ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

817K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 9.5

5.8K 924 63
By Hanpandora

Unicode

ရထားလုံးက ခပ်လှမ်းလှမ်းမှာရပ်သွား​ပေမယ့် ဘယ်သူမှထွက်မလာဘူး..သူတို့​တွေအချိန်ခန​လောက်​ကြာ​အောင်​စောင့်​နေတာ​တောင်ဘယ်သူမှထွက်လာမယ့်ပုံမ​ပေါ်တာ​ကြောင့်  လှည်းကိုမမြင်ချင်​ယောင်​ဆောင်ပြီး ကိုယ့်လမ်းကိုဆက်သွားဖို့လုပ်လိုက်ကြတယ် 

ပီရှိက လက်ဖက်ရည်တည်ခင်း​နေတဲ့အချိန်မှာ ရှီရှန်းက​တော့ ရထားလုံးနံရံကို​ကျောမှီပြီး မျက်စိမှိတ်ကာအနားယူ​နေတယ်

ပိရှီက​တော့ နားမလည်နိုင်​အောင်ဖြစ်​နေတယ် 'အိမ်၀င်းထဲကပန်းခြံမှာလက်ဖက်ရည်​သောက်ရတဲ့ခံစားချက်နဲ့ ဒီရထားလုံး​ပေါ်မှာလက်ဖက်ရည်လာ​သောက်ရတဲ့ခံစားချက်နဲ့
ဘာကွာ​နေလို့လဲ....'

ဒါ​ပေမယ့် ရှီရှန်း အနားယူ​နေတာကို​တွေ့​တော့ စကားလုံး​တွေကိုပြန်မျိုချလိုက်​တော့တယ်

ရှီရှန်းအနားယူ​နေတုန်း ရထားလုံးနားမှာစု​ဝေး​နေတဲ့လူ​တွေလည်းပိုပိုများလာတယ်  ဒါ​ပေမယ့် ဘယ်သူကမှ ​ရှေ့တိုးလာပြီး သူမကိုမ​နှောင့်ယှက်ရဲကြဘူး.. အဲ့ဒီအစား ရထားလုံးကိုပဲလက်ညှိုးထိုးပြီး အတင်း​ပြော​နေကြတယ်

ပိရှီက လိုက်ကာစကိုမပြီးကြည့်လိုက်တာ​ကြောင့် အပြင်မှာ အတင်း​ပြော​နေတဲ့လူ​တွေရဲ့အမူအရာကလည်းကို့ရို့ကားယားဖြစ်ကုန်ကြတယ် ပိရှီက လိုက်ကာစကို ​ဆောင့်ဆွဲချလိုက်ပြီး ​ဒေါသတကြီး​ပြောတယ် "အရှင့်သမီး..ဒါက အဲ့ဒီ လူမှု၀န်ထမ်း​ရေးရာအမတ်ရဲ့သား မှားတဲ့ကိစ္စဆိုတာရှင်းလင်း​နေပြီးသားကို ဘယ်လိုဖြစ်လို့ ဒီလူ​တွေက ကျွန်​တော်မျိုးမတို့ကိုပဲ အတင်း​ပြော​နေရတာလဲ..."

'သူတို့သာ အ​စော်ကားခံရကြည့်ပါလား..​နေရာမှာတင်ကိုယ့်ကိုကိုယ်သတ်​သေသွားလိမ့်မယ်...'

" ဒီတိုင်းထားလို့မဖြစ်​တော့ဘူး...တဖြည်းဖြည်းနဲ့တရားလွန်လာကြပြီ..." ပိရှီက ရထားလုံးထဲက​နေထွက်ဖို့ပြင်လိုက်တယ်

"​ပြောကြစမ်းပါ​​စေ..." ရှီရှန်းက ​အေယ​အေး​ဆေး​ဆေး​ပြောလိုက်တယ် " ဒီမှာ ပန်ကုန်းကိုမနာလို​နေတဲ့သူ​တွေမှအများကြီးပဲ...သူတို့အတွက်နဲ့ အားကုန်ခံ​နေစရာမလိုဘူး.."

ပိရှီရဲ့​ဒေါသ​တွေက ဆပ်ပြာပူ​ဖောင်းလို​ပျောက်ကွယ်သွားတယ် 'အရှင့်သမီး...ဒီထက်ပိုပြီး စိတ်ကြီး၀င်စရာကျန်​သေးရဲ့လား..'

ဒါ​ပေမယ့် အပြင်က​နေလာတဲ့ရုန်းရင်းဆန်ခတ်အသံ​တွေ​ကြောင့် ပိရှီက လိုက်ကာစကိုမပြီးကြည့်လိုက်ပြီး ​ရေကန်နားမှာ အုပ်အုပ်ကျက်ကျက်ဖြစ်နေကြတာကို​တွေ့လိုက်ရတယ်  "အာ..ကြည့်ရတာ တစ်​ယောက်​ယောက်​ရေထဲပြုတ်ကျသွားတဲ့ပုံပဲ..."

"သွားကြည့်ကြရ​အောင်.."

ပိရှီက ရှီရှန်းကို အပြင်ထွက်ဖို့ကူညီ​ပေးလိုက်တယ်
ခုနက​ရထားလုံးကိုစု​ဝေး​နေကြတဲ့လူအုပ်ကြီးက အခု​တော့ ​ရေကန်နားမှာသွားစု​နေကြပြီးသူတို့ရဲ့လည်တံ​တွေကိုအတတ်နိုင်ဆုံးဆန့်ပြီး ဘာဖြစ်​နေလဲ ဆိုတာစပ်စု​နေကြပြန်တယ်

ရှီရှန်းနဲ့မြင့်မြတ်တဲ့အဆင့်အတန်း​ကြောင့်  လူအုပ်ရဲ့အ​ရှေ့ကိုအလွယ်တကူ​ရောက်သွားနိုင်လိုက်တယ်  ရှီရှန်းကဒီအတွက်​ကျေနပ်သွားတယ် ကိုယ့်အတွက်​နေရာဖယ်​ပေးတာကိုမကြိုက်တဲ့လူမရှိဘူး​လေ..

​ရေကန်ထဲကိုကျသွားတဲ့လူက နှစ်​ယောက်ဖြစ်​နေတယ် တစ်​ယောက်ကယွဲ့​ယောင်ဖြစ်ပြီး ​နောက်တစ်​ယောက်က ခုနက အပြာ​ရောင်စကတ်နဲ့မိန်းက​လေးဖြစ်တယ်
သူတို့နှစ်​ယောက်လုံးက အဆင့်အတန်းမြင့်မိန်းမပျို​လေး​တွေချည်းပဲဖြစ်တာ​​ကြောင့်  သာမန်လူ​တွေက သွားဆယ်ဖို့ရာမ၀ံ့မရဲဖြစ်​နေကြတယ်
အဆုံးမှာ​တော့ အနီးအနားကိုလာစစ်​ဆေးတဲ့အစိုးရ၀န်ထမ်းအမျိုး​ကောင်းသား​တွေ​ရောက်လာမှပဲ သူမတို့နှစ်​ယောက်လည်း​ရေကန်ထဲက​နေ အကယ်ခံရ​တော့တယ်

ယွဲ့​ယောင်ရဲ့ဆံပင်​တွေကရှုပ်ပွ​နေပြီး​ခေါင်းအစ​ခြေအဆုံးတစ်ကိုယ်လုံးစိုရွှဲ​နေတယ် ကံ​ကောင်းတာလား ကံဆိုးတာလားမ​ပြောတတ်​ပေမယ့် သူမရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကသိပ်မ​လှတာ​ကြောင့် အင်္ကျီစ​တွေက အသားမှာကပ်​နေတာ​တောင် ကြည့်ချင်စဖွယ်သိပ်မရှိဘူး..

ဒါ​ပေမယ့်အပြာ​ရောင်စကတ်နဲ့မိန်းက​လေးရဲ့အ​ခြေအ​နေက​တော့ ကွဲပြားတယ် သူမရဲ့ခန္ဓာကိုယ်တည်​ဆောက်ပုံကတကယ်​ကောင်းတယ်​လေ..ရာသီဥတုကသိပ်မပူ​သေး​ပေမယ့် အထက်တန်းစားအမျိုး​ကောင်းသမီး​လေး​တွေက ​ဆောင်းရာသီကာလပတ်လုံးမ၀တ်ခဲ့ရတဲ့ ခပ်ပါးပါးချည်ထည်​လေး​တွေကိုစ၀တ်​နေကြပြီ...​ရေစို​နေတဲ့အ၀တ်ပါးပါး​လေးကသူမရဲ့အသားနဲ့ကပ်​နေတာ​ကြောင့် သူမရဲ့သဲနာရီပုံစံ ခါး​သေးရင်ချီတင်စွင့်စွင့်နဲ့ခန္ဓာကိုယ်​လေးက ကြည့်ချင်စဖွယ်​ပေါ်လွင်​နေတယ်

အမျိုး​ကောင်းသားသခင်​လေးတို့ရဲ့အကြည့်​တွေက သူမဆီကိုကျ​ရောက်​နေတာ​ကြောင့်  သူမရဲ့ဖြူ​ဖျော့​နေတဲ့မျက်နှာ​လေးက ​သွေးရိပ်သန်းလာပြီး သူတို့ကို မျက်​စောင်းလှလှထိုးပစ်လိုက်တယ်  သူမရဲ့သူငယ်ချင်းမိန်းက​လေး​တွေကသူတို့ရဲ့အ​ပေါ်၀တ်ထည်​လေး​တွေကို စကတ်အပြာ​နဲ့မိန်းက​လေးကိုခြုံ​ပေးလိုက်ကြပြီး လူမြင်ကွင်းက​နေ ကာ​ပေးလိုက်ကြတယ်
အမျိုး​ကောင်းသား​လေး​တွေလည်း အကြည့်ကိုခပ်မြန်မြန်လွှဲလိုက်ရ​တော့တယ် အခုအ​ခြေအ​နေထိဆက်ကြည့်​နေအုံးမယ်ဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်​စေ​တော့မယ်​လေ...

" နင် ​ရေထဲကိုဘယ်လိုလုပ်ပြီးကျသွားရတာလဲ..." ​ဘေးနားက မိန်းက​လေးတစ်​ယောက်က​မေးတယ်

"ဘာဖြစ်ရမှာလဲ...ဟိုမျက်ကန်းမ ငါ့ကို၀င်တိုက်လို့​ပေါ့.." စကတ်အပြာမိန်းက​​လေးက ယွဲ့​​ယောင်ကို​ဒေါသတကြီးကြည့်လိုက်တယ် "နင်လမ်း​ဖြောင့်​အောင်မ​လျှောက်တတ်ဖူးလား....အဲ့ဒါကိုများ ဘာကိစ္စ အိမ်ထဲက​နေထွက်လာ​သေးလဲ..."

"ငါ တမင်လုပ်တာမဟုတ်ဖူး! " ယွဲ့​ယောင်ကလည်း မ​ကြောက်မရွံ့ပြန်​အော်တယ် "ငါလည်း နင်နဲ့အတူ ​ရေကန်ထဲကျသွားတာပဲ မဟုတ်ဖူးလား.."

"ဘာရယ်..အဲ့လိုဆိုတာနဲ့ပဲ အရာအားလုံးက​ပြေလည်သွားတယ်လို့များထင်​နေလား..." စကတ်အပြာမိန်းက​လေးက မျက်​မှောင်ကုတ်လိုက်တယ် "နင်တမင်လုပ်တာမလား..."

"ငါ မလုပ်ဖူး!! "
  'ငါတကယ် အဲ့လိုမရည်ရွယ်ပါဘူး...သူမကို ငါလမ်း​လျှောက်တဲ့နားမှာရှိ​နေဖို့ဘယ်သူက​ပြောလို့လဲ...'

"လမ်းကအကျယ်ကြီး​လေ..ဒါ​တောင်မှ နင်က ငါ့နားကိုမှတည့်တည့်​လျှောက်လာတယ်..နင်တမင်လုပ်တာမဟုတ်ဖူးလို့​ပြောတာကို ငါကယုံမယ်များထင်​နေလား.." စကတ်အပြာမိန်းက​လေးက ဥာဏ်​ပြေးတာ​ကြောင့် မ​ကျေမနပ်ဖြစ်​နေ​ပေမယ့်လည်း သူမရဲ့စကား​တွေကအ​တော်​လေး ငြင်သာတယ်

ယွဲ့​ယောင်က​တော့ သူမရဲ့စွပ်စွဲချက်​တွေကို အသံပြဲကြီးနဲ့ပြန်ငြင်း​ပေမယ့် သူမဘက်က​နေလိုက်​ပြော​ပေးမယ့်သူမရှိ​တော့ သိပ်ပြီးအရာမ​ရောက်လှဘူး..
ယွဲ့​ယောင်က ချန်အန်းမြို့ရဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးဖြစ်တဲ့စစ်သူကြီးချန်းလန်ကို လက်ထပ်ထားတာ​ကြောင့် ရှိသမျှမိန်းက​​လေးတိုင်းက သူမကို ဆန့်ကျင်ဖို့သာလိုလားကြတယ်

သူတို့ရဲ့အငြင်းပွားမှုက ရန်ပွဲပုံစံကိုတဖြည်းဖြည်း​ပြောင်းလာတယ်

ရှီရှန်းက​တော့ ​ဘေးက​နေရပ်ကြည့်​နေရင်းနဲ့ပဲ စိတ်ထဲက​နေ နံပါတ်စဥ်​တွေကိုတိတ်တဆိတ်​ရေတွက်​နေတယ်

'ဇာတ်လိုက်မနဲ့ အရံဇာတ်လိုက်မ ပြသနာတတက်တိုင်းမှာ ဇာတ်လိုက်​ကောင်​ကြိမ်း​သေ​ပေါက် ပေါ်လာပြီး ၂​ယောက်ထဲကတစ်​ယောက်ကိုကူညီလိမ့်မယ်..'

3....2.....1....

ဖြန်း!!

ရုန်းရင်းဆန်ခတ်ဖြစ်​နေတဲ့ကြားက​နေ ယွဲ့​ယောင်က စကတ်အပြာမိန်းက​​လေးရဲ့ပါးကိုရိုက်လိုက်နိုင်တယ်

အဲ့ဒီအချိန်မှာပဲ ရှီရှန်းရဲ့နံပါတ်စဥ်​ရေတွက်မှုကလည်း အဆုံးသတ်သွားတယ်

"စစ်သူကြီး ချန်းလန်!!!!..."

တစ်​ယောက်​ယောက်က​အော်​ပြောလိုက်တာ​ကြောင့် လူအုပ်ကြီးက ၂ခြမ်းကွဲသွားပြီး ချန်းလန်အတွက်လမ်းရှင်း​ပေးလိုက်တယ်

​အရပ်ရှည်ရှည်ရုပ်​ချော​ချော အမျိုးသားတစ်​ယောက်​ပေါ်လာတယ် ဒါ​ပေမယ့် သူက ယွဲ့​ယောင်ကိုတစ်စက်​လေး​တောင်မကြည့်ဘဲ စကတ်အပြာမိန်းက​​လေးဆီကိုသွားပြီး ​ပွေ့လိုက်တယ်

"ချန်းလန်....ရှင်" ယွဲ့​ယောင်က ​ကြေကွဲသွားတဲ့ပုံစံနဲ့​ပြောလိုက်တယ်

"သခင်မကို အိမ်​တော်ကိုပြန်ပို့လိုက်.." ချန်းလန်က ​သူ့​နောက်လိုက်​တွေကို တည်ငြိမ်စွာ​အမိန့်​ပေးလိုက်ပြီး စကတ်အပြာမိန်းက​လေးကိုချီကာအ​ဝေးကိုထွက်သွားတယ်

စကတ်အပြာမိန်းက​လေးက သူမရဲ့လက်​တွေကို ချန်းလန်ရဲ့လည်ပင်းမှာချိတ်ထားပြီး
ယွဲ့​ယောင်နဲ့မျက်နှာချင်းဆိုင်ဖြစ်​နေတာ​ကြောင့် ချန်းလန်ကသူမရဲ့မျက်နှာအမူအရာကိုမမြင်ရဘူး..သူမကအဲ့ဒါကိုအခွင့်​ကောင်းယူပြီး ယွဲ့​ယောင်ကို မျက်ခုံးပင့်ပြလိုက်တယ်

ယွဲ့​ယောင်ရဲ့မျက်နှာက ဖြူတစ်လှည့်စိမ်းတစ်လှည့်ဖြစ်သွားတယ် ပိုဆိုးတာက သူမ​နောက်ကိုလှည့်လိုက်​တော့ ရှီရှန်းရဲ့ခပ်​လှောင်​​လှောင်အပြုံးကို​တွေ့လိုက်ရတာပဲ... ဒါက ယွဲ့​ယောင်ရဲ့​ဒေါသ​တွေကို အထွဋ်ထိပ်ကို​ရောက်သွား​​စေတယ် .

" သခင်မချန်း...ကျွန်မတို့မင်းသမီးကိုဘာလို့အဲ့လိုစိုက်ကြည့်​နေတာလဲ... မင်းသမီးကို​တွေ့တာ​တောင် မနှုတ်ဆက်​သေးဘူး​ပေါ့.....ဒါ ရှင်တို့ တာ့ချန်းက သင်ကြား​ပေးထားတဲ့ ယဥ်​ကျေးမှုတဲ့လား!!!!...."
ပိရှီက ပြင်းပြင်းထန်ထန်​ပြောပစ်လိုက်တယ် ပထမတစ်ခွန်းက​တော့ ယွဲ့​ယောင်ကိုရည်ရွယ်ပြီး ဒုတိယတစ်ခွန်းက​တော့ ​ဘေးနားမှာရှိ​နေတဲ့ လူအားလုံးကိုထိသွား​စေတယ်

ရုတ်တရပ်ကြီးအပြစ်တင်ခံလိုင်ရတာ​ကြောင့် လူအုပ်ကြီးက ယွဲ့​ယောင်ကိုစိတ်ဆိုးမာန်ဆိုးကြည့်လိုက်ကြပြီး ရှီရှန်းကို ​ဆောင့်​ဆောင့်​အောင့်အောင့်နှုတ်ဆက်လိုက်ကြတယ်..

" မင်းသမီးချင်းကွမ်းကို နှုတ်ခွန်းဆက်သပါတယ်.."

မင်းသမီးချင်းကွမ်းက နန်ကျင်းကလူပဲ...တကယ်လို့ တာ့ချန်ရဲ့မျိုးဆက်​တွေက သူမကိုမ​ချေမငံဆက်ဆံလိုက်ရင် သူတို့နိုင်ငံအတွက် မျက်နှာပျက်စရာဖြစ်လိမ့်မယ်

ရှီရှန်းကဘာမှပြန်မ​ပြော​သေးတာ​ကြောင့် သူတို့ကခါးကိုပြန်မတ်လို့မရ​သေးဘူး..

ယွဲ့​ယောင်က​တော့​သေ​သေရှင်ရှင်မနှုတ်ဆက်နိုင်ဘူးဆိုတဲ့အထာနဲ့ မတ်မတ်ရပ်​နေတာ​ကြောင့် သူများ​တွေနဲ့ မျက်​စောင်းဒဏ်ကိုခံစားလိုက်ရတယ်
ယွဲ့​ယောင်က မတူသလိုမတန်သလိုခံစားလိုက်ရတယ် ' ဟမ့်...ငါကဘာကိစ္စသူ့ကို ဦးညွတ်နှုတ်ဆက်ရမှာလဲ..ငါက နတ်ဘုရားမပဲ...နိမ့်ကျတဲ့လူသား​တွေရဲ့..'

"ကိစ္စကဒီလိုဆိုမှ​တော့ မင်းတို့အားလုံးလည်း သခင်မချန်းကို အ​​ဖော်ပြုပြီး ဒီမှာ အတူတူရပ်​နေလိုက်ကြ..." ရှီရှန်းက ခပ်​လှောင်​လှောင်ပြုံးလိုက်တယ် " ဒါကပန်ကုန်းကို နှုတ်မဆက်တဲ့ပြစ်ဒဏ်ကို​လျှော့​ပေါ့​ပေးလိုက်တာပဲ...ပန်ကုန်းကိုမင်းတို့​ကျေးဇူးတင်စရာမလိုဘူး.."

လူအုပ်ကြီးက အကြည့်​တွေဖလှယ်လိုက်ကြတယ်  မင်းသမီးချင်းကွမ်းက မာနကြီးတယ် ​ဒေါသကြီးတယ် ရက်စက်တယ် တစ်ကိုယ်​ကောင်းဆန်ပြီး သူများ​တွေရဲ့ခံစားချက်ကိုထည့်မတွက်တတ်ဖူး ဆိုတဲ့​ကောလဟာလ​တွေကိုသူတို့ကြားဖူး​ပေမယ့် မနာလိုလို့သပုပ်​လေလွင့်​လျှောက်​ပြော​နေကြတာ လို့သာထင်ခဲ့တယ် အခုသူတို့ကိုယ်တိုင်ကြုံလိုက်ရ​တော့မှ မှား​နေတာက ​ကောလဟာလ​တွေမဟုတ်ဘဲ သူတို့ကိုယ်တိုင်သာဖြစ်​ကြောင်းသ​ဘော​ပေါက်သွားကြ​တော့တယ်

အန်းယွဲ့​ယောင်ကသူမကိုနှုတ်မဆက်တာနဲ့ဘဲ သူတို့အားလုံးကိုအပြစ်​ပေးလိုက်တယ်​ပေါ့..
မင်းသမီးချင်းကွမ်းကသူတို့အပြစ်ပြုမိလို့မရနိုင်တဲ့သူမဖြစ်တာ​ကြောင့် လူအုပ်ကြီးက ယွဲ့​ယောက်ကိုပဲ ​ဒေါသ​တွေပုံချလိုက်ကြ​တော့တယ်

ရှီရှန်းက ယွဲ့​ယောင်တစ်ခုခုပြန်​ပြောဖို့အချိန်တစ်စက်မှမ​ပေးဘဲ ရထားလုံးဆီကိုပြန်ခဲ့ပြီး ထွက်မသွားခင်မှာ လိုက်ကာစကိုမပြီး လူအုပ်ကြီးကိုလှမ်း​ပြောလိုက်တယ် " နှစ်ရှီချန် ဆိုရင်လုံ​လောက်ပြီ...တကယ်လို့တစ်​ယောက်​ယောက်သာ အဲ့ထပ်​စောပြီးပြန်သွားရဲရင် ပန်ကုန်းမင်းတို့ကို အပြစ်​ပေးညီလာခံမှာ​တွေ့မယ်.."

(TN/ ရှီချန် = တရုတ်​ရှေး​ဟောင်းအချိန်       အတိုင်းအတာ
တစ်ရှီချန် = ၂နာရီ)

'ဟားဟား..အဲ့ဒီအတင်းတုပ်တတ်တဲ့သူ​တွေကို အလွတ်​ပေးလိုက်စရာအ​ကြောင်းတစ်စက်မှမရှိဘူး...ငါ့မှာလည်း အာဏာရှိပါတယ်​နော်...ငါ​လေး တာ့ချန်ရဲ့မင်းသမီးမဟုတ်တာပဲ​ကျေးဇူးတင်..မဟုတ်ရင် နင်တို့ကို ဒူး​​​​ထောက်ခိုင်းမှာ...'

အပြစ်မဲ့တဲ့လူအုပ်ကြီး "....."
'ငါတို့ကရပ်ကြည့်​နေရုံပဲ​လေ..ဘယ်လိုလုပ်ပြီး အပြစ်​ပေးခံရတာလဲ..'

အထက်တန်းစား သခင်​လေး သခင်မ​လေး​တွေကို ​ရေကန်​ဘေးမှာ နှစ်ရှီချန်စာ မတ်တပ်ရပ်ခိုင်းတယ်ဆိုတာ တကယ်ရက်စက်တဲ့အပြစ်​ပေးမှုပဲဖြစ်တယ်
အားနည်းတဲ့တချို့သူ​တွေဆိုရင် အိမ်ကိုပြန်​ရောက်တာနဲ့ အဖျားတက်ပြီးအိပ်ရာထဲလဲသွားကြတယ် ရှီရှန်းက​ သူတို့ဆီကိုဆေး၀ါးအချို့နဲ့အတူစာတစ်​စောင်ကိုလူလွှတ်ပြီးပို့ခိုင်းလိုက်တယ် 
*​ကိုယ်လက်လှုပ်ရှားမှုများများလုပ်..ဒီ​လောက်ဒဏ်​လေးကိုမှမခံနိုင်ရင် မင်းတို့ရဲ့ခန္ဓာကိုယ်က တကယ်အားနည်းလွန်းတာပဲ...*

အမှန်ပဲ ဒါကသူမရဲ့စာထဲမှာပါတဲ့အ​ကြောင်းအရာအတိအကျဖြစ်တယ် ချဲ့ကားထားတာတစ်ခုမှမပါဘူး..

ကိုယ့်ခန္ဓာကိုယ်အားနည်းတဲ့ကိစ္စကို သူများကိုအပြစ်သွားတင်လို့မရတဲ့ကိစ္စပဲ​လေ..

ရလဒ်အ​နေနဲ့ ရှီရှန်းရဲ့ မာနကြီးမှုနဲ့ပုံကြီးချဲ့တတ်မှုတို့​ကြောင့် ချန်အန်းမှာ တစ်​​နေ့ထပ်တစ်နေ့​ကျော်ကြားလာတယ်

Transalated by Dora💜  Mia💙

Zawgyi

ရထားလုံးက ခပ္လွမ္းလွမ္းမွာရပ္သြား​ေပမယ့္ ဘယ္သူမွထြက္မလာဘူး..သူတို႔​ေတြအခ်ိန္ခန​ေလာက္​ၾကာ​ေအာင္​ေစာင့္​ေနတာ​ေတာင္ဘယ္သူမွထြက္လာမယ့္ပုံမ​ေပၚတာ​ေၾကာင့္  လွည္းကိုမျမင္ခ်င္​ေယာင္​ေဆာင္ၿပီး ကိုယ့္လမ္းကိုဆက္သြားဖို႔လုပ္လိုက္ၾကတယ္ 

ပီ႐ွိက လက္ဖက္ရည္တည္ခင္း​ေနတဲ့အခ်ိန္မွာ ႐ွီ႐ွန္းက​ေတာ့ ရထားလုံးနံရံကို​ေက်ာမွီၿပီး မ်က္စိမွိတ္ကာအနားယူ​ေနတယ္

ပိ႐ွီက​ေတာ့ နားမလည္ႏိုင္​ေအာင္ျဖစ္​ေနတယ္ 'အိမ္ဝင္းထဲကပန္းျခံမွာလက္ဖက္ရည္​ေသာက္ရတဲ့ခံစားခ်က္နဲ႔ ဒီရထားလုံး​ေပၚမွာလက္ဖက္ရည္လာ​ေသာက္ရတဲ့ခံစားခ်က္နဲ႔
ဘာကြာ​ေနလို႔လဲ....'

ဒါ​ေပမယ့္ ႐ွီ႐ွန္း အနားယူ​ေနတာကို​ေတြ႕​ေတာ့ စကားလုံး​ေတြကိုျပန္မ်ိဳခ်လိုက္​ေတာ့တယ္

႐ွီ႐ွန္းအနားယူ​ေနတုန္း ရထားလုံးနားမွာစု​ေဝး​ေနတဲ့လူ​ေတြလည္းပိုပိုမ်ားလာတယ္  ဒါ​ေပမယ့္ ဘယ္သူကမွ ​ေ႐ွ႕တိုးလာၿပီး သူမကိုမ​ေႏွာင့္ယွက္ရဲၾကဘူး.. အဲ့ဒီအစား ရထားလုံးကိုပဲလက္ညိႇဳးထိုးၿပီး အတင္း​ေျပာ​ေနၾကတယ္

ပိ႐ွီက လိုက္ကာစကိုမၿပီးၾကည့္လိုက္တာ​ေၾကာင့္ အျပင္မွာ အတင္း​ေျပာ​ေနတဲ့လူ​ေတြရဲ႕အမူအရာကလည္းကို႔႐ို႕ကားယားျဖစ္ကုန္ၾကတယ္ ပိ႐ွီက လိုက္ကာစကို ​ေဆာင့္ဆြဲခ်လိုက္ၿပီး ​ေဒါသတႀကီး​ေျပာတယ္ "အ႐ွင့္သမီး..ဒါက အဲ့ဒီ လူမႈ၀န္ထမ္း​ေရးရာအမတ္ရဲ႕သား မွားတဲ့ကိစၥဆိုတာ႐ွင္းလင္း​ေနၿပီးသားကို ဘယ္လိုျဖစ္လို႔ ဒီလူ​ေတြက ကြၽန္​ေတာ္မ်ိဳးမတို႔ကိုပဲ အတင္း​ေျပာ​ေနရတာလဲ..."

'သူတို႔သာ အ​ေစာ္ကားခံရၾကည့္ပါလား..​ေနရာမွာတင္ကိုယ့္ကိုကိုယ္သတ္​ေသသြားလိမ့္မယ္...'

" ဒီတိုင္းထားလို႔မျဖစ္​ေတာ့ဘူး...တျဖည္းျဖည္းနဲ႔တရားလြန္လာၾကၿပီ..." ပိ႐ွီက ရထားလုံးထဲက​ေနထြက္ဖို႔ျပင္လိုက္တယ္

"​ေျပာၾကစမ္းပါ​​ေစ..." ႐ွီ႐ွန္းက ​ေအယ​ေအး​ေဆး​ေဆး​ေျပာလိုက္တယ္ " ဒီမွာ ပန္ကုန္းကိုမနာလို​ေနတဲ့သူ​ေတြမွအမ်ားႀကီးပဲ...သူတို႔အတြက္နဲ႔ အားကုန္ခံ​ေနစရာမလိုဘူး.."

ပိ႐ွီရဲ႕​ေဒါသ​ေတြက ဆပ္ျပာပူ​ေဖာင္းလို​ေပ်ာက္ကြယ္သြားတယ္ 'အ႐ွင့္သမီး...ဒီထက္ပိုၿပီး စိတ္ႀကီး၀င္စရာက်န္​ေသးရဲ႕လား..'

ဒါ​ေပမယ့္ အျပင္က​ေနလာတဲ့႐ုန္းရင္းဆန္ခတ္အသံ​ေတြ​ေၾကာင့္ ပိ႐ွီက လိုက္ကာစကိုမၿပီးၾကည့္လိုက္ၿပီး ​ေရကန္နားမွာ အုပ္အုပ္က်က္က်က္ျဖစ္ေနၾကတာကို​ေတြ႕လိုက္ရတယ္  "အာ..ၾကည့္ရတာ တစ္​ေယာက္​ေယာက္​ေရထဲျပဳတ္က်သြားတဲ့ပုံပဲ..."

"သြားၾကည့္ၾကရ​ေအာင္.."

ပိ႐ွီက ႐ွီ႐ွန္းကို အျပင္ထြက္ဖို႔ကူညီ​ေပးလိုက္တယ္
ခုနက​ရထားလုံးကိုစု​ေဝး​ေနၾကတဲ့လူအုပ္ႀကီးက အခု​ေတာ့ ​ေရကန္နားမွာသြားစု​ေနၾကၿပီးသူတို႔ရဲ႕လည္တံ​ေတြကိုအတတ္ႏိုင္ဆုံးဆန္႔ၿပီး ဘာျဖစ္​ေနလဲ ဆိုတာစပ္စု​ေနၾကျပန္တယ္

႐ွီ႐ွန္းနဲ႔ျမင့္ျမတ္တဲ့အဆင့္အတန္း​ေၾကာင့္  လူအုပ္ရဲ႕အ​ေ႐ွ႕ကိုအလြယ္တကူ​ေရာက္သြားႏိုင္လိုက္တယ္  ႐ွီ႐ွန္းကဒီအတြက္​ေက်နပ္သြားတယ္ ကိုယ့္အတြက္​ေနရာဖယ္​ေပးတာကိုမႀကိဳက္တဲ့လူမ႐ွိဘူး​ေလ..

​ေရကန္ထဲကိုက်သြားတဲ့လူက ႏွစ္​ေယာက္ျဖစ္​ေနတယ္ တစ္​ေယာက္ကယြဲ႕​ေယာင္ျဖစ္ၿပီး ​ေနာက္တစ္​ေယာက္က ခုနက အျပာ​ေရာင္စကတ္နဲ႔မိန္းက​ေလးျဖစ္တယ္
သူတို႔ႏွစ္​ေယာက္လုံးက အဆင့္အတန္းျမင့္မိန္းမပ်ိဳ​ေလး​ေတြခ်ည္းပဲျဖစ္တာ​​ေၾကာင့္  သာမန္လူ​ေတြက သြားဆယ္ဖို႔ရာမဝံ့မရဲျဖစ္​ေနၾကတယ္
အဆုံးမွာ​ေတာ့ အနီးအနားကိုလာစစ္​ေဆးတဲ့အစိုးရ၀န္ထမ္းအမ်ိဳး​ေကာင္းသား​ေတြ​ေရာက္လာမွပဲ သူမတို႔ႏွစ္​ေယာက္လည္း​ေရကန္ထဲက​ေန အကယ္ခံရ​ေတာ့တယ္

ယြဲ႕​ေယာင္ရဲ႕ဆံပင္​ေတြက႐ႈပ္ပြ​ေနၿပီး​ေခါင္းအစ​ေျခအဆုံးတစ္ကိုယ္လုံးစို႐ႊဲ​ေနတယ္ ကံ​ေကာင္းတာလား ကံဆိုးတာလားမ​ေျပာတတ္​ေပမယ့္ သူမရဲ႕ခႏၶာကိုယ္ဖြဲ႕စည္းပုံကသိပ္မ​လွတာ​ေၾကာင့္ အက်ႌစ​ေတြက အသားမွာကပ္​ေနတာ​ေတာင္ ၾကည့္ခ်င္စဖြယ္သိပ္မ႐ွိဘူး..

ဒါ​ေပမယ့္အျပာ​ေရာင္စကတ္နဲ႔မိန္းက​ေလးရဲ႕အ​ေျခအ​ေနက​ေတာ့ ကြဲျပားတယ္ သူမရဲ႕ခႏၶာကိုယ္တည္​ေဆာက္ပုံကတကယ္​ေကာင္းတယ္​ေလ..ရာသီဥတုကသိပ္မပူ​ေသး​ေပမယ့္ အထက္တန္းစားအမ်ိဳး​ေကာင္းသမီး​ေလး​ေတြက ​ေဆာင္းရာသီကာလပတ္လုံးမ၀တ္ခဲ့ရတဲ့ ခပ္ပါးပါးခ်ည္ထည္​ေလး​ေတြကိုစ၀တ္​ေနၾကၿပီ...​ေရစို​ေနတဲ့အ၀တ္ပါးပါး​ေလးကသူမရဲ႕အသားနဲ႔ကပ္​ေနတာ​ေၾကာင့္ သူမရဲ႕သဲနာရီပုံစံ ခါး​ေသးရင္ခ်ီတင္စြင့္စြင့္နဲ႔ခႏၶာကိုယ္​ေလးက ၾကည့္ခ်င္စဖြယ္​ေပၚလြင္​ေနတယ္

အမ်ိဳး​ေကာင္းသားသခင္​ေလးတို႔ရဲ႕အၾကည့္​ေတြက သူမဆီကိုက်​ေရာက္​ေနတာ​ေၾကာင့္  သူမရဲ႕ျဖဴ​ေဖ်ာ့​ေနတဲ့မ်က္ႏွာ​ေလးက ​ေသြးရိပ္သန္းလာၿပီး သူတို႔ကို မ်က္​ေစာင္းလွလွထိုးပစ္လိုက္တယ္  သူမရဲ႕သူငယ္ခ်င္းမိန္းက​ေလး​ေတြကသူတို႔ရဲ႕အ​ေပၚ၀တ္ထည္​ေလး​ေတြကို စကတ္အျပာ​နဲ႔မိန္းက​ေလးကိုျခဳံ​ေပးလိုက္ၾကၿပီး လူျမင္ကြင္းက​ေန ကာ​ေပးလိုက္ၾကတယ္
အမ်ိဳး​ေကာင္းသား​ေလး​ေတြလည္း အၾကည့္ကိုခပ္ျမန္ျမန္လႊဲလိုက္ရ​ေတာ့တယ္ အခုအ​ေျခအ​ေနထိဆက္ၾကည့္​ေနအုံးမယ္ဆိုရင္ သူတို႔ရဲ႕ ဂုဏ္သိကၡာကိုထိခိုက္​ေစ​ေတာ့မယ္​ေလ...

" နင္ ​ေရထဲကိုဘယ္လိုလုပ္ၿပီးက်သြားရတာလဲ..." ​ေဘးနားက မိန္းက​ေလးတစ္​ေယာက္က​ေမးတယ္

"ဘာျဖစ္ရမွာလဲ...ဟိုမ်က္ကန္းမ ငါ့ကို၀င္တိုက္လို႔​ေပါ့.." စကတ္အျပာမိန္းက​​ေလးက ယြဲ႕​​ေယာင္ကို​ေဒါသတႀကီးၾကည့္လိုက္တယ္ "နင္လမ္း​ေျဖာင့္​ေအာင္မ​ေလွ်ာက္တတ္ဖူးလား....အဲ့ဒါကိုမ်ား ဘာကိစၥ အိမ္ထဲက​ေနထြက္လာ​ေသးလဲ..."

"ငါ တမင္လုပ္တာမဟုတ္ဖူး! " ယြဲ႕​ေယာင္ကလည္း မ​ေၾကာက္မ႐ြံ႕ျပန္​ေအာ္တယ္ "ငါလည္း နင္နဲ႔အတူ ​ေရကန္ထဲက်သြားတာပဲ မဟုတ္ဖူးလား.."

"ဘာရယ္..အဲ့လိုဆိုတာနဲ႔ပဲ အရာအားလုံးက​ေျပလည္သြားတယ္လို႔မ်ားထင္​ေနလား..." စကတ္အျပာမိန္းက​ေလးက မ်က္​ေမွာင္ကုတ္လိုက္တယ္ "နင္တမင္လုပ္တာမလား..."

"ငါ မလုပ္ဖူး!! "
  'ငါတကယ္ အဲ့လိုမရည္႐ြယ္ပါဘူး...သူမကို ငါလမ္း​ေလွ်ာက္တဲ့နားမွာ႐ွိ​ေနဖို႔ဘယ္သူက​ေျပာလို႔လဲ...'

"လမ္းကအက်ယ္ႀကီး​ေလ..ဒါ​ေတာင္မွ နင္က ငါ့နားကိုမွတည့္တည့္​ေလွ်ာက္လာတယ္..နင္တမင္လုပ္တာမဟုတ္ဖူးလို႔​ေျပာတာကို ငါကယုံမယ္မ်ားထင္​ေနလား.." စကတ္အျပာမိန္းက​ေလးက ဥာဏ္​ေျပးတာ​ေၾကာင့္ မ​ေက်မနပ္ျဖစ္​ေန​ေပမယ့္လည္း သူမရဲ႕စကား​ေတြကအ​ေတာ္​ေလး ျငင္သာတယ္

ယြဲ႕​ေယာင္က​ေတာ့ သူမရဲ႕စြပ္စြဲခ်က္​ေတြကို အသံၿပဲႀကီးနဲ႔ျပန္ျငင္း​ေပမယ့္ သူမဘက္က​ေနလိုက္​ေျပာ​ေပးမယ့္သူမ႐ွိ​ေတာ့ သိပ္ၿပီးအရာမ​ေရာက္လွဘူး..
ယြဲ႕​ေယာင္က ခ်န္အန္းၿမိဳ႕ရဲ႕ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ႀကီးျဖစ္တဲ့စစ္သူႀကီးခ်န္းလန္ကို လက္ထပ္ထားတာ​ေၾကာင့္ ႐ွိသမွ်မိန္းက​​ေလးတိုင္းက သူမကို ဆန္႔က်င္ဖို႔သာလိုလားၾကတယ္

သူတို႔ရဲ႕အျငင္းပြားမႈက ရန္ပြဲပုံစံကိုတျဖည္းျဖည္း​ေျပာင္းလာတယ္

႐ွီ႐ွန္းက​ေတာ့ ​ေဘးက​ေနရပ္ၾကည့္​ေနရင္းနဲ႔ပဲ စိတ္ထဲက​ေန နံပါတ္စဥ္​ေတြကိုတိတ္တဆိတ္​ေရတြက္​ေနတယ္

'ဇာတ္လိုက္မနဲ႔ အရံဇာတ္လိုက္မ ျပသနာတတက္တိုင္းမွာ ဇာတ္လိုက္​ေကာင္​ႀကိမ္း​ေသ​ေပါက္ ေပၚလာၿပီး ၂​ေယာက္ထဲကတစ္​ေယာက္ကိုကူညီလိမ့္မယ္..'

3....2.....1....

ျဖန္း!!

႐ုန္းရင္းဆန္ခတ္ျဖစ္​ေနတဲ့ၾကားက​ေန ယြဲ႕​ေယာင္က စကတ္အျပာမိန္းက​​ေလးရဲ႕ပါးကို႐ိုက္လိုက္ႏိုင္တယ္

အဲ့ဒီအခ်ိန္မွာပဲ ႐ွီ႐ွန္းရဲ႕နံပါတ္စဥ္​ေရတြက္မႈကလည္း အဆုံးသတ္သြားတယ္

"စစ္သူႀကီး ခ်န္းလန္!!!!..."

တစ္​ေယာက္​ေယာက္က​ေအာ္​ေျပာလိုက္တာ​ေၾကာင့္ လူအုပ္ႀကီးက ၂ျခမ္းကြဲသြားၿပီး ခ်န္းလန္အတြက္လမ္း႐ွင္း​ေပးလိုက္တယ္

​အရပ္႐ွည္႐ွည္႐ုပ္​ေခ်ာ​ေခ်ာ အမ်ိဳးသားတစ္​ေယာက္​ေပၚလာတယ္ ဒါ​ေပမယ့္ သူက ယြဲ႕​ေယာင္ကိုတစ္စက္​ေလး​ေတာင္မၾကည့္ဘဲ စကတ္အျပာမိန္းက​​ေလးဆီကိုသြားၿပီး ​ေပြ႕လိုက္တယ္

"ခ်န္းလန္....႐ွင္" ယြဲ႕​ေယာင္က ​ေၾကကြဲသြားတဲ့ပုံစံနဲ႔​ေျပာလိုက္တယ္

"သခင္မကို အိမ္​ေတာ္ကိုျပန္ပို႔လိုက္.." ခ်န္းလန္က ​သူ႕​ေနာက္လိုက္​ေတြကို တည္ၿငိမ္စြာ​အမိန္႔​ေပးလိုက္ၿပီး စကတ္အျပာမိန္းက​ေလးကိုခ်ီကာအ​ေဝးကိုထြက္သြားတယ္

စကတ္အျပာမိန္းက​ေလးက သူမရဲ႕လက္​ေတြကို ခ်န္းလန္ရဲ႕လည္ပင္းမွာခ်ိတ္ထားၿပီး
ယြဲ႕​ေယာင္နဲ႔မ်က္ႏွာခ်င္းဆိုင္ျဖစ္​ေနတာ​ေၾကာင့္ ခ်န္းလန္ကသူမရဲ႕မ်က္ႏွာအမူအရာကိုမျမင္ရဘူး..သူမကအဲ့ဒါကိုအခြင့္​ေကာင္းယူၿပီး ယြဲ႕​ေယာင္ကို မ်က္ခုံးပင့္ျပလိုက္တယ္

ယြဲ႕​ေယာင္ရဲ႕မ်က္ႏွာက ျဖဴတစ္လွည့္စိမ္းတစ္လွည့္ျဖစ္သြားတယ္ ပိုဆိုးတာက သူမ​ေနာက္ကိုလွည့္လိုက္​ေတာ့ ႐ွီ႐ွန္းရဲ႕ခပ္​ေလွာင္​​ေလွာင္အျပဳံးကို​ေတြ႕လိုက္ရတာပဲ... ဒါက ယြဲ႕​ေယာင္ရဲ႕​ေဒါသ​ေတြကို အထြဋ္ထိပ္ကို​ေရာက္သြား​​ေစတယ္ .

" သခင္မခ်န္း...ကြၽန္မတို႔မင္းသမီးကိုဘာလို႔အဲ့လိုစိုက္ၾကည့္​ေနတာလဲ... မင္းသမီးကို​ေတြ႕တာ​ေတာင္ မႏႈတ္ဆက္​ေသးဘူး​ေပါ့.....ဒါ ႐ွင္တို႔ တာ့ခ်န္းက သင္ၾကား​ေပးထားတဲ့ ယဥ္​ေက်းမႈတဲ့လား!!!!...."
ပိ႐ွီက ျပင္းျပင္းထန္ထန္​ေျပာပစ္လိုက္တယ္ ပထမတစ္ခြန္းက​ေတာ့ ယြဲ႕​ေယာင္ကိုရည္႐ြယ္ၿပီး ဒုတိယတစ္ခြန္းက​ေတာ့ ​ေဘးနားမွာ႐ွိ​ေနတဲ့ လူအားလုံးကိုထိသြား​ေစတယ္

႐ုတ္တရပ္ႀကီးအျပစ္တင္ခံလိုင္ရတာ​ေၾကာင့္ လူအုပ္ႀကီးက ယြဲ႕​ေယာင္ကိုစိတ္ဆိုးမာန္ဆိုးၾကည့္လိုက္ၾကၿပီး ႐ွီ႐ွန္းကို ​ေဆာင့္​ေဆာင့္​ေအာင့္ေအာင့္ႏႈတ္ဆက္လိုက္ၾကတယ္..

" မင္းသမီးခ်င္းကြမ္းကို ႏႈတ္ခြန္းဆက္သပါတယ္.."

မင္းသမီးခ်င္းကြမ္းက နန္က်င္းကလူပဲ...တကယ္လို႔ တာ့ခ်န္ရဲ႕မ်ိဳးဆက္​ေတြက သူမကိုမ​ေခ်မငံဆက္ဆံလိုက္ရင္ သူတို႔ႏိုင္ငံအတြက္ မ်က္ႏွာပ်က္စရာျဖစ္လိမ့္မယ္

႐ွီ႐ွန္းကဘာမွျပန္မ​ေျပာ​ေသးတာ​ေၾကာင့္ သူတို႔ကခါးကိုျပန္မတ္လို႔မရ​ေသးဘူး..

ယြဲ႕​ေယာင္က​ေတာ့​ေသ​ေသ႐ွင္႐ွင္မႏႈတ္ဆက္ႏိုင္ဘူးဆိုတဲ့အထာနဲ႔ မတ္မတ္ရပ္​ေနတာ​ေၾကာင့္ သူမ်ား​ေတြနဲ႔ မ်က္​ေစာင္းဒဏ္ကိုခံစားလိုက္ရတယ္
ယြဲ႕​ေယာင္က မတူသလိုမတန္သလိုခံစားလိုက္ရတယ္ ' ဟမ့္...ငါကဘာကိစၥသူ႕ကို ဦးၫြတ္ႏႈတ္ဆက္ရမွာလဲ..ငါက နတ္ဘုရားမပဲ...နိမ့္က်တဲ့လူသား​ေတြရဲ႕..'

"ကိစၥကဒီလိုဆိုမွ​ေတာ့ မင္းတို႔အားလုံးလည္း သခင္မခ်န္းကို အ​​ေဖာ္ျပဳၿပီး ဒီမွာ အတူတူရပ္​ေနလိုက္ၾက..." ႐ွီ႐ွန္းက ခပ္​ေလွာင္​ေလွာင္ျပဳံးလိုက္တယ္ " ဒါကပန္ကုန္းကို ႏႈတ္မဆက္တဲ့ျပစ္ဒဏ္ကို​ေလွ်ာ့​ေပါ့​ေပးလိုက္တာပဲ...ပန္ကုန္းကိုမင္းတို႔​ေက်းဇူးတင္စရာမလိုဘူး.."

လူအုပ္ႀကီးက အၾကည့္​ေတြဖလွယ္လိုက္ၾကတယ္  မင္းသမီးခ်င္းကြမ္းက မာနႀကီးတယ္ ​ေဒါသႀကီးတယ္ ရက္စက္တယ္ တစ္ကိုယ္​ေကာင္းဆန္ၿပီး သူမ်ား​ေတြရဲ႕ခံစားခ်က္ကိုထည့္မတြက္တတ္ဖူး ဆိုတဲ့​ေကာလဟာလ​ေတြကိုသူတို႔ၾကားဖူး​ေပမယ့္ မနာလိုလို႔သပုပ္​ေလလြင့္​ေလွ်ာက္​ေျပာ​ေနၾကတာ လို႔သာထင္ခဲ့တယ္ အခုသူတို႔ကိုယ္တိုင္ၾကဳံလိုက္ရ​ေတာ့မွ မွား​ေနတာက ​ေကာလဟာလ​ေတြမဟုတ္ဘဲ သူတို႔ကိုယ္တိုင္သာျဖစ္​ေၾကာင္းသ​ေဘာ​ေပါက္သြားၾက​ေတာ့တယ္

အန္းယြဲ႕​ေယာင္ကသူမကိုႏႈတ္မဆက္တာနဲ႔ဘဲ သူတို႔အားလုံးကိုအျပစ္​ေပးလိုက္တယ္​ေပါ့..
မင္းသမီးခ်င္းကြမ္းကသူတို႔အျပစ္ျပဳမိလို႔မရႏိုင္တဲ့သူမျဖစ္တာ​ေၾကာင့္ လူအုပ္ႀကီးက ယြဲ႕​ေယာက္ကိုပဲ ​ေဒါသ​ေတြပုံခ်လိုက္ၾက​ေတာ့တယ္

႐ွီ႐ွန္းက ယြဲ႕​ေယာင္တစ္ခုခုျပန္​ေျပာဖို႔အခ်ိန္တစ္စက္မွမ​ေပးဘဲ ရထားလုံးဆီကိုျပန္ခဲ့ၿပီး ထြက္မသြားခင္မွာ လိုက္ကာစကိုမၿပီး လူအုပ္ႀကီးကိုလွမ္း​ေျပာလိုက္တယ္ " ႏွစ္႐ွီခ်န္ ဆိုရင္လုံ​ေလာက္ၿပီ...တကယ္လို႔တစ္​ေယာက္​ေယာက္သာ အဲ့ထပ္​ေစာၿပီးျပန္သြားရဲရင္ ပန္ကုန္းမင္းတို႔ကို အျပစ္​ေပးညီလာခံမွာ​ေတြ႕မယ္.."

(TN/ ႐ွီခ်န္ = တ႐ုတ္​ေ႐ွး​ေဟာင္းအခ်ိန္       အတိုင္းအတာ
တစ္႐ွီခ်န္ = ၂နာရီ)

'ဟားဟား..အဲ့ဒီအတင္းတုပ္တတ္တဲ့သူ​ေတြကို အလြတ္​ေပးလိုက္စရာအ​ေၾကာင္းတစ္စက္မွမ႐ွိဘူး...ငါ့မွာလည္း အာဏာ႐ွိပါတယ္​ေနာ္...ငါ​ေလး တာ့ခ်န္ရဲ႕မင္းသမီးမဟုတ္တာပဲ​ေက်းဇူးတင္..မဟုတ္ရင္ နင္တို႔ကို ဒူး​​​​ေထာက္ခိုင္းမွာ...'

အျပစ္မဲ့တဲ့လူအုပ္ႀကီး "....."
'ငါတို႔ကရပ္ၾကည့္​ေန႐ုံပဲ​ေလ..ဘယ္လိုလုပ္ၿပီး အျပစ္​ေပးခံရတာလဲ..'

အထက္တန္းစား သခင္​ေလး သခင္မ​ေလး​ေတြကို ​ေရကန္​ေဘးမွာ ႏွစ္႐ွီခ်န္စာ မတ္တပ္ရပ္ခိုင္းတယ္ဆိုတာ တကယ္ရက္စက္တဲ့အျပစ္​ေပးမႈပဲျဖစ္တယ္
အားနည္းတဲ့တခ်ိဳ႕သူ​ေတြဆိုရင္ အိမ္ကိုျပန္​ေရာက္တာနဲ႔ အဖ်ားတက္ၿပီးအိပ္ရာထဲလဲသြားၾကတယ္ ႐ွီ႐ွန္းက​ သူတို႔ဆီကိုေဆး၀ါးအခ်ိဳ႕နဲ႔အတူစာတစ္​ေစာင္ကိုလူလႊတ္ၿပီးပို႔ခိုင္းလိုက္တယ္ 
*​ကိုယ္လက္လႈပ္႐ွားမႈမ်ားမ်ားလုပ္..ဒီ​ေလာက္ဒဏ္​ေလးကိုမွမခံႏိုင္ရင္ မင္းတို႔ရဲ႕ခႏၶာကိုယ္က တကယ္အားနည္းလြန္းတာပဲ...*

အမွန္ပဲ ဒါကသူမရဲ႕စာထဲမွာပါတဲ့အ​ေၾကာင္းအရာအတိအက်ျဖစ္တယ္ ခ်ဲ႕ကားထားတာတစ္ခုမွမပါဘူး..

ကိုယ့္ခႏၶာကိုယ္အားနည္းတဲ့ကိစၥကို သူမ်ားကိုအျပစ္သြားတင္လို႔မရတဲ့ကိစၥပဲ​ေလ..

ရလဒ္အ​ေနနဲ႔ ႐ွီ႐ွန္းရဲ႕ မာနႀကီးမႈနဲ႔ပုံႀကီးခ်ဲ႕တတ္မႈတို႔​ေၾကာင့္ ခ်န္အန္းမွာ တစ္​​ေန႔ထပ္တစ္ေန႔​ေက်ာ္ၾကားလာတယ္

Transalated by Dora💜  Mia💙

Continue Reading

You'll Also Like

48.6K 4.7K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
26.2K 4.3K 43
جۆنگکوک بۆ چەندین جار لەخەونیدا کچێک دەبینێ و ئاشقی دەبێ بەڕێکەوت هەمان کچ لەگەشتی ژاپۆندا دەبنیێ، کاڤیا و جۆنگکوک ئەکەونە دوای ململانێی نێوان ماف...
853K 107K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
100K 4.2K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...