Unicode
ပယောဂဆရာတွေကဖုန်းကျင်းကိုအသိအမှတ်မပြုချင်ပေမဲ့လည်းသူတို့ပုံတွေရှီရှန်းဆီမှာရှိနေတုန်းပဲ, အကယ်၍, ရှီရှန်း သာအဲ့ပုံတွေကိုတင်လိုက်ရင်သူတို့ကိုယုံကြည်နေသူတွေဘယ်လိုထင်မလဲဘယ်သူမှသူတို့ကိုယုံကြည်မှာမဟုတ်တော့ဘူး
ဖုန်းကျင်းရဲ့ဘွဲ့အပ်နှင်းတဲ့ပွဲကဒီဇင်ဘာ၅ရက်နေ့မှာဖုန်းအိမ်တော်မှာကျင်းပမှာဖြစ်တယ်
ဖုန်းကျင်းကသူ့ကိုဘယ်သူမှပြဿနာမရှာတာကိုအထူးအဆန်းဖြစ်နေတယ် သူတို့တွေလုပ်ချင်ရင်တောင်ဖြစ်လာမဲ့အကျိုးဆက်ကိုလက်မခံနိုင်တာကြောင့်သူ့တို့ရဲ့မကျေနပ်မှုတွေကိုမြိုချထားရတယ်ဆိုတာသူမသိလိုက်ဘူး
သူတို့တွေကမကျေနပ်မှုတွေကိုမြိုချထားရုံသာမကဘူးနည်းနည်းလေးတောင်အထွန့်မတက်ရဲဘူး အဲ့ဒါကြောင့်ဖုန်းကျင်းကတစ်ခုခုဖြစ်တော့မလိုခံစားရတယ်
ပြီးတော့ရှီရှန်းရဲ့အပြင်ထွက်မှုတွေကပိုပိုပြီးတော့ကြာလာတယ် တစ်ခါတလေဆိုရင်သူမကိုတစ်နေ့ကုန်မမြင်ရတဲ့အခါတွေရှိတယ်သူမကိုဖုန်းကျင်းကမေးတိုင်းမဖြေဘဲနဲ့စကားလမ်းကြောင်းလွှဲဖို့နမ်းတာတို့ပဲလုပ်တယ်
.......
"အမ်အခုလား'' အန်းစုကဖုန်းကိုချလိုက်တယ်
ဖုန်းကျင်းကအန်းစုမမြင်အောင်ရပ်ပြီးကြည့်နေတယ်
"အင်းအင်း, ကျွန်မအခုပဲလာခဲ့မယ်, ဂရုစိုက်ပါ့မယ်...ခနစောင့်နော်'' အန်းစုကဖုန်းကိုချပြီးတော့အိတ်ယူပြီးထွက်သွားတယ်
ဖုန်းကျင်းလည်းသူ့ကုတ်အင်္ကျီကိုယူပြီးတော့အန်းစုနောက်ကိုနောက်ယောင်ခံလိုပ်လာတယ်
နောက်ဆုံးတစ်ခေါက်ကမတော်တဆမှုကြောင့်ရှီရှန်းကအန်းစုကိုဖုန်းကျင်းကားမသုံးတဲ့အချိန်သုံးလို့ရတယ်လို့ပြောထားတယ်အဲတာကြောင့်ဖုန်းကျင်းကtaxiပဲငှားပြီးလိုက်ရတယ်
အန်းစုကလူတွေနေတဲ့အိမ်ရာတွေကိုကျော်ပြီးတော့ဝေးဝေးကိုမောင်းနေတယ်ဖုန်းကျင်းကလည်းအနောက်ကလိုက်ရတယ်ဒါပေမဲ့taxiသမားကဆက်မမောင်းရဲတော့တာနဲ့ဖုန်းကျင်းကသူ့ကိုပိုက်ဆံတွေထပ်ထပ်ပေးပြီးလိုက်ခိုင်းတယ်အန်းစုကဂူသင်္ချိုင်းမှာကားကိုရပ်လိုက်တယ်taxiသမားလည်းရပ်ပေးပြီးတော့မြန်မြန်မောင်းပြေးသွားတယ်
'ဒီလူရူးများသွားတာလား, ဘယ်သူကညလယ်ခေါင်ကြီးသင်္ချိုင်းလာလို့လဲ'
ဖုန်းကျင်းကဒီဟာကသင်္ချိုင်းမှန်းသိတယ်ပြီးတော့ဒါကဆယ်စုနှစ်လောက်ကြာနေပြီ
အန်းစုကလူတစ်ဝက်လောက်မြင့်တဲ့မြက်တွေကိုကျော်ပြီးတော့သူ့မြင်ကွင်းကနေပျောက်မလိုဖြစ်နေလို့အမြန်လိုက်ရတယ်
ဂူသင်္ချိုင်းက အထပ်ထပ်တည်ထားတာဖြစ်ပြီးတော့လမ်းကြောင်းတိုင်းမှာပေါင်းပင်တွေနဲ့ပြည့်နေတယ်
အန်းစုလညကြောက်နေရတယ် သူမနင်းနေမိတာကလမ်းမဟုတ်ဘဲဂူဖြစ်နေမှာကိုစိုးရိမ်နေတယ်
အန်းစုကခနခနလာနေရလို့သူမအတွက်တော့နည်းနည်းရဲရင့်နေပြီဘေးတွေကိုလုံးဝမကြည့်ဘဲနဲ့ရှေ့ကိုလမ်းလျှောက်နိုင်ပြီ
'ငါဘာမှမမြင်ဘူးနော်, ဘာမှမမြင်ရဘူး'
အန်းစုကထိပ်နားကိုရောက်လာပြီးတော့ရင်းနှီးတဲ့ပုံရိပ်ကိုတွေ့မှဘဲစိတ်သက်သာရာရတယ်
"တစ္ဆေမမ, ''အန်းစုက ရှီရှန်းအရမ်းကိုပင်ပန်းပြီးဖျော့တော့နေတဲ့ပုံစံနဲ့ဂူနံရံမှာမှီနေတာကိုမြင်တော့ပြေးသွားတယ်
"တစ္ဆေမမ, ဘယ်လိုဖြစ်တာတုန်း, ဒီတစ်ခေါက်အရမ်းအားကြီးတဲ့သူနဲ့တွေ့ခဲ့လို့လား,အမကိုကြည့်ရတာအရမ်းအားနည်းနေတယ်''
အန်းစုကပြေးသွားပြီးတော့ကူပေးတယ်
ရှီရှန်းကသူ့ခေါင်းကိုခါလိုက်တယ်
"ဘာဖြစ်လို့ဒီကိစ္စကို, မစ္စတာဖုန်းကိုဖုံးကွယ်နေရတာလဲ,သူကအရမ်းတော်တာကိုမမကိုကူညီနိုင်တယ်လေ,''
"သူကလူလေ, အန္တရာယ်များတယ်''
"အမလည်းအန္တရာယ်များတယ်လေ''အန်းစုကသူမဘာလို့ဒီလိုလုပ်နေတာလဲကိုနားမလည်ဘူး
"ဘယ်သူပြောလဲ,ငါဒီနေ့နည်းနည်းလေးဂရုမစိုက်မိလို့ပါ,အဲ့သဘက်ကောင်ငါ့ကိုစားချင်ရင်နှစ်ပေါင်းများစွာကျင့်ကြံတောင်မရစေရဘူး''
အန်းစု''.....''
'ဒီအခြေအနေဖြစ်နေတာတောင်ကြွားသေးတယ်'
"တစ္ဆေမမ,မြန်မြန်ပြန်ကောင်းအောင်လုပ်ပါ,မဟုတ်လို့မနက်ကြရင်မစ္စတာဖုန်းသိသွားရင်ကျွန်မကိုအကြည့်တွေနဲ့သတ်လိမ့်မယ်''
'အခုတောင်ကျွန်မကိုမျက်စောင်းတွေထိုးပြီးသတ်ချင်နေသလိုခံစားရတယ်'အန်းစုကရုတ်တရပ်ရပ်သွားပြီးကြောင်နေတာကြောင့်ရှီရှန်းကသူမနောက်ကိုလှည့်ကြည့်လိုက်တယ်
သူကအဲ့နေရာမှာတိတ်တိတ်လေးရပ်နေတယ်ပြီးတော့မြက်ပင်တွေရဲ့တရှဲရှဲမြည်သံတွေကြောင့်သူ့ဆီကနေမုန်တိုင်းတွေလာတော့မလိုဖြစ်နေတယ်
ရှီရှန်းက အန်းစုကိုစိုက်ကြည့်လိုက်တယ်''သူ့ကိုဘာလို့ခေါ်လာတာလဲ''
အန်းစုကအပြစ်ကင်းတဲ့ပုံစံလေးနဲ့ကြည့်နေတယ်'မစ္စတာဖုန်းကျွန်မကိုနောက်ယောင်ခံလိုက်လာမယ်လို့မထင်ထားဘူး,ဖုန်းပြောတုန်းကလည်းသူရှိမရှိစစ်ခဲ့ပါတယ်,တစ်လမ်းလုံးလည်းဂရုစိုက်လာတာပါ,ဘယ်လိုဖြစ်ပြီးပါလာတာလဲ'
.........
ဖုန်းကျင်းကစကားတစ်ခွန်းတောင်မပြောဘဲနဲ့ရှီရှန်းကိုပွေ့ချီပြီးအိမ်ခေါ်လာတယ်, အန်းစုကလည်းတိတ်တိတ်လေးလိုက်လာပြီးတော့သူ့အခန်းထဲကိုဝင်ပြီးတော့lockချထားတယ်,'ဟင်း....မစ္စတာဖုန်းကကြောက်စရာကောင်းတယ်'
"ဖုန်းကျင်း''
ဖုန်းကျင်းကသူမကိုအခန်းထဲခေါ်လာပြီးတော့အိပ်ရာပေါ်တင်ပေးလိုက်တယ်ပြီးတော့အဝတ်အစားတွေချွတ်တော့တယ်
"ရှင်...ရှင်ဘာလုပ်နေတာလဲ''
ဖုန်းကျင်းကရှီရှန်းကို ဘာမှပြန်ဖြေဖို့အခွင့်အရေးမပေးဘူးပြီးတော့သူမဒဏ်ရာရထားတာတွေကြောင့်ခုချိန်မှာသူမကသူ့လက်ခုပ်ထဲကရေပဲ
.....
သူမနိုးလာတဲ့အခါမှာနေ့လယ်ရောက်နေပြီ,ပြီးတော့အိပ်ရာဘေးမှာလည်းဘယ်သူမှမရှိဘူးအခန်းရဲ့အနံ့ကလည်းအရမ်းတွေရှင်းနေတယ်မနေ့ညကအဖြစ်ကအိပ်မက်တစ်ခုလိုပဲ....
သူမခန္ဓာကိုယ်ကိုစစ်ကြည့်လိုက်တယ်ဒဏ်ရာတွေကပြန်ကောင်းနေပြီဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်အောက်ပိုင်းကနာကျင်မှုနဲ့ချီစွမ်းအင်အခြေအနေကတော့သူမကိုအသိပေးနေတယ်
ဒါကအိပ်မက်မဟုတ်ဘူးဆိုတာ....
ရှီရှန်းက စိတ်ဆိုးဆိုးနဲ့အိပ်ရာပေါ်ကနေထလာတယ်ဘေးမှာအဝတ်အစားအသစ်တွေရှိတယ်သူမဝတ်ပြီးတော့အပြင်ကိုထွက်လာတယ်ဒါပေမဲ့အပြင်မှာဘယ်သူမှမရှိဘူး အဲ့ဒါကြောင့်ရှီရှန်းပြဿနာရှာလို့ရမဲ့သူလည်းမရှိဘူး
ညဘက်ရောက်လာတော့အန်းစုကပြန်ရောက်လာတယ်ရှီရှန်းကိုမြင်တဲ့အခါမှာ''တစ္ဆေမမ,အဆင်ပြေရဲ့လား''
"စောက်ရမ်းတွေပြေတယ်ဟေး, ဟိုဖုန်းကျင်းအစုတ်ပလုတ်ဘယ်မှာလဲ'' ရှီရှန်းကအန်းစုကိုစိုက်ကြည့်လိုက်တယ်
''ဒါနဲ့နင်နာ့လန်ရင်းနဲ့တွေ့သေးလား''
"အမ်းး အဆင်ပြေပါတယ်..,မစ္စတာဖုန်းရဲ့အင်းစာရွက်တွေကအရမ်းအသုံးဝင်တယ်လေ''
အရင်ကစာရွက်ပြဲသွားလို့သာ အဲ့လိုဖြစ်ခဲ့တာအခုကစာရွက်မပြဲတော့အဆင်ပြေတယ်
''အိုး, ဟုတ်သားပဲ,မစ္စတာဖုန်းကသူနောက်ကျမယ်လို့ပြောတယ် ကျွန်မကိုအစ်မအတွက်ညစာပြင်ပေးလိုက်တဲ့,အစ်မဘာစားချင်လဲ''
ရှီရှန်းကဒေါသထွက်နေလွန်းလို့ထမင်းစားဖို့တောင်စိတ်မဝင်စားဘူး
''ဖုန်းကျင်းဘယ်ကိုထွက်သွားတာလဲ''
'စားပြီးနားမလည်လုပ်သွားတဲ့ကောင်စုတ်'
"မသိဘူးလေ'' အန်းစုကိုဖုန်းကျင်းကညစာပြင်ပေးဖို့ပဲပြောသွားတာကြောင့်သူမသိဘူး
ရှီရှန်းက မျက်မှောင်ကြုတ်လိုက်တယ်''ဒီနေ့ဘယ်နရက်လဲ''
"ဒီဇင်ဘာ၄ရက်လား...''အန်းစုကမသေမချာဖြေတယ် ပြီးတော့သူအကကဖုန်းကိုထုတ်လိုက်တယ်''အိုး..,ဒီနေ့က၅ရက်နေ့.., ဒီဇင်ဘာ၅ရက်နေ့ပဲ''
'အိုး...ချီးပဲ,ဒီနေ့ကဖုန်းကျင်းကိုဘွဲ့အပ်နှင်းမဲ့နေ့ပဲ,ဒီအရူးကတော့.....ဟိုကလူတွေကငါမရှိဘဲသူ့ကိုလွှတ်ပေးမယ်လို့ထင်နေသလား,ဒါနဲ့ဆိုနှစ်ကြိမ်မြောက်ရှိနေပြီဒီကောင်ကတော့ငါ့ကိုသေအောင်သတ်နေတာပဲ'
.........
ရှီရှန်းက စိတ်ပူပူနဲ့ဖုန်းအိမ်တော်ကိုအမြန်ပြေးသွားပြီးတော့ဖုန်းကျင်းကိုရှာတယ်ဖုန်းကျင်းကသူမရောက်လာတယ်ဆိုတာကိုသိတော့ပြသနာတက်တော့မယ်လို့ခံစားလိုက်ရတယ်
'သူမဘာလို့ငြိမ်ငြိမ်မနေနိုင်ရတာလဲ'
ဖုန်းကျင်းကရှီရှန်းကို သူကိုယ်တိုင်ထွက်ကြိုဆိုတယ် ရှီရှန်းကဖုန်းကျင်းကိုတွေ့တာနဲ့ဘာမှကိုမပြောဘဲတန်းရိုက်တယ်
ဒါပေမယ့် သူမရိုက်တဲ့နေရာတွေကအသားထူထူနေရာတွေဖြစ်လို့အနာတရမဖြစ်ဘူး
"ဖုန်းကျင်း, အရမ်းတွေတော်နေတယ်ဟလား'' ရှီရှန်းက ရိုက်ရင်းနဲ့သူ့ကိုဆူတယ်
"အင်း..,မင်းမနေ့ညကအတွေ့အကြုံယူပြီးပြီမဟုတ်ဘူးလား''ဖုန်းကျင်းကခပ်တိုးတိုးလေးပြောတယ်
ရှီရှန်း''....''
'မျှော်လင့်ထားသလိုပဲ,ဒီကောင် အတူနေပြီးတာနဲ့ စကားပြောတာတွေကအစအချိုးပြောင်းသွားပြီ,ဝတ္ထုတွေအကုန်လုံးကညာနေတာပဲ..ဘာကို ပိုပြီးချစ်လာစေတာလဲ..'
အခမ်းအနားကချောချောမွေ့မွေ့ပြီးသွားတယ် ပြဿနာရှာဖို့လုပ်နေတဲ့သူတွေကလည်းရှီရှန်းရောက်လာတဲ့အခါမှာအရှုံးပေးသွားကြတယ်
'မမေးကြနဲ့လေ......ငါတို့လည်းအရှုံးမပေးချင်ဘူး,ဒါပေမဲ့,သွားလုပ်ရင်စီးပွားရေးပျက်ဦးမယ်, စီးပွားပျက်ရင်ဘယ်ကပိုက်ဆံနဲ့သွားစားရမှာလဲ'
ရှီရှန်းက ဒီရက်တွေမှာတစ္ဆေရဲ့ချီတွေစုပ်ယူထားတာနဲ့ဖုန်းကျင်းနဲ့မနေ့ညကဖြစ်ထားတာနဲ့စွမ်းအင်တွေပြည့်နေတာကြောင့်ချောချောမွေ့မွေ့ပြီးသွားလို့နည်းနည်းတော့မကျေမနပ်ဖြစ်သွားတယ်
'စိတ်ညစ်ပါ. အခုတော့ဒင်းတို့ကိုအနိုင်ကျင်ဖို့အကြောင်းပြချက်မရှိတော့ဘူး'
.....
Transalated by Dora💜 Mia💙
Zawgyi
.......
အန်းစု''.....''
.........
"ဖုန်းကျင်း''
.....
"ဒီဇင်ဘာ၎ရက်လား...''အန်းစုကမသေမချာဖြေတယ် ပြီးတော့သူအကကဖုန်းကိုထုတ်လိုက်တယ်''အိုး..,ဒီနေ့က၅ရက်နေ့.., ဒီဇင်ဘာ၅ရက်နေ့ပဲ''
.........
ရှီရှန်း''....''
.....