အပိုင်း ၂၀
ကမ်းကပ်ခါနီးတွင် ချောင်ဘုရင်၏အရှိန်အဝါကြောင့် မည်သည့်သားရဲမှ မနှောင့်ယှက်ရဲသဖြင့် ဘေးရန်ကင်းစွာပင် ကမ်းကပ်နိုင်ခဲ့သည်။
သူတို့ကုန်းပေါ်တက်လာသည့်အချိန်တွင် အစိမ်းရောင်ဝတ်ထားသော ကျင့်ကြံသူ အုပ်စုသည် ရောက်လာကြပြီး စတင်မေးမြန်းတော့သည်။ စကားအသွားအလာကိုကြည့်ခြင်းဖြင့် ရန်လိုသည့်ပုံမပေါ်ပေ။ သူတို့အုပ်စုမှာ သာမန်လူများဖြစ်၍ တောင်ပေါ်ရှိ သားရဲများ၏အန္တရာယ်မှာအလွန်ကြီးမားကြောင်း ပြောပြနေခြင်းပင်။ ထန်ဟူလူကလည်း မိမိတို့သည် ဆေးဆရာများဖြစ်၍ ဆေးဖတ်ဝင်အပင်တချို့လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း၊ တောင်ပေါ်သို့မတက်ပဲ တောင်ခြေတဝိုက်မှာပဲ ရှာဖွေမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။
နောက်ဆုံးတွင် ထိုကျင့်ကြံသူအုပ်စုက ရှင်းယာတို့သွားမည့်နေရာရောက်သည်အထိ ကာကွယ်စောင့်ရှောက်မည်ဟု ပြောလာသဖြင့် ကျေးဇူးတင်စွာပင်လက်ခံလိုက်ကြသည်။
အစိမ်းရောင်အုပ်စုမှာ ကျောက်စိမ်းတောင်ဂိုဏ်းသားများဖြစ်ကြသည်။ စုစုပေါင်း ၇ယောက်ဖြစ်ကြပြီး မိန်းကလေးတစ်ယောက်သာပါသည်။ တစ်ဦးတည်းသောမိန်းကလေးသည် ချွဲ့နွဲ့တတ်ပြီး အတော်လေးလှသည်ဟုဆိုနိုင်သည်။ အကို၂ မှလွဲ၍ ကျန်သောဆရာတူအကိုများသည် ထိုဆရာတူညီမငယ်လေးကို မျက်နှာသာပေးအလိုလိုက်ကြသည်။
ထို၆ေယာက်ထဲတွင် အကို၂သည် ကြည့်လို့အကောင်းဆုံးဖြစ်သည်။
...အကို၂ကတော်တော်ချောတာပဲ ဒါပေမဲ့လည်းသနားစရာပဲ ငါ့သခင်ကပိုချောနေလို့လေ ဟားဟား...
"ဟီးဟီး''
ရှင်းယာ၏ ရယ်သံကြောင့် အားလုံးသူမကိုကြည့်လိုက်ကြသည်။ ချောင်ဘုရင်တောင်မှပေါ့...
"...''
"သွားစို့ သွားစို့''
တောင်ပေါ်စတက်တက်ချင်းပင် လူမျက်နှာပင့်ကူသားရဲနှင့်စတင်ရင်ဆိုင်ရတော့သည်။ ထိုသားရဲမျိုးမှာ စိုစွတ်သောဂူတွင်းပိုင်းများတွင်အနေများသည့်သားရဲမျိုးဖြစ်သဖြင့် အပြင်ထွက်လာခဲသည်။ ယခုလိုထွက်လာသည့်အချိန်တွင်လည်း တအားရန်လိုတတ်သော သားရဲမျိုးဖြစ်သည်။
သို့သော်လည်း အစိမ်းရောင်ကျင့်ကြံသူအုပ်စုအတွက်မှာမူ သိပ်ခက်ခက်ခဲခဲမတိုက်လိုက်ရပဲ ဖြတ်ကျော်နိုင်ခဲ့သည်။
"ဒီလိုကောင်မျိုးက ဂူတွင်းပိုင်းတွေမှာပဲနေတတ်တာ ဒီအနီးတဝိုက်မှာ သူတို့အသိုက်ရှိလိမ့်မယ် အားလုံးပဲ သတိထားကြပါ''
စီနီယာအကိုကြီး၏စကားကို အားလုံးက ခေါင်းငြိမ့်သဘောတူလိုက်ကြသည်။
ချောင်ဘုရင်သည် ထန်ဟူလူကို တိတ်တဆိတ်အချက်ပြလိုက်သည်။ ထိုအခါထန်ဟူလူသည်...
"ဆရာလေးတို့ လိုက်စောင့်ရှောက်ပေးတာကျေးဇူးတင်ပါတယ် ဒီလောက်ဆိုရပါပြီ ကျုပ်တို့လဲ ဆက်မသွားရဲတော့ပါဘူး ဒီနားမှာဆေးမြစ်တူးပြီးရင် ပြန်တော့မှာပါ''
"ရပါတယ် ခင်ဗျားတို့ပြီးတဲ့အထိစောင့်ရှောက်ပေးပါရစေ''
"ဒါက...တကယ်မလိုတော့ပါဘူး ကျုပ်တို့အဝေးကြီးမသွားတော့ဘူးလေ လာရာလမ်းအတိုင်းပဲပြန်တော့မှာပါ တကူးတကကြီးပြန်လိုက်ပို့မနေပါနဲ့တော့ သွားစရာရှိတာသွားပါ''
အကိုကြီး ဘာမှမပြောရသေးခင် တစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့သော အကို၂က...
"အဆင်ပြေပြီဆိုမှတော့ ငါတို့လဲ တောင်ပေါ်ဆက်တက်ရအောင်''
"ကောင်းပြီလေ ဒါဆိုလဲ နှုတ်ဆက်ပါတယ်''
သူတို့ လမ်းခွဲလိုက်ကြပြီးနောက် အကို၅ က တီးတိုးပြောလာသည်။
"အကိုကြီး သူတို့ပုံစံကြည့်ရတာထူးဆန်းမနေဘူးလား''
"ဟုတ်တယ် ငါတို့ကိုနှင်ထုတ်နေသလိုပဲ''
"ဟွန့် နေပေါ့ ငါတို့မရှိပဲ ဘယ်လောက်ကြာကြာနေနိုင်မှာလဲ''
သူတို့အုပ်စုထွက်သွားပြီးနောက်...
"အရှင် မြေပုံအရတော့ ဒီအနားတစ်ဝိုက်ပါပဲ''
"ကောင်းပြီ သတိထားပြီးရှာကြပါ''
သူတို့အဖွဲ့နေ့တစ်ဝက်ခန့်ရှာပြီးသွားသောအခါ ဂူပေါက်တစ်ခုရှာတွေ့တော့သည်။
"အရှင် ဒါ...''
"ဝင်ကြစို့''
ဂူထဲဝင်ပြီး မကြာခင်မှာပင် အပြင်မှာတွေ့ခဲ့သော လူမျက်နှာပင့်ကူမျိုး ၃ကောင်က ဆီးကြိုတိုက်ခိုက်လာကြသည်။ မိစ္ဆာသားရဲများပင်ဖြစ်သော်လည်း ချောင်ဘုရင်၏ လက်တစ်ချက်အဝှေ့တွင် ဇီဝိန်ကြွေသွားကြတော့သည်။
"ဒါက ဘာတွေလဲ''
အစိမ်းရောင်အငွေ့များလျှံထွက်နေသော မြေကျင်းအချို့ကို ဂူကြမ်းပြင်တွင်တွေ့လိုက်ရသည်။
"အဆိပ်ငွေ့တွေပဲ အနားမကပ်နဲ့''
"အား....''
သတိပေးစကားမဆုံးမီ အားညိုနှင့်ပါလာသော ရွာသားတစ်ယောက်မှာ အဆိပ်ငွေ့ကိုရှူရှိုက်မိပြီးသည့်နောက်တွင် ခန္ဓာကိုယ်မှ အသွေးအသားများခမ်းခြောက်ကာ အရိုးပေါ်အရေတင် အသက်မဲ့သွားရတော့သည်။
မှောင်မဲသောဂူတွင်းပိုင်းအဆုံးတွင် ကြည်လင်သောရေကန်၏အလယ်တွင် ဖန်ကဲ့သို့ကြည်လင်သော အသီးအပွင့်များပွင့်နေသည့် သစ်ပင်တစ်ပင်ကို ဘွားခနဲတွေ့လိုက်ရလေသည်။
"ဒါက အသက်ဆက်ရေကန်ပဲ''
"လှလိုက်တာ ကန်အလယ်မှာရှိနေတာက နတ်ဘုရားသစ်ပင်ပေါ့''
"ဟုတ်တယ် နတ်ဘုရားသစ်ပင်က ဒီနှင်းရေခဲတောင်ရဲ့အတွင်းမှာနေပြီး မှော်စွမ်းအင်တွေကိုစုပ်ယူနေတာ နှစ်ပေါင်းမနည်းတော့ဘူး''
"ဝါး...အသီးတွေကလည်းအများကြီးပဲ ဒါတွေအကုန်ခူးသွားကြမှာလား''
"မဟုတ်ဘူး ဖန်လိုကြည်လင်နေတဲ့အသီးတွေက အရွယ်မရောက်သေးဘူး အရွယ်မရောက်သေးတဲ့ နတ်ဘုရားသစ်သီးကို ဘယ်လိုစွမ်းအားနဲ့မှခူးလို့မရနိုင်ဘူး''
"နတ်ဆရာပြောတာမှန်တယ် ကြည့်ရတာ ဒီအပင်မှာက ရင့်မှည့်နေတဲ့ အသီးက တစ်လုံးထဲပဲရှိတာပဲ''
"ဒါဆို အခုပဲသွားကြရအောင်''
"မရဘူး အသက်ဆက်ရေကန်က ကြည့်ရတာသာ ကြည်လင်းပြီးနှစ်လိုဖွယ်ကောင်းပေမဲ့ အမှန်တကယ်တော့အန္တရာယ်တွေနဲ့ပြည့်နေတာ''
သူတို့စကားပြောနေစဥ် အားညိုနှင့်အတူပါလာသောရွာသားနှစ်ယောက်သည် ရေစပ်နားပင်ရောက်နေပြီဖြစ်သည်။ ကြည်လင်နေသော ရေ၏ဆွဲဆောင်မှုကြောင့် လက်ခုပ်နှစ်ဖက်နှင့်ရေကို ခပ်လိုက်မိသည်။
"အားညို ကြည့်စမ်း ရေကကြည်လင်နေတာပဲ''
"ဟုတ်တယ် ဟုတ်တယ် ပြီးတော့ နွေးနေတာပဲ ရေပူစမ်းလိုပဲ''
"မကောင်းတော့ဘူး''
ကြည်လင်နေသောရေထဲတွင် အမျှင်သေးသေးကလေးများ လူးလွန့်လာသည်။ ရွာသားနှစ်ယောက်ကတော့သတိမထားမိဆဲပင်...
"အားဟောင် အားမောင် မြန်မြန် ရေနဲ့ဝေးဝေးနေစမ်း''
"အယ် ဘာလို့လဲ''
"အားဟောင် ဒီအမျှင်တွေက ဘာတွေလဲ''
ကြည့်နေရင်းမှာပင် ထိုအမျှင်ငယ်လေးများသည် အားဟောင်နှင့်အားမောင်၏ ခြေလက်များကိုရစ်ပတ်ကာ ရေကန်အလယ်တွင်ရှိသော နတ်ဘုရားသစ်ပင်၏ အခြေသို့ဆွဲသွင်းလိုက်ကြ၏။ ရွာသားနှစ်ယောက်မှာ နတ်ဘုရားသစ်ပင်၏ မြေသြဇာ ဖြစ်သွားရရှာတော့သည်။
ဆက်ရန်...
#Flamingo
#Zawgyi
အပိုင္း ၂၀
ကမ္းကပ္ခါနီးတြင္ ေခ်ာင္ဘုရင္၏အရွိန္အဝါေၾကာင့္ မည္သည့္သားရဲမွ မႏွောင့္ယွက္ရဲသျဖင့္ ေဘးရန္ကင္းစြာပင္ ကမ္းကပ္နိုင္ခဲ့သည္။
သူတို႔ကုန္းေပၚတက္လာသည့္အခ်ိန္တြင္ အစိမ္းေရာင္ဝတ္ထားေသာ က်င့္ႀကံသူ အုပ္စုသည္ ေရာက္လာၾကၿပီး စတင္ေမးျမန္းေတာ့သည္။ စကားအသြားအလာကိုၾကည့္ျခင္းျဖင့္ ရန္လိုသည့္ပုံမေပၚေပ။ သူတို႔အုပ္စုမွာ သာမန္လူမ်ားျဖစ္၍ ေတာင္ေပၚရွိ သားရဲမ်ား၏အႏၱရာယ္မွာအလြန္ႀကီးမားေၾကာင္း ေျပာျပေနျခင္းပင္။ ထန္ဟူလူကလည္း မိမိတို႔သည္ ေဆးဆရာမ်ားျဖစ္၍ ေဆးဖတ္ဝင္အပင္တခ်ိဳ႕လာေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း၊ ေတာင္ေပၚသို႔မတက္ပဲ ေတာင္ေျခတဝိုက္မွာပဲ ရွာေဖြမည္ျဖစ္ေၾကာင္း ေျပာျပလိုက္သည္။
ေနာက္ဆုံးတြင္ ထိုက်င့္ႀကံသူအုပ္စုက ရွင္းယာတို႔သြားမည့္ေနရာေရာက္သည္အထိ ကာကြယ္ေစာင့္ေရွာက္မည္ဟု ေျပာလာသျဖင့္ ေက်းဇူးတင္စြာပင္လက္ခံလိုက္ၾကသည္။
အစိမ္းေရာင္အုပ္စုမွာ ေက်ာက္စိမ္းေတာင္ဂိုဏ္းသားမ်ားျဖစ္ၾကသည္။ စုစုေပါင္း ၇ေယာက္ျဖစ္ၾကၿပီး မိန္းကေလးတစ္ေယာက္သာပါသည္။ တစ္ဦးတည္းေသာမိန္းကေလးသည္ ခြၽဲ႕ႏြဲ႕တတ္ၿပီး အေတာ္ေလးလွသည္ဟုဆိုနိုင္သည္။ အကို၂ မွလြဲ၍ က်န္ေသာဆရာတူအကိုမ်ားသည္ ထိုဆရာတူညီမငယ္ေလးကို မ်က္ႏွာသာေပးအလိုလိုက္ၾကသည္။
ထို၆ေယာက္ထဲတြင္ အကို၂သည္ ၾကည့္လို႔အေကာင္းဆုံးျဖစ္သည္။
...အကို၂ကေတာ္ေတာ္ေခ်ာတာပဲ ဒါေပမဲ့လည္းသနားစရာပဲ ငါ့သခင္ကပိုေခ်ာေနလို႔ေလ ဟားဟား...
"ဟီးဟီး''
ရွင္းယာ၏ ရယ္သံေၾကာင့္ အားလုံးသူမကိုၾကည့္လိုက္ၾကသည္။ ေခ်ာင္ဘုရင္ေတာင္မွေပါ့...
"...''
"သြားစို႔ သြားစို႔''
ေတာင္ေပၚစတက္တက္ခ်င္းပင္ လူမ်က္ႏွာပင့္ကူသားရဲႏွင့္စတင္ရင္ဆိုင္ရေတာ့သည္။ ထိုသားရဲမ်ိဳးမွာ စိုစြတ္ေသာဂူတြင္းပိုင္းမ်ားတြင္အေနမ်ားသည့္သားရဲမ်ိဳးျဖစ္သျဖင့္ အျပင္ထြက္လာခဲသည္။ ယခုလိုထြက္လာသည့္အခ်ိန္တြင္လည္း တအားရန္လိုတတ္ေသာ သားရဲမ်ိဳးျဖစ္သည္။
သို႔ေသာ္လည္း အစိမ္းေရာင္က်င့္ႀကံသူအုပ္စုအတြက္မွာမူ သိပ္ခက္ခက္ခဲခဲမတိုက္လိုက္ရပဲ ျဖတ္ေက်ာ္နိုင္ခဲ့သည္။
"ဒီလိုေကာင္မ်ိဳးက ဂူတြင္းပိုင္းေတြမွာပဲေနတတ္တာ ဒီအနီးတဝိုက္မွာ သူတို႔အသိုက္ရွိလိမ့္မယ္ အားလုံးပဲ သတိထားၾကပါ''
စီနီယာအကိုႀကီး၏စကားကို အားလုံးက ေခါင္းၿငိမ့္သေဘာတူလိုက္ၾကသည္။
ေခ်ာင္ဘုရင္သည္ ထန္ဟူလူကို တိတ္တဆိတ္အခ်က္ျပလိုက္သည္။ ထိုအခါထန္ဟူလူသည္...
"ဆရာေလးတို႔ လိုက္ေစာင့္ေရွာက္ေပးတာေက်းဇူးတင္ပါတယ္ ဒီေလာက္ဆိုရပါၿပီ က်ဳပ္တို႔လဲ ဆက္မသြားရဲေတာ့ပါဘူး ဒီနားမွာေဆးျမစ္တူးၿပီးရင္ ျပန္ေတာ့မွာပါ''
"ရပါတယ္ ခင္ဗ်ားတို႔ၿပီးတဲ့အထိေစာင့္ေရွာက္ေပးပါရေစ''
"ဒါက...တကယ္မလိုေတာ့ပါဘူး က်ဳပ္တို႔အေဝးႀကီးမသြားေတာ့ဘူးေလ လာရာလမ္းအတိုင္းပဲျပန္ေတာ့မွာပါ တကူးတကႀကီးျပန္လိုက္ပို႔မေနပါနဲ႕ေတာ့ သြားစရာရွိတာသြားပါ''
အကိုႀကီး ဘာမွမေျပာရေသးခင္ တစ္ေလွ်ာက္လုံးတိတ္ဆိတ္ေနခဲ့ေသာ အကို၂က...
"အဆင္ေျပၿပီဆိုမွေတာ့ ငါတို႔လဲ ေတာင္ေပၚဆက္တက္ရေအာင္''
"ေကာင္းၿပီေလ ဒါဆိုလဲ ႏႈတ္ဆက္ပါတယ္''
သူတို႔ လမ္းခြဲလိုက္ၾကၿပီးေနာက္ အကို၅ က တီးတိုးေျပာလာသည္။
"အကိုႀကီး သူတို႔ပုံစံၾကည့္ရတာထူးဆန္းမေနဘူးလား''
"ဟုတ္တယ္ ငါတို႔ကိုႏွင္ထုတ္ေနသလိုပဲ''
"ဟြန့္ ေနေပါ့ ငါတို႔မရွိပဲ ဘယ္ေလာက္ၾကာၾကာေနနိုင္မွာလဲ''
သူတို႔အုပ္စုထြက္သြားၿပီးေနာက္...
"အရွင္ ေျမပုံအရေတာ့ ဒီအနားတစ္ဝိုက္ပါပဲ''
"ေကာင္းၿပီ သတိထားၿပီးရွာၾကပါ''
သူတို႔အဖြဲ႕ေန႕တစ္ဝက္ခန့္ရွာၿပီးသြားေသာအခါ ဂူေပါက္တစ္ခုရွာေတြ႕ေတာ့သည္။
"အရွင္ ဒါ...''
"ဝင္ၾကစို႔''
ဂူထဲဝင္ၿပီး မၾကာခင္မွာပင္ အျပင္မွာေတြ႕ခဲ့ေသာ လူမ်က္ႏွာပင့္ကူမ်ိဳး ၃ေကာင္က ဆီးႀကိဳတိုက္ခိုက္လာၾကသည္။ မိစ္ဆာသားရဲမ်ားပင္ျဖစ္ေသာ္လည္း ေခ်ာင္ဘုရင္၏ လက္တစ္ခ်က္အေဝွ႕တြင္ ဇီဝိန္ေႂကြသြားၾကေတာ့သည္။
"ဒါက ဘာေတြလဲ''
အစိမ္းေရာင္အေငြ႕မ်ားလွ်ံထြက္ေနေသာ ေျမက်င္းအခ်ိဳ႕ကို ဂူၾကမ္းျပင္တြင္ေတြ႕လိုက္ရသည္။
"အဆိပ္ေငြ႕ေတြပဲ အနားမကပ္နဲ႕''
"အား....''
သတိေပးစကားမဆုံးမီ အားညိုႏွင့္ပါလာေသာ ႐ြာသားတစ္ေယာက္မွာ အဆိပ္ေငြ႕ကိုရႉရွိုက္မိၿပီးသည့္ေနာက္တြင္ ခႏၶာကိုယ္မွ အေသြးအသားမ်ားခမ္းေျခာက္ကာ အရိုးေပၚအေရတင္ အသက္မဲ့သြားရေတာ့သည္။
ေမွာင္မဲေသာဂူတြင္းပိုင္းအဆုံးတြင္ ၾကည္လင္ေသာေရကန္၏အလယ္တြင္ ဖန္ကဲ့သို႔ၾကည္လင္ေသာ အသီးအပြင့္မ်ားပြင့္ေနသည့္ သစ္ပင္တစ္ပင္ကို ဘြားခနဲေတြ႕လိုက္ရေလသည္။
"ဒါက အသက္ဆက္ေရကန္ပဲ''
"လွလိုက္တာ ကန္အလယ္မွာရွိေနတာက နတ္ဘုရားသစ္ပင္ေပါ့''
"ဟုတ္တယ္ နတ္ဘုရားသစ္ပင္က ဒီႏွင္းေရခဲေတာင္ရဲ႕အတြင္းမွာေနၿပီး ေမွာ္စြမ္းအင္ေတြကိုစုပ္ယူေနတာ ႏွစ္ေပါင္းမနည္းေတာ့ဘူး''
"ဝါး...အသီးေတြကလည္းအမ်ားႀကီးပဲ ဒါေတြအကုန္ခူးသြားၾကမွာလား''
"မဟုတ္ဘူး ဖန္လိုၾကည္လင္ေနတဲ့အသီးေတြက အ႐ြယ္မေရာက္ေသးဘူး အ႐ြယ္မေရာက္ေသးတဲ့ နတ္ဘုရားသစ္သီးကို ဘယ္လိုစြမ္းအားနဲ႕မွခူးလို႔မရနိုင္ဘူး''
"နတ္ဆရာေျပာတာမွန္တယ္ ၾကည့္ရတာ ဒီအပင္မွာက ရင့္မွည့္ေနတဲ့ အသီးက တစ္လုံးထဲပဲရွိတာပဲ''
"ဒါဆို အခုပဲသြားၾကရေအာင္''
"မရဘူး အသက္ဆက္ေရကန္က ၾကည့္ရတာသာ ၾကည္လင္းၿပီးႏွစ္လိုဖြယ္ေကာင္းေပမဲ့ အမွန္တကယ္ေတာ့အႏၱရာယ္ေတြနဲ႕ျပည့္ေနတာ''
သူတို႔စကားေျပာေနစဥ္ အားညိုႏွင့္အတူပါလာေသာ႐ြာသားႏွစ္ေယာက္သည္ ေရစပ္နားပင္ေရာက္ေနၿပီျဖစ္သည္။ ၾကည္လင္ေနေသာ ေရ၏ဆြဲေဆာင္မႈေၾကာင့္ လက္ခုပ္ႏွစ္ဖက္ႏွင့္ေရကို ခပ္လိုက္မိသည္။
"အားညို ၾကည့္စမ္း ေရကၾကည္လင္ေနတာပဲ''
"ဟုတ္တယ္ ဟုတ္တယ္ ၿပီးေတာ့ ႏြေးေနတာပဲ ေရပူစမ္းလိုပဲ''
"မေကာင္းေတာ့ဘူး''
ၾကည္လင္ေနေသာေရထဲတြင္ အမွ်င္ေသးေသးကေလးမ်ား လူးလြန့္လာသည္။ ႐ြာသားႏွစ္ေယာက္ကေတာ့သတိမထားမိဆဲပင္...
"အားေဟာင္ အားေမာင္ ျမန္ျမန္ ေရနဲ႕ေဝးေဝးေနစမ္း''
"အယ္ ဘာလို႔လဲ''
"အားေဟာင္ ဒီအမွ်င္ေတြက ဘာေတြလဲ''
ၾကည့္ေနရင္းမွာပင္ ထိုအမွ်င္ငယ္ေလးမ်ားသည္ အားေဟာင္ႏွင့္အားေမာင္၏ ေျခလက္မ်ားကိုရစ္ပတ္ကာ ေရကန္အလယ္တြင္ရွိေသာ နတ္ဘုရားသစ္ပင္၏ အေျခသို႔ဆြဲသြင္းလိုက္ၾက၏။ ႐ြာသားႏွစ္ေယာက္မွာ နတ္ဘုရားသစ္ပင္၏ ေျမၾသဇာ ျဖစ္သြားရရွာေတာ့သည္။
ဆက္ရန္...
#Flamingo