ရှီရှန်း (ရှီရှန်း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 9.3

4.2K 932 14
By Hanpandora

Unicode

ညနက်ကြီးမှာ ချန်းလန်က နန်း​တော်ကို၀င်ဖို့ ဆင့်​ခေါ်ခံခဲ့ရတယ်

ရှီရှန်းက မင်းကြီးသူမကို​ပေးသနားထားတဲ့ ထိုင်ခုံ​ပေါ်မှာ​ဖျော့​တော့စွာထိုင်​နေတယ် ရှီရှန်းရဲ့အ​နောက်မှာရပ်ရနေတဲ့ပိရှီကညီလာခံခန်းမအလယ်မှာဒူး​ထောက်​နေတဲ့မိန်းက​လေးကို​ဒေါသတကြီးစိုက်ကြည့်​နေတယ်

မိန်းက​လေးရဲ့ဒဏ်ရာ​တွေကိုဆေးထည့်လို့ပြီးသွား​ပေမယ့် သူမရဲ့မျက်နှာက အ​တော်​​လေး​ဖျော့​တော့​နေတယ် သူမက ချမ်းလွန်းလို့ ညည်းသံ​တွေထွက်​မလာအောင် နှုတ်ခမ်းကိုကိုက်ထားရတယ်
၀န်ကြီးချုပ်၀တ်ရုံကို၀တ်ထားတဲ့အမျိုးသားကြီးတစ်​ယောက်က သူမ​ဘေးမှာဒူး​ထောက်​နေတယ် သူက ယွဲ့​ယောင်ရဲ့အ​ဖေပဲ..

ဒါက ချန်းလန် ခန်းမထဲကို၀င်၀င်လာချင်း​တွေ့လိုက်ရတဲ့မြင်ကွင်းပဲဖြစ်တယ်

ဒါက သူ ချင်းကွမ်းကို ပထမဆုံးမြင်ဖူးတာပဲ..သူမက နှင်း​မြေ​ခွေးဖြူသား​မွေး၀တ်ရုံကိုခြုံထားပြီး မျက်နှာတစ်ခုလုံးလည်းဖြူ​ဖျော့​နေကာ အလွန်အမင်းထိတ်လန့်​နေပုံ​ပေါ်တယ်  သူမက မျက်လွှာချထားပြီး မျက်​တောင်​လေး​တွေကလည်း တုန်ရီ​နေကာ မကြာသေးခင်ကမှ တစ်​ယောက်​ယောက် တိုက်ခိုက်တာကို ခံထားရပုံ​ပေါ်တယ်

ချန်းလန်က  ကြမ်းပြင်မှာဒူး​ထောက်​နေတဲ့ယွဲ့​ယောင်ကိုကြည့်လိုက်တယ်  သူမကပိုပြီး​တော့​တောင်သနားစရာ​ကောင်း​နေ​သေးတယ် အ၀တ်ပါး​လေးတစ်ထပ်ပဲ၀တ်ထားပြီး ​အေးစက်တဲ့ကြမ်းပြင်​ပေါ်မှာဒူး​ထောက်​နေရရှာတယ်

'သူမ အရမ်းချမ်း​နေ​တော့မှာပဲ!'

ဘာလို့မှန်းမသိ​ပေမယ့် ချန်းလန်က သူ့နှလုံးသားထဲက စိုးရိမ်မှုကိုခံစားလိုက်ရတယ် ဒါ​ပေမယ့် မင်းကြီးအ​ရှေ့မှာဖြစ်လို့ သူ့ခံစားချက်​တွေကိုအရမ်းကြီးထုတ်​ဖော်မိလိုက်လို့မဖြစ်ဘူး..သူက သူကိုယ်တိုင်သိပ်နားမလည်တဲ့ခံစားချက်​တွေကို ပြန်ဖိနှိပ်ထားလိုက်တယ်  သူက​ရှေ့ကိုတစ်လှမ်းတိုးပြီးချန်ဧကရာဇ်ကို အရိုအ​သေပြုလိုက်တယ်

"အရှင်မင်းကြီး..."

ချန်ဧကရာဇ်ရဲ့မျက်နှာထားက ​ဒေါသအလွန်ထွက်​နေပုံ​ပေါ်တယ် " ချစ်လှစွာ​သောအမတ်မင်း...ဒီကိစ္စက မင်းနဲ့ပတ်သက်တဲ့ကိစ္စပဲ..ဒါကိုဘယ်လို​ဖြေရှင်းရမယ်လို့ထင်လဲ..."

ချန်းလန်ကအမူအရာနဲနဲ​လေးမှ​ပြောင်းလဲမသွားပဲ တည်ငြိမ်စွာ​ပြောလိုက်တယ် 
"ကျွန်တော်မျိုးက ဆင့်​​ခေါ်စာရလို့ နန်းတွင်းထဲကို အခုမှ၀င်လာတာပါ..ကျွန်​တော်မျိုးက လက်ရှိဖြစ်​နေတဲ့အ​ခြေအ​နေကို​သေချာနားမလည်​သေးပါဘူး.."

ချန်းလန်ရဲ့စကားကိုကြားတာနဲ့ ယွဲ့​ယောင်ကရုတ်တရပ်လှမ်း​ပြောလိုက်တယ် "ကျွန်မ မင်းသမီးချင်းကွမ်းကို လုပ်ကြံဖို့မကြိုးစားခဲ့ဘူး...သူ ကျွန်မကို စွပ်စွဲ​နေတာ..."

"အတင့်ရဲလိုက်တာ!!!! " ချန်ဧကရာဇ်က ​ဒေါသတကြီးလှမ်း​အော်လိုက်တယ် သူ့အပြုအမူက ခုနကထပ်​တောင်ပိုပြင်းထန်လာ​သေးတယ်

သူ့သမီး​ဘေးနားမှာဒူး​ထောက်​နေတဲ့၀န်ကြီးချုပ်က ယွဲ့​ယောင်ကိုစကားဆက်မ​ပြောဖို့စူးရှတဲ့အကြည့်တစ်ချက်နဲ့အချက်ပြလိုက်ပြီး ​တောင်းပန်လိုက်တယ် "အရှင်မင်းကြီး..
ကျွန်​တော်မျိုးကိုခွင့်လွှတ်​တော်မူပါ...ကျွန်​တော်မျိုး ဒီသမီးမိုက်ကို ​ကောင်း​ကောင်းမသွန်သင်နိုင်ခဲ့ပါဘူး...ကျွန်​တော်မျိုးဖခင်တာ၀န်မ​ကျေပါဘူး.."

ချန်ဧကရာဇ်က​ကျောက်စိမ်းစားပွဲ​ပေါ်မှာတင်ထားတဲ့ လက်ဖက်ရည်ခွက်ကို ၀န်ကြီးချုပ်ဆီပစ်​ပေါက်လိုက်တယ် "မင်းကဒါကိုဖခင်တာ၀န်မ​ကျေဘူးလို့​ပြော​နေ​သေးတယ်​ပေါ့.. မင်းသမီးချင်းကွမ်းသာတစ်ခုခုဖြစ်သွားရင် မင်းတို့အန်းအိမ်​တော်တစ်ခုလုံးကသူ​တွေကို​သေဒဏ်​ပေးလိုက်ရင်​တောင် အပြစ်​ကျွေးမ​ကျေနိုင်ဘူးကွ!!!!...."

လက်ဖက်ရည်ပူပူအပြည့်ပါတဲ့လက်ဖက်ရည်ခွက်က ၀န်ကြီးချုပ်ရဲ့​ကျောကိုထိမှန်သွား​ပေမယ့် ကံ​ကောင်း​ထောက်မစွာနဲ့ရာသီဥတုကအရမ်း​အေး​နေ​တော့ လက်ဖက်ရည်ရဲ့အပူချိန်ကတန်းပြီး​ပျောက်ကွယ်သွားတယ်.....

"မှန်ပါ..မှန်ပါ..ကျွန်​တော်မျိုးကြီး အမှားကိုသိပါပြီ...​ညှာတာ​ထောက်ထား​တော်ပါ..အရှင်မင်းကြီး"  ၀န်ကြီးချုပ်က ဆက်ပြီး​တောင်းပန်​နေတယ်

ရှီရှန်းကသူမရဲ့​​ခေါင်းကိုငုံ့လိုက်ပြီး ချင်ဧကရာဇ်နဲ့၀န်ကြီးချုပ်တို့ရဲ့ဟန်​ဆောင်ပြပွဲကို မမြင်ချင်​ယောင်​ဆောင်​နေလိုက်တယ်

ချန်းလန်က အ​ခြေအ​နေကိုအကြမ်းဖျင်းနားလည်သွားပြီဖြစ်တယ်

"အရှင်မင်းကြီး..ကျွန်​တော်မျိုး မင်းသမီးချင်းကွမ်းကို​မေးခွန်းအနည်းငယ်​လောက်​မေးခွင့်ရနိုင်မလား.."

ချန်ဧကရာဇ်က ချန်းလန်ကို​မော့ကြည့်တဲ့ ရှီရှန်းကိုကိုကြည့်လိုက်တယ်..

သူမရဲ့အကြည့်​တွေက ချန်းလန်ခန့်မှန်းထားသလိုမဟုတ်ဘဲ ​ဆောင်းရာသီမှာ ​အေးခဲ​နေတဲ့ ​ကန်​ရေပြင်လို တည်ငြိမ်နေတယ် ​တုန်လှုပ်ခြင်းတစ်စုံတစ်ရာမရှိဘဲ ​တော်၀င်မင်းသမီးတစ်ပါးရဲ့ရာဇအိ​​န္ဒြေကိုအပြည့်အ၀ထုတ်​ဖော်လျက်..

ချန်းလန်က သူမရဲ့ ​အေး​ဆေးတည်ငြိမ်တဲ့အသံကိုကြားလိုက်ရတယ် " ပန်ကုန်းကို မင်းဘာ​မေးချင်ပါသလဲ..စစ်သူကြီးချန်းလန်.."

သူမရဲ့တည်ငြိမ်တဲ့အသံက​နေ ​တော်၀င်ဆန်မှု ကျက်သ​ရေခ​ညောင်းမှု နဲ့ အရှင်သခင်တစ်ပါးရဲ့အရှိန်အ၀ါကိုအပြည့်အ၀ခံစားမိနိုင်တယ် ..

"မင်းသမီးချင်းကွမ်း...မိန်းက​လေးအန်းက အသင့်ခန်း​ဆောင်ကို၀င်လာပြီး အသင့်ကိုလာလုပ်ကြံတယ်လို့​ပြောပါတယ်​နော်...ဒါ​ပေမယ့် ကျွန်​တော််မျိုးသိသ​လောက်ဆိုရင် မိန်းက​​လေးအန်းက ငယ်ငယ်ကတည်းကကျန်းမာ​ရေးချူချူအားနည်းသူဖြစ်တာ​ကြောင့် လက်နက်တစ်ခုကို​တောင် ​သေချာမမ​နိုင်ပါဘူးတဲ့...ဒါ့အပြင် မင်းသမီး​နေထိုင်တဲ့ခန်း​ဆောင်​တော်က အ​စောင့်အ​ရှောက်ကျပ်တည်းလွန်းပါတယ်..အဲ့ဒီ​တော့ ကျွန်​တော်မျိုး​မေးချင်တာက မိန်းက​လေးအန်းက မင်းသမီးရဲ့ခန်း​ဆောင်​တော်ကို ဘယ်လို၀င်လာခဲ့ပါသလဲ...."

ရှီရှန်းက သူမရဲ့မျက်ခုံးကိုပင့်လိုက်တယ်
"စစ်သူကြီးဆိုလိုတာက ...ပန်ကုန်းက သူမကို တမင် အကွက်ချပြီးမှားယွင်းစွပ်စွဲ​နေတယ်လို့လား..."

"ကျွန်​တော်မျိုးက ဒီလိုဆိုလိုတာမဟုတ်ပါဘူး...ကျွန်​တော်မျိုးက ဒီအ​ခြေအ​နေကိုသုံးသပ်အ​ဖြေရှာ​နေရုံပဲဖြစ်ပါတယ်.."

ရှီရှန်းက ညီလာခံခန်းမထဲကသူ​တွေကိုအကဲခတ်လိုက်တယ်  ချန်ဧကရာဇ်နဲ့၀န်ကြီးချုပ်တို့ကအ​ပေးအယူတည့်တည့်နဲ့ ဇာတ်လမ်းရိုက်​နေကြတာပဲ..ချန်ဧကရာဇ်က ​​ဒေါသအရမ်းထွက်​နေသလိုထင်ရ​ပေမယ့် သူက ချင်းကွမ်းကိုအ​ပေါ်ယံနှစ်သိမ့်​ပေးရုံကလွဲပြီး ဘာမှ​သေချာအ​ရေးယူ​ပေးမှာမဟုတ်ဘူး..ချန်းလန်ကလည်း ဇာတ်လိုက်မကိုအပြစ်လွတ်ဖို့အတွက် ချင်းကွမ်းကိုအပြစ်ဖို့ဖို့ကြံ​နေတယ်...

'ဟက်!..ချန်းလန်က ဇာတ်လိုက်မနဲ့​တော်​တော်ကိုအ​ပေးအယူမျှ​နေတာပဲ...'

" မင်းက ပန်ကုန်းကသူမကို နန်း​ဆောင်ထဲကို ဖိတ်ကြားခဲ့ပြီးမှ တမင်အကွက်ဆင်​နေတယ်လို့​ပြောချင်​နေတာလား.."

ချန်းလန်ကမျက်​မှောင်ကျုတ်လိုက်တယ် သူက ချင်းကွမ်းကို အဲ့​လောက်ထိပါးနပ်လိမ့်မယ်လို့ထင်မထားဘူး..

ရှီရှန်းက​အေးစက်စွာ​ပြောလိုက်တယ် "ပန်းကုန်းမှာ သူမနဲ့ဘာရန်ငြှိုးမှမရှိဘူး...ပန်ကုန်းကသူမကိုဘာကိစ္စ​ချောက်ချရမှလဲ....ပြီး​တော့ ပန်ကုန်းသာ လူတစ်​ယောက်ကိုတကယ်သတ်ချင်တယ်ဆိုရင် အလွယ်​လေးပဲ...ဘာလို့ ဒီ​လောက် ဒုက္ခများတဲ့နည်းလမ်းကို​ရွေးရမှာလဲ...."

"ဘာလို့လဲဆို​တော့ ရှင် ကျွန်မကို မနာလို​နေလို့​လေ!!!! " ယွဲ့​ယောင်ကရုတ်တရပ်ထ​အော်လိုက်တယ်  မတရားစွပ်စွဲခံလိုက်လို့ ခံပြင်း​နေတဲ့အတွက် ဒီစကား​တွေက သူမပါးစပ်က​နေအလိုအ​လျောက်ထွက်ကျလာတယ်

ပြီး​တော့သူမက ​ချက်ချင်း​နောင်တရသွားတယ်ဆို​ပေမယ့်လည်း အဲ့ဒီစကား​တွေကိုပြန်ပြင်လို့မရ​တော့တာ​ကြောင့် ကိုယ့်ကိုကိုယ်ပဲတိတ်တ်ိတ်​လေးကျိန်ဆဲ​နေလိုက်ရတယ်

"အို....ပန်ကုန်းက မင်းကိုဘာကိစ္စမနာလိုရမှာလဲ..." ရှီရှန်းရဲ့မျက်လုံး​တွေကကျဥ်း​မြောင်းသွားတယ်

"စစ်သူကြီးချန်းလန်နဲ့ကျွန်မနဲ့ကရင်းနှီးကြတယ်ဆိုတာမှန်ပါတယ် ဒါ​ပေမယ့် ကျွန်မတို့က သာမန်မိတ်​ဆွေ​တွေပဲ... အဲ့ဒါကိုရှင်က ကျွန်မကိုအငြှိုးအ​တေးထားတယ်..."
ယွဲ့​ယောင်က သူမကိုယ်သူမ စိတ်ထဲက​နေအား​ပေးလိုက်တယ်..'ဒီကိစ္စ အဆင်​ပြေသွားမှာပါ..'

"အိုး...ဟုတ်လား..ဒါ​ပေမယ့် ပန်ကုန်းက ဘာဖြစ်လို့  မင်းကို စစ်သူကြီးချန်းလန်အတွက်နဲ့ အငြှိုးအ​တေးထားရမှာလဲ..." ရှီရှန်းက ​အေး​ဆေးတည်ငြိမ်စွာ​ပြောလိုက်တယ်..

ယွဲ့​ယောင်ကခန​လောက်ဆွံ့အသွားတယ် ' ဒီမိန်းမဘာဖြစ်လို့ မထင်ထားတာ​တွေပဲ​ပြော​နေရတာလဲ..'

"ရှင်..ရှင်က..စစ်သူကြီးချန်းလန်နဲ့မကြာခင်လက်ထပ်ရ​တော့မှာ​​လေ..မဟုတ်ဘူးလား.."

"​အော်..အဲ့ဒါလား..ဒါ​ပေမယ့် ပန်ကုန်းကမင်းကိုသိ​တောင်မသိတာကို ဘယ်လိုလုပ်ပြီးပစ်မှတ်ထားရပါ့မလဲ.."

"ငါတို့ အရှင့်သမီးက ချန်အန်းကိုဒီ​နေ့မှ​ရောက်တာ..မိန်းက​လေးအန်းကိုဆို ​တွေ့​တောင်မ​တွေ့ဖူးဘူး..ဘယ်လိုလုပ်ပြီး သူမက မင်းကို ပစ်မှတ်ထားရမှာလဲ..ဒါ​ပေမယ့် မင်းက​တော့ ညလယ်​ခေါင်ကြီး အရှင့်သမီးရဲ့နန်း​ဆောင်​တော်ကို ခိုး၀င်လာပြီး သူမကိုလုပ်ကြံဖို့လုပ်တယ်..ကံ​ကောင်းစွာနဲ့ ငါတို့ အရှင့်သမီးက ကိုယ်ခံပညာတချို့တတ်​မြောက်
ထားလို့သာ​ပေါ့...မဟုတ်ရင်..."

ပိရှီကစငို​တော့တယ်..

ရှီရှန်းကသူမကိုစိတ်ထဲက​နေလက်မအကြီးကြီး​ပေးလိုက်တယ် 'ဒါကမှ အဖွဲ့သား​ကောင်းလို့​ခေါ်တာ...'

ရှီရှန်းက ယွဲ့​ယောင်ကို​အေးစက်စွာကြည့်ရင်း​ပြောလိုက်တယ် "​တော်၀င်ခမည်း​တော် ပန်ကုန်းကို တာ့ချန်ဆီပို့လိုက်တာ အခုလို​စော်ကားမှုမျိုးကို ကြုံဖို့အတွက်လား!...အ​ခြေအ​နေကဒီလိုဖြစ်​နေမှာ​တော့ ဒီလက်ထပ်ပွဲကိုလုပ်​နေစရာမလို​တော့ဘူး.... ပန်ကုန်းစိတ်ထင် ဒီလက်ထပ်ပွဲကိုဖျက်သိမ်းလိုက်ရက်​တောင် ခမည်း​တော်က ပန်ကုန်းကို နည်းနည်း​လေးမှအပြစ်​တင်မှာမဟုတ်ဘူး..."

ရှီရှန်းက စကား​လေး ၂ခွန်း ၃ခွန်းအတွင်းမှာတင် လက်ထပ်ပွဲဖျက်ဖို့ကိုပါဆွဲထည့်ပစ်လိုက်တယ်

ချန်ဧကရာဇ်က ချက်ချင်းအမူအရာပြောင်းသွားတယ်  " ချင်းကွမ်း...ကျန်း ဒီကိစ္စကို မင်း​ကျေနပ်​အောင် ​ဖြေရှင်း​ပေးပါ့မယ်..စိတ်လိုက်မာန်ပါမလုပ်ပါနဲ့..."

"မလို​တော့ပါဘူး...ပန်ကုန်းတစ်သက်မှာ ဒီလို​စော်ကားမှုမျိုး တစ်ခါမှမကြုံခဲ့ဖူးဘူး.."
ရှီရှန်းက မတ်တပ်ထရပ်လိုက်ပြီး ချန်းလန်ကိုကြည့်လိုက်တယ်
"စစ်သူကြီးချန်းလန်နဲ့မိန်းကလေးအန်းတို့ကတစ်​ယောက်နဲ့တစ်​ယောက်ဒီ​လောက်​တောင်နှစ်သက်​နေကြမှ​တော့..ပန်ကုန်းက မင်းတို့၂​ယောက်ကြားထဲ၀င်ပြီး လူကြမ်းမလုပ်ချင်​တော့ပါဘူး...မဟုတ်ရင် သူများ​တွေက ပန်ကုန်းကို အပြစ်တင်ကြလိမ့်မယ်.."

"ကျွန်မ မဟုတ်.." ယွဲ့​ယောင်က ငြင်းဆန်ဖို့လုပ်လိုက်​ပေမယ့် သူမကိုအ​ခြေအ​နေမ​ပေး​တော့ဘူးဖြစ်​နေတယ်

"မိန်းက​လေးအန်း...မင်းက စစ်သူကြီးကို အဲ့​လောက်​တောင် နှစ်သက်​နေမှ​တော့ သူ့ကိုပွင့်ပွင့်လင်းလင်း​ပြောသင့်တယ်..ဘာလို့ ဒီလို မဖြစ်သင့်တဲ့နည်းလမ်းကိုသုံးရတာလဲ.."
ရှီရှန်းရဲ့အသံက တည်ငြိမ်​နေ​ပေမယ့် သူမရဲ့
မျက်၀န်းထဲမှာ​တော့ ဆူးချွန်​တွေအပြည့်ဖြစ်​နေတယ်..

ယွဲ့​ယောင်က ရှီရှန်းကို ထူးဆန်းသလိုခံစားလာရတယ်..'သူမဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ...'

ရှီရှန်းက ချန်ဧကရာဇ်ကို အရိုအ​သေပြုလိုက်တယ် " မိန်းက​လေးအန်းရဲ့စစ်သူကြီးအ​ပေါ်ထားတဲ့ခံစားချက်ကစစ်မှန်လွန်းလို့ ကျွန်မ​တောင်စိတ်လှုပ်ရှားရပါတယ်..အရှင်မင်းကြီးက သူတို့နှစ်​​ယောက်ကို​ပေါင်းဖက်ခွင့်​ပေးလိမ့်မယ်လို့ကျွန်မ​မျှော်လင့်မိပါတယ်.."

"ချင်းကွမ်း​လေး..မင်း.."

"တိုင်းပြည်​ရေးကိုစိတ်ပူ​တော်မမူပါနဲ့အရှင်..ကျွန်မ ခမည်း​တော်ကို​​ဖြောင်းဖြ​ပေးနိုင်ပါတယ်.."  ရှီရှန်းက ခနနားပြီးဆက်​ပြောလိုက်တယ် " ကျွန်မကဒီလက်ထပ်ပွဲကို နဂိုကတည်းကသ​ဘောတူခဲ့တာမဟုတ်ပါဘူး..အ​ခြေအ​နေကဒီလိုဖြစ်သွား​တော့ လူတိုင်းအဆင်​ပြေသွားတာ​ပေါ့..အတင်းအကျပ်လုပ်ယူထားတဲ့ဖရဲသီး​တွေကမချိုတတ်ဘူး​လေ.."

(TN/ဗန်းစကားပါ.
အတင်းအကျပ်လက်ထပ်ယူထားတဲ့ ဇနီး​မောင်နှံ​တွေက ချိုမြိန်တဲ့ချစ်ခြင်းကို ရရှိမှာမဟုတ်ဘူး..မ​ပျော်ရွှင်နိုင်ကြဘူး​ပေါ့..)

ချန်ဧကရာဇ်ကရှီရှန်းကိုစိုက်ကြည့်​နေတယ် ဒါ​ပေမယ့်အဆုံးမှာ​တော့သူက သက်ပြင်းချရုံသာတတ်နိုင်တယ် သူက နန်ကျင်းနဲ့ချူးယန့် ပူး​ပေါင်းသွားမှာကိုအစိုးရိမ်ဆုံးဖြစ်ပြီး မင်းသမီးက လက်ထပ်ပွဲပျက်သွားရင်​တောင် ချန်ပြည်​ထောင်နဲ့ နန်ကျင်းပြည်​ထောင်ကြားက ငြိမ်းချမ်း​ရေးကပျက်စီးသွားစရာမလိုဘူးလို့အာမခံလိုက်​တော့ သူစိုးရိမ်စရာမရှိ​တော့ဘူး..

"ချင်းကွမ်း...ချင်းကွမ်း...မင်းလိုသ​ဘောထားကြီးပြီးမြင့်မြတ်တဲ့မင်းသမီးတစ်ပါးရှိတာက နန်ကျင်းရဲ့အကြီးမြတ်ဆုံး​ကောင်းချီးပဲ..."  ချန်ဧကရာဇ်က စိတ်ရင်းနဲ့ချီးကျူးလိုက်တယ်

ရှီရှန်းကမျက်နှာအမူအရာတစ်စက်​လေးမှ​ပြောင်းလဲမသွားဘဲ ​မြှောက်ပင့်မှုကို ​ကျေ​ကျေနပ်နပ်ခံယူတယ်

'ဟားဟား..အခုသာ ဒီဇာတ်လိုက်၂​ယောက်ကို​​ပေါင်း​ပေးလိုက်​ပေမယ့် တကယ်တန်း​တော့ ဘယ်လိုလုပ်ပြီးခွင့်ပြုနိုင်ပါ့မလဲ..'

"အရှင်မင်းကြီးအ​နေနဲ့သူတို့ကိုလက်ထပ်ခွင့်အမိန့်စာ​တော်ထုတ်ပြန်​​ပေးလိုက်မယ်လို့ ကျွန်မ​မျှော်လင့်ပါတယ်.."

"ဒါက..." ချန်ဧကရာဇ်က  တည်တည်ငြိမ်ငြိမ်ရပ်​နေတဲ့ ချန်းလန်ကိုတစ်ချက်ကြည့်လိုက်တယ်  သူ့အ​တွေး​တွေက ခန့်မှန်းလို့မရ​နေဘူး..

ယွဲ့​ယောင်ကလည်း သူမရှင်းပြချင်​ပေမယ့် ပါးစပ်က​နေဘာစကားလုံးမှထွက်မလာ​လေဘူး

တစ်ဖက်မှာ​တော့ရှီရှန်းက ဒူးကိုပါညွတ်ပြီး မင်းကြီးရဲ့အမိန့်စာကို​စောင့်​နေတယ်
'အမိန့်စာထုတ်လိုက်တာနဲ့ ကိစ္စအားလုံး​ပြေလည်သွားလိမ့်မယ်..ပြီး​ရင်​တော့ငါ့အခန်းကဏ္ဍလာပြီ​ပေါ့...ဟားဟား..

ချန်ဧကရာဇ်က ရှီရှန်းဘာ​တွေကြံ​နေမှန်းမသိ​တော့ဘူး.. ခုန​လေးတင်ကမှ ယွဲ့​ယောင်က သူမကို လုပ်ကြံဖို့လာခဲ့တယ်ဆိုပြီးစွဲချက်တင်တယ် အခု​တော့ သူမက ယွဲ့​ယောင်နဲ့ ချန်းလန်တို့ရဲ့လက်ထပ်ပွဲအတွက် ကိုယ်တိုင်ကိုယ်ကျ​တောင်းဆို​ပေး​နေတယ်.

.........

Transalated by Dora💙  Mia💜

Zawgyi









"အရှင်မင်းကြီး..."













သူမရဲ့အကြည့်​တွေက ချန်းလန်ခန့်မှန်းထားသလိုမဟုတ်ဘဲ ​ဆောင်းရာသီမှာ ​အေးခဲ​နေတဲ့ ​ကန်​ရေပြင်လို တည်ငြိမ်နေတယ် ​တုန်လှုပ်ခြင်းတစ်စုံတစ်ရာမရှိဘဲ ​တော်ဝင်မင်းသမီးတစ်ပါးရဲ့ရာဇအိ​​နြေ္ဒကိုအပြည့်အ၀ထုတ်​ဖော်လျက်..



"မင်းသမီးချင်းကွမ်း...မိန်းက​လေးအန်းက အသင့်ခန်း​ဆောင်ကိုဝင်လာပြီး အသင့်ကိုလာလုပ်ကြံတယ်လို့​ပြောပါတယ်​နော်...ဒါ​ပေမယ့် ကျွန်​တော်မျိုးသိသ​လောက်ဆိုရင် မိန်းက​​လေးအန်းက ငယ်ငယ်ကတည်းကကျန်းမာ​ရေးချူချူအားနည်းသူဖြစ်တာ​ကြောင့် လက်နက်တစ်ခုကို​တောင် ​သေချာမမ​နိုင်ပါဘူးတဲ့...ဒါ့အပြင် မင်းသမီး​နေထိုင်တဲ့ခန်း​ဆောင်​တော်က အ​စောင့်အ​ရှောက်ကျပ်တည်းလွန်းပါတယ်..အဲ့ဒီ​တော့ ကျွန်​တော်မျိုး​မေးချင်တာက မိန်းက​လေးအန်းက မင်းသမီးရဲ့ခန်း​ဆောင်​တော်ကို ဘယ်လိုဝင်လာခဲ့ပါသလဲ...."









ပြီး​တော့သူမက ​ချက်ချင်း​နောင်တရသွားတယ်ဆို​ပေမယ့်လည်း အဲ့ဒီစကား​တွေကိုပြန်ပြင်လို့မရ​တော့တာ​ကြောင့် ကိုယ့်ကိုကိုယ်ပဲတိတ်တိတ်​လေးကျိန်ဆဲ​နေလိုက်ရတယ်








ပိရှီကစငို​တော့တယ်..










"ချင်းကွမ်း​လေး..မင်း.."


(TN/ဗန်းစကားပါ.










.........


Continue Reading

You'll Also Like

3.8M 263K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
97.9K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
41.2K 1.3K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
94.7K 8.2K 8
OUR SECOND MASTER - MYANMAR TRANSLATION [ unicode version is also added ✔️] Original Chinese Author - Twentine ENG translator - Onesecondspring I...