဲေရာင္အစက္အေျပာက္ကေလးကို စသတိထားမိတာကိုေတာ့မသိခ်င္ေယာင္ေဆာင္ထားမယ္
ၿပီးေတာ့အဲ့လူက စာဆိုလည္းအၿမဲေနာက္ဆုံးမွာ ရိေပၚနဲ႔ဆန္႔က်င္ဘက္ပဲ ရိေပၚကအဲ့လိုလူေတြနဲ႔အေပါင္းသင္းမလုပ္ခ်င္ဘူး ဂုဏ္တူအဆင့္တူတာမ်ိဳးနဲ႔ပဲ အေပါင္းသင္းလုပ္မယ့္ အဆင့္တန္းခြဲတတ္တဲ့ေကာင္ေလး

ေ႐ွာင္းက်န္႔အတန္းထဲ၀င္လာၿပီး ေထာင့္မွာ႐ွိေနတဲ့ေနာက္ဆုံးခုံေလးကိုသြားထိုင္လိုက္တယ္ သူကႏွစ္တိုင္း ဒီလိုေဂ်ာင္က်က်ေထာင့္ခုံေနရာကိုပဲထိုင္ေနက်
ေ႐ွာင္းက်န္႔ ခုံေပၚေနရာတက်ထိုင္လိုက္ၿပီး စာသင္ခုံေပၚလက္ႏွစ္ဖက္ကိုယွက္လို႔ အဲ့လက္ႏွစ္ဖက္ေပၚ ေခါင္းေလးေစာင္းအိပ္လိုက္ရင္း တစ္စုံတစ္ေယာက္ကို ခပ္ေငးေငးလွမ္းၾကည့္မိတယ္ သူေငးေနတဲ့တစ္စုံတစ္ေယာက္ကေတာ့ အတန္းရဲ႕အလယ္role ဒုတိယခုံမွာ စမတ္က်က်ထိုင္လို႔phသုံးေနေလရဲ႕
အင္း ပါးေဖာင္းေဖာင္းေလးေတြမ႐ွိေတာ့ဘူး ဒီေက်ာင္းပိတ္ရက္အတြင္းေတာ္ေတာ္ေလးလည္းထြားလာတယ္ အသားအေရကျဖဴဥၿပီး ေသြးေၾကာစိမ္းစိမ္းေတြေထာင္ေနတာကိုေတာင္ျမင္ေနရတယ္ အရင္ကလိုပါးေဖာင္းေဖာင္းေလးေတြမ႐ွိေတာ့ ပိုၿပီးလူႀကီးဆန္လာတယ္ ႏွာေခါင္းလုံးလုံးေလးကေတာ့ အသည္းယားစရာေကာင္းတုန္း လည္စိကလည္းထင္းေနေရာပဲ
ေ႐ွာင္းက်န္႔ေငးေနတဲ့ အဲ့ဒီတစ္စုံတစ္ေယာက္ကေတာ့ ၀မ္ရိေပၚပါ ေ႐ွာင္းက်န္႔ကရိေပၚကိုမူလတန္းစတက္တည္းကသတိထားမိၿပီး သူငယ္ခ်င္းျဖစ္ခ်င္ခဲ့တာ ဒါေပမယ့္ ရိေပၚကသူနဲ႔သူငယ္ခ်င္းျဖစ္ခ်င္ပုံေတာ့မရဘူး အင္းေလ ရိေပၚကေက်ာင္းရဲ႕ထိပ္ဆုံး သူကေက်ာင္းရဲ႕ဘိတ္ဆုံး ခပ္တုံးတုံးေက်ာင္းသားကိုး ဘယ္ေပါင္းခ်င္မလဲေလ
'ရိေပၚက ဒီပိတ္ရက္အတြင္း ေယာက်ာ္းဆန္ၿပီး ထြားလာတယ္ တကယ့္ကိုအားကိုးခ်င္စရာအကိုႀကီးပဲ ဟိ'
ေ႐ွာင္းက်န္႔သူ႕အေတြးနဲ႔သူ ယွက္ထားတဲ့လက္ႏွစ္ဖက္ေပၚ ေခါင္းေမွာက္လို႔ အသံတိတ္ရယ္မိတယ္
အခုသူ႕မ်က္လုံးထဲမွာ ရိေပၚကို တကယ့္အကိုႀကီးတစ္ေယာက္လို႔ျမင္ေနမိတယ္ သူကသာဖြံ႕ၿဖိဳးမလာတဲ့ကေလးတစ္ေယာက္လိုမ်ိဳး ကေလးအ႐ြယ္မွာရပ္ေနသလိုပဲလို႔လည္းခံစားမိေသး ေ႐ွာင္းက်န္႔က မွန္မၾကည့္မိဘူးထင္ပါရဲ႕ေလ ~

ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့ ေက်ာင္းထဲကေန ေက်ာင္းသားေတြဟိုတစ္စု ဒီတစ္စုထြက္လာၾကတယ္
ေ႐ွာင္းက်န္႔လည္း ရိေပၚကိုတစ္ခ်က္လွမ္းေငးၿပီး ဦးေလးမု ေစာင့္ေနမယ့္ေနရာဆီေလွ်ာက္လာလိုက္တယ္

"ဦးေလးမု"

"သားက်န္႔ ဘယ္၀င္စရာ႐ွိေသးလဲ"

"မ႐ွိဘူး ဦးေလးမု အိမ္ပဲတန္းျပန္မယ္"

"ဟုတ္ၿပီ ဟုတ္ၿပီ ကေလး"

ဦးေလးမုက ေ႐ွာင္းက်န္႔ကို ေက်ာင္းအပို႔အႀကိဳလုပ္ေပးတဲ့ driver
အိမ္ကdriverဆိုၿပီးလည္း ေ႐ွာင္းက်န္႔ကခြဲျခားတာမ်ိဳးမ႐ွိဘူး ခင္ခင္မင္မင္ပ​ဲ ေ႐ွာင္းက်န္႔ရဲ႕အိမ္မွာျပဳမူေနထိုင္တဲ့ပုံနဲ႔ ေက်ာင္းမွာျပဳမႈပုံက လုံး၀တစ္ျခားစီ ေ႐ွာင္းက်န္႔က ကားေပၚေရာက္တာနဲ႔ မ်က္ႏွာဖုံးခြာခ်လိုက္သလိုပဲ တစ္ျပဳံးျပဳံးနဲ႔ ယုန္သြားေလးေတြေတာင္ေပၚလို႔

တစ္ဖက္ကရိေပၚကိုေတာ့ သူ႕ပါးပါးနဲ႔မားမားက ကိုယ္တိုင္လာႀကိဳသတဲ့ ရိေပၚက၀မ္အိမ္ရဲ႕အသည္းအသက္ကေလး ၀မ္ပါးပါးေရာမားမားေရာက ခ်စ္လိုက္တာမွတုန္လို႔ စိတ္သေဘာထားကလည္းေကာင္းၾကတယ္ အဆင့္အတန္းလည္းမခြဲျခားတတ္ဖူး ၀မ္မားမားက ရိေပၚကို မာနမႀကီးဖို႔အၿမဲေျပာေပမယ့္ ရိေပၚကေတာ့မရဘူး အဆင့္တူမွေပါင္းတတ္တယ္တဲ့ေလ
၀မ္ရိေပၚက အဆိုးေလး ~

Continue Reading

You'll Also Like

665K 33.6K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
193K 19.1K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.3M 58.8K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...