Unicode
အန်းစုကတံခါးပေါက်ကိုတွန်းဖွင့်ပြီး၀င်လာတယ် အိမ်တစ်အိမ်လုံးအနှံ့ကပ်ထားတဲ့အင်းစာရွက်တွေကိုမြင်တော့သူမလည်းလန့်သွားတယ်
"တစ္ဆေမမ...မစ္စတာဖုန်းကဘာလုပ်ချင်နေတာလဲ..."
'ဘာလို့သူက မမကို ဒီလောက်အင်းစာရွက်တွေအများကြီးသုံးပြီးဖမ်းထားရတာလဲ...'
"အဲ့ဒါတွေကိုဖယ်ပစ်လိုက်..."
"အာ..ဟုတ်..ဟုတ်ကဲ့.."
အန်းစုကသူမအနောက်ကတံခါးကိုပိတ်ပြီး နံရံနားကိုသွားလိုက်တယ် ဒါပေမယ့် သူမ အင်းစာရွက်တစ်ရွက်ကိုထိလိုက်တာနဲ့ အရမ်းနာလွန်းလို့ လက်ကိုတန်းပြီးရုတ်လိုက်မိတယ် ဒါပေမယ့် သူမက နာကျင်မှုကိုတောင့်ခံပြီး နောက်တစ်ကြိမ်ပြန်ကြိုးစားလိုက်တယ် အင်းစာရွက်တွေအကုန်လုံးကိုဖယ်ပြီးတဲ့အချိန်မှာ သူမရဲ့လက်ကသွေးချင်းချင်းနီနေပြီ..
"ဖယ်လို့ပြီးသွားပြီ..မမ" အန်းစုကသူမရဲ့လက်ကိုကျောနောက်မှဖွက်ထားတယ်
"ငတုံးမလေး.." ရှီရှန်းကသူမဆီပျံလာတယ် " ငါ့ကို နင့်လက်ပြ.."
"အာ...ရပါတယ်..အဲ့ဒါကသိပ်မဆိုးပါဘူး.." အန်းစုက မျက်နှာနီနီနဲ့ တွန့်ဆုတ်စွာပြောလိုက်တယ်
ရှီရှန်းက နည်းနည်းလောက်ဆူငေါက်ပေးလိုက်မှပဲ အန်းစုကသူမလက်ကိုထုတ်ပြတယ် ရှီရှန်းကသူမလက်ကိုထိလိုက်တာနဲ့တစ်ပြိုင်နက် အေးမြပြီးသက်တောင့်သက်သာရှိတဲ့ခံစားချက်ကို ခံစားလိုက်ရတယ် ဒဏ်ရာတွေကသူမရဲ့မျက်စိရှေ့မှာပဲသက်သာလာတယ်
"အခုတော့ဒီလောက်ပဲ..ငါ့ရဲ့စွမ်းအားတွေကိုချွေတာထားရအုံးမယ်..အဲ့ဒါမှ တစ်ယောက်ယောက်နဲ့တိုက်ခိုက်ရရင် မရှုံးမှာ.." ရှီရှန်းက ဒဏ်ရာတွေပျောက်ကင်းနေပြီဖြစ်တဲ့အန်းစုရဲ့လက်ကိုလွှတ်ပေးလိုက်တယ် အမာရွတ်လေးတွေတော့ရှိနေသေးပေမယ့် မနာတော့ဘူးလေ.
အန်းစုကအံ့အားသင့်သွားတယ်
'သရဲတွေကဒီလိုလုပ်လို့ရတယ်ပေါ့...'
ရှီရှန်းက သာမန်သရဲတစ္ဆေတွေနဲ့ ကျင့်ကြံသူတစ္ဆေတွေကြားကခြားနားချက်ကိုရှင်းပြရမှာပျင်းလွန်းလို့ မသိချင်ယောင်ဆောင်ပြီးအပြင်ကိုထွက်ခဲ့လိုက်တယ်
"တစ္ဆေမမ..ဘယ်ကိုသွားမလို့လဲ..."
အန်းစုကသူမနောက်ကနေအမြန်လိုက်လာခဲ့တယ်
ရှီရှန်းက မျက်မှောင်ကျုတ်ပြီး တစ်နေရာမှာရပ်လိုက်တယ် ဖုန်းကျင်းသူမကိုပြတဲ့ဖိတ်စာထဲမှာ နေရာ ထည့်မရေးထားဘူး..
'ခွေးကောင်လေး..အဲ့ဒါကြောင့်ငါ့ကိုဖိတ်စာပြရဲတာပေါ့..'
"တစ္ဆေမမ.." အန်းစုက နားမလည်နိုင်စွာကြည့်လိုက်တယ် 'ဘာဖြစ်လို့ရုတ်တရပ်ကြီးရပ်ပစ်လိုက်တာလဲ...ခုနတုန်းကကြတော့ အရမ်းမြန်မြန်သွားနေပြီးတော့...'
ရှီရှန်းက ဒေါသတကြီးနဲ့ခေါင်းကိုတဗြင်းဗြင်းကုတ်ပစ်လိုက်တယ်
"အန်းစု...ပယောဂဆရာစုေ၀းပွဲကဘယ်မှာကျင်းပမှာလဲဆိုတာသိလား.."
'မေးကြည့်လိုက်လို့လည်း အရှုံးမရှိပါဘူး..'
အန်းစုကသူမရဲ့ခေါင်းကိုအပြစ်ကင်းစွာခါယမ်းလိုက်တယ် သူမက ဖုန်းကျင်းကလွဲရင် ဘယ်ပယောဂဆရာကိုမှမသိဘူး..
..........
ထျန်းသု တောင်က အကျော်ကြားဆုံးဘုန်းတော်ကြီးကျောင်းတွေရှိတဲ့နေရာပဲ..
ထူးဆန်းတဲ့ပေါက်ကွဲမှုကြီးတစ်ခုကြောင့် အိပ်ပျော်နေကြတဲ့သူတွေက သူတို့ရဲ့အင်္ကျီတွေကိုတောင်ကောင်းကောင်းမ၀တ်နိုင်တော့ဘဲ တောင်အောက်ကိုဆင်းလာကြတယ်
"ဘာတွေဖြစ်နေတာလဲ..."
"တစ်ခုခုပေါက်ကွဲသွားတာလား...တောင်တစ်ခုလုံးလှုပ်ယမ်းသွားသလို ငါ ခံစားလိုက်ရတယ်..ငလျင်လှုပ်တာများလား."
"ကောင်းကင်မှာလည်း ဘာမိုးကြိုးလျှပ်စီးမှမတွေ့မိပါဘူး..မြန်မြန်ဆင်းကြည့်ကြရအောင်..."
တောင်ပေါ်ကနေကပျာကယာဆင်းလာကြတဲ့လူအုပ်ကြီးကို ကြီးမားပြီးထူးဆန်းတဲ့တွင်းနက်ကြီးတစ်ခုကစောင့်ကြိုနေတယ် တွင်းကြီးကတောင်တက်လမ်းပေါ်တည့်တည့်မှာရှိပြီး အထဲမှာလည်းလျှပ်စီးတွေနဲ့တဖျပ်ဖျပ်လက်နေတယ်
လူတွေအများကြီးကတွင်းကိုလာကြည့်ကြတယ် ဒါပေမယ့်ကြည့်ရတာ သူတို့ကအဖွဲ့နှစ်ဖွဲ့ကွဲနေကြပုံပဲ...
"ဒါကြီးကဘာကြီးလဲ..."
"ဘယ်လိုပေါက်ကွဲမှုကဒီလောက်ကြီးတဲ့တွင်းကြီးကိုဖြစ်စေတာလဲ..."
"လျှပ်စီးတွေကရောဘယ်ကရောက်လာတာလဲ..."
"မကြာသေးခင်ကသတင်းထဲမှာကြေညာသွားတဲ့တွင်းကြီးနဲ့တူနေသလိုပဲနော်...မှတ်မိကြလား.." အသားဖြူဖြူ ကလေးမျက်နှာနဲ့ ကောင်လေးတစ်ယောက်ကပြောလိုက်တယ်
"ရှောင်ပိုင်..မင်းပြောတာက လူနေရပ်ကွက်မှာပေါ်လာတဲ့တွင်းကြီးအကြောင်းလား.." သက်လတ်ပိုင်းလူကြီးတစ်ယောက်ကပြန်ပြောတယ်
ရှောင်ပိုင်ကသူ့ခေါင်းကိုငြိမ့်လိုက်တယ် "အဲ့သတင်းထဲမှာလည်းအခုလိုပဲလေ..မိုးကြိုးမပစ်ဘာမပစ်နဲ့ တစ်ခုခုပေါက်ကွဲသွားပြီး လျှပ်စီးအပြည့်ဖြစ်နေတဲ့တွင်းကြီးတစ်တွင်းရုတ်တရပ်ပေါ်လာတာ.."
"ရှောင်ပိုင်ပြောတာမှန်တယ်...ဂြိုလ်သားတွေများ ထျန်းသုတောင်ကိုရောက်လာကြတာများလား.."
တစ်ဖက်အဖွဲ့ကအဲ့လိုပြောတဲ့လူကိုချက်ချင်းလှောင်လိုက်တယ် "မင်းတို့ပိုင်ယွင်ဘုန်းတော်ကြီးကျောင်းကသူတွေက ပညာမတတ် ယဥ်ကျေးမှုမရှိတဲ့သူတွေဆိုတာငါတို့သိပြီးသားပါ..အဲ့ဒါကိုများ မာနကြီးချင်ယောင်ဆောင်နေကြသေးတယ်..မင်းတို့တွေ သိပ္ပံသဘောတရားကိုရောနားလည်ကြရဲ့လား.. ဘယ်ကဂြိုလ်သားတွေရောက်လာရမှာလဲ..."
ဘလာဘလာဘလာဘလာ...
"အိုး..ဟုတ်လား..အဲ့ဒါဆိုရင် မင်းတို့ ကျန်းချွင်း ဘုန်းတော်ကြီးကတော့အရမ်းကိုတော်တတ်နေတယ်ပေါ့...ဒါနဲ့များဘာဖြစ်လို့ ငါတို့ဘုန်းတော်ကြီးကျောင်းရဲ့အလှူငွေကိုမယှဥ်နိုင်ရတာလဲ...."
"မင်းတို့ရန်ဖြစ်ချင်နေကြတာလား..."
"လာလေ..လာလေ...မင်းတို့ကျန်းချွင်းဘုန်းတော်ကြီးကျောင်းကိုငါတို့ကကြောက်မယ်လို့များထင်နေလား...."
အစရှိသဖြင့်.....
လူတစ်ယောက်က တွင်းကြီးရဲ့တစ်ဖက်ခြမ်းမှာပေါ်လာတဲ့ လူအရိပ်ကိုလက်ညှိုးထိုးပြီးရုတ်တရပ်ပြောလိုက်တယ် "မြန်မြန်...ဟိုကိုကြည့်ကြ..."
လျှပ်စီးတဖြတ်ဖြတ်လက်နေတဲ့တွင်းကြီးရဲ့အခြားတစ်ဖက်မှာ လူပုံစံတစ်ယောက်ယောက်လာနေတာကိုတွေ့လိုက်ရတယ်...ဒါပေမယ့် မီးခိုးတွေနဲ့မှုန်၀ါးနေတာကြောင့်သေသေချာချာမမြင်ရဘူး...
"လူလား..သရဲလား..ဒါမှမဟုတ် ဂြိုလ်သားလား.."
"သရဲပဲ..." ရှောင်ပိုင်ကခပ်တိုးတိုးရေရွတ်လိုက်တယ် ဒါပေမယ့် သူပြောတာကအရမ်းတိုးနေတော့ဘယ်သူမှမကြားလိုက်ကြဘူး..
ရှီရှနကသူမရဲ့ဒူးတွေညွတ်ကျတော့မလိုခံစားလိုက်ရတယ် 'ဒီလူတွေကဘုန်းတော်ကြီးတွေတဲ့လား.. ချီး...ရပ်ကွက်ထဲကလူတွေကျနေတာပဲ... ဘုန်းတော်ကြီးတွေကိုရိုသေရမယ်ဆိုတဲ့ငါ့ရဲ့အမြင်လေးတော့ပျက်စီးပါပြီ...'
သူတို့မြင်တဲ့ပုံရိပ်ကအန်းစုပဲ...ရှီရှန်းကအန်းစုဘေးကနေလိုက်လာပေမယ့် ရှောင်ပိုင်ကလွဲရင် သူမကိုအခြားဘယ်သူကမှမမြင်ကြဘူး..
" ပယောဂဆရာစုေ၀းပွဲကျင်းပတဲ့နေရာကိုသိလားလို့ မြန်မြန်သွားမေးလိုက် "
ဒါပေမယ့်ရှီရှန်းက မျှော်လင့်ချက်ကြီးကြီးမားမားမထားဘူး..
'ဒီလူတွေကစောက်သုံးမကျဘူးဆိုတာအသိအသာကြီးပဲလေ.. ဘုန်းတော်ကြီးကျောင်းရဲ့ကျော်ကြားမှုကိုခုတုံးလုပ်ပြီးသာမန်လူတွေကိုလိမ်နေကြတာ...ပြီးတော့ ငါ့ကိုတောင်မမြင်ကြဘူး... ပယောဂဆရာစုေ၀းပွဲအကြောင်းသိနေရင်တောင် ထူးဆန်းနေအုံးမယ်...'
အန်းစုက ရှီရှန်းနောက်ကိုလိုက်လာရတာတောင်စိတ်ရှုပ်လှပြီ...
'ထျန်းသုတောင်ခြေမှာဒီလောက်ကြီးတဲ့တွင်းကြီးဖြစ်အောင်ဖောက်ခွဲပစ်လိုက်တယ်...ပြီးတော့ငါ့ကိုလည်း ဒီလူတွေကို ပယောဂဆရာစုေ၀းပွဲအကြောင်းမေးစေချင်နေသေးတယ်..ဒီလိုဆောင့်ကြွားကြွားအပြုအမူနဲ့ သူတို့သိကြရင်တောင် ပြောချင်ကြပါအုံးမလား.. ပြီးတော့ ဒီတွင်းကြီး....ငါတို့အိမ်နားကတွင်းကြီးနဲ့တူသလိုပဲ.. အာ..ဟုတ်သားပဲ..အဲ့ဒီအသံ...တစ္ဆေမမရဲ့အသံကို ကြားဖူးပါတယ်လို့ထင်နေတာ.. အရင်တစ်ခါ နာ့လန်ရင်းနဲ့ရှိနေတုန်းက အဲ့ဒီအသံကိုကြားဖူးတာပဲ... ပြီးတော့ ဟုတ်သားပဲ..အဲ့ဒီတုန်းက ဓါး...ငါဘယ်လိုလုပ်ပြီး မမှတ်မိခဲ့ပါလိမ့်..မမကအဲ့ကတည်းက နာ့လန်ရင်းမှာမကောင်းတဲ့အကြံအစည်တွေရှိနေတယ်လို့ပြောခဲ့တာပဲ..'
အရင်ကအကြောင်းကိုပြန်တွေးမိတော့ အန်းစုက ရှီရှန်းကို ပိုလေးစားသွားပြီး နွေးနွေးထွေးထွေးခံစားလိုက်ရတယ်
ဒါပေမယ့် သူမရဲ့မျက်နှာလည်း ချက်ချင်းပဲ နီရဲသွားတော့တယ်..
'အဲ့ဒါဆို အဲ့တုန်းက မမက ငါနဲ့နာ့လန်ရင်းကိုမြင်သွားတယ်ပေါ့...အား..သူမ ဘယ်ထိမြင်သွားတာလဲ...ငါတော့ရှက်လို့သေမှာပဲ. မမကိုဘယ်လိုလုပ်ပြီးမျက်နှာချင်းဆိုင်ရပါတော့မလဲ..'
အန်းစုက ရှီရှန်းအနားကနေအမြန်ပြေးလာခဲ့တယ် အခုတော့သူမက လူအုပ်လိုက်ကြီးနဲ့တွေ့တာတောင် ကြောက်ဖို့သတိမရတော့ဘူး.
"ဟေး...သူလာနေပြီ...ဘာလိုချင်တာလဲမသိဘူး.."
"အမ်...ကောင်မလေးတစ်ယောက်ဟ!!! "
မီးခိုးတွေကြောင့် အန်းစုက အရှေ့ကိုသေချာမမြင်ရဘူး 'သူတို့ငါ့ကိုမတိုက်ခိုက်လောက်ပါဘူးနော်..'
"မိန်း..မိန်းကလေး...မင်းက ဂြိုလ်သားလား.." ၀က်၀ံရုပ်ပုံညအိပ်၀တ်စုံကို၀တ်ထားတဲ့အမျိုးသားတစ်ယောက်ကမေးလိုက်တယ်
"ကျွန်မကလူပါ.." အန်းစုက မကျေမနပ်ခံစားလိုက်ရတယ် 'ငါက ဂြိုလ်သားနဲ့တူနေလို့လား..'
"သြော်..လူလား..တော်သေးတာပေါ့.."
၀က်၀ံရုပ်အင်္ကျီ၀တ်ထားတဲ့သူက စိတ်အေးသွားပုံပေါ်တယ်
" မိန်းကလေးက ညသန်းခေါင်ကြီး တောင်ခြေကိုဘယ်လိုရောက်လာတာလဲ..ပြီးတော့ ဒီတွင်းကြီးကို မင်းဖောက်ခွဲလိုက်တာလား..."
အန်းစုကသူမရဲ့ခေါင်းကိုအပြစ်ကင်းစွာခါယမ်းလိုက်တယ် "မဟုတ်ပါဘူး..."
'ဒီတွင်းက တစ္ဆေမမလုပ်လိုက်တာလေ...ငါလိမ်ရာမကျဘူးမလား..'
"အဲ့ဒါဆိုရင် ထျန်းသုတောင်ကို ဒီချိန်ကြီးဘာလာလုပ်တာလဲဆိုတာမေးလို့ရမလား...''
"အမ်?.အာ..." အန်းစုကသူမရဲ့ခေါင်းကိုကြောင်တောင်တောင်နဲ့ကုတ်လိုက်တယ်
" ကျွန်မ..ကျွန်မ...မေးချင်တာရှိလို့ပ...လူကြီးမင်းတို့တွေ ပယောဂဆရာစုေ၀းပွဲကျင်းပတဲ့နေရာကိုသိကြလား.."
"ပယောဂဆရာလား..." ၀တ်၀ံရုပ်အင်္ကျီနဲ့လူကမေးတယ်
"အင်း....အင်း.." အန်းစုက သူမရဲ့ခေါင်းကို ကြက်ကလေးတွေအစာကောက်သလို တဆတ်ဆတ်ငြိမ့်ပြတယ်
၀တ်၀ံရုပ်အင်္ကျီနဲ့လူက စိတ်ရှုပ်ထွေးနေတဲ့ပုံနဲ့ထပ်မေးတယ် "အဲ့ဒါကဘာလဲ..."
အန်းစု"....."
'ထျန်းသုတောင်ကဘုန်းတော်ကြီးတစ်ယောက်ဖြစ်ပြီး ပယောဂဆရာကဘာလဲဆိုတာကိုတောင် မသိဘူးလား...ငါ့ကိုလာနောက်နေတာလား'
Transalated by Dora💜 Mia💙
Zawgyi
အန္းစုကတံခါးေပါက္ကိုတြန္းဖြင့္ၿပီး၀င္လာတယ္ အိမ္တစ္အိမ္လုံးအႏွံ႔ကပ္ထားတဲ့အင္းစာ႐ြက္ေတြကိုျမင္ေတာ့သူမလည္းလန္႔သြားတယ္
"တေစၧမမ...မစၥတာဖုန္းကဘာလုပ္ခ်င္ေနတာလဲ..."
'ဘာလို႔သူက မမကို ဒီေလာက္အင္းစာ႐ြက္ေတြအမ်ားႀကီးသုံးၿပီးဖမ္းထားရတာလဲ...'
"အဲ့ဒါေတြကိုဖယ္ပစ္လိုက္..."
"အာ..ဟုတ္..ဟုတ္ကဲ့.."
အန္းစုကသူမအေနာက္ကတံခါးကိုပိတ္ၿပီး နံရံနားကိုသြားလိုက္တယ္ ဒါေပမယ့္ သူမ အင္းစာ႐ြက္တစ္႐ြက္ကိုထိလိုက္တာနဲ႔ အရမ္းနာလြန္းလို႔ လက္ကိုတန္းၿပီး႐ုတ္လိုက္မိတယ္ ဒါေပမယ့္ သူမက နာက်င္မႈကိုေတာင့္ခံၿပီး ေနာက္တစ္ႀကိမ္ျပန္ႀကိဳးစားလိုက္တယ္ အင္းစာ႐ြက္ေတြအကုန္လုံးကိုဖယ္ၿပီးတဲ့အခ်ိန္မွာ သူမရဲ႕လက္ကေသြးခ်င္းခ်င္းနီေနၿပီ..
"ဖယ္လို႔ၿပီးသြားၿပီ..မမ" အန္းစုကသူမရဲ႕လက္ကိုေက်ာေနာက္မွဖြက္ထားတယ္
"ငတုံးမေလး.." ႐ွီ႐ွန္းကသူမဆီပ်ံလာတယ္ " ငါ့ကို နင့္လက္ျပ.."
"အာ...ရပါတယ္..အဲ့ဒါကသိပ္မဆိုးပါဘူး.." အန္းစုက မ်က္ႏွာနီနီနဲ႔ တြန္႔ဆုတ္စြာေျပာလိုက္တယ္
႐ွီ႐ွန္းက နည္းနည္းေလာက္ဆူေငါက္ေပးလိုက္မွပဲ အန္းစုကသူမလက္ကိုထုတ္ျပတယ္ ႐ွီ႐ွန္းကသူမလက္ကိုထိလိုက္တာနဲ႔တစ္ၿပိဳင္နက္ ေအးျမၿပီးသက္ေတာင့္သက္သာ႐ွိတဲ့ခံစားခ်က္ကို ခံစားလိုက္ရတယ္ ဒဏ္ရာေတြကသူမရဲ႕မ်က္စိေ႐ွ႕မွာပဲသက္သာလာတယ္
"အခုေတာ့ဒီေလာက္ပဲ..ငါ့ရဲ႕စြမ္းအားေတြကိုေခြၽတာထားရအုံးမယ္..အဲ့ဒါမွ တစ္ေယာက္ေယာက္နဲ႔တိုက္ခိုက္ရရင္ မ႐ႈံးမွာ.." ႐ွီ႐ွန္းက ဒဏ္ရာေတြေပ်ာက္ကင္းေနၿပီျဖစ္တဲ့အန္းစုရဲ႕လက္ကိုလႊတ္ေပးလိုက္တယ္ အမာ႐ြတ္ေလးေတြေတာ့႐ွိေနေသးေပမယ့္ မနာေတာ့ဘူးေလ.
အန္းစုကအံ့အားသင့္သြားတယ္
'သရဲေတြကဒီလိုလုပ္လို႔ရတယ္ေပါ့...'
႐ွီ႐ွန္းက သာမန္သရဲတေစၧေတြနဲ႔ က်င့္ၾကံသူတေစၧေတြၾကားကျခားနားခ်က္ကို႐ွင္းျပရမွာပ်င္းလြန္းလို႔ မသိခ်င္ေယာင္ေဆာင္ၿပီးအျပင္ကိုထြက္ခဲ့လိုက္တယ္
"တေစၧမမ..ဘယ္ကိုသြားမလို႔လဲ..."
အန္းစုကသူမေနာက္ကေနအျမန္လိုက္လာခဲ့တယ္
႐ွီ႐ွန္းက မ်က္ေမွာင္က်ဳတ္ၿပီး တစ္ေနရာမွာရပ္လိုက္တယ္ ဖုန္းက်င္းသူမကိုျပတဲ့ဖိတ္စာထဲမွာ ေနရာ ထည့္မေရးထားဘူး..
'ေခြးေကာင္ေလး..အဲ့ဒါေၾကာင့္ငါ့ကိုဖိတ္စာျပရဲတာေပါ့..'
"တေစၧမမ.." အန္းစုက နားမလည္ႏိုင္စြာၾကည့္လိုက္တယ္ 'ဘာျဖစ္လို႔႐ုတ္တရပ္ႀကီးရပ္ပစ္လိုက္တာလဲ...ခုနတုန္းကၾကေတာ့ အရမ္းျမန္ျမန္သြားေနၿပီးေတာ့...'
႐ွီ႐ွန္းက ေဒါသတႀကီးနဲ႔ေခါင္းကိုတျဗင္းျဗင္းကုတ္ပစ္လိုက္တယ္
"အန္းစု...ပေယာဂဆရာစုေ၀းပြဲကဘယ္မွာက်င္းပမွာလဲဆိုတာသိလား.."
'ေမးၾကည့္လိုက္လို႔လည္း အ႐ႈံးမ႐ွိပါဘူး..'
အန္းစုကသူမရဲ႕ေခါင္းကိုအျပစ္ကင္းစြာခါယမ္းလိုက္တယ္ သူမက ဖုန္းက်င္းကလြဲရင္ ဘယ္ပေယာဂဆရာကိုမွမသိဘူး..
..........
ထ်န္းသု ေတာင္က အေက်ာ္ၾကားဆုံးဘုန္းေတာ္ႀကီးေက်ာင္းေတြ႐ွိတဲ့ေနရာပဲ..
ထူးဆန္းတဲ့ေပါက္ကြဲမႈႀကီးတစ္ခုေၾကာင့္ အိပ္ေပ်ာ္ေနၾကတဲ့သူေတြက သူတို႔ရဲ႕အက်ႌေတြကိုေတာင္ေကာင္းေကာင္းမ၀တ္ႏိုင္ေတာ့ဘဲ ေတာင္ေအာက္ကိုဆင္းလာၾကတယ္
"ဘာေတြျဖစ္ေနတာလဲ..."
"တစ္ခုခုေပါက္ကြဲသြားတာလား...ေတာင္တစ္ခုလုံးလႈပ္ယမ္းသြားသလို ငါ ခံစားလိုက္ရတယ္..ငလ်င္လႈပ္တာမ်ားလား."
"ေကာင္းကင္မွာလည္း ဘာမိုးႀကိဳးလွ်ပ္စီးမွမေတြ႕မိပါဘူး..ျမန္ျမန္ဆင္းၾကည့္ၾကရေအာင္..."
ေတာင္ေပၚကေနကပ်ာကယာဆင္းလာၾကတဲ့လူအုပ္ႀကီးကို ႀကီးမားၿပီးထူးဆန္းတဲ့တြင္းနက္ႀကီးတစ္ခုကေစာင့္ႀကိဳေနတယ္ တြင္းႀကီးကေတာင္တက္လမ္းေပၚတည့္တည့္မွာ႐ွိၿပီး အထဲမွာလည္းလွ်ပ္စီးေတြနဲ႔တဖ်ပ္ဖ်ပ္လက္ေနတယ္
လူေတြအမ်ားႀကီးကတြင္းကိုလာၾကည့္ၾကတယ္ ဒါေပမယ့္ၾကည့္ရတာ သူတို႔ကအဖြဲ႕ႏွစ္ဖြဲ႕ကြဲေနၾကပုံပဲ...
"ဒါႀကီးကဘာႀကီးလဲ..."
"ဘယ္လိုေပါက္ကြဲမႈကဒီေလာက္ႀကီးတဲ့တြင္းႀကီးကိုျဖစ္ေစတာလဲ..."
"လွ်ပ္စီးေတြကေရာဘယ္ကေရာက္လာတာလဲ..."
"မၾကာေသးခင္ကသတင္းထဲမွာေၾကညာသြားတဲ့တြင္းႀကီးနဲ႔တူေနသလိုပဲေနာ္...မွတ္မိၾကလား.." အသားျဖဴျဖဴ ကေလးမ်က္ႏွာနဲ႔ ေကာင္ေလးတစ္ေယာက္ကေျပာလိုက္တယ္
"ေ႐ွာင္ပိုင္..မင္းေျပာတာက လူေနရပ္ကြက္မွာေပၚလာတဲ့တြင္းႀကီးအေၾကာင္းလား.." သက္လတ္ပိုင္းလူႀကီးတစ္ေယာက္ကျပန္ေျပာတယ္
ေ႐ွာင္ပိုင္ကသူ႕ေခါင္းကိုၿငိမ့္လိုက္တယ္ "အဲ့သတင္းထဲမွာလည္းအခုလိုပဲေလ..မိုးႀကိဳးမပစ္ဘာမပစ္နဲ႔ တစ္ခုခုေပါက္ကြဲသြားၿပီး လွ်ပ္စီးအျပည့္ျဖစ္ေနတဲ့တြင္းႀကီးတစ္တြင္း႐ုတ္တရပ္ေပၚလာတာ.."
"ေ႐ွာင္ပိုင္ေျပာတာမွန္တယ္...ၿဂိဳလ္သားေတြမ်ား ထ်န္းသုေတာင္ကိုေရာက္လာၾကတာမ်ားလား.."
တစ္ဖက္အဖြဲ႕ကအဲ့လိုေျပာတဲ့လူကိုခ်က္ခ်င္းေလွာင္လိုက္တယ္ "မင္းတို႔ပိုင္ယြင္ဘုန္းေတာ္ႀကီးေက်ာင္းကသူေတြက ပညာမတတ္ ယဥ္ေက်းမႈမ႐ွိတဲ့သူေတြဆိုတာငါတို႔သိၿပီးသားပါ..အဲ့ဒါကိုမ်ား မာနႀကီးခ်င္ေယာင္ေဆာင္ေနၾကေသးတယ္..မင္းတို႔ေတြ သိပၸံသေဘာတရားကိုေရာနားလည္ၾကရဲ႕လား.. ဘယ္ကၿဂိဳလ္သားေတြေရာက္လာရမွာလဲ..."
ဘလာဘလာဘလာဘလာ...
"အိုး..ဟုတ္လား..အဲ့ဒါဆိုရင္ မင္းတို႔ က်န္းခြၽင္း ဘုန္းေတာ္ႀကီးကေတာ့အရမ္းကိုေတာ္တတ္ေနတယ္ေပါ့...ဒါနဲ႔မ်ားဘာျဖစ္လို႔ ငါတို႔ဘုန္းေတာ္ႀကီးေက်ာင္းရဲ႕အလႉေငြကိုမယွဥ္ႏိုင္ရတာလဲ...."
"မင္းတို႔ရန္ျဖစ္ခ်င္ေနၾကတာလား..."
"လာေလ..လာေလ...မင္းတို႔က်န္းခြၽင္းဘုန္းေတာ္ႀကီးေက်ာင္းကိုငါတို႔ကေၾကာက္မယ္လို႔မ်ားထင္ေနလား...."
အစ႐ွိသျဖင့္.....
လူတစ္ေယာက္က တြင္းႀကီးရဲ႕တစ္ဖက္ျခမ္းမွာေပၚလာတဲ့ လူအရိပ္ကိုလက္ညိႇဳးထိုးၿပီး႐ုတ္တရပ္ေျပာလိုက္တယ္ "ျမန္ျမန္...ဟိုကိုၾကည့္ၾက..."
လွ်ပ္စီးတျဖတ္ျဖတ္လက္ေနတဲ့တြင္းႀကီးရဲ႕အျခားတစ္ဖက္မွာ လူပုံစံတစ္ေယာက္ေယာက္လာေနတာကိုေတြ႕လိုက္ရတယ္...ဒါေပမယ့္ မီးခိုးေတြနဲ႔မႈန္၀ါးေနတာေၾကာင့္ေသေသခ်ာခ်ာမျမင္ရဘူး...
"လူလား..သရဲလား..ဒါမွမဟုတ္ ၿဂိဳလ္သားလား.."
"သရဲပဲ..." ေ႐ွာင္ပိုင္ကခပ္တိုးတိုးေရ႐ြတ္လိုက္တယ္ ဒါေပမယ့္ သူေျပာတာကအရမ္းတိုးေနေတာ့ဘယ္သူမွမၾကားလိုက္ၾကဘူး..
႐ွီ႐ွနကသူမရဲ႕ဒူးေတြၫြတ္က်ေတာ့မလိုခံစားလိုက္ရတယ္ 'ဒီလူေတြကဘုန္းေတာ္ႀကီးေတြတဲ့လား.. ခ်ီး...ရပ္ကြက္ထဲကလူေတြက်ေနတာပဲ... ဘုန္းေတာ္ႀကီးေတြကို႐ိုေသရမယ္ဆိုတဲ့ငါ့ရဲ႕အျမင္ေလးေတာ့ပ်က္စီးပါၿပီ...'
သူတို႔ျမင္တဲ့ပုံရိပ္ကအန္းစုပဲ...႐ွီ႐ွန္းကအန္းစုေဘးကေနလိုက္လာေပမယ့္ ေ႐ွာင္ပိုင္ကလြဲရင္ သူမကိုအျခားဘယ္သူကမွမျမင္ၾကဘူး..
" ပေယာဂဆရာစုေ၀းပြဲက်င္းပတဲ့ေနရာကိုသိလားလို႔ ျမန္ျမန္သြားေမးလိုက္ "
ဒါေပမယ့္႐ွီ႐ွန္းက ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားမထားဘူး..
'ဒီလူေတြကေစာက္သုံးမက်ဘူးဆိုတာအသိအသာႀကီးပဲေလ.. ဘုန္းေတာ္ႀကီးေက်ာင္းရဲ႕ေက်ာ္ၾကားမႈကိုခုတုံးလုပ္ၿပီးသာမန္လူေတြကိုလိမ္ေနၾကတာ...ၿပီးေတာ့ ငါ့ကိုေတာင္မျမင္ၾကဘူး... ပေယာဂဆရာစုေ၀းပြဲအေၾကာင္းသိေနရင္ေတာင္ ထူးဆန္းေနအုံးမယ္...'
အန္းစုက ႐ွီ႐ွန္းေနာက္ကိုလိုက္လာရတာေတာင္စိတ္႐ႈပ္လွၿပီ...
'ထ်န္းသုေတာင္ေျခမွာဒီေလာက္ႀကီးတဲ့တြင္းႀကီးျဖစ္ေအာင္ေဖာက္ခြဲပစ္လိုက္တယ္...ၿပီးေတာ့ငါ့ကိုလည္း ဒီလူေတြကို ပေယာဂဆရာစုေ၀းပြဲအေၾကာင္းေမးေစခ်င္ေနေသးတယ္..ဒီလိုေဆာင့္ႂကြားႂကြားအျပဳအမူနဲ႔ သူတို႔သိၾကရင္ေတာင္ ေျပာခ်င္ၾကပါအုံးမလား.. ၿပီးေတာ့ ဒီတြင္းႀကီး....ငါတို႔အိမ္နားကတြင္းႀကီးနဲ႔တူသလိုပဲ.. အာ..ဟုတ္သားပဲ..အဲ့ဒီအသံ...တေစၧမမရဲ႕အသံကို ၾကားဖူးပါတယ္လို႔ထင္ေနတာ.. အရင္တစ္ခါ နာ့လန္ရင္းနဲ႔႐ွိေနတုန္းက အဲ့ဒီအသံကိုၾကားဖူးတာပဲ... ၿပီးေတာ့ ဟုတ္သားပဲ..အဲ့ဒီတုန္းက ဓါး...ငါဘယ္လိုလုပ္ၿပီး မမွတ္မိခဲ့ပါလိမ့္..မမကအဲ့ကတည္းက နာ့လန္ရင္းမွာမေကာင္းတဲ့အၾကံအစည္ေတြ႐ွိေနတယ္လို႔ေျပာခဲ့တာပဲ..'
အရင္ကအေၾကာင္းကိုျပန္ေတြးမိေတာ့ အန္းစုက ႐ွီ႐ွန္းကို ပိုေလးစားသြားၿပီး ေႏြးေႏြးေထြးေထြးခံစားလိုက္ရတယ္
ဒါေပမယ့္ သူမရဲ႕မ်က္ႏွာလည္း ခ်က္ခ်င္းပဲ နီရဲသြားေတာ့တယ္..
'အဲ့ဒါဆို အဲ့တုန္းက မမက ငါနဲ႔နာ့လန္ရင္းကိုျမင္သြားတယ္ေပါ့...အား..သူမ ဘယ္ထိျမင္သြားတာလဲ...ငါေတာ့႐ွက္လို႔ေသမွာပဲ. မမကိုဘယ္လိုလုပ္ၿပီးမ်က္ႏွာခ်င္းဆိုင္ရပါေတာ့မလဲ..'
အန္းစုက ႐ွီ႐ွန္းအနားကေနအျမန္ေျပးလာခဲ့တယ္ အခုေတာ့သူမက လူအုပ္လိုက္ႀကီးနဲ႔ေတြ႕တာေတာင္ ေၾကာက္ဖို႔သတိမရေတာ့ဘူး.
"ေဟး...သူလာေနၿပီ...ဘာလိုခ်င္တာလဲမသိဘူး.."
"အမ္...ေကာင္မေလးတစ္ေယာက္ဟ!!! "
မီးခိုးေတြေၾကာင့္ အန္းစုက အေ႐ွ႕ကိုေသခ်ာမျမင္ရဘူး 'သူတို႔ငါ့ကိုမတိုက္ခိုက္ေလာက္ပါဘူးေနာ္..'
"မိန္း..မိန္းကေလး...မင္းက ၿဂိဳလ္သားလား.." ၀က္၀ံ႐ုပ္ပုံညအိပ္၀တ္စုံကို၀တ္ထားတဲ့အမ်ိဳးသားတစ္ေယာက္ကေမးလိုက္တယ္
"ကြၽန္မကလူပါ.." အန္းစုက မေက်မနပ္ခံစားလိုက္ရတယ္ 'ငါက ၿဂိဳလ္သားနဲ႔တူေနလို႔လား..'
"ေၾသာ္..လူလား..ေတာ္ေသးတာေပါ့.."
၀က္၀ံ႐ုပ္အက်ႌ၀တ္ထားတဲ့သူက စိတ္ေအးသြားပုံေပၚတယ္
" မိန္းကေလးက ညသန္းေခါင္ႀကီး ေတာင္ေျခကိုဘယ္လိုေရာက္လာတာလဲ..ၿပီးေတာ့ ဒီတြင္းႀကီးကို မင္းေဖာက္ခြဲလိုက္တာလား..."
အန္းစုကသူမရဲ႕ေခါင္းကိုအျပစ္ကင္းစြာခါယမ္းလိုက္တယ္ "မဟုတ္ပါဘူး..."
'ဒီတြင္းက တေစၧမမလုပ္လိုက္တာေလ...ငါလိမ္ရာမက်ဘူးမလား..'
"အဲ့ဒါဆိုရင္ ထ်န္းသုေတာင္ကို ဒီခ်ိန္ႀကီးဘာလာလုပ္တာလဲဆိုတာေမးလို႔ရမလား...''
"အမ္?.အာ..." အန္းစုကသူမရဲ႕ေခါင္းကိုေၾကာင္ေတာင္ေတာင္နဲ႔ကုတ္လိုက္တယ္
" ကြၽန္မ..ကြၽန္မ...ေမးခ်င္တာ႐ွိလို႔ပ...လူႀကီးမင္းတို႔ေတြ ပေယာဂဆရာစုေ၀းပြဲက်င္းပတဲ့ေနရာကိုသိၾကလား.."
"ပေယာဂဆရာလား..." ၀တ္၀ံ႐ုပ္အက်ႌနဲ႔လူကေမးတယ္
"အင္း....အင္း.." အန္းစုက သူမရဲ႕ေခါင္းကို ၾကက္ကေလးေတြအစာေကာက္သလို တဆတ္ဆတ္ၿငိမ့္ျပတယ္
၀တ္၀ံ႐ုပ္အက်ႌနဲ႔လူက စိတ္႐ႈပ္ေထြးေနတဲ့ပုံနဲ႔ထပ္ေမးတယ္ "အဲ့ဒါကဘာလဲ..."
အန္းစု"....."
'ထ်န္းသုေတာင္ကဘုန္းေတာ္ႀကီးတစ္ေယာက္ျဖစ္ၿပီး ပေယာဂဆရာကဘာလဲဆိုတာကိုေတာင္ မသိဘူးလား...ငါ့ကိုလာေနာက္ေနတာလား'
Transalated by Dora💜 Mia💙