ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

822K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 8.22

3.6K 659 17
By Hanpandora

Unicode

"​ရှောင်ပိုင်..."
သင်္ကန်း၀တ်ထားတဲ့သက်လတ်ပိုင်းအရွယ်ဘုန်း​တော်ကြီးတစ်ပါးက လူအုပ်ထဲက​နေထွက်လာပြီး​ဒေါသတကြီးလှမ်း​အော်လိုက်တယ် "မင်းက ဒီကိုဘာလို့​ရောက်​နေတာလဲ..မင်းကိုဘယ်သူ​ခေါ်ခဲ့တာလဲ.."

​ရှောင်ပိုင်က အပြစ်ကင်းစုမျက်​တောင်ခတ်လိုက်ပြီး ရှီရှန်းကိုလှည့်ကြည့်လိုက်တယ်
'ကျွတ်​တော်ပြန်​ပေးဆွဲခံလိုက်ရတာ..'

ရှီရှန်းကသူ့ကို​​အေးစက်စွာစိုက်ကြည့်​နေတာ​ကြောင့် ​ရှောင်ပိုင်ကသူ့​ခေါင်းကိုငုံ့ကာ ခပ်တိုးတိုး​ရေရွတ်လိုက်တယ်
"ဆရာ..."

​ရှောင်ပိုင် သူမကို လှမ်းကြည့်တဲ့အချိန်မှာ သတ်လတ်ပိုင်းလူကြီးက တစ်ခုခုခံစားမိပုံ​ပေါ်ပြီး လိုက်ကြည့်လိုက်တယ် ဖုန်းကျင်းကိုမြင်​တော့ မျက်လုံး​တွေကျဥ်း​မြောင်းသွားတယ်
'ဒီလူ.....သူက ဖုန်းမိသားစုကတစ်​ယောက်မလား..'

သူကဖုန်းကျင်းကို ယဥ်​ကျေးမှုအရ​ခေါင်းတစ်ချက်ငြိမ့်ပြီးနှုတ်ဆက်လိုက်တယ်  သူက ဖုန်းကျင်းရဲ့ပတ်ပတ်လည်ကိုသေချာသတိထားပြီးစစ်​ဆေးကြည့်​ပေမယ့် ဘာထူးခြားတာကိုမှမ​တွေ့ရဘူး 'ငါစိတ်ထင်​နေတာပဲဖြစ်မှာပါ.. ဖုန်းမိသားစုကဒီ​ကောင်​လေးရဲ့အရှန်အ၀ါက​တော်​တော်​လေးသန်မာတာပဲ...'

သတ်လတ်ပိုင်းလူကြီးက အကြည့်ကိုလွှဲလိုက်တယ် သူက​ရှောင်ပိုင်ကို နားရင်းအုပ်ကာ ​ဒေါသတကြီး​ပြောတယ် "မင်းကို ဘယ်သူ ဒီ​ခေါ်ခဲ့တာလဲ..."

သူ့ရဲ့ဒီငတုံးတပည့်က ဒီကို သူ့ဘာသာလာနိုင်ခဲ့တယ်ဆိုတာ သူလုံး၀မယုံဘူး..

​ရှောင်ပိုင်းကခါးခါးသီးသီးခံစားလိုက်ရတယ်  'ကျွန်​တော်လည်းဒီကိုလာချင်လို့လာတာမဟုတ်ပါဘူး.. ဆရာ​ပြော​တော့ ဆရာက ဒီ​လောကရဲ့ပြိုက်ဘက်ကင်းပ​ယောဂဆရာဆို..ဟိုနားမှာရပ်​နေတဲ့​ဆောင့်ကြွားကြွားသရဲမကိုဘာဖြစ်လို့မ​တွေ့ရတာလဲ...'

​ရှောင်ပိုင်က အဲ့ဒီစကား​တွေကို​တော့ ထုတ်မ​ပြောရဲပါဘူး..သူက ​ဘေးနားမှာရပ်​နေတဲ့အန်းစုကိုပဲ လက်ညှိုးထိုးလိုက်တယ်
"အဲ့ဒါ သူမ."

အန်းစုက ရုတ်တရပ်ကြီး လက်ညှိုးထိုးခံလိုက်ရတာ​ကြောင့်လန့်သွားတယ်  ဒါ​ပေမယ့် ရှီရှန်းရဲ့စူးရှတဲ့အကြည့်ကိုမြင်​တော့ တံ​တွေးမြိုချပြီး ​ရှောင်ပိုင်ရဲ့ဆရာကို ကို့ရို့ကားယားမျက်နှာထားနဲ့ပြုံးပြလိုက်တယ်
"အာ..ကျွန်မရှာ​နေတဲ့သူက ဒီကို​ရောက်​နေတာ​လေ..ဒါ​ပေမယ့် ကျွန်မက မလာတတ်​တော့ ​ရှောင်ပိုင်က ကူညီတာပါ...ဒါ​ပေမယ့် ကျွန်မကသူ့ကိုအတင်းအကြပ်ခိုင်းခဲ့တာမဟုတ်ဘူး​နော်..သူ့ဘာသာသူကူညီတာပါ.."

ရှီရှန်းက အန်းစုကိုလက်မ​ထောင်ပြလိုက်တယ် 'ငါဖြင့်ယုံ​တောင်မယုံနိုင်ဘူး....ဇာတ်လိုက်မက မျက်နှာ​ပြောင်တိုက်ပြီးလိမ်တတ်​နေပြီ...​ကောင်းလိုက်တာ..'

"​ရှောင်ပိုင်!!! " သက်လတ်ပိုင်းအရွယ်လူကြီးက​အော်​တော့တယ် 'ငါမင်းကိုဘာ​ပြောထားလဲ ​တောင်​ပေါ်က​နေမဆင်းပါနဲ့ တောင်​ပေါ်က​နေမဆင်းပါနဲ့ ဆိုတာကို...ငါ​ပြောတဲ့စကား​တွေကို တစ်လုံးမှနားမ​ထောင်တာ​တော့မဟုတ်ပါဘူး​နော်...'

"ဒါ​ပေမယ့်..." ​ရှောင်ပိုင်က အန်းစုရဲ့စကားကိုအထွန့်တက်ဖို့ပြင်လိုက်​ပေမယ့် ရှီရှန်းရဲ့အကြည့်​ကြောင့်  ပါးစပ်ကိုပြန်ပိတ်လိုက်ရတယ် "ဆရာ..ကျွန်​တော်က ဒီတိုင်းပဲ..သိချင်လို့ပါ..အဲ့ဒါ​ကြောင့်..."

​ရှောင်ပိုင်ရဲ့ဆရာကသူ့ကို ​ထောင့်တစ်ထောင့်ကိုဆွဲ​ခေါ်သွားပြီး ဆူ​ငေါက်​တော့တယ် ရှီရှန်းရဲ့ကွယ်ရာကို​ရောက်တာနဲ့ တစ်ပြိုင်နက် ​ရှောင်ပိုင်က ဖြစ်​ကြောင်းကုန်စင်ကိုအမှန်အတိုင်း​ပြောပြလိုက်တယ်  ဒါ​ပေမယ့် သူ့ဆရာကဒီကိစ္စကိုဘယ်သူ့ကိုမှမ​ပြောဖို့အမိန့်​ပေးလိုက်တယ်..သူက ​ရှောင်ပိုင်အတွက်လက်စား​ခြေ​ပေမယ့်ရည်ရွယ်ချက်မရှိဘူး..

​ရှောင်ပိုင်ကစိတ်ဓါတ်ကျသွားတယ်
'ကျွန်​တော်က ဆရာ့တပည့်​ရောဟုတ်ရဲ့လား..'

​ရှောင်ပိုင်က ဖုန်းမိသားစုအ​ကြောင်းကိုမသိ​ပေမယ့် သူ့ဆရာက​တော့ သိတယ် ဖုန်းမိသားစုက ဆရာသခင်အဆင့်​ပေါင်းများစွာကို​မွေးထုတ်​ပေးခဲ့တဲ့ ပ​ယောဂဆရာမျိုးနွယ်စုကြီးပဲ...ဒါက ပ​ယောဂဆရာ​​လောကမှာ အဆုံးမရှိတဲ့ ဂုဏ်ထူး​ဆောင်မှုကြီးဖြစ်တယ်
ဆရာသခင်အဆင့်ဆိုတာက ပ​ယောဂဆရာတိုင်းလိုချင်ကြတဲ့ဂုဏ်ပုဒ်ပဲ.. မိသားစုတစ်ခုမှာ ဆရာသခင်တစ်ပါး ​ပေါ်လာဖို့​တောင်ခဲယဥ်းတယ် ဒါ​ပေမယ့် ဖုန်းမိသားစု​တော့ ဆရာသခင်​ပေါင်းများစွာကို​မွေးထုတ်​ပေးနိုင်ခဲ့တယ်.. ဖုန်းမိသားစု​ကအရင်​လောက်​ အင်အားမကြီး​တော့​ပေမယ့်လည်း သာမန်ပ​ယောဂဆရာ​တွေသွားယှဥ်နိုင်မယ့်မိသားစုမျိုးမဟုတ်ဘူး...အဲ့ဒါ​ကြောင့် ဖုန်းကျင်းကိုအပြစ်ပြုမိတာက​ကောင်းတဲ့အရာမဟုတ်ဘူး...

​ရှောင်ပိုင်ကိုသူ့ဆရာက​ခေါ်သွားတာ​ကြောင့် အန်းစုက ဖုန်းကျင်းအ​နောက်မှာရပ်​နေရတယ်  သူမက ဖုန်းကျင်းနဲ့အရမ်းနီး​နေတာ​ကြောင့် သူများ​တွေက သူတို့ကို စူးစမ်း​နေကြတယ် 
'ဖုန်းမိသားစုကတစ်​ယောက်နားမှာရပ်​နေတဲ့​ကောင်မ​လေးကဘယ်သူပါလိမ့်..'

အန်းစုက ရှက်လွန်းလို့​လဲ​သေချင်စိတ်​ပေါက်​နေတယ် 'တ​စ္ဆေမမကို​တောင်မမြင်နိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီးပ​ယောဂဆရာဖြစ်​နေကြတာလဲ...'

.....

ရှီရှန်းက ဖုန်းကျင်းရဲ့​ကျော​မှာကပ်​နေတယ် သူမရဲ့​မေး​စေ့ကိုသူ့ပုခုံး​ပေါ်တင်ထားပြီး ပျင်းရိစွာ​မေးလိုက်တယ်  "သူတို့​တွေက ဘာလို့ဒီမှာလာစု​နေကြတာလဲ..."

'ပ​ယောဂဆရာစု​ဝေးပွဲဆိုတာကြီးက ​ပေါက်ပန်း​လေးဆယ်တွေ​ပြောဖို့အတွက်လား  ပျင်းစရာ​ကောင်းလိုက်တာ..'

"ညသန်း​ခေါင်​ရောက်တဲ့အထိ​စောင့်..." ဖုန်းကျင်းက ခပ်တိုးတိုးပြန်​ဖြေတယ် "၁၀မိနစ်လောက်ပဲကျန်​တော့တယ်..စိတ်ရှည်ရှည်ထား.."

"ကျွန်မတို့ဒီအိမ်ကြီးထဲကို၀င်ကြမှာလား.." ရှီရှန်း က သူများ​တွေတိုးတိုးတိုးတိုး​ပြော​နေက့တာကို သတိထားမိတယ်

"ဒီအိမ်ကြီးက သရဲ​ခြောက်တယ်လို့နာမည်ကြီးတယ်​လေ.." အန်းစုကခပ်တိုးတိုး​ပြောတယ် ဖုန်းကျင်းကသူမကိုမတားတာ​ကြောင့် သူမကထပ်​ပြောတယ် " ကျွန်မကြားဖူးတယ်..ဒီအိမ်ကြီးက ချင်မင်းဆက်တုန်းက အ​တော်​လေးချမ်းသာကြွယ်၀တဲ့မှူးမတ်​ကြီးတစ်​ယောက်ရဲ့အိမ်​တော်တဲ့...ဒါ​ပေမယ့် တစ်ညမှာ​တော့ ဘာလို့မှန်းမသိဘဲ..သူတို့တစ်အိမ်လုံးအသတ်ခံလိုက်ရတယ်.."

[Side Quest ပွင့်သွားပါပြီ.. မှတ်ဥာဏ်အပိုင်းအစများ..]

အန်းစု​ပြောပြတဲ့ပုံပြင်ကိုသေချာနား​ထောင်​နေတဲ့ရှီရှန်းက systemရဲ့ ​ကြေညာချက်​ကြောင့် လန့်သွားတယ်
'ဘာရယ်? ဘာအစိတ်အပိုင်းများ? '

[နဥ်ရင်းရဲ့မှတ်ဥာဏ်များကိုရှာပါ]
Systemက သူမကို သဲလွန်စကြီးကြီးမားမား​ပေးလိုက်တယ်

'နဥ်ရင်းရဲ့မှတ်ဥာဏ်​တွေလား...​သေစမ်း..မှတ်ဥာဏ်ပါဆိုမှ​တော့ ​မေ့​နေတာ​တွေလည်းရှိမှာ​ပေါ့..ငါကဘာလို့စု​ပေးရအုံးမှာလဲ...'

ရှီရှန်းက ရသမျှသဲလွန်စ​တွေအကုန်လုံးကိုအလင်းအလျင်နဲ့ဆက်စပ်လိုက်တယ်
'Hidden quest​တွေဆိုတာ ပစ်မှတ်​ရဲ့အနားမှာပဲ​ပေါ်လာတာမျိုး​လေ.. side quest​တွေကလည်း သူနဲ့ဆိုင်တဲ့သတင်းအချက်အလက်တစ်ခုခု​​ပေါ်လာမှထွက်လာတာမျိုး..ငါတို့ကအခု ဒီအိမ်​တော်အကြောင်း​ပြော​နေတာဆို​တော့ မဟုတ်မှလွဲ​ရော နဥ်ရင်းက ဒီအိမ်ကြီးနဲ့တစ်ခုခုဆိုင်​နေလို့လား....ချီးပဲ..သူမ​သေသွားတာဘယ်​လောက်​တောင်ကြာ​နေပြီလဲ..ချင်မင်းဆက်ကတည်းကဆိုရင်...နှစ်​ပေါင်းတစ်ရာ​တောင်​ကျော်​နေပြီဟဲ့! .'

"မင်းဘာ​တွေစဥ်းစား​နေတာလဲ.." ဖုန်းကျင်းက ရှီရှန်း ဒီ​လောက်အကြာကြီးတိတ်ဆိတ်သွားတာမျိုးကိုမကြုံဖူးလို့ ​မေးလိုက်တယ်

"ရှင် ကျွန်မကိုဘယ်က​နေ​ခေါ်လာတာလဲ.."
'ဒီအ​ကြောင်းကိုလည်း နဥ်ရင်းကမမှတ်မိဘူး..သူမရဲ့မှတ်ဥာဏ်ထဲမှာရှိသ​လောက်ဆိုရင် သူမကအစကတည်းက ဖုန်းကျင်းနဲ့အတူရှိ​နေတာပဲ...'

နဥ်ရင်းရဲ့မှတ်ဥာဏ်အစပိုင်းမှာ ဖုန်းကျင်းက ၁၈နှစ်ပဲရှိ​သေးပြီး ဖုန်းမိသားစုအိမ်​တော်က​နေ​ပြောင်းလာခါစပဲရှိ​သေးတယ်  သူက အမြဲတမ်းမှုန်ကုန်​နေပြီး သူမကိုလည်း ၁လမှာ၁ခါ​တောင်စကားမ​ပြောဘူး...ဖုန်းကျင်းကသူ့အခန်းထဲမှာသူပိတ်​နေချင်​နေ မဟုတ်ရင် သူမကို​ခေါ်ပြီးသရဲဖမ်းထွက်​လေ့ရှိတယ်...

ဖုန်းကျင်းကမျက်​မှောင်ကျုတ်လိုက်တယ်
"ရုတ်တရပ်ကြီး အဲ့ဒါကိုဘာလို့​​မေးတာလဲ.."

"ကျွန်မတို့ဘယ်လို့စ​တွေ့လည်းဆိုတာကိုသိချင်လို့​လေ..." ရှီရှန်းက ဖုန်းကျင်းရဲ့နားရွက်ကို​လက်နဲ့တို့လိုက်တယ်

"ကိုယ်တို့စ​တွေ့တုန်းက....." ဖုန်းကျင်းစ​ပြော​တော့မယ်အချိန်မှာ လူအုပ်ထဲကတစ်​ယောက်​က လှမ်း​အော်လိုက်တယ် "အချိန်​ကျပြီ... စည်းမျဥ်း​တွေကအရင်ကအတိုင်းပဲ..ကန့်ကွက်ချင်တဲ့သူမရှိရင်.. အိမ်ထဲကို၀င်ကြမယ်..."
လူအုပ်ကြီးက​​သူ့စကားကိုထောက်ခံလိုက်ပြီး
ထူးဆန်းတဲ့ဆွဲပြားတစ်ချပ်ကိုဆွဲကာ လိုက်၀င်သွားတယ်

ဖုန်းကျင်းက ရှီရှန်းရဲ့ဆံပင်ကိုဖွ​ပေးလိုက်ပြီး၀င်​ပေါက်ဆီဦးတည်လိုက်တယ် 
" အရင်ဆုံး ၀င်သွားကြရ​အောင်.."

လူတချို့အပြင်မှာရှိ​နေကြ​သေးတာကိုမြင်​တော့ အန်းစုကသူမရဲ့လက်ကို​မြှောက်ပြီး လှမ်း​ပြောလိုက်တယ် "အာ..မမ...အဲ...မစ္စတာဖုန်း..ကျွန်မအပြင်မှာပဲ​နေခဲ့​တော့မယ်​နော်..."
သူမ အရင်တစ်ခါကလိုမဖြစ်ချင်​တော့ဘူး

ဖုန်းကျင်းကလည်း အစကတည်းက အန်းစုကိုလိုက်မလာ​စေချင်တာ​ကြောင့်ဘာမှမ​ပြောဘူး..

..............

အိမ်ကြီးက ရှီရှန်း​တွေးထားတာထပ်​တောင်ပိုပြီးထိုင်းမှိုင်း​နေ​သေးတယ်  တံခါးမကြီး​တွေ ပြတင်း​​ပေါက်​တွေကယိုင်နဲ့​ဆွေး​မြေ့​နေပြီး ​နေရာတစ်ခုလုံးက ဖုန်​တွေ​ရေညှိ​တွေအပြည့်ဖြစ်​နေတယ်  အရမ်း​မှောင်​နေတာ​ကြောင့်ကိုယ့်လက်ကို​ထောင်ကြည့်ရင်တောင် ​သေချာမြင်ရမှာမဟုတ်ဘူး..

ရှီရှန်းက အိမ်ထဲကို၀င်လိုက်တာနဲ့ သူမနဖူးမှာကပ်ထားတဲ့အင်းစာရွက်ကိုဖြုတ်လိုက်တယ်
အိမ်​တော်ကအ​တော်​လေးကျယ်၀န်းတယ် ၀င်လာတဲ့သူ​တွေ အ​ယောက်၃၀​ကျော်၄၀​လောက်ရှိတာ​တောင်မှ ဘယ်သူနဲ့မှမဆုံကြဘူး

"ကျွန်မတို့ဘာကိုလာရှာတာလဲ..ပြီး​တော့ ပ​ယောဂဆရာစု​ဝေးပွဲရဲ့အဓိကရည်ရွယ်ချက်က​ရောဘာလဲ.." ရှီရှန်းကသူမတစ်ချိန်လုံးသိချင်​နေခဲ့တာကိုထုတ်​မေးလိုက်တယ်

သူမပါးစပ်က​နေ *ကျွန်မတို့*လို့​ပြောလိုက်တာကိုကြား​တော့ ဖုန်းကျင်းရဲ့နှလုံးသားကလှုပ်ခတ်သွားတယ် 'သူမက အဲ့ဒါကိုသဘာ၀ကျကျပဲ​ပြောလိုက်တယ်...'

"ဒီစု​ဝေးပွဲက ၃နှစ်တစ်ကြိမ်ကျင်းပတာ......
....."  ဖုန်းကျင်းကရှီရှန်းကို အတိုချုံးပြီးရှင်းပြလိုက်တယ်

"ရှင့်​ပြောပုံအရဆိုရင် ဒီလူ​တွေက အား​နေတာနဲ့ ပြိုင်ပွဲတစ်ခုကျင်းပပြီးဘယ်သူကအ​တော်ဆုံးလဲဆိုတာ ရှာကြတယ်ပေါ့ ..အိုက်ယား..တကယ်ကိုအားယား​နေကြတာပဲ."

ဖုန်းကျင်းကရှီရှန်းရဲ့စကား​ကြောင့်ဆွံ့အသွားတယ်

ဒီပြိုင်ပွဲရဲ့အဓိကရည်ရွယ်ချက်က  ဘယ်သူကဆရာကြီးလဲဆိုတာကိုသိ​အောင်လုပ်ဖို့အပြင် ဘယ်သူ့ကိုအပြစ်ပြုမိလို့ရတယ် ဘယ်သူ့ကို​တော့အပြစ်ပြုမိလို့မရဘူးဆိုတာကိုရှင်းလင်း​စေဖို့ပဲ...ဥပမာအားဖြင့် ဘယ်သူ့ရဲ့စီးပွား​ရေးလုပ်ငန်း​တွေကို​တော့ သွားပြီးလုယူလို့မရဘူး ဆိုတာမျိုး​ပေါ့ ..

ပ​ယောဂဆရာ​တွေကလည်း သရဲမြင်ရတယ် သရဲဖမ်းနိုင်တယ် ဆိုတာကလွဲရင် သာမန်လူ​တွေလိုပဲ​လေ..သူတို့ရဲ့နှလုံးသားထဲမှာလည်း​လောဘ​တွေအလိုဆန္ဒ​တွေရှိတာပဲ...အဲ့ဒီအပြင် သူတို့လည်း စီးပွား​ရေးလေးဘာ​​လေးလည်းလုပ်ရ​သေးတာ​ပေါ့...

"အဲ့ဒါဆို ဒီအိမ်ကြီးထဲကိုဘာလို့၀င်လာ​သေးလဲ.."
'နဲနဲပါးပါးတိုက်ခိုက်လိုက်ရင်ပြီး​နေပြီကို..ဒီလို အိမ်အိုအိမ်​ဟောင်းကြီးထဲကို၀င်ဖို့လိုလို့လား...'

Transalated by Dora💜   Mia💙

Zawgyi

"​ေ႐ွာင္ပိုင္..."
သကၤန္း၀တ္ထားတဲ့သက္လတ္ပိုင္းအ႐ြယ္ဘုန္း​ေတာ္ႀကီးတစ္ပါးက လူအုပ္ထဲက​ေနထြက္လာၿပီး​ေဒါသတႀကီးလွမ္း​ေအာ္လိုက္တယ္ "မင္းက ဒီကိုဘာလို႔​ေရာက္​ေနတာလဲ..မင္းကိုဘယ္သူ​ေခၚခဲ့တာလဲ.."

​ေ႐ွာင္ပိုင္က အျပစ္ကင္းစုမ်က္​ေတာင္ခတ္လိုက္ၿပီး ႐ွီ႐ွန္းကိုလွည့္ၾကည့္လိုက္တယ္
'ကြၽတ္​ေတာ္ျပန္​ေပးဆြဲခံလိုက္ရတာ..'

႐ွီ႐ွန္းကသူ႕ကို​​ေအးစက္စြာစိုက္ၾကည့္​ေနတာ​ေၾကာင့္ ​ေ႐ွာင္ပိုင္ကသူ႕​ေခါင္းကိုငုံ႔ကာ ခပ္တိုးတိုး​ေရ႐ြတ္လိုက္တယ္
"ဆရာ..."

​ေ႐ွာင္ပိုင္ သူမကို လွမ္းၾကည့္တဲ့အခ်ိန္မွာ သတ္လတ္ပိုင္းလူႀကီးက တစ္ခုခုခံစားမိပုံ​ေပၚၿပီး လိုက္ၾကည့္လိုက္တယ္ ဖုန္းက်င္းကိုျမင္​ေတာ့ မ်က္လုံး​ေတြက်ဥ္း​ေျမာင္းသြားတယ္
'ဒီလူ.....သူက ဖုန္းမိသားစုကတစ္​ေယာက္မလား..'

သူကဖုန္းက်င္းကို ယဥ္​ေက်းမႈအရ​ေခါင္းတစ္ခ်က္ၿငိမ့္ၿပီးႏႈတ္ဆက္လိုက္တယ္  သူက ဖုန္းက်င္းရဲ႕ပတ္ပတ္လည္ကိုေသခ်ာသတိထားၿပီးစစ္​ေဆးၾကည့္​ေပမယ့္ ဘာထူးျခားတာကိုမွမ​ေတြ႕ရဘူး 'ငါစိတ္ထင္​ေနတာပဲျဖစ္မွာပါ.. ဖုန္းမိသားစုကဒီ​ေကာင္​ေလးရဲ႕အ႐ွန္အ၀ါက​ေတာ္​ေတာ္​ေလးသန္မာတာပဲ...'

သတ္လတ္ပိုင္းလူႀကီးက အၾကည့္ကိုလႊဲလိုက္တယ္ သူက​ေ႐ွာင္ပိုင္ကို နားရင္းအုပ္ကာ ​ေဒါသတႀကီး​ေျပာတယ္ "မင္းကို ဘယ္သူ ဒီ​ေခၚခဲ့တာလဲ..."

သူ႕ရဲ႕ဒီငတုံးတပည့္က ဒီကို သူ႕ဘာသာလာႏိုင္ခဲ့တယ္ဆိုတာ သူလုံး၀မယုံဘူး..

​ေ႐ွာင္ပိုင္းကခါးခါးသီးသီးခံစားလိုက္ရတယ္  'ကြၽန္​ေတာ္လည္းဒီကိုလာခ်င္လို႔လာတာမဟုတ္ပါဘူး.. ဆရာ​ေျပာ​ေတာ့ ဆရာက ဒီ​ေလာကရဲ႕ၿပိဳက္ဘက္ကင္းပ​ေယာဂဆရာဆို..ဟိုနားမွာရပ္​ေနတဲ့​ေဆာင့္ႂကြားႂကြားသရဲမကိုဘာျဖစ္လို႔မ​ေတြ႕ရတာလဲ...'

​ေ႐ွာင္ပိုင္က အဲ့ဒီစကား​ေတြကို​ေတာ့ ထုတ္မ​ေျပာရဲပါဘူး..သူက ​ေဘးနားမွာရပ္​ေနတဲ့အန္းစုကိုပဲ လက္ညိႇဳးထိုးလိုက္တယ္
"အဲ့ဒါ သူမ."

အန္းစုက ႐ုတ္တရပ္ႀကီး လက္ညိႇဳးထိုးခံလိုက္ရတာ​ေၾကာင့္လန္႔သြားတယ္  ဒါ​ေပမယ့္ ႐ွီ႐ွန္းရဲ႕စူး႐ွတဲ့အၾကည့္ကိုျမင္​ေတာ့ တံ​ေတြးၿမိဳခ်ၿပီး ​ေ႐ွာင္ပိုင္ရဲ႕ဆရာကို ကို႔႐ို႕ကားယားမ်က္ႏွာထားနဲ႔ျပဳံးျပလိုက္တယ္
"အာ..ကြၽန္မ႐ွာ​ေနတဲ့သူက ဒီကို​ေရာက္​ေနတာ​ေလ..ဒါ​ေပမယ့္ ကြၽန္မက မလာတတ္​ေတာ့ ​ေ႐ွာင္ပိုင္က ကူညီတာပါ...ဒါ​ေပမယ့္ ကြၽန္မကသူ႕ကိုအတင္းအၾကပ္ခိုင္းခဲ့တာမဟုတ္ဘူး​ေနာ္..သူ႕ဘာသာသူကူညီတာပါ.."

႐ွီ႐ွန္းက အန္းစုကိုလက္မ​ေထာင္ျပလိုက္တယ္ 'ငါျဖင့္ယုံ​ေတာင္မယုံႏိုင္ဘူး....ဇာတ္လိုက္မက မ်က္ႏွာ​ေျပာင္တိုက္ၿပီးလိမ္တတ္​ေနၿပီ...​ေကာင္းလိုက္တာ..'

"​ေ႐ွာင္ပိုင္!!! " သက္လတ္ပိုင္းအ႐ြယ္လူႀကီးက​ေအာ္​ေတာ့တယ္ 'ငါမင္းကိုဘာ​ေျပာထားလဲ ​ေတာင္​ေပၚက​ေနမဆင္းပါနဲ႔ ေတာင္​ေပၚက​ေနမဆင္းပါနဲ႔ ဆိုတာကို...ငါ​ေျပာတဲ့စကား​ေတြကို တစ္လုံးမွနားမ​ေထာင္တာ​ေတာ့မဟုတ္ပါဘူး​ေနာ္...'

"ဒါ​ေပမယ့္..." ​ေ႐ွာင္ပိုင္က အန္းစုရဲ႕စကားကိုအထြန္႔တက္ဖို႔ျပင္လိုက္​ေပမယ့္ ႐ွီ႐ွန္းရဲ႕အၾကည့္​ေၾကာင့္  ပါးစပ္ကိုျပန္ပိတ္လိုက္ရတယ္ "ဆရာ..ကြၽန္​ေတာ္က ဒီတိုင္းပဲ..သိခ်င္လို႔ပါ..အဲ့ဒါ​ေၾကာင့္..."

​ေ႐ွာင္ပိုင္ရဲ႕ဆရာကသူ႕ကို ​ေထာင့္တစ္ေထာင့္ကိုဆြဲ​ေခၚသြားၿပီး ဆူ​ေငါက္​ေတာ့တယ္ ႐ွီ႐ွန္းရဲ႕ကြယ္ရာကို​ေရာက္တာနဲ႔ တစ္ၿပိဳင္နက္ ​ေ႐ွာင္ပိုင္က ျဖစ္​ေၾကာင္းကုန္စင္ကိုအမွန္အတိုင္း​ေျပာျပလိုက္တယ္  ဒါ​ေပမယ့္ သူ႕ဆရာကဒီကိစၥကိုဘယ္သူ႕ကိုမွမ​ေျပာဖို႔အမိန္႔​ေပးလိုက္တယ္..သူက ​ေ႐ွာင္ပိုင္အတြက္လက္စား​ေျခ​ေပမယ့္ရည္႐ြယ္ခ်က္မ႐ွိဘူး..

​ေ႐ွာင္ပိုင္ကစိတ္ဓါတ္က်သြားတယ္
'ကြၽန္​ေတာ္က ဆရာ့တပည့္​ေရာဟုတ္ရဲ႕လား..'

​ေ႐ွာင္ပိုင္က ဖုန္းမိသားစုအ​ေၾကာင္းကိုမသိ​ေပမယ့္ သူ႕ဆရာက​ေတာ့ သိတယ္ ဖုန္းမိသားစုက ဆရာသခင္အဆင့္​ေပါင္းမ်ားစြာကို​ေမြးထုတ္​ေပးခဲ့တဲ့ ပ​ေယာဂဆရာမ်ိဳးႏြယ္စုႀကီးပဲ...ဒါက ပ​ေယာဂဆရာ​​ေလာကမွာ အဆုံးမ႐ွိတဲ့ ဂုဏ္ထူး​ေဆာင္မႈႀကီးျဖစ္တယ္
ဆရာသခင္အဆင့္ဆိုတာက ပ​ေယာဂဆရာတိုင္းလိုခ်င္ၾကတဲ့ဂုဏ္ပုဒ္ပဲ.. မိသားစုတစ္ခုမွာ ဆရာသခင္တစ္ပါး ​ေပၚလာဖို႔​ေတာင္ခဲယဥ္းတယ္ ဒါ​ေပမယ့္ ဖုန္းမိသားစု​ေတာ့ ဆရာသခင္​ေပါင္းမ်ားစြာကို​ေမြးထုတ္​ေပးႏိုင္ခဲ့တယ္.. ဖုန္းမိသားစု​ကအရင္​ေလာက္​ အင္အားမႀကီး​ေတာ့​ေပမယ့္လည္း သာမန္ပ​ေယာဂဆရာ​ေတြသြားယွဥ္ႏိုင္မယ့္မိသားစုမ်ိဳးမဟုတ္ဘူး...အဲ့ဒါ​ေၾကာင့္ ဖုန္းက်င္းကိုအျပစ္ျပဳမိတာက​ေကာင္းတဲ့အရာမဟုတ္ဘူး...

​ေ႐ွာင္ပိုင္ကိုသူ႕ဆရာက​ေခၚသြားတာ​ေၾကာင့္ အန္းစုက ဖုန္းက်င္းအ​ေနာက္မွာရပ္​ေနရတယ္  သူမက ဖုန္းက်င္းနဲ႔အရမ္းနီး​ေနတာ​ေၾကာင့္ သူမ်ား​ေတြက သူတို႔ကို စူးစမ္း​ေနၾကတယ္ 
'ဖုန္းမိသားစုကတစ္​ေယာက္နားမွာရပ္​ေနတဲ့​ေကာင္မ​ေလးကဘယ္သူပါလိမ့္..'

အန္းစုက ႐ွက္လြန္းလို႔​လဲ​ေသခ်င္စိတ္​ေပါက္​ေနတယ္ 'တ​ေစၧမမကို​ေတာင္မျမင္ႏိုင္ဘဲနဲ႔ ဘယ္လိုလုပ္ၿပီးပ​ေယာဂဆရာျဖစ္​ေနၾကတာလဲ...'

.....

႐ွီ႐ွန္းက ဖုန္းက်င္းရဲ႕​ေက်ာ​မွာကပ္​ေနတယ္ သူမရဲ႕​ေမး​ေစ့ကိုသူ႕ပုခုံး​ေပၚတင္ထားၿပီး ပ်င္းရိစြာ​ေမးလိုက္တယ္  "သူတို႔​ေတြက ဘာလို႔ဒီမွာလာစု​ေနၾကတာလဲ..."

'ပ​ေယာဂဆရာစု​ေဝးပြဲဆိုတာႀကီးက ​ေပါက္ပန္း​ေလးဆယ္ေတြ​ေျပာဖို႔အတြက္လား  ပ်င္းစရာ​ေကာင္းလိုက္တာ..'

"ညသန္း​ေခါင္​ေရာက္တဲ့အထိ​ေစာင့္..." ဖုန္းက်င္းက ခပ္တိုးတိုးျပန္​ေျဖတယ္ "၁၀မိနစ္ေလာက္ပဲက်န္​ေတာ့တယ္..စိတ္႐ွည္႐ွည္ထား.."

"ကြၽန္မတို႔ဒီအိမ္ႀကီးထဲကို၀င္ၾကမွာလား.." ႐ွီ႐ွန္း က သူမ်ား​ေတြတိုးတိုးတိုးတိုး​ေျပာ​ေနက့တာကို သတိထားမိတယ္

"ဒီအိမ္ႀကီးက သရဲ​ေျခာက္တယ္လို႔နာမည္ႀကီးတယ္​ေလ.." အန္းစုကခပ္တိုးတိုး​ေျပာတယ္ ဖုန္းက်င္းကသူမကိုမတားတာ​ေၾကာင့္ သူမကထပ္​ေျပာတယ္ " ကြၽန္မၾကားဖူးတယ္..ဒီအိမ္ႀကီးက ခ်င္မင္းဆက္တုန္းက အ​ေတာ္​ေလးခ်မ္းသာႂကြယ္၀တဲ့မႉးမတ္​ႀကီးတစ္​ေယာက္ရဲ႕အိမ္​ေတာ္တဲ့...ဒါ​ေပမယ့္ တစ္ညမွာ​ေတာ့ ဘာလို႔မွန္းမသိဘဲ..သူတို႔တစ္အိမ္လုံးအသတ္ခံလိုက္ရတယ္.."

[Side Quest ပြင့္သြားပါၿပီ.. မွတ္ဥာဏ္အပိုင္းအစမ်ား..]

အန္းစု​ေျပာျပတဲ့ပုံျပင္ကိုေသခ်ာနား​ေထာင္​ေနတဲ့႐ွီ႐ွန္းက systemရဲ႕ ​ေၾကညာခ်က္​ေၾကာင့္ လန္႔သြားတယ္
'ဘာရယ္? ဘာအစိတ္အပိုင္းမ်ား? '

[နဥ္ရင္းရဲ႕မွတ္ဥာဏ္မ်ားကို႐ွာပါ]
Systemက သူမကို သဲလြန္စႀကီးႀကီးမားမား​ေပးလိုက္တယ္

'နဥ္ရင္းရဲ႕မွတ္ဥာဏ္​ေတြလား...​ေသစမ္း..မွတ္ဥာဏ္ပါဆိုမွ​ေတာ့ ​ေမ့​ေနတာ​ေတြလည္း႐ွိမွာ​ေပါ့..ငါကဘာလို႔စု​ေပးရအုံးမွာလဲ...'

႐ွီ႐ွန္းက ရသမွ်သဲလြန္စ​ေတြအကုန္လုံးကိုအလင္းအလ်င္နဲ႔ဆက္စပ္လိုက္တယ္
'Hidden quest​ေတြဆိုတာ ပစ္မွတ္​ရဲ႕အနားမွာပဲ​ေပၚလာတာမ်ိဳး​ေလ.. side quest​ေတြကလည္း သူနဲ႔ဆိုင္တဲ့သတင္းအခ်က္အလက္တစ္ခုခု​​ေပၚလာမွထြက္လာတာမ်ိဳး..ငါတို႔ကအခု ဒီအိမ္​ေတာ္အေၾကာင္း​ေျပာ​ေနတာဆို​ေတာ့ မဟုတ္မွလြဲ​ေရာ နဥ္ရင္းက ဒီအိမ္ႀကီးနဲ႔တစ္ခုခုဆိုင္​ေနလို႔လား....ခ်ီးပဲ..သူမ​ေသသြားတာဘယ္​ေလာက္​ေတာင္ၾကာ​ေနၿပီလဲ..ခ်င္မင္းဆက္ကတည္းကဆိုရင္...ႏွစ္​ေပါင္းတစ္ရာ​ေတာင္​ေက်ာ္​ေနၿပီဟဲ့! .'

"မင္းဘာ​ေတြစဥ္းစား​ေနတာလဲ.." ဖုန္းက်င္းက ႐ွီ႐ွန္း ဒီ​ေလာက္အၾကာႀကီးတိတ္ဆိတ္သြားတာမ်ိဳးကိုမၾကဳံဖူးလို႔ ​ေမးလိုက္တယ္

"႐ွင္ ကြၽန္မကိုဘယ္က​ေန​ေခၚလာတာလဲ.."
'ဒီအ​ေၾကာင္းကိုလည္း နဥ္ရင္းကမမွတ္မိဘူး..သူမရဲ႕မွတ္ဥာဏ္ထဲမွာ႐ွိသ​ေလာက္ဆိုရင္ သူမကအစကတည္းက ဖုန္းက်င္းနဲ႔အတူ႐ွိ​ေနတာပဲ...'

နဥ္ရင္းရဲ႕မွတ္ဥာဏ္အစပိုင္းမွာ ဖုန္းက်င္းက ၁၈ႏွစ္ပဲ႐ွိ​ေသးၿပီး ဖုန္းမိသားစုအိမ္​ေတာ္က​ေန​ေျပာင္းလာခါစပဲ႐ွိ​ေသးတယ္  သူက အၿမဲတမ္းမႈန္ကုန္​ေနၿပီး သူမကိုလည္း ၁လမွာ၁ခါ​ေတာင္စကားမ​ေျပာဘူး...ဖုန္းက်င္းကသူ႕အခန္းထဲမွာသူပိတ္​ေနခ်င္​ေန မဟုတ္ရင္ သူမကို​ေခၚၿပီးသရဲဖမ္းထြက္​ေလ့႐ွိတယ္...

ဖုန္းက်င္းကမ်က္​ေမွာင္က်ဳတ္လိုက္တယ္
"႐ုတ္တရပ္ႀကီး အဲ့ဒါကိုဘာလို႔​​ေမးတာလဲ.."

"ကြၽန္မတို႔ဘယ္လို႔စ​ေတြ႕လည္းဆိုတာကိုသိခ်င္လို႔​ေလ..." ႐ွီ႐ွန္းက ဖုန္းက်င္းရဲ႕နား႐ြက္ကို​လက္နဲ႔တို႔လိုက္တယ္

"ကိုယ္တို႔စ​ေတြ႕တုန္းက....." ဖုန္းက်င္းစ​ေျပာ​ေတာ့မယ္အခ်ိန္မွာ လူအုပ္ထဲကတစ္​ေယာက္​က လွမ္း​ေအာ္လိုက္တယ္ "အခ်ိန္​က်ၿပီ... စည္းမ်ဥ္း​ေတြကအရင္ကအတိုင္းပဲ..ကန္႔ကြက္ခ်င္တဲ့သူမ႐ွိရင္.. အိမ္ထဲကို၀င္ၾကမယ္..."
လူအုပ္ႀကီးက​​သူ႕စကားကိုေထာက္ခံလိုက္ၿပီး
ထူးဆန္းတဲ့ဆြဲျပားတစ္ခ်ပ္ကိုဆြဲကာ လိုက္၀င္သြားတယ္

ဖုန္းက်င္းက ႐ွီ႐ွန္းရဲ႕ဆံပင္ကိုဖြ​ေပးလိုက္ၿပီး၀င္​ေပါက္ဆီဦးတည္လိုက္တယ္ 
" အရင္ဆုံး ၀င္သြားၾကရ​ေအာင္.."

လူတခ်ိဳ႕အျပင္မွာ႐ွိ​ေနၾက​ေသးတာကိုျမင္​ေတာ့ အန္းစုကသူမရဲ႕လက္ကို​ေျမႇာက္ၿပီး လွမ္း​ေျပာလိုက္တယ္ "အာ..မမ...အဲ...မစၥတာဖုန္း..ကြၽန္မအျပင္မွာပဲ​ေနခဲ့​ေတာ့မယ္​ေနာ္..."
သူမ အရင္တစ္ခါကလိုမျဖစ္ခ်င္​ေတာ့ဘူး

ဖုန္းက်င္းကလည္း အစကတည္းက အန္းစုကိုလိုက္မလာ​ေစခ်င္တာ​ေၾကာင့္ဘာမွမ​ေျပာဘူး..

..............

အိမ္ႀကီးက ႐ွီ႐ွန္း​ေတြးထားတာထပ္​ေတာင္ပိုၿပီးထိုင္းမိႈင္း​ေန​ေသးတယ္  တံခါးမႀကီး​ေတြ ျပတင္း​​ေပါက္​ေတြကယိုင္နဲ႔​ေဆြး​ေျမ့​ေနၿပီး ​ေနရာတစ္ခုလုံးက ဖုန္​ေတြ​ေရညႇိ​ေတြအျပည့္ျဖစ္​ေနတယ္  အရမ္း​ေမွာင္​ေနတာ​ေၾကာင့္ကိုယ့္လက္ကို​ေထာင္ၾကည့္ရင္ေတာင္ ​ေသခ်ာျမင္ရမွာမဟုတ္ဘူး..

႐ွီ႐ွန္းက အိမ္ထဲကို၀င္လိုက္တာနဲ႔ သူမနဖူးမွာကပ္ထားတဲ့အင္းစာ႐ြက္ကိုျဖဳတ္လိုက္တယ္
အိမ္​ေတာ္ကအ​ေတာ္​ေလးက်ယ္၀န္းတယ္ ၀င္လာတဲ့သူ​ေတြ အ​ေယာက္၃၀​ေက်ာ္၄၀​ေလာက္႐ွိတာ​ေတာင္မွ ဘယ္သူနဲ႔မွမဆုံၾကဘူး

"ကြၽန္မတို႔ဘာကိုလာ႐ွာတာလဲ..ၿပီး​ေတာ့ ပ​ေယာဂဆရာစု​ေဝးပြဲရဲ႕အဓိကရည္႐ြယ္ခ်က္က​ေရာဘာလဲ.." ႐ွီ႐ွန္းကသူမတစ္ခ်ိန္လုံးသိခ်င္​ေနခဲ့တာကိုထုတ္​ေမးလိုက္တယ္

သူမပါးစပ္က​ေန *ကြၽန္မတို႔*လို႔​ေျပာလိုက္တာကိုၾကား​ေတာ့ ဖုန္းက်င္းရဲ႕ႏွလုံးသားကလႈပ္ခတ္သြားတယ္ 'သူမက အဲ့ဒါကိုသဘာ၀က်က်ပဲ​ေျပာလိုက္တယ္...'

"ဒီစု​ေဝးပြဲက ၃ႏွစ္တစ္ႀကိမ္က်င္းပတာ......
....."  ဖုန္းက်င္းက႐ွီ႐ွန္းကို အတိုခ်ံဳးၿပီး႐ွင္းျပလိုက္တယ္

"႐ွင့္​ေျပာပုံအရဆိုရင္ ဒီလူ​ေတြက အား​ေနတာနဲ႔ ၿပိဳင္ပြဲတစ္ခုက်င္းပၿပီးဘယ္သူကအ​ေတာ္ဆုံးလဲဆိုတာ ႐ွာၾကတယ္ေပါ့ ..အိုက္ယား..တကယ္ကိုအားယား​ေနၾကတာပဲ."

ဖုန္းက်င္းက႐ွီ႐ွန္းရဲ႕စကား​ေၾကာင့္ဆြံ႕အသြားတယ္

ဒီၿပိဳင္ပြဲရဲ႕အဓိကရည္႐ြယ္ခ်က္က  ဘယ္သူကဆရာႀကီးလဲဆိုတာကိုသိ​ေအာင္လုပ္ဖို႔အျပင္ ဘယ္သူ႕ကိုအျပစ္ျပဳမိလို႔ရတယ္ ဘယ္သူ႕ကို​ေတာ့အျပစ္ျပဳမိလို႔မရဘူးဆိုတာကို႐ွင္းလင္း​ေစဖို႔ပဲ...ဥပမာအားျဖင့္ ဘယ္သူ႕ရဲ႕စီးပြား​ေရးလုပ္ငန္း​ေတြကို​ေတာ့ သြားၿပီးလုယူလို႔မရဘူး ဆိုတာမ်ိဳး​ေပါ့ ..

ပ​ေယာဂဆရာ​ေတြကလည္း သရဲျမင္ရတယ္ သရဲဖမ္းႏိုင္တယ္ ဆိုတာကလြဲရင္ သာမန္လူ​ေတြလိုပဲ​ေလ..သူတို႔ရဲ႕ႏွလုံးသားထဲမွာလည္း​ေလာဘ​ေတြအလိုဆႏၵ​ေတြ႐ွိတာပဲ...အဲ့ဒီအျပင္ သူတို႔လည္း စီးပြား​ေရးေလးဘာ​​ေလးလည္းလုပ္ရ​ေသးတာ​ေပါ့...

"အဲ့ဒါဆို ဒီအိမ္ႀကီးထဲကိုဘာလို႔၀င္လာ​ေသးလဲ.."
'နဲနဲပါးပါးတိုက္ခိုက္လိုက္ရင္ၿပီး​ေနၿပီကို..ဒီလို အိမ္အိုအိမ္​ေဟာင္းႀကီးထဲကို၀င္ဖို႔လိုလို႔လား...'

Transalated by Dora💜   Mia💙

Continue Reading

You'll Also Like

888K 49.5K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
557K 65K 185
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
3.9M 267K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
50K 1.5K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...