ချစ်သောဗီလိန်လေး 1 (Complete...

By eett97

164K 12.2K 454

ပိုင်ဝေ့ရှင်း ၂၁ရာစုရဲ့ခေတ်သစ်သမီးပျိုလေး တနေ့ကျောင်းသွားရင် လမ်းမှာ တဖက်ကလာတဲ့ကားကိုမမြင်မိပဲ လမ်းဖြတ်ကူးလို... More

မိတ်ဆက်ခြင်း🙋
ကူးပြောင်းခြင်း
အပိုင်း ၁
အပိုင်း ၂
note
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
တောင်းပန်ခြင်း🙏📨📨
အပိုင်း ၈
အပိုင်း ၉
အကူအညီတောင်းခံခြင်း
အပိုင်း ၁၀
ဇာတ်ကောင်များ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆ (မီး မနီတနီ😅🚨🚨)
အပိုင်း ၁၇ (🚨)
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
ဇာတ်သိမ်းပိုင်း
🔔🔔🔔

အပိုင်း ၂၁

3.9K 358 22
By eett97

Unicode

ရှီတိုင်းပြည် နန်းတော်ထဲတွင် ပျော်ရွှင်စရာအခမ်းအနားတခုမှာ ဝမ်းနည်းစရာအဖြစ် ပြောင်းလဲသွားလေသည်။ ရှီဖုန်း သတိလစ်နေသော ပိုင်ဝေ့ရှင်းအား ပွေ့ချီကာ အခန်းတခုအတွင်းရှိ ကုတင်ပေါ်သို့အသာအယာတင်လိုက်သည်။ အနီးတွင် အသင့်ရပ်နေသော သမားတော်အဖိုးအိုကြီးက ပိုင်ဝေ့ရှင်းအား စမ်းသပ်စစ်ဆေးကြည့်ရာ မည်သည့်အဆိပ်ဟု တိကျစွာမပြောနိုင်သလို အဆိပ်မိနေသည့်အခြေအနေလဲ မတွေ့ရတော့သလို ဖြစ်နေလေသည်။ ရှီဖုန်း ဒေါသတကြီးဖြင့် သမားတော်ကြီးအား ကိုင်လှုပ်ကာ..

'' ဘာအဆိပ်မှန်းမသိဘူး ဟုတ်လား ခ​ဗျားက သမားတော်လေ ဒီမှာ သွေးအနက်ရောင်တွေအန်ထားတာမြင်တာတောင်
အဆိပ်မမိဘူးဆိုတော့ ခဗျား သေဖို့ကောင်းနေပြီ ''

'' ဒုတိယမင်းသား စိတ်ထိန်းပါ ကျတော်မျိုးက အဖြစ်မှန်တိုင်းပြောနေတာပါ သွေးအရောင်အနေအထားအရ အာ့တာ လူတဦးတယောက်အတွက် သီးသန့်ဖော်စပ်ထားတဲအဆိပ်မျိုးဖြစ်မယ်ထင်ပါတယ် တခြားသူ သောက်မိရင် အတိအကျမသိပဲ အသက်သေဆုံးနိုင်ပါတယ် ရည်ရွယ်ထားတဲ့သူသာသောက်မိရင် ဘာလက္ခဏာမှ မတွေ့ရပဲ လိုသလို ကြိုးကိုင်ဖို့ လုပ်ထားတာမျိုးလို့ထင်ပါတယ် ကျတော်မျိုး ကျမ်းစာတခုထဲမှာဖတ်ဖူးတာပါ တခုခုထဲမှ ထည့်ပြီးခပ်ရတာမျိုးပါ ဖော်စပ်သူရဲ့သွေးနဲ့လုပ်ထားတာလို့ဖတ်ရဖူးပါတယ် အဆိပ်ခပ်သူကလွဲရင် တခြားသူမဖြေနိုင်ပါဘူးတဲ့ ''

'' ဒါဆို ဘယ်သူအဆိပ်ခတ်တာလဲ ''

'' ကျတော်မျိုး တခုလောက် လျှောက်တင်ပါရစေ မင်းသား ''

'' ကျန့်ဇီ မင်းဘာသိထားလို့လဲ ''

'' သခင်မက တချိန်လုံး ဘာမှမစားထားပါဘူး တခါပဲ ဂုဏ်ပြုသေရည်ကို ကိုယ်စားသောက်ခဲ့တာပဲ ရှိပါတယ် ''

'' သေရည် ... '' ဟု ရေရွတ်ရင်း တစုံတခုအား စဥ်းစားမိကာ

'' အခုချက်ချင်း ထန်နိုင်ငံရဲ့သံတမန်တွေကို တယောက်မကျန် ဖမ်းခေါ်လာခဲ့စမ်း ဟိုဂီတပညာရှင်ဆိုတဲ့တယောက်ကို မရရအောင် ခေါ်လာခဲ့လိုက် ''
'' အရှင်မင်းကြီးနဲ့မိဖုရားကြီးတို့ကို သင့်တော်ရာနေရာကို ပို့ဆောင်ပေးလိုက် သေချာစောင့်ရှောက်ထား ''

'' အမိန့်နာခံလျက်ပါ မင်းသား ''

ရှီဖုန်း ပိုင်ဝေ့ရှင်းလက်အား ကိုင်ကာ ပါးစပ်မှ.. '' ရှင်းအာ ကိုယ်တောင်းပန်ပါတယ် မင်းမကြိုက်တာ ကိုယ်ဘာမှမလုပ်တော့ဘူးလို့ ကတိပေးပါတယ်ကွာ ကိုယ့်ဆီကို အမြန်ဆုံးပြန်လာပေးပါနော်. ''

ကုတင်ပေါ်မှာ ငြိမ်သက်စွာနေသော ပိုင်ဝေ့ရှင်း spaceထဲတွင် ဖြူလုံးနှင့်ရန်ဖြစ်နေလေသည်။

ပိုင်ဝေ့ရှင်း...... ပြောတော့ အာ့လောက်မနာဘူးဆို သုံးနာရီလေးမေ့နေရုံပါဆို ချီးပဲ ရင်ဘတ်ကိုအောင့်နေတာပဲဟမ် သွေးတွေလဲအန်ရသေးတယ် ငါ့သွေးလေးတွေကုန်ပါပြီ

System..... အိုင် ဘာမှမသိ အိုင် ဘာမှမလုပ် လုပ်ရင်လဲ အိုင်မဟုတ် 😇😇

ပိုင်ဝေ့ရှင်း...... နင် အခုမှ ငုံတာဥမလုပ်နဲ့ bad reviewပေးပစ်မယ် ကြယ်တွေပြန်ဖြုတ်ပစ်မယ် အခုချက်ချင်း သက်သာအောင်လုပ်ပေးစမ်း

System...... အလကားမရဘူး points 200ပေးရမယ် ဘာမှဝေဒမခံစားရပဲနဲ့ အခုချက်ချင်းသတိပြန်ရမယ်

ပိုင်ဝေ့ရှင်း..... နင်အရမ်း အမြတ်ကြီးစားတယ် ဖြူလုံး သူများsystemတွေများ သူတို့hostကို ဘာလက်ဆောင် ညာလက်ဆောင်ပေးရတာနဲ့ နင်နဲ့များကွာပ အူးဝါးးးး ငါလေးကို systemပြောင်းပေး ပြောင်းပေး

System....... အမလေး ပြောင်းပြန်တွေပြောမနေနဲ့ ဒီက အရင်ဆုံး တင်ပြပြီးပြီနော် ပြောင်းမရလို့ ငြိမ်နေတာ ဘာမှတ်နေလဲ အရိုင်းအစိုင်းhostနဲ့ အတူမနေချင်ပါဘူး ဝယ်မှာလားမဝယ်ဘူးလားပြော

ပိုင်ဝေ့ရှင်း....... ငုံးကောင်system ဝယ်မယ်ဟေ့ ဝယ်မယ်

System....... points 200ဖြတ်လိုက်ပါပြီ အသက်ပြင်းပြင်းတချက်ရှုလိုက်ပါ သတိရပါလိမ့်မယ်

ပိုင်ဝေ့ရှင်း.... နင်နဲ့ငါ ပြီးမှရှင်းမယ်

ပိုင်ဝေ့ရှင်း spaceထဲမှာ ဖြူလုံးနဲ့ရန်ဖြစ်နေစဥ်
ရှီဖုန်းနှင့် သံတမန်အဖွဲ့များအကြား တင်းမာမှုက အတော်ပြင်းထန်နေလေသည်။ သံတမန်များဘက်က လုံးဝစကားမဟသဖြင့် စိတ်ထဲရှိတဲ့အတိုင်း သတ်လိုက်ပြန်လျှင်လဲ ပိုင်ဝေ့ရှင်းအသက်အတွက် စိုးရိမ်ရသည်။ အလိုက်အထိုက် လျော့ပေးနေပမဲ့ စကားစလုံးဝမရချေ။ ပိုင်ဝေ့ရှင်းအသက် အချိန်နှင့်အမျှအရေးကြီးနေသည့်အတွက် အတတ်နိုင်ဆုံးချိုသာနေမိသည်။ နောက်ဆုံးတွင် ပိုင်လန်းဟူသောအမျိုးသမီးမှ စတင်စကားပြောလာသည်။

'' မင်းသားကို တခုလောက်မေးလို့ရမလား ဒီကိစ္စကို ဖြေပေးမယ်ဆိုရင် ပိုင်ဝေ့ရှင်းအတွက် အဆိပ်ဖြေဆေးရမယ် ''

'' မင်းဘက်က အခုလို အပေးအယူလုပ်ရမဲ့အနေအထားမဟုတ်ဘူးထင်တယ်နော် ''

'' ရတယ်လေ ကျမဘက်က မပြောရုံပဲရှိတယ် လူနာအတွက် ပိုအခြေအနေဆိုးသွားရုံလေးပဲရှိတယ်..''.

'' မင်း..... ဟုတ်ပြီ ငါလက်ခံတယ် ပြော ''

'' ပိုင်ဝေ့ရှင်းက ပိုင်ချင်းယန်းရဲ့သမီးလား.... ''

'' ဟုတ်ပါတယ် ပိုင်ချင်းယန်ရဲ့သမီးပါ သူ့အဖေကို မင်းဘယ်လိုလုပ်သိတာလဲ.... ''

'' အခုအဆိပ်က တကယ်ဆို အိမ်ရှေ့စံကို ခတ်တာ ပိုင်ဝေ့ရှင်းက အစားသောက်လိုက်လို့ အခုလိုဖြစ်တာ ''

ဘာ! !!!
ဟင်
ဘယ်လို 😱😱

'' မင်း ဆိုလိုတဲ့သဘောက မင်းတို့က အိမ်ရှေ့စံကိုလသတ်ဖို့ကြံစည်တာပေါ့ ဟုတ်လား ''

'' ဟုတ်တယ် ငါ့မိသားစုကို သေကွဲကွဲအောင်လုပ်ခဲ့လို့ ကလဲ့စားပြန်ချေခဲ့တာ အခု ငါ့သမီးလေး အသက်ရှင်တာကိုသိသွားလို့ မလိုအပ်တော့ဘူး ပြီး​တော့ ဝေ့အာ မသေပါဘူး ဒီအဆိပ်က သူ့ကို ဘာမှအန္တရာယ်မပြုနိုင်ဘူး
ဝေ့အာကို ဘယ်အဆိပ်မှ အန္တရာယ်မပေးနိုင်ဘူး ''

'' ဒါဆို သူမက ဘာလို့ သတိမရသေးတာလဲ ''

'' လန့်ပြီး သတိလစ်သွားတာမို့ခဏနေရင် ပြန်သတိဝင်လာမှာပါ ''

ရှီဖုန်း မယုံတဝက် ယုံတဝက်ဖြင့် ပိုင်ဝေ့ရှင်း ရှိရာသို့ လှမ်းကြည့်နေမိသည်။

#အစက ဇာတ်သိမ်းထိရေးမလို့ပဲ ဒီကြားထဲမတင်ပဲနေမလို့မနေနိုင်လို့တင်လိုက်ပြီ
ကျန်တာ အပြီးသတ်ပြီးရင်ထပ်တင်ပေးမယ်နော်
အခုချိန်အတူရှိလာပေးတဲ့ကောင်မလေးတွေ အားလုံးချစ်တယ်နော် ကျဲကျဲ အိုက်နီမန်😘😘❤❤❤🙆🙆

အများကြီးကြိုးစားရဦးမည့်
DZ
12:44pm
20.6.2021

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Zawgyi






























ဘာ! !!!
ဟင်
ဘယ်လို 😱😱







DZ
12:44pm
20.6.2021

######## If you can't read zawgyi code,  I will give to you photo in chat box........

Continue Reading

You'll Also Like

140K 8.9K 104
မိခင်မရှိတော့တဲ့သူ့ရဲ့သမီးလေးကိုကလေးထိန်းတစ်ယောက်ခန့်ပေးရာကနေစတင်ခဲ့တယ်....။ #crd to owner. Do not repost my translation.
35.2K 2.2K 16
လန်စီတစ်ယောက်မမျှော်လင့်ပဲsystemတစ်ခုထဲကျကောက်သွားပြီးအဲ့ဒီsystemကfinal bossရဲ့အချစ်ကိုရယူဖို့ဆိုတော့ကာfaမလေးတစ်ယောက်ဘယ်လိုလုပ်မလဲ.....
1.5M 183K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
527K 61.7K 181
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...