Unicode
ရှီရှန်းအိမ်ကနေထွက်သွားပြီးလမ်းကြိုလမ်းကြားတွေထဲမှာလျှောက်ပျံနေတယ်တစ်ခါတလေသရဲတွေနှင့်တောင်တွေ့သေးတယ်
လောကကြီးကရန်ငြိုးတွေ ,မတရားအသတ်ခံရတဲ့ဝိညာဥ်တွေနဲ့ပြည့်နေတယ် ရလဒ်အနေနဲ့ကတော့လူတွေကသူတို့သေပြီးရင်လူပြန်ဝင်စားရမယ့်အစားသရဲအဖြစ်နဲ့ဆက်လက်ရှင်သန်နေရတယ်
ရန်ငြိုးတွေအမုန်းတရားတွေမကျေနပ်မှုတွေကြောင့်သူတို့ဟာဒီကမ္ဘာထဲကနေမထွက်နိုင်ဘဲသရဲအဖြစ်နဲ့ဘဲနေကြရတယ်
ရှီရှန်းရဲ့ပုံစံကသူများတွေကိုလှောင်ပြောင်နေတဲ့ပုံပေါက်နေပြီး ဝတ်ကောင်းစားလှနဲ့လူတွေရဲ့ကြားထဲကနေဖြတ်သွားတယ်
'ဒီလူတွေကလက်ဝတ်ရတနာတွေ ဘရန်းဒက်တွေဝတ်ထားရင်တောင်မှသူတို့ရဲ့နှလုံးသားကလဲ့စားချေချင်စိတ်တွေနဲ့ညစ်ပတ်နေတာပဲ'
ဘယ်လောက်ပဲရေမွှေးတွေသုံးသုံးမိတ်ကပ်တွေလိမ်းလိမ်းသူတို့ရဲ့ဟိုးအတွင်းစိတ်ထဲကကောက်ကျစ်ယုတ်မာမှုကိုတော့ဖုံးကွယ်လို့မရဘူး
အမှောင်ထုထဲကမကောင်းဆိုးဝါးစိတ်ကသူတို့ကိုအမှောင်ထုကနေကြီးစိုးနေမှာပဲလက်စားမချေမရမချင်းရပ်မှာမဟုတ်ဘူး
ရှီရှန်းကပျံပြီးရင်းပျံနေတယ် သူမဘယ်ရောက်နေမှန်းလဲသူမသိဘူး ဘေးနားကအဆောက်အအုံတွေကလဲအရင်ကထက်ပိုပုလာတယ်
သူမကြုံရာအဆောက်အအုံတစ်ခုပေါ်ကိုလှမ်းတက်လိုက်တယ် ခေါင်မိုးပေါ်မှာလဲလျောင်းရင်းကြယ်ကလေးတွေကိုမော့နေကြည့်နေတယ် လေရူးတစ်ချက်ဖြူးလိုက်တော့သူမရဲ့အပြာရောင်ဂါဝန်လေးကပျံ့လွင့်နေသလိုသူမဆံပင်တွေလဲအနောက်ကိုလွင့်နေတော့တယ်
အချိန်ကရေလေးတွေစီးဆင်းသွားသလိုကုန်ဆုံးသွားပြီးမြို့လေးကလဲအိပ်မောကျနေတော့တယ်
''ကယ်ကြပါဦး''
''ထွက်သွား မလာနဲ့ အားးးးး ''
သူမရုတ်တရက်ရပ်လိုက်ပြီးသူဖြတ်လာခဲ့တဲ့လမ်းကြားလေးထဲကလာတဲ့အသံဆီကိုလှမ်းကြည့်လိုက်တယ်
လမ်းမီးရောင်မှိန်မှိန်လေးရဲ့အားကိုးနဲ့သူမဟာ မိန်းကလေးတစ်ယောက်ရန်ငြိုးကြီးတဲ့ဝိညာဥ်တွေဝိုင်းထားခံနေရတာကိုတွေ့လိုက်ရတယ်အဲ့ဝိညာဥ်တွေကအရမ်းကောက်ကျစ်တဲ့ပုံပဲ
ရှီရှန်းကအချိန်ခဏလောက်စောင့်ကြည့်နေသေးတယ်ဝိညာဥ်ဆိုးတွေကမိန်းကလေးကိုမြေပြင်ပေါ်တွန်းချလိုက်တယ် ကောင်မလေးကငယ်သံပါအောင်ငိုနေတယ်
သူမသက်ပြင်းချလိုက်တယ်
'"သေပေတော့!''
သူမဓားကိုဆွဲထုတ်လိုက်ပြီးသူတို့ကြားထဲလျှပ်တပြက်ဝင်သွားတယ်သူမရဲ့ထက်လှတဲ့ဓားတစ်ချက်ကြောင့် သူမဓားကိုပြန်သိမ်းလိုက်ချိန်မှာတော့ဝိညာဥ်တွေအားလုံးပျောက်ကွယ်သွားပြီ
အေးစက်စက်ခံစားမှုတွေပျောက်ကွယ်သွားပြီးနောက်အန်းစုရဲ့သေလုနီးပါးခန္ဓာကိုယ်ကပြန်ကောင်းလာတယ်
သူမတွေ့လိုက်ရတာကအပြာဝတ်စုံနဲ့ခံစားချက်ကင်းမဲ့နေပုံရတဲ့မိန်းကလေးတစ်ယောက်ဓားတစ်လက်ကိုင်ထားတာကိုတွေ့လိုက်ရတယ် သူမရဲ့အကြည့်တွေ့ကတည်ငြိမ်နေပြီးနှစ်ပေါင်းများစွာကတည်းကအသက်ရှင်လာတဲ့မိန်းကလေးလိုပဲ..သူမရဲ့တည်ငြိမ်အေးစက်မှုကလူတွေကိုကြောက်လန့်စေတယ်
သူမကတိမ်တွေကြားထဲမှာရပ်နေသလိုဘယ်သူမှသူမကိုမပြစ်မှားရဲလောက်အောင်နတ်ဘုရားတစ်ပါးလိုဖြစ်နေတယ်
ဒါပေမဲ့ သူမ စကားပြောတဲ့အချိန်မှာ သူမရဲ့ပုံစံကလည်းလုံးဝပြောင်းလဲသွားတယ်
"မင်းရဲ့အခုလက်ရှိအခြေအနေနဲ့ ဒီနေ့ ဒီအချိန်ထိ အသက်ရှင်နေတာကို ငါအရမ်းအံ့သြမိတယ်" ရှီရှန်းက အန်းစု ရဲ့ရှေ့ကမြေကြီးပေါ် သူဓားကိုစိုက်ပြီး လှောင်ပြောင်ပြီးပြောလိုက်တယ်
ဒါေပမဲ့ အန်းစုရဲ့ မျက်နာမှာတော့ မျက်ရည်တွေပြည့်နေတုန်းပဲ
" တစ္ဆေမမအရမ်းကြီး အပေါက်မဆိုးလို့မရဘူးလား?"
သူမ မြေပြင်ပေါ်ကလဲနေရာကနေထလာပြီး သူမရဲ့မျက်ရည်တွေကိုသုတ်လိုက်တယ်
"တစ္ဆေမမဘာလို့ဒီမှာ ရှိနေတာလဲ?"
'ဘာဖြစ်လို့လဲမသိပေမဲ့,သူမရှိနေရင်
ငါလုံခြုံတယ်လို့ ခံစားရတယ်'
"နင့်ကိစ္စ မဟုတ်ဘူး"ရှီရှန်းက ဓားကိုသိမ်းပြီးပြောလိုက်တယ်
အန်းစု''...''
'ကောင်းပြီ အဲ့ဒါဆိုလည်း မမေးတော့ဘူး'
"ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်! ဒါနဲ့ဆိုကူညီတာ သုံးကြိမ်မြောက်ရှိပြီ''
အန်းစုက စကားလမ်းကြောင်းလွှဲလိုက်တယ်
"သုံးကြိမ်?ဘယ်အချိန်ထဲကလဲ?ငါနင့်ကို အိမ်မက်ထဲမှာများနောက်တစ်ခါ ကယ်မိသွားတာလား ဒါမှမဟုတ် ဘယ်တုန်းကလဲ''
'ငါသူ့ကို နှစ်ကြိမ်ပဲကယ်ဖူးတာပါ နောက်တစ်ကြိမ်က အိပ်မက်မက်နေတဲ့အချိန်များကယ်လိုက်တာလား?'
အန်းစုက လက်ချိုးပြီးစရေကြည့်တယ်
"ပထမတစ်ခါက မြေအောက်ခန်းမှာ ဒုတိယတစ်ခေါက်က ချီမိုရဲ့အခန်းထဲမှာရယ် ပြီးတော့ အခုဒီတစ်ခါရယ်
အဲ့တော့ ဘယ်လိုအကြွေးပြန်ဆပ်ရမှန်းတောင်မသိတော့ဘူး ကျွန်မခန္ဓာနဲ့အကြွေးပြန်ဆပ်ရမလား''
''အမ်....မင်းခန္ဓာ နဲ့အကြွေးဆပ်မယ်?
ငါကဇာတ်လိုက်ကောင်မှမဟုတ်တာ!ဘာအတွက်ကြောင့်နဲ့ နင့်ခန္ဓာကိုယ် နဲ့အကြွေးဆပ်မှာလဲ
ပြီးတော့ငါက lesbian မဟုတ်ဘူး!
နောက်ပြီး...'
" မင်းကို ဒုတိယတစ်ကြိမ်တုန်းကကယ်တာ နာ့လန်ရင်းကယ်တာ ...ငါမဟုတ်ဘူး ..အဲ့တော့ ငါနဲ့လုပ်စရာဘာမှမရှိဘူး''
အန်းစုရဲ့မျက်နာက ဖျော့တော့သွားတယ် ဒါပင်မဲ့သူမ အားပြန်တင်းလိုက်တယ်''ဒါပေမယ့်အငြိုးကြီးတဲ့ဝိဉာဏ်ကို အဆုံးမှာသတ်လိုက်တာက အမလေ''
ရှီရှန်း ''...''
'ဘယ်လိုတောင်မဆီလျော်တာလဲ'
ရှီရှန်းက လှည့်ပြန်ဖို့လုပ်တယ်
အဲ့ဒါကိုမြင်တော့ အန်းစုက မြန်မြန်လိုက်သွားတယ်
"အခု မစ္စတာဖုန်းနဲ့အတူတူနေနေတာလား''
ရှီရှန်း ''...''
"ငါဘာသာ ဘယ်သူနဲ့နေနေ နင့်ကိစ္စ မဟုတ်ဘူး''
",အမနောက်ကိုလိုက်လို့ရလား?
အဲ့လောက်ကြီးမြန်မြန်ပျံမသွားပါနဲ့..''
သူတို့ထွက်သွားတာမကြာသေးဘူး,နာ့လန်ရင်းကတစ်နေရာကနေပေါ်လာတယ်ပြီးတော့,ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်လိုက်တယ်
......
ရှီရှန်းက နောက်ဆုံးတော့ဇာတ်လိုက်မကို ချန်ထားခဲ့ဖို့ မတတ်နိုင်လိုက်ဘူး
'ဒီဟာမကတော့ မကောင်းဆိုး၀ါးတွေကိုသံလိုက်လိုများဆွဲငင်နေတာလား,ငါတို့ဘယ်သွားသွားဒင်းမှာပြသနာတက်တယ်'
သူတို့နှစ်ယောက်တိုက်ခန်းကိုပြန်ရောက်တဲ့အခါမှာ, အန်းစုကအထဲကိုမဝင်ရသေးခင်မှာတင်အံသြသွားတယ်
''မစ္စတာဖုန်းကဒီနေရာကိုခုမှပြောက်းလာတာလား,အခန်းကအရမ်းသန့်ရှင်းနေတာပဲ''
"မင်းကိုတွေ့ကရာလူခေါ်လိုလို့ရတယ်လို့ဘယ်သူပြောလဲ'' ဖုန်းကျင်းကလှည့်ကြည့်ပြီးတော့အန်းစုကိုမြင်တော့သူ့မျက်နှာကပိုပြီးတော့စိတ်တိုသွားတယ်
'ပြီးတော့လူတွေအများကြီးရှိတာတောင်မင်းကနာ့လန်ရင်းရဲ့လူကိုမှရွေးခေါ်လာတယ်ပေါ့'
"ငါသူမကိုခေါ်လာတာဟုတ်ပါဘူးနော်''ရှီရှန်းကရိုးရိုးသားသားလေးပြန်ဖြေတယ်
"အာ့ဆိုသူမကဘာလို့မင်းနောက်ကလိုက်လာတာလဲ''
ဖုန်းကျင်းကပိုပြီးတော့တောင်စိတ်တိုသွားတယ'ဒီကောင်မလေးငါ့အိမ်ကိုသူ့ဘာသာရှာတွေ့တာလို့တော့ငါမယုံဘူး
"ဘယ်သိမှာလဲ,ကျွန်မအလှကြောင့်မြောပါလာတာနေမှာပေါ့''ရှီရှန်းကရွဲ့ပြီးတော့ပြောလိုက်တယ်''ကျွန်မလိုအလှလေးတွေကအသက်အရွယ်မရွေး,ကျားမမရွေး လူတိုင်းကိုဆွဲဆောင်နိုင်တာရှင်သိတယ်မလား''
ဖုန်းကျင်း''......''
'ငါ့ဒေါသတွေပေါက်ကွဲတော့မယ်'
အန်းစုကရှီရှန်းရဲ့ကပျက်ကချော်လုပ်မှုတွေကြောင့်ပိုပြီးတော့ကြောက်လာတယ် အဲ့တာကြောင့်သူမကြောက်ကြောက်နဲ့နောက်ကိုဆုတ်သွားတယ်
'သူငါ့ကိုနှင်မထုတ်လောက်ဘူးမလား,နှင်ထုတ်တော့မှာလား'
အန်းစုကအတွေးလွန်နေတာပါ,ဖုန်းကျင်းကသူမကိုနှင်မထုတ်ပါဘူး''မင်းဘာလို့ငါ့အိမ်ကိုလာတာလဲ,တွေ့ကရာလူမှန်သမျှငါလက်ခံမယ်လို့ထင်နေတာလား,အဲ့လောက်လွယ်တယ်ထင်နေတာလား''
ရှီရှန်းကသူမကူနိုင်ဘူးဆိုတဲ့အမူအယာပဲပြနိုင်တယ်သူမကိုယ်တိုင်ကိုကသူများအိမ်မှာနေနေရတာဖြစ်တဲ့အတွက်ကြောင့်မို့အခြားသူကိုမကူညီနိုင်ဘူးအိမ်ရာလေးမပျောက်သွားဖို့အတွက်ရှီရှနိးကအန်းစုကိုဝရံတာမှာပဲထားခဲ့ရတယ်
"သူမ မှာမကောင်းဆိုးဝါးတွေကိုဆွဲဆောင်တဲ့၀ိညာဥ်ခန္ဓာရှိနေတယ် သူမနဲ့အရမ်းကြီးလျှောက်မသွားနဲ့'' ဖုန်းကျင်းကရှီရှန်းကို စိုက်ကြည့်လိုက်တယ်
''မင်းငြိမ်ငြိမ်နေလို့မရဘူးလား''
"ကျွန်မကအေးဆေးတည်ငြိမ်တဲ့အလှလေးပါနော်''ရှီရှန်းကအရှက်မရှိစွာပြောလိုက်တယ်
ဖုန်းကျင်း''......''
သူဘေးကိုလျှောက်လာပြီးတော့ရှီရှန်းရဲ့ဘေးမှာထိုင်လိုက်တယ်
''ငြိမ်ငြိမ်နေပါ,ငါအပြင်သွားစရာရှိတယ်''
"အမ်....ဘယ်ကိုလဲ''
ဖုန်းကျင်းကရှီရှန်းကို ခနလောက်ကြည့်လိုက်တယ်ပြီးတော့အကြည့်တွေလျော့လိုက်ပြီးတော့နောက်ပြန်လှဲလိုက်ပြီးသူ့လက်တွေကိုနဖူးပေါ်တင်လိုက်တယ်
"ငါ့ကိုအိမ်မှာစောင့်နေ''
သူကအဲ့တစ်ခွန်းပဲပြောပြီးတော့စာကြည့်ခန်းထဲကိုဝင်သွားတယ်
ရှီရှန်းက မျက်မှောင်ကြုတ်ပြီးတော့စာအုပ်တွေကိုပဲကြည့်နေတယ် ပြီးတော့မှထဖို့အတွက်ဆိုဖာပေါ်မှာလိမ့်နေပြီးတော့စာကြည့်ခန်းထဲကိုတည့်တည့်ဝင်သွားတယ်
ဖုန်းကျင်းကစာကြည့်ခန်းထဲကပြတင်းပေါက်ဘေးမှာရပ်နေတယ် အခန်းထဲမှာအပြင်ဘက်ကဝင်လာတဲ့အလင်းရောင်ပဲရှိတာကြောင့်အရိပ်တွေအောက်ကသူ့ပုံရိပ်ကအထီးကျန်ဆန်နေတယ်
ရှီရှန်းကသူမလက်တွေကိုပွတ်လိုက်တယ် 'အခုမှအလုပ်မဖြစ်ရင်,ငါထပ်မကြိုးစားတော့ဘူး'
ဖုန်းကျင်း ကပြတင်းပေါက်နားမှာအကြာကြီးရပ်နေလို့ခြေထောက်တွေတောင့်နေပြီပြီးတော့မှသူနောက်ပြန်လှည့်မယ့်အချိန်မှာတစ်ခုခုကအသိမပေးဘဲ တစ်ယောက်ယောက်ခုန်အုပ်တာကိုခံစားလိုက်ရတယ်
ပြတင်းပေါက်ကမပိတ်ထားတာကြောင့်ဖုန်းကျင်းကအပြင်ကိုကျတော့မလိုမဖြစ်သွားတယ် သူပြန်ပြီးတိုက်ခိုက်မယ့်အချိန်မှာအေးစက်ပြီးသွယ်လျတဲ့လက်တွေကသူ့ခါးနားကိုလာဖက်တယ် ဒီခံစားချက်ကရင်းနှီးနေတာကြောင့် သူတိုက်ခိုက်ဖို့ကိုလက်လျှော့လိုက်တယ်တော့
ပြီးတော့နူးညံသိမ်မွေ့သလိုမျိုးခံစားချက်ကသူ့ခန္ဓာကိုယ်ဆီရောက်လာတယ်
သူ့ခန္ဓာကိုယ်ထဲကိုကြီးမားတဲ့စွမ်းအင်တွေဝင်လာပေမဲ့မနာကျင်ရဘူး
ဒီခံစားချက်ကအရမ်းကိုနွေးထွေးပြီးတော့ထူးဆန်းတယ်
ပြီးတော့သူ့နှလုံးသားထဲထိလွှမ်းခြုံသွားတယ်
ဖုန်းကျင်းရဲ့ခြေထောက်တွေကတောင့်နေပေမဲ့သူ့ရင်ခွင်ထဲကမိန်းကလေးကိုထူပေးဖို့တော့အားရှိတယ်
အမှောင်ထဲမှာအဲဒီမိန်းကလေးနာကျင်နေတာကိုမြင်ရတဲ့အခါမှာဘာလို့မှန်းမသိသူ့နှလုံးသားကပါနာကျင်လာရတယ်
Transalated by Dora💜 Mia💙
ဒီနေ့တော့ ဖိုက်တာလိုကြိုးစားပြီး ၇ပိုင်းupလိုက်တယ်နော်😉
Zawgyi
႐ွီ႐ွန္းအိမ္ကေနထြက္သြားၿပီးလမ္းႀကိဳလမ္းၾကားေတြထဲမွာေလွ်ာက္ပ်ံေနတယ္တစ္ခါတေလသရဲေတြႏွင့္ေတာင္ေတြ႕ေသးတယ္
ေလာကႀကီးကရန္ၿငိဳးေတြ ,မတရားအသတ္ခံရတဲ့ဝိညာဥ္ေတြနဲ႔ျပည့္ေနတယ္ ရလဒ္အေနနဲ႔ကေတာ့လူေတြကသူတို႔ေသၿပီးရင္လူျပန္ဝင္စားရမယ့္အစားသရဲအျဖစ္နဲ႔ဆက္လက္႐ွင္သန္ေနရတယ္
ရန္ၿငိဳးေတြအမုန္းတရားေတြမေက်နပ္မႈေတြေၾကာင့္သူတို႔ဟာဒီကမ႓ာထဲကေနမထြက္ႏိုင္ဘဲသရဲအျဖစ္နဲ႔ဘဲေနၾကရတယ္
႐ွီ႐ွန္းရဲ႕ပုံစံကသူမ်ားေတြကိုေလွာင္ေျပာင္ေနတဲ့ပုံေပါက္ေနၿပီး ဝတ္ေကာင္းစားလွနဲ႔လူေတြရဲ႕ၾကားထဲကေနျဖတ္သြားတယ္
'ဒီလူေတြကလက္ဝတ္ရတနာေတြ ဘရန္းဒက္ေတြဝတ္ထားရင္ေတာင္မွသူတို႔ရဲ႕ႏွလုံးသားကလဲ့စားေခ်ခ်င္စိတ္ေတြနဲ႔ညစ္ပတ္ေနတာပဲ'
ဘယ္ေလာက္ပဲေရေမႊးေတြသုံးသုံးမိတ္ကပ္ေတြလိမ္းလိမ္းသူတို႔ရဲ႕ဟိုးအတြင္းစိတ္ထဲကေကာက္က်စ္ယုတ္မာမႈကိုေတာ့ဖုံးကြယ္လို႔မရဘူး
အေမွာင္ထုထဲကမေကာင္းဆိုးဝါးစိတ္ကသူတို႔ကိုအေမွာင္ထုကေနႀကီးစိုးေနမွာပဲလက္စားမေခ်မရမခ်င္းရပ္မွာမဟုတ္ဘူး
႐ွီ႐ွန္းကပ်ံၿပီးရင္းပ်ံေနတယ္ သူမဘယ္ေရာက္ေနမွန္းလဲသူမသိဘူး ေဘးနားကအေဆာက္အအုံေတြကလဲအရင္ကထက္ပိုပုလာတယ္
သူမၾကဳံရာအေဆာက္အအုံတစ္ခုေပၚကိုလွမ္းတက္လိုက္တယ္ ေခါင္မိုးေပၚမွာလဲေလ်ာင္းရင္းၾကယ္ကေလးေတြကိုေမာ့ေနၾကည့္ေနတယ္ ေလ႐ူးတစ္ခ်က္ျဖဴးလိုက္ေတာ့သူမရဲ႕အျပာေရာင္ဂါဝန္ေလးကပ်ံ႕လြင့္ေနသလိုသူမဆံပင္ေတြလဲအေနာက္ကိုလြင့္ေနေတာ့တယ္
အခ်ိန္ကေရေလးေတြစီးဆင္းသြားသလိုကုန္ဆုံးသြားၿပီးၿမိဳ႕ေလးကလဲအိပ္ေမာက်ေနေတာ့တယ္
''ကယ္ၾကပါဦး''
''ထြက္သြား မလာနဲ႔ အားးးးး ''
သူမ႐ုတ္တရက္ရပ္လိုက္ၿပီးသူျဖတ္လာခဲ့တဲ့လမ္းၾကားေလးထဲကလာတဲ့အသံဆီကိုလွမ္းၾကည့္လိုက္တယ္
လမ္းမီးေရာင္မွိန္မွိန္ေလးရဲ႕အားကိုးနဲ႔သူမဟာ မိန္းကေလးတစ္ေယာက္ရန္ၿငိဳးႀကီးတဲ့ဝိညာဥ္ေတြဝိုင္းထားခံေနရတာကိုေတြ႕လိုက္ရတယ္အဲ့ဝိညာဥ္ေတြကအရမ္းေကာက္က်စ္တဲ့ပုံပဲ
႐ွီ႐ွန္းကအခ်ိန္ခဏေလာက္ေစာင့္ၾကည့္ေနေသးတယ္ဝိညာဥ္ဆိုးေတြကမိန္းကေလးကိုေျမျပင္ေပၚတြန္းခ်လိုက္တယ္ ေကာင္မေလးကငယ္သံပါေအာင္ငိုေနတယ္
သူမသက္ျပင္းခ်လိုက္တယ္
'"ေသေပေတာ့!''
သူမဓားကိုဆြဲထုတ္လိုက္ၿပီးသူတို႔ၾကားထဲလွ်ပ္တျပက္ဝင္သြားတယ္သူမရဲ႕ထက္လွတဲ့ဓားတစ္ခ်က္ေၾကာင့္ သူမဓားကိုျပန္သိမ္းလိုက္ခ်ိန္မွာေတာ့ဝိညာဥ္ေတြအားလုံးေပ်ာက္ကြယ္သြားၿပီ
ေအးစက္စက္ခံစားမႈေတြေပ်ာက္ကြယ္သြားၿပီးေနာက္အန္းစုရဲ႕ေသလုနီးပါးခႏၶာကိုယ္ကျပန္ေကာင္းလာတယ္
သူမေတြ႕လိုက္ရတာကအျပာဝတ္စုံနဲ႔ခံစားခ်က္ကင္းမဲ့ေနပုံရတဲ့မိန္းကေလးတစ္ေယာက္ဓားတစ္လက္ကိုင္ထားတာကိုေတြ႕လိုက္ရတယ္ သူမရဲ႕အၾကည့္ေတြ႕ကတည္ၿငိမ္ေနၿပီးႏွစ္ေပါင္းမ်ားစြာကတည္းကအသက္႐ွင္လာတဲ့မိန္းကေလးလိုပဲ..သူမရဲ႕တည္ၿငိမ္ေအးစက္မႈကလူေတြကိုေၾကာက္လန္႔ေစတယ္
သူမကတိမ္ေတြၾကားထဲမွာရပ္ေနသလိုဘယ္သူမွသူမကိုမျပစ္မွားရဲေလာက္ေအာင္နတ္ဘုရားတစ္ပါးလိုျဖစ္ေနတယ္
ဒါေပမဲ့ သူမ စကားေျပာတဲ့အခ်ိန္မွာ သူမရဲ႕ပုံစံကလည္းလုံးဝေျပာင္းလဲသြားတယ္
"မင္းရဲ႕အခုလက္႐ွိအေျခအေနနဲ႔ ဒီေန႔ ဒီအခ်ိန္ထိ အသက္႐ွင္ေနတာကို ငါအရမ္းအံ့ၾသမိတယ္" ႐ွီ႐ွန္းက အန္းစု ရဲ႕ေ႐ွ႕ကေျမႀကီးေပၚ သူဓားကိုစိုက္ၿပီး ေလွာင္ေျပာင္ၿပီးေျပာလိုက္တယ္
ဒါေပမဲ့ အန္းစုရဲ႕ မ်က္နာမွာေတာ့ မ်က္ရည္ေတြျပည့္ေနတုန္းပဲ
" တေစၧမမအရမ္းႀကီး အေပါက္မဆိုးလို႔မရဘူးလား?"
သူမ ေျမျပင္ေပၚကလဲေနရာကေနထလာၿပီး သူမရဲ႕မ်က္ရည္ေတြကိုသုတ္လိုက္တယ္
"တေစၧမမဘာလို႔ဒီမွာ ႐ွိေနတာလဲ?"
'ဘာျဖစ္လို႔လဲမသိေပမဲ့,သူမ႐ွိေနရင္
ငါလုံျခဳံတယ္လို႔ ခံစားရတယ္'
"နင့္ကိစၥ မဟုတ္ဘူး"႐ွီ႐ွန္းက ဓားကိုသိမ္းၿပီးေျပာလိုက္တယ္
အန္းစု''...''
'ေကာင္းၿပီ အဲ့ဒါဆိုလည္း မေမးေတာ့ဘူး'
"ကူညီေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္! ဒါနဲ႔ဆိုကူညီတာ သုံးႀကိမ္ေျမာက္႐ွိၿပီ''
အန္းစုက စကားလမ္းေၾကာင္းလႊဲလိုက္တယ္
"သုံးႀကိမ္?ဘယ္အခ်ိန္ထဲကလဲ?ငါနင့္ကို အိမ္မက္ထဲမွာမ်ားေနာက္တစ္ခါ ကယ္မိသြားတာလား ဒါမွမဟုတ္ ဘယ္တုန္းကလဲ''
'ငါသူ႕ကို ႏွစ္ႀကိမ္ပဲကယ္ဖူးတာပါ ေနာက္တစ္ႀကိမ္က အိပ္မက္မက္ေနတဲ့အခ်ိန္မ်ားကယ္လိုက္တာလား?'
အန္းစုက လက္ခ်ိဳးၿပီးစေရၾကည့္တယ္
"ပထမတစ္ခါက ေျမေအာက္ခန္းမွာ ဒုတိယတစ္ေခါက္က ခ်ီမိုရဲ႕အခန္းထဲမွာရယ္ ၿပီးေတာ့ အခုဒီတစ္ခါရယ္
အဲ့ေတာ့ ဘယ္လိုအေႂကြးျပန္ဆပ္ရမွန္းေတာင္မသိေတာ့ဘူး ကြၽန္မခႏၶာနဲ႔အေႂကြးျပန္ဆပ္ရမလား''
''အမ္....မင္းခႏၶာ နဲ႔အေႂကြးဆပ္မယ္?
ငါကဇာတ္လိုက္ေကာင္မွမဟုတ္တာ!ဘာအတြက္ေၾကာင့္နဲ႔ နင့္ခႏၶာကိုယ္ နဲ႔အေႂကြးဆပ္မွာလဲ
ၿပီးေတာ့ငါက lesbian မဟုတ္ဘူး!
ေနာက္ၿပီး...'
" မင္းကို ဒုတိယတစ္ႀကိမ္တုန္းကကယ္တာ နာ့လန္ရင္းကယ္တာ ...ငါမဟုတ္ဘူး ..အဲ့ေတာ့ ငါနဲ႔လုပ္စရာဘာမွမ႐ွိဘူး''
အန္းစုရဲ႕မ်က္နာက ေဖ်ာ့ေတာ့သြားတယ္ ဒါပင္မဲ့သူမ အားျပန္တင္းလိုက္တယ္''ဒါေပမယ့္အၿငိဳးႀကီးတဲ့ဝိဉာဏ္ကို အဆုံးမွာသတ္လိုက္တာက အမေလ''
႐ွီ႐ွန္း ''...''
'ဘယ္လိုေတာင္မဆီေလ်ာ္တာလဲ'
႐ွီ႐ွန္းက လွည့္ျပန္ဖို႔လုပ္တယ္
အဲ့ဒါကိုျမင္ေတာ့ အန္းစုက ျမန္ျမန္လိုက္သြားတယ္
"အခု မစၥတာဖုန္းနဲ႔အတူတူေနေနတာလား''
႐ွီ႐ွန္း ''...''
"ငါဘာသာ ဘယ္သူနဲ႔ေနေန နင့္ကိစၥ မဟုတ္ဘူး''
",အမေနာက္ကိုလိုက္လို႔ရလား?
အဲ့ေလာက္ႀကီးျမန္ျမန္ပ်ံမသြားပါနဲ႔..''
သူတို႔ထြက္သြားတာမၾကာေသးဘူး,နာ့လန္ရင္းကတစ္ေနရာကေနေပၚလာတယ္ၿပီးေတာ့,ပတ္ဝန္းက်င္ကိုစစ္ေဆးၾကည့္လိုက္တယ္
......
႐ွီ႐ွန္းက ေနာက္ဆုံးေတာ့ဇာတ္လိုက္မကို ခ်န္ထားခဲ့ဖို႔ မတတ္ႏိုင္လိုက္ဘူး
'ဒီဟာမကေတာ့ မေကာင္းဆိုး၀ါးေတြကိုသံလိုက္လိုမ်ားဆြဲငင္ေနတာလား,ငါတို႔ဘယ္သြားသြားဒင္းမွာျပသနာတက္တယ္'
သူတို႔ႏွစ္ေယာက္တိုက္ခန္းကိုျပန္ေရာက္တဲ့အခါမွာ, အန္းစုကအထဲကိုမဝင္ရေသးခင္မွာတင္အံၾသသြားတယ္
''မစၥတာဖုန္းကဒီေနရာကိုခုမွေျပာက္းလာတာလား,အခန္းကအရမ္းသန္႔႐ွင္းေနတာပဲ''
"မင္းကိုေတြ႕ကရာလူေခၚလိုလို႔ရတယ္လို႔ဘယ္သူေျပာလဲ'' ဖုန္းက်င္းကလွည့္ၾကည့္ၿပီးေတာ့အန္းစုကိုျမင္ေတာ့သူ႕မ်က္ႏွာကပိုၿပီးေတာ့စိတ္တိုသြားတယ္
'ၿပီးေတာ့လူေတြအမ်ားႀကီး႐ွိတာေတာင္မင္းကနာ့လန္ရင္းရဲ႕လူကိုမွေ႐ြးေခၚလာတယ္ေပါ့'
"ငါသူမကိုေခၚလာတာဟုတ္ပါဘူးေနာ္''႐ွီ႐ွန္းက႐ိုး႐ိုးသားသားေလးျပန္ေျဖတယ္
"အာ့ဆိုသူမကဘာလို႔မင္းေနာက္ကလိုက္လာတာလဲ''
ဖုန္းက်င္းကပိုၿပီးေတာ့ေတာင္စိတ္တိုသြားတယ'ဒီေကာင္မေလးငါ့အိမ္ကိုသူ႕ဘာသာ႐ွာေတြ႕တာလို႔ေတာ့ငါမယုံဘူး
"ဘယ္သိမွာလဲ,ကြၽန္မအလွေၾကာင့္ေျမာပါလာတာေနမွာေပါ့''႐ွီ႐ွန္းက႐ြဲ႕ၿပီးေတာ့ေျပာလိုက္တယ္''ကြၽန္မလိုအလွေလးေတြကအသက္အ႐ြယ္မေ႐ြး,က်ားမမေ႐ြး လူတိုင္းကိုဆြဲေဆာင္ႏိုင္တာ႐ွင္သိတယ္မလား''
ဖုန္းက်င္း''......''
'ငါ့ေဒါသေတြေပါက္ကြဲေတာ့မယ္'
အန္းစုက႐ွီ႐ွန္းရဲ႕ကပ်က္ကေခ်ာ္လုပ္မႈေတြေၾကာင့္ပိုၿပီးေတာ့ေၾကာက္လာတယ္ အဲ့တာေၾကာင့္သူမေၾကာက္ေၾကာက္နဲ႔ေနာက္ကိုဆုတ္သြားတယ္
'သူငါ့ကိုႏွင္မထုတ္ေလာက္ဘူးမလား,ႏွင္ထုတ္ေတာ့မွာလား'
အန္းစုကအေတြးလြန္ေနတာပါ,ဖုန္းက်င္းကသူမကိုႏွင္မထုတ္ပါဘူး''မင္းဘာလို႔ငါ့အိမ္ကိုလာတာလဲ,ေတြ႕ကရာလူမွန္သမွ်ငါလက္ခံမယ္လို႔ထင္ေနတာလား,အဲ့ေလာက္လြယ္တယ္ထင္ေနတာလား''
႐ွီ႐ွန္းကသူမကူႏိုင္ဘူးဆိုတဲ့အမူအယာပဲျပႏိုင္တယ္သူမကိုယ္တိုင္ကိုကသူမ်ားအိမ္မွာေနေနရတာျဖစ္တဲ့အတြက္ေၾကာင့္မို႔အျခားသူကိုမကူညီႏိုင္ဘူးအိမ္ရာေလးမေပ်ာက္သြားဖို႔အတြက္႐ွီ႐ွနိးကအန္းစုကိုဝရံတာမွာပဲထားခဲ့ရတယ္
"သူမ မွာမေကာင္းဆိုးဝါးေတြကိုဆြဲေဆာင္တဲ့၀ိညာဥ္ခႏၶာ႐ွိေနတယ္ သူမနဲ႔အရမ္းႀကီးေလွ်ာက္မသြားနဲ႔'' ဖုန္းက်င္းက႐ွီ႐ွန္းကို စိုက္ၾကည့္လိုက္တယ္
''မင္းၿငိမ္ၿငိမ္ေနလို႔မရဘူးလား''
"ကြၽန္မကေအးေဆးတည္ၿငိမ္တဲ့အလွေလးပါေနာ္''႐ွီ႐ွန္းကအ႐ွက္မ႐ွိစြာေျပာလိုက္တယ္
ဖုန္းက်င္း''......''
သူေဘးကိုေလွ်ာက္လာၿပီးေတာ့႐ွီ႐ွန္းရဲ႕ေဘးမွာထိုင္လိုက္တယ္
''ၿငိမ္ၿငိမ္ေနပါ,ငါအျပင္သြားစရာ႐ွိတယ္''
"အမ္....ဘယ္ကိုလဲ''
ဖုန္းက်င္းက႐ွီ႐ွန္းကို ခနေလာက္ၾကည့္လိုက္တယ္ၿပီးေတာ့အၾကည့္ေတြေလ်ာ့လိုက္ၿပီးေတာ့ေနာက္ျပန္လွဲလိုက္ၿပီးသူ႕လက္ေတြကိုနဖူးေပၚတင္လိုက္တယ္
"ငါ့ကိုအိမ္မွာေစာင့္ေန''
သူကအဲ့တစ္ခြန္းပဲေျပာၿပီးေတာ့စာၾကည့္ခန္းထဲကိုဝင္သြားတယ္
႐ွီ႐ွန္းက မ်က္ေမွာင္ၾကဳတ္ၿပီးေတာ့စာအုပ္ေတြကိုပဲၾကည့္ေနတယ္ ၿပီးေတာ့မွထဖို႔အတြက္ဆိုဖာေပၚမွာလိမ့္ေနၿပီးေတာ့စာၾကည့္ခန္းထဲကိုတည့္တည့္ဝင္သြားတယ္
ဖုန္းက်င္းကစာၾကည့္ခန္းထဲကျပတင္းေပါက္ေဘးမွာရပ္ေနတယ္ အခန္းထဲမွာအျပင္ဘက္ကဝင္လာတဲ့အလင္းေရာင္ပဲ႐ွိတာေၾကာင့္အရိပ္ေတြေအာက္ကသူ႕ပုံရိပ္ကအထီးက်န္ဆန္ေနတယ္
႐ွီ႐ွန္းကသူမလက္ေတြကိုပြတ္လိုက္တယ္ 'အခုမွအလုပ္မျဖစ္ရင္,ငါထပ္မႀကိဳးစားေတာ့ဘူး'
ဖုန္းက်င္း ကျပတင္းေပါက္နားမွာအၾကာႀကီးရပ္ေနလို႔ေျခေထာက္ေတြေတာင့္ေနၿပီၿပီးေတာ့မွသူေနာက္ျပန္လွည့္မယ့္အခ်ိန္မွာတစ္ခုခုကအသိမေပးဘဲ တစ္ေယာက္ေယာက္ခုန္အုပ္တာကိုခံစားလိုက္ရတယ္
ျပတင္းေပါက္ကမပိတ္ထားတာေၾကာင့္ဖုန္းက်င္းကအျပင္ကိုက်ေတာ့မလိုမျဖစ္သြားတယ္ သူျပန္ၿပီးတိုက္ခိုက္မယ့္အခ်ိန္မွာေအးစက္ၿပီးသြယ္လ်တဲ့လက္ေတြကသူ႕ခါးနားကိုလာဖက္တယ္ ဒီခံစားခ်က္ကရင္းႏွီးေနတာေၾကာင့္ သူတိုက္ခိုက္ဖို႔ကိုလက္ေလွ်ာ့လိုက္တယ္ေတာ့
ၿပီးေတာ့ႏူးညံသိမ္ေမြ႕သလိုမ်ိဳးခံစားခ်က္ကသူ႕ခႏၶာကိုယ္ဆီေရာက္လာတယ္
သူ႕ခႏၶာကိုယ္ထဲကိုႀကီးမားတဲ့စြမ္းအင္ေတြဝင္လာေပမဲ့မနာက်င္ရဘူး
ဒီခံစားခ်က္ကအရမ္းကိုေႏြးေထြးၿပီးေတာ့ထူးဆန္းတယ္
ၿပီးေတာ့သူ႕ႏွလုံးသားထဲထိလႊမ္းျခဳံသြားတယ္
ဖုန္းက်င္းရဲ႕ေျခေထာက္ေတြကေတာင့္ေနေပမဲ့သူ႕ရင္ခြင္ထဲကမိန္းကေလးကိုထူေပးဖို႔ေတာ့အား႐ွိတယ္
အေမွာင္ထဲမွာအဲဒီမိန္းကေလးနာက်င္ေနတာကိုျမင္ရတဲ့အခါမွာဘာလို႔မွန္းမသိသူ႕ႏွလုံးသားကပါနာက်င္လာရတယ္
Transalated by Dora💜 Mia💙
ဒီေန႔ေတာ့ ဖိုက္တာလိုႀကိဳးစားၿပီး ၇ပိုင္းupလိုက္တယ္ေနာ္😉