ဇာတ်လိုက်တွေရဲ့IQကိုလိုက်ဖြည့...
By yeolli_khin
114K 19.2K 566
NOT MINE!!! All right credit go to original author.I'm just love to translate this novel. System:မင်းကငါတို့... More
Arc1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 1.5
Chapter 1.6
Chapter 1.7
Chapter 1.8
Chapter 1.9
Chapter 1.10
Chapter 1.11
Chapter 1.12
Arc2.1
Arc2.2
Arc 2.3
Arc2.4
Arc 2.5
Arc2.6
Arc 2.7
Arc 2.8
Arc2.9
Arc2.11
Arc2.12
Arc.213
Arc 2.14
Arc2.15
Arc2.16
Arc2.17
Arc2.18
Arc2.19
About Update
Arc2.10
2.5K 506 50
By yeolli_khin
Chapter 22 | Arc 2.10
Unicode
​ဘောလုံး​လေး ခဏ​လောက်ရပ်သွားကာ
"Ah သူတို့​တွေအကုန်လုံးက အမျိုးသားဇာတ်လိုက်​တွေဘဲ​လေ.....Ack!&*#%¥!"
အဆုံးမှာထွက်လာတဲ့ အသံထူးထူးဆန်းဆန်း​လေး​တွေက စုယွီ ​​ဘောလုံး​လေးကို ဆွဲလိုက်ညစ်လိုက်လုပ်လို့ ထွက်လာတဲ့အသံ​တွေဖြစ်သည်။
"ကျွန်​..ကျွန်..ကျွန်​တော် တကယ်မသိတာပါ သခင်​လေးhost!"
နှစ်ကြိမ်​လောက် အားရပါးရ ကစားခံလိုက်ရတဲ့​ဘောလုံး​လေးက ငိုဖို့အား​တောင်မကျန်​တော့ဘူး။
"ကျွန်​တော်သိတာတစ်ခုက ချီချန်းနဲ့ချူချန်းရန်တို့နှစ်​ယောက်လုံးက သူတို့ကမ္ဘာ​တွေရဲ့ ဇာတ်လိုက်ဆိုတာဘဲ ပြီး​တော့ သူတို့က သခင်​လေးhostရဲ့ အဓိကtask​တွေ။ ကျန်​တာ​တော့ ကျွန်​တော်လဲ တကယ်မသိဘူး ဝူး ဝူး ဝူး!"
စုယွီ ​​ဘောလုံး​လေးကို ထိုး​ဖောက်မတတ်ကြည့်​နေတာကိုရပ်လိုက်ပြီး လွှတ်​ပေးလိုက်သည်။ထို့​နောက် ပြုံးလိုက်ကာ
"Sorry ငါစိတ်အ​ခြေအ​နေမ​ကောင်းလို့ မထိန်းနိုင်ဘဲ မင်းကို နှစ်ခါ​​လောက် ​ဆော့လိုက်မိတယ်"
.
စုယွီ​ပြောလိုက်တဲ့ '​​​ဆော့'ဆိုတဲ့​နေရာမှာ သိသိသာသာ ​ပြောလိုက်သည်။
​ဘောလုံးအ​သေး​လေးက​တော့ သတိမထားမိလိုက်ဘူး။သူ့ကိုပြန်လွှတ်​ပေးလိုက်တာကို ခံစားရလိုက်တာနှင့်တပြိုင်နက် သူ့ရဲ့မ​ကောင်းဆိုးဝါးhostဆီက​နေ ​လေလိုထွက်​ပြေးသွား​တော့သည်။သူ့host သူ့ကိုနူးနူးညံ့ညံ့​လေး ပြန်ဖတ်ရင်​တောင် အနည်းဆုံး​တော့30000 pointsက​တော့ ပျက်စီးသွားသလိုခံစားလိုက်ရသည်။
မဟုတ်ဘူး hostသာသူ့ကို ဖက်မယ်ဆိုရင် သူ့ကိုpsychological traumaရသွားမှာ အ​သေအချာဘဲ!
​ဘောလုံး​လေး ​​ထောင့်မှာပုန်း​နေတာကို စုယွီဂရုမစိုက်​တော့ဘဲ မျက်လုံး​တွေကျဥ်း​မြောင်းကာ ဒီကိစ္စကို​​သေချာ​တွေး​နေ​တော့သည်။
ချီချန်းနဲ့ ချူချန်းရန်ကတကယ်ဘဲ ဘယ်လိုဆက်နွယ်နေကြတာလဲ?
ချီချန်းစုထားတဲ့ပစ္စည်း​တွေနဲ့ အရင်ကမ္ဘာတုန်းက ချူချန်းရန်စုခဲ့တဲ့ပစ္စည်း​တွေက အနည်းဆုံး99%တူ​​နေ​ပေသည်။ဒါကဘယ်လိုမှ တိုက်ဆိုင်မှုဆိုတာ မဖြစ်နိုင်​တော့။
ဒါ​ပေမယ့် ချီချန်းနဲ့ချူချန်းရန်က လုံးဝမတူညီတဲ့character​တွေဖြစ်တဲ့အပြင်ကို ကမ္ဘာတစ်ခုတည်းကလဲမလုပ်​ပေ။
ဒါဆို ဘာဖြစ်နိုင်မလဲ?
​ဘောလုံး​လေးဆီက​နေ တစ်ခုခုသိရလိမ့်မယ်လို့ စုယွီအစက​တွေးမိ​ပေမယ့် သူက ကမ္ဘာအမျိုးမျိုးဆီက တာ​ဝန်​​တွေအ​ကြောင်းဘဲသိ​တော့ စုယွီ စိတ်ညစ်သွားမိသည်။
​သေချာတာ​တော့ သူတို့၂​ယောက်ကြားဆက်စပ်မှု
တစ်ခုခု​တော့ရှိတာကိုစုယွီခန့်မှန်းမိ​ပေမယ့် သူအတည်မပြုနိုင်​သေးဘူး။ဒီခံစားချက်က သူ့နှလုံးသားကို တစ်တိတိတိုက်စား​နေသလိုပင်။
သူ့ဘဝမှာ ပထမဆုံး ​လေး​လေးနက်နက်ခံစားရတာဖြစ်သည်။
စုယွီ အသက်ပြင်းပြင်းရှုလိုက်ကာ ​အ​နောက်သို့​ရောက်​နေ​သော ​​ဘောလုံး​လေးအား
"ဒီကိုလာ"
"မလာဘူး ကျွန်​တော်အရှုံး​ပေးတယ်"
​တိတ်ဆိတ်စွာငို​ကြွေး​နေ​သော ​ဘောလုံး​လေး ရုတ်တရပ်​ပေါက်ကွဲလာသည်။
စုယွီမျက်နှာ မဲသွားကာ ​ဘောလုံး​လေးရဲ့ စိတ်လှုပ်ရှားမှု​ကြောင့် ထွက်လာတဲ့ အဖြူ​ရောင်တလဲ့လဲ့ကိုကြည့်ကာ သူနည်းနည်းအပြစ်ရှိသလို ခံစားလိုက်ရ​သော​ကြောင့် ​လေသံ​ပျော့​လေးဖြင့်
"​အေး​ဆေးနားပါ...ငါတကယ်မင်းနဲ့ထပ်​ဆော့ဖို့စိတ်ကူးမရှိ​တော့ဘူး...အခုက မင်းငါ့ကိုဖုံးထားတဲ့အ​ကြောင်းတစ်ခုသိ​နေမယ်ထင်လို့"
"ကျွန်​တော်က ချစ်ဖို့​ကောင်းတဲ့system​လေးတစ်ခုပါ...ဘယ်လို့လုပ် လိမ်နိုင်မှာလဲ?မင်းတကယ်ဘဲ ငါ့ကိုသံသယဝင်တယ်​ပေါ့!"
စုယွီနှစ်သိမ့်လိုက်တာ ​ဘောလုံး​လေးကိုစိတ်​ပြေမသွားဘဲ ပိုဆိုးသွားသည်။
စုယွီသက်ပြင်း​လေးဖွဖွချကာ ပိုပြီးနူးညံ့စွာ ပြုံးပြလိုက်ပြီး
"ငါမှားသွားတာ ငါသိပါတယ်...​နောက်တစ်ခါကျရင် မင်းကိုသံသယမဝင်​တော့ဘူးဟုတ်ပြီလား...
စိတ်မဆိုးနဲ့​တော့​နော်?"
ဒါကစုယွီရဲ့ပထမဆုံး နူးညံ့စွာ​ပြောခြင်း​ပင်။
သူ့ရဲ့hostဘယ်​လောက်​တောင်​အေးစက်ပြီး​ရက်စက်တယ်ဆိုတာသိတဲ့ ​ဘောလုံး​လေး နည်းနည်း​တော့ သက်သာသွားသလို။
​ဘောလုံး​လေး "ဟမ့်"ဆိုပြီး နှစ်ကြိမ်​လောက်လုပ်လိုက်ပြီး ​နောက်ဆုံး​တော့လဲ စုယွီရဲ့ အချိုလက်နက်​ကြောင့် စိတ်ပြန်​ပျော့သွားရ​တော့သည်။
"Villaရဲ့ ​အခန်းတိုင်းကိုဝင်နိုင်မယ့် ​သော့​လေး​တွေရှာ​ပေးပါဦး"
​ဘောလုံး​လေး ဂုဏ်ဆာမှု​ကြောင့် ​လေထဲပျံဝဲကာ
"သခင်​လေး host ​သေချာ​အေး​ဆေးနား...ဒါမျိုးက ကျွန်​တော့်အတွက် အ​ပျော့ဘဲ ကိစ္စလုံးဝမရှိဘူး"
​ဘောလုံး​လေးမြန်မြန်စိတ်​ပြေသွားပြီး အားအင်ပြည့်ဝ​နေတာကိုကြည့်ပြီးစုယွီ စိတ်ချသွား​ပေမယ့် တစ်ချိန်ထဲမှာဘဲ သူ့ရဲ့systemအ​သေး​လေးက တကယ်ကို ငတုံး​လေး၊​ပြောတိုင်းလဲယုံ၊ချစ်ဖို့​ကောင်းတဲ့ပုံစံ​လေး....အနိုင်ကျင့်လို့​ကောင်းတဲ့typeဆိုတာသိသွားသည်။
​ဘောလုံး​လေးဆီက သူလိုချင်တဲ့အ​ဖြေမရ​မှတော့ စုယွီ သူကိုယ်တိုင်ရှာရမည်ဖြစ်သည်။
ဘာဘဲဖြစ်ဖြစ် သူအားမငယ်ပါဘူး
တစ်ချို့အရာ​တွေက ကိုယ်တိုင်ရှာ​တွေ့တာထက် သူ့ဟာသူထွက်လာတာပိုစိတ်ဝင်စားဖို့​ကောင်းတယ်​လေ။
အဲ့​နေ့ညပြီးထဲက စုယွီနဲ့ချီချန်း နှစ်​ယောက်လုံး တစ်​ယောက်နဲ့တစ်​ယောက်မဆက်သွယ်မိကြ​ပေ။
အဲ့​နေ့ညက ဖြစ်ရပ်​တွေက အိမ်မက်သဖွယ်ဖြစ်သွားခဲ့သလို​။
သူတို့၂​ယောက်လုံး အလုပ်ကိုယ်စီနဲ့မအားလပ်ကြ​ပေ။ <Jian Jia of the Inner Palace>ကလဲဆက်လက်ရိုက်ကူး​နေသလို  စုယွီရဲ့အစီအစဥ်​တွေကလဲ ဆက်သွား​နေသည်။
မိုးတိုင်းမလာခင် ​လေပြည်တိုက်သလို​ပင်၊
တစ်လက ​အေး​ဆေးဖြင့် ကုန်ဆုံးသွား​လေသည်။
​သာယာတဲ့မနက်ခင်းတစ်ခုမှာ​တော့  ​နေမင်းကြီးကလဲပုံမှန်ပင် လူ​တွေကလဲ အလုပ်ကိုပုံမှန်သွား​နေကြသည်။ အင်တာနက်​ပေါ်​တွင် အတင်းအဖျင်းသတင်းတစ်ပုဒ်ပြန့်လာ​လေသည်။
[Pictures Included!  Ent ကုမ္ပဏီတစ်ခုရဲ့General managerက ဘီလူးကို လူအ​​ရေခြုံထားတယ်!]
ဒီခေါင်းစဉ်နဲ့အတူသတင်းအချက်အလက်အမြောက်အများပါရှိတဲ့တင်ပို့ချက်နှင့်မတော်လျော်သောဓာတ်ပုံများများစွာဟာ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့ဖိုရမ်တွေမှာရုတ်တရက်ပေါ်လာပြီးမရေမတွက်နိုင်တဲ့လမ်းသွားလမ်းလာတွေရဲ့အာရုံကိုဆွဲဆောင်​နေ​လေသည်။
1]​အောက်ကိုပြုတ်ကျသွားပြီ...​နောက်တစ်​​ခေါက်​လောက်ပြန်ကြည့်ဦး
2]ဗု​​​ဒေ္ဓါ! ငါမျက်စိ​တွေကန်းသွားပြီထင်တယ်-ငါမျက်စဥ်း​ဆေးလို​နေပြီ!
3]ပုံ​တွေကို​တောင်းခံပါတယ်! လိပ်စာ​တောင်းခံပါတယ်!တစ်​ယောက်​ယောက်ငါ့ကို နှင်ထုတ်ကြပါ!
4]Ent ကုမ္ပဏီရဲ့general manager...
ဒီပုံ​တွေကိုကြည့်ရင် အဲ့မန်​နေဂျာက ​ကျောက်ကုမ္ပဏီက လင်းယန်မန်​နေဂျာမလား?
5]သတင်းထူး! ဒီ"အင်တာတိန်းမန့်ကုမ္ပဏီရဲ့general manager"မှာ မိန်းမနဲ့သားရှိတယ်မလား?သူ လူ့ကျင့်​ဝတ်ကိုနားမလည်ဘူးလား?"
6]ငါ... ငါ့မျက်လုံးတစ်ခုခုမှား​နေသလိုဘဲ။ဘာလို့ ငါကဒီပုံ​တွေကိုကြည့်​နေရတာလဲ!!ငါမှားနိုမ့်မိတာဖြစ်မယ်!
7]ဒီအသိုင်းအဝိုင်းကတကယ်ကိုရွံစရာဘဲ
မျက်နှာအတည်ပြုခြင်းပြီးဆုံး။
8]မြန်မြန် screenshotယူထားကြ! ​ပစ္စည်း​ကောင်း​တွေက ​ဝေမျှသင့်တယ်။ဒါနဲ့ 'Entကုမ္ပဏီရဲ့general manager'ကတကယ်ကို သမိုင်းမှာ​
ရွံဖို့အ​ကောင်းဆုံးအမှိုက်ဘဲ သူတကယ်ကိုထိသွားတာဘဲ!
.....
စုယွီ ဖိုရမ်​ပေါ်မှာ replies​တွေများသထက်များလာတာကို ကြည့်ရင်း နွားနို့​လေး​သောက်ကာဇိမ်ခံ​​​နေ​လေသည်။​နောက်ဆုံး​တော့ သူ့မစ်ရှင်အတွက်
အလုပ်​တွေစလုပ်လို့ရပြီ​လေ။
ဒီသတင်း​တွေရဲ့ အဓိကဇာတ်​ဆောင်က ​သေချာတာ​ပေါ့ သူ့အ​ဖေ ​ကျောက်ယွမ်ရဲ့ အ​လေးထားရဆုံး လင်းယန် ပင်။
ဒီလိုအ​ထွေ​ထွေလက်​ထောက်မန်​နေဂျာဖြစ်ဖို့ဆိုတာ သာမန်လူမဟုတ်ရ၊ အထင်​သေးလို့မရ​ပေ။
ဒါ​ပေမယ့် စုယွီလို IQအရမ်းမြင့်တဲ့သူအတွက်​တော့ ဒါကcheatလုပ်ထားတာသက်သက်ပင်။
ပြီး​တော့ ​ကျောက်ယွမ်ကို တိုက်ရိုက် တိုက်ခိုက်တာထက်စာရင် ဒီလူ(လင်းယန်)ကိုအရင်အရင်ချလိုက်တာက ပိုပြီးအကျိုးသက်​ရောက်မှုရှိ​လေသည်။
ဒီပို့စ်တက်ပြီး နာရီဝက်အကြာတွင် ​စုယွီကိုယ်တိုင်
​ကျောက်ယွမ်ကို တိုက်ရိုက်ဆက်သွယ်လိုက်သည်၊
ဒီကမ္ဘာကိုစ​ရောက်ထဲက မူလပိုင်ရှင်ရဲ့အ​ဖေဖြစ်သူကို ပထမဆုံးစ​ခေါ်ခြင်း​ပေ။
​ဖုန်းဟာ ရှစ်ကြိမ်​လောက်မြည်ပြီး​လောက်မှာ
​ကျောက်ယွမ်ဖုန်းကိုင်​လေသည်။အဲ့အချိန်အထိ ​ကျောက်ယွမ်က အင်တာနက်​ပေါ်က သတင်း​တွေကိုမမြင်​သေး​ပေ။ ဖုန်းကိုင်ပြီးတာနက် ​အေးစက်စွာ
"မနက်​စော​စောစီးစီး ဘာကိစ္စရှိလို့လဲ"
"အင်း...ကျွန်​တော် အ​ဖေနဲ့​ဆွေး​နွေးစရာရှိတယ်"
စုယွီ မူလပိုင်ရှင် သူ့အ​ဖေနဲ့ဆက်သွယ်​​နေကြပုံစံအတိုင်းပြုမူလိုက်သည်။
"ငါ့ခွင့်ပြုချက်မရှိဘဲ မင်းအနုပညာ​လောကထဲဝင်သွားတဲ့ အ​ကြောင်းလား?"
​ကျောက်ယွမ် စုယွီရဲ့စကားကိုဆုံး​အောင်​ပေး​ပြောခွင့်မပြုဘဲ ဖြတ်​ပြောလိုက်သည်။
"ဒါကမင်းအမှား​လေ...ဘာဘဲဖြစ်ဖြစ် မင်းလဲက​လေးမဟုတ်​တော့ဘူး...မင်းလုပ်ခဲ့တာမင်းတာဝန်ယူသင့်တယ်...ငါမင်းကိုဒီတစ်ကြိမ်​တော့ ခွင့်ပြု​ပေးလိုက်မယ် ဒါ​ပေမယ့်  ငါ့ရဲ့သည်းခံနိုင်စွမ်းကို​တော့ မ​ကျော်လွန်နဲ့"
​စုယွီ   ကျောက်ယွမ်ရဲ့စကား​တွေကို စိတ်ရှည်ရှည်နဲ့ နား​ထောင်ပြီး​နောက် ​​ဖြည်းညှင်းစွာ
"ကျွန်​​တော့်အတွက် ​စိတ်ပူ​ပေးလို့​ကျေးဇူးပါ...စိတ်မ​ကောင်းတာက ကျွန်​တော်​ပြောချင်တာ ဒီအ​ကြောင်းမဟုတ်ဘူး"
"ဒါဆို မင်းဘာလို့ငါ့ကို မနက်အ​စောကြီး လာဒုက္ခ​ပေး​နေတာလဲ"
​ကျောက်ယွမ်ရဲ့အသံဟာ စိတ်ပျက်စွာဖြင့်ကျယ်​လောင်​နေသည်။
စုယွီလက်​ချောင်း​လေး​တွေကို စားပွဲ​ပေါ် အသာ​တောက်ကာ
"အန်ကယ်လင်း* အ​ကြောင်းပါ...ကျွန်​​တော် emailနဲ့ပို့ထားပြီးပြီ စစ်ကြည့်လိုက်​ပေါ့"
စုယွီ​ပြောတဲ့ 'အန်ကယ်လင်း'ဟာ အခု​လော​လောဆယ် Hot topicဖြစ်​နေတဲ့ "Ent ကုမ္ပဏီရဲ့အ​ထွေ​ထွေမန်​နေ​ဂျာ လင်းယန်" ပင်။
စုယွီ​ပြောပြီးတာနဲ့ ဖုန်းချလိုက်သည်။ သူမချရင်​တောင် ​ကျောက်ယွမ်ကချမှာဘဲ​လေ။
သူဘာလို့အ​ကြောခံရမှာလဲ?
ဒီလိုဘာမှမဟုတ်တဲ့အရာ​လေး​တွေကို​တောင်မှ စုယွီအနိုင်မ​​ပေးချင်ပါ
၅မိနစ်​လောက်အကြာတွင် စုယွီဖုန်းမြည်လာသည်။ နံပါတ်ကိုတစ်ချက်ကြည့်လိုက်ကာ
ဖုန်း​ခေါ်တဲ့အ​​ရေအတွက်ကို လက်​ချောင်း​လေး​ခေါက်ကာ ​ရေတွက်​နေသည်​။ ၈ခါ​လောက်မြည်ပြီး​နောက်မှာမှ စုယွီဖုန်းကိုင်ပါသည်။
[T/N စုယွီကသူ့တုန်းက၈ကြိမ်​လောက်ကြာမှ ဖုန်းကိုင်လို့ ပြန်လုပ်တာပါ။စုယွီကတကယ်မလွယ်​ကြော​လေး]
သူဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက် recordကိုပါတစ်ခါထဲနိုပ်ထားလိုက်​လေသည်။
ဖုန်းကိုင်လိုက်တာနဲ့ ​ကျောက်ယွမ်ရဲ့ စိတ်တို​နေတဲ့အသံဟာ ထွက်​ပေါ်လာသည်။
"ဘယ်လိုလုပ်ပြီးအင်တာနက်​ပေါ် ​​ရောက်လာတာလဲ?ဘာ​တွေဖြစ်ကုန်တာလဲ!"
"ကျွန်​တော်လဲ အခုမှဒီသတင်းကို​တွေ့တာ​လေ ဒါ​ပေမယ့် အန်ကယ်လင်းရဲ့ပုံရိပ်က ​ပေါ်လွင်​နေတယ်​လေ...အဲ့ဒါ​​ကြောင့် အ​ဖေ့ကိုမ​ကျော်ဘဲ ကျွန်​တော်မလုပ်ရဲဘူး"
စုယွီဟာ အတည်​ပေါ်ပုံနဲ့​ပြော​နေ​ပေမယ့်
​​ကျောက်ယွမ်မမြင်ရတဲ့အခြမ်းမှာ​တော့ ​အေး​ဆေးတည်ငြိမ်စွာ ကစား​နေ​သလို။
"ဘာကို​မေးဖို့​စောင့်​နေတာလဲ! မြန်မြန်​ဒီသတင်းကိုဖျက်ပစ်​ပြီး ဒီကိစ္စကိုအမြန်ဖုံးပစ်​လေ!"
​ကျောက်ယွမ်​လေသံဟာ အ​တော်စိတ်တို​နေမှန်းသိသာ​နေသည်၊
စုယွီ အတည်ပြုသလိုဖြင့်
"အ​ဖေဆိုလိုတာက ဘာဘဲဖြစ်ဖြစ် အန်ကယ်လင်းကိုဒီကိစ္စက​နေ ကယ်ထုတ်ရမယ်​ပေါ့ အဲ့လိုလား?"
​ကျောက်ယွမ် ​လေးပင်စွာ အသက်ရှုလိုက်ပြီး
"ပုံ​တွေပြန့်နှင့်​နေပြီ ငါတို့ဘယ်လိုဘဲ ရှင်းရှင်း သူမှန်းလူတိုင်းသိ​နေပြီ...အခုချိန်မှာ ငါကုမ္ပဏီရဲ့ပုံရိပ်ကိုဘဲ ဂရုစိုက်တယ်"
တစ်ဖက်မှာ​တော့ စုယွီ​ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး
"ဒါ​ပေမယ့်..."
စုယွီကခဏရပ်လိုက်ကာ မ​သေချာစွာဖြင့်
"ဒီနှစ်​တွေမှာ အန်ကယ်လင်းက ​ကျောက်ကုမ္ပဏီကိုအများကြီး အ​ထောက်အကူပြုလာတာ​လေ..
ဒီလိုဖြစ်လာမှ​တော့ ကျွန်​တော်ထင်တာ..."
"မင်း ပါးစပ်ပိတ်ထား!"
​ကျောက်ယွမ် အံကြိတ်ကာ ပိတ်​ဟောက်လိုက်ပြီး စုယွီကိုစကားဖြတ်​ပြောလိုက်သည်။
"အခုချိန် ​ကျောက်ကုမ္ပဏီရဲ့ပိုင်ရှင်က ငါဖြစ်​နေတုန်းဘဲ...ငါ့ဆုံးဖြတ်ချက်ကို ​မေးခွန်းလာမထုတ်နဲ့!"
တစ်ဖက်က ဒီလို​ပြောလာမှ​တော့ စုယွီဘာထပ်​ပြောနိုင်ဦးမှာလဲ?
သူ လက်ခံလိုက်သလိုဟန်​ဆောင်ကာ
"​ကောင်းပါပြီ ကျွန်​တော် ဒီကိစ္စကို စီစဥ်လိုက်ပါ့မယ်"
"ဘယ်သူလုပ်လဲဆိုတာ ​သေချာရှာ ဖြစ်နိုင်ရင် မြန်မြန်ရှာ ပြီးရင် သူတို့ကို အ​လျှော့မ​ပေးနဲ့!"
​ကျောက်ယွမ် ဒီကိစ္စ​ကြောင့်​တော်​တော် ​ဒေါသထွက်​နေ​လေသည်။
စုယွီ လက်ခံလိုက်ကာ ​ကျောက်ယွမ်ထပ်မ​ပြောခင်ဖုန်းချလိုက်သည်- သူ​  ကျောက်ယွမ်ရဲ့ ​ဒေါသအိုးကို တုတ်ထိုးဖို့အစီအစဥ်မရှိ​ပေ။
Recordကိုsaveပြီး​နောက် စုယွီသတင်းဌာနကိုဆက်သွယ်ပြီး​နောက်  လင်းယန်ကိုဆက်သွယ်လိုက်သည်။
အမြင့်​​ရောက်​နေတဲ့သူကိုဆွဲချရတာ စုယွီအတွက်​တော့ အရမ်းရိုးရှင်း​လေသည်။ ဒါ​ပေမယ့် စုယွီလို ပျင်းရိတာကို​​ကြောက်တဲ့လူတစ်​ယောက်က တိုက်ရိုက်ဆွဲချရတာက ပျင်းဖို့​ကောင်းတယ်လို့ထင်တယ်
အဲ့ဒါ​ကြောင့် အခု ​ကျောက်ယွမ်နဲ့လင်းယန်ကြားကဆက်ဆံ​​ရေးကို ခ​လောက်လိုက်ကာ
ဒီ၂​ယောက် ဖိုက်တာကိုကြည့်​လေသည်။​​သေချာတာ​ပေါ့ အချိန်ကျရင်​တော့ သူကိုယ်တိုင်ပါဝင်မယ်​လေ။
[
*– 叔叔,"အန်ကယ်"--အ​မေ သို့မဟုတ် အ​ဖေရဲ့အစ်ကို။
______________________________________
T/N ဟုတ်ကဲ့ ကြိုက်သ​လောက်ဆူကြပါ
အကြာကြီး​ပျောက်သွားလို့​တောင်းပန်ပါတယ်
​မျှော်​​နေတဲ့သူ​တွေလဲမရှိ​တော့ အားငယ်သွားတာလဲပါတာ​ပေါ့ T.T
ကျွန်​တော်​​​ဘာသာပြန်တဲ့အ​ပေါ် တစ်ခုခုနားမလည်တာရှိရင် ​မေးလို့ရပါတယ်
အားလုံး ဂရုစိုက်ကြပါ ကိုဗစ်ကလဲပြန်ဖြစ်​နေ
မအလကလဲ ဝင်​နှောင့်​တော့ ဘဝကြီးက​တော်​တော်ခါးပါတယ်
ဘာဘဲဖြစ်ဖြစ် စိတ်ဓါတ်မကျကြပါနဲ့
ကျွန်​တော့်ကို​ပြောချင်တာရှိ၊​မေးချင်တာရှိရင် ​ပြောသွားကြပါ အဆူခံဖို့အသင့်ပါㅠㅠ
အ​ရေး​တော်ပုံ​အောင်ရမည်
Zawgyi
Chapter 22 | Arc 2.10
အဆုံးမှာထွက်လာတဲ့ အသံထူးထူးဆန်းဆန်း​လေး​တွေက စုယွီ ​​ဘောလုံး​လေးကို ဆွဲလိုက်ညစ်လိုက်လုပ်လို့ ထွက်လာတဲ့အသံ​တြွေဖစ်သည်။
.
ဒါ​ပေမယ့် ချီချန်းနဲ့ချူချန်းရန်က လုံးဝမတူညီတဲ့character​တြွေဖစ်တဲ့အပြင်ကို ကမ္ဘာတစ်ခုတည်းကလဲမလုပ်​ပေ။
ဒါဆို ဘာဖြစ်နိုင်မလဲ?
"ဒီကိုလာ"
"Villaရဲ့ ​အခန်းတိုင်းကိုဝင်နိုင်မယ့် ​သော့​လေး​တွေရှာ​ပေးပါဉီး"
1]​အောက်ကိုပြုတ်ကျသွားပြီ...​နောက်တစ်​​ခေါက်​လောက်ပြန်ကြည့်ဉီး
2]ဗု​​​ဒ္ဓေါ! ငါမျက်စိ​တွေကန်းသွားပြီထင်တယ်-ငါမျက်စဉ်း​ဆေးလို​နေပြီ!
.....