မုန္း၍ခ်စ္ခဲ့သည္ ( မုန်း၍ချစ်...

By Tokebloom

17.6K 1.2K 131

OFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021 More

အပိုင္း(၁)
အပိုင္း (၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
The end

အပိုင္း(၁၁)

517 42 2
By Tokebloom

ဘန္ေကာက္ၿမိဳ႕၏ အပူခ်ိန္က သိသိသာသာပူေနေလသည္။

Ph ဆက္မရသည္ေၾကာင့္ Gun တစ္ေယာက္ Offေနထိုင္ရာ ကြန္ဒိုကို ေရာက္ရွိလို႔လာသည္။

ကိုကိုကမနက္ျဖန္မနက္ ျပန္ေရာက္မည္မို႔ အကိုOffကို အခ်ိန္ဖဲ့ေပးမည္ဆိုကာမွ ဆက္သြယ္လို႔ မရျဖစ္ေနေလသည္။

အကိုOff Gunကို စိတ္ဆိုးေနတာ သိေလသည္။ ဘာကို စိတ္ဆိုးေနမွန္းသာ Gunမသိဘူး ျဖစ္ေနေလေတာ့သည္။

အခုလည္း Offေနထိုင္ရာ ကြန္ဒိုနားထိ ေရာက္ရွိလာၿပီး Offကို ထပ္ဆက္သြယ္လိုက္သည္။

"ငယ္ ကိုယ္အေပၚမွာ ရွိတယ္ တက္ခဲ့"

"အြန္း"

စိတ္ဓါတ္က်သလိုအသံေၾကာင့္ Gunမွာ ဓါတ္ေလွကားထဲမွအထြက္ အခန္းရွိရာသို႔ အလ်င္အျမန္သြားလိုက္ရသည္။

တံခါးက ခလုတ္ႏွိပ္စရာမလိုေအာင္ အဆင္သင့္ဖြင့္ထားေပးေလသည္။

အခန္းထဲေျပးဝင္သြားေတာ့ အခန္းတစ္ခုလံုး ရွဳတ္ပြေနေလသည္။

ဧည့္ခန္းအလည္က ဆိုဖာေပၚတြင္ Laptopတစ္လံုးေဘးခ်ျပီး စာရြက္စာတမ္းအထပ္လိုက္ကလည္း ပြစာက်ဲေနေလသည္။

ဆိုဖာေပၚတြင္ေတာ့ ဆံစေလးေတြ ကပိုက႐ိုက်ေနၿပီး မ်က္ေမွာင္တို႔ကိုကုတ္ခ်ထားသည့္ ခ်စ္ရသူက ထိုင္ေနေလသည္။

"အကိုOff"

Gun တိုးသဲ့သဲ့အသံျပဳလိုက္သည္။

"ငယ္......"

လက္ႏွစ္ဖက္ကို ဖြင့္ဟကာ ဆန္႔တန္းလာသည့္သူေၾကာင့္ Gun ထိုရင္ခြင္ကို ပစ္ဝင္လိုက္သည္။

အကိုOffသည္ စိတ္ဓါတ္ၾကံ႕ခိုင္သည့္သူတစ္ေယာက္ ျဖစ္သည္ကို Gunေကာင္းေကာင္းသိသည္။

ယခုကဲ့သို႔ ပံုစံက မည္သည့္အတြက္ေၾကာင့္ ျဖစ္ေနမွန္း Gunမသိသလို Gunမည္သို႔ ႏွစ္သိမ့္ေပးရမည္မွန္းလည္း Gunမသိ။ ထို႔အတြက္ေၾကာင့္ ေပြ႕ဖက္ျခင္းျဖင့္သာ တိတ္တိတ္ေလး ေဘးနားေနေပးလိုက္ရသည္။

Off ကိုယ္ေသးေသးေလးကို တိုးလို႔ဖက္ရင္း မ်က္ႏွာကို ပုခံုးေပၚတင္ရင္း နစ္ျမဳပ္ထားမိသည္။

သူမည္သို႔ဆက္လုပ္ရမည္နည္း။ အေျဖက လိုက္ေလေဝးေလျဖစ္ေနေလသည္။ အခ်ိဳ႕ေသာ အေၾကာင္းအရာတို႔သည္ မိမိလက္လွမ္းမမီသည့္ အေနအထားတြင္ ေရာက္ရွိေနၾကသည္။

ဒီကေလးေလးကို အသံုးခ်ရတာကို ရင္နာေပမယ့္လည္း မိမိ ေရွ႕ဆက္ရမည့္တြန္းအားတျဖစ္လည္း ဒီကေလးေလးကသာ သူ႔ကို ခြန္အားျဖစ္ေစသည္။

အမွန္တရားေတြကို သိၾကတဲ့တစ္ေန႔ေရာက္ရင္ ကိုယ့္ကိုအမ်ားႀကီးမုနိးပါလို႔ ကိုယ္ေျပာပါရေစငယ္။ အခုေတာ့ ငယ့္အနားမွာ ကိုယ္ေနပါရေစအံုး။

"အကိုOff...ေနသာလားဟင္"

ေခါင္းက ဆံစေတြကို သပ္ေပးရင္း Gunေမးျဖစ္ခဲ့သည္။

"အင္း... ငယ္ ဘာစားခဲ့ၿပီးၿပီလဲ"

Gunမ်က္ႏွာကို ေမာ့ၾကည့္ရင္း Offက ေျပာျဖစ္ခဲ့သည္။

"စားခဲ့တယ္ အကိုOffစားခ်င္႐င္ Gunေခါက္ဆြဲျပဳတ္ေကၽြးမယ္ေလ"

Gunက ေခါက္ဆြဲျပဳတ္ရာတြင္ အရမ္းေတာ္သည္ဟု ေျပာရမည္။

"အင္း ေကာင္းသားပဲ၊ ကိုယ္မ်က္ႏွာသြားသစ္အံုးမယ္"

Gunကို ဧည့္ခန္းထဲတြင္ထားကာ ေရခ်ိဳးခန္းဘက္ကို ထြက္သြားေလသည္။

"ရက္စ္!!!!"

Gunက အထက္အရာရွိကို အေလးျပဳဟန္ကဲ့သို႔ Offကို အေလးျပဳလိုက္သည္။

ထို႔ေနာက္ ရွဳတ္ပြေနသည့္စာရြက္တို႔ကို သိမ္းဆည္းလိုက္ၿပီး စီစီရီရီထားလိုက္သည္။

အနီေရာင္လိုင္းသား(တား)ထားသည့္ စာရြက္တစ္ခုကို Gunစိတ္ကို ဖမ္းစားသြားေလသည္။

"ဘာပါလိမ့္"

စာရြင္ပါအေၾကာင္းရာတို႔တြင္ အမွဳအေျခအေနကို တစ္ပိုင္းတစ ေဖၚျပထားသည္။

ေသနတ္ျဖင့္ပစ္သတ္ခံရမႈ၊ အခ်င္းခ်င္းပစ္သည္ဟု ယူဆရသည္။ ထို႔ေနာက္ Zealဆိုေသာ နာမည္။ အမွဳစာရြက္လည္းျဖစ္ သူမ်ားအလုပ္ကိစၥလည္း ျဖစ္သည္မို႔ Gun စာရြက္ကို ေသေသခ်ာခ်ာေလး ထပ္လိုက္ကာ စာရြက္ေအာက္ေျခညီေစရန္ စားပြဲေပၚတြင္ ေဆာင့္လိုက္ၿပီး Laptopေဘးတြင္ ထားလိုက္သည္။

ၿပီးေနာက္ မီးဖိုေခ်ာင္ကိုဝင္ကာ ေခါင္ဆြဲတစ္အိုး ခ်က္လိုက္သည္။

ထိုေန႔က ေခါက္ဆြဲကို ေကာင္းစြာစားၿပီးေနာက္ Offသည္ နာရီဝက္မွ် အိပ္ေပ်ာ္သြားေလသည္။

_______________________________________

" ငါ့ဘာသာ ျပန္မယ္"

"ဟက္ ရမလား၊ မင္းကငါရဲ႕ သက္ဆိုင္သူေလ၊ သူ႔ကိုကားေပၚတင္လိုက္"

ေလဆိပ္တြင္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနသည္ဟု ေျပာလို႔ရသည္။

ေလဆိပ္အေဆာက္အဦးထဲက ထြက္ေတာ့ Luggageအိတ္ေတြကို ေဘာ္ဒီဂတ္အခ်ိဳ႔က သယ္ေဆာင္လာၿပီး ကားမ်ားရပ္နားရာ ေရာက္လာမွ Newသည္ သူ၏ ကိုယ္ပိုင္Luggageကို သြားယူေတာ့ အထက္ေအာက္အမဲဝတ္ဆင္ထားသည့္ လူသန္ႀကီးသည္ လံုးဝလႊတ္မေပးဘဲ Tay၏အမိန္႔ကိုသာ ေစာင့္ေနေလသည္။

အခုလည္း Newတစ္ေယာက္ သူ႔ကြန္ဒိုကို ျပန္လို႔မရေတာ့ဘဲ လာႀကိဳသည့္ ကားေပၚသို႔ ပစ္တင္ျခင္း ခံလိုက္ရသည္။

Newကားေပၚေရာက္ေတာ့ ကားေပၚတြင္ ကမ္းေျခသြားစဥ္က ေတြ႕ခဲ့သည့္ Gunဆိုသည့္အလွေလးကို ေတြ႕လိုက္ရေလသည္။

"Hi...အကိုNew"

Gunလည္း မထင္မွတ္ဘဲ ေတြ႕လိုက္ရသည္မို႔ အ့ံၾသသလိုေလး ႏွဳတ္ဆက္လိုက္သည္။

"အင္း Gun မေတြ႕တာၾကာၿပီေနာ္"

"ဟုတ္"

ကားအတြင္းပိုင္းက က်ယ္ဝန္းသည္မို႕ Newသည္ အေနာက္ဘက္ေထာင့္နားေလးတြင္ သြားထိုင္ေလသည္။

Gunက အလည္က ခံုတန္းတြင္ က်န္ခဲ့ၿပီး Tayသည္ Gunအနားတြင္ ဝင္ထိုင္လိုက္သည္။

"ကိုကိုကလည္း Gunက ကို႔ကိုဆီ ဆင္းလာၿပီး ဖက္ခ်င္တာ၊ လြမ္းေနၿပီ"

ေဘးတြင္ဝင္ထိုင္သည့္ Tay၏လက္ကို ခ်ိတ္ကိုင္ကာ ေျပာလိုက္သည္။

" အိမ္ေရာက္မွ အဝဖက္၊ ကိုယ္နဲ႔အတူတူ သြားလို႔မရဘူးဆိုတာ မသိလို႔လား ဟင္ အဆိုးေလး"

Gunမွတ္မိသေလာက္ ကိုကိုနဲ႔ အတူတူသြားရင္ ေဘာ္ဒီဂတ္ေတြ အေယာက္(၂၀)ေလာက္ပါတတ္တာ မွတ္မိေလသည္။

တစ္ခ်ိန္လံုး ကိုကို႔အတြက္ Gunက အားနည္းခ်က္ ျဖစ္ေစခဲ့သည္။

စီးပြါးရွာေနေသာကိုကို႔ ကို ထိုးႏွက္ဖို႕အားနည္းခ်က္က Gunျဖစ္မွန္းမသိ ျဖစ္ခဲ့သည္။

အခုလည္း လာႀကိဳသည္တဲ့။ ကားထဲပဲထိုင္ေနရကာ ကိုကို အလာကို ေစာင့္ေနရသည္။

"အကိုNewနဲ႔ကိုကိုက ဘယ္မွာ ေတြ႕ လာတာလဲ"

ေနာက္ခံုက Newကို လွည့္ၾကည့္ရင္း Gunသိခ်င္စိတ္ျဖင့္ Offကိုေမးလိုက္သည္။

"ကိုယ္ အိမ္ေရာက္ရင္ ေျပာျပမယ္"

"ဟုတ္"

Gunကေတာ့ မသိေသးသူမို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္သာ ေခါင္းညိတ္လိုက္ေလေတာ့သည္။

_________________________________________

အိမ္ႀကီးထဲက ေတာက္ခတ္လိုက္သံက ျခံဝန္းထဲရွိ လံုျခံဳေရးယူထားေသာ သူမ်ားကိုပါ လိပ္ျပာလြင့္သြားေစသည္။

"အေရးမပါတာကြ၊ ေယာက်ား္ေလးေတြနဲ႔တြဲလို႔ ငါကတားျမစ္တယ္ပဲထားအံုး အခုက ေယာက်ာ္းပါ ေကာက္ယူလိုက္ေသးတယ္"

ဖြင့္ဖတ္ထားသည့္ ဖိတ္စာေလးက ေရႊေရာင္စာလံုးေတြ ဖိန္႔ဖိန္႔ေတာက္ေနေလသည္။

"အကိုရယ္ ဒါကေတာ့ သားေလးက..."

ေျပာလိုက္ရင္ မိခင္လုပ္သူက ေရွ႕ကကာစီးကာစီး။

"တိတ္စမ္း... မင္းအသံုးမက်လို႔ ျဖစ္တာကြ၊ ငါက လိုေလေသးမရွိေအာင္ထားလည္း သားသမီးကို မစီမံတတ္ဘူး"

အျပစ္ရွိတာက မိဘႏွစ္ပါးလံုးမွာ ဆိုေပမယ့္ သဲမဲၿပီးသာ ေျပာတတ္တာ လူ႔သဘာဝမဟုတ္လား။

"အို ဒါကေတာ့ သားစိတ္ခ်မ္းသာဖို႔က အဓိကပဲရွင့္၊ သူၾကဳိက္လာတာ လူဆိုးလူညံ့လည္း မဟုတ္ဘူး၊ ရွင္တို႔ အစိုးရလူႀကီးပိုင္းေတြေတာင္ အဲ့ေကာင္ေလးနဲ႔ အခ်ိတ္ဆက္ရဖို႔ ႀကိဳးစားေနရတာမလား"

မိခင္ျဖစ္သူမွာ ေယာက်ာ္းျဖစ္သူကို စိတ္ဆိုးလြန္းသည္မို႔သာ ေျပာလိုက္ရသည္။ ခင္ပြန္းသည္မွာ ယေန႔မွ ေဒါသထြက္လြန္းေနသည္ကို မိမိလည္း ရိပ္မိေလသည္။

"မင္း တိတ္စမ္း... မင္ ဘာသိလို႔လဲကြ၊ ငါေတာ့ လံုးဝ သေဘာမတူဘူး"

ခါးခါးသည္းသည္းျဖစ္ေနသည့္ ေလသံသာ ထြက္ေပၚလာသည္။

"ရွင္သေဘာမတူလည္း ကၽြန္မကေတာ့ တူတယ္၊ ကၽြန္မသားေလး စိတ္ခ်မ္းသာဖို႔က အဓိက"

မိခင္ဆိုတာ သားသမီးမ်က္ႏွာကို ပိုၾကည့္တတ္ၾကေလသည္။

"မင္းတို႔သားအမိေတြပဲ ႀကိဳက္တာလုပ္ၾကစမ္းကြာ လုပ္ၾက"

ေနာက္ဆံုးေတာ့ လက္ေလ်ာ့သြားသလိုေျပာလာေပမယ့္ ေဒါသတို႔မၿငိမ္းေသးေပ။

"လုပ္မယ္၊ လုပ္မယ္ ေနာက္အပတ္ ကၽြန္မ ဥေရာပဘက္ ခရီးထြက္မယ္၊ ရွင့္ကို အသိေပးတာ ဟမ့္"

ေျခေစာင့္ကာ ထထြက္သြားသည့္ ဇနီးသည္ေၾကာင့္ အမတ္ေလာင္းမွာ မ်က္ႏွာေပၚ လက္ဖဝါးႏွစ္ဖက္ျဖင့္ အုပ္ကိုင္ရင္း ဆိုဖာေပၚ ထိုင္ခ်လိုက္ရသည္။

ေကာင္းတယ္ ၊ လုပ္ၾက၊ မင္းေယာက်ား္ မင္းအေဖက ဘာျဖစ္ေနမွန္း သားအမိႏွစ္ေယာက္လံုးက နားမလည္ၾကဘူး။

သားျဖစ္သူကို ေတာ္ေကာက္သြားသည့္သူက Tay Tawan။ ဒီေကာင္ေလးမွာ ဘာအၾကံအစည္မွ မရွိပါေစနဲ႔လို႔ပဲ ဆုေတာင္းရေပမည္။

_________________________________________

"ငယ္... ထိုင္အံုး"

ယေန႔ေတာ့ Gunအခန္းကို တံခါးေခါက္ကာ Tay ဝင္သြားသည္။

စကားမေျပာျဖစ္သည္ကလည္း ၾကာလွၿပီျဖစ္သလို အခုတေလာ ေကာင္ေလး ရည္းစားရွိေၾကာင္း မိမိသိရွိထားၿပီး ျဖစ္သည္။

တြဲေနသည့္ေကာင္ေလးက အလုပ္ႀကိဳးစားကာ ရည္ရည္မြန္မြန္ေလးေပမို႔ Tayမေျပာလိုေသာ္လည္း ေကာင္ေလး၏ကြန္ဒိုကို အၿမဲလိုလိုဝင္ထြက္ေနသည့္ ညီေတာ္ေမာင္ကိုေတာ့ သတိေပးရမည္ျဖစ္သည္။

" Gun"

ခံုေပၚဝင္ထိုင္လိုက္သည့္ Gunကို ေခၚလိုက္သည္။

"ဗ်ာ"

Gunသည္ ကုတင္ေပၚထိုင္ေနသည့္ Tayကို ေမာ့ၾကည့္ကာထူးသည္။

"ေကာင္ေလးက ေရွ႕ေနမလား"

အ့ံၾသသလို ဝိုင္းကနဲျဖစ္သြားသည့္ မ်က္ဝန္းတို႔ထဲ ထိတ္လန္႔မွဳေလး အနည္းငယ္ပါေနေလသည္။

"ဗ်ာ!!! ဟုတ္ ကိုကို... အကိုOffပါ ကိုကိုသူ႔ကို တစ္ခါျမင္ဖူးပါတယ္"

ထစ္ေငါ့ခ်င္သလိုျဖစ္သြားသည့္ အေျဖေတြနဲ႔အတူ မိတ္ဆက္ေပးလာသည္။

"ကိုယ္မွတ္မိတယ္"

ညီျဖစ္သူကို ဂ႐ုတစိုက္ၾကည့္ရင္း ေျဖလိုက္သည္။

ထို႔ေနာက္...

"Gun ေပ်ာ္လား"

ကိုယ္အရိပ္တၾကည့္ၾကည့္ ေစာင့္ေရွာက္လာရတဲ့ကေလးပဲ၊ ေပ်ာ္တယ္ဆိုတာ သိႏွင့္ေနေပမယ့္ ထုတ္ေမးမိသည္။

"ဟုတ္ ကိုကို"

ၾကည္ေတာက္ေနသည့္ မ်က္လံုးဝိုင္းေလးေတြထဲ ေစာနကလို စိုးရိမ္ထိတ္လန္႔ျခင္းေတြ မရွိေတာ့ေပ။

"ကိုယ္ Gunကို မကန္႔ကြက္ပါဘူး၊ ဒါေပမဲ့ လိုက္နာရမွာေတာ့ရွိတယ္"

Tayသည္ ကန္႔ကြက္ခ်င္ေပမယ့္ ကန္႔ကြက္သည္လည္း မဆိုသာေအာင္ မိမိသေဘာထားကို သိေစလိုက္သည္။

"ဘာလဲ ကိုကို"

စိတ္ဝင္စားမွဳအျပည့္နဲ႔ မ်က္ဝန္းေတြထဲမွာ ခ်စ္ရိပ္ေလးေတြ သန္းေနေလသည္။

"သူမ်ားကြန္ဒိုကို သြားသြားေနတာ ကိုကိုမႀကိဳက္ဘူး၊ သူေတြ႕ခ်င္ရင္ ဒီကိုလာပါေစ"

Tay၏ အိမ္ရာဝန္းထဲကို မည္သည့္ဧည့္သည္မွ လက္မခံသလို၊ မိသားစုဝင္သာ ေနထိုင္သြားလာခြင့္ ရွိသည္ဟု ေျပာထားသည္မို႔ ထိုကေလး ကို ေပ်ာ္ေစလိုက္သည္။

"တကယ္လား ကိုကို တကယ္လား"

Gun ဟန္ပင္မေဆာင္ႏိုင္။

"အြန္း၊ ကိုယ္ သူ႔ကို ဝင္ထြက္ခြင့္ေပးထားမယ္"

ေသခ်ာသည္ျဖစ္ေၾကာင္း အာမခံခ်က္ေပးလိုက္သည္။

"အားးးးး ေပ်ာ္လိုက္တာ ကိုကိုရ ကိုကို႔ကို အခ်စ္ဆံုးပဲ"

ကုတင္ေပၚမွ Tay၏ကိုယ္ကို ခုန္ဖက္ကာ Gunမွာ ဝမ္းသာေပ်ာ္ရႊင္ေနတယ္။

"ကိုယ္နဲ႔သူ႔ ဘယ္သူ႔ကို အခ်စ္ဆံုးလဲ"

"အမ္းးးးး ကိုကိုေလ"

ခဏစဥ္းစားဟန္ျပဳကာ ခ်က္ခ်င္းျပန္ေျဖေလသည္။

" ကိုကိုနဲ႔ေတြ႕ရင္ ကိုကို႔ကိုအခ်စ္ဆံုး၊ ရည္းစားနဲ႔ေတြ႕ရင္ ရည္းစားကအခ်စ္ဆံုးလို႔ေျဖမွာကုို ကိုယ္မသိတာမွတ္လို႔၊ လူလည္ေလး"

ကိုယ္ေပၚဖက္တြယ္ေနသည့္ Gunကို လက္တစ္ဖက္ျဖင့္ေပြ႕ကာ Gunႏွာဖ်ားကို ဆြဲၫွစ္လိုက္ေလသည္။

"ဟီး ဟီး ကိုကိုကလည္း ခစ္ ခစ္ ခစ္"

ရယ္သံေလးေတြက အခန္းထဲကေန အျပင္ဘက္ထိ လွ်ံထြက္သြားေလေတာ့သည္။

______________________________________

BLOOM
16.6.2021
(4:45)PM




🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀







ဘန်ကောက်မြို့၏ အပူချိန်က သိသိသာသာပူနေလေသည်။

Ph ဆက်မရသည်ကြောင့် Gun တစ်ယောက် Offနေထိုင်ရာ ကွန်ဒိုကို ရောက်ရှိလို့လာသည်။

ကိုကိုကမနက်ဖြန်မနက် ပြန်ရောက်မည်မို့ အကိုOffကို အချိန်ဖဲ့ပေးမည်ဆိုကာမှ ဆက်သွယ်လို့ မရဖြစ်နေလေသည်။

အကိုOff Gunကို စိတ်ဆိုးနေတာ သိလေသည်။ ဘာကို စိတ်ဆိုးနေမှန်းသာ Gunမသိဘူး ဖြစ်နေလေတော့သည်။

အခုလည်း Offနေထိုင်ရာ ကွန်ဒိုနားထိ ရောက်ရှိလာပြီး Offကို ထပ်ဆက်သွယ်လိုက်သည်။

"ငယ် ကိုယ်အပေါ်မှာ ရှိတယ် တက်ခဲ့"

"အွန်း"

စိတ်ဓါတ်ကျသလိုအသံကြောင့် Gunမှာ ဓါတ်လှေကားထဲမှအထွက် အခန်းရှိရာသို့ အလျင်အမြန်သွားလိုက်ရသည်။

တံခါးက ခလုတ်နှိပ်စရာမလိုအောင် အဆင်သင့်ဖွင့်ထားပေးလေသည်။

အခန်းထဲပြေးဝင်သွားတော့ အခန်းတစ်ခုလုံး ရှုတ်ပွနေလေသည်။

ဧည့်ခန်းအလည်က ဆိုဖာပေါ်တွင် Laptopတစ်လုံးဘေးချပြီး စာရွက်စာတမ်းအထပ်လိုက်ကလည်း ပွစာကျဲနေလေသည်။

ဆိုဖာပေါ်တွင်တော့ ဆံစလေးတွေ ကပိုကရိုကျနေပြီး မျက်မှောင်တို့ကိုကုတ်ချထားသည့် ချစ်ရသူက ထိုင်နေလေသည်။

"အကိုOff"

Gun တိုးသဲ့သဲ့အသံပြုလိုက်သည်။

"ငယ်......"

လက်နှစ်ဖက်ကို ဖွင့်ဟကာ ဆန့်တန်းလာသည့်သူကြောင့် Gun ထိုရင်ခွင်ကို ပစ်ဝင်လိုက်သည်။

အကိုOffသည် စိတ်ဓါတ်ကြံ့ခိုင်သည့်သူတစ်ယောက် ဖြစ်သည်ကို Gunကောင်းကောင်းသိသည်။

ယခုကဲ့သို့ ပုံစံက မည်သည့်အတွက်ကြောင့် ဖြစ်နေမှန်း Gunမသိသလို Gunမည်သို့ နှစ်သိမ့်ပေးရမည်မှန်းလည်း Gunမသိ။ ထို့အတွက်ကြောင့် ပွေ့ဖက်ခြင်းဖြင့်သာ တိတ်တိတ်လေး ဘေးနားနေပေးလိုက်ရသည်။

Off ကိုယ်သေးသေးလေးကို တိုးလို့ဖက်ရင်း မျက်နှာကို ပုခုံးပေါ်တင်ရင်း နစ်မြုပ်ထားမိသည်။

သူမည်သို့ဆက်လုပ်ရမည်နည်း။ အဖြေက လိုက်လေဝေးလေဖြစ်နေလေသည်။ အချို့သော အကြောင်းအရာတို့သည် မိမိလက်လှမ်းမမီသည့် အနေအထားတွင် ရောက်ရှိနေကြသည်။

ဒီကလေးလေးကို အသုံးချရတာကို ရင်နာပေမယ့်လည်း မိမိ ရှေ့ဆက်ရမည့်တွန်းအားတဖြစ်လည်း ဒီကလေးလေးကသာ သူ့ကို ခွန်အားဖြစ်စေသည်။

အမှန်တရားတွေကို သိကြတဲ့တစ်နေ့ရောက်ရင် ကိုယ့်ကိုအများကြီးမုနိးပါလို့ ကိုယ်ပြောပါရစေငယ်။ အခုတော့ ငယ့်အနားမှာ ကိုယ်နေပါရစေအုံး။

"အကိုOff...နေသာလားဟင်"

ခေါင်းက ဆံစတွေကို သပ်ပေးရင်း Gunမေးဖြစ်ခဲ့သည်။

"အင်း... ငယ် ဘာစားခဲ့ပြီးပြီလဲ"

Gunမျက်နှာကို မော့ကြည့်ရင်း Offက ပြောဖြစ်ခဲ့သည်။

"စားခဲ့တယ် အကိုOffစားချင်ရင် Gunခေါက်ဆွဲပြုတ်ကျေွးမယ်လေ"

Gunက ခေါက်ဆွဲပြုတ်ရာတွင် အရမ်းတော်သည်ဟု ပြောရမည်။

"အင်း ကောင်းသားပဲ၊ ကိုယ်မျက်နှာသွားသစ်အုံးမယ်"

Gunကို ဧည့်ခန်းထဲတွင်ထားကာ ရေချိုးခန်းဘက်ကို ထွက်သွားလေသည်။

"ရက်စ်!!!!"

Gunက အထက်အရာရှိကို အလေးပြုဟန်ကဲ့သို့ Offကို အလေးပြုလိုက်သည်။

ထို့နောက် ရှုတ်ပွနေသည့်စာရွက်တို့ကို သိမ်းဆည်းလိုက်ပြီး စီစီရီရီထားလိုက်သည်။

အနီရောင်လိုင်းသား(တား)ထားသည့် စာရွက်တစ်ခုကို Gunစိတ်ကို ဖမ်းစားသွားလေသည်။

"ဘာပါလိမ့်"

စာရွင်ပါအကြောင်းရာတို့တွင် အမှုအခြေအနေကို တစ်ပိုင်းတစ ဖေါ်ပြထားသည်။

သေနတ်ဖြင့်ပစ်သတ်ခံရမှု၊ အချင်းချင်းပစ်သည်ဟု ယူဆရသည်။ ထို့နောက် Zealဆိုသော နာမည်။ အမှုစာရွက်လည်းဖြစ် သူများအလုပ်ကိစ္စလည်း ဖြစ်သည်မို့ Gun စာရွက်ကို သေသေချာချာလေး ထပ်လိုက်ကာ စာရွက်အောက်ခြေညီစေရန် စားပွဲပေါ်တွင် ဆောင့်လိုက်ပြီး Laptopဘေးတွင် ထားလိုက်သည်။

ပြီးနောက် မီးဖိုချောင်ကိုဝင်ကာ ခေါင်ဆွဲတစ်အိုး ချက်လိုက်သည်။

ထိုနေ့က ခေါက်ဆွဲကို ကောင်းစွာစားပြီးနောက် Offသည် နာရီဝက်မျှ အိပ်ပျော်သွားလေသည်။

_______________________________________

" ငါ့ဘာသာ ပြန်မယ်"

"ဟက် ရမလား၊ မင်းကငါရဲ့ သက်ဆိုင်သူလေ၊ သူ့ကိုကားပေါ်တင်လိုက်"

လေဆိပ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ဟု ပြောလို့ရသည်။

လေဆိပ်အဆောက်အဦးထဲက ထွက်တော့ Luggageအိတ်တွေကို ဘော်ဒီဂတ်အချို့က သယ်ဆောင်လာပြီး ကားများရပ်နားရာ ရောက်လာမှ Newသည် သူ၏ ကိုယ်ပိုင်Luggageကို သွားယူတော့ အထက်အောက်အမဲဝတ်ဆင်ထားသည့် လူသန်ကြီးသည် လုံးဝလွှတ်မပေးဘဲ Tay၏အမိန့်ကိုသာ စောင့်နေလေသည်။

အခုလည်း Newတစ်ယောက် သူ့ကွန်ဒိုကို ပြန်လို့မရတော့ဘဲ လာကြိုသည့် ကားပေါ်သို့ ပစ်တင်ခြင်း ခံလိုက်ရသည်။

Newကားပေါ်ရောက်တော့ ကားပေါ်တွင် ကမ်းခြေသွားစဉ်က တွေ့ခဲ့သည့် Gunဆိုသည့်အလှလေးကို တွေ့လိုက်ရလေသည်။

"Hi...အကိုNew"

Gunလည်း မထင်မှတ်ဘဲ တွေ့လိုက်ရသည်မို့ အ့ံသြသလိုလေး နှုတ်ဆက်လိုက်သည်။

"အင်း Gun မတွေ့တာကြာပြီနော်"

"ဟုတ်"

ကားအတွင်းပိုင်းက ကျယ်ဝန်းသည်မို့ Newသည် အနောက်ဘက်ထောင့်နားလေးတွင် သွားထိုင်လေသည်။

Gunက အလည်က ခုံတန်းတွင် ကျန်ခဲ့ပြီး Tayသည် Gunအနားတွင် ဝင်ထိုင်လိုက်သည်။

"ကိုကိုကလည်း Gunက ကို့ကိုဆီ ဆင်းလာပြီး ဖက်ချင်တာ၊ လွမ်းနေပြီ"

ဘေးတွင်ဝင်ထိုင်သည့် Tay၏လက်ကို ချိတ်ကိုင်ကာ ပြောလိုက်သည်။

" အိမ်ရောက်မှ အဝဖက်၊ ကိုယ်နဲ့အတူတူ သွားလို့မရဘူးဆိုတာ မသိလို့လား ဟင် အဆိုးလေး"

Gunမှတ်မိသလောက် ကိုကိုနဲ့ အတူတူသွားရင် ဘော်ဒီဂတ်တွေ အယောက်(၂၀)လောက်ပါတတ်တာ မှတ်မိလေသည်။

တစ်ချိန်လုံး ကိုကို့အတွက် Gunက အားနည်းချက် ဖြစ်စေခဲ့သည်။

စီးပွါးရှာနေသောကိုကို့ ကို ထိုးနှက်ဖို့အားနည်းချက်က Gunဖြစ်မှန်းမသိ ဖြစ်ခဲ့သည်။

အခုလည်း လာကြိုသည်တဲ့။ ကားထဲပဲထိုင်နေရကာ ကိုကို အလာကို စောင့်နေရသည်။

"အကိုNewနဲ့ကိုကိုက ဘယ်မှာ တွေ့ လာတာလဲ"

နောက်ခုံက Newကို လှည့်ကြည့်ရင်း Gunသိချင်စိတ်ဖြင့် Offကိုမေးလိုက်သည်။

"ကိုယ် အိမ်ရောက်ရင် ပြောပြမယ်"

"ဟုတ်"

Gunကတော့ မသိသေးသူမို့ ပျော်ပျော်ရွှင်ရွှင်သာ ခေါင်းညိတ်လိုက်လေတော့သည်။

_________________________________________

အိမ်ကြီးထဲက တောက်ခတ်လိုက်သံက ခြံဝန်းထဲရှိ လုံခြုံရေးယူထားသော သူများကိုပါ လိပ်ပြာလွင့်သွားစေသည်။

"အရေးမပါတာကွ၊ ယောကျား်လေးတွေနဲ့တွဲလို့ ငါကတားမြစ်တယ်ပဲထားအုံး အခုက ယောကျာ်းပါ ကောက်ယူလိုက်သေးတယ်"

ဖွင့်ဖတ်ထားသည့် ဖိတ်စာလေးက ရွှေရောင်စာလုံးတွေ ဖိန့်ဖိန့်တောက်နေလေသည်။

"အကိုရယ် ဒါကတော့ သားလေးက..."

ပြောလိုက်ရင် မိခင်လုပ်သူက ရှေ့ကကာစီးကာစီး။

"တိတ်စမ်း... မင်းအသုံးမကျလို့ ဖြစ်တာကွ၊ ငါက လိုလေသေးမရှိအောင်ထားလည်း သားသမီးကို မစီမံတတ်ဘူး"

အပြစ်ရှိတာက မိဘနှစ်ပါးလုံးမှာ ဆိုပေမယ့် သဲမဲပြီးသာ ပြောတတ်တာ လူ့သဘာဝမဟုတ်လား။

"အို ဒါကတော့ သားစိတ်ချမ်းသာဖို့က အဓိကပဲရှင့်၊ သူကြိုက်လာတာ လူဆိုးလူညံ့လည်း မဟုတ်ဘူး၊ ရှင်တို့ အစိုးရလူကြီးပိုင်းတွေတောင် အဲ့ကောင်လေးနဲ့ အချိတ်ဆက်ရဖို့ ကြိုးစားနေရတာမလား"

မိခင်ဖြစ်သူမှာ ယောကျာ်းဖြစ်သူကို စိတ်ဆိုးလွန်းသည်မို့သာ ပြောလိုက်ရသည်။ ခင်ပွန်းသည်မှာ ယနေ့မှ ဒေါသထွက်လွန်းနေသည်ကို မိမိလည်း ရိပ်မိလေသည်။

"မင်း တိတ်စမ်း... မင် ဘာသိလို့လဲကွ၊ ငါတော့ လုံးဝ သဘောမတူဘူး"

ခါးခါးသည်းသည်းဖြစ်နေသည့် လေသံသာ ထွက်ပေါ်လာသည်။

"ရှင်သဘောမတူလည်း ကျွန်မကတော့ တူတယ်၊ ကျွန်မသားလေး စိတ်ချမ်းသာဖို့က အဓိက"

မိခင်ဆိုတာ သားသမီးမျက်နှာကို ပိုကြည့်တတ်ကြလေသည်။

"မင်းတို့သားအမိတွေပဲ ကြိုက်တာလုပ်ကြစမ်းကွာ လုပ်ကြ"

နောက်ဆုံးတော့ လက်လျော့သွားသလိုပြောလာပေမယ့် ဒေါသတို့မငြိမ်းသေးပေ။

"လုပ်မယ်၊ လုပ်မယ် နောက်အပတ် ကျွန်မ ဥရောပဘက် ခရီးထွက်မယ်၊ ရှင့်ကို အသိပေးတာ ဟမ့်"

ခြေစောင့်ကာ ထထွက်သွားသည့် ဇနီးသည်ကြောင့် အမတ်လောင်းမှာ မျက်နှာပေါ် လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်ရင်း ဆိုဖာပေါ် ထိုင်ချလိုက်ရသည်။

ကောင်းတယ် ၊ လုပ်ကြ၊ မင်းယောကျား် မင်းအဖေက ဘာဖြစ်နေမှန်း သားအမိနှစ်ယောက်လုံးက နားမလည်ကြဘူး။

သားဖြစ်သူကို တော်ကောက်သွားသည့်သူက Tay Tawan။ ဒီကောင်လေးမှာ ဘာအကြံအစည်မှ မရှိပါစေနဲ့လို့ပဲ ဆုတောင်းရပေမည်။

_________________________________________

"ငယ်... ထိုင်အုံး"

ယနေ့တော့ Gunအခန်းကို တံခါးခေါက်ကာ Tay ဝင်သွားသည်။

စကားမပြောဖြစ်သည်ကလည်း ကြာလှပြီဖြစ်သလို အခုတလော ကောင်လေး ရည်းစားရှိကြောင်း မိမိသိရှိထားပြီး ဖြစ်သည်။

တွဲနေသည့်ကောင်လေးက အလုပ်ကြိုးစားကာ ရည်ရည်မွန်မွန်လေးပေမို့ Tayမပြောလိုသော်လည်း ကောင်လေး၏ကွန်ဒိုကို အမြဲလိုလိုဝင်ထွက်နေသည့် ညီတော်မောင်ကိုတော့ သတိပေးရမည်ဖြစ်သည်။

" Gun"

ခုံပေါ်ဝင်ထိုင်လိုက်သည့် Gunကို ခေါ်လိုက်သည်။

"ဗျာ"

Gunသည် ကုတင်ပေါ်ထိုင်နေသည့် Tayကို မော့ကြည့်ကာထူးသည်။

"ကောင်လေးက ရှေ့နေမလား"

အ့ံသြသလို ဝိုင်းကနဲဖြစ်သွားသည့် မျက်ဝန်းတို့ထဲ ထိတ်လန့်မှုလေး အနည်းငယ်ပါနေလေသည်။

"ဗျာ!!! ဟုတ် ကိုကို... အကိုOffပါ ကိုကိုသူ့ကို တစ်ခါမြင်ဖူးပါတယ်"

ထစ်ငေါ့ချင်သလိုဖြစ်သွားသည့် အဖြေတွေနဲ့အတူ မိတ်ဆက်ပေးလာသည်။

"ကိုယ်မှတ်မိတယ်"

ညီဖြစ်သူကို ဂရုတစိုက်ကြည့်ရင်း ဖြေလိုက်သည်။

ထို့နောက်...

"Gun ပျော်လား"

ကိုယ်အရိပ်တကြည့်ကြည့် စောင့်ရှောက်လာရတဲ့ကလေးပဲ၊ ပျော်တယ်ဆိုတာ သိနှင့်နေပေမယ့် ထုတ်မေးမိသည်။

"ဟုတ် ကိုကို"

ကြည်တောက်နေသည့် မျက်လုံးဝိုင်းလေးတွေထဲ စောနကလို စိုးရိမ်ထိတ်လန့်ခြင်းတွေ မရှိတော့ပေ။

"ကိုယ် Gunကို မကန့်ကွက်ပါဘူး၊ ဒါပေမဲ့ လိုက်နာရမှာတော့ရှိတယ်"

Tayသည် ကန့်ကွက်ချင်ပေမယ့် ကန့်ကွက်သည်လည်း မဆိုသာအောင် မိမိသဘောထားကို သိစေလိုက်သည်။

"ဘာလဲ ကိုကို"

စိတ်ဝင်စားမှုအပြည့်နဲ့ မျက်ဝန်းတွေထဲမှာ ချစ်ရိပ်လေးတွေ သန်းနေလေသည်။

"သူများကွန်ဒိုကို သွားသွားနေတာ ကိုကိုမကြိုက်ဘူး၊ သူတွေ့ချင်ရင် ဒီကိုလာပါစေ"

Tay၏ အိမ်ရာဝန်းထဲကို မည်သည့်ဧည့်သည်မှ လက်မခံသလို၊ မိသားစုဝင်သာ နေထိုင်သွားလာခွင့် ရှိသည်ဟု ပြောထားသည်မို့ ထိုကလေး ကို ပျော်စေလိုက်သည်။

"တကယ်လား ကိုကို တကယ်လား"

Gun ဟန်ပင်မဆောင်နိုင်။

"အွန်း၊ ကိုယ် သူ့ကို ဝင်ထွက်ခွင့်ပေးထားမယ်"

သေချာသည်ဖြစ်ကြောင်း အာမခံချက်ပေးလိုက်သည်။

"အားးးးး ပျော်လိုက်တာ ကိုကိုရ ကိုကို့ကို အချစ်ဆုံးပဲ"

ကုတင်ပေါ်မှ Tay၏ကိုယ်ကို ခုန်ဖက်ကာ Gunမှာ ဝမ်းသာပျော်ရွှင်နေတယ်။

"ကိုယ်နဲ့သူ့ ဘယ်သူ့ကို အချစ်ဆုံးလဲ"

"အမ်းးးးး ကိုကိုလေ"

ခဏစဉ်းစားဟန်ပြုကာ ချက်ချင်းပြန်ဖြေလေသည်။

" ကိုကိုနဲ့တွေ့ရင် ကိုကို့ကိုအချစ်ဆုံး၊ ရည်းစားနဲ့တွေ့ရင် ရည်းစားကအချစ်ဆုံးလို့ဖြေမှာကို ကိုယ်မသိတာမှတ်လို့၊ လူလည်လေး"

ကိုယ်ပေါ်ဖက်တွယ်နေသည့် Gunကို လက်တစ်ဖက်ဖြင့်ပွေ့ကာ Gunနှာဖျားကို ဆွဲညှစ်လိုက်လေသည်။

"ဟီး ဟီး ကိုကိုကလည်း ခစ် ခစ် ခစ်"

ရယ်သံလေးတွေက အခန်းထဲကနေ အပြင်ဘက်ထိ လျှံထွက်သွားလေတော့သည်။

______________________________________

BLOOM
16.6.2021
(4:45)PM

Continue Reading

You'll Also Like

1M 33.7K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
163K 11.6K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
126K 9.9K 50
ကြ်န္ေတာ့္ရဲ႕ ငယ္ ......
213K 9.6K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...